Tuesday, December 22, 2015

နိုင်ငံခြား သွား အလုပ်လုပ်ချင် သူများအတွက် ( ၂ )



ဒူဘိုင်း ရှိ ပြည်ပ လုပ်သားများ


 UAE ကို အလုပ်သွားလုပ်မယ်ဆိုရင် . Work Permit  & Employment Pass တွေနဲ.သွားရောက်နိုင်ပါတယ် ။ လစာအနေနဲ.က သာမာန်အားဖြင် တစ်လကို 1500 Dirham ( မြန်မာငွေ ၅သိန်းခန်. ) ကနေပညာရှင်တွေအဖို.  ၅၀၀၀ Dirham ( ၁၈သိန်းနီးပါး ) ထိရနိုင်တယ်လို.သိရပါတယ် ။ စာချုပ်သက်တမ်း ၃နှစ်လို.သိရပြီး Hotel ၊ ကုန်တိုက် နဲ.စားသောက်ဆိုင် လုပ်ငန်းသာ တရားဝင်ခွင်.ပြုထားတယ်လို.ဆိုပါတယ် ။ ကုမ္ပဏိတွေအနေနဲ. တရားဝင်ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀ (မြန်မာငွေ  ၃သိန်းနီးပါး ) အထိသာသတ်မှတ်ထားပြီးပိုတောင်းခွင်. မရှိဘူးလို. သိရပါတယ် ။ Currency က 3.67 Dirham = 1 usd  ဖြစ်ပါတယ် ။ ၂နှစ်စာချုပ်ပြီးရင် လေယာဉ်လက်မှတ်ကိုပါ စီစဉ်ပေးတယ်လို.သိရပါတယ် ။ အင်္ဂလိပ် ဘာသာစကား/ အာရပ်ဘာသာစကားတို.ဖို.လိုပြီး ကိုယ်သွား၇မယ်. လုပ်ငန်းနဲ.ပတ်သက်လို.  ကျွမ်းကျင်သည်အထိ တတ်မြောက်ဖို. လိုအပ်ပါတယ် ။ ဒါမှသာ သူတို.ပြောတဲ့ လစာနှုန်းထားအတိုင်း ရနိုင်မှာဖြစ်ပါတယ် ။နေထိုင် မှု ကုန်ကျစရိတ်အနေနဲ. တစ်နေ.ကို ၅ Dirham ကုန်တယ်လို.သိရပါတယ်  ။ သွားရောက်နိုင်ဖို. လုပ်ဆောင်ချိန် အစအဆုံး ၂လကနေ ၃လ အထိ ကြာတယ်လို.သိရပါတယ် ။UAE ကို လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၂၂၅ ခုရှိနေပြီး တစ်လကိုလူဦးရေ ၃၀ခန်. တရားဝင်ပို.ဆောင်ပေးနေတယ်လို.သိရပါတယ် ။

ထိုင်ဝမ်ရောက် ပြည်ပလုပ်သားများ Friendly Taiwan အခမ်းအနား ကျင်းပနေစဉ်

 ထိုင်ဝမ် ကို အလုပ်သွားလုပ်မယ်ဆိုရင် .   Work Permit  & Employment Pass တွေနဲ.သွားရောက်နိုင်ပါတယ် ။ လစာအနေနဲ.က သာမာန်အားဖြင်. 800 USD ကနေကျွမ်းကျင်ပညာရှင်တွေအနေနဲ.  3000 USD အထိရနိုင် တယ်လို.သိရပါတယ် ။ Currency က 32.68 TWD = 1 usd  ဖြစ်ပါတယ် စာချုပ်သက်တမ်း ၃နှစ်လို.သိရပြီး ထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး   လုပ်ငန်းတွေ သာ ရှိတယ်လို.ဆိုပါတယ် ။ ကုမ္ပဏိတွေအနေနဲ. တရားဝင်ဝန်ဆောင်ခအဖြစ် ဘယ်လောက်ယူရမယ်ဆိုတာ အတိအကျမသိရသေးပါဘူး တရုတ်ဘာသာစကား တတ်ထားရင် ပိုအဆင်ပြေနိုင်မှာဖြစ်ပြီး ကိုယ်သွား၇မယ်. လုပ်ငန်းနဲ.ပတ်သက်လို.  ကျွမ်းကျင်သည်အထိ တတ်မြောက်ဖို. လိုအပ်ပါတယ်      ။ သွားရောက်နိုင်ဖို. လုပ်ဆောင်ချိန် အစအဆုံး ဘယ်လောက်ကြာမယ်ဆိုတာတော.မသိရသေးပါဘူး     ။ထိုင်ဝမ်ကို  လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၂၂၅ ခုရှိနေပြီး တစ်လကို လိုတဲ့ဦးရေ ၃၀၀ခန်.ရှိတယ်လို. သိရပါတယ် ။ဒါပေမယ်. တစ်ခုသိရတာက ထိုင်ဝမ်လွှတ်တော်မှာ ဒါတွေကိုတရားဝင်လက်ခံဖို. ၂၀၁၆ ဖေဖော်ဝါရီမှ တင်ရမယ်လို.လည်းဆိုပါတယ် ။

 
ရွှေ.ပြောင်း အလုပ်သမားအချို. အိပ်စက်ရပုံ

ဒါပေမယ်. ဘယ်ကိုပဲသွားသွား သိထားရမှာက သူတို.နိုင်ငံရဲ. ရာသီဥတု / ယဉ်ကျေးမှု / ဓလေ.ထုံးတမ်း စတာတွေပါ ။ ဒါမှလည်း ကိုယ်.အမူအကျင်. / ကျန်းမာရေးစတာတွေနဲ.ချိန်ထိုးသွားနိုင်မှာပါ ။ နောက်တစ်ခုက ကိုယ်.ကိုပို.ပေးမှာက ပွဲစားလား / တရားဝင်အေဂျင်စီလား / နာမည်ပျက်ရှိဘူးသူတွေလား / လိမ်လည်တာလားဆိုတာတွေတော. နောက်ကြောင်းလိုက်ဖို. / စုံစမ်းဖို.လိုပါတယ် ။ လက်ရှိ ပြည်ပပို. အေဂျင်စီတွေထဲမှာ ၂၀ ခန်.ဟာယာယီ နဲ.အပြီးပိတ်သိမ်းခံထားရတာတွေရှိနေပါတယ် ။ဒါ.ကြောင်. ကိုယ်ဆက်သွယ်လုပ်ကိုင်နေတဲ့ အေးဂျင်.ဟာ တရားဝင်ဟုတ်/မဟုတ် www.moeaf.org နဲ. www.moeaf.com စတဲ့ website တွေမှာ သွားရောက်စစ်ဆေးနိုင်ပါတယ် ။ ဒါ.အပြင် အထက်ဖော်ပြတဲ့ နှုန်းထားတွေ ထက်ပိုတောင်းခဲ့ရင် အေဂျင်စီအသင်းချုပ် - ၁၈၇ ဗိုလ်ဆွန်ပက်လမ်း အပေါ်ဘလောက် ပန်းဘဲတန်း ဖုန်းနံပါတ် ၀၁ ၂၄၈၂၅၅ နဲ.လက်ရှိအမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုလေး 09 5019682 တို.ထံဆက်သွယ်တိုင်ကြားနိုင်သလို ကြိုတင်သိချင်တာ /လေ.လာချင်တာ များကို ဆက်သွယ်နိုင်တယ်လို. သိရပါတယ် ။


နောက်တစ်ခုသတိထားရမှာက ဘာမှတတ်စရာမလိုဘူး ၊ နည်းနည်းပါးပါးတတ်ရင်ရပြီဆိုတဲ့စကားတွေ မယုံဘို.ပါပဲ ။ သူများနိုင်ငံသွားအလုပ်လုပ်တယ်ဆိုတာ ကိုယ်က ဘာသာစကား ကျွမ်းကျင်နေတာမျိုး / အတတ်ပညာတစ်ခုခု ကျွမ်းကျင်နေတာမျိုးမှ လစာကောင်းတဲ့ / ခိုင်မာတဲ့ အလုပ်မျိုး ရနိုင်မှာပါ ။ ဒါ.အပြင် ကိုယ်သွားမယ်. နိုင်ငံမှာရှိတဲ့ မြန်မာသံရုံး ၊ အလုပ်သမားအဖွဲ.အစည်း / မြန်မာအဖွဲ.အစည်း စတာတွေရဲ. လိပ်စာ / ဖုန်းနံပါတ် စတာတွေ လေ.လာ မှတ်သား သွားရမှာဖြစ်သလို ကိုယ်.ပြည်တွင်းကို အလွယ်တကူဆက်သွယ်လို.ရနိုင်မယ်. ဖုန်းနံပါတ်လိုမျိုးတွေ မဖြစ်မနေ မှတ်သားထားဖို.လိုပါမယ်။ဒါ.အပြင်ချုပ်ဆိုရတဲ့ စာချုပ်တွေကိုလည်း သေချာစွာလေ.လာပြီး တကယ်လက်ခံနိုင်မှ လက်မှတ်ထိုးဖို. လိုပါလိမ်.မယ် ။ဒါမှသာနောက်ပိုင်း ဥပဒေကြောင်းအရ ရှင်းရရင် ကိုယ်.ဘက်က အားသာနိုင်မှာပါ ။


ဆက်စပ်ဖတ်ရှုရန်
 
နိုင်ငံခြား သွား အလုပ်လုပ်ချင် သူများအတွက် ( ၁ )

No comments:

Post a Comment