Showing posts with label မှုခင်းသတင်းများ. Show all posts
Showing posts with label မှုခင်းသတင်းများ. Show all posts

Friday, January 4, 2019

ယောဂီဝတ် ဒေါ်နန္ဒမာလာ ဘာတွေလုပ် ဘယ်တွေရောက် ဘာတွေဖြစ်

ယောဂီဝတ် ဒေါ်နန္ဒမာလာ


ငွေကြေးလိမ်လည်မှုများဖြင့် အတိုင်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသည့် ယောဂီနန္ဒမာလာကို သီးကုန်းအမြန်လမ်းရဲစခန်းမှ ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး မန္တလေး CID တွင် ထိမ်းသိမ်းထားကြောင်း သတင်းရသည်။

ယောဂီနန္ဒမာလာသည် လူအချို့ထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၁ သောင်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရပြီး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းတခု၌ ဖမ်းဝရမ်းထုတ်၍ တရားခံပြေးအဖြစ်ကြေညာခြင်းခံထားရသူဖြစ်သည်။

ဖမ်းမိတာ ဟုတ်ပါတယ်။ သူက လောလောဆယ် ဝရမ်း ၃ ခု အထုတ်ခံထားရတယ်။ မင်္ဂလာဒုံရယ်၊ မန္တလေးရယ်၊ နောက်တခုကတော့ လှိုင်ရယ်ပေါ့။ အဲဒီဝရမ်း ၃ ခုအထုတ်ခံထားရတယ်။ အဲဒါ လောလောဆယ် ဝရမ်းပေါ့။ ပြီးတော့ ကျန်တဲ့အမှုအခင်းတွေကလည်း အများကြီးရှိသေးတယ်။ ရဲစခန်းက ဦးဆောင်ဖမ်းတာမျိုးမဟုတ်ဘူး။ အထက်ကနေ ရဲတပ်ဖွဲ့ကို ဖမ်းခိုင်းတာပေါ့။ အမြန်လမ်းရဲကတော့ မော်တော်ယာဉ်ကိစ္စလောက်ပဲ တာဝန်ယူတာပါ။ ဖမ်းတာက အထက်က ညွန်ကြားချက်ပေါ့ ဘယ်မော်တော်ကား ဘယ်နံပါတ် ဘယ်ကားကိုဖမ်းပါဆိုတဲ့ အဲလိုသဘောမျိုးပေါ့။ သူ့ကို နီးစပ်ရာ မန္တလေး CID ကို ပို့ထားတယ်ကြားတယ်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ဒေါ်နန္ဒမာလာ(၄၆)နှစ် ဒိုက်ဦးမြို့နယ် သံတံတားရပ် ခေမာသီရိကျောင်းနေသူနှင့် တောင်ကြီးမြို့ အေးသာယာရပ်ကွက်နေ နီလာမြတ်(၃၈)နှစ်တို့လိုက်ပါလာပြီး ယာဉ်မောင်းအဖြစ် မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်နေ ကျော်သူရ(၄၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN/ 7F/==== TOYOTA CROWN အမျိုးအစား အနက်ရောင်မော်တော်ယာဉ်အား သီးကုန်း အမြန်လမ်းရဲစခန်းမှ ဒုရဲအုပ် မိုးညွှန့်ဦးနှင့်အဖွဲ့ က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၈၄ တွင် ပိတ်ဆို့ရှာဖွေနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓာတ်ရိုက်ဓာတ်ဆင်၊ အကြားအမြင်ဖြင့် နာမည်ကြီးနေသော ယောဂီနန္ဒမာလာသည် ၎င်း၏ သားတပည့်ဖြစ်သူများက အခြားလူများကို စွဲဆိုထားသည့်အမှုများလည်းရှိကြောင်း သိရသည်။

ယောဂီဝတ် ဒေါ်နန္ဒမာလာအား သာမာန်လူအများအပြားသတိထားမိစေခဲ့သောပုံ
ယောဂီဒေါ်နန္ဒမာလာအနေဖြင့် ငွေကြေးများလိမ်လည်ထားခြင်း၊ သေနတ်ကိုင်ဆောင်ရိုက်ကူးထားသည့် ဓာတ်ပုံများ အစရှိသည့် ကိစ္စရပ်များအပေါ် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ဒေါ်နန္ဒမာလာ၏သားတပည့်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သေးသည်။

ဒေါ်နန္ဒမာလာသည် မန္တလေးတိုင်းဒေသကြီးတွင် ပုဒ်မ ၄၂၀၊ ၄၀၆၊ ၅၇ တို့ဖြင့် ထောင်သုံးချိန်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်လာသည့်ဆိုသည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ သာသနာဘောင်ထဲမဝင်မီ လူဘဝတွင်ဖြစ်ခဲ့သည့်အကြောင်းအရာများကို မဖြေလိုကြောင်းနှင့် သာသနာဂုဏ်သိက္ခာထိခိုက်နစ်နာမည်စိုးကြောင်း သားတပည့်ဖြစ်သူ ဦးနေဝင်းနိုင်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဦးနေ၀င်းနိုင်နှင့်မယ်တော်ကြီးနန္ဒမာလာတို့မှာ အကြင်လင်မယားဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် မယ်တော်ကြီးသာသနာဘောင်စဝင်ချိန်မှစ၍ တရားဝင်ကွားရှင်းထားပြီးဖြစ်ကြောင်း၊ သာသနာဝင်အသိ အမှတ်ပြုလက်မှတ်ရှိကြောင်းနှင့် လက်ရှိအချိန်အထိ ပစ္စည်းလေးပါးဒါယိကာအဖြစ်သာ ဆက်လက်ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောသည်။

ငွေကြေးလိမ်လည်မှုနှင့်ပတ်သက်၍ဒီပြဿနာစတာကတော့ ဦးနေမျိုးနိုင်ရဲ့ ရွှေကိန္နရီခရီးသွားလုပ်ငန်းနဲ့ မယ်တော်ကြီးက ဘုရားဖူးချင်သူတွေကို အခမဲ့ပို့ပေးတယ်။ နောက်တော့ ဦးနေမျိုးနိုင်နဲ့ မပို့တော့တဲ့အတွက် မယ်တော်ကြီးကိုမကျေနပ်လို ဒီလိုပြဿ နာတွေဖြစ်အောင်ဖန်တီလာတာဟု ဒေါ်နန္ဒမာလာ၏ သားတပည့်ဖြစ်သူ ကိုစွမ်းအောင်ဆိုသူက ပြောကြားခဲ့သည်။

ထို့ပြင် ငွေကြေးလိမ်လည်မှု စွပ်စွဲချက်များနှင့်ပတ်သက်၍ သိလိုသမျှကို ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျရောက်သော ဒေါ်နန္ဒမာလာ၏မွေးနေ့တွင် ကိုယ်တိုင်ကိုယ်ကျ ဖြေကြားပေးမည်ဖြစ်ကြောင်းလည်း ယင်းသတင်းစာရှင်းလင်းပွဲတွင် သားတပည့်တဦးက ပြောကြားခဲ့သည်။

များမကြာမှီ ကာလအတွင်းက ယောဂီဝတ်နန္ဒမာလာ ၏ သေနတ်ကိုင်ထားသည့်ဓာတ်ပုံ
လူမှုကွန်ယက်တွင် ပျံနှံ့လာပြီးနောက် ဝေဖန်မှုများမြင့်တက်လာခဲ့သေးသည်။ သေနတ်ကိုင်ထားသော မယ်တော်ကြီးဟူ၍ လူမှုကွန်ယက်တွင် ခေါ်ဝေါ်ခဲ့ကြသည်။

ယင်းသေနတ်မှာ အတုသာဖြစ်ကြောင်း ယောဂီနန္ဒမာလာ၏ မန်နေဂျာ ဖြစ်သူ ကိုစွမ်းထက် က The Fifth WaveNews နှင့် နိုဝင်ဘာ ၂၈ ရက်က တွေ့ဆုံမေးမြန်းမှုတွင်ဖြေကြားထားခဲ့ကြောင်းသိရှိရပါသည်။

ဒေါ်နန္ဒမာလာအား မန္တလေး မဟာအောင်မြေတရားရုံးတွင် ဇန်နဝါရီ တွင်ရုံးထုတ်လာစဉ် (ခင်နှင်းဝေ/Myanmar Now)
ယခုဖမ်းမိသော သတင်းမှာ မှားယွင်းကြောင်းနှင့် အတည်ပြုပြီးပြန်လည်ဖြေဆိုမည်ဖြစ်ကြောင်း သတင်းအတည်ပြုချက်နှင့်ပတ်သက်ပြီး ကိုစွမ်းထက်က ပြန်လည်ဖြေကြားခဲ့သော်လည်း

ငွေကြေးလိမ်လည်မှုများဖြင့် အမှုဖွင့်ခံထားရသောယောဂီဝတ်နန္ဒမာလာအား တရုတ်နိုင်ငံတွင် အဓိဌာန်
ဝင်နေသယောင် သတင်းများလွှင့်ထားပြီး မြန်မာနိုင်ငံတွင် ရှောင်ပုန်းနေသည်ကို သတင်းရရှိပြီး ယခုကဲ့သို့
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း၏ ဖေ့စ်ဘုတ်တွင်
ရေးသားထားကြောင်းတွေ.ရှိရပါသည်။


ငွေကြေးလိမ်လည်မှုများဖြင့် အလိုရှိနေသော သီလရှင်(ယောဂီ) နန္ဒမာလာ(ခ) ထန်နီဝင်းပြည့်၊ နှမ်းခါးရွာ၊ဂန့်ဂေါ မြို့နယ်ကို မန္တလေးတွင် အာဏာပိုင်များ ဖမ်းဆီးပြီး လူဝတ်လဲခိုင်းရာ ငါး ပါးသီလပင်ဖြောင့်မှန်အောင် မဆိုနိုင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သာသနာတော်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ချမ်းအေးသာစံမြို့နယ်၊မန္တလေးတိုင်းဒေသကြီးမှ ဆရာတော် အရှင်က၀ိန်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားချက် အရ သိရှိရသည်။

ထိုနေ့ နေ့လယ် ၁၂ နာရီတွင် နန္ဒမာလာကို လူဝတ်လဲလိုက်ခြင်းဖြစ်ပြီး ၉ ပါး သီလ ဆိုခိုင်းရာ ၅ ပါးသီလ
ပင် မဆိုနိုင်ကြောင်း ဆရာတော် အရှင်က၀ိန်ကဆိုသည်။

ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က နန္ဒမာလာ
ကို "ဘယ်နှစ်ပါးသီလ စောင့်ထိန်းနေသလဲ" မေးမြန်းရာ(၉)ပါးသီလ စောင့်ထိန်းပါကြောင်း လျှောက်ထား၍
(၉)ပါးသီလ အဆိုခိုင်းကြည့်ရာ (၉)ပါး မပြောနှင့်(၅)ပါးသီလပင် အစဉ်တကျဖြစ်အောင် မဆိုနိုင်၊
မည်သို့ပင် သာသနာပြုနေသည်ဟု ပြောစေကာမူ ၊မည်သို့ပင် ဟိတ်ဟန် ဟိတ်လုံးများ ထုတ်စေကာမူ
ယခုအခါ စွဲဆိုထားတဲ့ အမှုများကို ဖြေရှင်းရန် တရားရုံးတွင် တရားရင်ဆိုင် ဖြေရှင်းရတော့မည်ဖြစ်ကြောင်း
အရှင်က၀ိန်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယောဂီဝတ် နန္ဒမာလာ လိမ်လည်ထားသည့် ငွေကြေးပမာဏသည် ငွေကျပ် သိန်း ၁ သိန်းကျော်ရှိသည်ကို
အာဏာပိုင်များထံသို့ သတင်းအချက်အလက်များပေးပို့ထားပြီးဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက ရန်ကုန်ခေတ်သစ် သတင်းင်္ဌာနသို့ ပြောကြားသည် ဟုလည်းသတင်းများအရ သိရပါသည် ။

ဒ်ါနန္ဒမာလာကို ၂၀၁၉ ဇန်​နဝါရီ ၃ ရက်​​နေ့ ​မွန်းလွဲပိုင်းက မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်
တရားရုံး၌ ရုံးထုတ်​ စဉ်တွင် သတင်းမီဒီယာများအား ၎င်းတွင်​အပြစ်​မရှိ​ကြောင်း ​ပြောဆိုခဲ့ပြီး
ဒေါ်နန္ဒမာလာက သူဖမ်းဆီးခံရတာ နိုင်ငံရေးကိစ္စတွေအများကြီးပါတယ်လို့ တရားရုံးမှာ အော်ဟစ်ပြောဆို
ခဲ့ကြောင်းသိရပြီး  မန္တလေးမြို့ မဟာအောင်မြေတရားရုံ၌ ဦးတိုက်လျှောက်ထားသည့်အမှုနှင့် ပတ်သက်၍ လူဝတ်လဲကာ စစ်ဆေးမှုများပြုလုပ်ပြီး အာမခံလျှောက်ထားမှုအား လက်ခံလိုက်ကြောင်း သိရသည်။

  
ယောဂီနန္ဒမာလာသည် လူအချို့ထံမှ ငွေကြေး ကျပ်သိန်းပေါင်းတသောင်းကျော် လိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရပြီး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းနှင့် မန္တလေးမြို့မဟာအောင်မြေ တရားရုံ၌ ၂၀၁၅ ခုနှစ်တွင် ဦးတိုက်လျှောက်ထားကာ အမှုဖွင့်ခဲ့ရာ လာရောက် အမှုရင်ဆိုင်ခြင်းမရှိသဖြင့် ဖမ်းဝရမ်းထုတ်ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက် ညနေက အမြန်လမ်းပေါ်တွင် ဖမ်းဆီးခေါ်ဆောင်လာကာ မန္တလေးတွင် လူဝတ်လဲကာ စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည် ။

ဓာတ်ရိုက်ဓာတ်ဆင်နှင့် အကြားအမြင်ဖြင့် နာမည်ကြီးနေသော ယောဂီနန္ဒမာလာသည် ၄င်း၏ သားတပည့်များကလည်း အခြားလူများကို တရားစွဲဆိုထားမှုများရှိကြောင်း၊ နန္ဒမာလာ ကိုလည်း တရားစွဲဆို ထားမှုများကြောင့် ယခုလို ဖမ်းဆီးတာပါ ဒီအမှုနဲ့ပါတ်သက်ပြီး ရန်ကုန်မြို့မှလည်း အမှုဖွင့်ထားတွေရှိတာကြောင်း ရန်ကုန်မြို့ကိုလည်း လွဲပြောင်းပေးရန်အတွက် မန္တလေး CIDက ဆက်လက်ခေါ်ဆောင်သွားကာ ဇန်နဝါရီလ ၉ ရက်နေ့ ထပ်မံရုံချိန်ထားကြောင်းသိရသည်။

အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိကျခံရနိုင်သည့်ရာဇသတ်ကြီးပုဒ်မ ၄၂၀ လိမ်လည်မှုအတွက် ထိုနေ.က အာမခံရခဲ့ သော်လည်း ကျန်အမှုများကို စစ်ဆေးရန် CID ကအကြားအမြင်ဆရာမဆိုသူကို ဆက်လက်ထိန်းသိမ်းထားသည် ဟု Myanmar Now ကဆိုပါသည် ။
ဒေါ်နန္ဒမာလာသည် ​​ဒေါ်​နေဇင်​မြင့်​ဆိုသူ အမျိုးသမီးထံမှ ​ငွေ​ကြေးလိမ်​လည်​သည်​ဟုဆိုကာ ၂၀၁၃ ခုနှစ်​အတွင်းကတရားရုံး ဦးတိုက်​​လျောက်​ထားခံရပြီး အမှုရင်​ဆိုင်​​နေခဲ့ရခြင်းဖြစ်​​ကာ တရားရုံးလာ​ရောက်​ရန်​ပျက်​ကွက်​မှုများ​ကြောင့်​ ဖမ်းဝရမ်းထုတ်​ခံထားရသည့်အတွက် ရဲတပ်​ဖွဲ့ကဖမ်းဆီးလူဝတ်​လဲလှယ်​ခဲ့ခြင်းဖြစ်သည်။

 

အခုဟာ အကစ(အကျဉ်းဦးစီး)ညွှန်ချုပ်ကသေသွားတဲ့မြဟင်္သာရဲ့ပစ္စည်းတွေအလွဲသုံးစားမှုနဲ့ရောက်နေတဲ့
ရဲမြင့်ဝင်းပါနှစ်ယောက်ကိုရဲဘက်ကိုတိတ်တိတ်လေးထုတ်သွားတယ်။အဲ့ဟာကိုမယ်တော်ကြီးကသိနေတော့
သူတို့ကနေပြီး ခုလိုလုပ်တာ ” ဟု ဒေါ်နန္ဒမာလာ ကပြောကြောင်းလည်း ဆိုပြန်ပါသည်။
 


Ref ;  The Fifth Wave News , News Watch , Khit Thit News  ,Irrawaddy & Myanmar Now 

တရားရုံးထုတ်လာသော ဒေါ်နန္ဒမာလာ ၏ ပြောဆိုမှု ဗွီဒီယို

Tuesday, April 24, 2018

ဒုရဲမှုး မိုးရန်နိုင် သတင်းများ စုစည်းမှု - ၂

ဒိကိစ္စ တွေနဲ. ပတ်သက်လို. ရဲမှူးကြီး မျိုးသူစိုး - နေပြည်တော် ရဲတပ်ဖွဲ့ ကဖြေရှင်းပြောကြားခဲ့ရာမှာ 



‘မှန်ကန်မှုမရှိပါဘူး။ ဒုရဲမှူး မိုးရန်နိုင်ကို ကျွန်တော်တို့စစ် ဆေးတယ်။ တပ်ဖွဲ့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အခွင့်မရှိဘဲနဲ့ ပြောတယ်။ ပေါ် ပေါက်တယ်။ သူကိုယ်တိုင်က လည်း ၀န်ခံထွက်ဆိုတယ်။ ရဲတရားရုံးက ပြီးသွားပါပြီ။ ရဲတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံ ရဲတ်ဖွဲ့ဌာနချုပ်ကို တင်ပြထားဆဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာ သတင်းအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲနဲ့ ပေးတာနဲ့ပတ် သက်ပြီး ရဲတရားရုံးက စစ်ဆေး တယ်။ စစ်ဆေးနေတဲ့ အချိန်အ တော်အတွင်းမှာ ဧည့်တွေ့မပေး ပါဘူး။ စစ်ဆေးပြီးတဲ့အချိန်မှာ တွေ့လို့ရပါတယ်။ အမှတ်(၈)လုံခြုံရေးရဲတပ်ရင်း အချုပ်ထဲမှာ ချုပ်ထားခဲ့တာပါ။ သူ့မိန်းမက သူ သဘောနဲ့သူ သွားမတွေ့တာပါ ခင်ဗျာ။ တွေ့လို့ရပါတယ်။ သူ့ ဘာသာသူ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေမှာ အာရုံစိုက်နေပြီး သွားမတွေ့တာပါ။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့အညီအရေးယူဖို့ တင်ပြထားပါတယ်’’

ဒီဖြစ်စဉ် ရဲ. နောက်ပိုင်းကာလတွေမှာတော့ လူ့  အခွင့်အရေး ကော်မရှင် ပါ ပါဝင်ပတ်သက်လာတာကို ခုလိုတွေ.ရပါတယ် ။

ဒုရဲမှူးမိုးရန်နိုင်နှင့် မိသားစုများတွေ့ဆုံခွင့်ရရေး အပါအဝင် အခြေခံလူ့  အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ပြည်ထဲရေးသို့ လူ့  အခွင့်အရေး ကော်မရှင် စာပေးပို့ ထားကြောင်း သိရသည်။
ယင်းသို့ စာပေးပို့ထားရာတွင် ရိုက်တာသတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့နှင့် ဒုတိယရဲမှူး မိုးရန်နိုင် တို့ကို ဖမ်းဆီးထားသော အမှုဖြစ်စဉ်တွင် ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ၄င်း၏ မိသားစုဝင်များ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးပါရန် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) အဖွဲ့ဝင် ၅ ဦးတို့မှ 23-4-2018 ရက်စွဲပါစာဖြင့် ကော်မရှင်သို့ တိုင်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယင်းတိုင်တန်းချက်နှင့် ပတ်သက်၍ 23-4-2018 ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သော ကော်မရှင် မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ၄င်းတို့၏မိသားစုဝင်များ တွေ့ဆုံခွင့်ရရှိရေး အပါအ၀င် ၄င်းတို့၏ အခြေခံလူ့အခွင့်အရေးများ ထိခိုက်မှုမရှိစေရေး လိုအပ်သလို အရေးယူဆောင်ရွက် ပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပေးပို့ အကြေားကြားထားကြောင်းဖြင့် ပါရှိသည်။

 ဒုရဲမှုး မိုးရန်နိုင် နဲ.ပတ်သက်လို. သူ.ရဲ. မိသားစု  ဆွေစဉ်မျိုးဆက် အကြောင်းတွေ ပါစုစည်းပြီး အောက်ပါအတိုင်း ဖော်ပြလာမှုတွေကိုလည်းတွေ.ရပါတယ် ။

Photo from RFA

 မြန်မာပြည်အညာဘက်က မိသားစုကြီးတစ်ခုအကြောင်း ပြောပြမယ်။ အဲဒီမိသားစုက အင်္ဂလိပ်ခေတ်ကထဲက ပုလိပ်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုလာတာ ဒီဘက်ခေတ် ရဲဆိုပြီး ဖြစိတဲ့အချိန်အထိ သူတို့ မျိုးဆက်တွေက ရဲသားကြီးတွေအဖြစ် အမှုတော် ထမ်းနေကြတုန်းဘဲပေါ့။
အဲဒီထဲက ဦးအုန်းဆိုတဲ့ လူကြီးဆိုရင် အင်္ဂလိပ်ခေတ်ထဲက အင်စပက်တော်မင်းလုပ်ခဲ့တာ။ ဘယ်လောက်အထိ ရိုးဂုဏ်နဲ့ ကျော်စောသလဲဆိုတော့ ဦးနု ဝန်ကြီးချုပ်ဘဝနဲ့ ရွှေဘိုဘက်ကိုလာတဲ့အခါ သူ့အိမ်ကို တကူးတက ဝင်တောင် ကန်တော့ရတယ်ဆိုဘဲလား။

အဲဒီအမျိုးတွေက ယောင်္ကျားလေးတော်တော်များများ ပုလိပ်အမှု ရဲအမှုထမ်းကြပါတယ်။ ပုလိပ်အမှု ရဲအမှုထမ်းပြီးလို့ အငြိမ်းစားယူပြီးတဲ့ အခါကြတော့လည်း ဒီလောကကို စိတ်မကုန်သေးဘဲ ဌာနာအုပ်ဘဝ ရဲအုပ်ဘဝက အတွေ့အကြုံတွေကို ဖြစ်ရပ်မှန်စာပေတွေရေးပြီး စာရေးဆရာတွေအဖြစ် အသက်မွေးကြပြန်တယ်တဲ့ဗျ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက်က ခင်ဦးဘက်မှာ မူလတန်းကျောင်းအုပ်လေးတစ်ယောက် ရှိပါတယ်။ ကျောင်းဆရာဆိုတဲ့အတိုင်း အနေတော့ ရိုးပါတယ်။ ဒါပေမဲ့ မဟုတ်ရင် မခံတတ်တဲ့စိတ်ဓါတ်ရှိလေတော့ ရပ်ရွာက အားကိုးကြသလို တော်တန်ရုံလူတွေကလည်း ရှိန်ကြတဲ့အနေအထားပေါ့ဗျာ။

တစ်ခါသားတော့ ခင်ဦးမြို့လယ်ခေါင်မှာ နာရီစင်ကြီးဆောက်ဖို့ဆိုပြီး မြို့နယ်လုံးကျွတ်ငွေတွေကောက်ပြီးဖြစ်မလာလို့ ဆိုပြီး ကလောင်စွမ်းထက်ထက်နဲ့ ဆောင်းပါးရေးထဲ့လိုက်တာ မြို့က တာဝန်ရှိတဲ့လူတွေနဲ့ညှိကြတယ်လေ။ သူရေးလို့ တာဝန်ရှိသူတွေက ပြသနာသာရှာကြတာ အဲဒီနာရီစင်ကိစ္စက ခင်ဦးမှာ အခုထိကို ဖြစ်မလာတော့တာ ခင်ဦးသားတွေ အသိဆုံးရယ်ပေါ့ဗျာ။

ဒါနဲ့ အဲဒီနောက်တော့ ရဲတပ်ဖွဲ့က ဒုရဲအုပ်တွေခေါ်တော့ပါပြီးရဲထဲရောက်သွားလေရဲ့။ ရဲသိပ္ပံက ဆင်းဆင်းခြင်း ကရင်ပြည်နယ် ဇာသပြင်ဘက်မှာ တာဝန်ကျတယ်ဗျ။အဲဒီဇာသပြင်မှာ တာဝန်ကျတုန်း ဘုရားအုတ်တံတိုင်းကို ကလားတစ်ကောင်က သေးပန်းသတဲ့။ ဒါနဲ့ အဲဒီကလားကိုသူက သေနတ်နဲ့ လိုက်ပြစ်တယ်ဗျ။ ဟိုကောင် အပြေးမြန်လို့ သက်သာသွားတာပေါ့။ နောက်တော့ ပြသနာဆက်ဖြစ်မှာစိုးလို့ လူကြီးတွေကသူ့ကို လှိုင်းဘွဲ့ဘက်ကို ပြောင်းပြစ်လိုက်တယ်။
အဲဒီကပြီးတော့ စစ်ကိုင်းတိုင်း ကန့်ဘလူဘက်ကို မြေမွန်ရဲကင်းမှူးဒုရဲအုပ်နဲ့တာဝန်ကျပါတယ်။သူလည်းရောက်ပြီး မကြာဘူး အဲဒီနားက ကျေးရွာဥက္ကဌတစ်ယောက် အသတ်ခံရတယ်ဗျ။ဒါနဲ့ တောထဲတောင်ထဲမှာ သတ်သွားတဲ့လူဆိုးကို (၇)ရက်လောက် ခဲရာခဲဆစ် လိုက်ဖမ်းပြီး ဇီးကုန်းရဲစခန်းအချုပ်ထဲကို ပို့ခဲ့တယ်။ အဲဒီနောက် ဇီးကုန်းက ပုလိပ်တွေက တရားခံကိုစစ်တော့ တရားခံက ဖြောင့်ချက်မပေးဘူး။ဒီတော့ တရားခံက သူ့ကို ခက်ခက်ခဲခဲဖမ်းခဲ့တဲ့ ဗိုလ်လေးဆီမှာဘဲ ဖြောင့်ချက်ပေးမယ်ဆိုလို့ သူက ဇီးကုန်းရဲစခန်းကိုပြန်တက်လာပြီး တရားခံဆီကနေ ဖြောင့်ချက်ယူပေးရတဲ့အထိ တရားခံလူဆိုးကအစ သူ့ကိုလေးစားရတာပါ။

အဲဒီမှတဆင့် ကိုးထောင်ဘို့ဘက်ကို ရဲကင်းမှူးနဲ့ပြောင်းရတယ်။ အဲဒီမှာလဲ တရားမဝင်ဆင်ဆာခွေတွေ ဝင်ဖမ်းတော့ တရားခံအမျိုးသမီးကလုံချည်တွေချွတ်ချပြီး ဒီရဲအရာရှိကဆွဲချွတ်ပါတယ် လုပ်တာနဲ့ ရဲဘော်တွေကကာကွယ်ပေးလို့ ဘာမှမဖြစ်ခဲ့ပေမဲ့ အဲဒီကနေ ပြောင်းခဲ့ရတယ်။
နောက်တစ်နေရာက နောက်ကျွန်းလှ ရေရှင်ရေနံမှော်တွေမှာ တာဝန်ကျတာပါ။ သိတဲ့အတိုင်းဘဲ ရေနံထွက်တော့ လက်ဖျားငွေသီးကြသလို မူးယစ်ဆေးဝါးတွေလည်း ပေါတယ်လေ ။သူ့နယ်မြေကို မူးယစ်ဆေးဝါး အဓိကဝင်တာက ပင်လယ်ဘူးဘက်ကပါ။ အဲဒီမှာ မူးယစ်ဂိုဏ်းကကောင်တွေက သူ့ကို စခန်းမှူးအသစ်ဆိုတော့ လာညှိတယ်။

ဟိုကသိန်း၅၀ဆယ် လာပေးတာလက်မခံဘဲ သူ့အပိုင်ဝင်ရင်ဖမ်းမယ်လို့သတိပေးခဲ့တယ်။ နောက်တော့ ဟိုကောင်တွေ သူ့အပိုင်ထဲ ဝင်တဲ့အချိန်မှာ တကယ်ကြီး ဖမ်းပြစ်လိုက်တယ်။ ဖမ်းနေတဲ့အချိန်မှာ ဟိုဘက်က သူ့ကို ဓါးနဲ့ ဝင်ခုတ်လို့ ပေါင်ကိုပစ်ပြီးတောင် ဖမ်းခဲ့ရတယ်တဲ့။
နောက်.. သူ့အပိုင်ထဲမှာ ဘုရားပွဲလုပ်တယ်။ ဘုရားပွဲဆိုတော့ ထုံးစံအတိုင်း ခြောက်ကောင်ဂျင်ဝိုင်းတွေ လောင်းကစားဝိုင်းတွေပါလာတာပေါ့။အဲဒီမှာ ခြောက်ကောင်ဂျင်သမားတွေနဲ့ အခြားလောင်းကစားသမားဒိုင်တွေက သူ့ကို သိန်း(၃၀)ပေးပြီး လောင်းကစားဝိုင်းတွေ ထဲ့ချင်လို့ပါ အရင်နှစ်တွေကလဲ အခုလိုဘဲ ထဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှုးကလည်း ခွင့်ပြုပါတယ် ဆိုပြီးလာညှိကြတယ်။

သူကလည်း ပြတ်တယ်။ သိန်း(၃၀)လည်းမယူဘူး ။ ဖွင့်တဲ့လူ အကုန်ဖမ်းမယ်ဆိုဘဲ။ဒါနဲ့ ဘုရားပွဲစတော့ ခြောက်ကောင်ဂျင်သမားတွေက သူ့ကို ဂရုမစိုက်ဘူးဆိုပြီး အရင်နှစ်တွေကလိုဘဲ ဂျင်ဝိုင်းတွေ ဖွင့်တာပေါ့။သူရောက်သွားတော့ဇာက်ခုံပေါ်ကမိုက်နဲ့တက်အော်တယ်ချက်ခြင်းပိတ်ပါပေါ့ .. သူစင်ပေါ်ကဆင်းလို့ မပိတ်ဘဲတွေ့သေးရင်ဖမ်းမယ်လို့ကြေငြာတယ်။
သူစင်ပေါ်ကဆင်းတော့ ဟိုက အုပ်စုလိုက်ဒုတ်တွေဓါးတွေနဲ့ဝိုင်းလာတယ်။ ရုပ်ရုပ်သဲသဲဖြစ်ပြီးလောင်းကစားသမားတွေက ရဲဘော်တစ်ယောက်ရဲ.သေနတ်ကိုဆွဲလုလို့ သူကမိုးပေါ်ထောင်သေနတ်ပစ်တာထွက်ပြေးကြတယ်။
ပြေးရင်းလွှားရင်း ဒဏ်ရာရတော့ သူက သေနတ်နဲ့ပစ်လို့ ထိတာပါဆိုပြီး ဟိုဘက်က လိန်ပြီး တိုင်ကြတယ်။ ဒါနဲ့ မြနို့နယ်ဆရာဝန်ကြီးက ဒဏ်ရာကို စစ်တော့ ပြေးရင်းလွှားရင်း ဝါးချွန်နဲ့ ထိုးမိတာဖြစ်နေလို့ ကိုယ့်ဆရာတစ်ယောက် အလုပ်မပြုတ်ရှာတာပေါ့။

အလုပ်မပြုတ် ထောင်မကျပေမဲ့ သေနတ်ကိုင်ဆောင်ခွင့်တော့ အပိတ်ခံလိုက်ရတယ်ဗျ။ နောက်တော့ ကယားဘက်ကိုပါ အပြောင်းခံရတယ်။ကယားဘက်ရောက်တော့ မိသားစုနဲ့ တစ်ကွဲတစ်ပြားစီ ဖြစ်သွားတာပေါ့။ ဒါနဲ့ သူတို့ အမျိုးတွေက သူ့မိသားစုရော သူ့ကိုရော နှစ်နေရာထောက်ပံ့ခဲ့ရသေးတယ်။
အခုထိလည်း ထောက်ပံ့နေရတုန်းဘဲ။ သားအလတ်လေး ဆယ်တန်းအောင်ပြီးတာတောင် ရှင်မပြုရသေးလို့ အမျိုးတွေက ငွေဝိုင်းစိုက်ထုတ်ပေးပြီး ရှင်ပြုပေးရတယ်တဲ့။ အခုတော့ သူ့သားအလတ်က စီးပွားရေးတက္ကသိုလ်မှာ .. ထောက်ပံ့စာ သီးသန့်စားနေရတဲ့သဘောပေါ့။



အဲဒီကယားမှာ တာဝန်ကျတဲ့အချိန်မှာ သူ့အမေ အသည်းအသန်ဖြစ်တော့ ကိုရီးယားမှာ ရောက်နေတဲ့ ညီနှသ်ယောက်က သူတို့အမေ့အသက်မှီအောင်ပြန်လာနိုင်တယ်။သူကတော့ ပြန်မလာနိုင်ခဲ့ဘူး။ ဒါနဲ့ သူ့အမေဆုံးတယ်။ အမှန်က သူ့အမေက နေ့ခြင်း အသုဘ ချခိုင်းတာ။ ကယားကနေ သူပြန်မလာနိုင်တော့ သူ့ကိုစောင့်နေရင်း နောက်(၃)ရက် ဆုတ်လိုက်ရတာပေါ့။
နောက်ဆုံးတော့ အလောင်း သုသာန်ထွက်မယ်လုပ်တော့မှဘဲ သူက ရောက်လာနိုင်ခဲတယ်။ အဲဒါကြီးကို သူ့ဘဝမှာ တစ်သသနဲ့ သူက ဂုဏ်ယူချင်နေသေးတယ်ဆိုဘဲ။အဲဒီကနေမှ နေပြည်တော်ကိုပြောင်း .. ပြီးတော့ကံကောင်းတယ်လို့ပြောမလား ကံဆိုးတယ်လို့ပြောမလား အမှတ်(၈)ရဲတပ်ရင်းကိုရောက်သွားတယ်ဗျ။

ဒီလိုနဲ့ သူ့ရဲ့ ရဲတပ်ရင်းက ရခိုင်ဘက်ကို ရှေ့တန်းထွက်ပြီး ပြန်ဝင်လာတယ်။ တရက်တော့ သူတို့ တပ်တွင်းသက်သာဆိုင်ထိုင်နေတဲ့အချိန် တပ်ရင်းRPက ဧည့်သည်ဆိုပြီး လူနှစ်ယောက်လာပို့တယ်။အဲဒီလူတွေက သတင်းထောက်တွေ ။ ဒါပေမဲ့ သူတစ်ခါမှ ဒီလူတွေကို မမြင်ဖူးဘူး။ သူကသာ မမြင်ဖူးပေမဲ့ ဒီလူတွေမှာ သူ့ရဲ့ဖုန်းနံပါတ်က ရှိနေတယ်။
ဒီလိုနဲ့ သိသိ မသိသိ သူတို့ အဲဒီ သက်သာဆိုင်မှာ အတူတူထိုင်ကြတယ်။ နောက်တော့ အဲဒီသတင်းထောက်(၂)ယောက် အဖမ်းခံရတယ်။ သူတို့ငါးယောက်လည်း အဖမ်းခံရပြီး စုံခုံဖွဲ့ပြီး အစစ်ခံရတယ်။အဲဒီမှာ ဘာသွားဖြစ်လည်းဆိုတော့ ခုနကပြောခဲ့သလို တစ်ဆွေလုံးတစ်မျိုးလုံး အင်္ဂလိပ်ခေတ်ထဲက ပုလိပ်အလုပ် ရဲအလုပ်ကို သိက္ခာရှိရှိလုပ်ခဲ့တဲ့ တစ်ဆွေလုံး တစ်မျိုးလုံးက အံသြကုန်တာပေါ့။

သူ့အကြောင်းကို သိနေတဲ့ သူ့အမျိုးတွေ သူ့ပြောင်းလာခဲ့သမျှ ဒေသတွေက လုပ်ဖေါ်ကိုင်ဘက်တွေ။ သူစာသင်ပေးခဲ့လို့ အရာရှိကြီးတွေ ဖြစ်နေပြီဖြစ်တဲ့ သူ့တပည့်တွေဆိုတာ သူဟာ အခုလို တစ်မျိုးသားလုံးကို သစ္စာဖေါက်ရဲလောက်အောင် မိုက်မဲမဲ့သူ တစ်ယောက်မဟုတ်ဘူးဆိုပြီး ယုံကြည်နေကြသလို အခြားတစ်ဘက်မှာလည်း သူသာ အဲဒီလိုလုပ်ရပ်ကို ကျူးလွန်ခဲ့တယ်ဆိုရင်လည်း သူ့တို့နဲ့ သေခန်းပြတ်မယ်ဆိုပြီး ပြောနေကြပါတယ်။

အော်..သူ့နာမည်လား!ဒုရဲမှုးမိုးရန်နိုင်လို့ခေါ်ပါတယ်။ကလေး(၃)ယောက်ရဲ့ဖခင်ဖြစ်ပြီးလောလောဆယ်တော့ အချုပ်ထဲမှာ စုံခုံဖွဲ့ခံထိနေပါတယ်။ဒီနေရာမှာ မိထားတဲ့ သတင်းထောက်နှစ်ယောက်ကို ပြောချင်ပါတယ်။ဒီသတင်းထောက်တွေရဲ့လက်ထဲက လဝအဆင့် စာရွက်စာတမ်းတွေ အချက်အလက်တွေကြောင့် ဒီပြသနာဖြစ်သွားတာပါ။

သတင်းထောက်တွေအနေနဲ့ မိမိတို့ဟာ ဒီစာရွက်စာတမ်းတွေကို ဘယ်သူ့ဆီကရတယ် .. ဘယ်သူကတော့ မိမိတို့နဲ့ ပါဝင်ပတ်သတ်မှု ရှိမနေပါဘူးဆိုတာ အမှန်အတိုင်း ထွက်ဆိုဖို့လိုပါတယ်။တစ်ချို့လူတွေဟာ အသက်ထက် အရှက်တရားကို ပိုပြီးတန်ဖိုးထားကြသလို မျိုးဂုဏ်ရိုးဂုဏ်ကို အသက်ထက် တန်ဖိုးထားကြတယ်ဆိုတာ သိထားကြစေချင်ပါတယ်။


Source ; Akon Thi , The Ladies News , Aung Thet Htut ,Ag Ko Ko , Khaing Zaw & ထက်ဦး

 မှတ်ချက် - ယခုသတင်းစုစည်းမှုတွင် ရင်းမြစ် တစ်ခုချင်းစီ၏ သတင်းမှန်ကန်မှု / မှားယွင်းမှုတို.ကို မိမိတို.အနေဖြင့် သီးခြားအတည်ပြုချက် ပေးမည်မဟုတ်သလို ထင်မြင်ချက် ပေးမည်လည်းမဟုတ်ပဲ  တွေ.ရှိရသော သတင်းများကို စုစည်းဖော်ပြခြင်းသက်သက်သာ ဖြစ်ပါသည် ။

ဆက်စပ်ဖတ်ရှုရန် 

 ဒုရဲမှုး မိုးရန်နိုင် သတင်းများ စုစည်းမှု - ၁

ဒုရဲမှုး မိုးရန်နိုင် သတင်းများ စုစည်းမှု - ၁






ဒီရက်ပိုင်းမှာ ဒုရဲမှုး မိုးရန်နိုင် နဲ. ပတ်သက်တဲ့ သတင်းတွေအတော်ဟော့ခဲ့ပါတယ် ။ မှန်တယ် / မှားတယ် ၊ သစ္စာရှိတယ် / သစ္စာဖောက်တယ် ၊ နိုင်ငံအတွက်ပဲ ကြည့်ရမယ် / အမှန်တရားဘက်ပဲကြည့်ဖို.လိုတယ် ဆိုပြီး အယူအဆအမျိုးမျိုး ၊ အရေးအသားအထွေထွေ ၊ တင်ပြမှု အစုံစုံ မြင်တွေ.နေရပါတယ် ။ ဒါကြောင့် သူနဲ.ပတ်သက်တဲ့ ရေးသားမှုတွေ ၊ အယူအဆတွေကို စုစည်း တင်ပြခြင်း ဖြစ်ပါတယ် ။

ဒီဖြစ်စဉ်နဲ. ပတ်သက်လို. Facebook မှာ Aung Htut Thet  ဆိုတဲ့ အကောင့်က ခုလိုရေးသားခဲံ့ပါတယ်

အဲဒီဖြစ်စဉ်ကဒီလိုပါ။...ဘဂါင်္လီလော်ဘီ ရိုက်တာ သတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦး မောင်တော အင်းဒင်ရွာကိစ္စကို သတင်းအနံ့ရတယ်။ သတင်းရဖို့ လိုက်တော့ အဲဒီတုန်းက အင်းဒင်ရွာမှာတာဝန်ကျခဲ့တဲ့ ဒုရဲမှူးမိုးရန်နိုင် နဲ့ ချိတ်ဆက်မိတယ်။ ငွေနဲ့အောပြီးသတင်းဝယ်တယ်။ ရောင်းတယ်။ ဘဂါင်္လီ ၁၀ ယောက်သတ်ခံရတဲ့သတင်း ရိုက်တာ ကတဆင့် ပျံ့သွားတယ်။ အထျိုးဆက်အနေနဲ့ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ တပ်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ အရေးယူခံရတယ်။ သတင်းပေါက်ကြားမှုကို စိစစ်တော့ အခင်းဖြစ်ချိန် အင်းဒင်ရွာမှာတာဝန်ကျခဲ့ပြီးနောက်ပိုင်းတွင် ရန်ကုန်ပြောင်းရသူ ဒုရဲမှူးမိုးရန်နိင် ပါ ရဲတပ်ဖွဲ့ဝင် ၆ဦးအားဖော်ထုတ်ရရှိတယ်။စိစစ်ချက်အရ ဒုရဲမှူးမိုးရန်နိုင်နဲ့ရဲတပ်ကြပ်ခင်မောင်လင်းတို့၂ဦး သည်ရိုက်တာသတင်းထောက် ဝလုံးနှင့်ကျော်စိုးဦးအား သတင်းပေါက်ကြားစေခဲ့ကြောင်း ဖော်ထုတ်ရရှိတယ်။ သက်သေမခိုင်လုံသူကျန် ရဲတပ်ဖွဲ့ဝင် ၄ဦးကိုပြန်လွှတ်ပေးခဲ့တယ်။ ရိုက်တာသတင်းထောက်၂ဦးမှထပ်မံ၍ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေကိုချိုးဖောက်သတင်းရယူရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့နှင့် ချိတ်ဆက်ရှိပြီးဖြစ်သူ ဒုရဲမှူးမိုးရန်နိုင်အား စားသောက်ဆိုင်သို့ ချိန်းဆိုချက်ကို ကြိုတင်သတင်းရရှိသဖြင့် ဒုရဲမှူးမိုးရန်နိုင်အသွင်ယူကာ တရားခံသတင်းထောက်များအားစာရွက်စာတမ်းများနှင့်အတူလက်ပူးလက်ကြပ် ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့တယ်။ တရားလိုသက်သေအဖြစ် ဒုရဲမှူးမိုးရန်နိုင်အားတင်သွင်းစဉ် ၎င်းကိုယ်တိုင်လည်း နောက်ပိုင်းတွင်အရေးယူခံရတော့မည်ဖြစ်ရာ သေမထူးနေမထူးသဘောဖြင့် အထက်လူကြီးမှရိုက်တာသတင်းထောက်၂ဦးအားထောင်ချောက်ဆင် ဖမ်းဆီးစေခြင်းဖြစ်သည်ဟု သရဲဘောကြောင်စွာလိမ်လည်ထွက်ဆိုခဲ့တယ်။

၎င်းအားလည်းမိသားစုနင့်မတွေ့ရပဲ၁၂၉ရက်ထားရှိခဲ့တယ်...လူ့အခွင့်အရေးခိုးဖောက်ခံရတယ်... 
မိသားစုကိုလည်း လိုင်းခန်းမှချက်ခြင်းဆင်းခိုင်းတယ်...စသည်ဖြင့် မီဒီယာအားကို သုံးကာ ဇာတ်နာအောင်ရေး...လူအများမျက်ရည်ချူ...အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်...အမှားကိုအမှန်...
 လူဆိုးကိုလူကောင်းထင်အောင်လုပ်နေကြတယ်။ အဓိကကတော့ ဘဂါင်္လီလော်ဘီတွေရဲ့ တိုက်ကွက်တွေပဲ။ ဘဂါင်္လီလော်ဘီရိုက်တာသတင်းထောက်တွေ လွတ်အောင်...ရခိုင်ပြည်နယ်က ဘဂါင်္လီကိစ္စရှုပ်ထွေးအောင် နည်းမျိုးစုံသုံးပြီးလှုံဆော်နေတယ်။ အဲဒီမှာ နိုင်ငံ့ဝန်ထမ်းဖြစ်ရက်နဲ့ နိုင်ငံတော်ကိုသစ္စာဖောက်တဲ့ဒုရဲမှူးမိုးရန်နိုင်ကိုအသုံးချပြီးသူရဲကောင်းသဖွယ်လှည့်စားပုံဖော်လာတယ်။ တကယ်တော့သူက နိုင်ငံသစ္စာဖောက်ဝန်ထမ်းပျက်ပဲ။ ပြင်းပြင်းထန်ထန်အရေးယူကိုယူရမှာပါ။ ဘဂါင်္လီအလိုတော်ရိတွေ...ဘဂါင်္လီလော်ဘီတွေရဲ့ တိုက်ကွက်..လှည့်ကွက်အောက်မှာ တို့နိုင်ငံသားများ မျက်စေ့လည်မသွားစေနဲ့။ မြင်အောင်ကြည့်ပါ။ ညံ့ရင်တော့...မညီညွတ်ရင်တော့ ကုလားစားသွားမယ်။ အမြင်မှန်...သဘောပေါက်သူများ မီဒီယာအားကို သုံး၍ အဖြစ်မှန်ကို မျှဝေစေချင်ပါတယ်



အဲ့ဒီဖြစ်စဉ်မှာ ဒုရဲမှူးမိုးရန်နိုင်ရဲ. မိသားစု ကို လိုင်းခန်းမှချက်ခြင်းရွှေ့ပြောင်းပေးဖို. ဖုန်းဆက်လို.ဆိုပြီး သူ.ရဲ.အမျိုးသမီးဖြစ်သူ တင်လာတဲ့ Post ဟာလည်းဒီဖြစ်ရပ်ကိုအများပို စိတ်ဝင်စားလာစေတဲ့ အချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
  
ဒါနဲ. ပတ်သက်လို. ဒုရဲမှူးမိုးရန်နိုင်၏မိသားစု လိုင်းခန်းမှရွှေ့ပြောင်းပေးခဲ့ရသည့် ဖြစ်စဉ်အပေါ်
ရဲမှူးကြီးမျိုးသူစိုး၏ ဖြေကြားချက်  ဆိုပြီး  ဒါးဇ (အကုန်သိသတင်းဌာန)  ကတော့ အခုလိုရေးသားတင်ပြလာခဲ့ပါတယ် ။

သတင်းထောက်နှစ်ဦးအား ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း
ဧပြီလ ၂၀ ရက်က အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံး (၁၄) ကြိမ်မြောက်ရုံးချိန်းတွင် ဒုရဲမှူး မိုးရန်နိုင်မှ ထွက်ဆိုခဲ့ပြီးနောက် ဧပြီလ ၂၁ ရက် (ယနေ့) နံနက်ပိုင်းက ၎င်း၏ ဇနီးနှင့် မိသားစုဝင်များအား နေပြည်တော်ရှိ ရဲလိုင်းခန်းမှ နှင်ထုတ်ခံခဲ့ရသည့်သတင်းများ လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းဌာနအချို့တွင် ပျံ့နှံ့လာခဲ့သည်။ အဆိုပါသတင်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးအား အကုန်သိ သတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ . . .
မေး။ ။ ဒုရဲမှူးမိုးရန်နိုင် မိသားစုကို လိုင်းခန်းပေါ်ကနှင်ချလိုက်တယ်ဆိုတာနဲ့ပတ်သက်ပြီးဟုတ်ပါသလား။
ဖြေ။ ။ ကျွန်တော်တို့က ဒုရဲမှူးမိုးရန်နိုင်တို့မိသားစုဝင်တွေကိုနှင်ချတာမဟုတ်ပါဘူး။ဒုရဲမှူးမိုးရန်နိုင်က လွန်ခဲ့တဲ့ ၉ လလောက်ကတည်းကနေပြည်တော်တိုင်းရဲတပ်ဖွဲ့ကနေပြီးတော့ ရဲအုပ်အဆင့်ကနေ ဒုရဲမှူးအဆင့်ရာထူးတိုးမြှင့်ပြီးတော့မှအမှတ်(၈)လုံခြုံရေးရဲတပ်ရင်းကိုပြောင်းရွေ့သွားတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ဒီလိုင်းခန်းတွေရဲ့စည်းမျဉ်း ၊ စည်းကမ်းအရ တပ်ဖွဲ့ဝင်ပြောင်းသွားတယ်ဆိုလို့ရှိရင် သူ့မိသားစုဝင်တွေလည်း သူပြောင်းသွားတဲ့နေရာကို လိုက်ပါပြောင်းရွေ့နေထိုင်သွားရမယ်ပေါ့။ ဒါပေမဲ့လည်း ဒုရဲမှူးမိုးရန်နိုင်ရဲ့မိသားစုမှာ စာမေးပွဲဖြေဆိုရမယ့် ကလေးတွေရှိနေတယ်။အဲဒါကြောင့် သူ့ကလေးတွေရဲ့စာမေးပွဲရာသီပြီးတဲ့အထိနေထိုင်ခွင့်ပေးခဲ့တာပေါ့နော်။အဲဒါကိုသူ့မိသားစုဝင်တွေ
ကိုလည်းပြောထားပြီးသားပါ။လိုင်းခန်းတွေရွေ့ပြောင်းပေးရမယ်ဆိုတာလည်းပြောထားပြီးသားပါ။ အခုဟာကဒီလိုကိစ္စအကြောင်းအရာဖြစ်သွားလို့သူ့မိသားစုတွေကိုအတင်းအကြပ်နှင်ချပြီးပြောင်းခိုင်း
တာမဟုတ်ပါဘူး။သူ့ခင်ပွန်းပြောင်းရွေ့တာဝန်ထမ်းဆောင်တဲ့နေရာကိုပြောင်းရွေ့ပေးပါဆိုပြီးပြောတာပါ။
မေး။ ။ အဲဒီလိုပြောင်းရွှေ့ပေးပါလို့ပြောလိုက်တယ်ဆိုတာက နှင်ချတာမဟုတ်ဘူးလားခင်ဗျ။
ဖြေ။ ။ နှင်ချတာမဟုတ်ဘူး။ကျန်တဲ့ရဲတပ်ဖွဲ့ဝင်တွေထဲမှာသူ့လိုပဲ ပြောင်းရွေ့ရမယ့်သူတွေရှိတယ်။ပြောင်းရွှေ့ပြီးသွားတဲ့သူတွေလည်းရှိတယ်။တချို့တွေကလည်း ကလေးတွေစာမေးပွဲရာသီပြီးဆုံးကတည်းကပြောင်းရွှေ့ပြီးသွားပြီပေါ့လေ။သူတို့ကကျန်နေသေးတာပေါ့။
အဲဒါကိုကျွန်တော်တို့ကပြောင်းရွေ့ခိုင်းတာပေါ့။အဲတော့ကျွန်တော်တို့ဒီနေပြည်တော်တိုင်းရဲတပ်ဖွဲ့အတွင်း
မှာအိမ်ခန်းမရလို့အပြင်မှာငှားရမ်းနေထိုင်ရတဲ့ရဲတပ်ဖွဲ့ဝင်တွေအများကြီးရှိတယ်။အဲဒီလိုမျိုးမပြောင်းပဲနဲ့နေထိုင်
ကြမယ်ဆိုရင်နောက်လူတွေအတွက်နေဖို့ထိုင်ဖို့ဆိုတဲ့အခက်အခဲတွေရှိပါတယ်။အဲဒီတော့ကျွန်တော်တို့က
လည်းပြန်ပြီးတော့မေးချင်တာလေးရှိပါတယ်။လူတွေကဒုရဲမှူးမိုးရန်နိုင်မိသားစုပြောင်းရွှေ့သွားတာနဲ့ပတ်
သက်ပြီးပြောနေကြတယ်။နေစရာမရှိဘာညာစသဖြင့်ပေါ့လေ။
အဲဒီတော့ကျန်တဲ့နေပြည်တော်ရဲတပ်ဖွဲ့အပြင်အခြားရဲတပ်ဖွဲ့ဝန်ထမ်းတွေကကောနေစရာရှိနေကြ
လို့လား။ပြောချင်တာကလိုင်းခန်းမရလို့အပြင်မှာအိမ်ငှားရမ်းနေထိုင်ကြတဲ့သူတွေအများကြီးရှိတယ်ဗျ။လိုင်းခန်း
ဆိုတာကရဲတပ်ဖွဲ့ဝင်တွေအားလုံးအတွက်အပြည့်အစုံရှိသေးတာမဟုတ်ဘူးလေ။ဒုရဲမှူးမိုးရန်နိုင်ရဲ့ဖြစ်သွားတဲ့ ဖြစ်စဉ်အပေါ်မှာပဲ လူတွေကသနားနေကြတာလေ အခုဟာက။အဲဒီတော့ အပြင်မှာသူတို့လိုမျိုးနေနေရတဲ့ တပ်ဖွဲ့ဝင်တွေအပေါ်မှာလည်း စာနာကြရဲ့လားဆိုတာကို ပြန်မေးချင်တာပါ။
အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဒီဖြစ်ရပ် ဖြစ်လာတဲ့နောက် ကမ္ဘာပေါ်မှာ အလှုအတန်း အရက်ရောဆုံးလို.တရားဝင်အမည်ပေါက်နေတဲံ့ မြန်မာတို.ရဲ.ထုံးစံအတိုင်း အလှုခံ ကိစ္စတွေ ပေါ်ပေါက်လာပါတယ် ။ လူမှုရေးအရ စာနာသူတွေ ၊ နိုင်ငံရေးအရ ထောက်ကူအားပေးလိုသူတွေ စသည်ဖြင့် ကိုယ်.ယုံကြည်ချက်နဲ.ကိုယ် ကူညီလိုသူတွေပေါ်ပေါက်လာခဲ့ပါတယ် ။ဒါနဲ.ပတ်သက်လို. ထက်ဦး ဆိုတဲ့ အကောင့်ကတော့ ခုလိုသတိပေးရေးသားလာခဲ့တာကို Ag Ko Ko ဆိုတဲ့အကောင့်က ဖြန်.ဝေတင်ပြလာခဲ့ပါတယ် ။ 

ရွှေစည်တော် ဘူဖေးဆိုင်

ဒုရဲမှူး မိုးရန်နိုင်ကိစ္စကို လူသားချင်းစာနာမိသူတိုင်း စိတ်မကောင်းဖြစ်ကြလိမ့်မယ်။ ဒေါသထွက်ကြလိမ့်မယ်။ ဒါတွေက ဖြစ်လည်းဖြစ်သင့်တာတွေမို့ လွန်ဆန်နိုင်ဖို့ မလွယ်ဘူး။ အရာရာက အမှန်တရားအတိုင်း၊ ဥပဒေအတိုင်း သွားမှာပဲ။ မဖြစ်သင့်တာကတော့ ကြားလူတွေက မျောက်ပြဆန်တောင်း လုပ်ပြီး အလှူငွေတွေ တွန်းကောက်နေတဲ့ ကိစ္စနဲ့ ကာယကံရှင်က မျက်ရည်ခံထိုး သနားအောင်လုပ်နေတဲ့ ကိစ္စပဲ။


မတူးတူးတို့ဟာ အခု သူ့အကိုရဲ့ အိမ်မှာ သွားနေကြတယ်။ ဒုရဲမှူးမိုးရန်နိုင်ရဲ့ အစ်ကိုဆိုတာ နေပြည်တော်မှာ ပထမဆုံး ဘူဖေးထမင်းဆိုင်ဖွင့်ခဲ့တဲ့ ရွှေစည်တော် ဘူဖေးပိုင်ရှင်ပဲ။ ဒီဆိုင်က ဒီကနေ့အထိ နေပြည်တော်မှာ အကြီးဆုံး မြန်မာဘူဖေးဆိုင်ကြီး။ ဆိုင်အပြင်အဆင်နဲ့ အခင်းအကျင်းကို ကြည့်ရုံနဲ့ ဘယ်လောက် ချမ်းသာလဲဆိုတာ သိနိုင်တယ်။ ကြားထဲက လူတွေ ကောက်လို့ ရတဲ့ အလှူငွေလောက်တော့ သူတို့မိသားစုက ရယ်တာပေါ့။


ပြောချင်တာက ဒုရဲမှူး မိုးရန်နိုင်တို့ မိသားစုတွေ၊ ဆွေမျိုးတွေက အများထင်ထားကြသလောက် ချို့တဲ့နုံချာ ပေးစာကမ်းစာနဲ့ ရပ်တည်ရမယ့်လူတွေ မဟုတ်ဘူးဆိုတာပါပဲဒါကို မသိဘဲ သနားစရာကောင်းအောင် ဇတ်လမ်းဆင်ရေးနေတဲ့သူတွေနဲ့၊ မဆီမဆိုင် အလှူငွေတွေအတင်းကောက်နေတဲ့သူတွေကို ပြည်သူများ သတိထားနိုင်အောင်လို့ ပြောတာပါ။ 

Source ; Akon Thi , The Ladies News , Aung Thet Htut ,Ag Ko Ko , Khaing Zaw & ထက်ဦး

မှတ်ချက် - ယခုသတင်းစုစည်းမှုတွင် ရင်းမြစ် တစ်ခုချင်းစီ၏ သတင်းမှန်ကန်မှု / မှားယွင်းမှုတို.ကို မိမိတို.အနေဖြင့် သီးခြားအတည်ပြုချက် ပေးမည်မဟုတ်သလို ထင်မြင်ချက် ပေးမည်လည်းမဟုတ်ပဲ  တွေ.ရှိရသော သတင်းများကို စုစည်းဖော်ပြခြင်းသက်သက်သာ ဖြစ်ပါသည် ။