Thursday, October 23, 2014

ဘရန်စန်အောင် ပြောသော ကေအိုင်အို / ကေအိုင်အေ အတွင်းရေး






မြန်မာနိုင်ငံဟာ ကမ္ဘာမှာ လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီအချက်ဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရာမှာ ကြီးမားတဲ့ အဟန့်အတန်းတစ်ခုဖြစ်နေပါတယ်။ တစ်ခြား အဖွဲ့အစည်းတွေ အကြောင်း ကျွန်တော်သိပ်မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ကျင်လည်အမှု ထမ်းခဲ့တဲ့ KIA အဖွဲ့အကြောင်းတော့ ကောင်းကောင်းသိပါတယ်။ အထူးသဖြင့် KIA ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာအကြောင်း ဆိုရင် ပိုပြီးတော့တောင် သိပါေ သးတယ်။

အစိုးရတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဒေသတွေမှာတော့ KIA ခေါင်းေ ဆာင်ကြီးတွေ ကချင်လူထုကို စည်းရုံး ပြီးပြောပြောနေတဲ့``တိုင်းရင်းသားဆို ဖိနှိပ်တယ်၊ နှိမ့်ချဆက်ဆံတယ်၊ ငါတို့ တိုင်းရင်းသားတွေ ဘာမှအခွင့် အရေးမရှိဘူး´´ဆိုတဲ့ စကားတွေဟာ လက်တွေ့ ဖြစ်ပျက်နေတာေ တွနဲ့ကွာခြားနေပါတယ်၊။ ဒီလိုမှိုင်းတိုက်နေ တဲ့ KIA ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ ရှိသင့်တဲ့ တရားဝင်လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တဲ့ လက်နက် ကိုင်အဖွဲ့ဖြစ်နေလို့ပါပဲ။

စစ်ဖြစ်နေတော့ အစိုးရတပ်တွေ လုံခြုံရေးယူထားရတာကြောင့် တံတားဖောက်ခွဲတာ၊ မိုင်းထောင်တာတွေကို KIA အဖွဲ့က လုပ်နေတာဖြစ်လို့ လုံခြုံရေးအရ သေချာစစ်ဆေးတာ၊ မေးမြန်းတာ၊ အရေးယူတာတွေရှိပါတယ်။ ဒါဟာတိုင်းရင်းသားဆိုပြီး ဖိနှိပ်တာ၊ နှိမ့်ချဆက်ဆံတာမဟုတ်ပါဘူး၊ အဓိကအချက်ကတော့ နယ်မြေဒေသ မအေးချမ်းတဲ့တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်နေတာကြောင့်ပါ။
KIA ခေါင်းဆောင်ကြီးတွေရဲ့ မှိုင်းတိုက်စကား ကြောင့်ဒေသခံတွေဟာ ယနေ့အချိန်ထိပစ္စည်းမွဲ၊ ပညာမဲ့လူတန်းစားဘ၀ကနေ ရုန်းမထွက်နိုင်ေ သးတာ ဖြစ်ပါ တယ်။

တကယ်တော့ လိုင်ဇာမြို့နဲ့ KIO/KIA ထိန်းချုပ်ဒေသ ပတ်ဝန်းကျင်တွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး ဒေသတွေပါ။ ဒေသခံတွေခမျာ စာကောင်းကောင်းမသင်ရတော့ ဆင်ခြင်တွေးတောနိုင်စွမ်းမရှိဘဲ ခေါင်းဆောင် ကြီးတွေရဲ့ စကားကို ဘုရားစကားအလားယုံမှတ်ပြီး KIA ထဲဝင်စစ်မှု ထမ်း၊ နောက်ဆုံးတော့ ပြည်နယ်အတွက် မဟုတ်ဘဲ ခေါင်းဆောင်ကြီးတွေရဲ့ အာဏာနဲ့ အကျိုးစီပွားကို ကာကွယ်ပေးရင်းသေကြရပါတယ်။

ပြည်နယ် ကတော့ ဒီတိုက်ပွဲတွေရဲ့ အကျိုးဆက်ကြောင့် ဒုံရင်းကဒုံရင်းပါပဲ။ ခေါင်းဆောင်ကြီးတွေက ပြည်နယ်အတွက် ဆိုပြီးစကားပြောမယ်၊ ပြည်သူတွေက နားယောင်ပြီး သူတို့အတွက်တိုက်မယ်။ ဒီလိုနဲ့ တစ်ပတ်ပြီးတစ်ပတ်လည် ပြီး ပြည်နယ်က ဖွတ်ဖွတ်ကြေပါတော့မယ်။ ကျွန်တော်ပြောချင်တာက ၂၁ ရာစု IT ခေတ်ကြီးထဲမှာ ဒေသခံ ပြည်သူတွေ မျက်လုံးဖွင့်၊ နားပွင့်ဖြစ်ချိန်တန်ပြီဆိုတာပါပဲ။

လိုင်ဇာပတ်ဝန်းကျင်နဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူတွေဟာ သနားစရာ အလွန်ကောင်းပါတယ်။ စာသင် ကျောင်းတွေလည်းကောင်းကောင်းမရှိ၊ အသိဥာဏ်လဲမဖွံ့ဖြိုး ဗဟုသုတလည်းမရှိ၊ ခေါင်းဆောင်ကြီးတွေ ပြောတဲ့ စကားတွေ၊ မိန့်ခွန်းတွေကိုပဲ ဘုရားသခင်ရဲ့ စကားအလား အထင်တကြီးနဲ့ ယုံကြည်နေကြရရှာတာပါ။ 

လိုင်ဇာမြို့က ကျောင်းဆိုတာကလဲ တခြားမြို့ကြီးတွေက ကျောင်းတွေလို အသိအမြင် ဗဟုသုတကြွယ်ဝစေ မယ့် ပညာရပ်တွေ မသင်ကြားပေးဘဲ အဆင့်မမီတဲ့ သင်ရိုးတွေကိုသာ သင်ရပါတယ်။ ခေါင်းဆောင်ကြီးတွေရဲ့ ဥစ္စာဓနနဲ့ အာဏာကို ကာကွယ်ပေးမယ့် စစ်သည်တွေ၊ ရဲမေဖြစ်လာဖို့အတွက် သာ နားသွင်းသင်ကြားပေးနေတဲ့ ပညာရေးစနစ်နဲ့ကျောင်းဖြစ်ပါ တယ်။ ဒေသခံ လူငယ်လူရွယ်တွေသာ တခြားမြို့များက လူငယ်များနည်းတူ ကျောင်းကော င်းကောင်းတက်ရမယ်ဆိုရင် ဘွဲ့ရပညာတတ်ဆရာဝန်၊ အင်ဂျင်နီယာ များ ဖြစ်လာနိုင်ပါတယ်။ အခုတော့ လူငယ်တွေရဲ့ဘ၀ဟာ KIO/KIA ခေါင်းေ ဆာင်ကြီးတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေရတာနဲ့ သူတို့ရဲ့ အနာဂတ်မဲ့လှ ပါတယ်ဗျာ။

ဒါပေမယ့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားဆိုရင် ၂၀၁၀ လောက်က သူသား ကို မြစ်ကြီးနားမှာ ကျောင်းထားတယ်၊ တိုက်ပွဲတွေဖြစ်လို့သာ ပြန်ခေါ်ထားခဲ့တာ။ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ဆိုရင်လည်း သူ့သားသမီးတွေကို ထိုင်းမှာပညာသင်ခိုင်းပြီးအဲဒီမှာပဲ နေခိုင်းတာ။
ထူးခြားတာကတော့လိုင်းဇာကျောင်းမှာ သူတို့ သားသမီးတွေ ကို ကျောင်းမထား တာပါပဲ။ ဒေသခံပြည်သူတွေအတွက်လား၊ သူတို့အတွက်လားဆိုတာ အဖြေ ကရှင်းနေပါပြီ။







ကျွန်တော်တို့ KIO/KIA ခေါင်းဆောင်ကြီးတွေ စည်းရုံးပြီး ပြောဆိုနေတဲ့ စကားနော က်တစ်မျိုးရှိပါတယ်။ ``ဗမာအစိုးရက ငါတို့ ကချင်လူငယ်တွေကို ဘိန်းနဲ့ဖျက်ဆီးတယ်၊ ဆေးစွဲပြီး လူရာမ၀င်အောင် လုပ်တယ်´´ ဆိုတဲ့ စကားပါ။ အဲဒီစကားကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင် ပြောနေတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီစကားဟာ မှန်ကန်မှုမရှိဘူးလို့ပဲ မြင်ပါတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်ကြီးတွေကိုယ်တိုင် ၁၉၇၀-၈၀ ကျော်ကာလတွေမှာ မူးယ စ်ဆေး ၀ါးနဲ့ ရန်ပုံငွေရှာပြီး ရပ်တည်ခဲ့ကြတာကို သိနေလို့ပါပဲ။ အဲဒီမူးယစ်ေ ဆးဝါးရောင်းဝယ်မှုကြောင့် ရလာတဲ့ငွေတွေ အရှုပ်အရှင်းဟာ KIA အဖွဲ့အတွင်းမှာ အမည်းစက်ကြီးတစ်ခု ယနေ့တိုင် ထင်ကျန်နေတုန်းပါပဲ၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကာလတုန်းက ဒုစစ်ဦးစီးချုပ် တစ်ယောက်ကို အဲဒီမူးယစ်ဆေးကိစ္စနဲ့ပဲ ဗုံးထောင်ပြီး လုပ်ကြံခဲ့ တာဖြစ်ပါတယ်။ 

``အစိုးရက ငါတို့ကချင်လူငယ်တွေကို ဘိန်းနဲ့ဖျက်ဆီးတယ်´´ ဆိုတဲ့ စကားမှာ အစိုးရက ကိုယ့်ပြည်သူကို မဖျက်ဆီးဘူလို့ပဲ မြင်ပါတယ်။ မြန်မာနိုင်ငံမူးယစ်အထူးအဖွဲ့က ဒီလောက်ကြပ်ကြပ်မတ်မတ် ဖမ်းဆီးနေတာ တွေ့ရတယ်။ တစ်နှစ်ထက်တစ်နှစ် ဒေါ်လာသန်းချီရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတာ မြင်ရတယ်။ KIA ခေါင်းဆောင်ကြီးတွေက အစိုးရတပ်တွေနဲ့ တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၁၁ - ၁၃ ကာလတွေမှာ ဦးဇခုန်တိန့်ယိန်း ကို မူးယစ်ဆေးဝါးရောင်ဝယ်စီးပွားရှာနေသူဆိုပြီး ၀ါဒဖြန့်တဲ့စာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရင် ဦးဇခုန်တိန့်ယိန်းကရော ကိုယ့်ကချင်အမျိုးသားအချင်းချင်း ဒီလိုဘိန်းစွဲအောင် လုပ်ပါ့မလားဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အဓိကကတော့ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ လက်နက်ကိုင်ဝါဒစွဲကြောင့် ဒီပြည်နယ်မှာ မူးယစ်ဆေးတွေ ပျံ့နှံ့လာပြီး လူငယ်တွေ ဒုက္ခရောက်ကြတာဖြစ်ပါတယ်။ KIA အဖွဲ့ရှိနေတာကြောင့် တိုက်ပွဲတွေဖြစ်၊ ပြည်နယ် ကလည်း မအေးချမ်းတော့ အစိုးရက တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ပါဘူး။ ဒီလိုအခြေအနေ၊ ဒီလို ပတ်ဝန်းကျင် မှာ မူးယစ်ဆေးဝါးအထူးကြပ်မတ်ဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ခေါင်းဆောင်ကြီးတို့ရဲ့ အနီးကပ်ဆုံး တရုတ်ဘက်အခြမ်းကိုပဲ ကြည့်ပါ။

နယ်စပ်ဂိတ်အထိ လက်နက်ကိုင်စောင့်နေတာ သူတို့ရဲ့ တစ်ခြားအဖွဲ့မဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ တစ်ခုတည်း သော လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ကျဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံ မှာ မူးယစ် ဆေးဝါးကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နိုင်တာဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ ခေါင်းဆောင်ကြီးတို့လို တစ်နည်းအားဖြင့် KIA လို တရားမ၀င် လက်နက်ကိုင်အဖွဲ့တွေက မှိုလိုပေါက်နေတဲ့ အတွက် ထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။

ဒီလိုအခြေအနေ ဒီလို ပတ်ဝန်းကျင်မှာ အစိုးရတစ်ရပ်အနေနဲ့ တရားဥပဒေစိုးမိုးရေးရှိအောင် ဘယ်လိုလုပ်နိုင် မလဲဆိုတာ KIO/KIA ခေါင်းဆောင်ကြီးတွေ ထည့်စဉ်းစားပေးဖူး လား..မေးချင်ပါတယ်။ အစိုးရနဲ့ NGO အဖွဲ့ တွေက ဆေးသုံးစွဲပြီး HIV/AIDS ဖြစ်နေတဲ့ လူငယ်တွေကို တတ်နိုင်သလောက် ပညာပေးဆွေးနွေးတယ်၊ ဆေးထိုးအပ်သုံးရင်ေ ရာဂါကူးစက်မှာကြောက်လို့ တစ်ခါသုံးဆေးထိုးအပ်သုံးဖို့ လမ်းညွှန်မှုတွေ လုပ်ပေးတယ်။ အဲဒီအကျိုးတရားကို KIO/KIA ထိန်းချုပ်နယ်မြေက ဒေသခံတွေ မခံစားရရှာပါဘူး။ ဘာဖြစ်လို့မခံစားရတာလဲ ဆိုတော့ KIA အဖွဲ့ရဲ့ ပူးပေါင်းပါဝင်ရန်ဆန္ဒမရှိမှုကြောင့်ဆိုတာ ထင်ရှားပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမယ့် အကျိုးအပြစ်တွေကို မသိနားမလည်တဲ့ KIA အောက်ခြေစစ်သည် တွေ၊ ဒေသခံတွေကို ``အစိုးရက ငါတို့ ကချင်လူငယ်တွေကို ဆေးစွဲပြီး လူရာမ၀င်အောင်လုပ်တယ်´´ ဆိုတဲ့ အပေါစားစည်းရုံးမှုတွေနဲ့ ကိုယ့်အာဏာတည်မြဲရေး မလုပ်သင့်တော့ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒါကို ဘုရားသခင်လဲ လက်ခံတော်မူမှာ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ကချင်ပြည်နယ်မှာ KIO/KIA လက်နက်ကိုင်အဖွဲ့သာ မရှိရင် အစိုးရအနေနဲ့လည်း ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာလို မူးယစ်ဆေးဝါးပြစ်မှု အတွက် ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်မှာ သေချာပါတယ်။ တရာဥပဒေစိုးမိုးမှုကိုလဲ သေချာလုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ သုံးစွဲမှုတွေဟာ သိသိ သာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကချင်လူငယ်တွေ၊ လူကြီးလူငယ်ပိုင်းတွေအားလုံး KIO/KIA ရဲ့ မူးယစ်ဆေးဝါးကျေးကျွန်ဘ၀ကနေ လွတ်မြောက်ပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းပေးနေမိ ပါတယ်ဗျာ။
 





KIO/KIA ဗဟိုဌာနချုပ် တည်ရှိတဲ့ လိုင်ဇာမြို့ဟာ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရရင် နေလို့ထိုင်လို့ မကောင်းတဲ့ ပတ်ဝန်းကျင်ပါ။ တိုက်တာ အဆောက်အအုံတွေနဲ့ ခေတ်မီတယ် ထင်ရပေ မယ့် ဒေသခံတွေ အတွက်ကတော့ ကျန်းမာရေး စောင့်ရှောက်မှု အ တွက် ဆေး ရုံ၊ ဆေး ခန်းတောင် ကောင်းကောင်း မရှိပါဘူး။ လိုင်ဇာ မှာရှိ တဲ့ ဆေးရုံဆိုတာလဲ အဖြစ် သဘောလောက်ပဲ အဆင့်ရှိ တဲ့ ဆေးရုံဖြစ် ပါ တယ်။ ခေါင်းဆောင်ကြီးတွေ က အများမြင်ကောင်းအောင်လုပ်ထားတဲ့ ဆေးရုံ ဆိုရင် လည်း မမှားပါဘူး။
လိုင်ဇာဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေဟာ အရည်အချင်းမမီတဲ့ အမည်ခံတွေပါ။ အဲဒီ ဆရာဝန်တွေဟာ တကယ်တော့ (၁၀) တန်းအောင်ဘွဲ့ရတွေကိုစုပြီး တရုတ်နိုင်ငံမှာ ပညာသွားသင်ခိုင်းပြီး ဆရာဝန်ဖြစ် လာတာပါ။ KIO/KIA ခေါင်းဆောင်ကြီးတွေရဲ့ မကင်းရာ မကင်းကြောင်းတွေ ဆိုရင်လည်း မှန်ပါတယ်။ 

သူတို့ တရုတ်ကို သွားသင်ပြီး တတ်မြောက်ခဲ့တဲ့ ဆေးပညာဟာ မြန်မာပြည်တွင်းမှာဆိုရင် ဆေးဝါးကျွမ်းကျင်အဆင့်ပဲရှိပါတယ်။
ရှင်းရှင်းပြောရရင် MBBS ဆရာဝန်တွေလို နှစ်ရှည် ကျောင်းတက်၊ အတွေ့အကြုံယူပြီးမှ ဆရာဝန်ဖြစ်လာကြတာ မဟုတ်ပါ ဘူး။ တရုတ်မှာ ၁ နှစ် ၂ နှစ်လောက် သင်တန်းသွားတက်ပြီးရင် လိုင်ဇာဆေးရုံမှာ ဆရာဝန်အမည်ခံလို့ရပါပြီ။ သူနာပြုတွေ လည်း ထိုနည်းအတိုင်းပါပဲ။ တချို့သူနာပြုတွေဆိုရင် အတန်းပညာ ၄ တန်းလောက်ပဲ တတ်တဲ့သူတွေ ပါတယ်။ လိုင်ဇာဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေကို KIO/KIA ခေါင်းဆောင်ကြီးတွေ က အသိ အမှတ်ပြုခန့်အပ်ထား တာကြောင့် ဒေသ ခံ ပြည်သူတွေရဲ့ ဘ၀ဟာ တကယ် သနားစရာကောင်း လှပါတယ်။

တကယ်တော့ လိုင်ဇာဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေဟာ MBBS ဘွဲ့ရ ဆရာဝန်တွေ၊ သူနာပြု သိပ္ပံဘွဲ့ရ သူနာပြု တွေ မဟုတ်လေတော့ ရောဂါ ကို ပျောက်ကင်းသက်သာအောင် ကုသမပေးနိုင်ကြပါဘူး။ အဓိကကတော့ တိုက်ပွဲဖြစ်လာရင် ကျည်ဆံမှန်၊ ဗုံးစမှန်ဖြစ်လာတဲ့ KIA စစ်သည်တွေ ကို ခြေဖြတ်၊ လက်ဖြတ် လုပ်ရုံလောက်အတွက် ဖွင့်ထားတဲ့ ဆေးရုံ ဖြစ်ပါတယ်။
ကျွန်တော်နဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ အသိမိတ်ဆွေတွေ လိုင်ဇာဆေးရုံတက်တာ တလွဲကုသမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ ကြရပါတယ်။

တိုက်ပွဲကာလတွေတုန်းကလည်း မသေသင့်ဘဲ သေသွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အများကြီးပါပဲ။ လိုင်ဇာဆေးရုံ က ဆေးကုသမှု ကောင်းလွန်းလို့ ကျွန်တော့်မိတ်ဆွေ ၄ ယောက် မသေသင့်ဘဲ သေခဲ့ရတာ တကယ့်လက်တွေ့ ကြုံခဲ့ရ တာပါ။

အသိမိတ်ဆွေတစ်ယောက် ဗိုက်အောင့်လို့ လိုင်ဇာဆေးရုံတက်လိုက်တာ ညဘက်ဆေးရုံတက် မနက်သေတဲ့ အဖြစ်မျိုး ကြုံခဲ့ပါတယ်။ လိုင်ဇာဆေးရုံရဲ့ ကုသပုံကတော့ အံ့မခန်းပါပဲ။ မသေပဲ နေပါ့မလားဗျာ။ ဆရာဝန်နဲ့ သူနာပြုတွေက လက်တစ်ဖက်မှာ ဖုန်းပြော၊အခြားလက်တစ်ဖက် မှာ ဆေးထိုးအပ်ကိုင်ပြီး ကုသမှတော့ မဖြစ်ဘဲနေပါ့မလား စဉ်းစားကြည့် ကြပါဗျာ။
ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ အရည်အချင်းမမီတဲ့ ဆေးရုံကို တည်ထောင်ထားပေးတဲ့ ခေါင်းဆောင်ကြီး မှန်သမျှ ဒီဆေးရုံမှာ ဆေးမကုပါ ဘူး။ ခေါင်းဆောင်ကြီးတွေ ရောဂါဖြစ်ရင် မြန်မာပြည်ထဲက မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေးမြို့ကြီး တွေပေါ် တက်ကုတာ ။ တရုတ်ပြည်မှာဆိုရင် မန်ရှီ၊ ကူမင်း စတဲ့မြို့ကြီးတွေမှာ သွားကုပါတယ်။ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ ရဲဘော်တွေနဲ့ အခွင့်အရေးရပုံချင်း ကွာခြားပုံက လက်ဖျားခါလောက်ပါတယ်။

KIO/KIA ခေါင်းဆောင်ကြီးတစ်ယောက်လောက် ရောဂါဖြစ်လို့ ဆေးသွားကုရင် တရုတ်ယွမ်ခြောက်သောင်းလောက် အဖွဲ့က အကုန်အကျခံပါတယ်။ ကျွန်တော်အသိ ရဲဘော်တစ်ယောက် သူ့မိန်းမကို အပြင်မှာ ဆေးကုဖို့ စရိတ် ယွမ် (၂၀၀) ရဖို့ ကင်းချိန်ပြီးမှ ချောင်းထဲမှာ ငါးသွားဖမ်းရပါတယ်။ ကချင်ပြည်နယ်နဲ့ ကချင်ပြည်သူတွေအတွက် အလုပ်လုပ်နေ တာလား၊ သူတို့ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့ ဒေသခံတွေကို စစ်မှုထမ်းခိုင်းပြီး မသေထမင်း၊ မသေဟင်း ကျွေးပြီး အသုံးချနေတာလား ဆိုတာ အဖြေက ရှင်းနေပါတယ်။ ညီနောင်ရဲဘော်တွေ အမြင်မှန်ရချိန်တန်ပြီဖြစ်ပါတယ်။




( ကချင်နေ.စဉ်သတင်းတွင် ဆောင်းပါးရှင် ဘရန်စန်အောင် အခန်းဆက်ရေးသားသည်. ကျွန်တော်သိသော KIO/KIA အတွင်းရေးများ ဆောင်းပါးအား မူရင်းအတိုင်း ကူးယူဖော်ပြပါသည် )

 

Thursday, October 16, 2014

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၉ )


ဟန်နာရဲ. ဈာပန နေ. ( Irrawaddy )


 "မောင်မောင် နဲ့ နောက်ထပ် သက်သေ ၂ ဦး စုစုပေါင်း ၃ ဦးက ကြိုတင်သက်သေ ထွက်ဆိုချက် ပေး တာမှာ သူတို့ က အမှုနဲ့ပတ်သက်ပြီး မမြင်၊ မသိတဲ့တဲ့အကြောင်းတွေ ထွက်ဆိုသွားကြပါတယ်။ ဒီတော့ ဟို ကလေး ၂ ယောက်ကို လူသတ်မှုနဲ့ တရားစွဲဖို့ အမှုမမြောက်တဲ့သဘောပါ၊ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ကလည်း တရားခွင်ရောက်ရင် အမှန်အတိုင်း အကုန် ထွက်ဆိုမယ်လို့ သိရပါတယ်" လို့ မြန်မာ သံရုံးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က   
အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁ဝ နာရီခွဲမှာထိုင်း တောင်ပိုင်း ကော့စမွီတရားရုံး မှာ အစိုးရ တရားလို သက်သေ ၃ ဦးကို တရားသူကြီး ရှေ့မှောက် ကြိုတင်စစ်ဆေး ထွက်ဆိုချက် ပေးကြ တာနဲ.ပတ်သက်ပြီးပြောကြားခဲ့ပါတယ် ။ 

အခုလို အစိုးရ တရားလိုပြသက်သေ ၃ ဦးကို ကြိုတင်စစ်ဆေး ထွက်ဆိုချက်ပေးတဲ့နေ့မှာပဲ ဗြိတိန်နိုင်ငံ ဒု နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မှာ ရှိတဲ့ ထိုင်း သံရုံး အကြီးအကဲကို ဆင့်ခေါ် ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုတွေ မှန်ကန်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ သတိပေးကာ တရားဝင် စာလည်း ပေးခဲ့ပြီး အကူအညီလိုအပ်ရင်လည်း ကူညီမယ်လို. ကမ်းလှမ်းခဲ့ပါတယ်။ 
ဒါနဲ.ပတ်သက်လို. ဗြိတိန်က ကမ်းလှမ်းခဲ့တဲ့ အကူအညီကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပယ်ချလိုက်ပါတယ်။

ဒါ့အပြင် ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတွေရဲ့ ကိုင်တွယ်မှုအပေါ် ကြီးထွားလာတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကိုလည်း သူက လျော့ပါးအောင် လုပ်ဆောင်လိုက်ပါတယ်။အောက်တိုဘာ ၁၃ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန် အခြေစိုက် ထိုင်းသံရုံး ယာယီ တာဝန်ခံကို ဆင်.ခေါ်တယ်ဆိုတဲ့ ကိစ္စကို ငြင်းဆိုလိုက်ပြီး ရှင်းလင်းဖို့ အတွက် တွေ့ဆုံတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ဆွေးနွေးပွဲမှာ ထိုင်းသံမှူးက လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ချန်အိုချာက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သူတို့တွေမှာ သံသယမရှိတော့သလို အစကမဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့ သံသယရှိသူတွေကို အလျင်အမြန် ဖမ်းဆီးဖို့ စီမံနိုင်တဲ့အတွက် ဒါတွေအားလုံးကို နားလည်ဖို့ အချိန်အနည်းငယ် လိုအပ်တယ်လို့ သူက ပြောပါတယ်။ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို အကူအညီပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးရုံးရဲ့ ၀န်ကြီး ဟူဂိုးဆွာရားက ထိုင်းသံမှူးနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံအခြေစိုက် ဗြိတိန် သံမှူးက နိုင်ငံခြားရေးဝန်ကြီး၊  ရဲတပ်ဖွဲ့တွေနဲ့  ၃ နာရီကြာတွေ့ဆုံကာ အမှုကို ပြန်လည်သုံးသပ်ခဲ့ပြီး ဗြိတိန်က အကူအညီပေးဖို့ ထပ်မံကမ်းလှမ်းခဲ့တာပါ ။ပရာယွတ်ကတော့ ဒါဟာသူတို့ နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စ အဖြစ် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
 ဘန်ကောက်မြို့မှာလည်း မြန်မာသံအမတ်၊ ဗြိတိန် သံအမတ်နဲ့ ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ကလည်း လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်း စစ်ဆေးရေးနဲ့ တရား စီရင်ရေးတွေဖြစ်စေဖို့ ၃ ပွင့်ဆိုင်ဆွေးနွေးကြပါတယ်။   ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်၊ ဗြိတိန် သံအမတ် Mark Andrew Geoffrey Kent ၊ ထိုင်းဘက်မှ ရဲချုပ် Somyot နှင့် ဒုတိယရဲချုပ် Surapong Suwarnna  တို့  အောက်တိုဘာ ၁၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ တာပါ ။

Photo by EPA
 အဲ့ဒီတွေ့ဆုံပွဲမှာ ဒုတိယရဲချုပ်က မှုခင်းအခြေအနေများ အသေးစိတ်ရှင်း လင်းခဲ့ပြီး ဗြိတိန်မှ မေးခွန်း ၁၈ ခု၊ မြန် မာဘက်မှ မေးခွန်း ၁၇ ခုမေးမြန်းခဲ့ တဲ့အနက်မြန်မာ.ဘက်ကမေးမြန်းမှုတွေကတော.
မေး -    မှုခင်းဖြစ်ပွားပြီးနောက် အ ဆိုပါကျွန်းမှ ထွက်ခွာသွားသူများအား လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ခြင်း ရှိ မရှိ သိရှိလိုသည်
ဖြေ -        အခင်းဖြစ်ပွားသည့်အနားမှ လူအားလုံး၏ DNA ကိုစစ်ဆေးခဲ့ရာလူ ပေါင်း ၃၆ဝ ကျော်အားစစ်ဆေးခဲ့သည်။
မေး -DNAစစ်ဆေးရာတွင် ဆီး၊ တံတွေး၊ သွေး အစရှိသည်တို့အနက်မှ မည်သည့်အမျိုးအစား စစ်ဆေးခဲ့သည် ကို သိရှိလိုသည်။
ဖြေ -        ကျွန်းပေါ်မှလူများ၏ DNA ကို စစ်ဆေးရာတွင် အာခေါင်ထဲမှ အ သားစကို စစ်ဆေးခဲ့သည်။ အသတ်ခံရ သူအမျိုးသမီး၏ သားအိမ်အတွင်းမှ တရားခံ၏ DNAကို ရယူခဲ့သည်။
မေး -    စီးကရက်အစီခံများမှDNA ကို စစ်ဆေးခဲ့ရာတွင် အခင်းဖြစ်ပွားခဲ့ သည့်နေရာမှ စီးကရက် ဟုတ်/မဟုတ် သိရှိလိုသည်။
ဖြေ -        အခင်းဖြစ်ပွားသည့်နေရာမှ စီးကရက်ကို ဆေးလိပ်အစီခံတွင်ရှိသောDNA ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ခြင်းဖြစ် သည်။
မေး -    ဂစ်တာတီးသည့်နေရာမှ စီး ကရက်အားDNA စစ်ဆေးခဲ့ခြင်း ရှိ/ မရှိ သိရှိလိုသည်။
ဖြေ -        စီးကရက်သုံးလိပ်ကို စစ်ဆေး ခဲ့သည်။ ပထမတစ်လိပ်မှာDNA နမူနာA, B နှင့်ကိုက်ညီသည်။ ဒုတိယ တစ်လိပ် မှာA နှင့် ကိုက်ညီသည်။ တတိယတစ်လိပ်မှာ မည်သည့် DNA နှင့်မျှ မကိုက်ညီ။
မေး -    အခင်းဖြစ်ပွားရာနေရာ၌ တွေ့ခဲ့သောကွန်ဒုံးအားDNA စစ်ဆေး ခဲ့ခြင်း ရှိ/မရှိ သိရှိလိုသည်။
ဖြေ -        ၄င်းကွန်ဒုံးအား စစ်ဆေးခဲ့ ရာ အသတ်ခံရသူ အမျိုးသမီး၏DNA ကိုသာ တွေ့ရှိခဲ့ရသည်။
မေး -    DNA စစ်ဆေးခဲ့သော စီး ကရက်များအား အခင်းဖြစ်ပွားသည့်နေ ရာမှရရှိခဲ့ခြင်းလား သို့မဟုတ် ဂစ်တာတီး သည့်နေရာမှ ရရှိခဲ့ခြင်းလား ဆိုသည် ကို သိလိုသည်။
ဖြေ -        ဂစ်တာတီးသည့်နေရာနှင့် အခင်းဖြစ်ပွားရာတစ်ဝိုက်အား အခင်း ဖြစ်ပွားရာနေရာဟု သတ်မှတ်ပါသည်။
မေး -    အသတ်ခံရသည့်အမျိုးသမီး ၏ လက်ထဲတွင်ရှိသော ဆံပင်အရောင် အား သိရှိလိုသည်။
ဖြေ -        ဆံပင်အရောင်မှာ ဆေးဆိုး ထားခြင်းမရှိဘဲ အာရှသားတစ်ဦး၏ဆံ ပင်အရောင်ဟု ယူဆရသည်။
မေး -    အစွပ်စွဲခံရသူ သုံးဦးအား ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ပြန်လည် လွှတ်ပေးခဲ့ခြင်း၏ အကြောင်းအရင်းကို သိရှိလိုသည်။
ဖြေ -        ၄င်းတို့သုံးဦးအား ပထမဆုံး အကြိမ်စစ်ဆေးခဲ့ခြင်းမရှိ။
မေး -    အမှုနှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းခြင်းခံရသူ မည်မျှရှိသည်ကို သိ ရှိလိုသည်။
ဖြေ – ၄၈ဝ ဦးရှိသည်။ အခြားသတင်း ပေးအချက်အလက်အရ သွားရောက်စုံ စမ်းခဲ့ခြင်းများလည်း ရှိသည်။
မေး -    အဆိုပါ ၄၈ဝ ဦးအား စစ် ဆေးရာတွင် အချိန်မည်မျှ ကြာမြင့်သည် ကို သိရှိလိုပါသည်။
ဖြေ -        ၁၈ ရက်ခန့် ကြာမြင့်သည်။  အောက်တိုဘာလ ၁ ရက်နေ့တွင် ဝင်း ဇော်ထွန်းကိုလည်းကောင်း၊ အောက်တို ဘာလ ၃ ရက်နေ့တွင် ဇော်လင်းကို လည်းကောင်း ဖမ်းဆီးရမိပြီးနောက် စစ်ဆေးခဲ့ရာ ၄င်းတို့မှ ဝန်ခံသည်။
မေး -     CCTV  တွင် မြင်ရသူ လူ ၃ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိ ရှိလိုပါသည်။
ဖြေ -        ၄င်း ၃ ဦးမှာ ယခု ဖမ်းဆီးရ မိသော ဝင်းဇော်ထွန်း၊ ဇော်လင်းနှင့် မောင်မောင်တို့ဖြစ်ပါသည်။
မေး -    မြန်မာသံရုံးမှ ကိုယ်စား လှယ်များ သွားရောက်စစ်ဆေးစဉ် ဖမ်း ဆီးခံရသူ နှစ်ဦးအနက်မှတစ်ဦးမှာ ၄င်း ၏ ရင်ဘတ်တွင် နီရဲသည့်အကွက်ပြပြီး ရင်ဘတ်အောင့် သည်ဟု ပြောသည်နှင့် ပတ်သက်၍ ဆရာဝန်နှင့်စစ်ဆေးခြင်း ရှိ/မရှိ သိရှိလိုပါသည်။
ဖြေ -    ရှေ့နေချုပ်လက်အောက်ရှိ ဆရာ ဝန်မှ ဖမ်းဆီးခံရသူများအား စစ်ဆေး ရာတွင် ဒဏ်ရာမရှိဟု ထွက်ဆိုပါသည်။
မေး -    အခင်းဖြစ်ပွားသည့်နေရာ နှင့် ဂစ်တာတီးသည့်နေရာမှာ တစ်နေ ရာနှင့်တစ်နေရာ မြင်နိုင်ကြားနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။
ဖြေ -        ဂစ်တာတီးသည့်နေရာနှင့် အခင်းဖြစ်ပွားသည့်နေရာမှာ ၆၅ မီတာ ကွာဝေးသည်။ ညဘက်ဖြစ်သည့် အ တွက်ကြောင့် သဲကွဲစွာ မြင်နိုင်ခြင်းမရှိ သော်လည်း ကြားနိုင်ပါသည်။
မေး -    မုဒိမ်းမှုကျူးလွန်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစေလို သည်။
ဖြေ -        တရားခံ၏ ထွက်ဆိုချက် အရဖြစ်သည်။ မျက်မြင်သက်သေ မရှိ ပါ။
မေး -    အဆိုပါမှုခင်းတွင် စွပ်စွဲခံ ထားရသူ နှစ်ဦးအပြင် အခြားလူများ ပါဝင်ပတ်သက်မှု ရှိ/မရှိ သိလိုသည်။
ဖြေ -        အခြားလူများပါဝင်ကျူးလွန် သည့် သက်သေအထောက်အထား မ တွေ့ရှိရပါ။
မေး – မှုခင်းစဖြစ်သည့်အချိန်နှင့် သက် သေအထောက်အထားများ ထိန်းသိမ်း ခြင်းသည် အချိန် ၈ နာရီ ကွာခြားနေ၍ သက်သေအထောက်အထားများ ခိုင်လုံ မှု ရှိ/ မရှိနှင့် ပြည့်စုံမှု ရှိ/မရှိ သိရှိလို ပါသည်။
ဖြေ -        မှုခင်းစဖြစ်သည့်အချိန်နှင့် သက်သေအထောက်အထားများ ရရှိ သည့်အချိန်မှာ ၆ နာရီနှင့် ၃ဝ မိနစ် သာ ကြာမြင့်သည်။
မေး – သေဆုံးသူအား မာကျောသော ပစ္စည်းဖြင့် ရိုက်နှက်သည်ဟု သိရှိရ သော်လည်း သေဆုံးသူတွင် တွေ့ရှိရ သော ဒဏ်ရာမှာ ချွန်ထက်သောပစ္စည်း နှင့် ထိုးထား သည့်အပေါက်များ တွေ့ရှိ ရခြင်းနှင့်ပတ်သက်၍ ဖြေကြားပေးစေ လိုပါသည်။
ဖြေ -        စစ်ဆေးတွေ့ရှိချက်များ တွင် မာကျောသောပစ္စည်းနှင့်သာ ရိုက် နှက်သည်ဟု တွေ့ရှိရသည်။
ထိုင်းရဲတပ်ဖွဲ့မှ ဖြေဆိုချက်များ အရ မြန်မာတရားခံနှစ်ဦးဟာ ကိုယ် တိုင်ဝန်ခံချက်ပေးသော်လည်း အခင်းဖြစ် ပွားသည့်နေရာ အထောက်အထား များ၊DNA များ၊  CCTV  များနှင့် အချို့နေရာများတွင် ကွဲလွဲနေကြောင်း မြန်မာသံအမတ်က သုံးသပ်ခဲ့ ပါတယ် ။

 အစိုးရသက်သေ
အဖြစ် ထိန်းသိန်းထားတဲ့ ကိုမောင်မောင်အပါအ၀င် ၃ ဦးကို  ကော့စမွီခရိုင်
တရားရားရုံးမှာ ကြားနာပြီးတဲ့နောက် ထိုင်းရဲက လွတ်လပ်စွာသွားလာခွင့်
ပေးလိုက်တယ်လို့ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
.
ပြီးခဲ့တဲ့ အပတ်တုန်းက ကော့စမွီ ဘော်ဖုရဲစခန်းမှာ သက်သေမောင်မောင်ကို
တွေ့ဖူးပါတယ်။ အဲဒီတုန်းက သက်သေမောင်မောင်ဟာ ရဲရဲ့ထိန်းသိမ်းမှုအောက်မှာ
ရှိပြီးတော့ ဘာသာပြန်နဲ့အတူ ပါလာတာတွေ့ပါတယ်။ တွေ့တော့ ကျနော်တို့က
ပြောပါတယ်။ ဒီဟာက တရားခံမဟုတ်ဘူး၊ တရားလိုပြသက်သေဖြစ်လို့ ဘာဖြစ်လို့
ဒီလို ရဲရဲ့ထိန်းသိမ်းမှုအောက်မှာ နေရတာလဲလို့ ပြောခဲ့ဖူးတာရှိပါတယ်။ မနေ့
ကတော့ ၃ ယောက်လုံးကို မနက်ဆယ်နာရီခွဲကနေ ည ရှစ်နာရီခွဲအထိ စစ်လိုက်
ရပါတယ်။ စစ်တဲ့အခါမှာ အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ ၃ ယောက်ဟာ ကြိုတင်ထွက်ချက်တရားသူကြီးရှေ့မှာ ရယူတာဖြစ်ပါတယ်။ အဲဒီထွက်ချက်ကြားနာ
ပြီးတဲ့အခါ သူတို့ရဲ့ သက်သေထွက်ချက်ပြီးဆုံးပြီမို့လို့ ဒီသက်သေအနေနဲ့ ဘယ်လို
ဆောင်ရွက်ထားပါသလဲလို့ ပြောတဲ့အခါမှာ ဒီသက်သေတွေကို ပြန်လွှတ်ပေးလိုက်
တာပါ။
.
မနေ့က သုံးယောက်လုံးရဲ့ စစ်ဆေးချက်ကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ စွပ်စွဲခံ
ရတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့နှစ်ယောက်စလုံးဟာ ပြစ်မှု ကျူးလွန်ကြောင်း
မြင်တွေ့တယ်၊ သိရှိတယ်ဆိုတဲ့ သက်သေတွေ မဟုတ်ပါဘူး။ သဘောကတော့ သူတို့ထွက်ချက်တွေဟာ စွပ်စွဲခံရတဲ့သူတွေကို ငြိစွန်းတဲ့အချက် မရှိဘူးလို့ပဲ ကျနော်
ထင်ပါတယ်
” လို့ ပြောပါတယ်။
.

ဒီလူသတ်မှုကို လိုက်ပါကူညီဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ
သားများအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက ပြန်လွတ်လာသူနှစ်ဦးက လိပ်ကျွန်း
ကိုပြန်သွားပြီး ကိုမောင်မောင်ကိုတော့ စောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။
.
မနေ့က မျက်မြင်သက်သေ ၃ ယောက် စစ်ဆေးချက်တွေပြီးတော့ သူတို့တွေ လူတွေ
အကုန်လုံး ပြန်လွှတ်တယ်။ လွှတ်တော့ အဲဒီ ၂ ယောက် ညီညီအောင်နဲ့ အောင်လင်း
ဇော်က ပတ်စပို့ရှိတဲ့အတွက် သူတို့ ကျွန်းကို ပြန်သွားတယ်။ ဆိုတော့ အရင်ကျနော်
တို့ တွေ့ဖို့ အခက်အခဲရှိထားတဲ့ မောင်မောင်ကျတော့ တခုခုဖြစ်မှာစိုးတဲ့အတွက်
ကျနော်တို့က မနေ့ညနေကတည်းက ဒီကလေးသုံးယောက်ကို ကျနော်တို့တည်းတဲ့ ဟိုတယ်မှာပဲ ခေါ်သိပ်တယ်။

သက်သေ ၃ ဦး
အစိုးရသက်သေဖြစ်တဲ့ ကိုမောင်မောင်က သူ့ကို အောက်တိုဘာ ၁ ရက်နေ့ကနေ
၁၄ ရက်နေ့ထိ ထိုင်းတာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး အခု မြန်မာပြည်ကို
ပြန်ချင်တယ်လို့ ပြောပါတယ်။
.
သူ့ကို ရဲကစစ်မေးရာမှာရော၊ တရားရုံးမှာ စစ်မေးရာမှာရော စွပ်စွဲခံရသူနှစ်ဦးနဲ့ ဘီယာအတူတူသောက်တာ၊ စီးကရက်ဝယ်တာ ဒီနောက် စွပ်စွဲဖမ်းခံထားရတဲ့ သူငယ်ချင်းနှစ်ယောက်ကို ထားပြီး သူ့ချစ်သူထံ သွားရောက်တာ၊ မနက်ငါးနာရီ
မှာ အခန်းပြန်လာတဲ့အခါ နှစ်ယောက်သား အိပ်နေကြတာ။ အခင်းဖြစ်ပြီး ရဲတွေ
စစ်နေချိန်မှာ အဲဒီနှစ်ယောက် ဘယ်မှ ထွက်မပေးဘဲ ဆက်နေနေကြတာတွေကို
ထောက်ပြပြီး သိတာ သိတဲ့အတိုင်း ဖြေဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
.
ကျနော်က ထိုင်းနိုင်ငံ အစိုးရဘက်က လည်း (မျက်နှာ) မထောက်ဘူး။ ကိုယ့်
သူငယ်ချင်း ဘ က်ကလည်း မထောက်ဘူး။ ဘာဖြစ်လို့ဆို တရားဥပဒေဆို တာ
ထောက်လို့ မရဘူး။ တကယ်လို့များ အဲလိုမျိုးဖြစ် လာလို့ရှိရင် ဒီအမှုဟာ တော်တော်
ကြောက်စရာကောင်းတဲ့အမှုပေါ့နော်။ ကျနော်အစကတည်းကနေ အမှန်အတိုင်းပဲ
ပြောသွားတယ်ပေါ့နော်။ ကျနော့်သူငယ်ချင်း ဒီလိုမျိုး အဲတာ ဒီကောင်တွေ သတ်ပါ
တယ်ဆိုတဲ့စကားဟာ ကျနော် ကိုယ်တခုခုဖြစ်ပါမယ်ဆိုတာတောင်မှ ကျနော်
မပြောဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က မမြင်ဘူးဆို၊ မမြင်ဘူးပဲ ပြောတယ်။
မသိဘူးဆို မသိဘူးပဲ ပြောတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ်က မဟုတ်တာကို အဟုတ်လုပ် ပြောလို့မရဘူးလေ
” လို့ ပြောပါတယ်။
.
အောက်တိုဘာ ၁ ရက်နေ့က စတင်ထိန်းသိမ်းစဉ်ကစလို့ စိတ်ကျဉ်းကျပ်မှုရှိပေမယ့် စစ်မေးတဲ့အခါ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း မရှိကြောင်းနဲ့ ဒါပေမယ့် ဒီလို ရုပ်ခြည်းပြန်လွှတ်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ကြောင်း သူက ပြောပါတယ်။
.
ကျနော့်ကိုယ် ကျနော် ဒီအကျဉ်းအကျပ်ထဲမှာ နေခဲ့တဲ့အချိန်က ကော့စမွေမှာ
နေခဲ့တဲ့အချိန်က ကျနော့်ကိုယ်ကျနော် လုံးဝကို မျှော်လင့်ချက်မထားဘူး မနေ့က
လွှတ်မယ်လို့၊ အဓိကကတော့ ဆရာကြီးတွေ (ကူညီလိုက်ပါဆောင်ရွက်သူတွေ)
ကြောင့်ပေါ့။ သူတို့တောင်းဆိုတဲ့ အတွက်ကြောင့်ပေါ့။ သက်သေခံကို ဒီလိုမျိုး
အကျဉ်းအကျပ်မှာ မထားသင့်ဘူးလို့ တောင်းဆိုလို့။

.
ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ် လွတ်တယ်ဆိုတာ အိပ်မက်မက်နေသလား၊
ဒါမှမဟုတ် စိတ်ကူးယဉ်နေတာလားလို့ ထင်တယ်ပေါ့နော
်။”ပုလိပ်ဗိုလ်တယောက်
က သူ့ကို ထိုင်းဘတ်ငွေ ၁၀၀၀ ပေးပြီး သွားလိုရာသွားနိုင်ကြောင်း ခွင့်ပြုတဲ့အတွက် စတင်လွတ်မြောက်လာပြီး မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ အတူရှိနေတယ်
လို့ ဆိုပါတယ်။
.
သူငယ်ချင်း ၂ ဦး သတ်ဖြတ်တယ်လို့ ရဲက စွပ်စွဲပြီး ဖြောင့်ချက်ထုတ်ပြန်ထားတဲ့အပေါ် ကိုမောင်မောင်အမြင်ကတော့ ခုလို ဖြစ်ပါတယ်။“ကျနော့်အထင်ကတော့ သူတို့ လုပ်ဖို့သတ္တိလည်း ရှိမယ်မထင်ဘူးပေါ့။ နောက် လူအများကလည်း ကြည့်တာက လူတယောက်ကို သတ်ထားတာမဟုတ်ဘူး။ လူတစ်ယောက်ကို ထိုးမိရင်တောင်မှ အဲဒီနှစ်ယောက်က နေရတာ တော်တော်ခက်တယ်နော်။ ဒါ လူအတော်များများက လူကြီးတွေကရော ပြည်သူလူထုကရော အကုန်လုံးကို၊ လူတယောက်ကို သတ်
ထားရင် ဒီလိုမျိုးနေလို့ မရဘူးဆိုတာ ဒီလိုမျိုး ပြောနေကြတာပေါ့
” လို့ ပြောပါတယ်။
.
ကျနော့်စိတ်မှာ ဘာမှတော့ သူတို့ကို မသင်္ကာမဖြစ်ဘူး။ ကိုယ့်လူကို ကိုယ်ပေါ့နော်။ ခုထက်ထိလည်း မသင်္ကာမဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခုနပြောသလို လူတယောက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့တယ် (ဓာတ်ပုံ) ရက်ရက်စက်စက်သတ်
နိုင်ဖို့ ဆန္ဒရှိတယ်ဆိုတာ အဲလောက်ထိ ပြင်းထန်တဲ့ဆန္ဒ သူတို့မှာရှိမယ်လို့
လုံးဝကို မယူဆဘူး။

.
 လာမယ့်ရက်ပိုင်းအတွင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ရှေ့နေများအဖွဲ့၊ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့ အမြန်ဆုံး
တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်
က ပြောပါတယ်။

ဗြိတိန်ကမ်းလှမ်းမှုကို ပယ်ချခဲ့သူ
 ယိုးဒယားအစိုးရအနေနဲ. ဒ်ီကိစ္စကို နှစ်နိုင်ငံခေါင်းဆောင်ချင်း တွေ.ဆုံဆွေးနွေးရတဲ့ ခေါင်းစဉ် တစ်ခုအဖြစ် အများသိသွားမှာကို မလိုလားပဲ အိမ်ရှင်သမ္မတဦးသိန်းစိန် က ဧည့်သည်တော်ပရာယွတ်ကို ခိုတောင်ကျွန်းမှ ဗြိတိသျှကမ္ဘာ လှည့်ခရီးသည် ဟန်နာနှင့် ဒေး ဗစ်မီလာကိုသတ်သည်ဟု စွပ်စွဲ ခံရသည့် တရားမဝင်မြန်မာ အလုပ်သမားနှစ်ဦးအပေါ် သန့် သန့်ရှင်းရှင်းမျှမျှတတစီရင်ပါဟု တောင်းဆိုခဲ့သည်ဟု အေအက်ဖ် ပီသတင်းက မှုသာမရှိခဲ့လျှင် မည်သူမျှတောင်သိဖို.မရှိ ပဲ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ် ကြီးပရာယွတ်ကိုကြည့်ရသည်မှာ ထိုင်းသတင်းမီဒီယာများ၏ အဆို ပါလူသတ်မှုသတင်းရေးသားမှု များကြောင့် စိတ်တိုနေပုံရသည်ဟု Bangkok Post သတင်းစာတွင် အယ်ဒီတာ တစ်ဦးကရေးသားခဲ့သည်ဟု သိရသည် ။

ယခုကိစ္စရပ်ကို မြန်မာ ၊ ဗြိတိန် အပါအ၀င် နိုင်ငံတကာ မီဒီယာများက အလေးထားစောင်.ကြည်.နေကြပြီဖြစ်သည် ။ သေဆုံးသူ ဟန်နာ၏ မိသားစုကိုယ်တိုင်ကလည်း ဈာပန အခမ်းအနား ကျင်းပသော နေ.က တရားရုံးတွင် ရင်ဆိုင်ရသူများသည် တရားခံ အစစ်များသာဖြစ်စေလိုသည်ဟူသော ကြောညာချက် တစ်ရပ်လည်း ထည်.သွင်းထုတ်ပြန်ခဲ့သည် ။ ခုလိုအားလုံးက ဝေဖန် ပြစ်တင် စောင်.ကြည်.ကြရတာကလည်း သမိုင်းကြောင်းတွေ ရှိခဲ့ဖူးလို.ပါပဲ ။

ဟန်နာ.ရဲ. ဈာပန ( Irrawaddy )

၁၉၈၆ ခုနှစ်ကထိုင်း-အမေရိကန်ဆယ်ကျော် သက်တစ်ဦး  ဆမွတ်ပရာ ကန်ပြည်နယ်မှာ   အသတ်ခံ ရပြီး  အမှုနှင့်ပတ်သက်လို. အမျိုးသားလေးဦးကို မှားယွင်းစွပ် စွဲအပြစ်ပေးခဲ့ဖူးပါတယ်
ခုအချိန်မှာ အဲ့ဒီလေးဦး စလုံးကွယ်လွန်သွားကြပါပြီ ။ ဒါပေမယ်. နောက်ဆုံးတရားခံ ကရာ ဆေပလွိုင်ကလန်သာ ထောင်ထဲ မှာ အရိုးဒဏ်ရာဖြင့် ဒုက္ခိတဖြစ် ပြီး ၂ နှစ်အကြာမှာ ကွယ်လွန်ခဲ့ တာပါ ။  ၁၉၉၃ ခုနှစ်မှာ ထိုင်းတရား ရုံးက အဲ့ဒီလေးဦးကို အပြစ်မရှိ ကြောင်း ကြေညာခဲ့တာပါ ။  ၁၀ နှစ်အကြာမှာတော. ထိုင်းတရားရုံးက မှားယွင်းစွပ်စွဲမှု နဲ. ရဲတပ်ဖွဲ့ကို ကွယ်လွန်သူများရဲ. မိသားစုများ အား နစ်နာကြေး ဘတ် ၂၆ သန်း ပေးလျော်စေခဲ့ရပါတယ် ။  

ထပ်မံကြားသိရတာကတော. ထိုင်းဝန်ကြီးချုပ် အငြိမ်းစားဗိုလ်ချုပ်ကြီး ရဲ. ဥရောပ ခရီးစဉ်တွေမှာ ထိုင်းစစ်အုပ်ချုပ်ရေး နဲ. အဲ့ဒီ ကော.တောင်ကျွန်း လူသတ်မှုတွေအတွက် ဆန္ဒပြမှု တွေက စောင်.ကြိုနေပါတယ်လို.သိရပါတယ် ။

Ref ; DVB , Popular Myanmar , Irrawaddy & 7 Day News



 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၁ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၂ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၃ )


 * ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၄ )  

* ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၅ )

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၆ )

* ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၇ ) 

ဗြိတိန်စုံတွဲ အသတ်ခံရမှု ၊ ယိုးဒယားပုလိပ် နဲ. မြန်မာရွှေ.ပြောင်း လုပ်သားများ ( ၈ )