Showing posts with label အတွေးအမြင်.နှင်. သုတ ရသ စာစုများ. Show all posts
Showing posts with label အတွေးအမြင်.နှင်. သုတ ရသ စာစုများ. Show all posts

Monday, August 17, 2020

အဖေ နဲ့ ကမြ - လဲ့လဲ့မြင့်

 

အဖေက တနဂ်နွေသား ကျမက ဗုဒ္ဓဟူးသမီးဖြစ်ပါတယ်..အကြောင်းအရာ အတော်များများမာ အဖေနဲ့ကျမ အမြင် မတူကြပါ..ကျမကအဖေရဲ့ တစ်ခုတည်းသောအတိုက်အခံ ပါတီပါ.. အမေအပါအဝင်ဘယ်သူတစ်ဦးတစ်ယောက်မ အဖေကို မဆန့်ကျင်ကြပါ..ဒါပေမဲ့ အိမ်မာ ကျမဟင်းချက်ရင် အဖေအတွက် အကောင်းဆုံးဖယ်ပြီးမ ထိုင်ဆွမ်းအတွက်ဒုတိယဖယ်ပါတယ်..အိမ်ထောင်ကျတော့လဲ အဖေကြိုက်တာသာ ဦးစားပေးပါတယ်..ညနေအဖေဆိုင်ကပြန်လာခါနီးရင် ရင်းလင်းပြီး အိမ်ရေကအဖေ့ချောင်းဟန့်သံကြားရင် သတိအနေအထား ပြင်ထားတတ်အောင် အသိစိတ်ထဲမာ အဖေဟာ အရေးပါသော သူရဲကောင်းပါ..

 တစ်ရက် ကိုယုဝမ်ပဲ့ထောင်နဲ့ အဖေနဲ့ကျမ မော်ကျွန်းသွားကြပါတယ်.ကျုံမငေးခဏအဝင် မြစ်လယ်နားမာ ပဲ့ထောင်စက်နိုးလို့မရတော့ လိုင်းလေနဲ့လိမ့်နေအောင်ခံရပါတယ်..အဖေကရေထဲခုံဆင်းပြီးပဲ့ထောင်ကြိုးကိုဆွဲပြီး ကူးပါတယ်..ကိုယုဝမ်က အတင်းပြန်တက်ခိုင်း ပေမဲ့ မတက် တွန်းလိုက်ဆွဲလိုက်နဲ့ကမ်းရောက်အောင်သွားပါတယ်..ကမ်းရောက်တော့မ ပက်လက်ကြီးလဲပီး ငါ့သမီးကရေမကူးတတ်ဘူးကွ ငါကဘာအကြောင်းလဲ ဝါးခယ်မမြစ်ကို အသွားအပြန်ကူးနေတဲ့ ကောင် ကွလို့မောမောနဲ့ကြွားလိုက်ပါသေးတယ်.1980ဝန်းကျင် ကျမဆရာမ လုပ်နေပြီးသူလဲ အသက်မငယ်လတော့ပါ..

 အဖေအကြောင်းကိုတွေးရင် ဒီနေ့အထိ အားအဖြစ်ရဆုံး အကြောင်း သုံးခုရိပါတယ်..

 ကျမတို့ 3/4 တန်းလောက်မာဝါးခယ်မကိုသူပုန်ဝင်စီး ပါတယ်.. မကြားဘူးတဲ့သေနတ်သံတွေကြောင့်ကျမ တုန်နေအောင်ကြောက်ပါတယ်. အမေကအငယ်ကို အသံထွက်မငိုအောင် ချော့ပြီး.အမ (အဖွား)က ကျမကိုဖက်ထားပါတယ်. အဖေကတော့အိမ်ရေ့ ခေါက်တံခါးလေးဟပီး သူ့လိုင်စင် ပစ္စတိုကို ကိုင်ပြီး လမ်းမာ သွားနေတဲ့သူပုန်တွေကိုကြည့်နေပါတယ်..ကျမ ရင်တွေ တအားခုန်နေလို့ အမသွေးဆေး ထယူတဲ့အခါ ကျမ ငိုပါရော.အဖေကသမီးဖေကြီးဆီလာလို့ခေါ်တော့ကျမပြေးသွားပြီးသူ့ရင်ခွင်ထဲမာ ထိုင်ငိုပါတယ် ..အဖေက သေနတ်ကိုပြပြီး သူပုန်အိမ်ထဲ ဝင်လာတာနဲ့ ဖေကြီးပစ် လိုက်မာ ..ကျည်ဆံတွေ အများကြီး ဝင်သမျအကုန်ပစ်မယ် သမီးမကြောက်နဲ့လို့ ပြောလ်ုက်တဲ့အခါ ကျမဘယ်လောက်အားရိသွားမလဲ...1988 လိုင်စင်သေနတ်တွေပြန်သိမ်းတဲ့အခါ အဖေနဲ့ထပ်တူသေနတ်လေးကိုနမြောမိပါတယ်...

 ဒုတိယအကြောင်းက 10တန်းဖြေခါနီး ဆေးရုံရပ်ကွက်မီးလောင်တော့ အဖေကတည်တည်ငြိမ်ငြိမ်ဘဲ အရေးကြီးတာတွေသယ်ပြီးကမ်းနားဆိပ်မာကျမတို့ကိုနေခိုင်းထားပါတယ်.. ဘာသယ်ရအုံးမလဲဆိုပြီးအိမ်ကို ပြန်ဝင်တော့ အိမ်အနာက်ဘက်ကရဲနေတဲ့မီးညွန်တွေမြင်ပြီးကြောက်စိတ်နဲ့အိမ်ထဲပြေးဝင် တဲ့အခါ ဘုရားဆင်းတုတော်ကိုကိုင်ပြီး တုန်တုန်ရီရီ နဲ့အဖေ့ကို တွေ့ရပါတယ်.. ဖေကြီးရေ သမီးတို့အိမ်တော့မလွတ်တော့ဘူးဆိုပြီးကျမငိုတဲ့အခါအဖေက ချက်ချင်းအမူအရာပြင်ပြီး မလွတ်​ေတာ့ဘာဖြစ်လဲ ဒိထက်ကောင်းတဲ့အိမ် ဖေကြီးဆောက်ပေးမယ်..ဆိုပြီး ဘုရားပင့် လို့နစ်ယောက်သားကမ်းနားဆိပ်ကိုဆင်းခဲ့တယ်..

 တတိယအချက်ကတော့ အိမ်ထောင်ကျပြီး ဆရာမလုပ်နေတုံး ရက်တစ်ရာ ချောင်းကြီးဆိုးတော့

TB ဆိုပြီးတူ တူမတွေ အနား မလာခိုင်းရဲ ဘယ်သူချော့လို့မလဲ မရ. ဖေကြီး ဆိုင်ကပြန်လာတဲ့အခါအမေက ကျမဖြစ်နေတာတွေ ပြောပြတော့ ခြင်ထောင်ထဲကို ဝင်လာပြီး ကမ္ဘာနာ မဟုတ်တော့ဘူး ဖေကြီးပိုက်ဆံရာနေတာ ဒါတွေ သုံးဘို့.. ပုသိမ်သွား ထပ်စစ် ဆိုပြီး ပြောလိုက်တာ ကျမ ငုတ်တုတ် ထ ထိုင်အစားတွေ စား ပုသိမ်ကပြန်တော့ clear..


                                           ဤစာစုကိုရေးသားခဲ့သူ ဒေါ်လဲ့လဲ့မြင့်

 အဲလိုအားတွေပေးခဲ့ပေမဲ့ ရန်ဖြစ်မြဲ. အမြင်မတူမြဲမတည့်မြဲ ပါဘဲ.. မေမေဆုံးပြီး 2နစ်လောက်ကြာမသူ့ကို နားလည်ခဲ့သလို အ​ေဖကလဲကျမကိုနဲနဲသဘောပေါက်လာပါတယ်....

 ကျမ ဘဝမာ အဖေနဲ့ အသေအကြေတိုက်ပွဲဝင်ရမယ်လ်ို့တွေးထားတဲ့ ဦးညီညီသန်းနဲ့လက်ထပ်ဘို့ကိစ္စက မယုံနိုင်လောက်အောင် အဆင်ပြေသွားတာအံသြစရာ ပါဘဲ..အမေကယောကျ်ားလေးဘက်ကစကားပြောချင်ပြီလို့ပြောလိုက်တာနဲ့. အေးအေးဆေးဆေးဘဲ လာခိုင်းလိုက်ပါလို့ပြောသတဲ့.. ဘယ်လူကြီးပါမ ဘယ် အရာရိပါမတစ်ခွန်းမပြောဘူးနော်..အမေကိုတော့ နင့်သမီးရွေးရင်မမားနိုင်ဘူးလို့ပြောတယ်တဲ့..ဦးညီညီသန်းတို့မိသားစုတွေ ရောက်လာတဲ့အခါပြက္ခဒိန် ချပြီးစေ့စပ်မာဘယ်ရက် လက်ထပ်မာဘယ်ရက်သူဘဲဦးဆောင်ရွေးသွားတာဘဲ.. စေ့စပ်တဲ့နေ့မာ သူ့ သားမက်လောင်းကိုသူမြင်ဘူးတော့ အမေ့ကိုပြောသတဲ့ကြိုက်ထားလိုက်တဲ့ရုပ်ကလဲ ကချင်လိုလို လဒူလိုလို ရုပ်...တဲ့

 အမေဆုံးတဲ့အခါ ကျမနဲ့အဖေတိုက်ပွဲကအတော်ပြင်းထန်တာ.. သူ့ကိုမကြေနပ်တာတွေ အမေကိုတတပြီးကျမပြောသမျ ကို ငြိမ်ခံနေတယ်..ကျမဘယ်လောက် ဆိုးသလဲဆိုရင် အဖေသူငယ်ချင်း

မြေစာရင်း ကဦးချစ်စိန်ကိုလက်ဆွဲပြီး. အမေမရိတဲ့နောက်. မိန်းမထပ်မယူဘို့ . ကြိုက်တဲ့မိန်းမကို အဖေရာတဲ့ငွေနဲ့ နေချင်သလိုနေ အမေနေရာမာနောက်တစ်ယောက် ဆိုလို့ကတော့ အသေသတ်် ပြီဆိုပြီးသူ့သူငယ်ချင်းရေ့မာဂတိတောင်းတာ..

 အေးပါကွာ လို့ပြောတဲ့အသံကိုကျမကြားယောင်မိတယ်..သားမရိတဲ့ အမေ ကိုခေါင်းသွင်းတာ ဂူပိတ်တာ ကျမ အားလုံးလုပ်ခဲ့တယ် အမေ့ဂူပိတ်ပြီး အိမ်ပြန်လာတဲ့အခါ ကျမစိတ် အတော်ပြောင်းလွဲသွားခဲ့တယ်..အဖေကိုသေခြာကြည့်ပြီး အခေါင်းတစ်ခုထဲမာ ဂူထဲမာ အ​ေဖ့ကိုထားကြည့်လိုက်ရင် အဖေကိုအပစ် မမြင် မကြေနပ်တာဘာမမရိ အဖေစိတ်ချမ်းသာသလိုနေလို့ ပြောခဲ့တယ်..အဲဒီနေ့ကစလို့နားလည်မူရခဲ့တယ်..

 နောက်ပိုင်းသူ အထီးကျန်တာတွေ ရင်ဖွင့်လာရင်ကျမက အဖေဘယ်သားသမီးကိုရီမောနောက်ပြောင်ဘူးလဲ.. ဘယ်ခလေးနဲ့ဆော့ဘူးလဲ သူ့လိုအပ်ချက်တွေ အေးအေးဆေးဆေးပြောပြပါတယ်..အဖေလေဖြတ်တာ အဖေဆေးရုံပေါ်ကနေ့ရက်တွေနောက်ဆုံချိန်တွေကိုတော့ ရင်နာလို့မရေးတော့ပါဘူး..

 ကျမတို့ဟာ ကိုယ်အိမ်ထောင်ကိုယ့်မိသားစု ဘဝတွေမာလောကဓံတွေ မျိုးစုံရင်ဆိုင်ရပါတယ်..

အရင်ဧရာဝတီတိုင်းမာသဘေ်ာတစ်ည စီးမရန်ကုန်ကုန်ရောက်တယ် သားသမီးတွေနဲ့သွားရင်တညလုံးမအိပ်နိုင်ရွတ်ရ ဖတ်ရ ပူပန်ရတာတွေလေ.အဖေရိတဲ့ အိမ်မာနေခဲ့စဥ်က ရန်သူမျိုးငါးပါး

လဲကျမမကြောက်ခဲ့ရဘူး လောကဓံဆိုတာလဲ.မမုခဲ့ဘူး.. အဖေနဲ့ခရီးသွားလဲတစ်ညလုံးသိုး​ေနအောင်အိပ်နေနိုင်ခဲ့တယ်..

 ဒီဘဝမာ ရန်သူမျ်ိုးငါးပါးကို မမုတဲ့အိမ်မျိုးကျမ နားခိုခွင့်မရနိုင်တော့ဘူး..

လောကဓံကို ကာကွယ်ပေးမဲ အဖေလဲ မရနိုင်တော့ပါဘူး. 😢😢

ဤစာစုကိုရေးသားခဲ့သူ ဒေါ်လဲ့လဲ့မြင့် သည် ယနေ. ၂၀၂၀ သြဂုတ်လ ၁၇ ရက်နေ. လွန်ခဲ့သော နာရီအနည်းငယ် ကပင် အသည်းကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့ရှာပြီဖြစ်ပါသည် ။

ကောင်းရာသုဂတိလားပါစေ ။

ZAWGYI VERSION


 အဖေက တနဂ်နွေသား ကျမက ဗုဒ္ဓဟူးသမီးဖြစ်ပါတယ်..အကြောင်းအရာ အတော်များများမှာ အဖေနဲ့ကျမ အမြင် မတူကြပါ..ကျမကအဖေရဲ့ တစ်ခုတည်းသောအတိုက်အခံ ပါတီပါ.. အမေအပါအဝင်ဘယ်သူတစ်ဦးတစ်ယောက်မှ အဖေကို မဆန့်ကျင်ကြပါ..ဒါပေမဲ့ အိမ်မှာ ကျမဟင်းချက်ရင် အဖေအတွက် အကောင်းဆုံးဖယ်ပြီးမှ ထိုင်ဆွမ်းအတွက်ဒုတိယဖယ်ပါတယ်..အိမ်ထောင်ကျတော့လဲ အဖေကြိုက်တာသာ ဦးစားပေးပါတယ်..ညနေအဖေဆိုင်ကပြန်လာခါနီးရင် ရှင်းလင်းပြီး အိမ်ရှေကအဖေ့ချောင်းဟန့်သံကြားရင် သတိအနေအထား ပြင်ထားတတ်အောင် အသိစိတ်ထဲမှာ အဖေဟာ အရေးပါသော သူရဲကောင်းပါ..

 တစ်ရက် ကိုယုဝမ်ပဲ့ထောင်နဲ့ အဖေနဲ့ကျမ မော်ကျွန်းသွားကြပါတယ်.ကျုံမငေးခဏအဝင် မြစ်လယ်နားမှာ ပဲ့ထောင်စက်နှိုးလို့မရတော့ လှိုင်းလေနဲ့လိမ့်နေအောင်ခံရပါတယ်..အဖေကရေထဲခုံဆင်းပြီးပဲ့ထောင်ကြိုးကိုဆွဲပြီး ကူးပါတယ်..ကိုယုဝမ်က အတင်းပြန်တက်ခိုင်း ပေမဲ့ မတက် တွန်းလိုက်ဆွဲလိုက်နဲ့ကမ်းရောက်အောင်သွားပါတယ်..ကမ်းရောက်တော့မှ ပက်လက်ကြီးလဲပီး ငါ့သမီးကရေမကူးတတ်ဘူးကွ ငါကဘာအကြောင်းလဲ ဝါးခယ်မမြစ်ကို အသွားအပြန်ကူးနေတဲ့ ကောင် ကွလို့မောမောနဲ့ကြွားလိုက်ပါသေးတယ်.1980ဝန်းကျင် ကျမဆရာမ လုပ်နေပြီးသူလဲ အသက်မငယ်လှတော့ပါ..

 အဖေအကြောင်းကိုတွေးရင် ဒီနေ့အထိ အားအဖြစ်ရဆုံး အကြောင်း သုံးခုရှိပါတယ်..

 ကျမတို့ 3/4 တန်းလောက်မှာဝါးခယ်မကိုသူပုန်ဝင်စီး ပါတယ်.. မကြားဘူးတဲ့သေနတ်သံတွေကြောင့်ကျမ တုန်နေအောင်ကြောက်ပါတယ်. အမေကအငယ်ကို အသံထွက်မငိုအောင် ချော့ပြီး.အမ (အဖွား)က ကျမကိုဖက်ထားပါတယ်. အဖေကတော့အိမ်ရှေ့ ခေါက်တံခါးလေးဟပီး သူ့လိုင်စင် ပစ္စတိုကို ကိုင်ပြီး လမ်းမှာ သွားနေတဲ့သူပုန်တွေကိုကြည့်နေပါတယ်..ကျမ ရင်တွေ တအားခုန်နေလို့ အမသွေးဆေး ထယူတဲ့အခါ ကျမ ငိုပါရော.အဖေကသမီးဖေကြီးဆီလာလို့ခေါ်တော့ကျမပြေးသွားပြီးသူ့ရင်ခွင်ထဲမှာ ထိုင်ငိုပါတယ် ..အဖေက သေနတ်ကိုပြပြီး သူပုန်အိမ်ထဲ ဝင်လာတာနဲ့ ဖေကြီးပစ် လိုက်မှာ ..ကျည်ဆံတွေ အများကြီး ဝင်သမျှအကုန်ပစ်မယ် သမီးမကြောက်နဲ့လို့ ပြောလ်ုက်တဲ့အခါ ကျမဘယ်လောက်အားရှိသွားမလဲ...1988 လိုင်စင်သေနတ်တွေပြန်သိမ်းတဲ့အခါ အဖေနဲ့ထပ်တူသေနတ်လေးကိုနှမြောမိပါတယ်...

 ဒုတိယအကြောင်းက 10တန်းဖြေခါနီး ဆေးရုံရပ်ကွက်မီးလောင်တော့ အဖေကတည်တည်ငြိမ်ငြိမ်ဘဲ အရေးကြီးတာတွေသယ်ပြီးကမ်းနားဆိပ်မှာကျမတို့ကိုနေခိုင်းထားပါတယ်.. ဘာသယ်ရအုံးမလဲဆိုပြီးအိမ်ကို ပြန်ဝင်တော့ အိမ်အနာက်ဘက်ကရဲနေတဲ့မီးညွှန်တွေမြင်ပြီးကြောက်စိတ်နဲ့အိမ်ထဲပြေးဝင် တဲ့အခါ ဘုရားဆင်းတုတော်ကိုကိုင်ပြီး တုန်တုန်ရီရီ နဲ့အဖေ့ကို တွေ့ရပါတယ်.. ဖေကြီးရေ သမီးတို့အိမ်တော့မလွတ်တော့ဘူးဆိုပြီးကျမငိုတဲ့အခါအဖေက ချက်ချင်းအမူအရာပြင်ပြီး မလွတ်​တော့ဘာဖြစ်လဲ ဒိထက်ကောင်းတဲ့အိမ် ဖေကြီးဆောက်ပေးမယ်..ဆိုပြီး ဘုရားပင့် လို့နှစ်ယောက်သားကမ်းနားဆိပ်ကိုဆင်းခဲ့တယ်..


TB ဆိုပြီးတူ တူမတွေ အနား မလာခိုင်းရဲ ဘယ်သူချော့လို့မှလဲ မရ. ဖေကြီး ဆိုင်ကပြန်လာတဲ့အခါအမေက ကျမဖြစ်နေတာတွေ ပြောပြတော့ ခြင်ထောင်ထဲကို ဝင်လာပြီး ကမ္ဘာနာ မဟုတ်တော့ဘူး ဖေကြီးပိုက်ဆံရှာနေတာ ဒါတွေ သုံးဘို့.. ပုသိမ်သွား ထပ်စစ် ဆိုပြီး ပြောလိုက်တာ ကျမ ငုတ်တုတ် ထ ထိုင်အစားတွေ စား ပုသိမ်ကပြန်တော့ clear..

 အဲလိုအားတွေပေးခဲ့ပေမဲ့ ရန်ဖြစ်မြဲ. အမြင်မတူမြဲမတည့်မြဲ ပါဘဲ.. မေမေဆုံးပြီး 2နှစ်လောက်ကြာမှသူ့ကို နားလည်ခဲ့သလို အ​ဖေကလဲကျမကိုနဲနဲသဘောပေါက်လာပါတယ်....

 ကျမ ဘဝမှာ အဖေနဲ့ အသေအကြေတိုက်ပွဲဝင်ရမယ်လို့တွေးထားတဲ့ ဦးညီညီသန်းနဲ့လက်ထပ်ဘို့ကိစ္စက မယုံနိုင်လောက်အောင် အဆင်ပြေသွားတာအံသြစရာ ပါဘဲ..အမေကယောက်ျားလေးဘက်ကစကားပြောချင်ပြီလို့ပြောလိုက်တာနဲ့. အေးအေးဆေးဆေးဘဲ လာခိုင်းလိုက်ပါလို့ပြောသတဲ့.. ဘယ်လူကြီးပါမှ ဘယ် အရာရှိပါမှတစ်ခွန်းမပြောဘူးနော်..အမေကိုတော့ နင့်သမီးရွေးရင်မမှားနိုင်ဘူးလို့ပြောတယ်တဲ့..ဦးညီညီသန်းတို့မိသားစုတွေ ရောက်လာတဲ့အခါပြက္ခဒိန် ချပြီးစေ့စပ်မှာဘယ်ရက် လက်ထပ်မှာဘယ်ရက်သူဘဲဦးဆောင်ရွေးသွားတာဘဲ.. စေ့စပ်တဲ့နေ့မှာ သူ့ သားမက်လောင်းကိုသူမြင်ဘူးတော့ အမေ့ကိုပြောသတဲ့ကြိုက်ထားလိုက်တဲ့ရုပ်ကလဲ ကချင်လိုလို လဒူလိုလို ရုပ်...တဲ့

 အမေဆုံးတဲ့အခါ ကျမနဲ့အဖေတိုက်ပွဲကအတော်ပြင်းထန်တာ.. သူ့ကိုမကြေနပ်တာတွေ အမေကိုတတပြီးကျမပြောသမျှ ကို ငြိမ်ခံနေတယ်..ကျမဘယ်လောက် ဆိုးသလဲဆိုရင် အဖေသူငယ်ချင်း

မြေစာရင်း ကဦးချစ်စိန်ကိုလက်ဆွဲပြီး. အမေမရှိတဲ့နောက်. မိန်းမထပ်မယူဘို့ . ကြိုက်တဲ့မိန်းမကို အဖေရှာတဲ့ငွေနဲ့ နေချင်သလိုနေ အမေနေရာမှာနောက်တစ်ယောက် ဆိုလို့ကတော့ အသေသတ် ပြီဆိုပြီးသူ့သူငယ်ချင်းရှေ့မှာဂတိတောင်းတာ..

 အေးပါကွာ လို့ပြောတဲ့အသံကိုကျမကြားယောင်မိတယ်..သားမရှိတဲ့ အမေ ကိုခေါင်းသွင်းတာ ဂူပိတ်တာ ကျမ အားလုံးလုပ်ခဲ့တယ် အမေ့ဂူပိတ်ပြီး အိမ်ပြန်လာတဲ့အခါ ကျမစိတ် အတော်ပြောင်းလွဲသွားခဲ့တယ်..အဖေကိုသေခြာကြည့်ပြီး အခေါင်းတစ်ခုထဲမှာ ဂူထဲမှာ အ​ဖေ့ကိုထားကြည့်လိုက်ရင် အဖေကိုအပစ် မမြင် မကြေနပ်တာဘာမှမရှိ အဖေစိတ်ချမ်းသာသလိုနေလို့ ပြောခဲ့တယ်..အဲဒီနေ့ကစလို့နားလည်မှူရခဲ့တယ်..


 ကျမတို့ဟာ ကိုယ်အိမ်ထောင်ကိုယ့်မိသားစု ဘဝတွေမှာလောကဓံတွေ မျိုးစုံရင်ဆိုင်ရပါတယ်..

အရင်ဧရာဝတီတိုင်းမှာသဘော်တစ်ည စီးမှရန်ကုန်ကုန်ရောက်တယ် သားသမီးတွေနဲ့သွားရင်တညလုံးမအိပ်နိုင်ရွတ်ရ ဖတ်ရ ပူပန်ရတာတွေလေ.အဖေရှိတဲ့ အိမ်မှာနေခဲ့စဉ်က ရန်သူမျိုးငါးပါး

လဲကျမမကြောက်ခဲ့ရဘူး လောကဓံဆိုတာလဲ.မမှုခဲ့ဘူး.. အဖေနဲ့ခရီးသွားလဲတစ်ညလုံးသိုး​နေအောင်အိပ်နေနိုင်ခဲ့တယ်..

 ဒီဘဝမှာ ရန်သူမ်ျိုးငါးပါးကို မမှုတဲ့အိမ်မျိုးကျမ နားခိုခွင့်မရနိုင်တော့ဘူး..




Saturday, February 16, 2019

ဓမ္မာရုံက ခောတ်ဟောင်းမင်းသား ၊ သန်းခေါင်ယံ လေးတင်ပွဲ နဲ. ပို.စ်မော်ဒန် ရုပ်ရှင်ကားတစ်ခုရဲ. ရိုက်ကွင်းများ





ကောင်မလေးရေ...
စာမရေးဖြစ်တာတောင်ကြာပြီ
ဘ၀မှာ အခက်ခဲဆုံးလို.ထင်တဲ့အချိန်တွေကို ဖြတ်ကျော်ပြိးချိန်တိုင်းမှာနောက်ထပ် ပိုခက်တဲ့အရာတစ်ခုက စောင့်ကြိုနေတာကိုက အစဉ်အလာတစ်ခုလို.ဖြစ်နေပြီထင်ပါရဲ. ။ အမောဖြေချိန်ဆိုတာ ကိုယ့်အတွက်တော့ နောက်ပိုကြမ်းတဲ့ တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ချိန်ပါပဲ ။ကြာတော့လည်း အဲ့ဒီဒုက္ခတွေကြားပဲ နေသားတကျဖြစ် ဖြစ်လာနေရဲ.


နေအုံး ၊ ညည်းပြနေရတာနဲ. ပြောချင်တဲ့ဆီမရောက်တော့ဘူး ။ ထုံးစံအတိုင်း ပြည်ထောင်စုနေ.က ကိုယ်တို. မအူပင်ကျောင်း ဆရာကန်တော့ပွဲလုပ်တယ်လေ ။ ဟိုးးးအရင်နှစ်တွေ အဲ့ဒီ တက္ကသိုလ် ဓမ္မာရုံ မှာ လုပ်တုန်းက မနက်ပိုင်းမှာ အဖွဲ.တစ်ခုရှိနေကျပေမယ့် သူတို.က စောပြီးထွက်သွားတတ်တာမို. မွန်းလွဲပိုင်း ပွဲလုပ်တဲ့ ကိုယ်တို.အဖို. ပြင်ဆင်ချိန် လုံလောက်ပါတယ် ။ ဒီနှစ် ၂နာရီ ပွဲစမယ့် ကိုယ်တို. ၁၂နာရီ အဲ.ဒီရောက်တော့ ရှေ.အဖွဲ.က မပြီးသေးဘူး ။ အခမ်းအနား ပြီးပေမယ့် သူတို.ထမင်းစားပွဲဝိုင်းတွေနဲ. စားသောက်နေကြတာ မပြီးသေးတာမို. ကိုဂျပိုးခေါင်းဆောင်တဲ့ အဖွဲ.က ဆရာတွေအတွက် ထိုင်ခုံတွေတင် အရင်ပြင်နေကြရတာပေါ့ ။ အရက်စည်ထဲကို အမှတ်မထင် ပြုတ်ကျသွားရာက ၃ရက်လောက် ပြန်မတက်နိုင်ပဲ ပွဲနီးတော့မှ ပတ္တမြားရောင်မျက်လုံးတွေနဲ. ပြာယီးပြာယာ ရောက်လာတဲ့ လူတစ်ယောက်ကလည်း ဆရာကန်တော့ပွဲနောက်ခံ စာလုံးတွေကို အလောသုံးဆယ် စီရင်း ပေါက်ပန်းလေးဆယ်စကားတွေပြောလို. သူ.လူတွေကြားထဲမှာ ယောက်ခြောက်ဆယ်လုပ်ရင်း ပေါက်ကရရှစ်ဆယ် မဖြစ်ရအောင် ကွပ်ကဲနေလေရဲ. ။ 

၁၂း၃၀ တဲ့အထိ ရှေ.အဖွဲ.က စကားပြောမပြတ်ကြသေးတာမို. အားနာနာနဲ.ပဲ ပြီးတဲ့ဝိုင်းတွေ ကိုယ်တို.လိုက်သိမ်းကြရတာပေါ့ ။ အဲ့ဒီမှာတစ်ခုတွေ.ရတာက ရှေ.အဖွဲ.က ပြင်ဆင်တာတို. ၊ အစားအသောက်တို.ကို အဖွဲ.ကိုအပြီးအပ်လို.လား ၊ဒါမှမဟုတ် သူတို.အခမ်းအနားပြီးသွားပြီမို.လို.လားတော့ မသိဘူး ။ သေချာတာက သိမ်းမယ့်လူ မရှိဘူး ။ သူတို.တာဝန် မဟုတ်လို….ယူဆထားကြပုံပဲ ။ အဲ့ဒီတော့ စတစ်ကော်လာ နဲ. ကျောင်းသားတွေ ၊ မိတ်စကပ်ကို မျက်နှာပေါ် ခပ်ထူထူဖို.ထားတဲ့ ကျောင်းသူတွေ ၊ တစ်နည်းအားဖြင့် မတွယ်ကပ်တတ်တဲ့ ၊ဘယ်သူ.တာဝန်ဖြစ်စေ ကိုယ်ပဲ ကူညီလိုက်မယ်ဆိုတဲ့ စိတ်ထားနိုင်သူတွေ ကပဲ စားပွဲခုံတွေ လိုက်သိမ်း ၊ တံမျက်စည်းတွေ လှည်းနဲ. ပွဲအချိန်မှီ စနိုင်ဖို. ၀ိုင်းကူကြရတာပေါ့ကွယ် ။




ထူးထူးခြားခြား လို.ပြောလို.ရသလို အချို.နေရာတွေမှာ လည်းရှိတတ်ဆဲ လို.ပြောရမယ့် ခောတ်ဟောင်းမင်းသားကြီးတစ်ပါးလည်း အဲ့ဒီမှာတွေ.ခဲ့ရသေးတယ်ကွ ။ သူက ဓမ္မာရုံ တာဝန်ခံဆိုလား ဘာလား သူ.ဘုန်းတော်ဘွဲ.တော့ မမှတ်မိတော့ဘူး ။ ပထမဆုံး စတာက ကန်တော့ခံတွေအတွက်ချထားတဲ့ ရှေ.ဆုံးခုံတန်း မှာ ထိုင်နေရင်းက သူနဲ.ချိတ်ဆက်ခေါ်ယူထားပုံရတဲ့ ဓါတ်ပုံဆရာ ၂ယောက် ကိုအကြောင်းပြုရင်း ဒီခန်းမမှာ ဓါတ်ပုံ ရိုက်ရင် ဒီလူတွေသာသုံးရမယ်ဆိုတာမျိုး C# Key လောက်နဲ. စပြောတာက စတာပဲ ။ ကိုယ်ဘာကိုသွားသတိရလဲသိလား ။ ခုချိန်မှာ ကိုယ်တိုင်က စစ်တပ်ဆိုရင် သေမလောက်မုန်းပြနေပြီး စစ်တပ်ခောတ်ကောင်းတုန်းက ကိုယ်.အမျိုး ၁၀၀မ်းကွဲလောက်တော်တဲ့တပ်ကအရာရှိနာမည်ကအစသုံးပြီး အခွင့်အရေးယူခဲ့ကြသူတွေ ၊ ကိုယ်သူငယ်ချင်းထဲ အရာရှိတစ်ယောက်လောက်ရှိရင် ကိုယ်တိုင်ပဲ အရာရှိဖြစ်နေသလို ဟိုနေရာဟောက် ၊ ဒီနေရာအခွင့်အရေးယူခဲ့ကြတဲ့ မရှက်တတ်သူတွေ ကိုသွားသတိရမိတယ် ။ သူ.ပုံစံက အဲ့လို ခောတ်က ကပ်ရပ်ပြီးဟောက်စားလုပ်ခဲ့တဲ့ ကီးမျိုး မျက်နှာပေးမျိုး ။ ကိုယ်ကလည်း ဒါမျိုးဆို သိပ်ကြိုက်တာဆိုတော့ မျက်နှာကိုတိုက်ပွဲဝင် မျက်နှာပေးကိုပြောင်းလိုက်ပြီး ကီးကိုလည်း သူ.ကီးနဲ.လိုက်ချိန်လိုက်ပြီး မှ ဘာ ..ဘယ်လို..သေချာပြန်ပြော စမ်းပါအုံးဆိုပြီး ဖုန်းကိုပါ video function – stand by ထားလိုက်တယ် ။ ဒီလူကြောင်ပါးကွ ၊ နပ်တယ် ၊ မဟုတ်ပါဘူး ကိုယ်ပြောတာက ညီလေးတို. ငှားလာတာရှိရင် ရိုက်ပါ ၊ လိုရင်သာ ဒီလူတွေ သုံးလို.ရတယ်ပြောတာပါ ဖြစ်သွားတယ် ။

ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး ၊ ပွဲပြီးသွားလို. ကိုယ်တို.တွေ အင်းလျားကျွန်းဆီ သွားနှင့်ချိန်မှာ ကျန်ခဲ့တဲ့ ကိုဂျပိုးကိုဘယ်ဟာတွေ ကျန်သေးတယ် ၊ ဘာတွေ သိမ်းပါအုံးနဲ. ဘေးက ထိုင်ကြပ်နေတာ ။ တကယ်သူ.ဖြစ်ချင်တာက သူ.လူတွေ သူခိုင်းလိုက်ပြီး ဘယ်လောက်ယူထားလိုက်မယ်လို. စိစဥိထားတာထင်ပါရဲ. ။ဒါနဲ.ပဲသူ.ကိုနိုင်မယ့် ခလုတ်လေးတစ်ခု နှိပ်လိုက်တော့မှ အသံတိတ်သွားတယ်၊ ဒါတောင် နောက်ဆုံး ဘာမှ မရတဲ့အဆုံး ကိုဂျပိုးဆီက လွယ်အိတ်တောင်းတော့ ဟိုက အားအားနေ ဘာသနားရမလဲ စိတ်ကူးနေတဲ့ ကလေး ၂၃ယောက်အဖေကလည်းချွတ်ပေးလိုက်လေရဲ. ။

ပွဲကတော့ ဆရာကန်တော့ပွဲတွေရဲ.ထုံးစံအတိုင်းပါပဲ ။ တစ်ချိန်က ကြိတ်ပြီးရင်ခုန်ခဲ့ဖူးသူတွေ ၊ အချိန်အပိုင်းအခြားတစ်ခု လက်တွဲခဲ့ကြဖူးသူတွေ အိမ်ထောင်ရက်သားကြပြီး မလှမပဖြစ်နေတာတွေကြည့်ပြီး တော်ပါသေးရဲ. ငါမယူဖြစ်တာလို. စိတ်ဖြေသီချင်းဆိုနေကြတဲ့ ယောင်္ကျားလေးတွေ ၊ ပေစုတ်စုတ် နဲ.ကြည့်လိုက်တာနဲ.တင် အရက်သမားရုပ်ပေါက်နေတဲ့ ကိုယ်.အချစ်ဦးတွေ ၊ ရည်စားဟောင်းတွေ ကြည့်ပြီး တော်ပါသေးရဲ. ဒီသတ္တ၀ါ နဲ.သာ ငါပေါင်းဖြစ်ရင် ငါလည်း လူလူသူသူဖြစ်မှာတောင်မဟုတ်ဘူးလို. ကိုယ်.ဆုံးဖြတ်ချက် ကိုယ်အပြတ် ကျေနပ်နေတဲ့ ကျောင်းသူဟောင်းတွေ ၊ နှစ်ယောက်လုံးချစ်လျှက်နဲ. ကံကြမ္မာရဲ. ဒါဏ်ခတ်ချက်ကြောင့် သူလည်းသူ.ဘ၀ ၊ ကိုယ်လည်း ကိုယ်.ဘ၀ ဖြစ်နေကြရတာတောင် ခုလိုပြန်တွေ.တော့ ရင်ထဲမကောင်းဖြစ်နေကြတဲ့ ကြင်ဖူးစာ မမြည်လို.ပဲလား ဆိုတဲ့သိချင်းဆိုချင်နေကြသူတွေ ၊ ဟိုးတုန်းတည်းကကြိတ်ပြီးကြွေ ခုပြန်တွေ.တော့လည်း တိတ်တိတ်လေးကြွေ ၊ နောင်ဘယ်တော့မှလည်းလူသိထင်ရှား ကြွေဖို.အစီအစဉ် မရှိပေမယ့် တွေ.သခိုက်တော့ မူးမိုက်သွားအောင် ကြည့်ပလိုက်မယ်ဆိုသူတွေ ၀ိုင်းစုခိုင်သိန်း ရဲ. ကြွေ သီချင်း ပိုင်ရှင်တွေ ၊ ကိုယ်.နဲ.အတူ ပွဲတက်လာတဲ့ ကိုယ်.ဘ၀လက်တွဲဖော်က လူအုပ်ထဲ ခေါင်းလေးထောင်ပြီး လိုက်ကြည့်လိုက်တိုင်း ဗဒင်ရဲ. အဆက်ဟောင်း သီချင်းများ ဆိုချင်လို.လားမသိဘူး ဆိုပြိး ဥစ္စာခြောက်ကြရတဲ့ ဥစ္စာစောင့် အထီး/အမတွေ ဘာပဲပြောပြောလေ နောက်ဆုံးတော့ အားလုံးဟာ ဆရာကန်တော့ပွဲ ရောက်လာကြတာမို. ဆရာတွေကို တော့ သေသေချာချာ ထိုင်ကန်တော့ကြတာပါပဲ ။ အနည်းဆုံး အဲ့လိုကန်တော့နေချိန်မှာတော့ စာသင်စဉ်ဘ၀ ဆရာတွေရဲ. ကျေးဇူးတွေ ၊ သူတို.ရဲ.ကောင်းကွက်တွေကိုတော့ အထူးသတိရမိကြတာပါပဲ ။


ဒီနေရာမှာ ချစ်စရာ ဓလေ့လေးတစ်ခု တွေ.ရပြန်ရော ။ ကိုယ်တို.ကျောင်းက ဆင်းပြီး ဒီကျောင်းမှာ ဆရာ/ဆရာမပြန်လုပ်နေတဲ့သူ အတော်များများ ရှိတယ်ကွ ။ သူတို.က သူတို.ဆရာတွေအတွက် တပည့်ဖြစ်နေပြီးတော့ သူတို. တပည့်တွေအတွက်ကြတော့ ဆရာဖြစ်နေပြန်ရော ။ဒါပေမယ့် ခုလို ကြုံတောင့်ကြုံခဲ တစ်နှစ်တစ်ခါ သာရတဲ့ ကိုယ့်ဆရာတွေ ကိုစုပြီး ကန်တော့ခွင့် ကို အဆုံးရှုံး မခံနိုင်သူတွေမို. လက်အုပ်ချီကန်တော့ကြချိန် မှာ သူတို.ပါ ဆင်းကန်တော့ကြတယ် ။ ပြီးမှ ကန်တော့ခံ ခုံတွေ ဆီမှာ ပြန်ထိုင်ကြတာလေ ။

မိမိတို.ပြုသမျှကောင်းမှုတွေ ကို ကွယ်လွန်သွားနှင့်ကြပြီဖြစ်တဲ့ ဆရာ/ဆရာမတွေ ၊ ကျောင်းသား/သူဟောင်းတွေကို အမျှဝေချိန်မှာတော့ အားလုံးဟာ ဆုံးသွားကြပြီဖြစ်တဲ့ မအူပင်ကျောင်းရိပ်အောက်တွေ.ဆုံ ပေါင်းသင်း ၊ စားစရာရှိ အတူတူစား - ငတ်စရာ ရှိအတူတူငတ်ခဲ့ကြရတဲ့ သူငယ်ချင်းတွေ ၊ တစ်ပြားရှိရှိမရှိရှိ ၊ အားချိချိ မချိမချိ တပည့်တွေအပေါ်စေတနာကောင်းနဲ.အနစ်နာခံသင်ပေးခဲ့တဲ့ ဆရာ/ဆရာမတွေကို သတိတရနဲ.ပေါ့ကွာ ၊
ဒီနှစ်မှာတော့ မအူပင် နည်းပညာတက္ကသိုလ် ရဲ. လက်ရှိ ပါ/ချုပ် တက်တယ်ကွ ။ သူကတော့ သူတို.ကျောင်းအကြောင်း ၊ ပညာရေးလောကအကြောင်း ၊သူ.ရဲ. ကြိုးပမ်းနေမှုအကြောင်းတွေ အဓိကပြောသွားတယ် ။ သူစကားပြောနေချိန် အောက်က ကိုယ်.အသက်အရွယ်ကိုမေ.ပြီး စာသင်ခန်းထဲရောက်ရင် တွတ်ထိုးနေကြ ထုံးစံအတိုင်း အစဉ်အလာမပျက် တိုးတိုးတိုးတိုး ပြောနေကျတဲ့ ကျောင်းသား/သူဟောင်းတွေကို ဆရာမ ပီသရုံလေးတစ်ချက်တော့ ဆူသွားသေးတယ်။သူပြောတာ စိတ်မ၀င်စားလို.လား ၊စကားတွေပြောနေတယ်ဆိုပြီး ။ အဲ့တော့လည်း ကျောင်းသား/သူဟောင်းတွေ ကလည်းအရင်လိုပါပဲ ။ ကိုယ်မဟုတ်သလို ခေါင်းလည်းငုံ.လို.ပေါ့။ တကယ်တော့ သူလည်း ကျောင်းအတွက်တကယ်ကြိုးစားနေတာပါ ။ ကျောင်းက ကလေးတွေ ပညာသင်လက်တွေ.အစီအစဉ်တွေအတွက် ကိုယ်တို.ကျောင်းသားဟောင်းအသင်း နဲ.ချိတ်ဆက်နေသလို ( အဆင်သင့်ရင်)နောင်နှစ်ဆရာကန်တော့ပွဲတောင် မအူပင် TU ရဲ. ခန်းမဆောင်ထဲ လုပ်ဖြစ်မလားပဲ ။

ဒီနှစ်ကန်တော့ပွဲမှာ ကန်တော့ခံ ဆရာ/ဆရာမ ၁၄၀ရှိခဲ့ပြီး သတ်မှတ်စည်းမျဉ်းအတိုင်း ကန်တော့တဲ့နေ.မှာ အသက် ၄၀ ပြည့်ပြီးသူ ၊ မအူပင်ကျောင်းမှာ အနည်းဆုံး လုပ်သင်တစ်နှစ်တာဝန်ထမ်းဆောင်ဖူးသူတွေကိုကန်တော့တာလေ ။ တကယ်ကတော့ တစ်နိုင်ငံလုံးက ဆရာ/ဆရာမအားလုံးဟာကန်တော့သင့်သူတွေဖြစ်ပေမယ့်လည်း ကိုယ်နဲ.တိုက်ရိုက်သက်ဆိုင်တဲ့ ၊ ကျောင်းသားဟောင်း အကြီး/အငယ်/အရွယ်/ အလတ် လက်ခံနိုင်မယ့် သက်တမ်း ရှိသူတွေ ၊ ကိုယ်တွေလည်း ၀န်ထမ်းနိုင်လောက်မယ့် အရေအတွက် ကိုသာ ကန်တော့နိုင်ခဲ့ကြတာပါ ။ ကိုယ်တို. ရဲ.စီနီယာကျောင်းသားကြီးတွေဆို အသက် ၅၀ ကျော်နေကြပေမယ့် ဆရာဆိုတဲ့ ဂုဏ်တစ်ခုတည်းနဲ. ကန်တော့နေကြတာလည်းကျေနပ်စရာပါ ။ သာမာန်ကန်တော့ခံ ဆရာ/ဆရာမ တစ်ဦးကို ၂သိန်း ၊ ပင်စင်စားဆိုရင် ၃သိန်း ၊ ပင်စင်စား နာမကျန်းဆို ၄သိန်း ကန်တော့ခဲ့ကြတာပါ ။ မွှေးပွ တစ်ဘက်အကြီး တစ်ထည်ဆီလည်း ပါပါတယ် ။


လေပြေ၏ ခပ်နွဲ.နွဲ. ရယ်သံတို.အောက်
ဝေ.၀ိုက်လွင့်မြူးနေသော 
သူမ၏ဆံနွယ်စ တို.သည်
တောပန်း တောင်နွယ်တို.ထက် နှစ်လိုဖွယ်ကောင်း၏
သင်းပျံ.သော သူမ၏ ကိုယ်သင်းနံ.ကား
ပန်းရာထောင်တို.၏ရနံ.ထက် စွဲမက်ဖွယ်မွေးပျံ.၏
အေးမြ၍ ကြည်လင်သော အင်းယားရေပြင်သည်
သူမအကြည့်တစ်ချက်စာလောက်ပင် ကြည်နူးဖွယ်မကောင်း
မြက်ခင်းတို.သည်လည်းကောင်း ၊ ပန်းပွင်.တိုသည်လည်းကောင်း ၊ ကောင်းကင်ပြာသည်လည်းကောင်း ၊ ကျေးငှက်သာရကာတို.သည်လည်းကောင်း သူ.တာဝန်သူယူလျှက် သဘာဝ ကိုအလှဆုံးဖြစ်အောင် ပြင်ဆင်ပေးနေကြသော်ငြား သူမ မရှိသော ကမ္ဘာသည် အချည်းနှီးသာတည်း ။




ကောင်မလေးရေ
ဒီအင်းလျားရေပြင်ဆီ ရောက်ခဲ့ပြန်ပြီ ။ ဆောင်းမနက်ခင်းရဲ.ကိုယ်ငွေ. ၊ နွေနေ.လည်ရဲ.စကားသံ နဲ. ၊ မိုးညနေရဲ. နှုတ်ဆက်တေးတွေအားလုံး ဒီကန်ရေပြင် သိနေမှာပါ ။ နှင်းငွေ.တွေ - သစ်ရွက်ကြွေ နဲ. မိုးစက်တွေအားလုံး စုရုံးနှုတ်ဆက် နိုင်မယ့်တစ်နေ. ငါဒို.ပြန်တွေ.ကြမယ်ဆိုတဲ့ ကတိ ၊ ဒိလိုပဲ တရိရိ နဲ. လျော့ပါး..ကွယ်ပျောက် ၊ နေမင်းကြီးတောင် ဟိုးးးးအနောက်ဘက်ကိုရောက်နေပြီ


ညစာစားပွဲကိုတော့ ဒီနှစ် Golden Innya ရဲ.ကျွန်းလေးမှာ လုပ်ဖြစ်တယ်ကွ ။အင်းလျားဝန်းကျင်မှာ အလှဆုံးကျွန်းလေးတစ်ခုဖြစ်တာရယ် ၊ ပိုလှအောင်လို. အဲ့ဒီကျွန်းကိုသွားတဲ့ ပေါင်းကူးတံတားလေးကို မိုးပျံ ပူပေါင်းလေးတွေနဲ. အလှဆင်ထားသလို တံတားရဲ.အဆုံးမှာလည်း အဖြူ နဲ.အပြာ ရောထားတဲ့ဗူပေါင်းတွေနဲ.။ အ၀င်မုခ်လေး လုပ်ထားတယ်ကွ ။ ကြည်လင်နေတဲ့ ကန်ရေပြင် …. ပြာလွင်နေတဲ့ကောင်းကင် … စိမ်းမြနေတဲ့မြက်ခင်း… တက်ကြွနေတဲ့ ကျောင်းသား/သူဟောင်းတွေရဲ. မျက်နှာတွေ အားလုံးပေါင်းလိုက်တော့ အဲ့ဒီညနေခင်းဟာ ဂန္တ၀င် ဆည်းဆာ ဖြစ်သွားတာပေါ့ကွယ် ။ ကိုယ်တို. GTI ,GTC , TU ကျောင်းဆင်းတွေဟာ လုပ်ငန်းခွင်ထဲမှာအော်ဟစ် ဆဲဆိုရင် ဆဲဆိုနေမယ် ။ မူးလာရင် ခါးတောင်းကြိုက် က ရင် ကမယ် ။ တင်းတင်းမာမာ ငြင်းခုံတာ ၊ ပြတ်ပြတ်သားသား ပြောဆိုတာ မျိုးတွေ ရှိမယ် ။ ဒါပေမယ့် သေချာတာ သူတို.နှလုံးသားတွေက တအားနူးညံ့တယ် ၊ တကယ်သိမ်မွေ.တယ် ကွ ။ အလှအပ အရမ်းကြိုက်တယ် ။ အနုအရွ သိပ်စိတ်ဝင်စားတယ် ။ အထူးသဖြင့် အသက်ကြီးလာတဲ့ ကျောင်းသားဟောင်းကြီးတွေ က ပို ကြိုက်လေ့ရှိတယ်ကွ ။ 

အဲ့ဒီလောက် လှတဲ့ ညနေခင်းရဲ. အဲ့ဒီနေရာမှာ အရွယ်အစားစားသော ကျောင်းသူဟောင်းတွေဟာ သူတို.၇ဲ. ပထမဆုံး အလုပ်အဖြစ် ကြိုးစားပမ်းစား ဓါတ်ပုံ ရိုက်ခြင်းကို လုပ်ကြတော့တာပါပဲ ။ အရွယ်ငယ်ငယ် ကျောင်းသူဟောင်းလေးတွေခမျာ အဲ့ဒီဂန္တ၀င် ဆည်းဆာ မှာသူတို. ရဲ. ဂန္တ၀င် အလှတွေကို မှတ်တမ်းတင်နေတာ ပြောစရာ မဟုတ်ပေမယ့်လည်း အချို.သော သက်ကြီးရွယ်အိုကျောင်းသူဟောင်းများခမျာ ခေါင်းကို အရှေ.အနောက် ဘယ်ညာစောင်း ၊ ကိုယ်လုံးကို ၃၆၀ ဒီဂရီလှည်. ၊ အဲ့ဒီ တစ်နာရီိလောက်အတွင်းမှာ ပုံပေါင်း ၃၂၄၈၅ ပုံလောက်ရိုက်ခဲ့ကြသူတွေ မြင်ရတော့လည်း အင်းးးးးးးးးးးးးးးးးးးး ဟိုတစ်ယောက်ဆို ပိုဆိုသေး ၊ ဟိုလူပျိုကြီးကို လစ်တိုင်း တွဲတွဲပြီး ဓါတ်ပုံရိုက်တတ်တဲ့ အဒေါ်ကြီးလေ ( မတော်တဆ မိမိ ကိုပြောသည်ဟု ထင်လျှင် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် )
ဒီတစ်ခါတော့ ကျွန်းက ည ၁၀နာရီ ခွဲအထိပဲ တိးခတ်သီဆိုခွင့်ပေးထားတာမို. ၅နာရိ ခွဲသာသာမှာစဆိုကြတာပေါ့ ။ အချို.ဆို တကယ့် ပရိုလယ်ဗယ် လောက်အထိဆိုနိုင်ကြသလို အချို.ကျတော့လည်း ၀ါသနာအရစင်ပေါ်တက်ကြတာပါ ။ ဒီနေရာမှာ သနားမိတာက Band Player တွေကိုပါ ။ အချို. အဖွဲ.လိုက် တက်ဆိုကြသူတွေဆို စာသားမေ့သူကမေ့ ၊ မရသူကမရ ၊ တစ်ယောက်တစ်ကီး နှုန်းသီဆိုကြတာကို လိုက်တီးကြရတာဆိုတော့လေ ။ ထုံးစံအတိုင်း အရှိန်လေးများ ရလာပြိဆို စင်မဆင်းတို. ၊ မိုက်မလွှတ် တို.ကလည်း ထိမ်းလို.ကိုမရပေါ့ကွယ် ။ ဆိုမယ့် သီချင်းတွေ သေချာ တစ်ပုဒ်ချင်းကြိုနားထောင် ၊ Key , Timing ,Tempo , Felling ,Style စတာတွေအလိုက် သေချာစီစဉ် ပြီးမှ ဆွဲထားတဲ့ အစီအစဉ်အတိုင်း စနစ်တကျဖြစ်အောင် လုပ်နေကြတဲ့ MC ၂ယောက်လည်း မိုက်အာဏာသိမ်းပွဲတို. ၊ အုပ်စုဖွဲ.စင်စီးနင်းခြင်းတို. ၊ မျက်ရည်တွေတွေကျ တောင်းပန်တိုးလျှိုး ကြားဖြတ်တောင်းခံခြင်းတို. ကို ကြံ့ကြံ့ခံပြီး လုပ်ဆောင်နိုင်ခဲ့ကြတာ ချီးကျုးစရာပါ ။




ကောင်မလေးရေ
ဆရာကန်တော့ပွဲတိုင်း ပိုသတိရစရာ ဖြစ်တတ်တာက ခုလို ညစာစားပွဲချိန်လေ ။ ကိုယ်ပြောဖူးပါတယ် ။ဒီင်္အသိုင်းအ၀ိုင်းဟာ အရမ်းချစ်ဖို.ကောင်းတယ် ။ ခပ်ဆိုးဆိုး ကျောင်းသားဟောင်းတွေတိုင်း လိုလိုမှာ အင်မတန် သဘောထားကြီးတဲ့ အိမ်ထောင်ဘက်ကောင်းတွေကို ပိုင်ဆိုင်ထားကြတယ် ဆိုတာလေ ။ အချို.က တစ်ကျောင်းတည်းက ၊ အချို.က ကျောင်းမတူပေမယ့် ဒီအင်ဂျင်နီယာအသိုင်းအ၀ိုင်းထဲက ၊ အချို.ကတော့ လုံးဝမသက်ဆိုင်တဲ့ နယ်ပယ်က ။ ဒါပေမယ့်လည်း ခုလိုညမျိုးမှာ မီးကုန်ယမ်းကုန် ကဲနေတဲ့ သူတို.အိမ်ထောင်ဘက်တွေကို မျက်နှာတစ်ချက်မပျက် ၊ အသံတစ်ချက်မညီးညူပဲ ထိုင်ကြည့်ပေးနေပြီး ပွဲပြီးတော့မှ အိမ်ရောက်အောင် တွဲတဲ့အခါတွဲ ၊ ဆွဲတဲ့အခါဆွဲ ၊ ချော.တဲ့အခါချော့ပြီး ပြန်ခေါ် သွားတတ်ကြတာချည်းပဲလေ ။ ၉၀ % ဖြစ်နိုင်ချေ မရှိတဲ့ ကိုယ်ဆန္ဒအတိုင်း ကောင်မလေးကို ဒီအ၀န်းအ၀ိုင်းထဲ လက်တွဲပြီး ခေါ်ပြချင်မိသေးတယ် ။ 

အဲ့ဒီည ရဲ. အထူးခြားဆုံး ဖြစ်စဉ် တစ်ခုကတော့ ပွဲစဉ်တစ်ခုလုံးရဲ. အဆုံးသတ် မှာ ဖြစ်သွားခဲ့တယ်ကွ ။ သန်းခေါင်ယံ လေးတင်ပွဲု ။ ဒါပေမယ့် အဲ့ဒီပွဲ မှာ သီတာ၊ ရာမ မပါဘူး ။ လက္ခဏ ဒဿ မပါဘူး ။ လေးသည်တော် ၃ယောက် ၊ ဒါရိုက်တာတစ်ဦး ၊ ၀န်းရံသူ တစ်ဖွဲ. ၊ ဘာပွဲမှန်း မသိပဲ စည်းဝိုင်းထဲ ရောက်လာသူ ၃ ဦး နဲ. ပွဲကြည့်ပရိသတ် အချို. ပါခဲ့တဲ့ ကန်.သတ်ပွဲလေးတစ်ခုပါ ။ 

ကောင်မလေးရေ 
Post Modern ဆိုတာသိတယ်မဟုတ်လား ။ စာပေမှာတောင် ( တစ်နိုင်ငံလုံးနဲ.စာရင် ) နေရာကွက်ကွက်လေးပဲ ရသေးတာမို. Post Modern Movie ဆိုတာကတော့ ရိုက်ဖို.တောင်စိတ်မကူးမိကြသေးဘူးလေ ။ ဒါပေမယ့် ကိုယ်ကတော့ အဲ့ဒီညက မြန်မာ့ပထမဆုံး Post Modern Movie ကိုကြည့်ခွင့်ရလိုက်တယ် ။ သူ.ရဲ.ပထမဆုံး Scene one card one က နေ.လည်ပိုင်း ဆီမီး မထွန်းခင်တည်းက ရိုက်ထားနှင့်ပြီးသားတဲ့ ။ ခုနပြောတဲ့ လေးတော်တင်ပွဲကတော့ Scene one ရဲ.  card two ပေါ့ ။ 

အဲ့ဒီ Scene လည်းပြီးရော Scene two card one ရောက်သွားရော ။ အဲ့ဒါကျတော့ Night Race Adventure ….. ကားတစ်စီးက ရှေ.ကမောင်းနေချိန် နောက်ကကားက သူ.ညာဘက်ဘေးကပ်သွားတော့ ဟိုကားက အကပ်မခံပဲ အတင်းကျော်ပြီး ညာကြောကိုကပ်သွားတယ် ။ အဲ့ဒီကနေ နောက်ကားက ဘယ်ခြမ်းကနေ ထပ်ကပ်တော့ အကပ်မခံပဲ ရှေ.ကတင်မောင်းပြန်ရော ။ ပြီးလည်းပြီးရော အဲ့ဒီရှေ.ကားက လမ်းကို ၀ိုက်ပြီးနောက်ပြန်မောင်းတော့ ခုနကားကလိုက်ပြန်ရော ၊ နောက်ပြန်ကြည့်လိုက်တော့လည်း ကား လေးစီးလောက်ပါတဲ့ ယာဉ်တန်း တစ်ခုလုံးပါလာတာ ။ ကိုယ်တို. မအူပင်ကျောင်းဆိုတာလေ အရာတော်တော်များများမှာဦိးဆောင်သူအဆင့်ရှိတယ် ။ ဥပမာ ဆရာကန်တော့ပွဲ စလုပ်တည်းက GTI ရော GTC ရော TU ရော ပေါင်းလုပ်နိုင်တာ ကိုယ်တို.ပထမဆုံးပဲ ။ အဲ့ဒီလိုပဲ ကျောင်းသားဟောင်းအသင်းမှာ GTI ရော GTC ရော TU ရော ပေါင်းဖွဲ.နိုင်တာ လည်း ကိုယ်တို.ပထမဆုံးပဲ ။ ခုလည်းပဲ ရှောဘရားသား ဆိုတဲ့ ဟောင်ကောင် ကုမ္ပဏီ က သူ. အက်ရှင်ကား Line Walker 2 ကို ၂၀၁၉ ဖေဖေါ်ဝါရီ ၁၈ ရက်နေ.ကနေ ၂၆ ရက်အထိ ရန်ကုန်ရဲ. လမ်းမပေါ် တွေပေါ်မှာ ရိုက်ဖို.စီစဉ်နေတုန်း လမ်းတွေ ပိတ်မလို. လုပ်တုန်း ရှိသေး ကိုယ်တို.ကျောင်းက သူ.တို.ထက်စောတဲ့ အက်ရှင် ရိုက်ကွင်း တစ်ခုပြီး သွားနှင့်ပြန်ပြီ ။ 

  အဲ့ဒီကနေ Scene three card one ကိုလည်းရောက်ရော မြန်မာမှု ဘက်ပြန်ရောက်သွားပြန်ရော ။ ကလေးထိန်း အကတဲ့ ။ စိတ်တော့ဝင်စားစရာကွ ။ ကလေးထိန်း အကဆိုတာ အရင်က ဘူးမမှုတ်နဲ.သမီးရယ် ဆိုတာလောက်တင်တွေ.ဖူးတာ ၊ ခုကတော့ မော်ဒန် ကလေးထိန်းအကဆိုတော့ တစ်မျိုးလေးပေါ့ကွယ် ။ ကြည်လင်နက်မှောင်နေတဲ့ ရေပြင်ကျယ်ကြီးရယ် ၊ အထပ်မြင့်အဆောက်အဦးတွေရဲ. မီးရောင်စုံ နောက်ခံရယ် ၊အေးမြတဲ့ သန်းခေါင်ယံလေညှင်းရယ် ၊ မြက်ခင်းစိမ်းတွေရယ် နဲ. ကြည်နူးစရာဖြစ်ပေမယ့် ဘယ်လိုကြောင့်မသိဘူး ကိုယ်ရယ် ၊ အသားတွေမည်းသလောက် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ တဲ. ပရိသတ်တစ်ယောက်ရယ် ဆိုတာလေ ရီချင်တာ ၀မ်းထဲက လှိုက် လှိုက် တက်လာတယ် ။ ဒါပေမယ့် ရိုက်ကွင်း အနှောင့်အယှက်ဖြစ်မစိုးတာနဲ. ဟိုးအဝေးကိုပြေးပြီး သစ်ရိပ်အောက်မှာ သွားရယ်ကြရတယ် ။

နောက်ဆုံးတော့ Scene four card one မှာ အဆုံးသတ်သွားတယ် ။ အဲ့ဒီအဆုံးသတ်ကတော့ ကြေကွဲစရာ လေးပေါ့ကွာ ။ လူတစ်ယောက်က အ၀တ်တစ်ထည် အထုပ်တစ်ထုပ် နဲ. ကားပေါ်က နှင်ချခံလိုက်ရလို. ခေါင်းငိုက်စိုက်လေးဆင်းလာပြီး သန်းခေါင်ယံ အမှောင်မှာ ယောင်တောင်တောင်လေးဖြစ်နေချိန် မျက်နှာကြော မာမာနဲ. အဘိုးကြီး တစ်ယောက်က အရုပ်လေးတစ်ရုပ် ကားပေါ်ပစ်တင်ပြီး  ဟိုးးးး အဝေးကြီး ကိုမောင်းထွက်သွားတဲ့ အခန်းပေါ့ ။ တကယ်ဆိုဒီအခန်းက အကယ်ဒမီခန်း ၊ တစ်ရွေ.ရွေ.ဝေးသွားတဲ့ ကားနောက်မီး အနီရောင်လေးကိုကြည့်ရင် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားတဲ့ ခေါင်းငိုက်စိုက် လူတစ်ယောက် သေချာခံစားရမယ့်အခန်း ၊ အဲ့ဒါကို  အကြင်နာတရား ခေါင်းပါးလွန်းတဲ့ ပရိသတ်ကြီးကတော့  အ၀တ်တစ်ထည် အထုပ်တစ်ထုပ် နဲ. ဆင်းလာတဲ့ သူကိုကြည့်ပြီးတော့လေ ရီလိုက်ကြတာဆိုတာ သေလုမတတ်ပဲ ။ အချို.ဆို ရီရင်းနဲ. အူတက်ပြီး သတိတောင် လစ်သွားတယ်ဆိုလားပဲ ။ ကိုယ်တစ်ခုစိတ်ဝင်စားတာက အဲ့ဒီ scene ၄ ခုရဲ. လက်ကျန် card တွေကို ဘယ်လိုဆက်ရိုက်လဲဆိုတာရယ် ၊ ဘယ်လိုချိတ်ဆက်ပြီး အဲ့ဒီကားကို ဘယ်တော့ တရားဝင်ရုံတင်မလဲဆိုတာရယ်ကတော့ စိတ်အ၀င်စားဆုံးပါပဲ ။ 

ကောင်မလေးရေ
ကိုယ်တို.က နဂိုတည်းကိုက ဇာတ်သိမ်းခမ်း မပါတဲ့ ပြဇာတ် တစ်ပုဒ်ကို ကခဲ့ကြတာလေ ။
ချစ်ခြင်းဟာ ကြေကွဲခြင်း မှာ အဆုံးသတ်မှာမဟုတ်သလို ပေါင်းစည်းခြင်းမှာလည်း နိဂုံးချုပ်ချင်မှချုပ်မှာ ။ နားလည်မှု ၊ နွေးထွေးခြင်း ၊ ကိုယ်ချင်းစာစိတ် ၊ စစ်မှန်သော နှောင်ဖွဲ.မှု တွေသာပါရင် နောက်ကျောနေ ဓါးနဲ.အထိုးခံရရင်တောင် နာကျင်နေတဲ့ ငါ့မျက်နှာကို သူမမြင်ရက်လို.နေမှာပါလေလို. တွေးနိုင်တယ်ကွ ။ ချစ်ခြင်းဟာ ချစ်ခြင်းမှာပဲ အဆုံးသတ်တယ် ။ အခြားဘယ်အရာဆီမှာ မှ နိဂုံးမချုပ်ဘူး ။ ကိုယ်လိုလူမျိုးက တစ်ယောက်နဲ.တစ်ယောက် ထာဝရ ပိုင်ဆိုင်လိုက်ရလို. ကြုံလာရမယ့် စိတ်မချခြင်း၊ စိတ်ပျက်ခြင်း တွေထက် စွန်.လွှတ်ပေးလိုက်ရင်းရလာမယ့် တမ်းတခြင်းကို ပိုနှစ်သက်တဲ့ကောင်စားမျိုးလေ




ကောင်မလေးရေ ပျော်ရွှင်နေပါစေ
အရာရာကျေနပ်နေပါစေ
ဘ၀မှာ 
ကြည်သာရွှင်ပြ …… လှပတဲ့ အနာဂတ်များသာ ကြိုနှင့်ပါစေ
အိမ်မက်မှာ 
ရီဝေပျံ.သင်း …… ရနံ.မြစ် အစင်းစင်း စီးဆင်းနေပါစေ
နှလုံးသားမှာ
နွေးထွေးမှု ၊ ယုယခြင်း ၊ သစ္စာပန်းခင်းတို.သာ နင်းလေရာပွင့်ပါစေ
မတော်တဆ မျက်ရည်ကျခဲ့ရရင်တောင် 
ကျတဲ့မျက်ရည် အေးမြ ချိုမြိန်နေပါစေ

ကောင်မလေးရေ
နောင်နှစ် ရေးခွင့်ရှိအုံးမယ်ဆိုရင်တော့ အဲ့ဒီကျမှ ထပ်ရေးလိုက်မယ်နော် ။

Thursday, May 31, 2018

ဖန်မီးအိမ်လေးငြိမ်းသွားပြီ - ခင်နှင်းယု


   

ဖန်မီးအိမ်ကို မီးစာမြှင့်လိုက်ရင်း မရင်မေသည် တစ်ချက် သမ်းလိုက်၏။ တစ်နေကုန် စက်ချုပ်ထားသည်ဖြစ်၍ သူ့ မျက်လုံးများ စင်းလာသည်။ သစ်သားတံခါး တစ်ချပ် လှစ်ထားရာမှ အပြင်သို့ မျှော်ကြည့်မိ၏။ အပြင်ဖိနပ်ချွတ်မှာ ကာရံထားသော သံဆန်ခါကွက်တံခါးကိုတော့ ချက်ထိုးထားသည်။ စောစောက လူသွားလူလာနှင့် ဆူညံနေသောလမ်းသည် ယခုတော့ လမ်းမီးတိုင် အောက်မှာ တိတ်ဆိတ်နေသည်။

သူတို့အိမ်လေးသည် တောင်ဥက္ကလာပ ၁၀ ရပ်ကွက်ဈေး၏ မျက်နှာစာတန်းနှင့် တစ်တန်းတည်း ဈေးနှင့်မနီးမဝေးမှာ ရှိသည်။ တစ်နေ့လုံးနှင့် ညဦးအထိ လူစည်ကားသော နေရာ ဖြစ်သည်။

သားသည် ၈ နာရီ ကျူရှင်ပြီးလျှင် ၉ နာရီလောက်တော့ အရောက်ပြန်လာတတ်သည်။ ယနေ့ညတော့ ၉ နာရီကျော် ၁၀ နာရီ နီးနေပြီ။ တစ်ဖက်ခန်းရှိ အိမ်ရှင် သို့မဟုတ် အလုပ်ရှင် ဒေါ်မြငြိမ်းတို့ မိသားစု အိပ်ပျော်နေကြပြီ ထင်သည်။ ဘာသံမှ မကြားရ။ လျှပ်စစ်မီးတစ်လုံး ဖွင့်ထားလျှင်တော့ရသည်။ ဒေါ်မြငြိမ်းကို သူက အားနာသည်။ ပြီးတော့ အပ်ချုပ်ခြင်းနှင့်မဆိုင်သော သားကို စောင့်မျှော်ခြင်းအတွက် ဒေါ်မြငြိမ်း၏ မီးလုံးကို မသုံးသင့်ဟု သူထင်သည်။ ဒါကြောင့် သူဝယ်ထားသော ရေနံဆီနှင့် ဖန်မီးအိမ်ကိုထွန်းကာ သားကို စောင့်မျှော်နေရခြင်း ဖြစ်သည်။

စာအုပ်လေး ဘာလေးဖတ်၍ စောင့်မျှော်နေရသော အချိန်ကို ကုန်လွန်အောင် လုပ်လျှင်တော့ ရသည်။ ဒါပေမယ့် အလုပ်က မျက်စိကို အသုံးချရသော စက်ချုပ်အလုပ်ဖြစ်၍ မျက်စိကို ညဘက်မှာ အနားပေးဖို့လိုသည်။ ဒေါ်မြငြိမ်းအိမ် ရောက်စကတော့ နေ့စက်ချုပ်၊ ညဘက် ကြယ်တံတပ်သည်။ ယခုတော့လဲ ကြာကြာဝါးမည့်သွား အရိုး ကြည့်ရမည်။ သူအိုမင်းချိန်အတွက် အာမခံချက်က ဘာမှမရှိသေး။ သူရှာရသမျှ သားအတွက်ပဲ ဖြည့်ဆည်းနေရသည်။

သားသည် ဘာကြောင့်များ နောက်ကျဘာလိမ့်။ ထူးချွန်သော ကျောင်းသား မဟုတ်သော်လည်း သားကိုးတန်းအထိ စာမေးပွဲမှန်မှန်အောင်ခဲ့သည်။ ၁၀ တန်းရောက်ခါမှ လပတ်စာမေးပွဲများမှာ အမှတ်မကောင်း။ မနှစ်ကလည်းကျ၍ ယခုဒုတိယနှစ်တွင် သားကို ကျူရှင်ထားပေးသည်။ ကျူရှင်က မဝေး ၈ ရပ်ကွက်ထဲမှာ။ လခကလည်း မြို့ထဲက ဝိုင်းကျူရှင်များလို ဈေးမကြီးလှ၍ သူက သားကိုထားပေးသည်။

လက်သမားကြီး ဦးဘထူးပင် သူ့သားကို ထားပေးတော့ သူကလဲ ကြိုးစား၍ သားကို ထားပေးသည်။ ၁၀ တန်းအောင်လျှင် သားအတွက် သူ့တာဝန်အေးပြီ။ သင့်တော်သော အလုပ်တစ်ခု သားရှာဖို့ အခြေခံရပြီ။ အလုပ်ရမှ သားပညာဆက်လိုချင်သေးလျှင် စာပေးစာယူ ဆက်တက်ပေါ့။ ဒါက သူစဉ်းစားထားသော အစီအစဉ်။

သူ့အဖို့ကတော့ စက်ချုပ်စက်နှင့် လုံလောက်သည်။ ဒေါ်မြငြိမ်းအိမ်ရောက်တော့ သူ သားကို ကိုယ်ဝန်လွယ်လျက် ရှိသည်။ ဒေါ်မြငြိမ်းအိမ်က ခုလိုပျဉ်ထောင်ကာ သွတ်မိုး မဟုတ်သေး။ ထရံကာ၊ သွတ်မိုး၊ လေးပင်သုံးခန်း ဖြစ်သည်။ အိမ်ကတော့ ကျယ်သည်။ မရင်မေကို ရန်ကုန်သုံးပုံစံများ အရင်ချုပ်တတ်အောင် သင်ပေးပြီးမှ ဒေါ်မြငြိမ်းက စက်ထောင်ပေးသည်။ မရင်မေက နယ်မှာကတည်းက စက်ချုပ်လာသူဖြစ်၍ အခြေခံရှိပြီးဖြစ်သည်။ ရန်ကုန်ပုံစံများကို သင်ယူသောအခါ လွယ်ကူပါသည်။

ဒေါ်မြငြိမ်းကို သူကျေးဇူးတင်ပါသည်။ သူခိုနားဖို့ အိမ်ခန်းလေးပေးသည်။ ထမင်းစားဖို့ အပ်ချုပ်ပညာလည်း သင်ပေးသည်။ ဒေါ်မြငြိမ်းက မုဆိုးမဖြစ်သည်။ သားတစ်ယောက်၊ သမီးတစ်ယောက်နှင့်အတူ ၁၀ ရပ်ကွက်ဈေးထဲမှာ အထည်ဆိုင် ထွက်သည်။ သူ သားကိုမွေးခါနီးတော့ ဒေါ်မြငြိမ်းက သူ့ကိုနားခိုင်းသည်။ တခြား အမျိုးသမီးတစ်ယောက်ကို ခေါ်ယူကာ အပ်ချုပ်ဆိုင်ကို တိုးချဲ့လိုက်သည်။

သားမွေးပြီးတော့ စက်သုံးလုံးနှင့် ကလေးမလေး အကူနှစ်ယောက်ပါ ရလာသည်။ စက်ချုပ်ဆိုင်မှာ အပ်ထည်အများအပြား ရလာသည်။ ဒေါ်မြငြိမ်းက ဈေးထဲကဆိုင်ကို ရောင်းလိုက်၍ အိမ်ကို သွတ်မိုး ဆောက်လိုက်သည်။ မရင်မေ နေဖို့ စက်ခန်းလေးနှင့်အတူ အခန်းကာပေးသည်။ ကျန်နှစ်ခန်းမှာ ဒေါ်မြငြိမ်းတို့ မိသားစုနေ၍ မွေ့ရာ၊ ခြင်ထောင်၊ ခေါင်းအုံး စသည်များကို ချုပ်၍ရောင်းသည်။ အပ်လျှင်လည်း ချုပ်ပေးသည်။

စက်ခန်းလေးမှာ သူတို့သားအမိနှစ်ယောက် နေရ၍ ထမင်းကိုတော့ သီးသန့်ချက်စားသည်။

ဘာပဲပြောပြော သူ၏ရပ်တည်ရာ မရသော ဘဝအတွက် အခြေကျအောင် စီမံပေးသော ဒေါ်မြငြိမ်းကို ကျေးဇူးတင်ပါသည်။ ဒေါ်မြငြိမ်းကလည်း သစ္စာရှိ၍ အလုပ်ကျေပွန်သော သူ့ကို အစစ အဆင်ပြေအောင် ကြည့်ရှုသည်။

အပြန်အလှန် တစ်ဦးအပေါ်တစ်ဦး ထားရှိသော စေတနာနှင့် ကျေးဇူးတရားများကို ပြန်လည်တွေးမိချိန် စိတ်ကအေးချမ်း သွားသလောက်၊ အပြင်လမ်းမက ခြေသံကြား၍ မျှော်ကြည့်လိုက်တိုင်း သားမဟုတ်လျှင် စိတ်ကမောသွားသည်။

သားသည်သော် လည်းကောင်း၊ သား၏အဖေသည်သော် လည်းကောင်း မိခင်တစ်ယောက် သို့မဟုတ် ဇနီးတစ်ယောက်၏ စောင့်မျှော်ရခြင်း ဒုက္ခကို သူတို့ နားလည်စာနာတတ်သူများ မဟုတ်ကြ။

ဘာကြောင့်များ မိန်းမဆိုသူတွေကို စောင့်မျှော်ရခြင်းဟူသော ဒုက္ခကို သဘာဝက ပေးထားပါသလဲ။ ရည်းစားဘဝက မပိုင်သေး၍ မျှော်ရသည် ထားပါတော့။ လင်သား ဖြစ်လာပြန်တော့ သူတို့ကခြေမငြိမ်၊ လာချိန်တန် ပြန်မလာတော့ မျှော်ရသည်။ သားရပြန်တော့ အရွယ်ရောက်၍ ခြေကစားလျှင် ညဥ့်နက်သည်ထိ မျှော်ရပြန်သည်။ သားတို့ဖေဖေကို စောင့်မျှော်ရစဉ်ကလည်း စိတ်မောလိုက်တာ။ ဒေါ်မြငြိမ်းဆို သတ်မှတ်၍ရသည်။ ခင်ပွန်းသည်သေဆုံးသွား၍ “မုဆိုးမ”။

မရင်မေဘဝက ဘာမှန်းမသိ၊ သားတို့ အဖေသည် သေသွားပြီလား၊ အဝေးတစ်နေရာမှာလား မသိနိုင်။ သူယခုထိ စောင့်မျှော်လျက်ရှိဆဲပါ။ နာကြည်းစွာနှင့် မျှော်လင့်ခြင်းဖြစ်သည်။

တိုးတိုးတိတ်တိတ်ပင် ဆိုသော်လည်း လက်ထပ်ပြီးစကတော့ လက်ထပ်စာချုပ်ဆိုသည်မှာ သူ့ဘဝအာမခံချက်လို မရင်မေ သဘောထားမိသည်။ ဒီစာချုပ်လေးကို တပွေ့ပိုက်ပိုက်နှင့် အမြတ်တနိုးသိမ်းထားမိ၏။

သားတို့အဖေ အချိန်ကြာမြင့်စွာ မပေါ်လာတော့မှ ဒီစာချုပ်သည် လူတစ်ယောက်အား ဆွဲဆောင်ထားနိုင်သော စွမ်းအားမရှိသည့် စက္ကူအပိုင်းအစလေး တစ်ခုဆိုတာ သူနားလည်လာသည်။

ချစ်သူအပေါ် ယုံကြည်အားထားသော မိန်းကလေးတို့၏ ပျော့ညံ့မှုအပေါ် အကွက်ကောင်းယူကာ လှည့်စားသိမ်းသွင်းရာ၌ လက်ထပ်စာချုပ်သည် လက်နက်တစ်ခု ဖြစ်လာပါပကော။

အမေ မသေခင်က ပြောစကား သတိရသည်။ “ဘာမှမပါလဲလေ တင်တောင်းစရာ မလိုဘူး။ အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် အသိအမှတ်ပြုပြီး လူကြီးမိဘစုံရာနဲ့ လာတောင်းရင် အမေ ပေးစားမှာပဲ”

မြန်မာထုံးစံ ဤလိုလက်ထပ်ခြင်းမှာ ကတိမ်းကပါး ဖြစ်သွားဦးတော့ မိန်းကလေးအတွက် ဂုဏ်သရေကို အကာအကွယ်ပေးခြင်း ပါလားဟု သဘောပေါက်သည်။ နောက်ကျ သွားခဲ့ပြီ။ အမေသာရှိရင် ရင်ကျိုးမှာ။

“လူကြီးတွေဆိုတာ မလိုပါဘူး။ နှစ်ဦးသဘောတူလက်ထပ် ပြီးတာပဲ။ ချစ်တာသာ ပဓာန” တဲ့လေ။ သားအဖေကို ဘယ် လိုက်ရှာရပါ့။ သားကို ကိုယ်ဝန်လွယ်ရတော့မှ သူမျက်လုံးပြူးမိသည်။ မိန်းမရဲတွေလို လက်ထပ်စာချုပ်ကိုင် ထဘီစွန်တောင်ဆွဲကာ မဏ္ဍပ်တိုင် မတက်ရဲလေတော့၊ အစက ဘယ်လူကြီးမှမသိသော ဇာတ်ထုတ်ကို သူ့ဟာသူ ပြည်ဖုံးကားချလိုက်သည်။ ကိုယ့်ရင်သွေး ကိုယ်လွယ်ကာ သူချက်မြုပ် ဒေသမှ ထွက်ခွာလာခဲ့သည်။

ကလေးအဖေအမည်ကို ဖော်ဖို့နေနေသာသာ သူသည် ကလေးအဖေနာမည်ပါသော စာချုပ်ကို နာကြည်းစွာ ဆုတ်ဖြဲပစ်လိုက်သည်။ ဘာမှအကာအကွယ် မပေးနိုင်၊ မိန်းကလေးတစ်ယောက်၏ သိက္ခာကို မဆယ်ယူနိုင်သော စက္ကူစုတ်။ သားတို့အဖေ ဘယ်သူဘယ်ဝါဆိုတာ သူကဖော်မပြောသော်လည်း သူ့အကြောင်း ဖြစ်ခဲ့သမျှတော့ အမှန်အတိုင်း ဒေါ်မြငြိမ်းကို သူဖွင့်ဟပြောခဲ့သည်။

ဒေါ်မြငြိမ်းကတော့ ပြောပြသည်။

“မင်းက ထင်တာကို၊ မင်းမှာ တစ်ကောင်ကြွက် ကျောထောက်နောက်ခံ မရှိလို့၊ ဒီတိတ်တဆိတ် လက်ထပ်ထားတဲ့ စာချုပ်ဟာ တန်ဖိုးမရှိဖြစ်ရတယ်လို့။ ပုဏ္ဏား ၈ ယောက် ဘိသိက်မြှောက်ပြီး ဧည့်တစ်ထောင်နဲ့ လက်ထပ်လည်း သူတို့သစ္စာရှိမှ သက်ဆုံးတိုင် ပေါင်းရတာ။ တို့မိန်းမတွေ ကျေအေး လက်ထပ်ထားတာလေ၊ လူသိရှင်ကြားရှိတော့ ခုလို ကလေးရလာရင် တိတ်တိတ်ပုန်း အလေဏတော မဟုတ်ဘူး။ လက်ထပ်ပြီးရတာပါလို့ ပြောနိင်တာလေး တစ်ခုပဲရှိတယ်”

တော်ပါပြီလေ ကိုယ်မိုက်လို့ ကိုယ်ခံရတာပဲ ဖြစ်သည်။ မိုက်ရဲ၍ ရလာသော ဒီကလေးအတွက် အစစ သူတာဝန်ယူရဲရမည်။

သားတို့အဖေ ပြန်လာလာ၊ မလာလာ သူကတော့ သားကို လောကကြီးထဲ အရောက်ခေါ်ခဲ့၏။ သူ့အလုပ်က စက်ချုပ်အလုပ်ဆိုတော့ အပ်ထည်တွေချုပ်ရင်း သားငယ်အတွက် အင်္ကျီမျိုးစုံချုပ်သည်။ နေ့ကလေးထိန်း စ,ထားကတည်းက သားသည် တခြားကလေးများ အလယ်တွင် သစ်လွင် တောက်ပသော အင်္ကျီလှလှလေးများနှင့် ထင်ပေါ်သူ။ ယခု ၁၀ တန်းရောက်သည်အထိ သားမှာ အဝတ်အစား မညှိုးရ၊ ပြည့်စုံသည်။ သစ်လွင်သည်။ သပ်ရပ်သည်။

ထမင်းဘူးဆိုလည်း သားအတွက်တော့ အသားဟင်းတစ်ခွက်ပါအောင် ထည့်ပေးသည်။ သားသည် အရိုးကြောက်၍ ငါးမစားသောကြောင့် ပုစွန်နှင့်အသားတစ်ခုခု ထည့်ပေးရသည်။ ကျောင်းမှာ သားထမင်းဘူးသည် ကြေးရည်တတ် မိဘများ၏သားများ ထမင်းဘူးအလယ်မှာ မျက်နှာမငယ်စေရ။ စာအုပ်ဆိုလျှင်လည်း လိုလေသေး မရှိ။ အကြောင်းမသိသူက စက်ချုပ်သမသားဟု ထင်စရာမရှိအောင် သူ့ဘဝအတွက် ခြိုးခြံ၍ သားကိုဖြည့်ဆည်းသည်။

သားက ၁၀ တန်းရောက်လာမှ ခြေလှမ်းကမမှန်။ ယခုတလော ကျောင်းကပြန်လာတိုင်း မျက်နှာက မကြည်လင်။ အောက်တိုဘာ ကျောင်းပိတ်ရက် ပြန်ဖွင့်လျှင် စာမေးပွဲကြီး နီးလာပြီဖြစ်၍ သားကို အပြင်းအထန် ကြိုးစားစေချင်သည်။ သားက ညဥ့်နက်မှပြန်လာ၊ မနက်ကျစောစောမနိုး၊ စာကြည့်ချိန် မရ။ ၁၀ တန်းရောက်ကတည်းက ကျောင်းချိန်မှာ လက်ဖက်ရည်ဆိုင်ထိုင်လျက် တွေ့ရသည်ဟု ဒေါ်မြငြိမ်းသား ကိုသန်းအောင်က သူ့ကို သတင်းပေးသည်။ တစ်ခါတစ်ရံ ဦးဘထူးသားနှင့် မြို့ထဲမှာတွေ့ခဲ့ရသည်။ တီးတိုးညင်သာစွာ သားကို သူဆုံးမသည်။ အော်ကြီးဟစ်ကျယ်နှင့် ခဏခဏ မပြောချင်။ သူကိုယ်တိုင်လည်း တစ်နေကုန် တစ်နေခန်း ပင်ပန်းလှ၍ ညဥ့်ဦးယံသည် သားနှင့်အတူ သာယာပြေပြစ်သော အချိန်လေးပဲ ဖြစ်စေချင်သည်။ သားနှင့်ကတောက်ကဆ မဖြစ်ချင်။ သားမျက်နှာက မကျေနပ်ခြင်း၊ ရန်လိုခြင်းများကို ပြနေ၍ သူကရင်ဆိုင်ထိပ်တိုက် တွေ့ဖို့ အစဖော်မပေး။ အေးအေးသက်သာတော့ သွယ်ဝိုက်ပြောသည်။

ယခုလို အပြန်နောက်ကျခြင်းမှာ ကျူရှင်အပြီး သူငယ်ချင်းတွေနှင့် တစ်ခုခုဝင်လုပ်နေ၍ ဖြစ်ရမည်။ သူစိတ်မောလိုက်တာ။ ဆက်မတွေးချင်တော့။ သားကို ကိုယ်ဝန်ရှိကတည်းက မောခဲ့ရသော အမောကြောင့် သူနောက်ထပ်စိတ်မောရန် အင်အားမရှိတော့ပါ။

အိမ်ရှေ့မှ ခြေသံကြားရပြီ။

“သားလား” ပြောပြောဆိုဆို တံခါး တစ်ချပ်ကို ထပ်လှစ်၍ ဖိနပ်ချွတ်ကို ဆင်းလိုက်သည်။ သံဆန်ခါတံခါးအပြင်မှာ သား မတ်တတ်ရပ်နေသည်။ သူတံခါးဖွင့်ပေးလိုက်တော့ သားသည် တိတ်ဆိတ်စွာ အိမ်ခန်းထဲဝင်သွားသည်။ သူသည် တံခါးများကို ပိတ်၍ အိမ်ခန်းထဲ ပြန်ဝင်လာသည်။ သား၏နှုတ်ဆိတ်ခြင်းကိုမကြိုက်။ အထူးသဖြင့် သားသူ့အနားဖြတ်သွားစဉ် အနံ့တစ်ခု ရရှိသည်။ ဒီအနံ့ကို ပို၍မကြိုက်။

သားသည် အခန်းထဲဝင်သွားကာ လွယ်အိတ်ကို စားပွဲခုံပေါ်တင်လိုက်၏။ စားပွဲတင်နာရီက ၁၁ နာရီ ထိုးနေပြီ။

“မောင်အောင်မြင့်”

မရင်မေသည် အသံမာမာနှင့် လှမ်းခေါ်လိုက်၏။ သားသည် ခါတိုင်းလို သူ့ကို သားဟုမခေါ်။ နာမည်ခေါ်ယုံမက တစ်ခါမှမကြားဖူးအောင် မာကျောလှသည်။ အခန်းထဲမှထွက်ကာ မောင်အောင်မြင့်က မရင်မေရှေ့ လာရပ်သည်။

“အချိန် ၁၁ နာရီ ရှိပြီလို့ အမေ ပြောမလို့ မဟုတ်လား”

သားက မေးရင်း ထိုင်လိုက်၏။ ဖန်မီးအိမ်အရောင်ဖြင့် မရင်မေမျက်လုံးများသည် ဝင်းဝင်းတောက်နေသည်။ အသက်လေးဆယ် ပတ်ဝန်းကျင်ရှိသေး၍ ဝင်းဝါသော သူ့မျက်နှာတွင် နုပျိုလန်းဆတ်သော အသွင်များ ရှိနေဆဲ။ ဒါပေမယ့် ယခုလိုဒေါသဖြင့် ဖိတ်ဖိတ်တောက်နေသော မျက်လုံးမျိုးကို အမေ့ မျက်နှာတွင် မောင်အောင်မြင့် မတွေ့ခဲ့ရဖူးပေ။

“၁၁ နာရီကို မပြောချင်ဘူး။ သားဟာ ကျောင်းသားတစ်ယောက် အနေနဲ့ ဘယ်အချိန် အိမ်ပြန်ရမယ်ဆိုတာ သိရမှာပဲ။ အမေ ဘာမှ ပြောဖို့မလိုဘူး။ အမေမင်းကို အိမ်ပြန် နောက်ကျတာနဲ့ ပတ်သက်လို့ မဆူခဲ့ဘူး မဟုတ်လား။ မင်း မနှစ်က ၁၀ တန်းကျပြီးပြီ။ ဒီနှစ် ၁၀ တန်းပြန်တက်ရကတည်းက မင်းခြေလှမ်းပျက်နေတယ်”

“ဟုတ်တယ်”

မောင်အောင်မြင့်အသံက အံ့ဩဖွယ်ကောင်းအောင် ခပ်ပြတ်ပြတ် ခပ်မာမာ။ မရင်မေကို ကြည့်နေသော မျက်လုံးများက အခြေအနေအရပ်ရပ်ကို ရင်ဆိုင်ဖို့ စိန်ခေါ်နေသော မျက်လုံးများ။ ဒီမျက်လုံးနေပုံကို မရင်မေ မကြိုက်။ အဓိပ္ပါယ်ကို နားမလည်။ သူ့ကို ရင်ဆိုင်အန်တုတော့မည့်ပုံမျိုး။

“မင်း အရက်သောက်လာတယ် မဟုတ်လား”

“ဟုတ်တယ်၊ သောက်လာတယ်”

မာကျောသောဖြေသံကြောင့် မရင်မေ သက်ပြင်းချလိုက်၏။

“ကျောင်းမှာ မင်းဘာအဆင်မပြေလို့လဲ။ စာအုပ်၊ အဝတ်အစားကအစ ဘာလိုလဲ။ ခု ကျူရှင်တက်ဖို့လည်း အမေစီစဉ်ပေးတယ်”

မောင်အောင်မြင့်သည် ဖန်မီးအိမ် ဘက်ကို မျက်စိလွှဲလိုက်၏။ ရုတ်တရက် ဘာမှမဖြေ၊ သားအမိ နှစ်ယောက်ကြား အချိန်သည် ခေတ္တတိတ်ဆိတ်နေသည်။

“ပြောပါဦး၊ အရက်သောက်နေတဲ့ အထိ စိတ်ဓာတ်ပျက်ပြားရအောင် ဘာတွေ ဖြစ်နေလို့လဲ”

“အမေက ကျွန်တော်အရက်သောက်တာပဲ ပြောတာကိုး”

“မင်း အရက်သောက်တာကိုး မင်းကိုပဲ အမေပြောရမှာပဲ။ ကဲ အမေ့ဘက်က ဘာချို့ယွင်းခဲ့သလဲ”

မောင်အောင်မြင့်မျက်နှာသည် ရုတ်တရက် ခက်ထန်လာသည်။

“အမေအတွက် ကျွန်တော် သိပ်စိတ်ဆင်းရဲတယ်”
“ဘာ”

ကြားရသောစကားကို မယုံသလို မရင်မေက မျက်လုံးပြုးကာ မေးလိုက်၏။

“ပြောစမ်းပါအုံး၊ မင်းက စိတ်ဆင်းရဲရအောင်”

“ဟုတ်တယ်၊ မနှစ်က ၁၀ တန်းကျကတည်းက”

“ ၁၀ တန်းကျတာ အမေလုပ်လို့လား”

“ဟုတ်တယ်”

မရင်မေသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားသည်။ သားစကားကို နားမလည်။

“ကဲ အမေ့ကို ရှင်းရှင်းပြောပြစမ်း”

မရင်မေက သားမျက်နှာကို စေ့စေ့ ကြည့်နေပေမင့် မောင်အောင်မြင့်က မျက်နှာလွှဲထားသည်။

“လက်သမား ဦးဘထူးသားနဲ့ ကျွန်တော် ကျူရှင်အတူတက်ရတော့ သူက တစ်ည ကျွန်တော့်ကိုပြောတယ်။ သူ့အဖေက ပြောတယ်တဲ့၊ အမေ ကြီးကြီးငြိမ်းအိမ် ရောက်တော့ ကျွန်တော့်ကို ကိုယ်ဝန်ကြီးနဲ့ဆို”

“အဲဒါ ဘာဖြစ်လဲ၊ ဒီအိမ်ကို ပြင်ဆောက်တာကအစ ဦးဘထူးလုပ်ပေးတာ၊ အမေ့မှာ ကိုယ်ဝန်ကြီးနဲ့ ရောက်လာတာ သူသိတာပေါ့”

“မေမေက ဘယ်ကရောက်လာမှန်း မသိဘူးတဲ့၊ ကလေကချေပေါ့လေ။ ဒါထက် ကျွန်တော်သိချင်တာက ကျွန်တော့အဖေ ဘယ်သူလဲ။ သူတို့ကပြောတယ်။ ကျွန်တော်ဟာ အဖေမရှိတဲ့သား တဲ့”

မောင်အောင်မြင့်က နာကြည်းစွာ ပြောရင်း မျက်ရည်လည်လာသည်။ မရင်မေသည် အခြေအနေအားလုံးကို သဘောပေါက်သွားသည်။ သူ့မျက်နှာသည် ကြေကွဲဝမ်းနည်းရမည့်အစား ပြုံးလာသည်။

“ဒါကြောင့်လား။ ဒါကြောင့် ကျွန်တော်စာမေးပွဲ ကျရပါတယ်၊ အရက်သောက်ရပါတယ်ပေါ့”

“ဟုတ်တယ်၊ အမေ ကျွန်တော့်ကို မလှည့်စားပါနဲ့။ ကျွန်တော့်အဖေဟာ ဘယ်သူလဲ။ ကျွန်တော့်ကို တိတိလင်းလင်းပြောပါ”

မောင်အောင်မြင့်အသံက မာလာသည်။

“ကဲ အမေကမပြောဘူး ဆိုပါတော့”

ဒေါ်ရင်မေထံမှ သူလိုချင်သောအဖြေ ထွက်မလာ၍ မောင်အောင်မြင့်က အံ့ဩသွားသည်။

“ကလေးအဖေ မဖော်နိုင်အောင် ဖောက်ပြန်တဲ့ မိန်းမတစ်ယောက်နဲ့ ကျွန်တော် အတူမနေနိုင်ဘူး။ ကျွန်တော်ရှက်တယ်၊ ရှက်လွန်းလို့ အရက်သောက်တာ”

ဒေါ်ရင်မေမျက်နှာသည် ကြောက်စရာ ကောင်းလောက်အောင် ပြုံးလာသည်။ ပြီးတော့ ကြောက်စရာ ကောင်းလောက်အောင် ရယ်သည်။

“ဒီမှာသား၊ ရှက်ရမှာက အမေပါ။ လင်ကောင်မပေါ်ဘဲ သားတစ်ယောက်ကို မွေးရတဲ့ အမေက ရှက်ရမှာပါ။ ဒါပေမယ့် အမေ့ကိုလည်း မလှည့်စားဘဲနဲ့ မင်းဖြေပါ။ မင်းအရက်သောက်တာကို ဖုံးဖိချင်လို့၊ အကြောင်းရှာပြီး အမေ့ကြောင့်လို့ မင်းကစွပ်စွဲတာ အမေရယ်ချင်တယ်။ ဒီသတင်းကြားကြားချင်း မင်းအဲဒီအတွက် စိတ်ဆင်းရဲရိုးမှန်ရင် အမေ့ဆီ ပြေးလာပြီး မေးရမယ်။ ခုတော့မင်းက အရက်ဆိုင်ကို ခြေဦးလှည့်တယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ ကျောင်းပြေးတယ်။ အမေခဏခဏ တိုးတိုးတိတ်တိတ် သတိပေးခဲ့တယ်။ ဒီမှာသား၊ သားကို အမေမေးမယ်။ သားကျောင်းနေကတည်းက အဝတ်အစား၊ စာအုပ်၊ မုန့်ဖိုးကအစ အခြေအနေအားလုံး အဖေရှိတယ်ဆိုတဲ့ သားတွေနဲ့ သား ဘာများခြားနားခဲ့ရသလဲ။ သားမျက်နှာငယ်ရတဲ့အကြောင်း ရှိခဲ့ဖူးလား။ အဖေမရှိလို့ သားမှာ စာအုပ်၊ အဝတ်အစားကအစ ချို့ငဲ့လို့ စိတ်ဓာတ်ကျရပါတယ် ဆိုရင်တော့ နည်းနည်းယုတ္တိရှိသေး”

မောင်အောင်မြင့်သည် မဖြေ။

“အဖေတစ်ယောက်ရှိတဲ့ ဆင်းရဲသားထက် သားမှာ ပြည့်စုံတယ်။ ဒီပြည့်စုံတဲ့ အခြေအနေမှာ သူများထက်တော်အောင် ကြိုးစားရတယ်။ မင်းခြေလှမ်းပျက်တာ ၁၀ တန်းရောက်ကတည်းက အမေ တိုးတိုးတိတ်တိတ် ဆုံးမခဲ့တယ်။ မင်းရဲ့ အပြစ်ကိုဖုံးချင်တာနဲ့ အမေ့ရဲ့ပျော့ကွက်ကို ထောက်ပြီး မေးတဲ့မေးခွန်းကို အမေဘယ်တော့မှမဖြေဘူး မှတ်။ တခြား အဖေမရှိတဲ့ မုဆိုးမသားတွေကတော့ ကျောင်းမှာ ဘာလို့ စာကြိုးစားသင်နိုင်သလဲ။ မင်းလောက်တောင် မပြည့်စုံဘူး မှတ်။ မင်းမှာ ဘာမပြည့်စုံလို့လဲ”

“အဖေ” အောင်မြင့်က တစ်လုံးပဲ ဖြေသည်။

“အေး မင်းအတွက်အဖေဆိုတာကို အမေလည်း ရှိစေချင်တာပေါ့။ အဖေဆိုတဲ့ လူသားတစ်ယောက်ရှိရင် မင်းလဲပြည့်ပြည့်စုံစုံ ရှိရက်နဲ့ စာမကြိုးစား၊ အရက်ကိုသောက်လာပြီး ဒီလို အမေကို မာရေကျောရေ ဆက်ဆံရဲမှာ မဟုတ်ဘူး။ အဖေက နားရင်းအုပ်ပြီ။ ဒါပေမယ့် သားရဲ့အဖေပါလို့ တာဝန်ယူဖို့ လူတစ်ယောက်ရဲ့ တာဝန်ပျက်ကွက်မှုကို အမေဘာမှ မတတ်နိုင်ဘူး။ အဖေမဖော်နိုင်လို့ ကျွန်တော် စာမသင်ချင်ဘူး၊ ရှက်လှချည်ရဲ့ဆိုပြီး ကိုယ့်ဟာကိုယ် စာမကြိုးစားချင်တာနဲ့ အရက်သောက်ပြီး မခိုင်လုံတဲ့ အကြောင်းတွေ မပြပါနဲ့။ မိစုံ၊ ဖစုံနဲ့ ကျောင်းသားတွေ မင်းတို့ကျောင်းမှာ အကုန်စာတော်လား”

အောင်မြင့်သည် အရက်သောက်ထား၍ ခံပြင်းသောမျက်လုံးတွေနှင့် အမေ့ကို လှမ်းကြည့်သည်။

“အမေ အနေအထိုင်မဟုတ်လို့ ကျွန်တော်အရှက်ရတာ။ ဦးဘထူးကြီးက သူ့သားတင်မဟုတ်ဘူး။ လူတကာကို လျှောက်ပြောမှာ”

“ဟား ဟား ဟား” ဒေါ်ရင်မေက ခပ်သောသော ရယ်လိုက်ပြီး စကားဆက်ပြော၏။

“ဟိုဘက်ခန်းက လူတွေများ နိုးလာမလား မသိ။ ဦးဘထူးကြီးက လျှောက်ပြောစမ်းပါစေ အမေရင်ဆိုင်ရဲတယ်။ ဒီမှာသား အမေ့အနေနဲ့ သားက စာကြိုးစားသင်ပြီး အမေရေ ကျွန်တော့်ဖေဖေဟာ ဘယ်သူလဲလို့ အေးအေးဆေးဆေးမေးရင်၊ အမေဖြေဖို့ အဆင်သင့်ပဲ၊ အမေပြောခဲ့ပါရောလား။ မင်းက အရက်သောက်ပြီး ခြိမ်းခြောက်တဲ့ အနေနဲ့ မေးတဲ့စကားလုံးတွေကိုတော့ အမေ မဖြေနိုင်ဘူး”

မောင်အောင်မြင့်သည် ဆတ်ခနဲဖြစ်သွားသည်။ ဒေါ်ရင်မေကတော့ မရပ်၊ စကား ဆက်ပြောသည်။

“ကလေးတစ်ယောက်ကို အဖေမဖော်နိုင်ဘဲ ရလာတဲ့ အရှက်အတွက် မိန်းမတစ်ယောက်ဟာ အသက်ကိုတောင် စွန့်ချင်တယ် ဆိုတာ သားယုံပါ။ သားထက် အမေက ပိုရှက်ခဲ့ရတယ်။ အေး ဒီအရှက်ကြောင့်ရလာတဲ့ ဝေဒနာကို အလုပ်ကြိုးစားလုပ်ပြီး မိန်းမတစ်ယောက်ဖြစ်တဲ့အမေ ကုစားခဲ့တယ်။ မင်းက ဒီအရှက်ကို ယောက်ျားတန်မဲ့ အရက်နဲ့ကုစားတာတော့ အမေနည်းနည်းမှ ခွင့်မလွှတ်နိုင်ဘူး။ မင်းသိပ်ပျော့ညံတယ်။ အမေ့ ယူဆချက်က ငါ့ပယောဂကြောင့် ရလာတဲ့ အပြစ်မဲ့တဲ့ရင်သွေး၊ ငါ့မှာ တာဝန်ရှိတယ်။ ဒါ့ကြောင့် ဗိုက်ထဲမှာကတည်းက ကျန်းမာပါစေ၊ လူသားလေးတစ်ယောက်အဖြစ် လှုပ်ရှားနိုင်ပါစေဆိုတဲ့ မိခင်မေတ္တာနဲ့ သူတကာ တံထွေးခွက်မှာ ပက်လက်ပဲ မျောရ မျောရ၊ လက်ပစ်ပဲ ကူးရကူးရဆိုတဲ့ ယူဆချက်နဲ့ မင်းကိုမွေးလာ၊ စောင့်ရှောက်လာတာ။ အမေက စရိုက်မကောင်းတဲ့မိန်းမ၊ မင်းပြောသလို အနေအထိုင် မဟုတ်ဘူးဆိုရင် မင်း မွေးပြီး အမေ့အသက် ၂၀ ကျော်ရှိသေးတာ။ လှတုန်း ငယ်ရွယ်တုန်း ကမြင်းချင်ရင် ဖြစ်တာပဲ။ ဒီရပ်ကွက်ကိုမေးကြည့်။ အမေ အစွန်းအထင်း ရှိခဲ့ဖူးလားဆိုတာ”

မောင်အောင်မြင့်သည် ငြိမ်သွား၏။ စကားတုံ့ပြန်ပြောစရာ မရှိသလို ဖြစ်နေသည်။ သူ့ဘက်က အကြောင်းပြချက် တဖြည်းဖြည်း အားနည်းလာသည်။

“တစ်ခု အမေပြောမယ်။ လက်ထပ်ပြီး အဖေငုတ်တုတ်ရှိတာတောင် ကလေးမလိုချင်တဲ့ မိန်းမတွေအတွက် ခုခေတ်မှာ ဆေးနည်းမျိုးစုံရှိတယ်။ အမေတို့လို ကံအကြောင်းမသင့်လို့ ကလေးရလာတဲ့ မိန်းမတွေအတွက်လဲ လူ့လောကထဲ ဒီကလေးခြေမချရခင် ရှင်းလင်းပစ်တဲ့ နည်းမျိုးစုံရှိပါတယ်။ အမေ ဒီလိုမလုပ်ဘဲ သားအသက်ကို အရယူခဲ့တယ်။ အဖေဆိုတဲ့ ယောက်ျားသားတစ်ယောက် မပါဘဲ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်၊ တင့်တင့်တယ်တယ် ဖြစ်အောင် အမေမွေးခဲ့တယ်။ ကိုယ့်အရှက်ကို အဓိကမထားဘဲ ကိုယ့်ပြစ်မှုအတွက် ရလာတဲ့ရင်သွေးကို အဓိကထားခဲ့တဲ့ မိန်းမတစ်ယောက်ကို ‘အနေအထိုင် မတတ်တဲ့မိန်းမ၊ ဒီလိုမိန်းမမျိုးနဲ့ အတူနေရတာ ရှက်လှချေရဲ့’ ဆိုရင် အမေပြောမယ်။ မင်းဟာ ယောက်ျားတစ်ယောက်၊ ၁၀ တန်းရောက်ပြီ။ ကျန်းမာရေးလည်း တောင့်တင်း ပြည့်စုံတယ်။ လောကထဲကို ခြေချနိုင်ပြီ။

အရက်လည်း မသောက်တော့ပါဘူး တေပေလဲ မနေပါဘူး။ ၁၀ တန်းအောင်အောင် ကြိုးစားပါမယ်လို့ ကတိပေးရင် အမေမင်းကို ဆက်ပြီးတော့ တာဝန်ယူမယ်။ အကြောင်းအမျိုးမျိုးပြပြီး ခုအတိုင်းဆက်နေမယ်ဆိုရင် အမေမင်းကို ဆက်ပြီး တာဝန်မယူနိုင်ဘူး။ အိမ်ရှေ့လမ်းဟာ မင်းအတွက်ပဲ။ မင်းကြိုက်တဲ့လမ်းကို ရွေးနိုင်တယ်။ မင်းအဖေရော မင်းရော အမေ့ပျော့ညံ့ချက်ကို အခွင့်ကောင်းယူပြီး လှည့်စားမနေနဲ့တော့ ... ဒါပဲ”

မရင်မေသည် စကားကိုအဆုံးသတ်ကာ အိမ်ခန်းထဲဝင်သွား၍ ခုတင်ပေါ် လှဲလိုက်သည်။ အဖေနှင့်သားဟူသော ပညတ်သာ ကွာသည်။ ယောက်ျားသားနှစ်ယောက်၏ နင်းချေမှုကို သူ့နှလုံးသားက ဆက်လက် ခံယူဖို့ မစွမ်းနိုင်တော့ပါ။

အတန်ကြာ တိတ်ဆိတ်နေသည်။ အပြင်မှ ဂျပ်ဟူသော တံခါးပိတ်သံ ကြားရသည်။ သူ့အခန်းသို့ လှမ်းလာသောခြေသံကို ကြားနေရ၏။

“မရင်မေ” ဒေါ်ငြိမ်းအသံ။ သူသည် ငေါက်ခနဲ ထထိုင်လိုက်၏။ အံ့အားသင့်သွားသည်။

“ဒေါ်ဒေါ် မအိပ်သေးဘူး၊ မင်းတို့သားအမိနှစ်ယောက် ပြောနေတာ အကုန်ကြားရပါတယ်။ သူအပြင်ထွက်သွားတာ ဒေါ်ဒေါ် မြင်လိုက်တယ်"

“ဟုတ်ကဲ့ ကျွန်မကြိုတင် တွက်ထားပြီးသားပါ။ သွားတုန်းကထက်တော့ နည်းနည်းပိုပြီး ခံစားရပါတယ် ဒေါ်ဒေါ်။ တော်ကြာရင် ပြီးသွားမှာပါ။ ဒေါ်ဒေါ်ကို အားနာလိုက်တာ။ ကျွန်မတို့ကြောင့် အိပ်ရေးပျက်သွားပြီ”

“မင်းပဲ ကောင်းကောင်းအိပ်နိုင်အောင် ကြိုးစား၊ ဒေါ်ဒေါ်သွားမယ်။ တံခါးလာပိတ်”

သူသည် ခုတင်မှဆင်းကာ ဒေါ်မြငြိမ်း နောက်လိုက်လာသည်။ ဒေါ်မြငြိမ်း တစ်ဖက်ခန်း ကူးသွားတော့မှ တံခါးပိတ်ကာ အိမ်ထဲ လှည့်ဝင်လာသည်။ စားပွဲပေါ်မှ ဖန်မီးအိမ်ကို မီးဇာလျှော့လိုက်သည်။

ဖန်မီးအိမ်လေးငြိမ်းသွားပြီ ... ... ...


ခင်နှင်းယု

16-10-93

ကလျာ၊ ဇန်နဝါရီ၊ ၁၉၉၄