Showing posts with label မမေ.နိုင်စရာ ဒေသထွက် အစားအစာ များနှင်.အမေ.ထမင်း စားပွဲ. Show all posts
Showing posts with label မမေ.နိုင်စရာ ဒေသထွက် အစားအစာ များနှင်.အမေ.ထမင်း စားပွဲ. Show all posts
Wednesday, September 26, 2018
ပုဇွန်ဆီ
ဝါးခယ်မဈေးအတွင်းက ပုဇွန်ဆီရောင်းချနေသော ဈေးသည်တစ်ဦး
မြို.လေးက မြစ်ဝကျွန်းပေါ် မြို. ၊ ရေချိုမြို. မို. ရေချို ပုဇွန် စစ်စစ် ၏ အရသာ ကို အပြည့်အ၀ ခံစားခွင့် ရသောမြို.ဖြစ်သည် ။ ဟိုယခင်ကာလများကဆိုလျှင် ညနေဘက် ကမ်းနားသို.ရေချိုးဆင်းကြရင်း ရေဆင်းတံတား တိုင်ခြေကို ရေငုပ်စမ်းလိုက်လျှင်တောင် လက်မခန်. ပုဇွန် ၃ကောင်လောက်တော့ ဖမ်းလို.ရသော မြို.ဖြစ်သည် ။ ဒါ့ကြောင့်လည်း ရေကူးတတ်အောင် ပုဇွန် ကိုဖမ်းပြီး အစိမ်းစားရသည်ဟူသော စကားပေါ်ထွက်ခဲ့သလို ကလေးငယ်များလည်း ကိုယ်တိုင်လိုက်လုပ်ခဲ့ကြသည် ။ ယခုကာလများတွင်တော့ ရေသယံဇာတ ရှားပါးလာမှုဒါဏ်ကို အများနည်းတူခံစားနေကြရပြီး တစ်ခုပဲခံသာသည်က ရေချိုပုဇွန်စစ်စစ်တော့ စားခွင့်ရနေခြင်းပင် ။
ပုဇွန်ကို မိမိတို. မြို.လေးလောက် အစုံစားသည့်မြို. မရှိနိုင် ၊ ရှိလျှင်တောင် အတော်နည်းမည်ဟုထင်ရသည် ။ ပုဇွန်ကို အခြောက် ( ရိုးရိုးခြောက် ၊ ဒုံးခြောက် ) ၊ အကြော် ၊ အလှော် ( ပုဇွန် လက် ၂လုံးခန်.အကောင်များကို အမြီး ၊ နှုတ်သီးနှင့် လက်များ သာဖြုတ်ပြီး ဆီအနည်းငယ်နှင့်ထည့်လှော် ပုဇွန်ကထွက်သော အဆီဖြင့် ထမင်းကိုနယ်ပြီး အခွံခွာစားခြင်း ) ၊ အပြုတ် ၊ အဖုတ် ၊ အသုတ် ၊ အချဉ်ဆီပြန် ၊ ရေချို.ချက် ၊ ပုဇွန်ငါးဆုပ် စသည်တို.အပြင် ပုဇွန်ဥကို လှော်ပြီး တစ်နှစ်စာလှောင်စားကြသလို ပုဇွန်ကို အသားကြော်ကြော်ပြီး မုန်.ဟင်းခါးနှင့်စားခြင်း ၊ ပုဇွန်ဦးနှောက်ကို ကြော်ပြီး မုန်.ဟင်းခါးနှင့် စားခြင်း အပြင် ယခုပြောမည့် ပုဇွန်ဆီကို မက်မက်စက်စက် စားသုံးခြင်းသည်လည်း အလေ့အထ တစ်ခုဖြစ်သည် ။
မြို.လေးတွင် ပုဇွန် ( အသား မှ လွဲ၍ ကျန်သည့်အရာများ ) လွန်စွာပေါများခဲ့သော ကာလတစ်ခု ရှိခဲ့သည် ။. အတိအကျ မမှတ်မိသော်ငြား ၁၉၉၀ ၀န်းကျင်တစ်ဝိုက်ဟုထင်သည် ။ ထိုကာလ ငန်းကျင်က ၀ါးခယ်မ မှ ပုဇွန်များကို ခေါင်းဖြုတ် ၍ ကိုယ်လုံးများကို ရန်ကုန်တင် / နိုင်ငံခြားပို. လုပ်သော ခောတ်တစ်ခု ရှိခဲ့သည် ။ အခြေခံ လူတန်းစားအတွင်းတွင်လည်း ၀င်ငွေအသင့်အတင့်ရသည့် ပုဇွန်ခေါင်းချိုး သော လုပ်ငန်းတစ်ရပ် ပေါ်ထွန်းခဲ့သလို မြို.လေး၏ ဈေးကွက်တွင်လည်း ထိုလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော ပုဇွန်ခေါင်း ၊ ပုဇွန်ပါးသား ၊ ပုဇွန်ဆီဈေးကွက်တစ်ခု ဖွံ.ဖြိုးလာခဲ့သည် ။
ပုဇွန်ဆီကိုချက် ၊ ထမင်းပူပူ နှင့် နယ်လိုက်လျှင် ထွက်ပေါ်လာသော ရနံ.က ( ပုဇွန်ကြိုက်သူများအဖို.တော့ ) အင်မတန် ဆွဲဆောင်မှု ရှိသော ရနံ.တစ်ခုဖြစ်သည် ။ များသောအားဖြင့် ထိုစဉ်က လူကြီးများ က ထမင်းပူပူ ကို ဆားလေးအနည်းငယ်ဖြူး ၊ ပုဇွန်ဆီ နှင့်နယ် ၊ နံသာဖု ငှက်ပျော်သီး နှင့်စားလေ့ရှိကြသည် ။ ဤနေရာတွင် ထမင်းပူပူ နှင့်နယ်ရသည်မှာ အကြောင်းရှိသည်။ ပုဇွန်ဆီသည် ခဲပျစ်သောအမျိုးမို. ထမင်းအေးနှင့်နယ်လျှင် စေးပိုင်သော သဘောရှိပြီး ထမင်းအပူ နှင့် ပုဇွန်ဆီတွေ.သောအခါ ပုဇွန်ဆီသည် ထမင်းအပူတွင်ပျော်ဝင်သွားပြီး သူ၏ ကွယ်ဝှက်ထားသော ရနံ.ကိုပါ ဖွင့်လှစ်ပြလိုက်သော အခါ စားချင်စဖွယ်မွှေးကြိုင်လာတတ်သော ရနံ.ထွက်ပေါ်လာတတ်ခြင်းပင် ။ သူ.ကိုမှ ငှက်ပျော်သီးများအနက် ရနံ.အမွှေးကြိုင်ဆုံး ဒေသထွက် နံသာဖု ငှက်ပျော်သီး နှင့် တွဲဖက်စားသုံးလိုက်သောအခါ ဆိမ်.သော ၊ ချိုသော ၊ မွှေးသော ရနံ..၊ အရသာအားလုံးကို ပိုင်ဆိုင်ခွင့်ရရှိလိုက်ခြင်းပင် ဖြစ်သည် ။
( ဤနေရာတွင် တစ်ခုအသိပေးလိုသည်မှာ နည်းပညာ နှင့် အသိတရား ထွန်းကားဖွံ.ဖြိုးသော နိုင်ငံအသီးသီး၏ ဒေသအသီးသီးတွင် ဒေသထွက် သီးနှံ ၊ သား ၊ ငါး ၊ အစားအစာတို.ကို မျိုးရင်းမပျက် ထိမ်းသိမ်းကြပြီး ဂုဏ်ယူဝင့်ကြွားစွာ ဈေးကွက်တင်ကြသော ဓလေ့ရှိသော်ငြား မိမိတို.အနေဖြင့် ဤအပိုင်းတွင် များစွာ အားနည်းချက်ရှိနေကြသည် ။ ထို.ကြောင့် စွမ်းဆောင်နိုင်သူများ အနေဖြင့် ထိုကိစ္စ ရပ် ကို ပညာရှိ သတိဖြစ်ခဲ မဖြစ်ကြစေရန် နှိုးဆော်အပ်ပါသည် ။ ဥပမာ ၀ါးခယ်မ ပဲတီစိမ်း ၊ ၀ါးခယ်မငရုပ် ၊ သရွတ်မြိုက် ငါးသလောက် ၊ နံ.သာဖု ငှီက်ပျော ၊ဆင်စွယ်ငှက်ပျော ၊ ရာဇမတ် သရက် ၊ သံကွန်ခြာ သရက် ၊ နို.ဆီ သရက် စသည်ဖြင့် )
ယခုတိုင်လည်း မြို.လေးတွင် ပုဇွန်ဆီ ကိုစားသုံးနေကြဆဲဖြစ်သည် ။ သို.သော် ပြောင်းလဲလာသော နေထိုင် စားသောက်မှု ဓလေ့များကြောင့် အဖြစ်များလာသော သွေးတိုးရောဂါအတွက် ပုဇွန်ဆီသည် သတိထားရမည့် အစားအစာဖြစ်လာနေသည် ( ယခင်ကာလများက လူကြီးပိုင်းများ အနေဖြင့် ငါးသလောက် ၊ ပုဇွန်ဆီ စသည်တို.သည် အတိုင်းအတာ တစ်ခုအထိ စိတ်တိုင်းကျ စားနိုင် / စားရဲ ကြသော်လည်း ဒီဘက်ခောတ်များတွင်တော့ ဆင်ခြင်လာကြရသည် ) ။ အချို.ဒေသများတွင်မူ ဂဏန်းဆီ ကို ပုဇွန်ဆီ လုပ်ရောင်းတတ်ကြပြီး အခန်.မသင့်လျှင် ချက်ခြင်းပင် ဗိုက်နာတတ်ကြပြီး အခြားဘေးထွက်ဆိုးကျိုးများ ကြုံရလေ.ရှိသဖြင့် သတိနှင့်ယှဉ်၍ သုံးဆောင်ကြပါရန် သတိပေးအပ်ပါသည် ။
Monday, September 22, 2014
ဝါးခယ်မ မုန်.ဟင်းခါး နဲ. ပုဇွန်ဦးနှောက်ကြော်
ပုဇွန်ခေါင်းအတွင်းမှ ထုတ်ယူထားသော ပုဇွန်ဦးနှောက်များ
ဒီကိစ္စက ဟိုးအရင်တည်းက အတော်ရှင်းယူခဲ့ရသော ပြသာနာ တစ်ခုဖြစ်ခဲ့သည် ။ ရှေးလူကြီး တို.ပြောခဲ့ဖူးသော အလကား  ….. ပုဇွန်ခေါင်းတွေ .. ဦးနှောက်မရှိဘူး ….-ျီး ပဲ ရှိတယ်ဆိုသောစကား ၊ လူတကာ ယိုသမျှ -ျီး … ပုဇွန်ဆိတ်ခေါင်းတွင် သွားစုသည် ဟူသော စကားများကလည်း ရှင်းရပိုခက်စေသော သဘောတော.ရှိသည် ။
မြန်မာနိုင်ငံနေရာအတော်များများ … ထိုမှ မြစ် ၊ ချောင်း ၊ ကန် ၊ ပင်လယ် စသည်တို.နှင်. ထိစပ်မှု များသော ဒေသများတွင် မုန်.ဟင်းခါး ကို ပို၍ တမ်းတမ်းတတ စားသုံးတတ်ကြသည် ။ ဧရာဝတီတိုင်းအတွင်းတွင် ဆိုလျှင်လည်း မိမိတို.မြို.အလိုက် သီးခြား ပုံစံဖြင်. ချက်ပြုတ်လေ.ရှိကြသည် ( ဥပမာ ပုသိမ်မုန်.ဟင်းခါး ၊ မြောင်းမြ မုန်.ဟင်းခါး ၊ ဟင်္သာတ မုန်.ဟင်းခါး ၊ ဘိုကလေးမုန်.ဟင်းခါး ၊  ၀ါးခယ်မ မုန်.ဟင်းခါးစသည်ဖြင်. …. ) ။ မြစ်ချောင်း ၊ အင်း ၊ အိုင် ပေါများသော ဒေသများက ငါးကို အားပြုချက်ကြပြီး အတန်ငယ်လှမ်းသော ဒေသများကို ပဲကို ဖြည်.စွက်သုံးကြသည် ။
ထိုမုန်.ဟင်းခါးကို တွဲဖက်စားသုံးသော အကြော်ဆိုလျှင်လည်း ပုံမှန်အားဖြင်. ဘူးသီးကြော် ၊ ပဲကြော် ၊ ကြက်သွန်ကြော် ၊ ဘဲ ဥ စသည်တို.ဖြင်.စားသုံးလေ.ရှိပြီး ဒေသအလိုက် အချို.က မုန်.ဟင်းခါးထဲ ပန်းဂေါ်ဖီ ထည်.စားခြင်းမျိုး ၊ ရှမ်းနံနံ ၊ ပဲသီး ၊ ပူစီနံ စသည်တို.ထည်.စားသုံးခြင်းမျိုး ရှိကြသည် ။ မြို.လေးတွင်မူ ဖြည်.စွက်အနေဖြင်. နံနံပင် ၊ ညှပ်ခေါက်ဆွဲဆိုလျှင် ကြက်သွန်စိမ်း တို.ကိုသာ ထည်.စားလေ.ရှိပြီး ထူးထူးဆန်းဆန်းအနေဖြင်. ဟိုးးးယခင်က ငါးသလောက်ဥကြော်( လက် ၃လုံးခန်.အမြောင်းကို ကြော်ပြီးအတုံးလိုက်ပိုင်းရောင်းခြင်းဖြစ်သည် ) ကို ထည်.သွင်းစားသုံးလေ.ရှိသော်လည်း ယခုကာလ ငါးသလောက်ဥ လက်နှစ်လုံးလောက်မရှိတရှိဈေးကပင် တစ်ဆယ်သား ၁၈၀၀ ခန်.ရှိနေတော. မုန်.ဟင်းခါးနှင်. ငါးသလောက်ဥကြော် သေခန်းပြတ် သလောက်ဖြစ်သွားသည် ။
အောက်ဖက်ရှိ ပုဇါန်မှာ ခေါင်းအတွင်း -ျီး သာပါပြီး အပေါ်ဘက်ရှိ ပုဇွန်တွင်မူ အစိမ်းရောင်ဦးနှောက်ခဲများ ပါရှိသည်
 မြို.လေးတွင် ပုံမှန်စားနေကျ ဘူးသီးကြော် ၊ ပဲကပ်ကြော် ( မြို.လေးတွင် ပဲကြော် ကို ဤသို.ခေါ်သည် ) ၊ မန္တလေး ပဲကြော် ( အပျော. ၊ အကြွပ် ) ၊ ကြက်သွန်ကြော် ၊ ငါးဖယ်ကြော် ၊ ဘဲဥ ( အိုးဘဲဥ ဟူသော ဟင်းရည်စိမ်ဘဲဥမျိုးကို မြို.လေးတွင် ယခင်ကတော. တွင်တွင်ကျယ်ကျယ် သုံးလေ.မရှိ ) ပြုတ် ၊ ဘဲသွေး ၊ ပုဇွန်ကြော် တို.အပြင် ပုဇွန်အသားကြော် ( အလျဉ်းသင်.ချိန်တွင် သီးခြားဖော်ပြပါမည် ) ၊ ပုဇွန်ဦးနှောက်ကြော် စသည်တို.ကို ထူးထူးခြားခြားစားသုံးလေ.ရှိသည် ။
ထိုအနက်မှ ပုဇွန်ဦးနှောက်ကြော်ကတော. မြို.လေး၏ အထူးစားသောက်ဖွယ် ၊ အခြားသော မြို.သူ/သား များနှင်. အငြင်းအခုန် အလုပ်ရဆုံး ကိစ္စ တစ်ခုဖြစ်သည် ။ တစ်ခုရှိသည်က ဤအကြော်ကို မိုးကာလ ၊ ပုဇွန်ဥ ဥသော ရာသီမျိုးတွင်သာ ရတတ်သည်ကတော. ခြွင်းချက် တစ်ခု ဖြစ်သည် ။ ပုံမှန်အားဖြင်. ပုဇွန်ဦးခေါင်းအတွင်း အမဲရောင် (သို.) ကော်ဖီရင်.ရောင် -ျီး သာပါတတ်ပြီး ထိုရာသီတွင်မူ အစိမ်းရောင် တွင် အနက်ရောင်အစက်အပြောက်များ ပါသော အခဲလေးပါတတ်ပြီး (-ျီး ကသတ်သတ်ဖြစ်သည် ) ထိုအရာကို ပုဇွန်ဦးနှောက်အဖြစ်သတ်မှတ်ကြခြင်းဖြစ်သည် ။ ဒါကလည်းဟုတ်သည် ။ ဦးခေါင်းအတွင်း ဤသို.သော အရာမျိုးကို ဦးနှောက်ဟုမခေါ်လျှင် မည်သည်.အမည် တပ်ရမည်နည်း ။ အချို.၏ အယူအဆကတော. ပုဇွန်ဥ  ဥချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင်. (သို.) အပြောင်းအလဲအတွက် ပေါ်ထွက်ဖြစ်တည်လာသော အရာတစ်ခုဟုလည်းဆိုကြသည် ။ 
မြို.လေးရှိ မုန်.ဟင်းခါးဆိုင်တစ်ခု၏ အကြော်စုံဗန်းအတွင်းမှ ပုဇွန်ဦးနှောက် ကြော် ( ညာဘက်မှ အ၀ါရင်.ရောင် )
 ပုဇွန်ဦးနှောက်ကြော်ပြုလုပ်ရာတွင် ပုဇွန်ဦးနှောက်ပါသော ပုဇွန်ကိုရွေးချယ်ဝယ်ယူရသည် ( ဆိုင်များတွင် ဦးနှောက်ပါသော ပုဇွန် - ဥမ ပုဇွန်များဟုလည်းခေါ်သည် ) ။ ထိုပုဇွန်ဦးခေါင်းအတွင်းမှ ဦးနှောက်ခဲများကို ထုတ်ယူ စုဆောင်းပြီး ဘဲဥအနှစ်ဖြင်.ရောပြီးကြေသွားသည်အထိမွှေ၇သည် ။ ဘဲဥအနှစ်ဖြင်.ရောရခြင်းမှာ အရောင်လှစေရန်လည်းကောင်း ၊ အဆိမ်.ဓါတ် ပိုပြည်.စေရန်လည်းကောင်း ၊ ကြော်လျှင် အဆင်ပြေစေ၇န်အတွက်လည်းကောင်းဖြစ်သည် ။ များသောအားဖြင်. ခပ်ပါးပါး အပြန်.ကြီးကြီး ကြော်လေ.ရှိကြသည် ။ အရည်အသွေးပိုင်းတွင်မူ ရောနှောပစ္စည်းရာခိုင်နှုံး ၊ မိမိတို.ဆိုင်အမည် တန်ဖိုးထားမှု ၊ စားသုံးသူအပေါ်စေတနာ စသည်တို.အလိုက် ကွာခြားမှုတော. ရှိတတ်သည် ။
သူ.အရသာမှာအဆိမ်.ကိုသာ အဓိကထားစားရခြင်းဖြစ်ပြီး သဘာဝအရောင်မှာ ဘဲဥနှစ်ရောင်ဖျော.ဖျော.မျိုးသာဖြစ်သည် ။ အကယ်၍များ ၀ါးခယ်မသို. မိုးဦးရာသီကာလ ရောက်ခဲ့လျှင်တော. ၀ါးခယ်မ မုန်.ဟင်းခါးနှင်. ပုဇွန်ဦးနှောက်ကြော် တွဲဖက်စားသုံးကြည်.ပါဟု……………. ။ 
မန္တလေးပဲကြော် ၊ ပုဇွန်ဦးနှောက်ကြော် တို.ဖြင်. ပြင်ထားသော မုန်.တစ်ပွဲ
ရှင်းလင်းစွာ သိလိုပါလျှင် ပူးတွဲ Link များမှ ပုံများဖြင်. ယှဉ်တွဲဖတ်ရှု နိုင်ပါသည် ။
  * ပုဇွန်ဦးနှောက်ဆိုတာ
  *ပုဇွန်ဦးနှောက်ကြော် ပြုလုပ်ပုံ
ဆက်စပ်ဖတ်ရှုရန်များ
 * မြို.လေးနှင်. မုန်.ဟင်းခါး ယဉ်ကျေးမှု ( ၀ါးခယ်မ မုန်.ဟင်းခါး )
 * မမေ.နိုင်စရာ ဒေသထွက်အစားအစာများနှင်.  အမေ.ထမင်းစားပွဲ
Thursday, May 1, 2014
အုန်းကောက်ညှင်း ( သို. ) Second Favourite Food of Our Town 's Breakfast
Photo by Phyu Hnin Naing ( SS Avenue of WKA )
 ဇာတိကို ချစ်သူတိုင်း ဇာတိမှ ဆွေမျိုးသားချင်း အသိမိတ်ဆွေများ ၊ ဇာတိမှ မြင်ကွင်း ၊ အကြောင်းအရာများ ၊ စားသောက်ဖွယ်ရာများကို ပိုမိုသတိရတတ်ကြသည် ။
ထိုအထဲတွင်မှ ငယ်စဉ်ကတည်းက ပေါင်းဖော်ကြသော မိတ်ဆွေသူငယ်ချင်းများ ၊ ငယ်စဉ်ကတည်းက သွားလာ လည်ပတ်ဆော.ကစားခဲ့သော နေရာများ ၊ ငယ်စဉ်ကတည်းက စားသောက်ခဲ့ဖူးသော ဒေသထွက် စားသောက်ဖွယ်ရာများသည် မည်သည်.အချိန်ရောက်သည်ဖြစ်စေ သတိရစမြဲပင် ။ အချို.အသက်ပိုကြီးလာလေ ခွဲခွာချိန် ပိုကြာလာလေ ပိသတိရတတ်ကြလေ ဖြစ်သည် ။ ဤ ထဲတွင်မှ အချို.သော စားသောက်ဖွယ်ရာတို.က မိမိတို.ကျင်လည်ရာ တွင်ရှာဖွေရရှိတတ်သော်လည်း အချို.ကတော. ဇာတိ မြေတွင်သာ ရတတ်သည် ။ အမှန်ကတော. ထိုအစားအသောက်ဆိုသည် ကလည်း မိမိဇာတိတွင် မိမိသူငယ်ချင်းများနှင်.ထိုင် ရှေးဟောင်းနှောင်းဖြစ်ပြောရင်း မြို.လေးရဲ. လေကိုရှု မြို.မြင်ကွင်းများကိုကြည်.ရင်း စားသောက်ရသည်.အရသာနှင်.ကတော. လုံးဝတူမည်မဟုတ်
မြို.လေးတွင် မနက်စာမုန်. စားကြသည်.အထဲတွင် ၀ါးခယ်မ မုန်.ဟင်းခါးပြီးလျှင် ဒုတိယ သတိအရတတ်ကြဆုံး မုန်.တစ်ခုရှိသည် ။ ကောက် ညှင်းဖြင်. လုပ်သော မုန်.ဖြစ်ပြီး အခြားနေရာများတွင် သူနှင်.ဆင်တူသော မုန်.မျိုးသာရတတ်သည်ကများသည် ။ မြို.လေးတွင်သူ.ကို အုန်းကောက်ညှင်းဟု ခေါ်ကြသည် ။ နေရာအတော်များများတွင် ရတတ်သော ကောက်ညှင်းပြန်ပေါင်းနှင်.ဆင်တူသော်လည်း သူက ချိုး ခံကာ ကြော်ထားခြင်းဖြစ်ပြီး ဆီထမင်းနှင်.ဆင်တူသည် ။ ဆီထမင်းက ဆနွင်းထည်.ခြင်းဖြစ်ပြီး သူက အုန်းနို.ထည်.ခြင်းသာ ကွာသည် ။ သို.သော် ဆိထမင်းက နှမ်းထောင်း ၊ အုန်းသီးစသည်တို.ဖြင်. စားရပြီး သူကတော. ၄င်းတို.အပြင် ပုဇွန်လှော်ပြီးထောင်းထားသည် ကိုပါ ထည်.စားရခြင်းဖြစ်သည် ။
မြို.သို.အလည်ပြန်သူများအနေဖြင်. မိမိတို.မိတ်ဆွေများကို ဝေငှ၇န် ဒယ်အလိုက် ရန်ကုန်သို. မှာယူသယ်ဆောင်သွားကြသည်အထိ ဆွဲဆောင်အားကောင်းသော မုန်.တစ်မျိုးလည်းဖြစ်သည် ။ မြို.ပြန်ရောက်ကြသူများ မနက်စာစားလျှင် မုန်.ဟင်းခါးကိုအကြော်စုံနှင်.စား အုန်းကောက်ညှင်းကို လဘက်ရည်နှင်.သောက် ဆိုသည်က တွဲဖက်စားလေ.ရှိသည်. Breakfast Style ပင်ဖြစ်သည် ။ ပြောသာပြောရသည် ။မြို.လေးတွင်ပင်လျှင် မနက်ပိုင်းရောင်းသည်.အသည်က ၂ သည်ထက် မပိုပဲ ဈေးသွားနောက်ကျလျှင် မရတတ်သော မုန်.လည်းဖြစ်သည် ။ ဟိုးအရင်ကတော. ဒုံးပျံအောင် ထိဆိုင်ရှေ.နားတွင်ရောင်းလေ.ရှိပြီး ယခုတော. မုန်.ဟင်းခါးတန်းအတွင်း တစ်သည်နှင်. လိုက်ရောင်းလေ.ရှိသည်.တစ်သည်ခန်.သာရှိပါသည် ။
တစ်လက်စတည်း မိတ်ဆွေများ အနေဖြင်.လည်း မိမိတို.မြို.လေးတွင် ထိုအုန်းကောက်ညှင်း ရှိ/မရှိ နှင်. ရှိလျှင်လည်း အခေါ်အဝေါ် တူ/မတူ ကို Comment Box တွင် မှတ်ချက်ပေးရင်း ဒေသန္တရ ဗဟုသုတ ဖလှယ်ရာလည်း ရောက်မည်ဖြစ်ပါသည် ။
Monday, September 30, 2013
ဘူးသီးငါးပေါင်းကြော် (သို.) ဂျင်းဘူးသီးကြော်
မြင်နေကျ ဘူးသီးကြော်
အကြော်မစားဖူးတဲ့ မြန်မာလူမျိုးဆိုတာ မရှိလောက်ပါဘူးလို.ပြောရအောင်ကိုပဲ အကြော်စုံနဲ. မြန်မာလူမျိုးတွေနဲ. တရင်းတနှီး ရှိလှပါတယ် .. ဒီထဲမှာမှ ဘူးသီးကြော်ဆိုတာကတော. အတော်များများ စားလေ.ရှိတဲ့အကြော်တစ်ခုပါ ။ ဒါပေမယ်.လည်း ဘူးသီးရှားတတ်တဲ့ ရာသီလိုမျိုးမှာဆိုရင်တော. ရန်ကုန်မှာ ဘူးသီးကြော်ယောင်ဆောင်ထားတဲ့ ဂေါ်ရခါးသီးကြော်တို. ( ဂေါ်ရခါးသီးက ကြော်လိုက်ရင် အခွံ နဲ.အသားအရောင်က ဘူးသီးနဲ.အတော် တူတာမို. မုန်.နှစ်နဲ.အုပ်လိုက်တော. သိပ်မသိသာတော.ပါဘူး )..ဗုံလုံသီးကြော်တို. စားရတော.တာပါပဲ … ဒီကြားထဲ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ထားတတ်တဲ့ ( ဒီလိုလုပ်လိုက်လို. အမြတ်ငွေ ပြောရလောက်အောင်ထိုးတက်သွားတာမျိုးလည်းမဟုတ်ပဲ သံသရာတစ်လျှောက်လုံး ဒုက္ခပြန်ခံရမယ်.အရေးမကြောက်မရွံ. နဲ. ) သူအချို.က အကြော်ကြော်တဲ့ ဆီအိုးထဲကို ကြွပ်ကြွပ်အိတ် အစတွေ ထည်.ကြော်ပါတယ်တဲ့ … အဲဒါဘာကြောင်.လည်းဆိုတော. အဲ့ဒီလိုကြော်ရင် အကြော်က ကြည်ပြီး ကြွပ်နေသလို အချိန်အတော်ကြာကြာ ပျော.မသွားပါဘူးတဲ့ .. တကယ်ကတော. ခုန ကြွပ်ကြွပ်အိတ်စတွေက အကြော်တွေရဲ.အပေါ်မှာ ပျော်ပြီး Coating လုပ်ထားသလို ဖြစ်နေတာပါ .. ခုလို ရေရှည် ဘာမှမတွေးပဲ ကိုယ်ချင်းစာတရားမထားပဲ စေတနာထက်အဿပြာကိုပဲ ရှေ.တန်းတင်ရောင်းချထုတ်လုပ်နေကြသူတွေ ကြောင်.လည်း ခုခောတ်မှာ ရောဂါပေါင်းစုံနဲ.ဆေးကုသစ၇ိတ်တွေ သောက်သောက်လဲကုန်..အကုန်မခံနိုင်သူတွေက(အချို.ရောဂါတွေကတော. အကုန်ခံနိုင်လည်းမရပါဘူး )သေကြ ဒုက္ခရောက်နေကြ၇တာပါ
ဘူးသီးကြော် ပုံစံတစ်မျိုး
မြို.လေးမှာတော. ခုလိုပြဿနာတွေ….ပေါက်ကရဖန်တီးမှုတွေ မရှိနိုင်သေးဘူးလို.ပဲ ယူဆရပါတယ်…မြို.လေးရဲ.ဒေသထွက်စားစရာလေးတွေရှိတဲ့အထဲ မှာမှ ဒီဘူးသီးကြော်လေးက အမှတ်ရစရာ တစ်ခုပါပဲ
အကြော်ကောင်းမကောင်းဆိုတာ ကြော်ပြီးသား မုန်.သားအရောင်ကိုကြည်.ရင် သိသာပါတယ်
အထူးသဖြင်. ဘူးသီးကြော်လိုမျိုးဆို ပိုသိသာပါတယ် မုန်.သားပါးပါးလေးနဲ. အုပ်ကြော်ထားပြီး အရောင်ကကြည်နေ.. ကြော်ထားတာကြွပ်နေတယ်ဆိုရင် သေချာတယ်ဒီအကြော် စားကောင်းပါပြီ
အရောင်ကတအားညိုနေရင် မကောင်းသလို ဖြူဖျော.ဖျော. ပွစိစိ ဆိုလည်း သေချာတယ် စားမကောင်းပါဘူး.. အကြော်မုန်.သားစပ်ရာမှာ အစပ်အဟပ်မှန်ဖို.လိုသလို အကြော်အိုးကဆယ်ယူချိန် ကွက်တိကျမှသာ အနံ. ရော အရသာပါ ပြည်.၀တဲ့အကြော် ရတာပါ .. ဘူးသီးကြော်ထဲမှာမှ ခုဒီဘူးသီးကြော်ကတဲ့ မြင်နေကျ စားနေကျ အကြော်မျိုးမဟုတ်ပဲ တမူထူးခြားပါတယ်
မြို.လေးမှာတော. အတော်များများက ဘူးသီးငါးပေါင်းကြော်လို. ခေါ်တာနည်းကြပြီးဂျင်းဘူးသီးကြော် ၊ အချိန်နဲ.ရောင်းတဲ့ ဘူးသီးကြော် လို.ခေါ်လေ.ရှိပြီး သူ.တရားဝင်နာမည်ဘယ်လိုခေါ်လဲတော. သေချာမသိပါဘူး သေချာတာကတော. ဒီဘူးသီးကြော်က စားလို.တော်တော်ကောင်းပြီး ( ရောက်လေရာ ကြည်.မိသလောက် ) အခြားမြို. တွေမှာတော. သိပ်မတွေ.ရပါဘူး
သူက ဘူးသီးအချောင်းသေးသေးလေးတွေလှီး .. ပြီးတော.မှ မုန်.နှစ်ထဲထည်. ဂျင်းအနည်းငယ်ထည်. အချပ်လိုက် ဆီအိုးထဲထည်.ကြော်ပြီး အပေါ်ကနေ နှမ်းလေးတွေ ဖြူးပေးထားပါတယ်.. ဘူးသီးရဲ.အချို ..မုန်.နှစ်ရဲ. အဆိမ်.နဲ. ကြွပ်ကြွပ်ရွရွ အရသာ .. ပါလေရုံလေးထည်.ထားတဲ့ ဂျင်းရဲ. ရနံ. .. ကိုက်လိုက်မိရင် မွှေးကနဲ ဖြစ်သွားတဲ့ နှမ်းစိလေးတွေနဲ.ဆိုတော. အရသာရော ရနံ.ပါပြည်.စုံတဲ့ အကြော်တစ်မျိုးပါ … နောက်တစ်ခုကအချိန်နဲ.ရောင်းတာကလည်း သူ.ထူးခြားချက်တစ်ခုပါ ဈေးကတော. မသေးပါဘူး တစ်ဆယ်သား ၄၀၀ -၅၀၀ လောက်ရှိတတ်ပါတယ်
မနက်ဘက်ဈေးထဲမှာ ရတတ်ပြီး နေ.လည်ဘက် ကတော.ဆေးရုံရှေ.လမ်းမှာ ရတတ်ပါတယ်.. ..မြို.လေးကလူတွေအဖို.တော. သိပြီးသားဖြစ်ပေမယ်. အခြားဒေသသားတွေအကယ်၍များမြို.လေးဆီရောက်ခဲ့ရင် မြည်းစမ်းကြည်.နိုင်အောင် ကြိုတင်အသိပေးဝေမျှခြင်းပါ
Friday, July 26, 2013
မြို.လေးဆီက အမှတ်ရစရာ နံနက်ခင်း ထမင်းကြော်
 ကျန်းကျန်းမာမာ သန်သန်စွမ်းစွှမ်း ရှိပြီး လှုပ်လှုပ်ရှားရှားနေရသူများ အနက် ယောက်ကျားလေး အတော်များများက Breakfast အဖြစ် ထမင်းကြော်ကို စားဖြစ်တတ်ကြသည်
အနောက်တိုင်းသားတို.က Breakfast ကို အဟာရပြည်.သော/ကျန်းမာရေးအတွက် အထောက်အကူပြုသော
စားဖွယ်တို.ကို တကူးတကန်. စီစဉ် သုံးဆောင်လေ.ရှိကြသော်လည်း……အ၀တ်အစား ကိုလှအောင်ရောင်စုံ ရွေးဝတ်ကြသလို အသီးအနှံ စသည်တို.ကိုလည်း အရောင်စုံအောင် စားသင်.သည်  .နံနက်ခင်းစာသည် တစ်နေ.လုံးအတွက် အဓိက ကျသလို အစာအိမ်အတွင်း ပထမဆုံးစတင်ချက်လုပ်စုပ်ယူမည်. အစားအစာဖြစ်သဖြင်. ပြည်.စုံအောင် စနစ်တကျ  တွက်ချက် ပြင်ဆင် စားသုံးသင်.သည်ဆိုသော်လည်း ယခင်ကတည်းက အလေ.အကျင်.မရှိခဲ့ကြသလို သာမာန်လူတန်းစားများ ဖြစ်သော ကျွန်တော်တို.တွေကတော. များသောအားဖြင်. တစ်ခုကောင်းနှင်. သာ ဖြစ်သလို ပြီးတတ်ကြသည် ..
မြို.လေးတွင် ရှိသော နံနက်ခင်းစားဖွယ်ရာတို.က ဟိုးးး အရင်ကထက် တိုးလာသည်က နည်းနည်း လျှော.သွားသည်က များများသာ ဖြစ်သည် .. တစ်ခုပဲ ထူးခြားသည်က မြို.လေး၏ စားဖွယ်တို.သည် နာမည်တူလျှင်တောင် အခြားမြို.ရွာများနှင်. မတူပဲကိုယ်ပိုင်သီးခြား ချက်ပြုတ်တည်ခင်းပုံ တို. ရှိနေတတ်ခြင်းပင်..
သိသာသည်ကတော. ၀ါးခယ်မမုန်.ဟင်းခါးဆိုလျှင် သူ.ကိုယ်ပိုင်ဟန် ..ကိုယ်ပိုင်ချက်ပြုတ်တည်ခင်းပုံ သီးသန်.နှင်. ဖြစ်သည် (ထိုအကြောင်းကို အသေးစိပ် သီးခြား တင်ပြပြီးဖြစ်ပါသည် )ထိုအထဲတွင် ပြောလိုသည်က မြို.လေးဆီက ထမင်းကြော်
အထူးသဖြင်. ၀က်သားဟင်းနှင်.ထမင်းကြော်
ရန်ကုန်လိုနေရာတွင် လက်လုပ်လက်စားများသာရှိသော အစွန်အဖျားနေရာတို.တွင် ထမင်းကြော်အလွတ်တစ်ပွဲ ၂၀၀-၂၅၀ မှသည် ခမ်းနားကြီးကျယ်သောဆိုင်ကြီးများတွင်တော. နံနက်ခင်းထမင်းကြော် ကို ဟင်းနှင်.တစ်ပွဲ ၁၂၀၀ မှ ၁၅၀၀ ထိရောင်းချနေချိန် မြို.လေးတွင်တော. ထိုက်သင်.သော ဈေးနှုန်းဖြင်.ရနေသေးသည်..သို.သော် အဓိက ပြောချင်သည်က ကြော်လှော်တည်ခင်းပုံ
မြို.ကြီးများရှိ ထမင်းကြော်က အရောင်ဖြူဖျော.ဖျော.တွင် အရသာက ခပ်ဝါးဝါးဖြင်. ဟင်းအရသာကိုသာ တည်မှီရောင်းချခြင်းဖြစ်ပြီး ပူနေလျှင်ပြီးရော သဘောမျိုးပင် (အချို. ဆိုင်များဆိုလျှင် ထမင်းကို ဆီ..ဆား..အချိုမှုန်.လောက် ထည်.ပြီး မီးဖိုပေါ်တင် ..ယောင်းမ နှင်. ဟိုဘက်တွန်း ဒီဘက်တွန်း လုပ်ပြီး ပန်ကန်ထဲထည်. ဟင်းအပေါ်ကအုပ် အရေဆမ်းဆီစိမ်း နံ.တောင်မပျောက်ချင် )
မြို.လေးက ထမင်းကြော်ကတော. ထမင်းသားကိုက(ဆိုင်အတော်များများတွင် ) အရသာ.ရှိပြီးသားမန်းသားတို.အခေါ် ကြာညို.   အချို.အခေါ် ပဲဆီ    မြို.လေးကအခေါ် တရုပ်ငံပြာရည် (အနောက်ရေ) ထိုက်သင်.သလောက်ထည်.ပြီး  (ဆိုင်အတော်များများတွင် )  အရသာရှိအောင် ကြော်ထားတတ်ကြပြီး အချို.ကတော. ထိုက်သင်.သလို အပူပေးထားတတ်ကြပေမယ်. အချို.က  မီးသီးခြားမပေးပဲ ဒန်အိုးအတွင်း ထည်.ကာ သူ.အပူနှင်.သူ ထားပြီးရောင်းတတ်ကြသည် ..ထမင်းကြော် ဆိုသည်နှင်. မီးဖိုပေါ် တင်ထားသော ဒယ်အိုးထဲက ထမင်းကြော်ကိုသာ မြင်ဖူးနေကျ သူများအဖို.တော. တစ်မျိုးတစ်ဘာသာ ထူးခြားနေသလို
ထိုထမင်းကြော်နှင်.စားသော ၀က်သားကတော. အခြားမြို.များလိုမဟုတ်ပဲ ၀က်သား ကို အတုံးသေးလေးတွေတုံးပြီး  ဆီကျန်ရေကျန် အချိုချက်ထားခြင်းဖြစ်သည် ထို.ကြောင်. အရည်တွင် အချိုဓါတ်အပြည်. ရှိနေပြီး ဆီပြန် ဟင်းလောက်မအီသလို ရေပေါလော ဟင်းလိုအရသာမရှိခြင်းလည်း မဖြစ်တော. …(ထိုချက်ပုံ ချက်နည်း သည် ချက်ပြုတ်သူ၏ အချို အငန် သုံးပုံကြောင်.အနည်းငယ်သာကွဲလွဲမှု ရှိကောင်းရှိမည်ဖြစ်သော်လည်း ဆိုင်တိုင်းလိုလို ထိုပုံစံအတိုင်းချက်ခြင်းဖြစ်သည်) ထို.အပြင် ထမင်းကြော်ဆိုင်တို.တွင် ကြာဇံကြော်လည်း တွဲရောင်းတတ်ရာ ထမင်းကြော်နှင်. ကြာဇံကြော် နှစ်မျိုးရော စားသော အလေ.အထလည်း မြို.လေးတွင် ရှိကြသည်.(အထူးသဖြင်. ဈေးပတ်ချာလည် ဆိုင်များတွင် ထိုအလေ.အထရှိသည်) .၇န်ကုန်တွင် ထမင်းကြော်နှင်. မုန်.ဟင်းခါးတွဲရောင်းသော ဆိုင်တွင် ထမင်းကြော်ကို မုန်.ဟင်းခါး ဟင်းရည်နှင်. တွဲစားလေ. ရှိသော်လည်း မြို.လေးတွင်  တော. ထိုအလေ.အထမျိုး သိပ်မရှိပဲ ကော်ရည်တွဲရောင်းသောဆိုင်တွင်တော. ကော်ရည် ဟင်းချိုနှင်.တွဲသောက်ကြလေ.ရှိသည်ထမင်းကြော် ၀က်သားနှင်.မှာလျှင် ထမင်းကြော် အပေါ် ၀က်သားအချိုချက် အရည်လေးဆမ်း ( ဆိုင်တစ်ခုဆိုလျှင် ကြက်ဥနှင်. မှာပါက ထမင်းကြော်ပေါ် ကြက်သွန်နီဆီချက်အနည်းငယ် ဆမ်းပေးသေးသည်..)ပြီးနောက်ကြက်သွန်နီ ငြုပ်ဆီဆမ်းပေးမည်ဒါပဲဖြစ်သည်.ငြုပ်သီးကြော်သုံးလေ.မရှိ..ကျောင်းစိမ်းဟု ခေါ်သော ကြက်သွန်ဖြူ ငြုပ်သီးစိမ်းပုဂံပေးလေ.မရှိ သလိုတောင်းသူလည်းမရှိ..သို.သော် အရသာကတော.ရှိသည်ဈေးကသက်သာသည်ထိုကပင်လျှင် လုံလောက်ပြီဖြစ်သည်..ထိုဆိုင်လေးမျိုးများသည် ၀က်သားဆိုလျှင် အချိုချက် တစ်မျိုးသာ ရမည်..အစပ်မရှိ..ချက်သည်.ပုံစံက အားလုံးအတူတူတုံးထားသည်. အတုံးပုံစံကအစ မကွာ……………….
အကယ်၍ သင် မြို.လေးဆီ ရောက်ခဲ့လျှင် ရှေးပုံစံအတိုင်း ရောင်းသော ထိုထမင်းကြော်ဆိုင်လေးများဆီ သွားရောက် တို.ထိမြည်းစမ်းကြည်.နိုင်ပါလိမ်.မည် တစ်ခုတော.ရှိသည်  အရသာကို ဥိးစားပေးရောင်းချသော နယ်ဓလေ.မို. ဆိုင်အပြင်အဆင် အခင်းအကျင်းကိုတော. သာမည နေရာတွင်သာ ထားတတ်ရပါလိမ်.မည်
(ယခုရေးသားခဲ့သော အကြောင်းအရာသည် မြို.လေးတွင် ယခင်ကတည်းက အစဉ်အဆက်ရောင်းခဲ့ကြသောယခင်ပုံစံအတိုင်း ယခုတိုင်တည်ခင်းရောင်းချနေသော ထမင်းကြော်ဆိုင်များကိုသာ ဦးတည်ရေးသားခြင်းဖြစ်ပါသည်နောက်ပိုင်းရောင်းချသော ဆိုင်အချို.  လဘက်ရည် နှင်.တွဲ၍ ရောင်းချသော ဆိုင်များအနက် အချို.ကတော. မြို.ကြီးများမှ ထမင်းကြော်နှင်. သိပ်ထူးမခြားနား ပုံမျိုးသာ ဖြစ်ပါသည်)
Saturday, May 18, 2013
မြို.လေးနှင်. မုန်.ဟင်းခါး ယဉ်ကျေးမှု ( ၀ါးခယ်မ မုန်.ဟင်းခါး )
ရှေးမူမပျက် ချိန်ခွင်နှင်.ရောင်းချနေသောဆိုင်
 မြန်မာ.ရိုးရာ စားစရာများအနက် တစ်နိုင်ငံလုံး လူမျိုးမရွေး ဘာသာမရွေး  မသိမရှိ မစားဖူးသူမရှိ ပြိုင်ဘက်ကင်း သရဖူဆောင်းနိုင်သော စားစရာ တစ်မျိုးကား မုန်.ဟင်းခါးဟုပင်ပြောရမည်ဖြစ်သည် ။
သူ.ကို တုဖက်ယှဉ်ပြိုင်နှိုင်လောက်စရာ ဟူ၍ လဘက်သုပ် တစ်မျိုးလောက်သာ ရှိသော်လည်း သဘောသဘာဝ အခြေအနေချင်းက မတူပဲ နံနက်ခင်း စားစရာအဖြစ်တစ်မျိုး ၊ နေ.လည်ခင်း ထမင်းနှင်.ရောစား၍ ရသော ဟင်းအဖြစ် တစ်သွယ် ၊ ညနေခင်း အာသာပြေ စားစရာအဖြစ်  တစ်နည်း ဘက်စုံအသုံးဝင်မှုကြောင်. ယခုတိုင် စင်ပေါ်က အောင်ပွဲခံဆဲ......
မုန်.ဖတ်သီးသန်.ရောင်းချသောဆိုင်
 မုန်.ဖတ်နှင်. ဟင်းခါး တွဲစားရသဖြင်. မုန်.ဟင်းခါးဟုခေါ်သလား  ?  အချို.ဒေသများကခေါ်သလို ငါးနှင်.ချက်သော ဟင်းရည်နှင်. တွဲစားရသဖြင်. မုန်.ဟင်းငါး ဟုခေါ်သလားကတော. ဘာသာရပ်ဆိုင်ရာ ပညာရှင်များသာ သိပေလိမ်.မည် ။ သေချာသည်ကတော. မြို.လေးတွင် မြို.ပေါ် ၁၀ ရပ်ကွက် ၊တစ်ဖက်ကမ်း ၄ ရပ်ကွက် ၊ ကျေးရွာ ၁၂၆ ရွာ ရှိသည်.အနက် မုန်.ဟင်းခါးသည် ၊ မုန်.ဟင်းခါးဆိုင် မရှိသော ရပ်ကွက် ၊ ကျေးရွာတို. တော. ရှိအံ.မထင်ပါ ။ ရပ်ကွက်အတွင်း အိမ်နီးနားချင်းများကိုသာ အားပြုရောင်းသောဆိုင် ၊ ရှေးအစဉ်အဆက် နာမည်တစ်ခု အားပြုရောင်းနေကြသောဆိုင် ၊ လဘက်ရည်နှင်.တွဲ၍ နံနက်ခင်းစာရောင်းသောဆိုင် ၊ရွာများသို. လှေဖြင်.လှည်.လည်ရောင်းချသော Mobile Shop စသည်ဖြင်. ရပ်တည်ပုံအမျိုးမျိုးတော. ကွာချင်ကွာပေလိမ်.မည် ။
ဝါးခယ်မ ဈေးကြီးအတွင်း မုန်.ဟင်းခါးဆိုင်တန်း
 မုန်.ဟင်းခါးနှင်. ပတ်သက်လျှင် ပင်လယ်ပိုင်းဒေသများ ၊မြစ်ဝကျွန်းပေါ်ဒေသများက ပို၍နာမည်ကြီးသလိုတော.ရှိသည် ။ထို.ကြောင်.လည်း မြိတ် (ဘိတ်) မုန်.ဟင်းခါး ၊မော်လမြိုင်မုန်.ဟင်းခါး၊ ရခိုင်မုန်.ဟင်းခါး (မုန်.တီ) ၊ဟင်္သာတ မုန်.ဟင်းခါး ၊လပွတ္တာ မုန်.ဟင်းခါး ၊မော်ကျွန်းမုန်.ဟင်းခါး ၊မြောင်းမြ မုန်.ဟင်းခါး ၊၀ါးခယ်မ မုန်.ဟင်းခါး စသည်ဖြင်. နာမည်ကျော်ကြခြင်း ဖြစ်ပေလိမ်.မည် ။တစ်ခုပဲရှိသည် ။ ဟင်းရည်ချက်ရာတွင် အဓိကထားသုံးသော အမည် ၊ဟင်းခပ်အမွှေးအကြိုင် စသည်တို.ကို လိုက်ပြီး အနံ. ၊အရသာ ၊ပုံစံတို.ကတော. တူမယောင်ယောင်နှင်. ကွဲထွက်သွားကြသည် ။
စာတိုက်ထောင်. မုန်.ဟင်းခါး (ဓါတ်ပုံ- NayLynn Kyaw)
ရေကျော်ကမ်းနားလမ်း တောသင်္ဘောဆိပ်၇ှိ မုန်.ဆိုင်တန်း
 မြို.လေးတွင် မုန်.ဟင်းခါးကို အတော်များများက မနက်ပိုင်းနှစ်ခြိုက်စွာ စားသုံးလေ.ရှိပြီး မြို.လေးကို အလည်ပြန်ရောက်ကြရသူတို.အဖို.မူ ငယ်ငယ်ကစားခဲ့ဖူးသော နေရာ ၊ဆိုင် တို.ကိုလိုက်ရှာ အ၀ထိုင်စားရင်း ငယ်ဘ၀ဆီ လည်ပြန်ခံစားကြသည် ။ ထိုအချိန်တွင်တော. ထိုမုန်.ဟင်းခါးသည် မုန်.သက်သက်မဟုတ်တော.ပဲ အတိတ်၏ သုခဘုံသို.သွားရာပေါင်းကူးတံတားသဖွယ်..........
မြို.လေးဆီက မုန်.ဟင်းခါးကို အဘယ်မျှ စွဲလမ်းကြသနည်းဆိုလျှင် ၀ါးခယ်မမုန်.ဟင်းခါးကို ရန်ကုန်သို. တကူးတကမှာစားကြသည် ။ တကူးတက သယ်ယူကြသည် ။ ကိုယ်.ဘာသာချက်စား၍ ရသော်လည်း မြို.ဖြစ် စစ်စစ်ကို ပိုနှစ်လိုကြသဖြင်. မုန်.ဟင်းရည်ကို ရေသန်.ဗူးနှင်.ထည်. ၊မုန်။ဖတ်၊အကြော်၊နံနံပင်မှအစ ငြုပ်သီးမှုန်.အဆုံး ရန်ကုန်အထိချိုင်.နှင်.ထည်.သယ်ပြီး စားကြသည် ။ မြို.လေးဆီမှ ၀ယ်ခွင်.မကြုံသူတို.က ရန်ကုန်တွင် ၀ါးခယ်မုန်.ဟင်းခါး ဘယ်နေရာရောင်းသည်ကိုနားစွင်.နေကြသည် ။ကြားသည်နှင်.မိသားစုလိုက်သွားရောက်စားသုံးကြသလို တကယ်.အရသာမှန်ပါက အချင်းချင်း လက်တို.ကြသည်။ သို.သော်လည်း ရန်ကုန်တွင်ဝါးခယ်မမုန်.ဟင်းခါးစစ်စစ်က အတော်ပင်ရှားပါးလှသည်။ထိုအခါကိုယ်.ဘာသာချက်စားကြသည် ။ထိုသို.ချက်စားတိုင်း မိတ်ဆွေသူငယ်ချင်းအားလုံးကိုအမှတ်ရရခေါ်ကျွေးကြသည် ။ အဖိတ်ခံရသူတို.ကလည်း ၀ါးခယ်မမုန်.ဟင်းခါး အသံကြားသည်နှင်. မည်မျှဝေးဝေး အားရ၀မ်းသာသွားကြသည် ။ ၇န်ကုန်တွင်ပြုလုပ်သော ၀ါးခယ်မနှင်.ဆိုင်သည်. အခမ်းအနားများတွင် မိတ်ဟောင်းဆွေဟောင်းများနှင်.တွေ.ရင်း (အထူးသဖြင်. သက်ကြီးပိုင်းတို.က )၀ါးခယ် မုန်.ဟင်းခါးကို လွမ်းလွမ်းဆွေးဆွေးစားကြသည်။ဝါးခယ်မသား ၀ါးခယ်မမုန်.ဟင်းခါး မကြိုက်သူဆို၍ မကြားခဲ့ဖူး ၊မတွေ.ခဲ့ဖူး ။(သို.သော် ကျောင်းကြီး ဒဿမတန်းတွင် မြန်မာစာသင်ကြားသော ဆေးရုံရပ်ကွက် မြို.မလမ်းရှိဆရာမဒေါ်မြင်.မြင်.ကြည်ကတော. သူလုံးဝမစားပါ ၊မကြိုက်ပါတဲ့ ၊မုန်.ဟင်းခါးဖတ်အမျှင်များကို ရွံလို.ပါဆို၍ ငယ်စဉ်က ရီမောခဲ့ကြရသည်)
ထမင်း ငြုပ်သီး တို.ဖြင်.ရောနယ်ထားသော မုန်.ပွဲ
 မြို.လေးတွင်တော. ထိုမုန်.ဟင်းခါးသည် သာမာန်လူတန်းစားတို.အဖို. မုန်.တစ်မျိုးသာဖြစ်သော်လည်း အခြေခံ လူတန်းစားတို.အဖို. အဖိုးနည်း ၀န်ပါ ဟင်းတစ်ခွက်လည်းဖြစ်သည်။ နေ.လည် (သို.)ညနေ ဟင်းမရှိလို.ပြဿနာမရှိ ။မုန်.ဟင်းခါးတစ်ပွဲဝယ် ဇလုံထဲထည်. ၊ငြုပ်သီးမှုန်.ရဲနေအောင်ဖြူး ၊ငံပြာရည်လေးဆမ်း ၊ရှောက်သီးလေးညှစ် ၊နံနံပင်ပေါချိန်ဆို နိုင်းချင်းထည်. ဟင်းရည်အကုန်လောင်းချ အားရပါးရနယ်ပြီးစားလိုက်ရပါက တော်ရုံဟင်းလောက်တော. ဟင်.အင်းလုပ်လို.ရသည်။တစ်ခုရှိသည်က မြို.လေး၏ နာရေးအားလုံးလိုလိုတွင် မုန်.ဟင်းခါးသည် ဒိုင်ခံဒါနပြုဖွယ် အရာဖြစ်ပြီး သာရေးကိစ္စရပ်များတွင်လည်း အတော်အသုံးဝင်သည်ဖြစ်သော်လည်း  မင်္ဂလာဆောင်အခမ်းအနားများတွင်တော. ကျွှေးလေ.ကျွေးထ သိပ်မရှိခြင်းပင် ။
ဝါးခယ်မ မုန်.ဟင်းခါးသည် မုန်.ဟင်းခါးဖတ်အလုံးက နန်းကြီးလုံး တစ်ဝက်နီးပါးခန်.တော.ရှိသည် ။ထို.ကြောင်.လည်း နန်းသေားသော မုန်.ဖတ်အမျှင်များဖြင်.စားရလျှင် အရသာကထိထိမိမိမရှိလှ ။ထို.အတူညှပ်ခေါက်ဆွဲ ဖတ် ကလည်း ထု ထူပြီး မုန်.ဖတ်ဆိုင်များရောက်မှ ကပ်ကြေဖြင်.ညှပ်ရောင်းကြခြင်းဖြစ်သည်။ ရန်ကုန်တွင် မုန်.ဖတ်ဟုခေါ်သော်လည်း မြို.လေးတွင်တော. မုန်.ဟင်းခါးဖတ် ဟုခေါ်ပြီး ညှပ်ကိုတော. မြို.လေးတွင် ညှပ်ခေါက်ဆွဲဟု သုံးသည် ။ ထို.အပြင် ရန်ကုန်တွင်ခေါက်ဆွဲဟုခေါ်သော အရာကို မြို.လေးတွင်တော. ဂျုံခေါက်ဆွဲဟုသာ ခေါ်ကြသည်။ ထို.အပြင် ရန်ကုန်တွင် ပဲကြော်ဟုခေါ်သောအကြော်ကို မြို.လေးက ပဲကပ်ကြော်ဟုသုံးသည်။ မြို.လေး၏ မုန်.ဟင်းခါးဆိုင်များတွင် ပဲကပ်ကြော် ၊ပဲပျော.ကြော် (ဂျင်းပဲကြော် ၊မန္တလေးပဲကြော်) ၊ဘူးသီးကြော်  ကြက်သွန်ကြော်စသည်များ ၊ ငါးဖယ်ကြော် ၊ ပုဇွန်ကြော် (ပုဇွန်ကြော်ဆိုရာတွင် ပုဇွန်နှင်.မုန်.နှစ်ရောကြော်သော အကြော်မဟုတ်ပဲ ပုဇွန်အသားကိုထောင်၍ကြော်ထားသော အကြော်)၊ရာသီချိန်တွင်သာရတတ်သောပုဇွန်ဦးနှောက်ကြော်(ထိုအကြောင်းကတော. အကယ်တ၀င်.ရှင်းပြမှအဆင်ပြေမည်ဖြစ်သဖြင်. နောင်မှသီးခြားရှင်းလင်းပါမည်) စသည်တို. ရောင်းချလေ.ရှိကြပြီး အိုးဘဲဥ ကိုတော. သိပ်စားလေ.မရှိကြပဲ ဘဲဥပြုတ်ကိုသာ များသောအားဖြင်. အသုံးပြုကြသည် ။ထို.အပြင် မုန်.ဟင်းခါးဆိုင်အကြော်ဗန်း များထဲမှ ပျောက်ဆုံးသွားပြီဖြစ်သော အရာတစ်မျိုးလည်းရှိပါသည် ။ထိုအရာကား ငါးသလောက်ဥ ။ ယခင်က လက်သုံးလုံးခန်.ရှိ ငါးသလောက်ဥကြီးများကိုကြော်ပြီး အတုံးများတုံးကာ မုန်.ဟင်းခါးနှင်.ထည်.စားလေ.ရှိသော်လည်း ယနေ.အချိန်တွင်တော. ရှားပါးသောကာလတွင် လက်နှစ်လုံးမရှိတစ်ရှိ ငါးသလောက်ဥအသေးလေးဈေးက ၁၈၀၀၀ နှင်. ၂၅၀၀၀ ကြား ဆိုတော. သူတို.ရောက်မလာနိုင်တော.။မွန်ပြည်နယ်အချို.ဒေသများတွင် ရှမ်းနံနံ ၊ ၇န်ကုန်တွင် ပဲသီး ၊ဧရာဝတီတိုင်းအချို.ဒေသများတွင် ပန်းဂေါ်ဖီ စသည်တို. မုန်.ဟင်းခါးတွင် ထည်.စားလေ.ရှိသော်လည်း မြို.လေးတွင်တော. နံနံပင် ၊ညှပ်ခေါက်ဆွဲဆိုလျှင် ကြက်သွန်စိမ်း ကလွဲ၍ အခြားထည်.စားလေ.မရှိကြ ။
အချို.က ဂျုံကို မုန်.ဟင်းရည်နှင်.စားလေ.ရှိသည်
 မြို.လေးရှိ မုန်.ဟင်းခါးဆိုင် တစ်ဆိုင်ကို သင်ဝင်ထိုင်လိုက်မည်ဆိုပါက မုန်.ဟင်းခါးလား ၊ညှပ်ခေါက်ဆွဲလား ၊ဂျုံလားဟုမေးလိမ်.မည် ၊ပြီးလျှင် ဘာကြော်ထည်.မလဲ ၊ ငြုပ်သီးစားလား ၊နံနံပင်ထည်.မလား ထပ်မေးမည် ၊ညှပ်ခေါက်ဆွဲမှာလျှင်တော. ကြက်သွန်စိမ်းလှီးထားသည်ကိုထည်.ပေးမည် ၊မုန်.ဖတ်ပေါ် ပဲမှုန်.အနည်းငယ်ထည်.ပေးမည် ၊ဆနွင်းစစ်စစ်ကြောင်. အ၀ါရောင်တောက်ကာ ကြက်သွန်ကြော်နံ.မွှေးနေသော ဆီချက် ဆမ်းပေးမည် ၊ ငြုပ်သီး ၊နံနံပင်ထည်.ပေးမည် ၊ကိုယ်.မြို.ကဟုထင်လျှင် ဟင်းရည် ခပ်စီးစီးလေး ဆမ်းပေးမည် ၊အခြားမြို.ကဟုယူဆလျှင် ဟင်းရည်ရွှဲရွှဲ ဆမ်းမလားမေးပြီးဆမ်းပေးမည် ၊ဟင်းရည် ဘယ်လိုပဲထည်.ထည်. သင်.အတွက် လဘက်ရည် အကြမ်းပုဂံလုံးခန်.ရှိဟင်းရည် တစ်ခွက်အပို၇မည် ။ ထို.အပြင် သင် ဟင်းရည်ထပ်တောင်းလို.ရသေးသည် ၊အကြိမ်ကြိမ်တောင်းလျှင် ဘာမျှပြောမည်မဟုတ်သော်လည်း တစ်ကြိမ်ထက်တစ်ကြိမ်တော. နည်းသွားမည် ။သို.သော် သင်နောက်ဆုံးစားသောက်ပြီးသွားလျှင်တော. တရားဝင်ဟင်းရည်နည်းနည်း ထပ်တောင်းသောက်ခွင်.ရှိသည်ထို.အတွက် မျက်နှာပူစရာမလို ၊၇န်ကုန်မှာလိုဟင်းရည်အတွက်ပိုက်ဆံပေးစရာမလို  ။အချို.ကတော.အကြော်နှင်. ဟင်းရည်ထည်.သောက်လေ.ရှိသည် ။မြို.လေးရှိ မုန်.ဟင်းရည်က ငြုပ်ကောင်းမပါမဖြစ်သုံးကြပြီး အချို.ဆိုင်များက ပိုကဲထားသဖြင်. ရာသီဥတုအေးချိန် ၊ကိုယ်လက်မအီမသာဖြစ်ချိန်တွင်တော. ကွက်တိ ။
အိမ်ချက် မုန်.ဟင်းခါးပွဲ
တစ်ခုရှိသည်ကမြို.လေးတွင် မုန်.ဖတ်သုပ် ၊ညှပ်သုတ်စသည်တို.ကသိပ်စားလေ.မရှိကြ ၊၀ါးခယ်မမုန်.ဟင်းခါး ကိုယ်က ဟင်းရည်ပျစ်ပျစ်လေးနှင်.စားရသည်.ပုံစံ ၊ဂျုံသုပ် ကြာဇံသုပ်တို.လောက်သာစားလေ.ရှိသည် ၊အသုပ်နှင်.ပတ်သက်လျှင်တော. ဟိုးးးအရင်က ဈေးဂုံးတံတား အဆင်း (ယခုဒေါ်နွဲ.လျှပ်စစ်ပစ္စည်းဆိုင်ရှေ.နား) တွင်ဆိုင်တစ်ဆိုင်ရှိခဲ့ဖူးသည်။ မြို.လေးတွင် ဟိုးးးးးးယခင်မှ ယခုထိ၇ှိနေသေးသောဆိုင်များ (ဂျပန်လိုနိုင်ငံမျိုးတွင်တော. ဆိုင်တစ်ဆိုင်ကို နှစ်၃၀၀ ခန်.ထိအမွေဆက်ခံဖွင်.လှစ်ဂုဏ်ယူထိမ်းသိမ်းကြသည်)...ယခင်ကနာမည်ရှိသော်လည်း ယခုဆိုင်မ၇ှိတော.သည်များ  ၊ယခုနောက်ပိုင်းမှပေါ်လာသောဆိုင်များ အမျိုးမျိုးရှိကြသည် ။ကြက်တညင်မုန်.ဟင်းခါး ၊ ဈေးထောင်. BOC ဆိပ်နားရှိဒေါ်ဝက်မုန်.ဟင်းခါး ၊စာတိုက်ထောင်.မုန်.ဟင်းခါး၊ မင်္ဂလာဝင်းထောင်.နားရှိ ရွှေညာမုန်.ဟင်းခါး ၊ဈေးတန်းထဲရှိ ဒေါ်ကျင်သန်း မုန်.ဟင်းခါး၊ ရေကျော်ကမ်းနားတောသင်္ဘောဆိပ်လေးတွေနားကဆိုင်များ၊ဆေးရုံရှေ.လမ်းရှိမုန်.ဟင်းခါးဆိုင် ၊ ဒေါ်ပုမဆလာစက်နားရှိ မုန်.ဟင်းခါး ၊ ယခုနောက်ပိုင်းလူကြီးများ ရောက်လျှင် စားလေ.ရှိသော တံတားအောက် ကမ်းနားဖက်ရှိ ဦးကျော်တင်. မုန်.ဟင်းခါး စသည်တို.အပြင် သူ.အရပ်နှင်.သူ အားပေးနေကြသော ဆိုင်များကလည်း များစွာရှိနေပါသည်။ဝါးခယ်မဈေးအတွင်းတွင် မုန်.ဟင်းခါးတန်းလည်း သီးသန်.ရှိနေပြီး စိတ်ကြိုက်ရွေးချယ်စားသုံးနိုင်သည်။
ရန်ကုန်ရှိ ပန်းခြံ တစ်ခုအတွင်းကဆိုင်တစ်ဆိုင်က မုန်.ဟင်းခါးတစ်ခါမှာ ၁၈၀၀ ကျနေချိန် (သူက Ready Made မှာမှချက်သည် ၃ယောက်စာခန်.တော.ရှိမည်)နာမည်ကြီး ဆိုင်တစ်ခုမှာ ငါးဖယ်ကြော်နှင်. ၇၀၀ ကျပြီး ဟင်းရည်သောက်လျှင် ဟင်းရည်ဘိုးပေးနေရချိန် မြို.လေးတွင် ရပ်ကွက်ဆိုင်များ၌ အကြော်တစ်ခုနှင်.မှ ၁၀၀ သာပေးရသောဆိုင်လေးများရှိနေသေးသည် ။ဈေးထိုက်သင်.သလောက်ရှိသည်ဆိုသော ဈေးကြီးထဲမှ ဆိုင်များတွင်မှ အကြော်စုံနှင်.မုန်. တစ်ပွဲစား ၊နောက်ထပ်အကြော်စုံနှင်. ဟင်းရည်တစ်ပွဲထပ်သောက် ထိုမှ ၇၀၀ သာကျသည် ၊ရွာလေးများသို. လှေဖြင်. လိုက်ရောင်သော မုန်.မှ တစ်ပွဲ ၁၅၀ ခန်.သာကျသည်။
 မြို.လေးတွင် ၀ါးခယ်မမုန်.ဟင်းခါး မည်မျှအရှိန်အ၀ါကြီးသနည်းဆိုလျှင် ရခိုင်မုန်.တီပင်လျှင် လွန်ခဲ့သော  နှစ်အစိတ်ခန်.က မှစတင်ရောင်းချနိုင်ခဲ့ပြီး နာမည်ရှိဆိုင် တစ်မြို.လုံးမှ တစ်ဆိုင်ခန်.သာရှိပြီး ရှမ်းခေါက်ဆွဲဆိုလျှင်လည်း ပြီးခဲ့သည်. နှစ်ပိုင်းလောက်မှသာ ပေါ်ပေါက်လာပြီး တစ်ဆိုင်ခန်.သာ သေချာရောင်းချနေနိုင်ပါသည်။
အဲဒီတော. နောက်ဆုံးနိဂုံးချုပ်ရပါလျှင်ဝါးခယ်မမြို.လေး၏မုန်.ဟင်းခါး ယဉ်ကျေးမှုအကြောင်း တီးမိခေါက်မိတော. ရှိလောက်ပြီဟု ယူဆပါသည်။မြို.လေးဆီ တစ်ခါတစ်ခေါက်ရောက်ခဲ့လျှင်ဖြင်. ၀ါးခယ်မ မုန်.ဟင်းခါးကို စားဖြစ်အောင်စားကြည်.ခဲ့စေချင်ပါသည်။
Saturday, March 2, 2013
ဝါးခယ်မ ပုဇွန်ချဉ်
ဒေသတိုင်းမှာ သူ.တို.အမြတ်တနိုးထားတဲ. စွဲလမ်းတဲ. အစားအစာဆိုတာရှိတတ်ပါတယ်...အညာကလူတွေဟာ မြူရွက် သုပ်လေးတွေသတိရတတ်တာ...တန်းရည်နည် လေးကိုသုတ်စားချင်တာ...နှမ်းဖတ်ချဉ်လေးကိုလွမ်းတာ...နို.ခဲချက်လေးကို တမ်းတတာတွေ ရှိကြသလို..ပြည်ကလူတွေကလည်း ခါချဉ်ဥကြော်လေး သတိရနေတတ်တာ ..ပဲခူးကလူတွေက ငါးဖယ်ချဉ်လေး လက်ဆောင်ဝယ်လာတတ်ကြတာစသည်ဖြင်. ရှိတတ်ကြပါတယ်...ဧရာဝတီတိုင်းထဲမှာတော. မြို.ရွာတော်တော်များများ မှာ ကိုယ်.မြို.မုန်.ဟင်းခါးကို ကိုယ်အထူးတလှယ်သတိရတတ်ကြသလို...ပန်းတနော်ဘက်က လူတွေကတော. ငါးရံ.အူ..ငါ.ရံ.ခြောက်စတာတွေ မှာကြ...မအူပင်က လူတွေကတော. ငါးခုံးမချဉ်လေးကို တမ်းတကြသလို ကျွန်တော်တို.မြို.က လူတွေ သတိရတဲ.အစားအစာထဲမှာလည်း ပုဇွန်ချဉ်က မပါမဖြစ်ပါ....
ပုဇွန်ချဉ် သုပ် နဲ. ကြာရိုးဟင်းခါး
အထူးသဖြင်.   မိုးလေးကအုံ.အုံ. ရာသီဥတုက သွေးလေးလံစရာအချိန်မျိုးလေးဆို ပုဇွန်ချဉ်ကို ပါးပါးလှီး ကြက်သွန်နီကို ပါးပါးလှီးပြီးရေဆေး ငါးငံပြာရည် စစ်စစ်လေးထည်. ဆီစိမ်းလေးထည်. မွှေးနေတဲ. ငြုပ်သီးအလှော်မှုန်.လေးဖြူး အစပ်ကြိုက်ရင် ငြုပ်သီးစိမ်းတောင်.လေး ပါးပါးလှီးထည်. ကြိုက်တတ်ရင် နံနံပင်ကို များများလေးညှပ်ထည်. ...နယ်လိုက်ပြီးတာနဲ.တင် ပါးစောင်မှာသရေတွေ တများများ ခိုကပ်လာလောက်အောင် ချဉ်ငံစပ် ရနံ.လေးက ဆွဲဆောင်လာပါလိမ်.မယ်.....ပိုပြီး ပွင်.ထွက်သွားအောင် ဈေးထဲက ကြာရိုးလေးတွေဝယ် အခွံနဲ. အကြောတွေသင် ပုဇွန်အကောင်သေးလေးတွေနဲ. ရောပြီး ဟင်းခါးလေးချက် ငြုပ်ကောင်းလှော်ထားတာလေးထောင်းထည်. လိုက်ရင်တော. သူကလည်း ရနံ.တစ်မျိုး တိုးလာပြီပေါ. .....ဒီလိုရာသီမှာ ဒီလိုအစားအစာလေးကို မိသားစုလိုက်ဝိုင်းပြီး ကိုယ်.မြို.က ကိုယ်.အိမ်လေးမှာ ပြန်စားရတဲ.အရသာမျိုးကို ဘာနဲ.မှလဲနိုင်မယ် မထင်ပါဘူးဗျာ...ချဉ်ငံစပ် သုပ်ထားတဲ. ပုဇွန်ချဉ်သုပ်လေးကို မြုပ်..အဲဒီထမင်းလုပ်ကို ၀ါးတဲ.အခိုက် နံနံပင်နံ. လေးနဲ. ငြုပ်သီင်္းအလှော်နံ.လေးကို ရှိုက် ငြုပ်သီးစိမ်းလေးကိုက်မိရင် ကြာရိုးဟင်းခါး ပူပူလေးကို ရှုးကနဲသောက်.....အားးး နတ်ပြည်ရောက်သွားသလိုပါပဲ..
ပုဇွန်ချဉ် ပုဇွန်ကြော် ..ပဲဟင်း.. ငြုပ်သီးတောင်.ကြော်
အချို.တွေကတော. ပုဇွန်ချဉ်ကို အတုံးလေးတွေလှီးပြီး ငြုပ်သီးစပ်စပ်လေးနဲ.လည်းကြော်စားလေ.ရှိသလို အချဉ်သိပ်မကြိုက်သူတွေကတော. ပုဇွန်အကောင်ခပ်လတ်လတ်လေးတွေနဲ.ရောကြော်စားလေ.ရှိပါတယ်...အဲဒီအခါကျတော. ပုဇွန်အစိမ်းက အချဉ် ကိုထိမ်းလိုက်တာကြောင်. စားကောင်းရုံလေးပေါ.ဗျာ...
အဲ.ဒီလို ပုဇွန်ချဉ်နဲ. ပုဇွန်အကောင် ခပ်လတ်လတ်လေးတွေကို အဆိမ်.လေးရော ကြော် ...ပြီးတော. ရနိုင်မယ်ဆိုရင်တော. ပဲနောက်ဟင်းချိုလေးချက် (တကယ်က ခုပဲနောက်ဆိုတာ ဘာလို.ရှားသွားလဲတော. မသိပါဘူး....ပဲဟင်းတွေထဲမှာ ပဲနောက်နဲ.ချက်တဲ. ပဲဟင်းရဲ. အနံ.နဲ. လေးလေးပင်ပင်ရှိတဲ့ အရသာကို ဘယ်ပဲမှမမှီပါဘူး...ခုနောက်ပိုင်းပဲတီစိမ်းတွေကြိတ်ပြီး အချို.က ပဲနောက်လုပ်ရောင်းပါတယ်)...မရရင်တော.လည်း ပဲဝါလေးဖြစ်ဖြစ် ..ပဲနီလေးဖြစ်ဖြစ် ကြက်သွန်နီ ဆီသတ်လေးနဲ.ချက် ...ပြီးရင် ငြုပ်သီးအတောင်.ရှည်ခြောက်ကို ဆီလေးနဲ.ကျွမ်းခါနီးထိလှိမ်. ....ထမင်းထဲကို အချဉ်ဓါတ်လေးရှိနေတဲ့ ပုဇွန်ချဉ်နဲ. ချိုဆိမ်. ပုဇွန်အကောင်လေးမြှုပ်...ပါးစပ်ထဲ ၂ချက် ၃ချက်ဝါးအပြီး ငြုပ်သီးအလှော်တောင်.လေးကိုက်....ချို..ချဉ်..ဆိမ်.  နဲ.အတူ မွှေးပြီးစပ်လာတဲ့အရသာလေးအရောက် ပဲဟင်းပူပူလေးကို ခပ်သောက်....ဒါလေးနတ်ပြည်ရောက်သွားစေနိုင်တဲ့ ဟင်းတစ်ခွက်ပါပဲ...ငယ်ငယ်ထဲကနေ ခုထိ မမေ.နိုင်တဲ့ အမေ.ဟင်း တစ်ခွက်ပါပဲ....
ပုဇွန်ချဉ် ဆိုတာအချဉ်ဖောက်ထားတဲ. အစာတစ်မျိုးမို. အချဉ်ပေါက်မှပဲစားလို.ကောင်းပါတယ်.. ဒါကြောင်.မြို.မှာ လက်ဆောင်ပေးဖို.၀ယ်ပြီဆို ဘယ်နေ.စစားလို.ရပြီဆိုတာမျိုးပြောလေ.ရှိပါတယ်..အချဉ်မပေါက်သေးခင် ရေခဲသေတ္တာထဲ ထည်.သိမ်းလိုက်ရင် ဖြစ်စဉ်မပြည်.တာမို.ပုဇွန်ချဉ်ဟာ ချဉ်လဲအချဉ် မာလဲမမာပဲ ပျက်သွားတတ်ပါတယ်...ဒါကြောင်.စားလို.ရပြီလို.ပြောတဲ.ရက်ကျမှ ရေခဲသေတ္တာထဲ ထည်.သိမ်းရပါတယ်...အဲဒီရက်မတိုင်ခင်တော. အပြင်မှာပဲ ထားမှ fully processes ဖြစ်မှာပါ.....
မြို.မှာတော. ပုဇွန်ချဉ်ကို အစဉ်အဆက် ရောင်းကြသူ ၃/၄ ဦးခန်.ရှိပြီး ကားနဲ.ပြန်ရင် ရွှေလောင်းလောက်မှာ ၀ယ်လည်းရပါတယ်..ဒါပေမယ်. အတည်တကျရောင်းချသူတွေကတော. အရည်အသွေးပိုအာမခံချက်ရှိမယ်လို.ထင်ရပါတယ် (ဒါဘာကြောင်.လဲဆို မြို.ကြီးတစ်မြို.က ငါးဖယ်ချဉ်ဆို ဖက်တွေကများ အရသာက..... )ရန်ကုန်မှာတော. City Mart အောက်က Center တွေမှာ  . ၀ါးခယ်မပုဇွန်ချဉ်ဆိုတာမျိုး တွေ.၇တတ်ပြီး ကျုံမငေး ငါးဖယ်ချဉ်ဆိုတာလည်း ရှိနေတတ်ပါတယ်.....Orange Super Market တွေမှာလည်း   ရှိပါတယ်...တစ်ခုရှိတာကတော. ကိုယ်.ဒေသထွက် အစားအစာဆိုတာ ကိုယ်.ဒေသရဲ.ကုန်ကြမ်း ကိုယ်.ဒေသရဲ. နည်းပညာ သုံးပြီးထုတ်တာဖြစ်သလို  စားသုံးသူတွေကလည်း ကိုယ်.ဒေသမှာ စားရတဲ့ ဒေသထွက်စစ်စစ်နဲ.တော. ကွက်တိတူချင်မှ တူမှာဖြစ်ပေမယ်. အလွမ်းတော.ပြေလောက်ပါလိမ်.မယ် ............