Monday, April 6, 2015

သင်္ကြန်အတွက် သတိထားရန် နှင်. သိထားရန်များ






ဒီရက်ပိုင်း ဂျာနယ် တစ်ခုမှာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်ဖြစ်သည် ။ ယခုလိုအချိန်မျိုး နှင်. တိုက်ရိုက်ပတ်သက်သော ၊ မှတ်သားဆင်ခြင်ဖွယ်ရာဆောင်းပါး 

( မဏ္ဍပ်ထိုင်ရင်းလည်း ဘ၀ပျက်သွားတတ်သည် )
စာရေးသူက အမည်ဝှက်တစ်ခုပေးထားသော ထိုအမျိုးသမီးငယ်နှင်. အင်တာဗျုး လုပ်ပြီး အခြေပြု ရေးထားခြင်းဖြစ်သည် ။ အကျဉ်း ဖော်ပြရလျှင် - 

ပြည်ပတွင် ကျောင်းတက်နေသော ထိုအမျိုးသမီးငယ်က တစ်နှစ် သင်္ကြန်ပြန်လာသည် ။ ကိုယ်တိုင်က Cultural Shock မိထားပြီး အပေါင်းအသင်းများကလည်း ချမ်းသာပြီး စည်းလွတ်နေသူများမို. ဘီယာ/ အရက် မူးပြီး မဏ္ဍပ်ပေါ် ကရ/ကဲရ သည်ကို အားမရဖြစ်လာ … ထို.နောက် ဆေးဝါးပါမှီဝဲတော.သည် ။အနားရှိသမျှ ယောင်္ကျားလေးများက ကြုံသလို ဖက်လိုက် /နမ်းလိုက် လုပ်နေသည်ကိုပင် ကျေနပ်နေသော သာမာန်မိန်းမကောင်း တစ်ယောက် ၊  ထိုသို.ဖြင်. သင်္ကြန် တစ်တွင်းလုံး စိတ်လွတ်/ကိုယ်လွတ် ကဲပြီးနောက် သင်္ကြန်အပြီး အရှိန်မရပ်တော.ပဲ ဆေးစွဲသည်.အဖြစ်ရောက်ကာ ပြည်ပပညာသင်ကြားရေးဆီ မပြန်နိုင်တော. ။ဒါကမှ ဇာတ်လမ်းအစရှိသေးသည် ။ ထို.သို.ဖြင်. မိဘခမျာ ပြောမရ / မပစ်ရက် ဘ၀နှင်. နောက် နှစ်သင်္ကြန်ရောက်တော. ဆေးမျိုးစုံ သုံးရင်း သင်္ကြန်းအပြီး ၂လခန်.တွင် ဆေးစစ်လိုက်တော. ကိုယ်ဝန် ၂လ ၊ သင်္ကြန်အတွင်း မဏ္ဍပ်နောက်ဘက်ရှိ အလုံကာ အခန်းငယ်လေးများအတွင်း မိမိကို မည်သူက / မည်မျှ ဆိုသည်ကိုပင် လုံးဝသတိမရ  ။ ကဲ ဘယ်လောက်ရင်နာစရာ ကောင်းလိုက်ပါသနည်း ။ ပညာတတ် / ပိုက်ဆံချမ်းသာ / ရုပ်ရည်ချောမောသော မိန်းမပျိုတစ်ယောက် ကြုံခဲ့ရသော သင်္ကြန် ။

( ဟိုတယ် / တည်းခိုခန်းတို.ရဲ. ရာသီ သက်ြန်ကာလများ )
နောက် သူငယ်ချင်းတစ်ယောက်က သူ.အသိတစ်ယောက် ပြောပြသည်ကို ပြန်ပြောပြခြင်း ။

သူ. အသိက တည်းခို ခန်းမက / ဟိုတယ်မကျ တစ်ခု၏ မန်နေဂျာ ။ သူတို.တွင် ပိုက်ဆံအရဆုံး ၂ရာသီ ရှိသည်တဲ့ ။ ပထမ ရက်က ဖေဖော်ဝါရီ ၁၄ ။ ဒုတိယက သင်္ကြန်တွင်းကာလ ။ ထိုအချိန်များဆို လျှင်သူတို.ထံတွင်  တစ်နေ.လုံးတည်းမည်.သူ လက်မခံ ၊ အချိန်ပိုင်းသာ လက်ခံသည် ။ ဒါတောင် ဘွတ်ကင် တင်လို.မရ ။ အခန်းမရ သေး၍ ရှေ.တွင် ကားထိုးပြီးစောင်.နေရသော အတွဲတွေက တစ်တွဲမက ။ ဒီကြားထဲ လှလှပပမိန်းကလေးပါသော အတွဲဆိုလျှင် သူတို. ပြင်ဆင်ထားသော အခန်းသို. ပို.သည် ။ထိုအခန်းက လျှို.၀က် ကင်မရာ ဆင်ထားပြီးသော ။ အပြင်သို.ဖြန်.ဖို.တော. မရည်ရွယ်ပဲ သူတို.ပြန်ကြည်.ရန် အတွက်သာတဲ့ ။

( ရေပက်ခံ ထွက်ရင်းလည်း ပန်းကောင်းများ အညွန်.ကျိုးတတ်သည် )
ချာတိတ် တစ်ဖွဲ.နှင်. စကားပြောဖြစ်သည် ။

သူတို.ပြောသည်က သူတို.အတွဲတွေ ရှိသည် ။ ပုံမှန်အားဖြင်.တော. ဟိုတယ် ခေါ်သွားဖို.ဆိုတာ မလွယ် ။ သင်္ကြန်ကာလတွင်တော. မနက်ပိုင်းလောက် လျှောက်လည်လိုက်သည် ။ မိန်းကလေးကို ဘီယာအပါအ၀င် အရှိန်တက်အောင် တိုက်ထားလိုက်သည် ။ နေ.လည်ပိုင်းရောက်တော. နားမည်အကြောင်းပြ လိုရာနေရာသို.ခေါ်သွားသည် ။( နည်းနည်းခေါ်ရခက်လျှင် လိင်စိတ်ကြွဆေးကို ရောနှော တိုက်ကြွေးထားလိုက်ရုံ - ပိုမိုယုံကြည်စေရန် Packing အအေးဗူး / သံဗူးများအတွင်း ပုံမပျက် ထိုဆေးများ ထည်.သွင်းနည်းကို အတော်များများ သိထားကြသည် ။ ဆေးကလည်း မျိုးစုံသည် ။ အနံ. /အရောင်မဲ့ အရည် ၊ ပီကေ ၊ ကော်ဖီ စသည်ဖြင်. ပုံစံမျိုးစုံ ရှိနေသည်   )မိန်းကလေး ကိုယ်တိုင်ကလည်း မူးယစ်ရီဝေနေတော.ကိုယ်.ဆန္ဒကို  ငြင်းပယ်ခြင်းငှာ မစွမ်းသာတော. ။ ထိုသို.ဖြင်. ပင်လယ်ရေက သောက်လေ သောက်လေ ငတ်မပြေ ။ တစ်ကြိမ်သောက်မိပြီးနောက်ပိုင်း………………….

အဲဒါ မြန်မာပြည်၏ သင်္ကြန် အခင်းအကျင်း တစ်ခုဖြစ်သည် ။
ယခင်က သင်္က်ြန်ကို ရေဖြုန်းတီးသော ပွဲတော် တစ်ခု
ယာဉ်တိုက်မှု / ခိုက်ရန် ဖြစ်ပွားမှုတို. ကြောင်. ထိခိုက်/သေကြေ မှုများတိုးပွားစေသော ပွဲတော် တစ်ခုအဖြစ်သာ ထောက်ပြဝေဖန်ကြသည် ။
ယခုသင်္ကြန်ကတော. သင်္ကြန်ကို အကြောင်းပြု၍ မိန်းကလေးများ တိုသထက်တို ၊ ပေါ်သထက်ပေါ် အောင်ဝတ်ရင်း သူ.ထက်ငါ အပြပြိုင်ကြသော ပွဲတော် ၊ လူမြင်ကွင်းတွင် ဘီယာ / ၀ိုင် / အရက် အသောက်ပြိုင်ကြသော ပွဲတော်
ယောင်္ကျားလေးများကလည်း ထိုသင်္ကြန်ကိုအကြောင်းပြု၍ မိန်းကလေးများဆီက ရသမျှ ဖန်တီး / ၀ါးမြို ကျသော ပွဲတော် ၊ အချို.ဆိုလျှင် နှစ်ဦးသဘောတူ လူ.တော် သလင်းဇာတ်ခင်းကြသော ပွဲတော်
မူးယစ်ဆေးဝါး ဖြန်.သူတို.အဖို. ရောင်းအားအကောင်းဆုံးပွဲတော် ဟုပြောရမလိုပင်

ယခုနှစ်တွင်တော. လိင်စိတ် နှိုးဆွ စေနိုင်သော ဆေးဝါးများ မရောင်းချရန် ပညာပေးဟောပြောခြင်း နှင်. ကြိုတင်ကာကွယ် ဖမ်းဆီးခြင်း များ ပြု လုပ်နေသလို မဏ္ဍပ်များတွင်လည်း အလုံကာ အခန်းများ လုံးဝမပြု လုပ်ရန်လည်း ကြေညာချက် ထုတ်ထားပြီးဖြစ်သည် ။

ထို.ကြောင်. အုပ်ထိန်းသူတစ်ဦးမပါပဲ မိမိသမီး / မိမိအမ / မိမိညီမ / မိမိတူမ သက်ြန်အလည်ထွက်သည် / မဏ္ဍပ်ထိုင်သည်ဆိုလျှင် ဤသို.သော အခြေအနေများတော. ရှိသည်ဟု ကြိုတင်သိရှိထားနိုင်ရန် ဖြစ်သည် ။ ယခုခောတ်၏ သဘောက မလုပ်နဲ.ဟု ပိတ်ပင်ထားရန် ခက်သော ခောတ် ။ ထို.အတွက် မည်သို.အန္တရာယ်ရှိသည် / မည်သည်တို.ကို သတိထားရမည်ဟု အသိတရား အပြည်.အ၀ရှိနေစေရန် သတိပေးပြီး ကိုယ်တိုင်ကလည်း အတတ်နိုင်ဆုံး ကြပ်မတ်မှသာ အန္တရာယ်ကင်းကင်း နှင်. သင်္ကြန်တွင်း ဖြတ်သန်းနိုင်မည်ဖြစ်သည်

ယခုနှစ်သင်္ကြန်တွင်မူ ရေပက်ခံကားအနေဖြင်. လိုက်ထရပ် ၊ ပေါ်တာတူး ၊ ဘွန်ကို စသည်တို. လူကြိုက်များသည်ဟု သိရပြီး လူငယ်အများစုကို ဇုန်ထုတ်ဂျစ်ကို အဓိကငှားရမ်းကြသည်ဟု ဆိုသည် ။ပေါက်ဈေးအနေဖြင်. ၄ ရက်စာက်ု ၄သိန်းခွဲခန်. ရှိနေပြီး တစ်ရက်စာဆိုလျှင် တစ်သိန်းခွဲခန်. ရှိသည်ဟု သိရသည် ။

အနုပညာရှင်များအနေဖြင်.  ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ G-Shock မဏ္ဍပ်တွင် လွှမ်းပိုင် -ဂျောက်ဂျက် - နိုင်းဝမ်း - အားတီ - Bobby Soxer နှင်. သရုပ်ဆောင် အိချောပို ၊ ပြည်လမ်း ပေါ် ရှိ Alpine မဏ္ဍပ်တွင် စိုင်းစိုင်းခမ်းလှိုင် နှင်. အနု ပညာရှင်များ ၊ ပြည်လမ်း တိုင်းလွှတ်တော် နားရှိ Coca Cola မဏ္ဍပ်တွင် Rဇာနည်- ဝေလ - ရဲရင်.အောင် - ထက်အောင် - X – Box - Lil ‘ z - ၀ိုင်းစုခိုင်သိန်း - ၀ိုင်းလေး နှင်. အိမ်မက်ဆုံရာအဖွဲ.သားများ ၊ မျှော်စင်ကျွန်း ရှိ Grand Royal မဏ္ဍပ်တွင် IC နှင်. THAILAND Dancers များ ၊ တာမွေ အရှေ.မြင်းပြိုင်ကွင်း လမ်းရှိ Polo Club မဏ္ဍပ်တွင် R ဇာနည် - ချစ်ကောင်း - ရင်ဂို - အဲလက်စ် - ကော်နီ - ဖြူဖြူကျော်သိန်း နှင်. သီရိဆွေ ၊ မန္တလေး ကျုံး  Alpine မဏ္ဍပ်တွင် The Trees Band နှင်. ဘိုဘိုဟန် - ဟန်ထွန်း - ဟဲလေး - ဖိုးကာ - ခန်.စည်သူ - နန္ဒစိုင်း - ကောင်းမြတ်လေး - အစိုင်း - ထွန်းအိန္ဒြာဘို - ခိုင်သင်းကြည် - ချောစုခင် - နီနီခင်ဇော် ၊ No နှင်. စိုင်းစံ ၊ မန္တလေး High Class မဏ္ဍပ်တွင် Big Bag – Wanted- Reasons – Idots နှင်. SIR တို. ရှိနေမည်ဟု သိရသည် ။

ဈေးနှုံး များအနေဖြင်. ရန်ကုန် Alpine တွင် All Days ၅၀၀၀၀ - အကျ ၂၀၀၀၀ - အကြတ် ၂၅၀၀၀ - အတက် ၃၀၀၀၀  - ဖုန်း ၀၉ ၂၅၀၀၂၅၀၀ ၊ ပြည်လမ်း   အင်းယားကန်ဘောင်  Troll တွင် All Days ၅၀၀၀၀ - 2 Days ၄၀၀၀၀ - 4 Days ၃၀၀၀၀ - 3rd  Days ၂၅၀၀၀ - 1st 2 Days ၁၈၀၀၀ -  VIP ၂၀၀၀၀၀ - 5VIP ၉၀၀၀၀၀ ၊ ကမ္ဘာအေး Apolo တွင် All Days ၅၀၀၀၀ - Last Day  ၃၅၀၀၀ - 3rd Day ၂၅၀၀၀ - 2 nd Day ၂၅၀၀၀ - ၁၀စောင် ၀ယ် တစ်စောင် Free ၊ ကမ္ဘာအေး ဘုရားလမ်း သစ္စာလမ်းထိပ် Barrak တွင် All Days ၅၅၀၀၀ - အကျနေ. ၂၀၀၀၀ - အကြတ်နေ. ၂၅၀၀၀ - အတက်နေ. ၃၅၀၀၀ ( နေ.လည်စာ - Free Wifi –Beer & Punch ) ၊ ပြည်လမ်း IBC – Channel 5 တွင် All Days ၅၉၀၀၀ - First 2 Days ၂၂၀၀၀ - Last 2 Days  ၄၄၀၀၀ - VIP ၁၂၀၀၀၀ ၊ မန္တလေး Domino တွင် All Days ၃၈၀၀၀ - အကြို ၁၂၀၀၀ - အကျ ၁၂၀၀၀- အကြတ် ၁၅၀၀၀ - အတက် ၂၀၀၀၀ ၊ မန္တလေး MBA 2015 တွင် All Days ၃၀၀၀၀- အကျ ၁၀၀၀၀- အကြတ် ၁၅၀၀၀- အတက် ၂၀၀၀၀ တို.ဖြစ်ကြောင်း သိရသည် ။

ထို.အပြင် မိမိတို. အားရက် နားရက် သံသရာအတွက် အကျိုးရှိစွာ အသုံးချလိုသူများအဖို.မူ မဟာစည်နည်းစဉ်အရ တရားပြသော ရဝေနွယ် ( အင်းမ) ၏ အောင်စည်းခုံလမ်း အမှတ် ၃ လမ်းမကြီး မင်္ဂလာဒုံ တွင် ဧပြီ ၁၂ ရက် တရားစခန်းစမည်ဖြစ်ပြီး ၇ ရက်စခန်းဖြစ်ကာ ဆက်သွယ်ရမည်. ဖုန်း မှာ ၀၉ ၅၁၅၂၂၉၁ ၊ ဗဟန်း ရွှေကြက်ယက် ကျောင်းတိုက် ၀င်း အတွင်း ဓမ္မသုခ မဟာစည် ရိပ်သာ တွင် ၇ ရက် စခန်းကို ဧပြီ ၁၃ စမည်ဖြစ်ပြီး  ဖုန်းမှာ ၀၉ ၅၀၀၅၀၅၉ ၊ ဒဂုံမြို.သစ် အရှေ.ပိုင်း ၄ ရပ်ကွက် ယောမင်းကြီး ၄ လမ်းရှိ မိုးကုတ် ချမ်းမြေ.ရပ်သာ တွင် ၉ ရက်စခန်းကို ဧပြီ ၁၁ ညနေစမည်ဖြစ်ပြီး ဖုန်း မှာ ၀၉ ၅၀၄၆၃၅၄ , ၀၉ ၅၁၄၃၁၉၈ ၊  အမှတ် ၆ အင်းစိန်လမ်း ညောင်ကန်အေးရိပ်သာတွင် ၁၅ ရက်စခန်းကို ဧပြီ ၃ ရက်နေ.ကပင် စနေပြီး မြန်မာ ကန်ကုန်းကျေးရွာ တိုက်ကြီး ရှိ ဓမ္မရောင်ခြည် သာသနာ.ရိပ်သာ တွင် ၇ ရက်စခန်းကို ဧပြီ ၁၂ ရက်တွင် စမည်ဖြစ်ပြီး ဖုန်း နံပါတ် ၀၉ ၅၁၉၉၀၇၀ နှင်. ၀၉ ၄၃၀၅၂၃၀၀ သို.ဆက်သွယ်နိုင်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါသည်

မည်သို.ပင်ဖြစ်စေ သင်္ကြန်ကာလအတွင်း မိသားစုဖြင်.ဖြစ်စေ ၊ အပေါင်းအသင်းများနှင်. ဖြစ်စေ ပျော်ရွှင်စွာ ရေကစားကြရာတွင် မိမိကိုယ်တိုင်လည်း အန္တရာယ်ကင်း ၊ ဘေးရှင်းစွာဖြင်. လည်ပတ်ပျော်ရွှင် နိုင်ကြပြီး မိမိအပါအ၀င် မိသားစု၏ ဂုဏ်သိက္ခာ တစ်စုံတစ်ရာ မထိခိုက်ပဲ ကျေနပ်အားရနိုင်ကြပါစေကြောင်း ၊ သင်္ကြန်ကာလ အနားယူ / ပျော်ရွှင် ပြီးကြသည်၏နောက်ဝယ် ယခင်ထက် သာလွန်သော စိတ်ဓါတ် ၊ ခွန်အား ၊ အကြံဥာဏ်တို.ဖြင်. မိမိအတွက် ၊ မိသားစုအတွက် ၊ လူမျိုးအတွက် ၊ နိုင်ငံအတွက် ပိုမိုတိုးတက်အောင် တည်ဆောက်နိုင်ကြပါစေကြောင်း အနေဖြင်. နှစ်ဦး ဆုမွန်ကောင်း တောင်းအပ်ပါသည်

No comments:

Post a Comment