Friday, February 19, 2016

ရဲမိုး ပြောတဲ့ ၁၂ သန်း ပါတီ

Facebook ပေါ်က ကိုရဲမိုးရဲ.စာလေးတွေကို မူရင်းအတိုင်း မျှဝေပါတယ်





NLD အစိုးရဖြစ်ရင် ...
ခင်ဗျား ဒီလို ပြောရဲရေးရဲအုန်းမလား ...
ကြည့်မယ် ကိုရဲမိုး ဆိုတဲ့ ...
မဟာပညာကျော် တစ်ချို့ ကို ပြောလိုတာက ...

အဲဒီစကားဟာ ...
အကောင့်ပုန်း နဲ့ လက်ရှိသုံးနေတဲ့ ...
ဒီမိုထမိန်ခြုံ အကောင့်တစ်ချို့ ကို...
မေးရမယ့် မေးခွန်းဖြစ်ကြောင်း ...
ကောလိပ်ဂျင်နေဝင်းစတိုင်နဲ့ ...
စီးကရက်ကို ထောက်ကနဲ မီးညှိ ...
မထိတရိလေး ပြောပြချင်သေးတယ် ...

ကိုယ့် အနေနဲ့ ...
စာ စရေးကတည်းက ...
ဆဲရေးတာမရှိ ...
ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမလုပ် ...
အောက်လုံးထိုးချက် စိတ်မဝင်စား ...
ရေးသမျှအားလုံး ...
ဥပဒေဘောင်အတွင်းကသာ ...
စနစ်တကျ ရေးသားခဲ့တယ် ...

ဆိုလိုတာက ...
ရဲမိုးရဲ့ ရေးဟန် ...
ရဲမိုးရဲ့ သရော်တော်တော်ပြောပေါက်ဟာ ...
အရင်ကလဲ ဒီအတိုင်း ...
အခုလဲ ဒီအတိုင်း ...
နောင်လဲ ဒီအတိုင်း ဆိုတဲ့အကြောင်း ...
စိတ်အေးအေးထားဖို့  ...
ပြောပြလိုတာ ဖြစ်တယ် ...

ထမိန်ခြုံ အကောင့်တွေ ကသာ .....
နိုင်လိုဇောအားကြီး ...
ဒလစပ် တွင်တွင်သုံးခဲ့တဲ့ ...
ဥပဒေမဲ့ အောက်လုံးထိုး ...
စော်ကားမော်ကား အရေးအသားတွေအောက် ...
အခု ပြန်ပြီးဒုက္ခရောက်နေကြပြီဖြစ်တယ် ...

သူတို့  တွင်တွင်သုံးနေကြ စကားက ...
အခု အစိုးရလက်ထက် ...
အစိုးရက တရားမျှတမှု မရှိသမို့  ...
သူတို့  အနေနဲ့ ထမိန်ခြုံကာ ...
လူလုံးမပြရဲ ဖြစ်ရသတဲ့ ...

ဒါပေမယ့် ...
ဒီဆင်ခြေဆင်လက် ဆင်နားရွက်ဟာ ...
အခုလာမယ့် အေပြီလ ၁ရက်နေ့  ...
ဒေါ်စု အစိုးရတက်ချိန်မှာ ...
ကုန်ဆုံးသွားတော့မယ် ဆိုတဲ့အကြောင်း...
ထမိန်ခြုံ ငတာတစ်ချို့ နဲ့ .....
ထမိန်ခြုံဒေဝီ အပေါင်းကို ...
သတင်းကောင်းလေး ပေးသနားလိုတယ် ...

ထမိန်ထဲက ထွက်ရင်လဲ ...
အမှုဖွင့်ဖို့  စောင့်နေသူက အများအပြား ...
ထမိန်ထဲ ဆက်နေပြန်တော့လည်း ...
တရားဥပဒေ စိုးမိုးရေးကို ....
အလေးထား ဆောင်ရွက်တော့မယ့် ...
ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ မျက်ခွက်ကို ..
အိုးမည်း ဆက်သုတ်သလို ဖြစ်ပြန်ရော့မယ် ...

သတ္တိရှိရှိ နူတ်သီးလေး ပြူပြမလား ...
သို့ တည်းမဟုတ် ...
ထမိန်ပဲ ဆက်ခြုံ ကြမလား ... ?

တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ...
ထမိန် ဆက်ခြုံ ...
အောက်လုံး ဆက်ထိုးနေပြန်ရင်လည်း ...
မီဒီယာတွေနဲ့ ...
NlD ပါတီဝင်တွေကိုယ်တိုင်က ...
လက်ခံပါတော့မလား ဆိုတာတော့ ...
ငွေရောင်ပိတ်ကားပေါ် ...
ဆက်လက် ရူစားကြရမှာ ဖြစ်တယ် ...

ပြောင်းလဲချိန်တန်ပြီ ...

တစ်ခါလာလဲ သန်းငါးဆယ်က ...
အုန်းအုန်းကြွက်ကြွက် ထောက်ခံတဲ့ ပါတီ ....

တစ်ခါလာလဲ လူထု တစ်ရပ်လုံးက ...
အူလှိုက်သည်းလှိုက်ထောက်ခံတဲ့ ပါတီ ...

တစ်ခါလာလဲ ပြည်သူ အားလုံးက ...
အရူးအမူး ၀န်းရံတဲ့  ပါတီလို့  ....
အောက်ကလိအာ ပြောပါများတဲ့ အခါ ...

အပင်ပန်းခံပြီး ...
မဲစာရင်းတွေ ချပေါင်းဖို့ ဖြစ်လာရတယ် ....

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၀က်ဆိုဒ်မှာက ...
လွှတ်တော်အမတ် ...
တစ်ဦးချင်းအလိုက် ရတဲ့ မဲတွေကိုသာ ....
မြို့ နယ်အလိုက် ဖော်ပြထားသမို့  ...

NLD ပါတီ ရဲ့  ....
ပြည်နယ်နဲ့ တိုင်းအလိုက် ရတဲ့ မဲစာရင်းတွေကို ....
စိတ်ရှည် လက်ရှည် တစ်နေကုန် ထိုင်ပြီး ....
ချပေါင်းမိပါတယ် ....

ဟုတ်ကဲ့  ...
ရလာဒ်ကတော့ .....
အောက်မှာဖော်ပြထားတဲ့  အတိုင်းဖြစ်ပါတယ် ...
 

ပြည်သူ့ ပါတီ မေမေ့ပါတီ ....
သန်းငါးဆယ်လုံး ထောက်ခံတဲ့ ပါတီ ...

အရေးတော်ပုံ အောင်ရမည် ....
  


ပြည်သူ့  လွှတ်တော်
============
မဲပေးခွင့်ရှိသူ - ၃၄၂၉၅၃၃၄
မဲမပေးသူ- ၁၀၃၈၃၅၅၀
မဲပေးသူ-၂၃၉၁၁၇၈၄
NLD မဲပေးသူ - ၁၂၇၃၂၃၁၀
အခြားပါတီများ မဲပေးသူ - ၁၁၁၇၉၄၈၂

အမျိုးသား လွှတ်တော်
============
မဲပေးခွင့်ရှိသူ - ၃၂၄၉၅၃၃၄
မဲမပေးသူ- ၁၀၃၄၈၆၂၅
မဲပေးသူ-၂၃၉၄၆၇၀၉
NLD မဲပေးသူ - ၁၂၈၉၄၆၂၃
အခြားပါတီများ မဲပေးသူ - ၁၁၀၅၂၀၈၆

Ps ။ မဲ အရေအတွက် ကွာခြားချက်များမှာ
ပယ်မဲ ၊ ကန့် ကွက်မဲ အစရှိသည်တို့ ဖြစ်ပါသည် ။

=========================================
ပြည်သူ့ လွှတ်တော် ပြည်နယ်/တိုင်း အလိုက် NLD မဲရရှိမှု ဇယား
--------------------------------------------------------------
ရန်ကုန် ၄၈ မြို့ နယ် ----- မဲပေးသူ ၃၂၄၄၅၅၃
---- NLD မဲ ၂၁၉၀၄၂၁ ---- အခြားပါတီများ၏ မဲ ၁၀၅၄၁၃၂

မန်းလေး ၃၆ မြို့ နယ် --- မဲပေးသူ ၃၇၈၇၈၁၈
----- NLD မဲ ၂၀၉၆၆၅၇ ---- အခြားပါတီများ၏ မဲ ၁၆၉၁၁၆၁

စစ်ကိုင်း ၃၇ မြို့ နယ် --- မဲပေးသူ ၂၈၄၃၈၀၉
---- NLD မဲ ၁၈၄၁၀၄၁ --- အခြားပါတီများ၏ မဲ ၁၀၀၂၇၆၈

မကွေး ၂၅ မြို့ နယ် --- မဲပေးသူ ၂၃၁၈၆၂၈
---- NLD မဲ ၁၄၆၅၂၃၄ --- အခြားပါတီများ၏ မဲ ၈၅၃၃၉၄

ပဲခူး ၂၈ မြို့ နယ် --- မဲပေးသူ ၂၅၃၂၄၁၀
--- NLD မဲ ၁၄၅၈၇၀၅ --- အခြားပါတီများ၏ မဲ ၁၀၇၃၇၀၅

ဧရာဝတီ ၂၆ မြို့ နယ် --- မဲပေးသူ ၃၃၂၂၆၁၃
--- NLD မဲ ၁၆၇၃၆၄၆ --- အခြားပါတီများ၏ မဲ ၁၆၄၈၉၆၇

တနင်္သာရီ ၁၀ မြို့ နယ် -- မဲပေးသူ ၆၁၈၇၇၂
--- NLD မဲ ၄၀၈၉၇၈ --- အခြားပါတီများ၏ မဲ ၂၀၉၇၉၄

ကချင် ၁၈မြို့ နယ် --- မဲပေးသူ ၅၉၉၆၄၃
--- NLD မဲ ၂၅၂၄၀၆ --- အခြားပါတီများ၏ မဲ ၃၄၇၂၃၇

ကယား ၇ မြို့ နယ် --- မဲပေးသူ ၁၃၂၀၈၀
--- NLD မဲ ၆၆၄၈၃ --- အခြားပါတီများ၏ မဲ ၆၅၅၉၇

ကရင် ၇ မြို့ နယ် --- မဲပေးသူ ၄၂၂၉၁၈
--- NLD မဲ ၁၇၃၈၂၃ --- အခြားပါတီများ၏ မဲ ၂၄၉၀၉၅

ချင်း ၉ မြို့ နယ် -- မဲပေးသူ ၂၁၇၅၁၆
--- NLD မဲ ၇၇၀၁၆ --- အခြားပါတီများ၏ မဲ ၁၄၀၅၀၀

မွန် ၁၀ မြို့ နယ် --- မဲပေးသူ ၇၈၇၇၅၀
--- NLD မဲ ၃၆၁၆၃၀ --- အခြားပါတီများ၏ မဲ ၄၂၆၁၂၀

ရခိုင် ၁၇မြို့ နယ် --- မဲပေးသူ ၉၉၉၇၃၉
--- NLD မဲ ၁၄၆၆၆၅ --- အခြားပါတီများ၏ မဲ ၈၅၃၀၇၄

ရှမ်း ၄၈ မြို့ နယ် --- မဲပေးသူ ၂၀၈၃၅၄၃
--- NLD မဲ ၅၁၉၆၀၅ --- အခြားပါတီများ၏ မဲ ၁၅၆၃၉၃၈

ပြည်သူလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၃၄သန်းကျော်အနက်
NLD အား မဲပေးသူ ၁၂သန်းကျော် ရှိပြီး
အခြားပါတီအားမဲပေးသူ ၁၁သန်းကျော်နှင့်
မည်သည့်ပါတီမှ မဲမပေးသူ ၁၀ သန်းကျော် ရှိပါသည် ။

**********************************
အမျိုးသား လွှတ်တော် ပြည်နယ် / တိုင်း အလိုက် NLD မဲရရှိမှု ဇယား
-----------------------------------------------------------------------
ရန်ကုန် ----- မဲပေးသူ ၃၂၅၉၀၃၃
---- NLD မဲ ၂၂၆၃၉၅၂ ---- အခြားပါတီများ၏ မဲ ၉၉၅၀၈၁

မန်းလေး --- မဲပေးသူ ၃၇၉၂၂၄၇
----- NLD မဲ ၂၂၄၁၀၄၁ ---- အခြားပါတီများ၏ မဲ ၁၅၅၁၂၀၆

စစ်ကိုင်း --- မဲပေးသူ ၂၈၃၉၃၁၉
---- NLD မဲ ၁၈၇၀၁၉၇ --- အခြားပါတီများ၏ မဲ ၉၆၉၁၂၂

မကွေး --- မဲပေးသူ ၂၃၁၃၉၁၅
---- NLD မဲ ၁၄၇၂၁၄၁ --- အခြားပါတီများ၏ မဲ ၈၄၁၇၇၄

ပဲခူး --- မဲပေးသူ ၂၅၃၂၉၉၇
--- NLD မဲ ၁၃၄၈၁၇၁ --- အခြားပါတီများ၏ မဲ ၁၁၈၄၈၂၆

ဧရာဝတီ --- မဲပေးသူ ၃၃၂၂၈၉၆
--- NLD မဲ ၁၇၂၃၉၉၄ --- အခြားပါတီများ၏ မဲ ၁၅၉၈၉၀၂

တနင်္သာရီ -- မဲပေးသူ ၆၁၈၅၈၈
--- NLD မဲ ၄၀၃၃၂၄ --- အခြားပါတီများ၏ မဲ ၂၁၅၂၆၄

ကချင် --- မဲပေးသူ ၅၉၈၂၄၄
--- NLD မဲ ၂၅၈၄၂၅ --- အခြားပါတီများ၏ မဲ ၃၃၉၈၁၉

ကယား --- မဲပေးသူ ၁၃၁၈၂၆
--- NLD မဲ ၅၉၃၇၄ --- အခြားပါတီများ၏ မဲ ၇၂၄၅၂
ကရင် --- မဲပေးသူ ၄၂၁၃၂၂
--- NLD မဲ ၁၈၂၅၉၂ --- အခြားပါတီများ၏ မဲ ၂၃၈၇၃၀

ချင်း -- မဲပေးသူ ၂၁၆၈၁၁
--- NLD မဲ ၇၉၅၈၈ --- အခြားပါတီများ၏ မဲ ၁၃၇၂၂၃
မွန် --- မဲပေးသူ ၇၈၆၈၆၆
--- NLD မဲ ၃၆၂၁၆၁ --- အခြားပါတီများ၏ မဲ ၄၂၄၇၀၅

ရခိုင် --- မဲပေးသူ ၁၀၀၃၈၇၄
--- NLD မဲ ၁၅၃၂၁၇ --- အခြားပါတီများ၏ မဲ ၈၅၀၆၅၇

ရှမ်း --- မဲပေးသူ ၂၁၀၈၇၇၁
--- NLD မဲ ၄၇၆၄၄၆ --- အခြားပါတီများ၏ မဲ ၁၆၃၂၃၂၅

အမျိုးသားလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၃၂သန်းကျော်အနက်
NLD အား မဲပေးသူ ၁၂သန်းကျော် ရှိပြီး
အခြားပါတီအားမဲပေးသူ ၁၁သန်းကျော်နှင့်
မည်သည့်ပါတီမှ မဲမပေးသူ ၁၀ သန်းကျော် ရှိပါသည် ။


ကောင်းပြီ ...
ဒါဆို NLD ရဲ့  ဆန္ဒဟာ လူ၁၂သန်း ရဲ့ ဆန္ဒသာ ဖြစ်ပြီး ....
ကျန်တဲ့  လူ ၁၁ သန်းရဲ့  ဆန္ဒ မဟုတ်ဘူး ....

တစ်ခါ ....
ဘယ်သူ့ ကိုမှ မဲမပေးခဲ့တဲ့  လူဆယ်သန်းကတော့ ....
သူ့ လုပ်ရပ် မှန်ရင် ထောက်ခံမယ် ...
မှားရင် ကန့် ကွက်မယ် ...
ဒါမှမဟုတ် ....
ဘယ်သူ ဘာလုပ်လုပ် စိတ်ကို မ၀င်စားဘူး ....

ဒါက ကျွန်တော့် ကောက်ချက် ...
လက်မခံလဲ ရတယ်နော် ...
အတင်းလက်ခံစရာ မလိုဘူး ...
ကိုယ့် အယူအဆ နဲ့  ကိုယ်ပဲ .......

==============================
အဲဒီတော့ ....
ပြည်သူ ၁၂ သန်း၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၁၂ သန်းပါတီ NLD ဆိုရင် ပိုမှန်မလား ?
သေချာတာကတော့ ....
လူ ၂၂ သန်းဟာ NLD ကို မဲ မပေးခဲ့ဘူး ..... ။

=================
မှတ်ချက် ။ ၂၀၁၅ ရွေးကောက်ပွဲဟာ ...
လွတ်လပ်ပြီး တရားမျှတတယ်လို့  ...
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့  ..
ရွေးကောက်ပွဲကို စောင့်ကြည့်ကြတဲ့  ပြင်ပအဖွဲ့ အစည်းတွေ ...
ကိုယ်တိုင် ထုတ်ပြောခဲ့ကြတယ် ။

No comments:

Post a Comment