Showing posts with label ယုံချင်ယုံ - မယုံချင်နေ. Show all posts
Showing posts with label ယုံချင်ယုံ - မယုံချင်နေ. Show all posts

Wednesday, October 1, 2014

မြန်မာပြည်က အမျိုးသား လိင်လုပ်သား


တကယ်တမ်းတော.လည်း ဒီကိစ္စမျိုးက လူငယ်ထုကြားထဲ ဟိုးတုန်းတည်းက ပြောနေကြသော အကြောင်းအရာ တစ်ခုဖြစ်သည် ။ မြန်မာနိုင်ငံကဲ့သို. ယဉ်ကျေးမှု နှင်. ဘာသာရေးဆိုင်ရာ အဆုံးအမများ ကြားကြီးပြင်းရသော ၊ မိန်းကလေး ဆိုတာ အသက်နဲ. လူလုပ်တာ မဟုတ်ဘူး ... အရှက်နဲ. လူလုပ်တာ ၊ မိန်းမတို.အိနြေ္ဒ ရွှေပေးလို.မရဆိုသော စကားလုံးများကြီးပြင်းရသော လူ.အသိုက်အ၀န်းကြား ဟုတ်မှဟုတ်ရဲ.လား လို.လည်း သံသယ ရှိကြသည် ။ သို.သော် ကြားဖူးသည်မှာ ကြာပြီဖြစ်သော ......ဈေးရှေ.မှာ သပ်သပ်ရပ်ရပ်လေး ၀တ်ပြီး ရင်ဘတ်မှာ နှင်းဆီပန်းထိုးထားရင် သူ.ဘာသာလာခေါ်လိမ်.မယ်ဟူသော မည်သူစပြောမှန်းမသိသည်. စကားစုအကြား အချို.ကလည်း စိတ်ဝင်စားကြသည် ။ ခုတော. ဒါမျိုးတွေ တကယ်ရှိတာလား ဟု တအံ.တသြ ဖြစ်ရသလို ယခင်က ဟုတ်သယောင်ယောင်ကိစ္စ ခုလိုဆိုတော. ဟုတ်တာသေချာသွားပြီဖြစ်သည် ။  အားလုံးလေ.လာ၍ရရန် ထို သတင်းဆောင်းပါးကို မူရင်းအတိုင်း ဖော်ပြအပ်ပါသည် ။

လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။ မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။

အနွေးဓာတ်မပါသော သူ့ အနမ်းတွင် သူမ၏နှုတ်ခမ်းများ ပွင့်ဟလှုပ်ရှား သွားသည်။ မကြာမီမှာပင် သူအကြိမ်ကြိမ်မှားခဲ့ ဖူးပြီး မနှစ်မြို့သော ခရီးဆုံးကိုရောက်ချေဦးတော့ မည်။ သည်လိုနှင့်ပင် ခါးသီးသောညထဲ၌ သူ့ ဘဝသည် စုံးစုံးမြုပ်ခဲ့ရလေသည်။

*****

ဆယ်တန်းစာမေးပွဲကျကာ အိမ်ပေါ် မှ ဆင်းလာပြီးနောက် နားခိုစရာအဖြစ် သူငယ် ချင်းတစ်ဦး၏ အခွေဆိုင်တွင်နေရသော သူ့ဘဝ နောက်ကြောင်းကို ကိုဇင်(အမည်လွှဲ)က ပြန်ပြော ပြခဲ့သည်။

''ကျွန်တော် အဲဒီတုန်းက နေစရာမရှိ တော့ သူငယ်ချင်းကိုပြောပြီးနေခဲ့ရတာ။ အခွေ ဆိုင်က တစ်နေကုန်ဖွင့်တော့ ညဘက်ကျတော့ ကျွန်တော်ညအိပ်ဖို့အတွက် အဆင်ပြေတယ်လေ။ အခွေဆိုင်ဆိုပေမယ့်လဲ မြောင်းပေါ်ခွတင်ဖွင့် ထားတာ။ ဆိုင်က လူတစ်ကိုယ်စာ အိပ်ရုံလေး တော့ရတာပေါ့ဗျာ'' ဟု ကိုဇင်ကပြောပြခဲ့ခြင်းဖြစ် သည်။

သူ့အနေဖြင့် နားခိုရာဗီဒီယိုဆိုင်လေး သို့ ညအိပ်ချိန်လေးပဲပြန်လာပြီး နေ့ပိုင်းအချိန် များတွင် ငွေရပေါက်လမ်းတချို့ကို ရှာဖွေလုပ် ခဲ့ရသည်။

''အိမ်ကဆင်းလာတာဆိုတော့ ငွေက ဘယ်ကရှာရမှန်းလဲမသိဘူး။ အိမ်ပေါ်ကဆင်း ခါစတုန်းက ကြို့ကုန်းဘက်မှာ ပီနံအိတ်တွေကို ဓားနဲ့ခုတ်ဖြတ်ရတဲ့အလုပ်လဲ လုပ်ခဲ့ရတယ်။ အဲ အလုပ်က သုံးဖို့စွဲဖို့တော့ ရတယ်ဆိုပေမယ့်လဲ ကျွန်တော် ဆယ်တန်းပြန်ဖြေဖို့ စုဖို့ဆောင်းဖို့ အတွက် မလောက်ဘူးလေ''ဟုပြောသည်။

တစ်နေကုန်တစ်နေခန်း ပီနံအိတ်များ ကို ဓားနှင့်ခုတ်ရခြင်းအပေါ် ကြာတော့ ကျန်းမာ ရေးထိခိုက်နိုင်သည့်အတွက် ယင်းအလုပ်မှထွက် လိုက်သည်။ ယင်းနောက်ပိုင်းတွင် သူငယ်ချင်း ချိတ်ပေးသည့်အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်ခဲ့ သည်။

*****

လိုအပ်နေသည့် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့်အလုပ်ဖြစ် သည်။ သူတို့အခေါ် 'ဂျေဂလို'ဖြစ်သည်။

''ကျွန်တော်တို့ကတော့ ဒီလိုလုပ်စား တဲ့လူတွေကို ဂျေဂလိုလို့ခေါ်တာပဲ။ သေချာ တော့မသိဘူး။ ကျွန်တော်သူငယ်ချင်းက အမျိုး သမီးတချို့နဲ့ မိတ်ဆက်ပေးတယ်။ သူတို့နဲ့လိုက် နေပေးရတဲ့အလုပ်ပေါ့။ ပထမဆုံးကြုံတဲ့အမျိုး သမီးက အိမ်ထောင်သည်အမျိုးသမီးဗျ။ ကလေး တစ်ယောက်လဲရှိတယ်။ ကလေးက နှစ်နှစ်လောက် တော့ရှိမယ်။ သူ့ယောက်ျားက သင်္ဘောသား၊ နိုင်ငံခြားသွားနေရတော့ သူ့ယောက်ျားမရှိတဲ့အချိန် မှာ ကျွန်တော်က သူ့အလိုကိုဖြည့်ဆည်းပေးရတာ လေ''ဟု ဂျေဂလိုဘဝ (သို့မဟုတ်) Sex worker တစ်ဦးအဖြစ် ပထမဦးဆုံးဖြတ်သန်းခဲ့ရသည့်အချိန်ကို ပြန်ပြောပြသည်။

''အဲအမျိုးသမီးက ကလေးရှိတော့ အ ရင်ဆုံး သူ့ကိုသိပ်ရတာပေါ့။ နှစ်နှစ်ဆိုတော့ ဘာ မှမသိသေးတဲ့ အရွယ်ဆိုပေမယ့် ခုတင်တစ်ခု တည်းမှာ လင်မယားလိုနေရမှာဆိုတော့ ကလေး ကို အရင်သိပ်ရတယ်လေ။ တစ်ခါတလေဆိုရင် အဲ့ကလေးကို အိမ်ရှေ့ဧည့်ခန်းမှာ ထားသိပ်ရတာ မျိုးလဲ ရှိခဲ့တယ်''ဟု ပြောသည်။

ထို့အပြင် သူ့အနေနှင့် Sex worker အနေဖြင့် ဘဝကိုရှင်သန်ရင်း ထူးထူးခြားခြားဖြတ် သန်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ထူးခြားသော် လည်း ထွက်ပြေးချင်လောက်အောင်လည်း စိတ် ပေါက်ခဲ့သည်ဟု ရင်ဖွင့်ခဲ့သည်။

''လှိုင်သာယာက Beauty Salon ဖွင့် ထားတဲ့ အမျိုးသမီးသုံးဦးရဲ့အိမ်မှာ သူတို့ကိုဖျော် ဖြေပေးရတာ။ သူတို့က ယောက်ျားခွန်အားတိုး ဆေးတွေ ပြီးတော့ ဘလက်လေဘယ်တွေကအစ ဝယ်ပေးထားတာ။ အိမ်ထဲကနေ မထွက်ရဘူး။ သူတို့နဲ့အလှည့်ကျနေပေးခဲ့ရတာလေ။ အဲဒီသုံး ဦးက အမျိုးတွေဗျ။ တစ်ဦးက ဆိုင်ဖွင့်နေရင် အိမ် ကိုပြန်လာ၊ တစ်ဦးက အိမ်ထဲမှာ ထမင်းဟင်း ချက်နေရင် တခြားတစ်ဦးနဲ့အတူနေရတာ။ ပြီး တော့ အဲဒီသုံးဦးနဲ့က နေ့စဉ် အဆက်မပြတ်သလို ဆိုတော့ ကျွန်တော် မခံနိုင်တော့ဘူး။ နိမ့်နိမ့် လေးရှိတဲ့ လှေကား လေးထစ်လောက်ကိုတောင် ကျွန်တော် လေးဖက်ထောက်တက်နေရတာ။ အဲဒီ တော့ သူတို့လစ်တဲ့အချိန် ထွက်လာခဲ့တယ်'' ဟု ပြောသည်။

ထိုအမျိုးသမီးသုံးဦး နေအိမ်တွင်ရှိ သော ကြိုးဖုန်းဖြင့် အမျိုးသမီးများနှင့်ချိတ်ဆက် ပေးသည့် သူငယ်ချင်းဆီဖုန်းဆက်ကာ အမြန်လာ ခေါ်ရန် ဆက်သွယ်ခဲ့ရကြောင်းပြောပြသည်။

ယင်းကဲ့သို့ အမျိုးသမီးများနှင့်သာမက ဘဲသူ့အနေဖြင့် အခြားသောအမျိုးသမီးများစွာ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အမျိုးသမီးများက ယောက်ျားက နိုင်ငံ ခြားသွားနေလို့၊ ယောက်ျားနဲ့ကွဲနေလို့၊ ယောက်ျား မရှိပေမယ့် ခဏအပျော်ထားချင်တာတို့၊ စပွန် ဆာပေးထားတဲ့ လူမရှိတဲ့အချိန် ထိုမိန်းကလေး နှင့်နေပေးရသည်မှာSex worker တို့ အများဆုံး ကြုံရသည့်ဘဝဖြစ်သည်။

''ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတာက အ သက်အကြီးဆုံးက ၄၁နှစ်ရှိပြီ။ သူက အပျိုကြီး။ နောက်ထပ်မှတ်မှတ်ရရအတွေ့အကြုံက အသက် ခုနစ်နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးမွေးထား တဲ့ မိန်းကလေးတစ်ဦးနဲ့လဲ ကျွန်တော်နေပေး ခဲ့ရသေးတယ်။ ကျွန်တော်တို့နေထိုင်တာကို သူ့ သမီးမြင်သွားတယ်လို့ ကျွန်တော် သံသယရှိမိ တယ်''ဟု ပြန်ပြောပြသည်။

******

စားပွဲတွင်တင်ထားသည့် ဘီယာခွက် ကို စိုက်ကြည့်ရင်း ''ကျွန်တော် သေချာတယ်။ နောက်ဘဝမှာ လူဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော် လူမဆန်တဲ့လုပ်ရပ်တွေ အများကြီးကျူးလွန်ခဲ့မိတယ်။ အဲဒီလူမဆန်တဲ့ ကိစ္စတွေက အရမ်းကိုဆိုးရွားတယ်။ ဒါကြောင့် ကျွန်တော်သေရင် နောက်ဘဝ လူပြန်ဖြစ်မှာ မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်မှာ အောက်ဆုံးထပ် ကို ကျမယ့်ကောင်။ ကျွန်တော့်အနေနဲ့ ဘဝမှာ ကျူးလွန်ခဲ့တဲ့ ဒီအဆိုးရွားဆုံးကိစ္စကို ဘယ်သူ့ကို မှ မသိစေချင်ဘူး''ဟု ထပ်ပြောသည်။

စကားဝိုင်းလေးက ခေတ္တရပ်ဆိုင်း သွားသည်။ ထိုအချိန်တွင် စင်တင်စားသောက် ဆိုင်တစ်ခုမှ အမျိုးသမီးငယ်လေးများ၏ ကြည် နူးဖွယ် သီဆိုသံများက တိတ်ဆိတ်သွားသည့် စားပွဲဝိုင်းထဲ တိုးဝင်လာသည်။

သီချင်းဆိုရင်း စားပွဲဝိုင်းတစ်ခုသို့ ရောက်လာသည့် မိန်းကလေးတစ်ဦးကိုကြည့်ရင်း ကိုဇင်က ''ကျွန်တော် ဒီဘဝရောက်သွားခဲ့ရတာ က တကယ့်ကို ဘယ်လိုမှ မတတ်သာလွန်းလို့ မတတ်နိုင်လို့ရောက်ခဲ့ရတာ။ နေစရာကလဲမရှိ ဘူး။ အိမ်ကလဲဆင်းလာတာ။ ၁ဝ တန်းကလဲ ကျနဲ့။ အဲဒီအခြေအနေမှာ မထူးတဲ့ဘဝကိုလုပ်ခဲ့ ရတာ။ စင်တင်မှာဆိုနေတဲ့ မိန်းကလေးတွေ၊ ပြီး တော့ တခြား Sex worker မိန်းကလေးတွေဆို ရင်လဲ သူတို့ဘဝမှာ မတတ်သာလို့ ဒီဘဝကိုရောက် သွားခဲ့ကြရတာလို့ထင်တယ်။ ဒါမျိုး ဘယ်သူက လုပ်ချင်မှာလဲ''ဟု Sex worker ဘဝများသို့ ရောက်နေခဲ့သည့် ဘဝများအပေါ် စာနာစွာဖြင့် ပြောပြသည်။

Sex worker အနေဖြင့် အချိန်အတန် ကြာ ကျင်လည်ခဲ့ပြီး ငွေကြေးအနည်းငယ်စုနိုင် ခဲ့သည့်အချိန်တွင် မိခင်က သတင်းစာမှတစ်ဆင့် လူပျောက်ကြော်ငြာထည့်ကာ ရှာခဲ့သည်။ ယင်း နောက် မိခင်အိမ်ပေါ်သို့ သူတစ်ကျော့ပြန်ရောက် ခဲ့ရသည်။ တစ်ကျော့ပြန်ရောက်တော့ အမေရော အဖေရော ကျန်းမာရေးက ချို့တဲ့နေသည်။

''အဖေက ကိုယ်တစ်ခြမ်း လေဖြတ် သွားတော့ မထနိုင်ဘူး။ အမေကလဲ မျက်လုံးက သိပ်မကောင်းတော့ ဆေးတွေဘာတွေ ကုသဖို့ ငွေလိုနေတယ်။ အဲဒီလိုနေတဲ့အချိန်မှာ ကျွန်တော် ရှာခဲ့ရတဲ့ငွေနဲ့ ဆေးတွေဘာတွေကုခဲ့တယ်။ ဒီ အလုပ်လုပ်ရင်းရှာခဲ့တဲ့ငွေနဲ့ ကျွန်တော် ၁ဝတန်း ပြန်ဖြေနိုင်ခဲ့တယ်။ အောင်လဲအောင်ခဲ့တယ်''ဟု ဘဝကိုအရင်းပြုကာ ရှာဖွေခဲ့သည့်ငွေဖြင့် ပြန် လည်အသုံးချခဲ့သည်ကို ပြန်ပြောသည်။

******

စားသောက်ဆိုင်အတွင်း စားပွဲဝိုင်း များ ပြည့်နှက်လာသည်နှင့်အမျှ သီချင်းသံလေး များက ပြည့်နှက်လာသည်။ စားပွဲဝိုင်းများပြား လာသည်နှင့်အတူ ညဥ့်ကနက်လာသည်။ ကား လမ်းပေါ်မှာ ကားတချို့သွားလာနေဆဲ။ ကိုဇင် တစ်ယောက် လက်ပြနှုတ်ဆက်ရင်း အမှောင်ထု တွင်းတိုးဝင်သွားခဲ့သည်။

ဓာတ်တိုင်မီးရောင်မှိန် ပြပြရှိနေသေး သော်လည်း ထိုသို့သော ကားလမ်းနံဘေးမီး ရောင်အောက်များ၊ Sex worker များနှင့်ပတ် သက်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီးသော သိမ်ကြီး ဈေးတံတားပေါ်နှင့် အနီးတစ်ဝိုက်၊ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်ဝန်းကျင်၊ သီရိမင်္ဂလာ ဈေးဟောင်း၊ မင်္ဂလာဈေး၊ တံတားဖြူမှတ်တိုင် အနီးဝန်းကျင်နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ လမ်းနီ၊ ရိပ်သာမှတ်တိုင် စသည့်နေရာအချို့ မှာ Sex worker တို့၏ ဈေးကွက်နေရာများပင် ဖြစ် ကာ ပြည့်တန်ဆာအချို့က သူတို့ကိုလာခေါ်ကြ မည့်သူများကို ညဥ့်နက်နက်အချိန်များအထိ စောင့်ဆိုင်းနေကြရဆဲဖြစ်သည်


Flower News မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည် ။

Wednesday, February 5, 2014

အမေကို သတ်ပြီး အစိမ်းလိုက် စားခဲ့ကြတာ လား



ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုသုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ အမ်ပါတူယန်မြို့ အပိုင် ကျေးရွာတစ်ခုရဲ့ အိမ်မှာ အသက် ၅၆ နှစ်အရွယ်၊ မူဆာလာအမီးလ် ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ မီ ရက်အနည်းငယ်က အဲဒီ့မိသားစုအိမ်ကနေ ထူးဆန်းတဲ့ဆူညံသံတစ်ချို့  ကြားခဲ့ရကြောင်း အိမ်နီးချင်းတွေက သတင်းပို့ ခဲ့ပါတယ်။ ရဲတွေ ရှာဖွေတွေ့ ရှိတဲ့အချိန်မှာ အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့အပြင် သွေးထုတ်ယူခံထားရတယ်လို့ လည်း သိရပါတယ်။

ဒန်တီ ၃၅ နှစ်၊ ပါရွိုင်း ၂၁ နှစ်နဲ့ အီဘရာဟင် ၁၈ နှစ်တို့ ဟာ သူတို့ အမေရဲ့ ကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့  စုံစမ်းရေးအရာရှိတွေက စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ညီအစ်ကိုသုံးယောက်လုံးကတော့ သူတို့ အမေကို မသတ်ခဲ့ဘူးလို့ ငြင်းဆန်နေကြပါတယ်။ သူတို့ ပြောကြားချက်အရ သူတို့ အမေဟာ မကောင်းတဲ့ဝိညာဉ်ကြောင့် ဖျားနာနေတယ်လို့ ယုံကြည်ပြီး နှင်ထုတ်ဖို့ ကြိုးပမ်းခဲ့ယုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတွေဟာ ဒီမိသားစု မှာ စိတ်ဖောက်ပြန်မှုနောက်ကြောင်းရာဇ၀င် ရှိခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒါပေမယ့် ဒီသတ်ဖြတ်မှုမှာ မူးယစ်ဆေးအလွဲသုံးမှုအပိုင်းကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။ အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ရော်နယ်ဒီလီယွန် က သံသယရှိသူသုံးယောက်စလုံးဟာ မူးယစ်ဆေးဝါးစစ်ဆေးမှုတွေကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီညီအစ်ကိုသုံးယောက်ဟာ မိုရို တိုင်းရင်းသားမူဆလင်လူမျိုးစုနွယ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။ သံသယရှိသူသုံးယောက်လုံးဟာ အမ်ပါတူယန်မြို့ နယ်အတွင်း ပူရော့ခ် နာဘဒ်တော့ဂ်ျ ရွာက မိသားစုလယ်မြေ မှာ သူတို့ အမေနဲ့ အတူ အခြေချနေထိုင်နေကြတာပါ။

ဒေသခံလူထုခေါင်းဆောင်တွေကတော့ ဒီလူသုံးယောက်ဟာ သူတို့ အမေကို သတ်ခဲ့ကြပြီး သားရိုင်းတိရိစ္ဆာန်တွေလို သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်ပွဲတော်တည်ခဲ့ကြတယ် လို့  ပြောကြားခဲ့ကြပါတယ်။

ဒီရွာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရွာတစ်ရွာဖြစ်ပြီး ၂၀၀၉ ခုနှစ်က လူ ၅၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။ ညီအစ်ကိုသုံးယောက်ဟာ ဒီအိမ်အတွင်းမှာ သူတို့ အမေကို ဓားကောက်တစ်မျိုးနဲ့ ခုတ်ထစ်သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အစိမ်းလိုက်စားသုံးခဲ့ကြတယ်လို့ ယူဆထားပါတယ်။

Source ;Trend Myanmar.

Sunday, January 26, 2014

ချစ်သူဖွင်.မှ ပွင်.မယ်. ဘရာ


အမျိုးသမီး အတွင်းခံ အ၀တ်အစားများ ထုတ်လုပ်တဲ့ ဂျပန် Company တစ်ခုဖြစ်တဲ့ Ravijou က Bra တစ်ခုကို တီထွင်လိုက်ပါတယ်။ Bra ဟာ အချစ်စစ် နဲ့ တွေ့မှ ဖြုတ်လို့ရတာ ဖြစ်ပါတယ်။ Bra မှာ Sensor တပ်ဆင်ထားပြီး ၀တ်ဆင်သူအမျိုးသမီးရဲ့ နှလုံးခုန်နှုန်းကို စောင့်ကြည့်တိုင်းတာနေပြီး သတင်းအချက်အလက်တွေကို စမတ်ဖုန်း App ဆီသို့ ပေးပို့နေပါတယ်။ App မှာ ချစ်ခင်သူ တစ်ယောက် ကို တွေ့ရှိရင် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ထည့်သွင်းထားပါတယ်။ အဲဒီသတင်းအချက်အလက် နဲ့ Bra က ပေးပို့တဲ့ သတင်းအချက်အလက် တို့ဟာ တူညီမယ်ဆိုရင် App က Bra ကို ဖြုတ်ပေးမှာဖြစ်ပါတယ်။

မိန်းကလေး က ရင်ခုန်စိတ်လှုပ်ရှားတိုင်း Bra က အလိုလို ပြုတ်သွားမှာ မဟုတ်ဘဲ ချစ်ခင်သူ အမျိုးသား ကိုတွေ့ရှိမှသာ Bra က အလိုလို ပြုတ်သွားမှာဖြစ်တဲ့အတွက် စိုးရိမ်စရာ မလိုဘူးလို့ သိရပါတယ်။

Bra ကို စမ်းသပ်နေဆဲဖြစ်ပြီး ၀ယ်ယူလို့မရသေးပါဘူး။ ဒီလို စွမ်းဆောင်နိုင်တဲ့ Bra တွေထဲမှာတော့ ကမ္ဘာ့ပထမဆုံးလို့သိရပါတယ်။

Bra ရဲ့ အလုပ်လုပ်ပုံကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=B8Wd831gUt4

Monday, August 19, 2013

အမျိုးသားများအတွက် အန္တရာယ်အရှိဆုံး ဇင်ဘာဘွေ


ဇင်ဘာဘွေနိုင်ငံမှချောမောလှပသည့် အမျိုးသမီးများဟာ အုပ်စုလိုက်အဖွဲ့ ဖွဲ့ ပြီး အမျိုးသား
များအား ဖျားယောင်းမြှူဆွယ်ခေါ်ဆောင်ကာ ပျော်ပါးဆက်ဆံပြီးနောက်  ဂျူဂျူဟုခေါ်တွင်
သည့် စုန်းကဝေဆိုင်ရာ၊ အောက်လမ်းနတ်ဆိုင်ရာပူဇော်ပသမှု များပြုလုပ်ရာတွင်အသုံးပြုရန်
၎င်းအမျိုးသားများ၏ သုတ်ရည်များအား ရယူစုဆောင်းလျှက်ရှိနေကြပါတယ်လို့ ဒေသဆိုင်ရာ
သတင်းမီဒီယာများ၏အဆိုအရသိရှိရပါတယ်...


ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ ဆူဆန်ဒလီဝါယို ကပြောကြားရာမှာ မကြာသေးခင်ကာလများ
က သူမအနေဖြင့် လမ်းဘေးတွင်ကားကြုံလိုက်စီးရန်တားနေသည့်အမျိုးသားများအား တင်
ဆောင်သွားရန် ကားရပ်ခဲ့ ပေမယ့် သူမကားပေါ်သို့ တက်လိုက်ရန်ငြင်းဆန်ခဲ့ ကြပြီး၎င်းတို့ 
အနေဖြင့် (အမျိုးသမီးများမှ) အဓမ္မပြုကျင့် ခြင်းခံရမည်ကိုစိုးရိမ်သောကြောင့် ဖြစ်သည်ဟု ဆို
ခဲ့ ကြကြောင်း ဟုပြောကြားခဲ့ ပါတယ်...


အခုတော့ ယောကျာင်္းတွေက မိန်းမတွေကိုကြောက်နေရတဲ့ ခေတ်ဖြစ်နေပါပြီဗျာ...ကျွန်တော်
တို့ ခင်ဗျားကို မယုံလို့ ခင်ဗျားနဲ့ မလိုက်နိုင်ပါဘူးလို့ သူတို့ ကဆိုခဲ့ ကြောင်း အသက် ၁၉ နှစ်အ
ရွယ်ရှိ မစ္စဒလီဝါယို ကပြောခဲ့ ပါတယ်...


အဆိုပါအချစ်နတ်သမီးလေးများ၏လမ်းကြုံတင်ခေါ်ကာ သေလုမျောပါးဖြစ်အောင်အချစ်ကြီးချစ်
ခံကြရသူများဟာ စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးဝါးဖြင့် တိုက်ကျွေးခြင်းခံရခြင်း သို့ မ
ဟုတ် သေနတ်၊ ဓါးများဖြင့် ချိန်ကာ အဓမ္မကျင့် ကြံခြင်းခံကြရတာဖြစ်ပြီး အမျိုးသားတစ်ဦးဆို
လျှင် မုဒိန်းမယ်များက မြွေအရှင်ဖြင့် ပြကာချိန်းခြောက်ပြီး အနိုင်ကျင့် ခဲ့ ကြတာဖြစ်တယ်လို့ 
လည်း ဆိုပါတယ်....

နိုဝင်ဘာလက ညီအစ်မသုံးဖော်နှင့် ၎င်းတို့ ၏ရည်းစားဖြစ်သူ အမျိုးသားတစ်ဦးတို့ အား လမ်း
ကြုံကားတားဆီးသူအမျိုးသားများအား ခြိမ်းခြောက်အနိုင်ကျင့် ကာ ထိုသူများ၏ သုတ်ရည်များ
အား ယစ်ဇ်ပူဇော်ရန်၊ အောက်လမ်းနည်းဖြင့် အစီအရင်များပြုလုပ်ရန်အတွက် စုဆောင်းသိမ်း
ဆည်းမှုဖြင့် ဟာရာရေး တရားရုံတွင် တရားစွဲဆိုခဲ့ ကြပါတယ်....
နိုခွာရယ ညီအစ်မများအားယာဉ်တိုက်မှုတစ်ခုတွင်၎င်းတို့ ၏ကားအတွင်းမှ အသုံးပြုထားသည့် 
ကွန်ဒွန် ၃၁ ခုအား ရဲတပ်ဖွဲ့ မှစစ်ဆေးတွေ့ ရှိခဲ့ ရာမှ သိရှိဖမ်းဆီးခဲ့ တာဖြစ်ပါတယ်...
အမျိုးသမီးမှ အမျိုးသားအား အဓမ္မကျင့် ၊ဗလက္ကာယပြုကျင့် ခြင်းဟာ ဇင်ဘာဘွေနိုင်ငံတွင်ပြစ်
မှုမမြောက်တာမို့ ထိုအမျိုးသမီးများအနေဖြင့် အင်အားသုံးကာ မဖွယ်မရာဆက်ဆံမှု ၁၇ ခုဖြင့် 
သာ တရာစွဲဆိုခံကြရမှာဖြစ်ပါတယ်...


တရာခံ နှင်းဆီနက် ပန်းလေးပွင့် ညီအမများ အဖွဲ့ တရားရုံးမှအထွက်....
(ကိုပီတာဘလော့ဂ် မှ ကူးယူဖော်ပြပါသည်....)
နတ်မိမယ်ညီအစ်မ ၃ ဖော်ကတော့ ၎င်းတို့ ဟာ ရိုးသားကြိုးစားသည့် ပြည့် တန်ဆာ၊ အပျော်
မယ်လေးများသာဖြစ်ပါတယ်လို့ အခိုင်အမာပြောဆိုခဲ့ ကြပါတယ်...
" အဲဒီ ( အမျိုးသားသုတ်ရည်ကို ) ဟာကို ယဇ်ပူဇော်ခြင်း၊ အစီအရင်လုပ်ခြင်းတွေမှာအသုံးပြု
တယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်..." လို့ ဇင်ဘာဘွေတက္ကသိုလ် လူမှုဗေဒပညာရှင် ရုပါ
ရန်ဂန်ဒါ ကဆိုပြီး ၎င်းအနေဖြင့် အမျိုးသားများရဲ့ သုတ်သွေးဟာ တန်ဖိုးရှိသည့် ၊ ဈေးကြီးသော
အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်နေတယ်ဆိုတာ ယုံကြည်သူတစ်ဦးလည်းဖြစ်ပါတယ်...
ဟာရာရေးမြို့ မှာလမ်းသူရဲလူငယ်များအား စီးပွားရေးသမားများက ဟိုတယ်အခန်းများ၊ အရက်
သေစာများ ထောက်ပံ့ ပေးကမ်းကာ ပြည့် တန်ဆာများအား ခေါ်ဆောင်ပြီး ( အိပ်စက်ပျော်ပါး
ကာ ) အသုံးပြုပြီးသော ကွန်ဒွန်များအားပေးအပ်ရန် စေခိုင်းခဲ့ ကြပါတယ်ဆို့ သတင်းများကဆို
ပါတယ်...


ဇင်ဘာဘွေနိုင်ငံ၊ တိုင်းရင်းရိုးရာဆေးပညာအစည်းအရုံးကတော့ အဆိုပါ ကျင့် သုံးမှုအား စုန်း
ကဝေ ဆန်ဆန်ပြုကျင့် မှုဟု ဆိုကာ ဝေဖန်ပြောကြားလိုက်ပါတယ်....
"ဤကဲ့ သို့ လုပ်ရပ်မျိုးအား ကျွန်ုပ်တို့ အနေဖြင့် လုံးဝ ဆန့် ကျင်ပါတယ်..." လို့ လည်း ပြောရေး
ဆိုခွင့် ရှိသူ ဂျော့ ကန်ဒီဗာရို ကဆိုပါတယ်...
နိုခွာရ ညီအစ်မများအား ဖမ်းဆီးမိပြီးနောက်တွင်လည်း ထိုကဲ့ သို့ အမျိုးသားများအား အဓမ္မပြု
ကျင့် မှုများ လျော့ နည်းပပျောက်သွားခြင်းမရှိသေးပဲ ရဲတပ်ဖွဲ့ အနေဖြင့် မည်ရွေ့ မည်မျှဖြစ်
ပျက်ခဲ့ သည် ဆိုတာတောင် မှတ်သားထားခဲ့ နိုင်ခြင်းမရှိခဲ့ ကြောင်းဝန်ခံပြောကြားခဲ့ ပါတယ်...
" အဆိုပါအဖြစ်အပျက်များအမှန်တကယ်ဖြစ်ပွားကြောင်းအတည်ပြုနိုင်တဲ့ အရည်အတွက် အတိ
အကျ ကျွန်တော်တို့ မှာ မရှိပါဘူး..." လို့ နိုင်ငံတော်ရဲတပ်ဖွဲ့ ဆိုင်ရာပြောရေးဆိုခွင့် ရှိသူ ၀ိန်းဗူ
ဇီဂျီနာ က ပြောခဲ့ ပါတယ်...
ဇင်ဘာဘွေအမျိုးသားများအနေဖြင့် ယခုကဲ့ သို့ သုတ်ပိုးမုဆိုးမ များ၏ရန်မှရှောင်ရှားနိုင်ရန်
အများပြည်သူသုံးဘတ်စ်ကား၊ရထားများအားအသုံးပြုပြီး ခရီးသွားလာကြပါရန်တိုက်တွန်းပြော ကြားခဲ့ ပါတယ်..


ထို.အပြင် အမျိုးသမီးများ က အမျိုးသားတို.ကို အုပ်စုဖွဲ. အနိုင်ကျင်.ခြင်းများကြောင်.လည်း ရဲတပ်ဖွဲ.ခမျာ ခေါင်း၇ှုပ်နေကြရပြီး ပြီးခဲ့သည်. ၁၁လအတွင်း အမျိုးသား ၆ ဦးမှာ ထိုဒါဏ်ကို ခံစားလိုက်ကြရသည် ။၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးဆိုလျှင် ဘူလာဝါယိုတွင် တာဝန်ထမ်းဆောင်ခိုက် အသေးစား ဘတ်စကားတစ်စင်းမှ အကူအညီတောင်းသဖြင်. သွားရောက်ကူညီခိုက် အထဲမှ အမျိုးသမီး ၃ဦးက အတင်းဆွဲချုပ်ကာ မျက်နှာကို မေ.ဆေးဖြင်.အုပ်ပြီး သတိလစ်သွားခိုက် လိင်စော်ကားမှုပြုပြီး စိတ်ကျေနပ်မှုရသွားချိန်တွင် ရဲတွင်ပါလာသော ငွေကြေးအနည်းငယ်နှင်. ဖုန်းတို.ကိုယူကာ မြို.ပြင်တွင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ.အကြီးအကဲ သြဂတ်စတင်းချီဟွာကပြောကြားခဲ့သည် ။




ဇင်ဘာဘွေ ဥပဒေအရ အမျိုးသမီးများ လိင်စော်ကားခံရမှသာ မုဒိမ်းမှုမြောက်ပြီး အမျိုးသားတို.အတွက် ဥပဒေ သတ်မှတ်ချက်မရှိပေ။ ၄၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် အိပ်ရာလိပ်ဝယ်ပြီး ကာရိုးအနောက်ပိုင်းနေအိမ်သို.သယ်သွားခိုက် အမျိုးသမီး ၂ဦး၏ အတင်းအဓမ္မ လိင်ဆက်ဆံရန်စေခိုင်မှု ခံခဲ့ရသည် ။ပြီးခဲ့သည်.နှစ် နိုဝင်ဘာလကလည်း ဟာရာရာ ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းအတွင်းသော.ပိတ်၍ ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသမီး ၂ဦးက အဓမ္မပြုကျင်.ခဲ့ကြသည် ။

ထိုသတင်းများကြောင်. ပြည်တွင်း၈ျာနယ်တစ်စောင်က အမျိုးသား အများအပြားက Mini Bus တွေ.တိုင်းလိုက်တားနေသော ပုံကို ရေးဆွဲဖော်ပြခဲ့သည်။

Source ; Myanmar Daily News & စိတ်ကူးပျော်ရာ

Friday, July 26, 2013

ရီရမလို ငိုရမလို သတင်းများ



လူရွှင်တော်တွေ ပြက်လေ.ရှိတဲ့ မီးကင်းတဲကိုလောင်တဲ့မီး
 
၁၅-၇-၂၀၁၃ နေ. နံနက် ၃နာရီ၄၅ မိနစ်က  အင်းစိန် ရွာမအနောက်ရပ်ကွက် နယ်မြေ ၉ မီးကင်းတဲံအတွင်း  မီးကင်းစောင်. တာဝန်ကျသူ အောင်ဝင်း (ခ) ကိုတွတ် (၅၆ နှစ်) သည် ခြင်ဆေးခွေထွန်းပြီး မီးကင်းစောင်.နေစဉ် အိပ်ပျော်သွားခဲ့ရာ ခြင်းဆေးခွေမှ တစ်ဆင်. မီးကူးစက် လောင်ကျွမ်းခဲ့ရာ အနီးရှိလူများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး  မီးကင်းတဲအခင်း သစ်သားချောင်းနှင်. ၀ါးထရံတို. အနည်းငယ် လောင်ကျွမ်းခဲ့ကာ ကျပ် ၅၀၀၀ ဖိုးခန်.ဆုံးရှုံးခဲ့သည်...ထိုအမှုကို မြို.မရဲစခန်း တာဝန်မှုးမှ တရားလိုပြုလုပ် တိုင်ကြားသဖြင်. မီးကင်းစောင်.ကို ပုဒ်မ ၂၈၅ ဖြင်.အရေးယူထားသည်

  မြန်မာကားထဲက ခလေးမွေးခန်း သရုပ်ဆောင်များ ပို.ရမယ်.ဆေးရုံ

 ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် IMF ကကြေငြာ ထားသော ဇင်ဘာဘွေနိုင်ငံတွင် မီးဖွားစရိတ်ကို ဒေါ်လာ ၅၀ သတ်မှတ်ထားပြီး မီးဖွားနေစဉ် နာကျင်စွာ အော်ဟစ်မိပါက တစ်ခါအော်လျှင် ဒါဏ်ငွေ ၅ ဒေါ်လာ နှုံး သတ်မှတ်ထားပြီး ဒါဏ်ကြေးမပေးနိုင်သော မိခင်များကို ဆေးရုံတွင်ပင် အကျယ်ချုပ် သဘောမျိုးထားပြီး  မိသားစုဝင်များက လာရောက်ရွေးမှသာ ပြန်လွှတ်ပေးလေ. ရှိသည် ဟု Washinton Post သတင်းစာတွင် ဇူလိုင် ၁၁ နေ.က ဖော်ပြခဲ့သည်

ကြင်နာတတ်သော ဓါးပြ လူကြီးမင်း 
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ အနောက်ပိုင်း  တန်ဂါ၇န်မြို.တွင် အိမ်တစ်အိမ်သို. ဓါးပြ ၀င်တိုက်ကြစဉ် ထိုအိမ်ရှိ ကလေးငယ် တစ်ဦးသည် အိပ်ရာမှ နိုးကာ ထငိုလေသည်…ထိုအချိန် ဓါးပြ တစ်ဦးက ကြိုးတုပ်ထားပြီးသော မိခင်ကို ကလေးအငိုတိတ်၇န် မည်သို.ပြုလုပ်ရမည်နည်းမေးသောအခါ နို.ဆာလို.  ငိုတာ ဟုပြန်ဖြေသံကြားရသော ထိုဓါးပြက နို.မှုန်.ဖျော်ကာ ကလေးငယ်ကိုတိုက်ပြီး ပုခက်ထဲ လွှဲသိပ်ပေးရင်း အိပ်ပျော်သွားချိန်ကျမှ ရွှေငွေ ရတနာ ပေါင် ၃၀၀၀ ဘိုးခန်.အား ယူဆောင်ထွက်ခွာသွားလေသည်..မကြာမှီ ထိုအဖွဲ.ကို ဖမ်းမိ၍ ထောင်ဒါဏ် ၁၀ နှစ်အပြစ်ပေးခံခဲ့ကြရပြီး ဂျကာတာရှိ ရဲအရာရှိ ဟယ်ရီက ထိုဓါးပြအနေဖြင်. သူလည်းဖခင်တစ်ဦးဖြစ်ပြီး ကလေးကို မကြည်.ရက်သဖြင်. ထိုသို.လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်

 မြန်မာ လက်သမားဆရာများအတွက် နိုင်ငံခြား ဈေးကွက်သစ်
  ဥရောပ အရှေ.ပိုင်းတွင်တည်ရှိသော ကုန်းတွင်းပိတ် မိုနိုဗာ နိုင်ငံတွင် ခွဲစိတ်ဆရာဝန်များက ဆောက်လုပ်ရေးသုံး  စူးဆောက်လွန်ပူ ကိရိယာ တန်ဆာပလာများသုံးကာ ဖြစ်အောင်ခွဲစိတ်နေကြရသည်မြို.တော် ချီစီနျူ ရှိ အစ်နာတန်ကို ကလေးဆေးရုံ မှ ဆရာဝန်များက  ဆောက်လုပ်ရေးသုံး  စူးဆောက်လွန်ပူ ကိရိယာ တန်ဆာပလာများသုံးခဲ့ရကြောင်း..အရိုးနှင်.ဆိုင်သည်. ခွဲစိတ်မှုများတွင် တူနှင်.ဆောက်ပါ သုံးနေရကြောင်း Publika TV သို.ဖွင်.ဟခဲ့သည်ခွဲစိတ်ခံလူနာ တစ်ဦးခြေထောက်နားတွင် သံချေးတက် ပလာယာ  တစ်စုံနှင်. လက်သမားသုံး ပစ္စည်းကိရိယာများ ကိုဆရာဝန်တစ်ဦးကိုင်တွယ်အသုံးပြုနေပုံများကို You Tube တွင် ပြသလိုက်သဖြင်. တစ်နိုင်ငံလုံး ဂယက်ရိုက်သွားပြီး ကျန်းမာရေး ၀န်ကြီးက ငြင်းဆိုသော်လည်း ၀န်ကြီးချုပ်ကမူ ဆေးရုံဆေးခန်းများသို. ချက်ခြင်းသွားရောက်စစ်ဆေး၇န် ၀န်ကြီးကို တာဝန်ပေးလိုက်ပြီး ပစ္စည်းသစ်များ ၀ယ်ယူရေး ရန်ပုံငွေ တည်ထောင်ရန် အမိန်.ပေးလိုက်သည် ဟု BBC သတင်းက ဇူလိုင် ၂၃ ရက်နေ.က ဖော်ပြသည်..
 ဘုန်းကြီး....တဲ့
ယိုးဒယားနိုင်ငံတွင် ဘုန်းတော်ကြီး လွမ်ပူနန်ခမ်း (လူအမည် - ၀ီရာပို) အား ထိုင်းသံဃာ.အဖွဲ.အစည်း က ရဟန်းအဖြစ် အသိအမှတ် မပြုတော.ကြောင်း ကြေညာပြီးနောက် ဇူလိုင် ၁၇ ရက်နေ.က အလှုငွေများ ရရှိရန် သတင်းလိမ်လည်ထုတ်ပြန်မှုအတွက် ကွန်ပြူတာ ဥပဒေ ချိုးဖောက်မှု .. ၁၅ နှစ်အရွယ် မိန်းကလေးငယ်နှင်. ကာမ ဆက်ဆံမှု..ထိုမိန်းကလေးငယ်များမိဘများထံမှ ခိုးယူပေါင်းသင်းမှု..တို.ဖြင်. အထူးစုံစမ်းစစ်ဆေးရေး ဌာန ( DSI ) က ဖမ်းဆီးမရန်ဝရမ်းထုတ်လိုက်သည်..၀ရမ်းမှာ ၂၀၁၃ ဇူလိုင် ၂ မှ ၂၀၂၃ ဇူလိုင် ၂ အထိ ဆယ်နှစ် သက်တမ်းရှိပြီး ထိုအချိန်အတွင်း ဖမ်းဆီးရမည်ဖြစ်သည်ဝီရာဝို ထံ တွင် စစ်ဆေးတွေ.ရှိခဲ့သည်. မာစီးဒီး ၂၂ စီး အပြင် နောက်ထပ် ၁၀ စီးဝယ်ယူထားကြောင်း သတင်းများကို ဆက်လက်စိစစ်နေပြီး ၀ီရာဝို နာမည်ပေါက်ကားအားလုံးကို သိမ်းဆည်းရန် ကုန်းလမ်းပို.ဆောင်ရေး ဌာနသို. DSI ကအကြောင်းကြားထားပြီး သူ.ထံမှ ကားရထားသော ဘုန်းတော်ကြီးများကလည်း စွန်.လွှတ်လိုက်ပြီဖြစ်သည်..၀ီရာဝိုသည် ဘဏ်စာရင်း ၄၁ ခုလည်း ဖွင်.လှစ်ထားပြီး ပိုင်ဆိုင်မှုများသိမ်းဆည်းရန် ဘဏ္ဍာရေးအဖွဲ. ၁၄၁ ခု နှင်.  မြေယာဌာန တို.သို.လည်း DSI ကအကြောင်းကြားထားသည်

Source ; နေ.စဉ်နှင်. အပတ်စဉ်ထုတ်  သတင်းစာများ ဂျာနယ်များ

Tuesday, February 26, 2013

ခွေးတွေရှေ.မှာ သမ်းပြ လို.တဲ့

  
ဆွီဒင်သုတေသီများက ခွေးများသည် သက်တမ်းခုနစ်လ ကျော်လာသောအခါ ၎င်းတို့အနီးဝန်းကျင်ရှိ လူအများသမ်းဝေခြင်းကို လိုက်လံအတုခိုးတတ်ကြကြောင်း ၎င်းတို့ယူဆသည်ဟုဆိုသည်။ ဆွီဒင်နိုင်ငံ လန်းတက္ကသိုလ်မှ သုတေသီများက လူနှင့်ခွေးများတွင် ကြာမြင့်စွာသမ်းဝေတတ်ခြင်းသည် အသက်အရွယ်နှင့် ဆက်စပ်နေသည်ဟု အဆိုပါတက္ကသိုလ်ထုတ် ဂျာနယ်တစ်စောင်တွင် ရေးသားဖော်ပြကြသည်။ အဆိုပါသုတေသီများက သမ်းဝေတတ်ခြင်းသည် အတုခိုး၍ကူးစက်တတ်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ဆိုကြသည်။

          ၎င်းတို့ ယခင်ကပြုလုပ်သည့် သုတေသနများအရလည်း လူများ၊ ချင်ပန်ဇီမျောက်များ၊ ဘာဘွန်းမျောက်များနှင့် ခွေးများသည် အတုခိုးတတ်ကြကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။ အဆိုပါသုတေသီများသည် အသက်လေးလမှ ၁၄လအတွင်းရှိသည့် ခွေး၃၅ကောင်ကို သုတေသနပြုရာတွင် လူများသည် ၎င်းတို့ရှေ့တွင် ကြိမ်ဖန်တလဲလဲ သမ်းဝေပြပါက အသက်အရွယ် ခုနစ်လထက်ကျော်သော ခွေးများသည်လည်း အတုခိုး၍သမ်းဝေကြကြောင်း တွေ့ရှိရသည်ဟု သိရသည်။

 @ satekuupuyar.blogspot.com