Showing posts with label မြို.လေးရဲ. သတင်းများ. Show all posts
Showing posts with label မြို.လေးရဲ. သတင်းများ. Show all posts
Friday, July 26, 2019
ဝါးခယ်မ က ကြိုးကြာခေါင်းနီ နှင့် SST Tourism ၏ ငှက်ကြည့်ခရီးစဉ်
ထိုအထဲတွင် ၀ါးခယ်မမြို.လေး၏ အားသာချက်တစ်ခုက ကမ္ဘာပေါ် ရှိ ရှားပါးငှက်မျိုးစိတ် တစ်ခုဖြစ်သော ကြိုးကြာခေါင်းနီ ငှက်မျိုးများကို မြို.နယ်အတွင်း၇ှိ ကျေး၇ွာများတွင် တွေ.ရှိလာရခြင်းဖြစ်သည် ။
ယခုလတ်တလော ၀ါးခယ်မသို.ငှက်ကြည့်ခရီးစဉ် စီစဉ်နေသော အဖွဲ.တစ်ခုမှာ SST Tourism ဟုသိရပြီး ၄င်းတို. ဖော်ပြချက်အရ ယမန်နှစ်က စတင်စီစဉ်ခဲ့ကြောင်းတွေ.ရပါသည် ။ ယခုလည်း မနက်ဖြန်တွင်သူတို.၏ ဒုတိယမြောက် ခရီးစဉ် စီစဉ်ထားကြောင်း ၄င်းတို. Page ၏ဖော်ပြချက်အရ သိရပြီး ဆက်သွယ်မေးမြန်းမှုအရ လိုက်ပါနိုင်သေးကြောင်းပါ သိရပါသည် ။ ၄င်းတို.၏ဖော်ပြမှုအားလည်း ကူးယူဖော်ပြအပ်ပါသည် ။
Photo by SST Tourism
Photo by SST Tourism
(၁) ကြိုးကြာငှက်သည် ငှက်များထဲတွင် အရပ်အမြင့်ဆုံး ငှက်ဖြစ်ပြီး ၄င်း၏ လှပပြေပြစ်သည့် ကိုယ်ခန္ဓာနှင့် နွဲ့နွဲနှောင်းနှောင်း လမ်းလျှောက်နေပုံများကို တွေ့မြင်ရမည်။
Photo bySST Tourism
၁) သောက်ရေဘူး
၂) Binocular
၃) ထီး နှင့် မိုးကာ
၎) ဘောပင် နှင့် မှတ်စုစာအုပ်
၅) ဘွတ်ဖိနပ် ယူလာရန်
ဆက်သွယ်ရန်
ဦးဌေးငွေ (၀၉- ၄၄၂ ၁၆၃ ၀၁၉)
Unicode Version
ယခုအခါ ခရီးသွားလုပ်ငန်းစဉ်တွင် အများစိတ်ဝင်စားလာသော ခေါင်းစဉ်တစ်ခုမှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဖြစ်သည် ။ ထိုသို.ရပ်ရွာအခြေပြုလုပ်ငန်းစဉ်များတွင် မိမိတို.ဒေသ၏ အားသာမှုအရ ယဉ်ကျေးမှု လေ့လာရေး ၊ လူမျိုးစု လေ့လာရေး ၊ စွန်.စားခရီးသွား ၊ ဆင်စခန်းကဲ့သို. ခရီးစဉ်များအပြင် ငှက်ကြည့် ခရီးစဉ်များသည်ဖြင့် မိမိတို.နီးစပ်ပတ်သက်ရာ ခေါင်းစဉ်ကို ဦးစားပေးဖော်ဆောင်လာကြသည် ။
ထိုအထဲတွင် ဝါးခယ်မမြို.လေး၏ အားသာချက်တစ်ခုက ကမ္ဘာပေါ် ရှိ ရှားပါးငှက်မျိုးစိတ် တစ်ခုဖြစ်သော ကြိုးကြာခေါင်းနီ ငှက်မျိုးများကို မြို.နယ်အတွင်း၇ှိ ကျေးရွာများတွင် တွေ.ရှိလာရခြင်းဖြစ်သည် ။
 ကြိုးကြာခေါင်းနီ ဟူသော ငှက်မျိုးစိတ်သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ မျိုးသုန်းအန္တရာယ် ကျရောက်နေသော ငှက်မျိုးစိတ်တစ်ခုဖြစ်သည် ။ ထို.ကြောင့်လည်းမြန်မာနိုင်ငံတွင် ၁၉၉၄ ခု တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိမ်းသိမ်းရေးဥပဒေအရ လုံးဝကာကွယ်ထားသော မျိုးစိတ်တစ်ခုလည်းဖြစ်သည် ။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀၁၆ သုတေသနပြုလုပ်ချက်များအရ အသိုက်ပေါင်း ၃၇ သိုက်တွေ.ရှိထိမ်းသိမ်းနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် အကောင်ရေ ၅၀၀ ခန်.သာကျန်ရှိတော.သည့်အနက် ယင်းဒေသတွင် အကောင်ရေ ၂၀၀ မှ ၄၀၀ အတွင်းရှိသည်ဟု သိရသည် ။
သစ်တောဦးစီးဋ္ဌာန နှင့် မအူပင်တက္ကသိုလ် သားငှက်ထိမ်းသိမ်းရေး အဖွဲ.( မြန်မာနိုင်ငံအစိအစဉ် တို.ပူးပေါင်း၍ ဇီဝမျိုးစုံ မျိုးကွဲများထိမ်းသိမ်းရေး ဆောင်ရွက်လျှက်ရှိရာ မြစ်ဝကျွန်းပေါ် လေးမြို.နယ် ဖြစ်သော မအူပင် ၊ ပန်းတနော် ၊ အိမ်မဲ ၊ ဝါးခယ်မ တို.တွင် ကြိုးကြာခေါင်းနီ ငှက်သိုက်ပေါင်း ၅၀ တွေ.ရှိသည့်အနက် ဝါးခယ်မမြို.နယ်တွင် အများဆုံးတွေ.ရှိရပြီး စုစုပေါင်း ၃၁ သိုက်တွေ.ရှိကြောင်းသိရပါသည် ။ထိုသို.တွေ.ရှိရာတွင် ဒေသခံ လယ်သမားတို.၏ သတင်းပေးကူညီမှုများက အရေးပါခဲ့ပြီး အတည်မပြုနိုင်သေးသော ကြိုးကြာသိုက်များလည်း ရှိနိုင်သေးကြောင်းသိရပါသည် ။ သားငှက်ထိမ်းသိမ်းရေးအဖွဲ. ( မြန်မာနိုင်ငံအစိအစဉ် ) မှ ငှက်ပညာရှင် ဥိးသက်ဇော်နိုင် ကလည်း ကြိုးကြာထိမ်းသိမ်းရေး လုပ်ငန်းများအတွက် ဒေသခံလူထုနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း ပြောကြားခဲ့ကြောင်းလည်းသိရပါသည် ။ ။ ထို ကြိုးကြာခေါင်းနီအသိုက်များကို ဝါးခယ်မမြို.နယ်တွင် ၃၁ သိုက် ၊ မအူပင်မြို.နယ်တွင် ၁၅သိုက် ၊ ပန်းတနော် နှင့်.အိမ်မဲမြို.နယ်တို.တွင် ၂သိုက်စီတွေ.ရှိခဲ့ကြကြောင်း သိရသည် ။
ထို.အတွက် ငှက်နှင့်ပတ်သက်၍ စိတ်ဝင်စားသူများ ၊ မြတ်နိုးသူများ ၊ လေ့လာလိုသူများ လာရောက်လေ့လာကြသည်မှာ နှစ်အနည်းငယ်ရှိသွားပြီဖြစ်ပြီး ယခုအခါ ခရီးစဉ်တစ်ခုအဖြစ်ပါ စီစဉ်လာကြောင်းတွေ.ရှိရပါသည် ။
ယခုလတ်တလော ဝါးခယ်မသို.ငှက်ကြည့်ခရီးစဉ် စီစဉ်နေသော အဖွဲ.တစ်ခုမှာ SST Tourism ဟုသိရပြီး ၎င်းတို. ဖော်ပြချက်အရ ယမန်နှစ်က စတင်စီစဉ်ခဲ့ကြောင်းတွေ.ရပါသည် ။ ယခုလည်း မနက်ဖြန်တွင်သူတို.၏ ဒုတိယမြောက် ခရီးစဉ် စီစဉ်ထားကြောင်း ၎င်းတို. Page ၏ဖော်ပြချက်အရ သိရပြီး ဆက်သွယ်မေးမြန်းမှုအရ လိုက်ပါနိုင်သေးကြောင်းပါ သိရပါသည် ။ ၎င်းတို.၏ဖော်ပြမှုအားလည်း ကူးယူဖော်ပြအပ်ပါသည် ။
၎င်းတို.၏ ပထမ ခရီးစဉ်ကို ၂၉ / ၉ / ၂၀၁၈ က စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကငှက်ကြည့်ရာတွင်ရှောင်ရှားရမည့်အချက်များ ကိုပါ အောက်ပါအတိုင်း ထည့်သွင်း သတ်မှတ်ထားခဲ့ကြောင်း တွေ.ရပါသည် ။
- (၁) အရောင်တောက်သည့် အဝတ်အစားများ (အဝါရောင်၊ အနီရောင်၊ အဖြူရောင်၊ အမဲရောင် စသည့်)။
- (၂) ငှက်ကြည့်သွားရာတွင် စကားဆူညံစွာပြောဆိုခြင်း မပြုရ။
- (၃) အသံမြည်စေမည့် မိုးကာအဝတ်အထည်များအသုံးမပြုရန်၊
- (၄) ငှက်ကြည့်ရာတွင် သတ်မှတ်စည်းကမ်းများကိုလိုက်နာရန်၊
- (၅) ခရီးစဉ်တွင် လိုက်ပါသည့် သူအချင်းချင်းစိတ်အနှောက်အယှက် မဖြစ်စေရန်၊
ထို.အြ့ပင် သတိပြုရန် အချက် တစ်ခုအနေဖြင့် ဝါသနာအရစူးစမ်းလိုသည့် စိတ်ဖြင့် လိုက်ပါလာသည့်သူများ ဖြစ်သည်။ လိုက်ပါလာသူများကိုအလေးထားကူညီဆောင်ရွက်ရပါမည်။ အပြောအဆို၊ ကိုယ်ဟန် အမူအရာသတိပြုရပါမည် ဟု၍ထည့်သွင်းထားကြောင်းတွေ.ရပါသည် ။
ယခုဒုတိယခရီးစဉ်တွင် ပထမအကြိမ် နှင့်မတူသော တစ်ချက်မှာ ပထမခရီး စီစဉ်စဉ်က အပြန်ခရီး  နေ.လည်စာ ကို ဒေသခံလူထုမှ ချက်ပြုတ်စီစဉ်ထားသော ဒေသထွက်ဟင်းများဖြင့် ကျွေးမွေးခဲ့ခြင်းဖြစ်ပါသည် ။
ကြိုးကြာငှက်တို့ ပျော်စံရာခရီးစဉ်
ဧရာဝတီတိုင်းဒေသကြီးသို့ ငှက်ကြည့်ခြင်းနှင့် တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်း ခရီးစဉ် - ၂ ( 27 July 2019 )
ဤခရီးစဉ်အား S.S.Tခရီးသွားလုပ်ငန်းနှင့် မြန်မာငှက်ဝါသနာရှင်အသင်း (MBNS) တို့မှ ပူးပေါင်းဆောင်ရွက် ခြင်း ဖြစ်ပါသည်။
ခရီးစဉ်တွင် ပါဝင်လိုက်ပါခြင်းအားဖြင့် ရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများ
(၁) ကြိုးကြာငှက်သည် ငှက်များထဲတွင် အရပ်အမြင့်ဆုံး ငှက်ဖြစ်ပြီး ၎င်း၏ လှပပြေပြစ်သည့် ကိုယ်ခန္ဓာနှင့် နွဲ့နွဲနှောင်းနှောင်း လမ်းလျှောက်နေပုံများကို တွေ့မြင်ရမည်။
(၂) ဧရာဝတီတိုင်းဒေသကြီး၏ သဘာဝပတ်ဝန်းကျင်အလှအပများနှင့် ကျယ်ပြန့်သောလယ်ကွင်းပြင်ကြီး ထဲတွင် တောင်သူဦးကြီးများနှင့် ခင်မင်ရင်းနှီးစွာ ရှင်သန်ကျက်စားနေထိုင်သော ကြိုးကြာငှက်များကို လေ့လာကြည့်ရူရမည်။
(၃) Endangered species ဖြစ်သော Jerdon’s Babbler နှင့်တကွ စာဘူးတောင်းမျိုးစိပ်များ ဖြစ်သော Baya Weaver, Asian Golden Weaver, Streaked Weaver များကိုလည်းမြင်တွေ့ရမည် ဖြစ်သည်။
ခရီးစဉ်ဖော်ဆောင်ခြင်း၏ရည်ရွယ်ချက်
• ငှက်ကြည့်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ငှက်များကိုချစ်မြတ်နိုးပြီး ထိန်းသိမ်း စောင့် ရှောက် တတ်စေရန်။
• စုပေါင်းငှက်ကြည့်ခြင်းအားဖြင့် တစ်ဦး နှင့် တစ်ဦးခင်မင်ရင်နှီးပြီး
သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊အသိပညာ ဗဟုသုတများ နှီးနှောဖလှယ် နိုင်စေရန်။
• လူငယ်များ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင် ထိန်းသိမ်းလိုသော
စိတ်ဓါတ် များ ပိုမိုမြင့်မားလာစေရန်။
ခရီးစဉ်အသေးစိတ်ဖော်ပြချက်
နံနက် ၀၆း၃၀(နာရီ)တွင် မြေနီကုန်း ဒဂုံစင်တာ( 1 ) ရှေ့တွင် စုရပ်အနေဖြင့်သတ်မှတ် ထားပါသည်။ ထိုနောက် Light truck ကားဖြင့် လှိုင်သာယာမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး သို့ မောင်းနှင်းပါမည်။ နေ့လည်စာကို လမ်းတွင် စားသုံးပါမည်။ ၎င်းနောက် ကြိုးကြာများ ကျက်စားသော နေရာသို့သွားရောက် ကြည့်ရူလေ့လာပါမည်။ ညနေပိုင်းတွင် ဝါးခယ်မမြို့သို့ သွားရောက် ၍ အောင်ကုဋေဟိုတယ်သို့ check in ဝင်ပါမည်။ ညစာ ကို ဟိုတယ်တွင် စားသုံးနိုင်ပါသည်။
နောက်တစ်နေ့ နံနက်စောစော ဟိုတယ်တွင် မနက်စာစားသုံးပြီး ဟိုတယ်မှ check out လုပ်ပါမည်။ ထိုနောက် ကိုင်းတောများနှင့် လယ်ကွင်းများထဲတွင် နံနက် (၁၁) နာရီအထိ ငှက်ဆက်လက်ကြည့်ရူပါမည်။ ၎င်းနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို ဗိုလ်မြတ်ထွန်းတံတားထိပ်ရှိ Classic စားသောက်ဆိုင်တွင် စားသုံးပါမည်။
မိမိနှင့်တပါးတည်းယူဆောင်လာရမည့်အရာများ
၁) သောက်ရေဘူး
၂) Binocular
၃) ထီး နှင့် မိုးကာ
၄) ဘောပင် နှင့် မှတ်စုစာအုပ်
၅) ဘွတ်ဖိနပ် ယူလာရန်
ခရီးစဉ် ကားစရိတ်အတွက် တစ်ဦးလျှင် (၁၂,၀၀၀) ကျပ်သာ ကုန်ကျပါပြီး အခြားကုန်ကျစရိတ် များကို မိမိဘာသာ ကျခံရပါမည်။( ဤခရီးစရိတ်မှာ လူဦးရေ ၁၅ ယောက်ကို အခြေခံ တွက်တာခြင်းဖြစ်ပါသည်။ အကယ်၍ လူဦးရေ ၁၅ ယောက်မပြည့်ပါက မျှဝေခြင်းစနစ်ဖြင့် ကားစရိတ်ကို ကျခံရမည်။)
ဆက်သွယ်ရန်
S.S.T Tourism Office Phone: 01 -255536, 393094
ဦးဌေးငွေ (၀၉- ၄၄၂ ၁၆၃ ၀၁၉)
ဦးမင်္ဂလာလေး (၀၉- ၇၉၂ ၆၇၈ ၈၅၇)
( ဤနေရာတွင် ကြိုတင်အသိပေးလိုသည်မှာ မိမိတို.နှင့် ဤ ခရီးစဉ် စီစဉ်သော လုပ်ငန်းနှင့်ပတ်သက်မှု မရှိပဲ မိမိတို.မြို.လေးနှင့်ပတ်သက်သော သတင်းတစ်ရပ်ကိုသာ ဖော်ပြခြင်းဖြစ်ပါသည် )
Wednesday, April 24, 2019
၁၃၈၀ ( ၂၀၁၉ ) ခုနှစ် ၀ါးခယ်မသင်္ကြန် ရက်များ
သင်္ကြန်အကြိုနေ.
သင်္ကြန်အကြိုနေ. မနက်ပိုင်းက ၀ါးခယ်မမြို.နယ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည် ။
အခမ်းအနားကျင်းပရာတွင် အခမ်းအနား စတင်ကြောင်း ကြေညာခြင်း ၊ မြို.နယ် အုပ်ချုပ်ရေးမှုး မှ အဖွင့်အမှာစကားပြောကြားခြင်း ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မှ နှစ်သစ်မင်္ဂလာစကားပြောကြားခြင်း ၊ ဒုံးယိမ်းအဖွဲ.မှဖျော်ဖြေခြင်း ၊ မဟာသင်္ကြန်ပွဲတော်အား မြို.နယ်ထွေ/အုပ်ဦးစီးမှုး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် - မြို.နယ် လ၀က ဦးစီးမှုး - မြို.နယ် စည်ပင်အမှုဆောင်အရာရှိ - NLD မြို.နယ် ဥက္ကဋ္ဌ တို.မှဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း ၊ ဒုံးယိမ်းအဖွဲ. တက်ရောက်လာသော အဖွဲ.များမှ မြနန္ဒာ အကဖြင့်ဖျော်ဖြေခြင်း ၊ အခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းတို.ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည် ။
သင်္ကြန်အကျနေ.
ဝါးခယ်မရဲ. သင်္ကြန်အကျကတော့ သူ.ဓလေ့အတိုင်းသူ ဆင်နွဲခဲ့ကြပါတယ် ။
ကမ်းနားလမ်းမှာ ကျင်းပနေတဲ့ လမ်းလျှောက်သင်္ကြန်ပွဲဆင်နွဲကြသူတွေရှိသလို စတုဒီသာကျွေးမွေးလှုဒါန်းသူတွေ ၊ သကျမဟာသီရိ ဘုရားကြီးအတွင်း သန်.ရှင်းရေးပြုလုပ်ကုသိုလ်ယူသူတွေ ၊ ဘာသာရေးဆိုင်ရာ အားထုတ်သူတွေ စသည်ဖြင့် သင်္ကြန်ရဲ. အနှစ်သာရအားလုံး ပြည့်စုံနေအောင် ရှိနေခဲ့ပါတယ် ။
လမ်းလျှောက်သင်္ကြန်တွေနဲ. ပတ်သက်လို.မန္တလေးတိုင်းဝန်ကြီးချုပ်ကတော့ တစ်နိုင်ငံလုံးမှာ လမ်းလျှောက်သင်္ကြန်ပျံ.သွားတာဟာ မန္တလေးသားတို.အတွက် ဂုဏ်ယူစရာဖြစ်ကြောင်းပြောကြားသွားခဲ့ပြီး သူတို.ဆီမှာ ကျင်းပတာ ၄နှစ်ရှိပြီလို.သိရပါတယ် ။
ရန်ကုန်မှာတော့ လမ်းလျှောက်သက်ြန်ကို နေရာ ၁၀ ခုနီးပါးမှာ ကျင်းပနေပြီး မြကျွန်းသာ လမ်းလျှောက်သင်္ကြန်မှာတော့ ပက်တဲ့ရေတွေက ပူနေတာရယ် ၊ QR Code လဲလှယ်တဲ့နေရာ မှာ အဆင်မပြေတာလေးတွေရယ်တော့ ဝေဖန်သံကြားရပါတယ် ။ အင်းလျားလမ်း လမ်းလျှောက်သင်္ကြန်ကတော့ တအားကြပ်နေတာမို. ကလေးတွေကို အများ အကူအညီနဲ. ဆွဲထုတ်ရတာမျိုးတွေ ရှိပြီး လုံခြုံရေးဆိုင်ရာစီမံဆောင်ရွက်မှုတွေမှာ လိုအပ်ချက်ရှိတယ်လို.ရေးသားမှုအချို.တွေ.ရပါတယ် ။ အရင်သင်္ကြန်ခောတ်တွေမှာတည်းကိုက အဲ့ဒီလမ်းဟာ လမ်းလျှောက်ရာမှာတအားတိုးဝှေ.သွားလာရတဲ့နေရာတွေပါ ။
ပုသိမ်လမ်းလျှောက်သင်္ကြန်နဲ.ပတ်သက်လို. ခင်းကျင်းပြင်ဆင်ထားမှုတွေနဲ.ပတ်သက်လို.လည်းဝေဖန် သံတွေကြားရပြီး ကန်သုံးဆင့်နဲ.တောင်ပေါ်ဘက်မှာတော့ အတော်လေးစည်ကားခဲ့တယ်လို.သိရပါတယ် ။မုံရွာက ကန်သာယာလမ်းလျှောက်သင်္ကြန်ကတော့ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး အုန်းလက်မဏ္ဍပ် ၃၀ကျော်ပါဝင်ပြီး စည်ကားခဲ့တယ်လို.သိရပါတယ် ။ မကွေး ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်ကတော့ ဒုတိယအကြိမ်ကျင်းပတာဖြစ်ပြီး ထူးခြားချက်အနေနဲ. အဘိုးအဘွားတွေပါ ပါဝင်ဆင်နွဲခဲ့တာတွေ.ရပြီး မသန်စွမ်းတွေလည်းပါဝင်ဆင်နွဲခဲ့သလို နံ.သာသွေးမဏ္ဍပ်တွေမှာ အမျိုးသားတွေက သနပ်ခါးသွေးပေးနေပြီး အမျိုးသမီးတွေက ၀င်ရောက်လိမ်းခြယ်နေတာတွေ.ရပါတယ် ။ အဲ့ဒီလိုပဲ ပုဂံလမ်းလျှောက်သင်္ကြန်ကတော့ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး နိုင်ငံခြားသားအများအပြား ၀င်ရောက်ဆင်နွဲခဲ့ကြကြောင်းသိရပါတယ် ။
ဒီနှစ်မှာပထမဆုံးကျင်းပတဲ့ အင်းလေးရေပေါ်သင်္ကြန်ဟာ ထူးခြားခဲ့သလို စက်ဘီးစီးသမား ၄၀၀ကျော်ပါဝင်တဲ့စက်ဘီးသင်္ကြန်ကိုလည်းအင်းလေးဒေသကနေစတာထွက်ခဲ့ကြတယ်လို.သိရပါတယ် ။ ဒါ့အပြင် ရန်ကုန် ၊ မန္တလေးစတဲ့မြို.ကြီးတွေမှာ ( ပြည်ထောင်စုသင်္ကြန် ) တိုင်းရင်းသားရိုးရာသင်္ကြန်တွေ ကျင်းပပေးနေသလို သုဝဏ္ဏကွင်းမှာ ကျင်းပနေကျ ရခိုင်ရိုးရာသင်္ကြန်ကိုတော့ နေပြည်တော်မှာ ရခိုင်ရိုးရာသင်္ကြန် မဏ္ဍပ်တစ်ခုဖွင့်လှစ်ပေးထားခဲ့တယ်လို.သိရပါတယ် ။
ယိုးဒယားတို.ရဲ.ဆောင်ခရမ် ရေသဘင်မှာတော့ ၂ရက်အတွင်း ယဉ်တိုက်မှု တစ်ထောင်ခန်.အတွင်းမှာ သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့ပြီး ယဉ်တိုက်မှုကြောင့် လူသေခဲ့ရင် တရားစွဲတဲ့ ပုဒ်မ ဟာ သေဒါဏ်အထိ ချမှတ်နိုင်တယ်လို.ဆိုပါတယ် ။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဋ္ဌာန ကို အကြိုနေ.က လူနာ စုစုပေါင်း ၁၄၅ ယောက်ရောက်ရှိခဲ့ပြီး မန္တလေး ဆေးရုံကြီးကိုတော့ လူနာ ၆၀ကျော်ရောက်ရှိခဲ့ကာ သေဆုံးသူ ၃ ဦး ရှိခဲ့တယ်လို.သိရပါတယ် ။ ဒီနေ. အကျနေ.မှာတော့ မန္တလေး ကျုံးအတွင်းကို စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး ခုန်ဆင်းသတ်သေခဲ့တယ်လို.သိရပါတယ် ။
ဝါးခယ်မမှာတော့ ဆိုင်ကယ်မတော်တဆမှု အချို. ရှိခဲ့ပြီး သီတာလမ်းနားမှာ ဖြစ်တဲ့ ဆိုင်ကယ်ချင်းမတော်တဆမှု မှာတော့ ထိခိုက်ဒါဏ်ရာရမှုပြင်းထန်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ဒီညနေပိုင်းမှာ လွှဲပြောင်းပေးပို. ကုသစေခဲ့ရတာမျိုးအထိရှိခဲ့တယ်လို.သိရပါတယ် ။
နွေရာသီရဲ. မကောင်းတဲ့မိတ်ဖက်တစ်ခုဖြစ်တဲ့ မီးဘေးအနေနဲ.အကြိုနေ.က ထိန်ပင်အမှိုက်ပုံ မီးလောင်ခဲ့ပြီး တစ်နာရီမပြည့်ခင်မှာပဲ ငြိမ်းသတ်နိုင်ခဲ့ပါတယ် ။ ဒီနေ.ညနေ ၃နာ၇ီခန်.မှာတော့ နေပြည်တော် ဇေယျာသီရိ ကုန်တိုက် မီးဘေးသင့်ခဲ့ပြီး ကုန်တိုက်တစ်ခြမ်းခန်. ပါသွားကာ တစ်နာရီခန်.အကြာမှာတော့ မီးငြိမ်းသွား ခဲ့တယ်လို.သိရပါတယ် ။
သင်္ကြန်အကြတ်နေ.
သင်္ကြန်အကြတ်နေ.မှာတော့ ၀ါးခယ်မမြို.လေးရဲ. သင်္ကြန်ဟာ ပိုမိုစည်ကားခဲ့ပါတယ် ။ ကျောက်တိုင်ရှေ. ဖျော်ဖြေရေးမဏ္ဍပ် နဲ. သူ.၀န်းကျင်က ရေပက်မဏ္ဍပ်တွေမှာ လူစည်ကားခဲ့သလို ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်ဧရိယာ နဲ. ဗဟိုမဏ္ဍပ်တို.မှာလည်းစည်ကားခဲ့ပါတယ် ။ ဒီနေ.မှာတော့ ပြောရလောက်တဲ့မတော်တဆမှု နဲ.ခိုက်ရန်ဖြစ်ပွားမှုမျိုး မရှိခဲ့ဖူးလို.သိရပါတယ် ။ မြို.လေးရဲ.ပတ်ဝန်းကျင် ကျေးလက်ဒေသကပါ လာရောက်လည်ပတ်ကြပြီး ဒီနှစ်သင်္ကြန်စတိုင်ကတော့ မျက်နှာဖုံးတွေစွပ်တာ ၊ Mask တွေတပ်တာလိုမျိုးကို မိန်းကလေး ၊ ယောင်္ကျားလေးမရွေးတွေ.ရတာပါပဲ ။
မနက်ပိုင်းက လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း ရဲစခန်းရှေ.မှာ သီးစုံဟင်း၊ ဘဲဥ ချဉ်ရေ၊ ငံပြာရည်ကြော်၊ ငါးကြော်နဲ့ ၀ါးခယ်မစခန်းက စတုဒိသာ ကျွေူးမွေးကုသိုလ်ယူခဲ့ကြတယ်လို.သိရပါတယ် ။
ဒီနေ.ထူးခြားတာကတော့ ကသာလမ်းလျှောက်သင်္ကြန်မှာ လေတိုက်မိုးရွာပြီးပျက်စီးမှုတွေရှိခဲ့တယ်လို.သိရပါတယ် ။
သဘာဝကြောင့်မဟုတ်ပဲ စည်းကမ်းမဲ့တဲ့သူတွေကြောင့် ရန်ကုန် လမ်းလျှောက်သင်္ကြန် မှာ အလှဆင်ထားတဲ့ပုသိမ်ထီးတွေ ပျက်စီးခဲ့ရတာ စိတ်ပျက်စရာပါပဲ ။ အလှဆင်ထားတဲ့ထီးတွေတက်ဖြုတ် ၊ ယူဆောင်း ၊ ဓါတ်ပုံတွေရိုက် ၊ Facebook တင်ကြတဲ့လူငယ်တွေ ( အချို.ဆိုပညာတတ်ဖြစ်ပုံရသူတွေ ) ရဲ. စိတ်ဓါတ်ဟာ အင်မတန် မှကို အံ့သြဘွယ်ရာ ၊ မသတီစရာပါပဲ ။
ဒါကို ( နယ်မှာမွေး
နယ်မှာစာသင်
ပညာရေးက ဆုံးခန်းမတိုင်(ဆုံးခန်းတိုင်ခဲ့ရင်လည်း ပညာက မတတ်)
ပညာကောင်းကောင်းမတတ်တော့ အလုပ်အကိုင်က ကောင်းကောင်းမရ ..
အလုပ်အကိုင်ကောင်းကောင်းမရှိတော့ ဝင်ငွေနည်း(မရှိ)
ဝင်ငွေနည်းတော့ မိဘ အုပ်ထိမ်းသူ ဆိုဆုံးမမယ့်သူတွေနဲ့ အတူနေခွင့်မရှိတော့ပဲ ရန်ကုန်ကို လာအခြေချ
တွေ့ကရာ ရရာအလုပ် လုပ်ကြ ..
ဖြစ်သလိုနေကြ
ဖြစ်သလိုစားကြ
ဖြစ်သလိုရှင်သန်ကြ
ကိုယ်ခန္တာကြံ့ခိုင်ဝဖြိုးသန်စွမ်းဖို့တောင် အနိုင်နိုင် ရှာဖွေနေကြရတာမို့ စိတ်ဓာတ်သန်စွမ်းဖို့ ဘာမှမလုပ်နိုင် (စာမဖတ်ပဲ ဖုန်းပွတ်၊ ချတ်တင်လုပ်၊ အတင်းအဖျင်းပဲဖတ်)
ဒီလိုနဲ့ ..
ပေါ့ပေါ့နေ ပေါ့ပေါ့စား
အလကားရလို့ကတော့ ဘာဖြစ်ဖြစ် အကုန်ယူမယ် ရှက်စရာမလိုဘူး ဆိုတဲ့ အတွေးအခေါ်တွေနဲ့ တန်ဖိုးမရှိတဲ့ လူ့အန္တတွေ ပေါသထက်ပေါလာနေတဲ့ မြို့တော်ရန်ကုန် ဖြစ်လာပါတော့တယ် ..) ဆိုပြီး ထီးတွေယူပြီး ဓါတ်ပုံရိုက်ကြသူတွေနဲ.တွဲပြီး ဒါဟာရန်ကုန်မှာ လာနေတဲ့ အခြားဒေသကလူတွေလက်ချက်လိုလို.ရေးခဲ့တဲ့ https://www.facebook.com/myanmar.e.e.team Page ဟာလည်း အများသူငှာ ဆဲသံသာတို.နဲ.မြိုင်ဆိုင်နေခဲ့ပါတယ် ။
သကြန် အကြိုနေ. နဲ.အကျမနက်ပိုင်း ၅နာရီအထိ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှာ ယာဉ်မတော်တဆမှု ၈ မှု ၊ဒါဏ်ရာရသူ ၂၀ ရှိခဲ့တယ်လို.သိရပါတယ် ။
ယိုးဒယးရဲ.ဆောင်ခရမ် ရေသဘင်မှာတော့ ဧပြီ ၁၁ ကနေ ၁၃ အတွင်း ယာဉ်မတော်တဆမှု ၁၆၆၅ ၊ သေဆုံးသူ ၁၇၄ ၊ ဒါဏ်ရာရ ၁၇၂၈ ရှိခဲ့တယ်လို.သိရပါတယ် ။
အားလုံးဂရုပြု သတိထားသင့်တဲ့ ဖြစ်စဉ်တစ်ခုလည်း ဒီမနက်ပိုင်းက မုံရွာမြို. ၊ချင်းတွင်းမြစ်ထဲမှာဖြစ်ခဲ့ပါသေးတယ် ။ မုံရွာဘက်ကမ်းကနေ ညောင်ပင်ကြီးဇက်ဆိပ်ကိုကူးတဲ့ ကူတို.စက်လှေဟာ လူ၄၀ကိုတင်ဆောင်လာခဲ့ပြီး အကူးမှာ လှေဝမ်းထဲရေ၀င်နစ်မြုပ်ခဲ့တာကြောင့် မီးသတ်ကယ်ဆယ်ရေးရေယာဉ် ၄စီး ၊အရပ်ဘက်ကယ်ဆယ်ရေး ၃စီးကူညီခဲ့တာကြောင့် တစ်ဦးသာရေနစ်သေဆုံးခဲ့ပါတယ် ။
ဒါဟာမြို.လေးအတွက်လည်းအထူးသတိထားရမယ့်အဖြစ်ပါ ။ နှစ်ဆန်းတစ်ရက်နေ.ကစပြီး ဒေသအသီးသီးကနေ ၀ါးခယ်မကို ပြန်ရောက်နေသူတွေပြန်ကြတော့မှာပါ ။ အဲ့ဒီမှာဇက်ကိစ္စတွေ ၊ ကူတို.ကိစ္စတွေ အဆင်ပြေဖို. ၊ လုံခြုံစိတ်ချရဖို. ၊ စည်းစနစ်ကျဖို. တာဝန်ရှိသူတွေရော ၊ ပြည်သူတွေပါ ပူးပေါင်းဆောင်ရွက်ကြရမှာပါ ။ တံတားဖျက်တဲ့ကိစ္စ ၊ ဇက်ဆွဲတဲ့ကိစ္စအပါအ၀င် ကိစ္စတော်တော်များများ မှာ ဝေဖန်မှုတွေရှိနေတာကြောင့်အားလုံးလည်းပိုဂရုစိုက်ကြမယ်လို.ယုံကြည်ပါတယ် ။ ခုချိန်မှာ ပြည်သူလူထု ယုံကြည်နေတာက အရေးကြီးပုဂ္ဂိုလ် ဆိုတာမျိုး ၊ အမည်ခံအခွင့်အရေးယူသူမျိုး တွေမရှိတော့တဲ့ခောတ် ဒါ့ကြောင့်အားလုံးတစ်ပြေးညီ စီနီယာအတိုင်းသာ ဇက်အတင်အချကအစ စည်းကမ်းအတိုင်းသာ ဖြစ်စေဖို.မျှော်လင့်နေကြပြီး အရေးပေါ်အခြေအနေကြုံတွေ.နေရသူ ( ဥပမာအရေးပေါ်လူနာ ) ဆိုတာမျိုးအတွက်သာ အခွင့်အရေး စိတ်တူသဘောတူပေးချင်ကြပါတယ် ။ သင်္ကြန်တွင်းတာဝန်ယူပေးနေရသူအားလုံးကို ကိုယ်ချင်းစာသလို အောက်ခြေက အပြုအမူနဲ.ဆုံးဖြတ်ချက်ဟာ ဟိုးအထက်အဆင့်ဆင့်အထိ ရိုက်ခတ်တတ်တာမို. မလိုလားအပ်တာမျိုးလည်းမဖြစ်စေချင်တဲ့စေတနာသက်သက်ပါ ။
သင်္ကြန်အတက်နေ.
မြို.လေးရဲ. သင်္ကြန်အတက်နေ.ဟာလည်း စည်စည်ကားကား အေးအေးချမ်းချမ်း ပြီးဆုံးခဲ့တယ်လို.ဆိုရပါမယ် ။ လူငယ်ချင်းအနည်းငယ်သော အချင်းများမှု အချို. ရှိခဲ့ပေမယ့် ပြောရလောက်အောင်ထိခိုက်ဒါဏ်ရာရ ခဲ့တာမျိုးအထိတော့ မရှိခဲ့ဘူးလို.သိရပါတယ် ။ ဒါ့အပြင်မတော်တဆမှုလည်း ထိခိုက်မှု ရှိတယ်လို.မကြားရပဲ ညနေပိုင်းမှာသာ ကျုံမငေးကနေ ၀ါးခယ်မဆေးရုံရောက်လာတဲ့ မတော်တဆမှု လူနာတစ်ဦး ရန်ကုန်ကို လွှဲပို.ခဲ့ရတာ ရှိပါတယ် ။
မြို.လေးရဲ. ဒီနှစ်သင်္ကြန်ဟာတော့ မတော်မဆ နဲ.ရန်ပွဲများကြောင့် ထိခိုက်ဒါဏ်ရာရမှု အနည်းဆုံး နှစ်လို.ပြောလို.ရပါတယ် ။ ဒီနှစ်မှာ သိသိသာသာလျော့နည်းသွားတာကတော့ စတုဒီသာမဏ္ဍပ်တွေဖြစ်ပြီး ရပ်ကွက်အလိုက်လုပ်ကြတဲ့ မဏ္ဍပ်တွေလည်း ဒီနှစ်လျော့နည်းသွားပါတယ် ။ မြို.ပေါ်မှာ ဆိုင်ကယ်ကို ကြမ်းကြမ်းရမ်းရမ်းမောင်းတာမျိုးတွေလည်း သိသိသာသာလျော့နည်းသွားပြီး မိသားစုလိုက် လမ်းလျှောက်သင်္ကြန်ကို ၀င်ရောက်ဆင်နွဲကြတာတော့ ပိုများလာတယ်ပြောရပါမယ် ။
ဖျော်ဖြေရေးမဏ္ဍပ်အနေနဲ.ကတော့ ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန် ကမဏ္ဍပ် ၊ ကျောက်တိုင်ရှေ.က ရွှေအိမ်စည်မိသားစုဖျော်ဖြေရေးမဏ္ဍပ် ၊ သံကြိုးတိုင် မြစ်ကြီးနား ရွှေစည်းစိမ်ဖျော်ဖြေရေးမဏ္ဍပ်ဆိုပြီး ၃ခုရှိခဲ့ပါတယ် ။ ညပိုင်းဖျော်ဖြေရေးမဏ္ဍပ် ၊ စင်မြင့်စတာတွေတော့ ဒီနှစ်မရှိခဲ့ပါဘူး ။
ဒီနေ.သင်္ကြန်အတက်နေ.မနက် ၀ါးခယ်မရဲ.လမ်းလျှောက်သင်္ကြန်မှာ ထူးခြားတဲ့အလှုတစ်ခု ရှိခဲ့ပါတယ် ။ အဲ့ဒါကတော့ အိုးမည်း အလှုပါ ။
လူတစ်ယောက်က အိုးမည်းတွေပေနေတဲ့ ဒယ်အိုးတစ်လုံးကိုကျောမှာပိုးပြီး အဲ့ဒီနေရာမှာ ပတ်လျှောက်နေတာပါ ။ လူတွေက သူကျောပိုးထားတဲ့ ဒယ်အိုးက အိုးမည်းတွေ ယူလိုက် ၊ အခြားသူတွေ လိုက်သုတ်လိုက်နဲ. သူ.ဒယ်အိုးလေးပြောင်သွားတဲ့အထိ ၀ိုင်းအားပေးလိုက်ကြပါတယ် ။ ( ပုံကတော့ပျက်သွားတဲ့ ဖုန်းတစ်လုံးထဲပါသွားတာမို. ပြ မရပါဘူး )
ဒီသင်္ကြန်မှာ မြန်မာနိုင်ငံအတွင်း ထူးခြားတဲ့အမှု ၂ခုကြားခဲ့ရပြီး တစ်ခုကတော့ အုတ်တွင်းမြို.နယ် သရက်ချဉ်ကျေးရွာမှာ သင်္ကြန်အကျနေ.က ဖြစ်ခဲ့တာ ဖြစ်ပြီး ၁၅ နှစ်အရွယ်သမီးငယ်ကိုရေထွကိကစားလို.ဆိုပြီး အဖေကရိုက်တာမှာနောက်စိကို ထိပြီးသေဆုံးသွားခဲ့ရတာပါ ။ နောက်တစ်မှုကတော့ ကျိုင်းတုံမြို.နယ် ယန်းလောကျေးရွာမှာ သင်္ကြန်အကြတ်နေ.က ဖြစ်ခဲ့တာဖြစ်ပြီး အိမ်ရှင်ကနေ အိမ်ငှားဆီကဆိုင်ကယ်ကို သင်္ကြန်လည်ဖို.ငှားတာ မရလို.အခန်းကိုမီးနဲ.ရှို.တဲ့အမှုပါ ။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့ သင်္ကြန်ကာလ ၃ ရက်အတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှုနှင့် သေမှု သေခင်းဖြစ်စဉ်များအရ လူ ၂၃ ဦးသေဆုံးခဲ့ပြီး ၃၁၆ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို.သိရပါတယ် ။
မအူပင်မြို့ ၊ ပေါ်တော်မူပိုက်တန်း မြစ်ကမ်းစပ်၌ ၁၂ရပ်ကွက် ၊ မြိုသစ် ၅လမ်းတွင် နေထိုင်ကြသည့် ဆယ်ကျော်သက် အရွယ် လူငယ် ၃ဦး ရေဆင်းကူးရာမှ မိန်းကလေး ၁ဦးနှင့် ယောကျော်းလေး ၁ဦးတို့ ရေနစ် ပျောက်ဆုံးခဲ့တယ်လို.သိရပါတယ် ။
ဒီနေ.ယာဉ်မတော်တဆမှု ထဲမှာတော့ ရန်ကုန် - မရမ်းကုန်း ၊ ၉မိုင် မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ ကားတစ်စီးက အရှိန်လွန်ပြီး လမ်းဘေးပလေက်ဖောင်းမှာရေပက်ကစားနေတဲ့ကလေးအုပ်ကိုဝင်တိုက်မိခဲ့ပြီး ကလေး ၇ယောက်လောက် ဒါဏ်ရာ ရခဲ့တယ်လို.သိရပါတယ် ။ အများစုကတော့ဒါဏ်ရာပြောပလောက်အောင်မရပဲ အချို.သာ ဒါဏ်ရာ အနည်းငယ်ပြင်းထန်ခဲ့တယ်လို.သိရပါတယ် ။
မြန်မာ့သင်္ကြန် ကို မြန်မာအများစုရှိတဲ့နေရာတွေမှာ ကျင်းပနေကြဖြစ်ပြီး ထိုင်ဝမ်နိုင်ငံ နယူးထိုင်ပေမြို. ကျုံးဟိုမြို.နယ် က မြန်မာတန်းမှာ ဒီနှစ်ကျင်းပတဲ့ သင်္ကြန်ဟာဆိုရင် ၂၁နှစ် ရှိသွားပါပြီ ။ ဒီပွဲကိုမြန်မာတွေ ၊ မြန်မာပြန် တရုတ်တွေ ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေ ပျော်ရွှင်စွာ ပူးပေါင်းကျင်းပခဲ့ကြတယ်လို.သိရပါတယ် ။မြန်မာ့စားစရာတွေအပြင် ရုပ်သေးဖျော်ဖြေပွဲကအစ အပြည့်အစုံ ကျင်းပကြတာပါ ။
ဒါနဲ.ဆန်.ကျင်ဘက်ကြားရတဲ့သတင်းကတော့ မလေးရှားနိုင်ငံက မေတ္တာဝိဟာရကျောင်းမှာ ကျင်းပတဲ့ မြန်မာသင်္ကြန်ပွဲဟာတော့ တားမြစ်ခံရတဲ့အပြင် ကျောင်းပါချိတ်ပိတ်ခံခဲ့ရတယ်လို.သိရပါတယ် ။
ဒီသတင်းကို RFA မှာ ခုလိုရေးသားထားပါတယ် ။
မလေးရှားနိုင်ငံ စလန်းကောပြည်နယ် ကာချမ်းမြို့က မေတ္တာဝိဟာရ ကျောင်းတိုက်မှာ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့က ခွင့်ပြုချက်မယူဘဲ သင်္ကြန်ပွဲ ကျင်းပခဲ့တာကြောင့် ကျောင်းတိုက်ကို မလေးရှား စည်ပင်ရဲတပ်ဖွဲ့က မနေ့က ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။
မေတ္တာဝိဟာရ ကျောင်းတိုက်က ဦးဆောင်ပြီး နယ်မြေလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ နားလည်မှုယူကာ ခွင့်ပြုချက်မတင်ဘဲ သင်္ကြန်ပွဲကို ကျင်းပခဲ့တာကြောင့် ပွဲကျင်းပနေချိန်မှာ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပွဲကို ဆက်လက်မကျင်းပဖို့ ညွှန်ကြားခဲ့ပြီး နောက်ရက်မှာ ကျောင်းတိုက်ကို ချိတ်ပိတ်ခဲ့တာဖြစ်ကြောင်း မလေးရှားအခြေစိုက် ကပုန်း ၇ ရက်သားသမီးများ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက RFA ကိုပြောပါတယ်။
ဘာသာရေးဖြစ်စေ မည်သည့်အရာဖြစ်စေ အခြားနိုင်ငံတွေမှာ သူတို.ဥပဒေးအရသာ ပြတ်သားစွာ ကိုင်တွယ်ဆောင်ရွက်လေ့ရှိကြောင်း ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။
 ပုံများကြည့်ရှုရန်
သင်္ကြန်အကြိုနေ.ပုံများ
သင်္ကြန်အကျနေ.ပုံများ 
သင်္ကြန်အကြတ်နေ.ပုံများ
သင်္ကြန်အတက်နေ.ပုံများ