Showing posts with label နွယ်မြက် သစ်ပင် ဆေးဘက်ဝင်၏. Show all posts
Showing posts with label နွယ်မြက် သစ်ပင် ဆေးဘက်ဝင်၏. Show all posts

Wednesday, December 2, 2015

ကိုက်လန် ရဲ. ကျန်းမာရေး အကျိုးပြု ဆယ်ချက်


ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ်

ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ်

ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်

ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ်

ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကြယ်စင် @ လွင်ပြင်သတင်း
Ref: Good Health

Saturday, October 12, 2013

မြို.လေးဆီက လူတွေသောက်တဲ့ သင်္ဘောရွက် အကြောင်း တစ်စေ.တစ်စောင်း




ခုတစ်လော မြို.လေးဆီမှာ သင်္ဘောရွက်တွေ အစိမ်းထောင်းသောက်တာ  ခောတ်စားနေတယ်လို.သိရပါတယ် ( ဆရာသာဂဒိုး ကျေးဇူးနဲ. စူလာနဖာတို. ပိစပ်ရွက်တို. နာမည်ကြီးခဲ့သလိုထင်ပါရဲ. )  ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏ ဟုကြားဖူးပေမယ်. ခုခောတ်ကြိးက ထားပါလေ ဘာပဲပြောပြောကျွန်တော်တို. (သို.) ကျွန်တော်တို.ထက် ကြီးတဲ့သူတွေအဖို.တော.  အရင်ခောတ်လူကြီးတွေနဲ. ကြီးပြင်းခဲ့ကြရတာမို. တစ်ရွက်မဟုတ် တစ်ရွက်တော. အစိမ်းသောက် ၊ ပြုတ်သောက်ခဲ့ဖူးကြသူတွေပါ ။ စနစ်တကျ တွက်ချက် သုတေသန ပြု ထားတာမဟုတ်လို. Side Effect & Disadventage တွေ ရှိနိုင်တယ် ဆိုပေမယ်. စနစ်တကျ သုံးတတ်သူ တွေကြောင်.မို. Alternative Medicine ကိုအခြေခံတဲ့ Fame လို Company တွေတောင်နာမည်ရလာနေခဲ့တာက သက်သေပါ ။ အသိတစ်ယောက်တုန်းကတော. အရက်အသောက်လွန်လို. အသဲ ထိခိုက်ခဲ့တာကို ဒီအရွက် သောက်လို.ပျောက်ခဲ့တယ်လို.ပြောပါတယ် ။ ဒီတစ်ခုတည်းနဲ. ကုတာမဟုတ်ပဲ အခြားဆေးနည်း ပေါင်းစုံ ပါခဲ့တာမို. ဟုတ်/မဟုတ် ပြောလို.မရနိုင်ပါဘူး ။ ဒီအရည်ကအတော်လေးခါးတယ်လို.တော.ပြောပါတယ် ။ မြို.လေးက သောက်ဖူးသူအချို.ရဲ.အပြောအရတော. စွဲသောက် ဆီးကောင်းတယ် ..လေကျတယ် ..မျက်လုံးကောင်းတယ် တဲ့ ..အချို.ဆို ညှစ်ထားပြီး ရေခဲသေတ္တာထဲထည်. ညအိပ်ကာနီးမှ သောက်တယ်လို.ဆိုကြပါတယ် ။ ဒါနဲ.ပတ်သက်ပြီး လေ.လာမိသလောက်တော. မျှဝေပေးလိုက်ပါတယ် ။




သင်္ဘောပင်၏ ရုက္ခဗေဒ အမည်မှာ Carica papaya Linn ဖြစ်ပြီး မျိုးရင်းမှာ Caricaceae ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင်. Papaya , Papaw ဖြစ်သည် ။
သင်္ဘောရွက်  ၁၀၀ ဂရမ် ( ခြောက်ကျပ်တစ်မတ်သား) မှာ ကယ်လိုရီ ၇၅ ၊ ပရိုတင်း ၆.၁  ဂရမ် ၊ထုံးဓါတ် ၃၃၅ မီလီဂရမ် ၊ သံဓါတ် ၂၅ မီလီဂရမ် ၊ ဗီတာမင် အေ ၂၀၃၀၀ IU ၊ ဗီတာမင် စီ ၂၆၄ မီလီဂရမ် ၊ ကစီဓါတ် ၁၂.၇ ဂရမ် ၊ အဆီဓါတ် ၂ ဂရမ် ၊ နိုင်ယာစင် ၂.၁ မီလီဂရမ် ၊ ဗီတာမင် ဘီဝမ်း နဲ. ဘီ၂ တို.လည်းအနည်းငယ်ပါဝင်နေတယ်လို.ဆိုပါတယ် ။ သင်္ဘောရွက် ၊ သင်္ဘော သီးစိမ်းနဲ. အမှည်.အားလုံးအနက်မှာ သင်္ဘောရွက်ဟာ ပါဝင်ဓါတ်အများဆုံးပါပဲ ။ ဥပမာ ဗီတာမင်အေဆိုရင် အရွက်မှာ ၂၀၃၀၀ iu အသီးစိမ်းမှာ ၈ iu အမှည်.မှာ ၃၉၁ iu ပါပြီး ဗီတာမင် စီဆိုရင် အသီးစိမ်းမှာ ၄၀ အမှည်.မှာ ၇၃ မီလီဂရမ် ပဲပါပါတယ် ။



တိုင်းရင်းဆေးအယူအဆမှာတော. သင်္ဘောပင်ဟာ လေကိုပျက်စေသည် ။ မီးယပ်ကိုမှန်စေသည် ။ ဆီးကို ရွှင်စေသည် ။ သွေးကို စင်ကြာ်စေ၍ သည်းခြေအပူကို ငြိမ်းစေသည် ။ ၀မ်းမီးတောက်စေ၍ အစာကိုကြေညက်စေသည် ။ ဆီးရောဂါနှင်. ဆီးကျောက်တည်ရောဂါ တို.ပျောက်စေသည်  လို.ပြောထားပြီး သင်္ဘောရွက်ကို မီးမြှိက် တို.စားရင် လေထိုးလေအောင်. သက်သာစေပါတယ်တဲ့ ။ ဒါ.အပြင် ပင်လယ်အူနာ ၊ နှလုံးရောဂါ ၊ ခံတွင်းပျက်ရောဂါ တွေသက်သာ ပျောက်ကင်းစေပါတယ်တဲ့ ။ လဘက်သုတ်မှာ သင်္ဘောရွက်ကို မီးအုံးပြီး ထည်.စားရင် လက်ဖက်ကြောင်.ဖြစ်တဲ့ လေနာနဲ. အိပ်မပျော်ဖြစ်ခြင်းတို. သက်သာစေပါတယ်တဲ့ ။ နားအူ ၊ နားလေး ၊နားကိုက် ၊နားလေထွက် နာတို.အတွက် သင်္ဘောရွက်ကို နှမ်းဆီလိမ်းပြီး ကပ်ပေးရပါတယ် ။ အနာကြောင်.ရောင်ရမ်းရင်လည်း သင်္ဘောရွက်နဲ. စည်းထားပေးရပါတယ် ။ နို.ချောင်းပိတ်တဲ့ မိခင်တွေအတွက်လည်း သင်္ဘောရွက် မနုမရင်.၅ ကျပ်သား ၊ ဆား ၂ပဲသား ၊ ထန်းလျှက် ၂ ကျပ်သား ၊ ရေ ၁ပိသာ ၅၀ သား မြေအိုးတွင်ထည်.ပြီး ရေ ၁ပိသာကျန်သည်အထိ ကြို အအေးခံပြီးသောက် ရတယ်လို. ဆိုပါတယ် ။

Florida တက္ကသိုလ် ရဲ. ဓါတ်ခွဲခန်း သုတေသန ပြုလုပ်ချက်မှာတော. သင်္ဘောရွက်ဟာ ကင်ဆာ ဆဲလ်တွေကို သေစေနိုင်ပြီး အသည်းကင်ဆာ ၊ သားမြတ်ကင်ဆာ ၊ မုန်.ချိုအိတ် ( ဒီစကားလုံးက   အင်္ဂလိပ်လိုတော. ပန်ကရိယ လို.ခေါ်ပါတယ် ) ကင်ဆာ အပါအ၀င် ကင်ဆာ ၁၀ မျိုး ရဲ. ကြီးထွားမှုကို တားမြစ်နိုင်ကြောင်း တွေ.ရှိထားတယ်လို.ဆိုပါသတဲ့ ။ ဒါ.အပြင် ဘက်တီးရီးယား ၊ ဗိုင်းရပ် (စ်) ပိုး စတာတွေ ဖျက်စီးပစ်နိုင်တဲ့ ခန္ဒာကိုယ်တွင်းဆဲလ်တွေ ထုတ်လုပ်မှု ပိုကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်တဲ့ဗျာ ။


ဒါ.အပြင် အမျိုးသားတွေမှာ ဖြစ်လေ.ရှိတဲ့ ဆီးနည်း ဆီးအောင်. ဖြစ် ၊  အဲ့ဒီကနေမှ ကြာလာရင်
ကပ်ပယ်အိတ်ပါ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာ မျိုးတွေ ထိဖြစ်လာတတ်ပါတယ် ။ အဲ့ဒီလိုဖြစ်ခဲ့ရင်တော.
သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး
ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။  ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းတယ်လို.ဆိုပါတယ် ။ သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။ ၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပြီး ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားခဲ့တယ်လို. ကိုယ်တွေ. သုံးဖူးသူတစ်ဦးက နက္ခတ္တရောင်ခြည် (၂၀၀၉ - ဇွန် ) မှာ ရေးသားဖူးပါတယ်

ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်. ဆရာဝန်ကြီး ဒေါက်တာတင်အောင် က

“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။
 ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲ ဟုသူ.ကိုပြောကြားသွားခဲ့ကြောင်း မြ၀တီ အယ်ဒီတာချုပ်ဟောင်း တစ်ဦးက ရေးသားခဲ့ဖူးသည် ။
 
 
 
The Telegraph တွင် Papaya helps fight cancer, find scientists ဟူသောခေါင်းစဉ်ဖြင်. အောက်ပါတို.ကို ရေးသားခဲ့ပါသည်
Papaya has been declared a new super fruit after scientists found that it can prevent and may be able to treat a wide range of cancers.အပြည်.အစုံကို ဤ Link  http://www.telegraph.co.uk/foodanddrink/foodanddrinknews/7414067/Papaya-helps-fight-cancer-find-scientists.html  တွင်သွားရောက်ဖတ်ရှုနိုင်ပါသည် ။
 
ထို.ပြင် စာရေးဆရာ ( Harold Tieze ) ၏ စာကို ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) က အပြည်.အစုံဘာသာပြန်ရေးသားရာတွင် 
“သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့်     ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။
ထို.အပြင် ပျောက်ကင်းသူတို.၏ ကိုယ်တွေ. များကိုပါဖော်ပြထားပါသည် ။

 “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။
 
အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ  ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။
 
သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။ 
 
 
 
R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ 
ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။
 
ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။
 
အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။ 
 
 
 
တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။
 
နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
 
ဤသည်တို.ကတော. ဖတ်မိသမျှ ၊ မှတ်မိသမျှ သင်္ဘောရွက်အကြောင်းတို.ဖြစ်သဖြင်. ဥာဏ်မှီသလို သုံးစွဲနိုင်ကြပါရန်....


Ref ; Good Health , ဆေးဖက်ဝင်သော အိမ်နောက်ဖေးဈေးခင်း ( စိုးအောင် - တိုင်းရင်းဆေးသိပ္ပံ ) ၊
နက္ခတ္တရောင်ခြည် (၂၀၀၉ - ဇွန် ) ၊ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်သော Harold Tieze ၏ ဆောင်းပါး  နှင်. telegraph.co.uk


Sunday, May 5, 2013

အံ့ဖွယ်ရာအစွမ်း ရှိတဲ့ ဂေါ်ရခါးသီး ခေါ် ဆူကာသီး

 

ဂေါ်ရခါးသီး ကိုမြန်မာနိုင်ငံမှာ ဈေးသက်သက် သာသာနဲ့ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါတယ်။
ရှမ်းပြည်မှာ ဆိုရင် ဆောင်းရာသီမှာ မမြင်ချင်မှ အဆုံး တောင်ပုံရာပုံနဲ့ ပေါများလှပါတယ်။ ရှမ်းပြည်မှာတော့ (sugar ) ဆူကာသီးလို့ ခေါ်ပါတယ်။ အိမ်တိုင်းမှာ လိုလို စင်တင်ပြီး စိုက်ထားကြပါတယ်။ စားချင်တဲ့ အချိန်မှ သွားခူးစားကြမျိုးပါ။

ဒါကြောင့် ပိုလတ်ဆတ်ပြီး ပိုအာဟာရပြည့်တဲ့ ဆူကာသီးတွေကို စားရတာပေါ့။ စီးပွား ဖြစ်စိုက်ပျိုးကြတဲ့ စိုက်ခင်းတွေ ဆိုတာကလည်း တမျှော်တခေါ် မျက်စိတဆုံးပဲမို့ တစ်နိုင်ငံလုံး ကိုတောင် ရောင်းချ နိုင်လောက်အောင် ကို ဖြစ်ထွန်းအောင်မြင်နေတာပါ ။

တခြားနေရာဒေသတွေမှာလည်း ဂေါ်ရခါးသီး မထွက်ပေမယ့် လူတိုင်း ၀ယ်ယူ စားသုံး နိုင်လောက်အောင်ကို ဈေးသက်သာမယ် ပေါများမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ ဂေါ်ရခါးသီးက ကျန်းမာရေးကို ဘယ်လောက်အထောက်အကူ ဖြစ်လဲ ဆိုတာတော့ သတိထားမိတဲ့ သူရှားပါတယ်။ ဒါကြောင့် ဂေါ်ရခါးသီးနဲ့ လူသားတွေရဲ့ ကျန်းမာရေး ပတ်သက်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။

ဂေါ်ရခါးသီးမှာ လူသားတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတတ်တဲ့ သဘာဝ ကစီဓါတ် ၊ ဗီတာမင်စီ ၊ အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင် ဘီ အုပ်စုတို့ ကြွယ်ဝစွာ ပါရှိပါတယ်။ ကိုလက်စထရောနဲ့ ဆိုဒီယမ်တို့ လုံးဝ မပါရှိပါဘူး ။ ဒါ့အပြင် ဂေါ်ရခါးသီးဟာ ကယ်လိုရီနည်းပါးပြီး အမျှင်ဓါတ် တို့ စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသေးတယ်။


 
(၁) ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်း တည်ဆောက်မှု တို့ကို အကျိုးဖြစ်ထွန်း စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာ ဂေါ်ရခါးသီးကို အလုံအလောက် စားပေးခြင်းဖြင့် မွေးဖွား လာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။

(၂) ဂေါ်ရခါးသီးဟာ ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် ကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်း လိုသူများ အတွက် အထူးပင် သင့်လျော်ပါတယ် ။

(၃) ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာ ရောဂါများကို ဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်း ပေးတာကိုတွေ့ရပါတယ် ။

(၄) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ခွန်အားများကို လုံလောက်စွာရရှိစေနိုင်ဖို့ အတွက်လည်း မဂ္ဂနိစ်ဓါတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်ပါတယ် ။

(၅)ဂေါ်ရခါးသီးမှာ အမျှင်ဓါတ် ပေါကြွယ်ဝလို့ အူသိမ်၊ အူမတို့စွမ်းရည်ကို မြှင့်တင် ပေးတာကြောင့် ၀မ်းချုပ်ခြင်းဘေးမှလည်း ကင်းဝေးစေနိုင်ပါ လိမ့်မယ် ။

(၆) ဂေါ်ရခါးသီးကိုမှန်မှန် စားသုံးပေးခြင်းအားဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ၊ စိတ်ကျ ရောဂါဝေဒနာ များကို ကာကွယ်တားဆီးပေး ပါတယ် ။


(၇) နာတာရှည် အိပ်မပျော်သူများအတွက် အထူးပင်သင့်လျော်ပြီး ပင်ပန်းနွမ်းနယ်မှုများကိုလည်း လျော့ပါးသက်သာစေပါတယ် ။

(၈) ဂေါ်ရခါးသီးမှာ ဗီတာမင် B6 ပါဝင်တဲ့ အတွက် မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားလာစေပါတယ် ။


(၉) ဂေါ်ရခါးသီးဟာ ဆဲလ်များ ထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။


(၁၀) သွားဖုံးကျန်းမာရေး ၊ သွားကျန်းမာရေး၊ ခံတွင်းအပူလောင်ခြင်း ၊ အဆုတ်ကျန်းမာရေးနဲ့ ကျောရိုးကျန်းမာရေးတို့ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ် ။


(၁၁) ဂေါ်ရခါးသီးဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ အတွက် မကြာခဏ ဖြစ်တတ်တဲ့ အပူဖျား ၊အအေးမိ ဖျားရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။


(၁၂) ဂေါ်ရခါးသီးထဲမှာ ကော့ပါးဓါတ် ပါဝင်တဲ့ အတွက် သိုင်းရွိုက်ရောဂါဝေဒနာသည်များ စားသုံးပေးသင့်ပါတယ် ။


(၁၃) ဂေါ်ရခါးသီးထဲမှာ ပါဝင်တဲ့ ဇင့်ဓါတ်ဟာ ခန္ဓာကိုယ် အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ရှိ ၀က်ခြံများကို ပျောက်ကင်းသက်သာစေနိုင်ပါတယ် 


(၁၄) ဂေါ်ရခါးသီးထဲမှာ မဂ္ဂနီဆီယမ်ဓါတ်လည်းပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်တာလည်းတွေ့ရပါတယ် ။

 ဂေါ်ရခါးသီးသာမက ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ဟာလည်း အလွန်ဆေးဘက်ဝင်လှပါတယ် ။ ဂေါ်ရခါးရွက် ၊ ဂေါ်ရခါးညွန့်တို့ကို အရွက်စိမ်းဖြစ်စေ ၊ အခြောက်ခံပြီး ဖြစ်စေ ရေနွေးကြမ်း ( အခါးရည် ) အဖြစ် မှန်မှန်သောက်သုံးသွားပါက သွေးတိုးကျစေခြင်း ၊ သွေးကြောမကြီးများ ပိတ်ဆို့ တင်းမာမှုကို ဖြေလျော့စေနိုင်ခြင်း ၊ ဆီးရွှင်စေခြင်း ၊ ကျောက်ကပ်ထဲရှိ ဆီးကျောက်များကို ကျစေခြင်း စသဖြင့် ဆေးစွမ်းထက်လှတာကို တွေ့ရပါတယ် ။

ဒါကြောင့် ဈေးနှုန်းသက်သာ ၊ ကျန်းမာရေး ကိုလည်း အထောက်အကူပြု ပြီး ဘေးထွက်ဆိုးကျိုးလည်း ကင်းလှတဲ့ ဂေါ်ရခါးသီးကို အရွယ်သုံးပါးမရွေး စားသုံးသင့်တဲ့ အကြောင်း အားလုံး သက်ရှည်ကျန်းမာစေဖို့ ဆုတောင်းရင်းနဲ့ Health Magazine တစ်စောင်ထဲက ဆောင်းပါးတစ်ပုဒ်ကို ဘာသာ ပြန်ဆိုပြီး ဗဟုသုတ မျှဝေလိုက်ပါတယ် ။
 

Source : မြ၀တီ & Lwint Maung Maung @ /natureenergycare.blogspot.com 

Sunday, April 21, 2013

အမျိုးသား တွေ စားသင်.တဲ့ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။


(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု
ပုံမှန် စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။



(၂) နှလုံးကို ကျန်းမာစေခြင်း
ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack) ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀ ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။


 (၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း
 ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။ 

ကေအမ် @ YOYARLAY
Good Health

Tuesday, February 5, 2013

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့် ဆေးဖက်ဝင်သစ်သီးများ

ကင်ဆာရောဂါသည် ကမ္ဘာပေါ်ရှိ  ကြောက်စရာ အကောင်းဆုံး သောရောဂါများအနက် တစ်မျိုး အပါအဝင် ဖြစ်သည်။ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန် ချက်အရ ၂ဝဝ၈ ခုနှစ်အတွင်း၌ ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါ ဖြင့် အသက်ဆုံး ရှုံးရသူ စုစုပေါင်း ၇ ဒသမ ၆ သန်းရှိသည်။ ၄င်း ပမာဏမှာ အဆိုပါနှစ် အတွင်း သေဆုံး သူအားလုံး၏ ၁၃ ရာခိုင်နှုန်းဖြစ် သည်။
ကင်ဆာရောဂါဖြင့် သေဆုံးသူ များ၏ ၃ဝ ရာခိုင်နှုန်း ခန့်သည် ဆေးလိပ် သောက်ခြင်း၊ အရက် သောက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းနှင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှုနည်းပါး ခြင်းတို့ကြောင့် သေဆုံး ရခြင်းဖြစ် သည်ဟု WHO အဖွဲ့ကြီးက ဖော် ပြထားသည်။ ထို့အပြင် ၄င်းရောဂါ ဖြင့် သေဆုံးရသူဦးရေသည် လာ မည့် ၂ဝ၃ဝ ပြည့်နှစ်တွင်၁၃ ဒသမ တစ်သန်းအထိ  တိုးမြင့်လာနိုင် ဖွယ်ရှိသည်။


ထို့ကြောင့် ကြောက်မက်ဖွယ် ကောင်းသည့် ၄င်းရောဂါဆိုးကြီး အား ဖြစ်ပွားပြီးမှ ကုသခြင်းထက် မဖြစ်ခင်က ကြိုတင် ကာကွယ်ခြင်း သည် လွန်စွာအရေးကြီးလှပေ သည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာရောဂါကို အများဆုံးဖြစ် ပွားစေနိုင်ပြီး  ကမ္ဘာတစ်ဝန်းရှိ အဆုတ်ကင်ဆာဖြင့်  သေဆုံးသူ များအနက် ၇၁ ရာခိုင်နှုန်း သည်  ဆေးလိပ်သောက်သူ များဖြစ်သည် ကို  တွေ့ရသည်။  ထို့အပြင် ''အစာလည်းဆေး၊ ဆေးလည်း အစာ'' ဟူသော စကားအတိုင်း ကင်ဆာရောဂါကို ကာကွယ်နိုင်ပြီး အဖိုးနှုန်းချိုသာသည့် သစ်သီးဝလံ များကို မြဝတီစာဖတ် ပရိသတ်ကြီး များအတွက်  ဖော်ပြပေးလိုက်ပါ သည်။

 သစ်တော်သီး
သစ်တော်သီးတွင် ဗီတာမင် A, B1, B2, C, E, ဖောလစ်အက်ဆစ်
တို့ပါဝင်သည်။  ထို့ကြောင့် ဗီတာ မင်စြွီကယ်ဝခြင်းသည်   ဆဲလ်နှင့် တစ်သျှူးများပျက်စီးခြင်းမှကာကွယ် ပေးသည့်အတွက် သစ်တော်သီးများ သည် လူသားများအတွက်များစွာ အကျိုးပြုသည်ဟုဆိုရပေမည်။

ငှက်ပျောသီး
ကုန်တိုက်များနှင့်  ဈေးများတွင် အလွယ်တကူ ဝယ်ယူနိုင်သည့်  ငှက် ပျောသီးများတွင် ကင်ဆာရောဂါဖြစ်  ပွားခြင်းကို ကာကွယ်နိုင်သည့် မဂ္ဂနီစီယမ် နှင့် ပိုတက်စီယမ်ဓာတ်များ ပါဝင်သည်။ ထို့အပြင် အူမကြီး ကင်ဆာဝေဒနာခံစား ရသူများတွင် ဓာတ်ရောင်ခြည်ဖြင့် ကု သမှုကြောင့် ဖြစ်ပေါ်လာသည့် လက္ခ ဏာများကို လျှော့ချရာတွင်လည်း ငှက် ပျောသီးသည် အဓိကကျသည့် အခန်း ကဏ္ဍတွင် ပါဝင်သည်ဟု ပညာရှင်များ က ဆိုထားကြသည်။

ကီဝီသီး
ကီဝီသီးတွင် ဗီတာမင် E, ဖော လစ်အက်ဆစ်နှင့် ပိုတက်ဆီယမ်ဓာတ် များ ပါဝင် သောကြောင့် နှလုံးရောဂါကို ကာကွယ်နိုင်သည့် အပြင် ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ အထောက် အကူပြုသည်ဟု သိရသည်။ ၄င်းတို့ တွင်ငှက်ပျောသီး နည်းတူပိုတက်ဆီယမ် ဓာတ် ပမာဏ တူညီစွာပါဝင်ပြီး ကယ်လို ရီပါဝင်မှု နည်းပါးသောကြောင့် နှလုံး ကျန်းမာသန်စွမ်းရေးအတွက်လည်း အထူးကောင်းမွန်သည့် အသီးတစ်မျိုး ပင်ဖြစ်သည်။ ထို့အပြင် ကင်ဆာရောဂါ  ဖြစ်ပွားစေသည့် ဆဲလ်များကိုလည်း ချေဖျက်ပေးနိုင်စွမ်း ရှိသည်။

လိမ္မော်သီး
ကင်ဆာရောဂါကို ဖြစ်ပွားစေသော ဓာတု Compound များဖြစ်တည်ဖွဲ့ စည်းလာခြင်းကို ကာကွယ်ပေးနိုင်သည့် ဗီတာမင် ဃ ဓာတ်များသည် လိမ္မော်သီး တွင် များစွာပါဝင်လျက်ရှိပြီး အစြာ>ွပန် ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ် ကင်ဆာ၊ လည်ချောင်း ကင်ဆာဝေဒနာ ရှင်များအတွက် လိမ္မော်သီးသည် စား သုံးရန် အလွန်သင့်တော်သည့် အသီး တစ်မျိုးပင်ဖြစ်သည်။

သဖန်းသီး
သဖန်းသီးတွင် အကြိတ်အဖုများ၊ ကင်ဆာဆဲလ်များကို ချေမှုန်းဖျက်ဆီး နိုင်သည့် ဓာတ်ပစ္စည်းများပါဝင်ပြီး ကင် ဆာဝေဒနာရှင်များအတွက် နေ့စဉ်စား သုံးရန် သင့်လျော်သည့် အစားအစာ တစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်သည်။

ပန်းသီး
ပန်းသီးတွင် အဆုတ်ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ များကို  ကာကွယ်တိုက်ဖျက်ရာတွင် အထောက်အကူပြုသည့်သဘာဝဓာတ်  ပစ္စည်းတစ်ခုဖြစ်သော Quercetin ပါဝင် သည်။ ထို့အတူ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအား ရောဂါပိုးများက တိုက် ခိုက်ခြင်းမှ  အကာအကွယ်ပေးသည့် Antioxidant များစွာ  ပါဝင်လျက်ရှိ သည်။


အချုပ်အားဖြင့် ဆေးလိပ်သောက် ခြင်းမှရှောင်ကြဉ်ခြင်း၊ Antioxidant များ ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ  စားသုံးပေးခြင်း၊ အနီရောင်ရှိသည့် အသားများကို စား သုံးခြင်းကို လျှော့ချခြင်း၊ အရက်ကို အကန့်အသတ်ဖြင့် သောက်သုံးခြင်း၊ လေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှု များကို မှန်မှန်လုပ်ခြင်းစသည့် လုပ် ဆောင်ချက်များသည် ကင်ဆာရောဂါ ကို ကာကွယ်ရာတွင် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်း ပညာရှင်များ၏ ပြောကြားချက်များကို ကိုးကား၍ ရေး သားဖော်ပြလိုက်ရပေသည်။
 
ကျန်းမာရေးသုတ @mwdmedia.net

Saturday, January 26, 2013

ရေခဲတောင်ပိုး (သို.) ရှီးပဒီး

 ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင် မှုတွေက တော်တော် ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ် ကာ ရောင်းချတတ်ကြပါတယ်။အဟာရဓာတ် ပါဝင်မှု များပြားတဲ့ အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း

ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင် တာများ ချောမွေ့စေခြင်းဓာတ်မတည့်ခြင်းကို သက် သာစေခြင်း၊

ချောင်း ဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်းကင်ဆာဖြစ် ပွားခြင်း ကို လျော့နည်းစေခြင်းသွေးဥများကို တိုးပွားစေခြင်း သွေး ရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန် အတိုင်း ဖြစ်စေနိုင်ခြင်းအမျိုးသားများ အတွက် ခွန်အား တိုးပွားစေခြင်း

ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများ ကို ကောင်း မွန်စေခြင်းအမျိုးသမီးများ ဓမ္မတာကောင်း မွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေး အကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း စသဖြင့် အကျိုးများ ရရှိတယ်လို့ သိရှိရပါတယ်။

ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှ ပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါ တယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယား စသည့် နိုင် ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန် အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက် ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက် လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှ တဲ့ ရေခဲတောင်တွေ ထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက် ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်း ကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း တိုက်တွန်းလိုက်ရပါသည်ခင်ဗျာ။


Written by လမင်းမောင် @
Myawady News