Showing posts with label နိုင်ငံတကာ Hot News. Show all posts
Showing posts with label နိုင်ငံတကာ Hot News. Show all posts
Sunday, January 5, 2020
ပါရှန့်လက်ရုံး ( သို့ ) ကာဆင်ဆိုလာမာနီ
အီရန် စစ်တပ်မာရိတဲ့ စစ်ဘက်ခေါင်းဆောင်တွေ ထဲမာ ကာဆင် ဆိုလာမာနီ ဆိုတဲ့ ဗိုလ်ချုပ်တစ်ယောက် က အနောက်မီဒီယာတွေပေါ်မာ ထင်ရားတယ်။ သူ့ရဲ့ စစ်ဘက်ရာထူးက ဗိုလ်ချုပ် ဖြစ်ပါတယ်။ အနောက်ဘက် အခေါ်တော့ ကြယ်နစ်ပွင့် ဗိုလ်ချုပ်ပါ။ သူတာဝန်ယူ အုပ်ချုပ်ရတာက ကွဒ် လို့ခေါ်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ နိုင်ငံရပ်ခြား မာ စစ်ဆင်ရေးတွေ ဆောင်ရွက်ရတဲ့ တပ်ပါ။ အီရန် အမျိုးသား အစောင့်တပ်ရဲ့ လက်ရွေးစင် တပ်လို့ ဆိုပါတယ်။ သို့သော် စစ်ဆင်ရေးတွေ ဆောင်ရွက်ရတဲ့ တပ်မကြီးမဟုတ်ဘဲ ထောက်လမ်းရေးဆန်တဲ့ လုပ်ငန်းတွေကို လုပ်ရတဲ့ အဖွဲ့အစည်းပါ။ ပြည်ပ (အရေ့အလယ်ပိုင်း) မာရိနေတဲ့ စစ်သွေးကြွ အဖွဲ့ တွေ ကိုချဉ်းကပ်၊ ထောင်ပံ့ပြီး စည်းရုံးတယ်။ အီရန် ဩဇာ တည်ဆောက်တယ်။ အထူးသဖြင့် မျိုူနွယ်တူတွေ ကို အခြေပြုစည်းရုံးတယ်။ ပြီးတော့ အီရန် အတွက် ကြားခံ စစ်ဆင်ရေးတွေ ဆောင်ရွက်စေတယ်။ ဥရောပ နဲ့ အမေရိက တိုက်မာ ကွန်ယက်တွေ ဖြန့်ကျက်ထားပြီး လုပ်ကြံသတ်ဖြတ်မု့တွေ အကြမ်းဖက် မု့တွေကိုလည်း အားပေး အားမြောက် ပြုတယ်လို့ ဆိုပါတယ်။
.
ကာဆင် ဆိုလာမာနီဟာ အီရန်တော်လန်ရေး အချိန်ကတည်းက စစ်မု့ထမ်းခဲ့ ပြီး စစ်ဆင်ရေးပေါင်းစုံ စစ်ပွဲပေါင်းစုံ မာ ပါဝင်ပတ်သက်ဖူးတယ်။ သူက တိုက်ခိုက် ရေး ထက်ထောက်လမ်းရေး ဆန်တဲ့ စစ်ဆင်ရေးတွေ ကို လုပ်ခဲ့ရပါတယ်။ သူ့မာ ကြီးမားကျယ်ပြန့်တဲ့ ကွန်ယက်ရိပါတယ်။ နာမည်ကြီး လက်ဘနွန်က ဟစ်ဇဘိုလာ လို စစ်သွေးကြွတွေဟာ သူ့ရဲ့ လက်ချက်မ ကင်းဘူး။ ဆီးရီးယား စစ်မာ အာဆက်အစိုးရကို အနီးကပ် အထောက်အကူပေးခဲ့ ပါတယ်။ ဟစ်ဇဘိုလာနဲ့ ဆီးရီးယားထဲ က ရီးယိုက် သူပုန်တွေ ကို ထောက်ပံ့ပေးပြီး တစ်ဆင့်ခံ စစ်ရေးလုပ်ရားမု့ လုပ်တာမျိုးပါ။ အိုင်အက်စ်ကို အတိုက်မာ အီရတ်က ရီယိုက်စစ်သွေးကြွ တွေ ကို စုစည်း ပြီးထောက်ပံ့ပေးတဲ့ အပြင် ကိုယ်တိုင် စစ်မြေပြင်ဆင်းပြီး ကွပ်ကဲခဲ့ပါတယ်။ တကယ်တော့ သူ့ ကွန်ယက်က အီရတ်မာ ဆတ်ဒမ် ဟူစိန် လက်ထက် ကတည်းက ရိနေတာ။ ပင်လယ်ကွေ့စစ်ပွဲ အပြီးမာ အီရတ် မာ ရိတဲ့ ရီယိုက် ဆန့်ကျင်ရေး အုပ်စုလေးတွေကို စည်းရုံးပြီး ဆတ်ဒမ် ဆန့်ကျင်ရေးတွေ၊ သတင်း စုဆောင်း စုံစမ်းမု့တွေ လုပ်ခဲ့ဖူးပါတယ်။
.
အီရတ်မာ အစ္စလန်မစ် နိုင်ငံတော် (ISIS) ကို တိုက်တဲ့ စစ်ပွဲမာ အီရတ်မာ ရိတဲ့ ရိယိုက် အုပ်စုတွေကို စုစည်းပြီး စစ်သွေးကြွ အုပ်စုကြီးတစ်ခု ဖြစ်အောင် ထူထောင်ခဲ့ပါတယ်။ Popular Mobilization Forces (PMF) အဖွဲ့လို့ အမည်ရတယ်။ စစ်ပွဲအတွင်း သူကိုယ်တိုက် စစ်မြေပြင်ဆင်းပြီး ကွပ်ကဲခဲ့တဲ့အပြင် အဲ့ဒိ စစ်သွေးကြွအုပ်စု က အောင်ပွဲ တွေ ရခဲ့တယ်။ အီရန် ရဲ့ ကနဦးရည်မန်းချက်က ဟစ်ဇဘိုလာလို အီရန် လက်ဝေခံ စစ်အုပ်စု တစ်ခု ကို အီရတ်ထဲမာ တည်ထောင်ဖို့ပဲ။ အကွဲကွဲ အပြားပြားနဲ့ မငြိမ်မဝပ် ဖြစ်နေတဲ့ အီရတ်နိုင်ငံရဲ့ အခြေအနေက အခွင့်ကောင်းပဲလို့ ဆိုပါတယ်။ အဲ့ဒိကမ တစ်ဆင့်တက်ပြီး အီရန်လိုလားတဲ့ (လူများစုဖြစ်တဲ့) ရီယိုက် အစိုးရတစ်ခု ပေါ်လာဖို့ အထိ ရည်မန်းဟန်ရိ ပါတယ်။
.
အီရန်ဟာ သူ့ ပတ်ပတ်လည် အာရပ် နိုင်ငံတွေရဲ့ အရေးအခင်းတွေမာ ဝင်စွက်ဖက်ပြီး လက်တံ ဆန့်နိုင်သလောက် ဆန့်ပါတယ်။ ယီမင်က ဟူသီ သူပုန်တွေကိုလည်း ထောက်ပံ့ပေးပြီး ပြိုင်ဘက် ဆော်ဒီကို ရင်ဆိုင်တယ်။ တလောကလည်း ဆော်ဒီကို ဟူသီတွေပစ်တဲ့ ဒရုံးနဲ့ ဒုံးပျံတွေဟာ အီရန်လုပ်တွေလို့ ဆိုတယ်။ နောက်ကွယ်က ကြိုးကိုင်မုတွေဟာ ဗိုလ်ချုပ် ဆိုလာမာလီ လက်ချက် မကင်းဘူးလို့ ဆိုပါတယ်။ ဒါတွေကို ကြည့်ရင် အီရန်ဟာ အရေ့အလယ်ပိုင်း နိုင်ငံတွေမာ သူ့ ဩဇာကို တည်ထောင်ပြီး နိုင်ငံရေး နဲ့ စစ်ရေး အရပါ လွမ်းမိုးနိုင်အောင် ကြိုးစားနေတယ် ဆိုတာ ထင်ရားပါတယ်။ ဆိုလာမာလီဟာ အီရန် အတွက် လက်ရုံးတစ်ဆူပါပဲ။
.
အမေရိကန် ထိပ်တန်း အရာရိတွေက အီရတ်မာ ဆိုလာမာလီနဲ့ တွေ့ဆုံ ညိနိုင်းခဲ့ဖူးတယ်ဆိုတဲ့ ကောလာဟာလ လည်း ထွက်ခဲ့ဖူးပါတယ်။ အမေရိကန်တွေက မဟုတ်ပါဘူး လို့ ငြင်းခဲ့ဖူးတယ်။ တွေ့တဲ့ နေရာက အီရတ် သမ္မတရဲ့ နန်းတော်မာတဲ့။ တကယ်လို့ ဒီ ကောလာဟာလသာ မန်ရင် အီရတ် အစိုးရဟာ အီရန်ဘက် ယိမ်းလာတဲ့ သဘော လို့ ယူဆနိုင်တယ်။ အီရန်က အီရတ်ကို အရံ မိတ်ဖက်နိုင်ငံ အဖြစ် ပုံသွင်းဖို့ လိုလားတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ စစ်ရေး အင်အား ဟာ အီရတ်မာ အခြေပြုနေနိုင် တာကို မလိုလားပါဘူး။
Photo from yournewnet.com
.ဆိုလာမာနီဟာ ဆီးရီးယားမာ အာဆတ် အစိုးရကို ကောင်ကောင်း ကျားကန် ပေးနိုင်ခဲ့ပြီး အီရတ်မာလည်း အိုင်အက်စ် ကိုတိုက်တဲ့ စစ်ဆင်ရေး အတွေ အတွင်းမာ သူ့ရဲ့စစ်သွေးကြွတွေကို ရေပန်းစားအောင် လုပ်ခဲ့ နိုင်တယ်။ ဒီအခြေအနေမာ ဒီ စစ်သွေးကြွတွေကနေ တစ်ဆင့် အီရတ်မြေပေါ်မာ ရိတဲ့ အမေရိကန် ရဲ့ အကျိုးစီးပွားကို တိုက်ခိုက်မု့တွေ လုပ်စေခဲ့တယ်။ တလောက အီရတ် ရေနံမြေဖြစ်တဲ့ ကာလ်ကွတ်မာ ရိနေတဲ့ အမေရိကန် အခြေစိုက် စခန်းကို ဟစ်ဇဘိုလာတွေက ဒုံးပျံနဲ့ ပစ်တယ်။ အဲ့ဒိ တိုက်ခိုက်မု့မာ အမေရိကန် အရပ်သား ကန်ထရိုက်တာ တစ်ယောက် သေသွားတယ်။ ဒါကို လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန်တွေက အဲ့ဒိ ရိယိုက် PMF စခန်းကို လေကြောင်းကနေ တိုက်ခိုက်တယ်။ ရီယိုက် စစ်သွေးကြွေတွေ သေကြေကုန်တယ်။
.
ဒီလေကြောင်း တိုက်ခိုက်မု့ကို လက်တုန့်ပြန်တဲ့ ပုံစံက နဲနဲ ထူးခြားတယ်။ ရီယိုက် ကျောင်းသားတွေ အရပ်သားတွေကို အမေရိကန် ဆန့်ကျင် ဆန္ဒပြပွဲတွေ လုပ်စေတာပါပဲ။ သည်ကနေတစ်ဆင့် ဆန္ဒပြသူတွေဟာ သံရုံးကို ဝင်စီးပြီး တိုက်ခိုက်ခိုသည် အထိ ဖြစ်သွားပါတယ်။ နစ်သစ် အကူးမာ ဖြစ်တဲ့ တိုက်ခိုက်မု့ဟာ ရီယိုက် စစ်သည်တွေ သေဆုံးတာကို မကျေနပ်တဲ့ အတွက် အရပ်သားတွေက အုံကြွပြီး အမေရိကန် သံရုံးကို တိုက်ခိုက်တဲ့ ပုံစံမျိုး လို့ တွေ့မြင်နိုင်ပါတယ်။ အမန်တကဘ် တိုက်ခိုက်ချင်တာ မဟုတ်ဘဲ လူထုကြားမာ အမေရိကန် ဆန့်ကျင်ရေး အမြင်တွေ ကျယ်ပြန့်လာအောင်၊ လုပ်ရဲ ကိုင်ရဲ ရိလာအောင် ဦးတည်တယ်ဆိုတာက ပိုမန်ပါလိမ့်မယ်။ ဒီဖြစ်ရပ် ဟာ အီရန် ရားဘုရင် ကျဆုံးစေတဲ့ အရေးအခင်းပုံစံကို အမတ်ရစေပါလိမ့်မယ်။
.
ဒိအတွက် အမေရိကန် သမ္မတ ထရမ့်ရဲ့ တုန့်ပြန်ပုံက အတော်လေးကြမ်းပါတယ်။ ဒီတိုက်ခိုက်မု့တွေ ရဲ့နောက်ကွယ်က လက်သည်ဟာ ဗိုလ်ချုပ် ဆိုလာမာနီ ဖြစ်တယ် လို့ စွပ်စွဲပြီး မနေ့ည ကမောင်းသူမဲ့ လေယာဉ်သုံးကာ အသေ လုပ်ကြံသတ်ဖြတ်လိုက်တာပါပဲ။ ဆိုလာမာနီ PMF အဖွဲ့ ဆီအလာ အီရတ်နိုင်ငံ ဘဂ္ဂဒက် လေဆိပ်က အထွက် မာ တိုက်ခိုက် ခဲ့တာပါ။ အီရန် အနေနဲ့ ဒီလို တိုက်ခိုက်မု့ ကို မြော်လင့် ထားဟန် မရိပါဘူး။ တစ်ကမ္ဘာလုံး မထင်မတ်ထားတာ ဆိုလျင် ပိုမန်ပါလိမ့်မယ်။
.
စီးပွားရေးသမားဖြစ်တဲ့ သမ္မတ ထရမ့်ဟာ ခဲတစ်လုံးနင့် ငက်များစွာကို ပစ်လိုက်ဟန်ပါပဲ။ ကွန်ဂရက် မာ ပြစ်တင်စွပ်စွဲခံ နေရတာကို လည်းသက်သာအောင်၊ နောင် သမ္မတ သက်တမ်းအတွက်လည်း အထောက်အကူဖြစ်အောင်၊ အီရတ်မာ တစ်တိတစ်တိ တိုးလာတဲ့ အီရန်ရဲ့ လွမ်းမိုးမု့ကို လည်း ဟန့်နိုင်အောင် လုပ်လိုက်တဲ့ သဘောလည်းရိချင်ရိမာပေါ့။ အမေရိကန်တွေ အနေနဲ့ အဆိုးဆုံး အခြေအနေကိုတွက်ဆ ပြင်ဆင်ထားမာ မလွဲပါဘူး။
.
လောလောဆယ် တော့ အီရန်ရဲ့ ကြားခံစစ်ပွဲ ပါရဂူ (proxy war master) တစ်ယောက်ကို လက်စတုံး နိုင်တာကတော့ အမေရိကန် အတွက် အကျိုး အမြတ်တစ်ခုပါပဲ။
zawgyi 
Photo from rt.com
.
.
.
.
.
ဆိုလာမာနီဟာ ဆီးရီးယားမှာ အာဆတ် အစိုးရကို ကောင်ကောင်း ကျားကန် ပေးနိုင်ခဲ့ပြီး အီရတ်မှာလည်း အိုင်အက်စ် ကိုတိုက်တဲ့ စစ်ဆင်ရေး အတွေ အတွင်းမှာ သူ့ရဲ့စစ်သွေးကြွတွေကို ရေပန်းစားအောင် လုပ်ခဲ့ နိုင်တယ်။ ဒီအခြေအနေမှာ ဒီ စစ်သွေးကြွတွေကနေ တစ်ဆင့် အီရတ်မြေပေါ်မှာ ရှိတဲ့ အမေရိကန် ရဲ့ အကျိုးစီးပွားကို တိုက်ခိုက်မှု့တွေ လုပ်စေခဲ့တယ်။ တလောက အီရတ် ရေနံမြေဖြစ်တဲ့ ကာလ်ကွတ်မှာ ရှိနေတဲ့ အမေရိကန် အခြေစိုက် စခန်းကို ဟစ်ဇဘိုလာတွေက ဒုံးပျံနဲ့ ပစ်တယ်။ အဲ့ဒိ တိုက်ခိုက်မှု့မှာ အမေရိကန် အရပ်သား ကန်ထရိုက်တာ တစ်ယောက် သေသွားတယ်။ ဒါကို လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန်တွေက အဲ့ဒိ ရှိယိုက် PMF စခန်းကို လေကြောင်းကနေ တိုက်ခိုက်တယ်။ ရှီယိုက် စစ်သွေးကြွေတွေ သေကြေကုန်တယ်။
.
.
.
စီးပွားရေးသမားဖြစ်တဲ့ သမ္မတ ထရမ့်ဟာ ခဲတစ်လုံးနှင့် ငှက်များစွာကို ပစ်လိုက်ဟန်ပါပဲ။ ကွန်ဂရက် မှာ ပြစ်တင်စွပ်စွဲခံ နေရတာကို လည်းသက်သာအောင်၊ နောင် သမ္မတ သက်တမ်းအတွက်လည်း အထောက်အကူဖြစ်အောင်၊ အီရတ်မှာ တစ်တိတစ်တိ တိုးလာတဲ့ အီရန်ရဲ့ လွှမ်းမိုးမှု့ကို လည်း ဟန့်နိုင်အောင် လုပ်လိုက်တဲ့ သဘောလည်းရှိချင်ရှိမှာပေါ့။ အမေရိကန်တွေ အနေနဲ့ အဆိုးဆုံး အခြေအနေကိုတွက်ဆ ပြင်ဆင်ထားမှာ မလွဲပါဘူး။
.
Written by ZTintWai
Saturday, January 17, 2015
လူပြောများနေတဲ့ The Daily Duty အနုပညာဖန်တီးမှု
ဒီရက်ပိုင်း နိုင်ငံတကာ အနုပညာ ဖန်တီးမှု တစ်ရပ် ဟာ ကျော်ကြားလာနေပါတယ် ။ ထုံးစံအတိုင်း နှစ်သက်သူ ၊ ကန်.ကွက်သူ ၊ သဘောကျသူ ၊ ရှုတ်ချသူတွေ နဲ. ဆူဆူညံညံ ဖန်တီးမှု တစ်ခုတော.ဖြစ်ခဲ့ပါတယ် ။ ဒါကိုလည်း ကိုဥာဏ် ( ပန်းလောင်မြေ ) က လူပြောများတဲ့ အနုပညာ ဆိုတဲ့ခေါင်းစဉ်နဲ. သူ.ရဲ. မြန်မာသွေး ဘလော.မှာ တင်ဆက်ထားတာလေး ကို မူရင်းအတိုင်း ကူးယူဖော်ပြလိုက်ပါတယ် ။
Cristina Guggeri ဆိုတဲ့ အမျိုးသမီး ပန်းချီပညာရှင်တစ်ဦး ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ အခုလောလောဆယ် အွန်လိုင်းပေါ်မှာ လူပြောများလို့ နေပါတယ်။ ဖန်တီးသူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အဲဒီပုံတွေကို The Daily Duty လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ်နဲ့ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာတော့ အဲဒီဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတာ သိပ်မတွေ့ရဘဲ အခြားလူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ချီးကျူးကြတာရော၊ ရှုံ့ချကြတာရော၊ ဝေဖန်ကြတာရော စုံလင်နေတာ တွေ့မြင်ရပါတယ်။ အချို့က ဆန်းသစ်တဲ့ ဖန်တီးမှုတွေအဖြစ် ချီးကျူးကြပြီး အချို့ကတော့ လက်ခံဖို့ အနည်းငယ် ခက်ခဲကြောင်း ဝေဖန်ကြပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ကြသူတွေကတော့ ဘာသာရေးအမြင်နဲ့ ကြည့်ကြသူတွေပါ။ သူတို့တွေ ပြောတာကတော့ ပုပ်ရဟန်းမင်းကြီးလို၊ ဒလိုင်းလားမားလို ပုဂ္ဂိုလ်မျိုးတွေကို အခုလို ရေးဆွဲထားတာဟာ အနည်းငယ် စော်ကားသလို၊ လှောင်ပြောင်သလို ဖြစ်စေတယ်လို့ ထောက်ပြကြသလို စော်ကားသလို
 ဖြစ်စေတယ်လို့လည်း မြင်ကြသူတွေ ရှိကြပါတယ်။ အချို့တွေကတော့ ရယ်စရာတစ်ခု၊ ဆန်းသစ်မှုတဲ့ ဖန်တီးမှုတစ်ခုအဖြစ်သာ ရှုမြင်ကြတာကို တွေ့ရပါတယ်။
ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတစ်ခုက အဲဒီဖန်တီးမှုတွေကို ပြန်လည်ဝေမျှရာမှာ ကွန်းမန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အပြိုင်အဆိုင် တိုက်ခိုက်နေကြတာကို မြင်တွေ့ရပါတယ်။ သတင်းဌာနက ရေးသားရာမှာလည်း မြန်မာနိုင်ငံမှာသာဆို ဒီလိုပုံမျိုးတွေ ရေးဆွဲခဲ့ရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဖွ ပေးထားတာကို ဖတ်ရပါတယ်။ အဲဒါကို ထောက်ခံတဲ့လူတွေက မြန်မာနိုင်ငံက လူတွေက အနုပညာကို နားမလည်သလို၊ မခံစားတတ်သလို၊ အမြင်မကျယ်သလို အပြစ်တင် ဝေဖန်ကြပြီး မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေလည်း အခုဖန်တီးမှုတွေမှာ ပြထားသလို နေ့စဉ်အလုပ်တွေ လုပ်နေကြတာပဲ။ သူတို့ကိုလည်း အဲဒီလိုဆွဲရင် လက်ခံရမယ်လို့ ပြောဆိုကြပါတယ်။ ဒီအမြင်ကို ကန့်ကွက်ကြသူတွေကတော့ အနောက်ယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို တန်းမညှိဖို့နဲ့ ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု အစဉ်အလာတွေ မတူညီတာကို နားလည်ကြဖို့ ပြန်လည်ဖြေရှင်းကြပါတယ်။ အချို့တွေကတော့ လူငယ်ပီပီ ပွင့်ပွင့်လင်းလင်းပဲ အဆိုပြု ကြပါတယ်။ ဒီလို ဖန်တီးမှု အနုပညာတွေကို လက်ခံတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပဲ အရင်ဆုံး ဆွဲကြည့်ပါလားတဲ့။
ကျွန်တော့်အမြင်ကတော့ အဲဒီဖန်တီးမှုတွေထဲက လူတွေနေရာမှာ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်ဇနီး၊ ကိုယ့်သမီးဖြစ်နေရင် ဘယ်လိုမျက်စိနဲ့ ကြည့်ကြမလဲလို့ မေးခွန်းထုတ်ချင်တာပါပဲ။ ဒီလိုပုံတွေကို ဧည့်ခန်းထဲချိတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ကြည့်ရှုခံစားနိုင်လောက်တဲ့အထိ ကျွန်တော်ကိုဉာဏ် အနုပညာအခံ မရှိတာ၊ အမြင်မကျယ်တာ၊ ခေတ်မမီတာကိုတော့ နားလည်ပေးကြပါဗျာ။
လူပြောများနေတဲ့ အနုပညာ ဖန်တီးမှုလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ ပုံတွေအားလုံးကို မူလဖန်တီးသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ
(Cristina Guggeri) ကနေ ကူးယူထားတာ ဖြစ်ပါတယ်
Original Blog ; http://myanmarthway.blogspot.com
Tuesday, March 25, 2014
မလေးလေယာဉ် ပျက်ကျတယ်ဆိုတာ သေချာသွားပြီလား
ထူးဆန်းစွာ ပျောက်ကွယ်၍ တစ်ကမ္ဘာလုံး၏ အဆင်.မြင်.နည်းပညာ အားလုံးကိုစိန်ခေါ်ခဲ့သော ..နည်းပညာအဆင်.မြင်. နိုင်ငံများနှင်. အာရှတိုက်တွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်စိတ်ဖြစ်တည်စေခဲ့သော မလေးရှားလေယာဉ် ပျေက်ဆုံးမှု ကား ဆုံးခန်းတိုင်ခဲ့ပြီဟုပြောရမည်လား ၊ ရှာဖွေခြင်းများ အောင်မြင်ခဲ့ပြီဟု ပြောရမလား ၊ မည်သည်.အတွက်ကြောင်. ဟူသော မေးခွန်းသစ်များ၏ အစလားတော. မသိ ။ ယမန်နေ.က မလေးရှား ၀န်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲတွင်မူ စုံစမ်းရှာဖွေရာမှရရှိသည့် အချက်အလက်များအပေါ် အခြေခံ ပြီး စစ်ဆေး သုံးသပ်ရာတွင် မလေးရှားလေကြောင်း လေယာဉ်အမှတ် MH 370 သည် သြစတြေးလျ နိုင်ငံ အနောက်ဘက် အိန္ဒိယ သမုဒ္ဒရာထဲသို့ ထိုးကျသွားခြင်း ဖြစ်ကြောင်း သတင်း မီဒီယာများကို ပြောကြားခဲ့ပါတယ် ။
ဒါဟာ တရုတ်ဂြိုဟ်တု နဲ. သြစတေးလျ ဂြိုဟ်တု တွေကနေ ဒုတိယမြောက် အစိတ်အပိုင်းတွေ ထပ်တွေ.တယ်ဆိုတာကနေ တောက်လျှောက်ဆက်လိုက်ရာက နောက်ဆုံးထွက်လာတဲ့အဖြေပါ ။ ဂြိုဟ်တုအချက်အလက်များအရ အိန္ဒိယသမုဒ္ဒရာတွင် သြစတြေးလျနိုင်ငံနှင့် မိုင် ၁၄၃၀ အကွာတွင် မျောနေသော အပျက်အစီးတွေ့ရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေကပြောဆိခဲ့ပြီး ဒါကိုမလေးရှား အာဏာပိုင်များထံသို့ ပေးပို့ခဲ့ တယ်လို.ဆိုပါတယ် ။
ပထမတစ်ကြိမ်တုန်းကလည်းမေလ ၂၀ ရက်နေ. ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ခိုင်မာသော သတင်းအချက်အလက်သစ် ရရှိခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပါလီမန်တွင်
ပြောကြားခဲ့တာပါ ။တစ်ခုမှာ ၂၄ မီတာ (၇၉ ပေ) ရှိပြီး အခြားတစ်ခုမှာမူ ယင်းထက်သေးငယ်ကြောင်း၊ ယင်းပစ္စည်းများကို ရှင်းရှင်းလင်းလင်း မမြင်ရသေးကြောင်း သြစတြေးလျရေကြောင်းလုံခြုံရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူ ဂျွန်ယန်းကလည်း ပြောကြားခဲပါတယ် ။ ဂြိုဟ်တုမှ ရိုက်ကူးရရှိသော ဓာတ်ပုံများအရ အဆိုပါ အရာဝတ္ထု နှစ်ခုသည် တစ်ခုနှင့်တစ်ခု ၁၄ မိုင်အကွာ၌ ရှိကြပြီး သြစတြေးလျ အနောက်ကမ်းရိုးတမ်း၏ အနောက်တောင်ဘက် ၁၅၀၀ မိုင် အကွာခန့်တွင် ရှိကြောင်းနှင့် ယင်းနေရာသည် သင်္ဘောများ သွားလာတတ်သည့် လမ်းကြောင်းမှနေ၍ အလွန်ဝေးကွာလှသော နေရာ၌ ရှိကြောင်းပြောကြားခဲ့ပါတယ် ။
 တစ်ခုက ရေပြင်ခပ်ပါးပါးအောက် တစ်ခုက ရေပေါ် မြုပ်လိုက်ပေါ်လိုက်မျောပါနေတယ် ဆိုတဲ့အထိ သတင်းတွေထွက်ခဲ့ပါတယ် ။  မော်တော်ကားတင် နော်ဝေသင်္ဘော Hoegh St. Petersburg ဟာပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရတယ်ဆိုတဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နေရာသို့ ပထမဆုံးရောက်ရှိလာသည့် သင်္ဘောဖြစ်ကြောင်း အဆိုပါသင်္ဘောကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ စီဆဲလီမိုးက မတ် ၂၀ ရက်တွင် ပြောကြားခဲ့ပါတယ်။် သြစတြေးလျ အာဏာပိုင်များ၏ မေတ္တာရပ်ခံချက်များအရ မာဒါဂါစကားမှ မဲလ်ဘုန်းသို့ သွားမည့် သူ၏ ခရီးစဉ်မှ သွေဖယ်ကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ရှာဖွေရေးဇုန်သို့ ရောက်ရှိလာခြင်းဖြစပါတယ် ။
ဒါပေမယ်.လည်း  ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီး တစ်စုံတစ်ရာကို ယခုတိုင်တွေ့ရှိရခြင်း မရှိသေးကြောင်း နော်ဝေသင်္ဘောကုမ္ပဏီမှ အခြားပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ခရစ်ရှန်ဒါးက အဲ့ဒီတုန်းကပြောကြားခဲ့ပါတယ်။ ဒါးက ယင်းနေရာ၌ ဂရင်းနစ်စံတော်ချိန် ၁၃း၀၀ နာရီကတည်းက နေ၀င်သွားပြီဖြစ်သောကြောင့်ရှာဖွေရ ခက်ခဲကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ပြီး သူက “သင်္ဘောက သြစတြေးလျအာဏာပိုင်တွေ ပေးအပ်ခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် ညအချိန်အထိ ရှာဖွေမှာပါ။ ပြီးရင် ကျွန်တော်တို့ သြစတြေးလျ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အနေအထားကို တင်ပြလို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါတယ် ။
အဲ့ဒိတုန်းက အားလုံးသောထောက်လှမ်းရေ လေယာဉ်တွေ ၊ သင်္ဘောတွေ ရောက်ရှိရှာဖွေခဲ့ကြပေမယ်.လည်း မတွေ.ရှိခဲ့တာကြောင်. ပင်လယ်ပြင်အောက် နစ်မြုပ်သွားပြီလို. ဆုံးဖြတ်ခဲ့ကြပါတယ် ။ တရုတ် ဂြိုဟ်တုကတွေ.တဲ့ ပုံရိပ်ကတော. ပင်လယ်ပြင်ထဲမျောပါနေတဲ့ ကွန်တိန်နာ အဟောင်းတစ်လုံးလို. သတင်းတစ်ရပ်က ဆိုပါတယ် ။
ရေဒါတွင် ပေါ်သည့် အမျိုးအမည်မသိလေယာဉ်ကို MH 370 ပျောက်ဆုံးပြီး ၆ မိနစ်အကြာ ဒေသစံတော် ချိန် မနက် ၁၂ နာရီ ၂၈ မိနစ် (မလေး ရှား စံတော်ချိန် မနက် ၁နာရီ ၂၈ မိနစ်) တွင် တောင်တရုတ် ပင်လယ်ပြင် အထက်၌ တွေ့ရှိခဲ့ရပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် မလက္ကာ
ရေလက်ကြားရှိရာ အနောက်တောင်ဖက်သို့ ဦးတည်နေကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn ကပြောတယ်ဆိုတဲ့သတင်း မတ်လ ၈ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် Kuda Huvadhoo ကျွန်းပေါ်မှ အသံ ဆူညံကျယ်လောင်စွာဖြင့် ဖြတ်ကျော်ပျံသန်းသွား လေယာဉ်၏ အရောင်မှာ အဖြူရောင်ဖြစ်ပြီး အနီရောင် အစင်းကြောင်းများပါဝင်နေသည်ဟု သိရသည့် အတွက် မလေးရှား လေကြောင်းလိုင်း လေယာဉ်များနှင့် တူညီနေ၊ “ကျနော်တို့ ရေယာဉ်ပျံတွေ မြင်ဖူးပါတယ် ဒါပေမယ့် ဒါက ရေယာဉ်ပျံ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော် လေယာဉ်ရဲ့ ပြတင်းပေါက်တွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ကျနော်တယောက် တည်း မဟုတ်ပါဘူး။ တခြား သူတွေလည်း ကျနော့်လိုပဲ တွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလောက် အသံအကျယ်ကြီး ကြားရသလဲဆိုတာ သိချင်လို့ တချို့လူတွေ အိမ်ထဲကထွက်ကြည့်ကြတယ် ၊ Kuda Huvadhoo ကျွန်း၏ အကြီးအကဲတဦး ဖြစ်သော Mohamed Zaheem က တခြား ဒေသခံများက လည်း တွေ့မြင်ခဲ့ရသည်ဟု ပြောကြကြောင်း Haveeru Daily သို့ပြောသည် ဆိုတဲ့ သတင်း ၊ လေယာဉ်ကို ရေဒါလွတ်အောင် ပေ ၅ ထောင် အောက် က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အဆက်အသွယ်
ဖြတ်တောက်ပြီး နောက်ထပ် ၆ နာရီကျော် ၇ နာရီလောက် ဆက်ပျံသန်းသွားခဲ့ ..အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကာဇစ္စတန်၊ ဥဘက်ကစ္စတန် ဒါမှမဟုတ် တာဂျစ်ကစ္စတန်တို့မှာ လေယာဉ်ရှိနိုင်..တာလီဘန်တွေအနေနဲ့ တနေ့နေ့ တချိန်ချိန် သူတို့ အလိုရှိတဲ့ အခါမှာ ၉/၁၁ တုန်းက နယူးယောက်မြို့က အမွှာညီနောင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးကို လေယာဉ်ကို ဗုံးကြီး တလုံးလို အသုံးချ တိုက်ခိုက်မှုမျိုး လုပ်လာနိုင်မှာကို အဓိက စိုးရိမ်  စတဲ့ သတင်းတွေ ရဲ.အဆုံးသတ်ကတော. ခုလိုထွက်ပေါ်လာခဲ့တာပါပဲ ။
ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီနှင့် မတော်တဆမှုလေ့လာစုံစမ်းရေးမှ ဂြိုဟ်တုအချက်အလက်များအပေါ် သုံးသပ်ချက်များပေါ်မူတည်ပြီး  မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ကြေညာလိုက်ခြင်းဖြစ်ပြီး ယင်းသုံးသပ်မှု လုပ်ပုံလုပ်နည်းကိုမူ ၎င်းကရှင်းပြသွားခြင်းမရှိခဲ့ပါဘူး ..။ဂြိုဟ်တုဓာတ်ပုံများကို နောက်ဆုံးလေ့လာ သုံးသပ်မှုအရ မလေးရှားလေကြောင်း လိုင်း လေယာဉ်ခရီးစဉ် MH370 ရဲ.နောက်ဆုံးတည်နေရာဟာ သြစတြေးလျအနောက် ဘက်ကမ်းရိုးတန်းမှ ဝေးလံသောရေပြင်တွင်ဖြစ်ပြီး လေယာဉ်ဆင်းသက်နိုငတဲ့နေရာနဲ.အလွန်အမင်းဝေးကွာနေကြောင်း မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက်က မတ် ၂၄ ရက်နှောင်းပိုင်းမြို့တော်ကွာလာလမ်ပူ သတင်းစာရှင်းလင်းပဲမှာ ပြောကြားခဲ့တာပါ ။ရရှိခဲ့သောအချက်အလက်သစ်အရ MH370 သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ ပျက်ကျခဲ့သည်ကို ၀မ်းနည်းစွာဖြင့် ထုတ်ပြန်လိုက်ရကြောင်း နာဂျစ်က ပြောကြားခဲ့ပါတယ်။   သြစတြေးလျအရာရှိများက အနောက်အိန္ဒိယသမုဒ္ဒရာတွင် မီးခိုးရောင် (သို့) အစိမ်းရောင်ခပ်ဝိုင်းဝိုင်း အရာဝတ္ထုနှင့် လိမ္မော်ရောင်လေးထောင့်ပုံရှိ ပစ္စည်းတို.ကိုတွေ.ရှိကြောင်း ပြောကြားခဲ့ပေမယ်. လက်ဝယ်ရရှိခြင်းတော. မရှိသေးပါဘူး ။
နောက်ဆုံးအကြိမ် လေယာဉ်နှင့် လေကြောင်းထိန်းသိမ်းသူများ အဆက်သွယ်ရခဲ့ချိန်မှာ ဗီယက်နမ်လေကြောင်းပိုင်နက်အတွင်းသို့ စတင်ဝင်ရောက်ချိန်ဖြစ်ပြီး အမြင့်ပေပေါင်း ၃၅၀၀၀ မှ ပျံသန်းနေခဲ့တာပါ ၊ အဲ့ဒီအချိန်မှာအနောက်ဘက်ကို ထောင့်ချိုးကွေ့ပြီး မာလက္ကာ ရေလက်ကြားဆီသို့ ဦးတည်ပျံသန်းသွားကြောင်း စစ်တပ်ရေဒါက ဖမ်းယူရရှိခဲ့ပြီး  ရေဒါမှ ပျောက်ကွယ်မသွားမီ လေယာဉ်ဟာ  ပေ ၁၂၀၀၀ အထိနှိမ့်ပြီး ပျံသန်းခဲ့တယ်လို. စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်တဲ့် သတင်းရပ်ကွက်က စီအင်န်အင်န်သို့ ပြောဆိုခဲ့ပါတယ်။
‘အရင်က နားမလည်နိုင်ခဲ့တာတွေက အခုဆက်စပ်နေတာ တွေ့ရပါတယ်။ လေယာဉ်က ရုတ်တရက်ပြန်ကွေ့ပြီး ပေသုံး သောင်းငါးထောင်ကနေ ပေတစ်သောင်းနှစ်ထောင်အနိမ့်မှာ ပျံသန်းတယ်ဆိုတာက လေယာဉ်ပေါ်မှာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်တယ်။ မီးလောင်တာ ပေါက်ကွဲတာဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် လေယာဉ်မှူးက ပေအနိမ့်ကနေပဲ လေယာဉ်ကွင်းတစ်ခုခုဆီကို ပြန်မောင်းပြီး အကူအညီရအောင် ပြန်လှည့်ဖို့ ကြိုးစားတာပါပဲ’’ လို. အမေရိကန် ကူးသန်းသွားလာရေးဝန်ကြီးဌာနမှ ယခင်စုံစမ်းရေးအရာရှိနှင့် လေကြောင်းသုံးသပ်သူ မေရီရှိအာဗိုကရှင်းပြခဲ့ပါတယ် ။
ဒါပေမယ်. အချို့လေ့လာသူများက နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအပေါ် ယုံကြည့်စိတ်ချနိုင်မှုရှိ၊ မရှိနှင့် ယင်းတို့၏ မှန်ကန်မှုအပေါ် သံသယရှိနေဆဲဖြစ်ပြီး ကောက်ချက်ဆွဲရန် မသင့်သေးလို.ဆိုကြပြန်ပါတယ် ။‘‘လေယာဉ်အပျက်အစီး တွေ့တယ်လို့ အတည်ပြုတာမရှိဘူးဆိုတော့ ဒီကိစ္စ အမှန်တကယ်မပြီးသေးဘူး’’ လို. လေယာဉ်ခရီးသည် ဖိလစ်ဝုဒ်ရဲ.လက်တွဲဖော်  မစ္စစ်ဘက်ခ်ျကဆိုပါတယ် ။လက်ရှိ ဒိထုတ်ပြန်ချက်ကို လေယာဉ်ခ၇ီးသည်ရဲ. ၃ ပုံ ၂ ပုံ လိုက်ပါသွားခဲ့ကြတဲ့ တရုတ်လူမျိုးတွေရဲ. မိသားစု အများကတော. လက်မခံနိုင်ကြသေးပါဘူး ။
လေယာဉ် အပျက်အစီးအပိုင်းအစများတွေကိုအိန္ဒိယသမုဒ္ဒရာအထိ ဖြန့်ကျက်ပြီး နိုင်ငံစုံမှ ပူးပေါင်းရှာဖွေမှု ဆက်လက်ပြုလုပ်မှာဖြစ်ပြီး  ကျန်ရှိနေသေးသော မေးခွန်းများကို အဖြေရှာနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မလေးရှားလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ် ။ လေယာဉ်ပေါ်ရှိ တစ်စုံတစ်ဦးက လေယာဉ်ကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းခဲ့သည်ဟု မလေးရှားက ယုံကြည်ခဲ့သော်လည်း ခိုင်လုံသော အထောက်အထားများ မပြသနိုင်ခဲ့ပါဘူး ။
အဖြူရောင် အစအနများနှင့်အတူ မျောပါနေသော ကြီးမားသည့်အရာဝတ္ထုကြီးနှစ်ခုကို တရုတ်လေယာဉ် အမှုထမ်းတစ်ဦးက မတ် ၂၄ ရက်အစောပိုင်းတွင် ရှာတွေ့ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ် ။ သံသယဖြစ်ဖွယ် အရာဝတ္ထုများကို အမေရိကန် ရှာဖွေရေးလေယာဉ်တစ်စင်းက ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ဘူးလို.ု သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (AMSA) က မတ် ၂၄ ရက်တမှာ ထုတ်ပြန်ခဲ့ပါတယ် ။
မရှေးမနှောင်းပင် သြစတြေးလျက အရာဝတ္ထုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ဆေးရန် သင်္ဘောတစ်စင်း စေလွှတ်ခဲ့ကာ နာရီပိုင်းအတွင်း
ရောက်ရှိမည်ဖြစ်ကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီး ဟီရှင်မူဟင်ဟူစိန်က ပြောကြားခဲ့ပါတယ် ။
လေယာဉ်ကုန်တင်ခန်း၌သုံးသည့် ပျဉ်ပြားတစ်ပြား၊ သိုင်းကြိုးများနှင့် အခြားအပျက်အစီးအစအနများကို သြစတြေးလျ လေယာဉ်တစ်စင်းက မတ် ၂၂ ရက်တွင် တွေ့ရှိခဲ့ပြီးနောက် ပြင်သစ်နှင့် တရုတ်ဂြိုဟ်တု အချက်အလက်များကလည်း သြစတြေးလျ အနောက်ဘက်ကမ်းလွန်တွင် မျောနေသော အရာဝတ္ထုများကို မရှေးမနှောင်းပင် တွေ့ရှိခတယ်လို.လည်း ဆင်ဟွာက ဖော်ပြခဲ့ပါတယ် ။ 
ပါ့သ်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ (၁၅၆၂ မိုင်) အကွာရှိ ရေပြင်မှ အရာဝတ္ထုများကို ကရိန်းတပ်ထားသော သြစတြေးလျရေတပ်သင်္ဘော HMAS Success က ဆယ်ယူမှာဖြစ်ပါတယ် ။
 အမေရိကန် အမှတ် (၇) ရေတပ်မတော်က မလေးရှား လေယာဉ်ပျက်
ကျတဲ့နေရာမှာ Black Box ကို ရှာဖွေဖို့ ကရိယာတပ်ဆင်ထားတဲ့ စစ်သင်္ဘောကို စေလွှတ်လိုက်ပြီလို.လည်း သိရပါတယ် ။  ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Modelဖြစ်တဲ့ အဲ့ဒီ Boeing 777-200 ဟာသမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်ပါတယ်…  အင်ဂျင် ၁ လုံးပျက်စီးခဲ့ရင်တောင် ကျန် အင်ဂျင် ၁လုံးနဲ. လေပေါ်မှာ၃ နာရီနေနိုင်တဲ့ာ ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ပါတယ် 
လတ်တလော အနေနဲ.ကတော. ရိုက်တာ သတင်းအရ တရုတ်နိုင်ငံ ဘေဂျင်းမြို့က မလေးရှား သံရုံးရှေ့မှာ ပျောက်ဆုံးလေယာဉ် MH370 ကြောင့် သေဆုံးသွားခဲ့ပြီလို့ ကြေငြာခံရတဲ့ ခရီးသွားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်
လူရာနဲ့ချီပြီး ဆန္ဒပြနေကြောင်းနဲ့ မလေးရှား သံရုံးကို ရဲတပ်ဖွဲ့ဝင်တွေက တန်းစီရပ်တန့်ပြီး ကာကွယ်ပေးနေရတယ်လို့ သိရပါတယ်။
သူတို့ အဓိက ပြောကြားခဲ့တာက “မလေးရှား အစိုးရ နဲ့ လေကြောင်းလိုင်းတို့က လိမ်လည် ခဲ့တယ် “ ဆိုတာပါပဲ… "Malaysian government has cheated us" ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆန္ဒပြသူတွေကို သံရုံး အဆောက်အဦးနား မကပ်အောင် ထိန်းထားခဲ့ပါတယ်။
“ကျွန်တော်တို့ ၁၈ ရက်ကြာအောင် သီးခံစောင့်ဆိုင်းခဲ့တယ်။ ဒီနေ့အထိလည်း စောင့်တုန်းပဲ၊ ကျွန်တော်တို့ ဘယ်လောက်အထိ ဆက်စောင့်ရအုံးမှာလည်း” ဆိုပြီး Zhang ဆိုတဲ့ အမျိုးသမီးကြီးက ရိုက်တာ သတင်းဌါနကို ပြောပါတယ်။
အခြား သတင်းတစ်ရပ်မှာတော့ မလေးရှား လေကြောင်းလိုင်း စီအီးအိုက ဒီလို ကျန်ရစ်သူတွေရဲ့ မိသားစုဝင်တွေ ခံစားနေရတာမြင်ရတာဟာ သူ့အတွက် ရင်နာမဆုံးဖြစ်၇ကြောင်း ဒီလေယာဉ် MH370 နဲ့ ပါတ်သက်ပြီး သူ့မှာ တာဝန်အရှိဆုံးလို့ ယူဆတဲ့ အတွက် တာဝန်ကနေ မိမိဆန္ဒအလျောက် နုတ်ထွက်တော့မယ်လို့ သတင်းစာ ဆရာတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။…
ခုထွက်လာတဲ့ အဖြေကတော. အားလုံးတကယ်အဆုံးသတ်သွားမယ်. အဖြေ တစ်ခု ဟုတ် / မဟုတ် ကတော. 
Ref ; Irrawaddy , Eleven Media Group , 7 Day News , Zaw Lwin Win
ဆက်စပ်ဖတ်ရှုရန်များ .... 
Tuesday, March 18, 2014
ပျောက်ဆုံး မလေးလေယာဉ် .. မြန်မာပြည် က အသံ နှင်. ပူးပေါင်းဆောင်ရွက်မှုများ
ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှုအချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့  မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ် ။
ဂြိုဟ်တု ဆက်သွယ်ရေး အချက်ပေးမှုတွေအရ မလေးရှားနဲ့ ဗီယက်နမ် လေကြောင်းထိန်းချုပ်ရေး နယ်နိမိတ်နားမှာလေယာဉ်ပျံသန်းမှုအချက်ပေးစက်ကို
ပိတ်လိုက်တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Najib Razak က  သတင်းစာရှင်းပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပြီး ဒါဟာ အခြားသူတွေရဲ. ယူဆချက် မှန်သမျှ ပယ်ချနေတဲ့ မလေးရဲ. ပထမဆုံး နီးစပ်တဲ့ အဖြေ ဖြစ်ပါတယ် ။
မလေးရှားတော်ဝင်လေတပ်ကရရှိတဲ့
ရေဒါ အချက်ပေးမှုအရ မလေးရှားလေကြောင်း အမှတ်စဉ် MH370 လေယာဉ်ဟာ မလေးရှားကျွန်းဆွယ် အနောက်ဘက်ကိုပြန်လှည့်သွားခဲ့ပြီး
အနောက်မြောက်ဘက်ကို ကွေ့သွားတယ်လို့ ယုံကြည်ရတဲ့အကြောင်း ဝန်ကြီးချုပ်က ရှင်းပြခဲ့ပါတယ်။( ဒါနဲ.ပတ်သက်လို.
မတ် ၁၂ ရက်န့မှာ မလေရှားလေတပ် အကြီးအကဲက စပြောခဲ့တာပါ )
တောင်တရုတ်ပင်လယ်ဘက်မှာ ရှာဖွေရေးလုပ်နေတာတွေကို ရပ်လိုက်ပြီလို့လည်း ပြောကြားခဲ့ပါတယ်။
လေယာဉ်နဲ့အဆက်အသွယ်ပြတ်သွားပြီး ၆ နာရီခွဲကျော် ကြာတဲ့အထိ လေယာဉ်နဲ့ဂြိုဟ်တုကြား အဆက်အသွယ်တွေ ရှိနေခဲ့တာကိုလည်း မလေးရှားလေကြောင်းလိုင်း အာဏာပိုင်တွေ၊ နိုင်ငံတကာ အာဏာပိုင်တွေက သုံးသပ်တာကိုလည်း ရှင်းပြပါတယ်။
မလေးရှားပို.ဆောင်ရေး ၀န်ကြီးကတော. လက်ရှိလုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ. ပတ်သက်ပြီး  သတင်းအချက်အလက်တွေကို ဘက်ပေါင်းစုံမှရယူထားကြောင်း ၊ အခြားနိုင်ငံများနဲ. ညှိုနှိုင်း ဆောင်ရွက်ရတာကြောင်. အချို.နိုင်ငံတွေက ၇တဲ့ သတင်းတွေကို စိတ်တိုင်းကျ ထုတ်လွှင်.ခွင်.မရကြောင်း  မနေ.ကပြောကြားခဲ့ပြီး ဒါဟာ သူတို.ရဲ. လုပ်ဆောင်မှု ထုတ်ပြန်ချက်တွေ အပေါ် အားမလို အားမရ မှုတွေနဲ. ပတ်သက်လို. တုန်.ပြန်လာမှု တစ်ခုပါပဲ ။
Kazakhstan နယ်စပ်ကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ မြောက်ဘက် လမ်းကြောင်း၊ ဒါမှ မဟုတ် အင်ဒိုနီးရှားတောင်ပိုင်းကနေ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းအထိ တောင်ဘက်လမ်းကြောင်း တခုခုကနေ လေယာဉ်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကြား နောက်ဆုံး အဆက်အသွယ် ရှိခဲ့တယ်ဆိုတာကိုလည်း ပြောပြပါတယ်။ဒါပေမယ်.လည်း သူတို.ရဲ. ထုံးစံအတိုင်း တချို့ သတင်းတွေထဲမှာရေးနေသလို လေယာဉ် ပြန်ပေးဆွဲခံသွားရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ မလေးရှား ဝန်ကြီးချုပ်က တိတိကျကျ မဖြေခဲ့ဘဲ ဖြစ်နိုင်ခြေရှိတာတွေ အားလုံးကို စုံစမ်းနေတယ်လို့ ပြောကြားသွားပါတယ်။
 အခုလေယာဉ် ပျောက်သွားတဲ့ပုံစံဟာ တမင်သက်သက်လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး လေယာဉ်ပေါ်ပါသွားသူတွေနဲ့ ခရီးသည်တွေအပေါ် စုံစမ်းမှုကို အာရုံစိုက်နေတယ်လို့လည်း သတင်းစာရှင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် Najib Razak က ပြောသွားခဲ့ပါတယ်။ နားမလည်တာ ဒါပါပဲ ။ တကယ်လို.ပြန်ံပေးဆွဲသွားတာ ဆိုရင်လည်း ဒါဟာသူတို.အစိုးရရဲ. ဂုဏ်သိက္ခာပိုင်း ကြီးကြီးမားမား ထိခိုက်စရာ မရှိသလို ပျက်ကျခဲ့ရင်တောင် သူတို.အပေါ် ၁၀၀ % အပြစ်ပုံချလို. မရတဲ့ကိစ္စကို ဘာကြောင်. ကန်နေရတာလဲဆိုတာ စဉ်းစားစရာပါ ။ဒီရက်ပိုင်း သူတို. နိုင်ငံရေးအရ ဒီဖြစ်စဉ်မတိုင်ခင်လေးမှာပဲ မလေး အတိုက်အခံခေါင်းဆောင်ဟာ လိင်တူဆက်ဆံမှု နဲ. ထောင်ဒါဏ် ကျခံလိုက်ရတာ တစ်ခုတော.ရှိပါတယ် ။
 ဒါနဲ.ဆက်စပ်တဲ့သတင်းတစ်ရပ်ကတော. အဲ့ဒီလေယာဉ်မှုးကြီးဟာ မလေးရှား အတိုက်အခံ အန်ဝါအီဗရာဟင်ကို ထောက်ခံသူ ဖြစ်တယ်လို.  ဒေသသတင်းစာတွေက ရေးပြီး
ဟိုရက်ပိုင်းကပဲ အန်ဝါအီဗရာဟင်ကို ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တဲ့အပေါ် လေယာဉ်မှူးကြီးက အတော်ပဲ စိတ်ပျက်ခဲ့ တယ်ဆိုတာကို သူ့လုပ်ဖော်ကိုင်ဖက်တဦးကို ကိုးကားပြီး ရာဟူးသတင်းမှာ ဖော်ပြ ထား ခဲ့ပြန် ပါတယ်။ အဲ့ဒီလေယာဉ်မှုးရဲ. နေအိမ်ကို  ရဲတွေက မနေ့က သွားရောက်ခဲ့ပြီး စုံစမ်းမှုတွေ လုပ်ခဲ့ကာ ကွန်ပျူတာ ၂ လုံးကိုလည်း သိမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ ဥပဒေမဲ့ တခုမှ လုပ်နေတာမဟုတ်ဘူးလို့ပဲ ရဲအရာရှိတဦးက အဲဒီလေယာဉ်မှူးအိမ်ကို ရှာဖွေမှုနဲ့ပတ်သက်ပြီး ပြောသွားတာကို ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 
အိမ်ကိုသွားရောက်ရှာဖွေသော စုံစမ်းရေး အဖွဲ.
 လေယာဉ်မှူးရဲ့ အိမ်ကို ရဲတွေ သွားတဲ့ကိစ္စဟာ MH 370 လေယာဉ်ဟာ ကာလာလမ်ပူကနေ ပီကင်းကို သွားတဲ့ လမ်း ကြောင်းကနေ စနစ်တကျ ရည်ရွယ်ချက် ရှိရှိ ဆက်သွယ်ရေး ခလုပ်တွေကို ပိတ်ပြီး လမ်းကြောင်းပြောင်းကာ အဆက်အသွယ် ပြတ်ပြီးသွားချိန်က စပြီး ဘယ်ကိုမှန်းမသိရတဲ့ နေရာတခုဆီ အနည်းဆုံး ၇ နာရီ ကြာ ဆက်လက် ပျံသန်းသွားခဲ့ တယ်လို့ မလေးရှား ဝန်ကြီးချုပ်က စနေနေ့ နေ့လယ် ပိုင်း က သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ 
လေကြောင်းလုံခြုံရေးကိုလေ့လာနေတဲ့ တရုတ်ပညာရှင်တဦးကတော့ လေယာဉ်ကို စနစ်တကျ ထိန်းချုပ် ပျံသန်းသွား တာ ကို ထောက်ရှုပြီး လေယာဉ်မှူးတဦးဦးက ပါဝင်ပတ်သက်မှုအများဆုံးဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပြီး လေယာဉ် အမှု ထမ်း တဦးဦးလည်း ပါဝင်နိုင်တယ်လို့ နယူးယောက်တိုင်းမ် သတင်းတပုဒ် မှာ ပြောထားခဲ့ပါတယ်။ 
လေယာဉ်ပျောက်ကို ရှာနေဆဲမှာ အခုဆိုရင် အမေရိကန်က FBI ၊ CIA ၊ အင်တာပိုလ် အစရှိတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေ ပါသလို နာဆာလိုအဖွဲ့ကြီးတွေလည်း ပါဝင်လာတာမို့ လေယာဉ် ဘယ်နေရာ မှာ ရောက်နေတယ်ဆိုတာ ခြေရာခံနိုင် နေလောက် ပြီဖြစ်ပြီး လေယာဉ်ပေါ်က ခရီးသည်တွေ ကယ်ဆယ်
ရေး အတွက် ပြင်ဆင်မှု တခုခု လုပ်နေပုံလည်း ရပါတယ်။ 
အမေရိကန် စုံစမ်းရေးသမားတွေကတော့ အိန္ဒိယသမုဒ္ဒရာထဲက တနေရာရာမှာ ရှိနေမယ်လို့ ယုံကြည်ထားပုံရတယ်။ ဒါကို MH370 ရဲ့ ရေဒါလှိုင်းဟာ ကပ္ပလီပင်လယ်ထဲက Andaman Islands (အက်ဒမန်ကျွန်း) ကနေ ထွက်ပေါ်နေတယ်လို့ ၇ိုက်တာ သတင်းအရ သိရကြောင်း SkyNews 
မှာလည်း  Live ထုတ်လွှင့် ပြသခဲ့ပါတယ် ။
ရာဟူးသတင်းတပုဒ်မှာတော့ သီရိလင်္ကာနားက အမည်မသိကျွန်းတကျွန်းမှာ လေယာဉ်ဟာ ဆင်းသက်ခဲ့ပြီး ခရီးသည် အားလုံးဟာ ဘေးကင်းတဲ့အကြောင်း၊ သူတို့တွေ အတွက် လေယာဉ်အပိုင်စီးသူတွေက စားသောက် စရာတွေကို စီစဉ်ပေးနေတယ် ဆိုတဲ့ ယူဆချက် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ်.လည်း ဘာအတည်ပြုချက်မှမရှိခဲ့ပါဘူး။
အဲ့ဒီလိုပဲ ဘယ်ရင်းမြစ်က လာမှန်းမသိတဲ့ သတင်းတစ်ချို.ကတော. အဲ့ဒီလေယာဉ် ဟာ မလေးလေပိုင်နက်အတွင်း ပင်လယ်ပြင်တစ်နေရာမှာ ဆက်သွယ်မေးမြန်းခြင်းကို တုန်.ပြန်မှု မပြု ခဲ့တာကြောင်. ပစ်ချခဲ့ပြီး နောက်မှသိရတာကြောင်. အဲ့ဒီအပျက်အစီးတွေကို ၅ နာရီကြာ ရှင်းလင်းခဲ့ရတယ်ဆိုတဲ့ ဖြစ်နိုင်ချေ လုံးဝမရှိသော သတင်းတစ်ပုဒ်လည်း ထွက်လာခဲ့ပါတယ် ။
အဲ့ဒီလေယာဉ်ဟာ နောက်ဆုံးအဆက်အသွယ်ရတဲ့နေရာကနေ မိုင်ရာပေါင်းများစွာ ဝေးတဲ့ဒေသဆီ လမ်းပြောင်းပျံသန်းခဲ့ဖွယ်ရှိပြီး လေယာဉ်မှုး တစ်ဦးဦး (သို.) ပျံသန်းရေး အတွေ.အကြုံ ရှိသူ တစ်ဦးဦး  က ရည်ရွယ်ချက် တစ်ခုဖြင်. လေယာဉ် ပျံပေးဆွဲ၇န် (သို.) လေယာဉ်ကို ပင်လယ်အတွင်း အသေခံထိုးဆင်းရန် ကြိုးပမ်းနိုင်တယ်ဆိုတဲ့အချက်ကို ထည်.စဉ်းစား၇ဖွယ်ရှိလာတယ်လို. ဆိုလာပါတယ် ။ စစ်ဘက်ရေဒါ ထောက်လှမ်းမှုများအရ  အက်ဒမန်ပင်လယ်စုဒေသကို ရည်ရွယ်ချက် ရှိရှိ ပျံသန်းသွားခြင်းဖြစ်တယ်လို. သတင်းအရင်းအမြစ်များက ရိုက်တာကိုပြောတယ်လို. သိရပါတယ် ။
မြန်မာနိုင်ငံ နက္ခသိပံသင်တန်းကျောင်းအမှုဆောင် အရာရှိချုပ် ဦးဇေယျာကို က မတ်လ ၁၄ ရက်နေ.က စံတော်ချိန် ကို ဒီလေယာဉ်Black Hole ထဲရောက်သွားကြောင်း မိမိဟောပြောတယ်ဆိုတာ မဟုတ်မှန်ကြောင်း ၊ ဒီတွက်ချက်မှုကို အဖွဲ.အနေနဲ. ၁၃ ရက်နေ.ကမှ တွက်ချက်တာဖြစ်ကြောင်း ၊ အဲ့ဒီတွက်ချက်မှုအရ လေထဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပြီး ပျောက်ဆုံးတာလို.တွေ.ရကြောင်း ၊ ရေထဲမှာ လိုက်ရှာနေလို. မတွေ.တာဖြစ်ပြီး တောတောင်ထူထပ်တဲ့ နေရာတစ်ခုမှာ ပေါက်ကွဲပျက်စီးသွားတာလို.ပြောလို.ရကြောင်း ၊ ပျောက်ဆုံးပြီး တစ်ပတ်ကြာတဲ့ မတ်လ ၁၅ ရက်မှာ သဲလွန်စ ရရင်ရ  မရ.ရင် ၁၀ရက်မြောက်တဲ့နေ.မှာ သဲလွန်စ ရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ။ တွက်ချက်မှုတွေအရ လေယာဉ်ပေါ်ပါ လူတွေဆိုးကျိုးတွေ.နိုင်တာ ၇၅% ရှိပါတယ် ။
ဒါနဲ.ပတ်သက်တဲ့ မြန်မာပြည်တွင်းစိတ်ဝင်စားစရာ တစ်ခုထပ်ပေါ်လာခဲ့ပြန်ပါတယ် ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ရုံးက ရုံးအဖွဲ့မှူး ကိုဇော်မင်းဆီကို တယ်လီဖုန်း သတင်းတခု ထူးထူးဆန်းဆန်း ဝင်လာတယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားခဲ့ခြင်း ပါပဲ ။ သူရေးထားတာကတော.  “ သတင်းဝင်လာတာတော့နည်းနည်းဆန်းတယ်
အခုတစ်ကမ္ဘာလုံးကအသည်းအသန်ရှာနေတဲ့မလေးရှားလေယာဉ် ပင်လယ်ထဲထိုးကျသွားသည်ကို
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန်တလီမြို့နယ်ခွဲ ထဲကနံ့သာကျွန်း (ကျွန်းနံ့သာ)မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တစ်ချို့က
အဲ့ဒီနေ့တုန်းက လေယာဉ်တစ်စီးပင်လယ်ထဲထိုးကျသွားတာမြင်လိုက်ရကြောင်း ကျွန်နော့်ဆီကို ဖုန်းဝင်လာတယ်..Confirm ဖြစ်မဖြစ် ဟုတ်မဟုတ်ဆိုတာထက် အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုဖြစ်လို့ ရှာနေသူတွေအတွက် အသုံးဝင်လိုဝင်ငြားသတင်းတစ်ခုအဖြစ် တင်ပြလိုက်ပါတယ်....ခက်တာက တစ်ဆင့်ဖုန်းဖြစ်နေတော့တိုက်ရိုက် Contact ရဖို့ ကျနော်ကြိုးစားကြည့်တာ မရဘူးဖြစ်နေတယ် “  ….. လို. ရေးထားတာပါ ။
  ရထားတဲ့ သတင်းအချက်အလက်တွေဟာ နောက်ဆုံး ကောက်ချက်ချနိုင်တဲ့ အချက်အလက်တွေ မဟုတ်သေးပေမယ့် လေယာဉ်ရှာဖွေနေတဲ့ နယ်ပယ်ကို အိန္ဒိယသမုဒ္ဒရာ ဘက်အထိ ချဲ့ထွင်နိုင်စရာ ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျေကာနေးက မတ်လ ၁၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။
မလေးရှား လေကြောင်းလိုင်း မှ ယခု ထိ ပျောက်ဆုံး နေဆဲ MH370 ခရီးသည် တင် လေယာဉ်ပေါ် လိုက်ပါ သွားသော တရုတ် ခရီးသည် များ၏ မိသားစု များအတွက် လတ်တလော စားဝတ် နေရေး အထောက် အကူရစေရန် အတွက် လေကြောင်းလိုင်းက ခရီးသည်တစ် ဦးလျှင် ၎င်းတို့၏ မိသားစုကို ဒေါ်လာ ငါး ထောင် စီ ထောက်ပံ့ရန် စီစဉ် ခဲ့ရာ မိသားစုဝင် များက လက်မခံ ဘဲ ပယ်ချ ခဲ့ကြကြောင်း သိ ရပါတယ် ။
လျော်ကြေးသဘောပေးခြင်းမဟုတ်၊ လက်တလော လေယာဉ် နှင့် အတူ ပျောက် ဆုံးနေသော မိသားစု ၀င် အတွက် ပူပင်သောက ရောက်ရမှုကြောင့် အလုပ်အကိုင်ပျက်ကြရ သဖြင့် စားဝတ် နေရေး ချောင်လည် စေ ရန် ရည်ရွယ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောခဲ့ပေမယ်. လေယာဉ်ပေါ် ပါသွား တဲ့ တရုတ် နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်တွင် နေ ထိုင်သူတစ်ဦး၏ ဆွေမျိုးတစ်ဦးက ကျွန်မ တို့ ပိုက်ဆံကို စိတ်မ၀င်စားပါဘူး။ လေယာဉ် ပေါ် ပါသွားသူတွေသတင်းကိုသာ ကြားချင် ပါတယ်။ အားလုံး ပြန်ရောက် လာ တာ ကိုပဲ လိုလား ပါတယ်”” လို. ပေကျင်း ဟိုတယ် မှ ပြောကြား ခဲ့ပါတယ်။ လေယာဉ်ပေါ် ပါ သွားသော တရုတ်ခရီးသည် ၁၅၃ ဦး၏ မိသားစုဝင်များ ပေကျင်းသို့ စုဝေးရောက်ရှိနေ ပြီး လေယာဉ်သတင်းကို စောင့်စားလျက်ရှိနေပါတယ် ။
အခုဆိုရင် ရှာဖွေမှု မှာ နိုင်ငံပေါင်း ၂၆ နိုင်ငံက အဆင်.မြင်.ဂြိုဟ်တုတွေ ၊ စစ်ဘက် အရပ်ဘက်ဆိုင်ရာ လေယာဉ် ၊ ရဟတ်ယာဉ် နဲ.သင်္ဘောတွေ ၊ အဆင်.မြင်.နည်းပညာတွေ ပူးပေါင်းလုပ်ကိုင်ရှာဖွေနေပေမယ်.လို. မထူးခြားသေးပါဘူး ။နိုင်ငံပိုင်နက်အတွင်းတွေ မှာ ပူးပေါင်းရှာဖွေဖို.အပါအ၀င်  ကာဇက်စတန် ၊ ဥဇဘက်ကစ္စတန် ၊ ကာဂျစ်စတန် ၊ တာခ်မင်နစ္စတန် ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ.ရှ် ၊ အိန္ဒိယ ၊ တရုတ် ၊ မြန်မာ ၊ စင်္ကာပူ ၊ လာအို ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ဘရူနိုင်း ၊ဂျပန် ၊တောင်ကိုရီးယား ၊ ယူအေအီး ၊ နယူးဇီလန် ၊ရုရှား ၊ ပါကစ္စတန် ၊ သြစတေးလျ ၊ ပြင်သစ် ၊ ဗြိတိန် ၊ အမေရိကန် စတဲ့နိုင်ငံတွေ ရဲ. တရားဝင်အကူအညီကို ရယူရှာဖွေနေခဲ့တာပါ ။ အဲ့ဒီ ၂၆ နိုင်ငံကို ၂စုခွဲပြီး ပထမ အုပ်စုက ရှာဖွေရေးကော်ရစ်ဒါ မှာ ပါတဲ့နိုင်ငံတွေ ဖြစ်ပြီး ဒုတိယ အုပ်စုကတော. နည်းပညာထောက်ပံ.ရေး နိုင်ငံတွေဖြစ်ပါတယ် ။ပထမ အုပ်စုနိုင်ငံတွေ ရဲ.ပိုင်နက် နယ်မြေတွေမှာ ၀င်ရောက်ပူးပေါင်းရှာဖွေခွင်. ကိုတောင်းခံထားတာပါ ။
ရှာဖွေရာမှာဖြစ်နိုင်ခြေ ကော်ရစ်ဒါ ၂ခုရှိပြီး မြောက်ပိုင်း ကော်ရစ်ဒါက ကာဇက်စတန် နှင်. တာခ်မင်နစ္စတန် နယ်စပ် မှထိုင်းမြောက်ပိုင်းထိ ၊ တောင်ပိုင်းကော်ရစ်ဒါ  မှာ အင်ဒိုမှ တောင်ပိုင်းအိန္ဒိယ သမုဒ္ဒရာ အထိ လို.သိရပါတယ် ။ ခု ရှာဖွေမှုမှာ ကမ္ဘာ.ခောတ်အမှီဆုံးထောက်လှမ်းရေးလေယာဉ်ဖြစ်တဲ့ P8 A Poseidon အပြင် အခု သြစတေးလျ ရဲ. P3c Orion ထောက်လှမ်းရေး လေယာဉ်လည်း ပါဝင်လာပြီဖြစ်ပါတယ် ။
ပူးပေါင်းကူညီပေးနေသော ရေတပ်သင်္ဘော တစ်စင်း
အဲ့ဒီ ခရီးသည်တင် လေယာဉ်ကို မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် (၃)စီးဖြင့် ကပ္ပလီပင်လယ်ပြင် မြန်မာ့သီးသန့် စီးပွားရေးဇုန်အတွင်း ဧရိယာ A နှင့် B များတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မတ်လ (၁၅)ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိနေပါတယ် ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံ၏ လေယာဉ်ပျောက်ဆုံး မှုမှာ လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး (Humanitarian Assistance )အတွက် မြန်မာ့တပ်မတော်(ရေ) အနေနဲ.တတ်နိုင်တဲ့ဘကကနေအခုလို့ မလေးရှားနိုင်ငံရေတပ်၊ အိန္ဒိယနိုင်ငံရေတပ်တို့နှင့် ဆက်သွယ်ညှိနှိုင်းကာ အစွမ်းကုန်ကြိုးစား၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိနေခြင်းဖြစ်ပါတယ် ။
လူထုတွေကို စုံစမ်းမှုတွေထက် ကျော်လွန်တဲ့ ထင်မြင်ယူဆမှုတွေ မထုတ်ဖော်ဖို. အာဏာပိုင်တွေက မေတ္တာရပ်ခံ ထားသလို စုံစမ်းရှာဖွေနေဆဲ ကာလမှာ အဆုံးစွန် အထိ မတွက်ဆကြဖို. လူမှုကွန်ယက် စာမျက်နှာမှာရေးထားတဲ့ မလေးဝန်ကြီးချုပ်ရဲ. ရေးသားမှုဟာ ဘာကို ရည်ရွယ်တယ်ဆိုတာကတော…..
 Ref ; VOA , DVB , AFP ,Kyaw Swar Myint , Messenger News Journal , Myanmar Alin , MOI Webportal Myanmar & Mh370 Updates - Live from KLIA
ဆက်စပ်ဖတ်ရှုရန်များ ...