Showing posts with label Facebook အကြောင်း သိကောင်းစရာများ. Show all posts
Showing posts with label Facebook အကြောင်း သိကောင်းစရာများ. Show all posts

Friday, September 8, 2017

Facebook နဲ. Twitter ချိတ်ဆက်အသုံးပြုနည်း

Facebook ကနေ Twitter ကို အော်တိုပို့စ်တင်မယ်..


 
ဆိုတော့ ဒီမှာက Facebook ပဲ သုံးကြတာ.. ခုတော့ အခြေအနေတွေက Twitter လိုလာပြီဆိုတော့ ဟိုခုန်ဒီခုန်နဲ့ မကူးရအောင် Facebook မှာ တစ်ခုတင်လိုက်တာနဲ့ Twitter ကို တစ်ခါတည်း လှမ်းတင်လို့ ရမယ့်နည်း မရှိဘူးလား..


ရှိပါတယ်.. နည်းတွေအများကြီးရှိတယ်.. အဲဒီထဲက အဆင်ပြေဆုံးဖြစ်မယ့် နည်းကတော့ IFTTT ဆိုတဲ့ Service ကို သုံးတဲ့နည်းပါ။ ဘာလို့ဆို ကိုယ်ဘာတင်ချင်သလဲဆိုတာကို ထိန်းချုပ်လို့ရလို့ပါ။

ကဲ.. စရအောင်..

လိုအပ်ချက်တွေက
(၁) Facebook Account တစ်ခု
(၂) Twitter Account တစ်ခု
(၃) IFTTT Account တစ်ခု

အရင်ဆုံး IFTTT.com ကို သွားလိုက်ပါ။ (IFTTT ဆိုတဲ့နာမည်ရဲ့ အရှည်ကောက်က IF This Then That ဖြစ်ပါတယ် - ဤကားစကားချပ်)

Login with Facebook နဲ့ ဝင်လို့ရပါတယ်။ ဝင်လိုက်ပါ။

ညာဘက်ဒေါင့်နားမှာရှိတဲ့ Proifle ဘေးက အောက်မြှားလေးကိုနှိပ်ပြီး New Applet ကို ရွေးပါ။

if this then that ဆိုတဲ့ စာကြီး ပေါ်လာရင် အပြာရောင်လေးဖြစ်နေတဲ့ +this ဆိုတာကိုနှိပ်ပါ။

Search Box ပေါ်လာရင် Facebook ကို ရှာလိုက်ပါ။ (၂) ခု ပေါ်လာလိမ့်မယ် Facebook ရယ် Facebook Pages ရယ်ပါ။ Facebook ကို ရွေးလိုက်ပါ။

Trigger ရွေးရပါမယ်။ အဲဒီနေရာက အနှစ်ပါပဲ။ ရွေးစရာ Trigger တွေ အများကြီးရှိပါတယ်။ Facebook မှာ ကိုယ်တင်သမျှ အကုန် Twitter ကို ပြန်တင်ချင်တယ်ဆိုရင် New Status Message by You တို့ New link post by You တို့ New photo post by You တို့ကို ရွေးရမှာပါ။ ကျွန်တော်ကတော့ အားလုံးမတင်ချင်တဲ့အတွက် New Link Post By You with Hashtag (or) New Photo Post by You with Hashtag ကို ရွေးပါတယ်။

သဘောကတော့ ကျနော် link တွေ ဒီတိုင်းရှယ်၊ ပုံတွေဒီတိုင်း တင်ရင် ဘာမှမဖြစ်ဘဲ ကျွန်တော် ကြိုရွေးပေးထားတဲ့ #hashtag သုံးပြီး တင်မှ Twitter ကို သွားရှဲမယ့် သဘောပါ။

နောက်တစ်ဆင့်မှာ #Hashtag ထည့်ရပါမယ်။ ကိုယ်သုံးမယ့် Hash တစ်ခုခုထည့်လိုက်ပါ။ ကျွန်တော်က #SaveRakhine လို့ ထည့်လိုက်ပါတယ်။

ဒီအဆင့်ပြီးရင်တော့ If this ပြီးသွားပါပြီ။ Then That ကျန်ပါသေးတယ်။

စောစောကအတိုင်းပဲ +that ကို နှိပ်လိုက်ပါမယ်။

ဒီတစ်ခါတော့ Twitter ကို ရွေးလိုက်ပါမယ်။ Connect မလုပ်ရသေးရင် Connect ကိုနှိပ်ပြီး Twitter ကို Authorize လုပ်ပေးလိုက်ပါ။

စောစောက Facebook မှာလိုပဲ ကိုယ်လုပ်ချင်တဲ့ Action ကို ရွေးရပါတယ်။ Post a tweet (or) Post a tweet with image ကို ရွေးပေးလိုက်ပါ။ ဒါက အရှေ့မှာရွေးခဲ့တာနဲ့ ဆိုင်ပါတယ်။ ရှေ့မှာတုန်းက Link Post ကို ရွေးခဲ့ရင် Post a tweet ပေါ့။ New Photo Post ကိုရွေးခဲ့ရင်တော့ Post a tweet with image ပေါ့။

နောက်တစ်ဆင့်ကိုတော့ ဒီတိုင်းထားလိုက်ရင် ရပါတယ်။

ပြီးရင်တော့ ကိုယ်လုပ်ထားခဲ့တဲ့ Applet ကို Confirm ပြန်လုပ်ပါလိမ့်မယ်။ ကြည့်ပြီးမှန်တယ်ဆိုရင်တော့ Finish ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အားလုံးပြီးပါပြီ။ Facebook ကနေ #SaveRakhine ဆိုတဲ့ Hashtag နဲ့ တင်လိုက်တာနဲ့ Twitter ကို အော်တို တင်သွားတာ တွေ့ရမှာဖြစ်ပါတယ်။

အကယ်၍ ကိုယ်က Link ကိုရော Photo ရော လုပ်ချင်တယ်ဆိုရင်တော့ အစအဆုံး ပြန်လုပ်ပြီး Facebook နဲ့ Twitter Action တွေမှာ ပြန်ရွေးပေးရင် ရပြီ။ Applet (2) ခုတော့ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ရပါတယ်။

ဖုန်းနဲ့လုပ်မယ်ဆိုလဲ ဒီအဆင့်အတိုင်းပဲ သွားရင် ရပါတယ်။ IFTTT App ကို ဒေါင်းလိုက်ရင်ရပါပြီ။


နောက်ထပ် နည်းတစ်ခု



 https://support.twitter.com/articles/31113

link ဝင်
  -  twitter sign in ဝင်ပေး
fb sign in ဝင်ပေး 

fb post >> tw ရွေး မရွေး 
tw > > fb ရွေးမရွေး 
save လိုက်တာနဲ့ပီးပီ

Zaw Moe Thein
Pyii Phyoe Mg 

ဆက်စပ်ဖတ်ရှုရန်
Twitter သုံးကြဖို.လိုပြီ - ဘယ်လိုစသုံးကြမလဲ

 

Monday, August 14, 2017

Facebook News feed ကို ဘယ်လိုကာကွယ်လဲ ၊ Tag ဘယ်လို ဟန်.တားမလဲ



မလိုလားပဲ ၀င်နှောင့်ယှက်လို.မရအောင်



Facebook မှာ တစ်စုံတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ပြီဆိုတဲ့အကြောင်းက သူများတွေရဲ့ News Feed မှာပါ ပေါ်တတ်ပါတယ်။ အဲ့ဒီအခါ သင့်ဘော်ဒါတွေများ ဖြစ်နေရင် Comment တွေဝင်ပေး Mentioned တွေခေါ် ဝင်နှောက်ယှက်ကြပြီပေါ့။
သင်ဘယ်သူနဲ့ သူငယ်ချင်းဖြစ်နေလဲဆိုတာ မသိစေချင်ရင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေစနောက်တာ မလိုလားလို့ပဲ ဖြစ်ဖြစ် Friendship မပေါ်အောင် လုပ်လို့ရနေပါပြီ။ လွယ်လွယ်လေးပါ။ လုပ်ကြည့်လိုက်ရအောင်။
Go to your Profile > Activity Log > Friends > Who can see your Friend List
ဒါလေးကတော့ အတိုဆုံးလေးပါ။ နည်းပညာပိုင်းနဲ့ မစိမ်းတဲ့သူတွေအတွက်က ဒီအတိုင်းဝင်သွားရင် ရပါပြီ။ ပိုပြီး သေချာသွားအောင် တစ်ပုံချင်း ကြည့်ကြည့်မယ်။
ပထမဆုံး သင့် Profile ကို အရင်ဆုံးသွားပါ။ အဲ့ဒီမှာ Activity Log ရှိပါမယ်။ အဲ့ဒါကို နှိပ်လိုက်ပါ။
အထဲမှာ Friends ဆိုတာရှိပါမယ်။ အဲ့ဒါကို နှိပ်လိုက်ပါ။



Who can see your friend List ဘေးက Button လေးကို နှိပ်လိုက်ပါ။ Friend Activity can show up in ဆိုတဲ့ Box လေးကျလာပါမယ်။



 Box ထဲမှာ Highlights and other Stories, Recent Activity, New Friends Report, Friend List ဆိုတဲ့ အကွက်လေးခု ရှိပါတယ်။ လေးခုလုံးကို Unmarked အမှန်ခြစ်လေးတွေ ဖြုတ်ပေးပါ။ ပြီးလျှင် Okay နှိပ်ပေးပါ။
ဒါတွေအကုန်လုပ်ပြီးသွားရင်တော့ သင်ဘယ်သူနဲ့ပဲ Friend ဖြစ်ဖြစ် ဘယ်သူမှမသိတော့ပါဘူး။

မလိုလားတာတွေ မTag ခံရအောင်



ကိုယ့် Facebook Timeline ပေါ်ကို ကိုယ်မကြိုက်တဲ့ ရှက်စရာကောင်းတဲ့ လိင်ဖျော်ဖြေရေး ဗီဒီယိုတွေ ဓာတ်ပုံတွေ Tag လုပ်ခံရတာများလာပါတယ်။
ကိုယ်ကလည်း Timeline ကို သေချာ ထိန်းချုပ်မထားဘူးဆိုရင် ကိုယ့် Timeline မှာ ဒီလို ရှက်စရာကောင်းတဲ့ ဓာတ်ပုံ၊ဗီဒီယိုတွေ ပေါ်လာပြီး ကိုယ့်သူငယ်ချင်းတွေကိုပါ စိတ်ဒုက္ခရောက်စေပါတယ်။
ကိုယ် အပြင်မှာ သူငယ်ချင်းတွေနဲ့ အရက်သောက်နေတဲ့ပုံကို ကိုယ့်သူငယ်ချင်းတွေက အလိုက်မသိဘဲ ကိုယ့်အကောင့်ကို tag လုပ်လိုက်ရင်တော့ ကိုယ့်အမျိုးအဆွေတွေက အိမ်ပြန်ပြောတာနဲ့ အိမ်မရောက်ခင် အထောင်းခံရမယ့် ကိန်းပါ။
ဒီလိုတွေ မဖြစ်စေဖို့ ကိုယ့် Timeline ပေါ်ကို ကိုယ့်ခွင့်ပြုချက်မပါဘဲ ဘယ် Post မှ တင်လို့မရတဲ့ နည်းလမ်းကို ပြောပြချင်ပါတယ်။
Facebook မှာ မျဉ်းကြောင်းလေး ၃ ကြောင်းထပ်ထားတဲ့ နေရာကို နှိပ်လိုက်ရင် ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့ Setting တွေကျလာပါလိမ့်မယ်။





 အဲ့ဒီအထဲကမှ “Account Setting” ကို သွားပါ။
“Timeline and Tagging” ဆိုတာကို နှိပ်ပါ။





“Review Posts Friends…….. on your timeline ?” (ကိုယ့် Facebook အကောင့်ကိုလာ Tag လုပ်တဲ့ Post တွေကို အရင်စစ်ဆေးမလား)
အဲ့ဒီ ခလုတ်ကိုနှိပ်လိုက်ပြီး Tap Review ဘေးနားက ခလုတ်လေးကို နှိပ်ပြီး “Enable” လုပ်လိုက်ပါ။
Timeline and Tagging စာမျက်နှာမှာဘဲ “Who can see posts you’ve been tagged in on your Timeline?” (ကိုယ့်ကို လာ Tagged ထားတဲ့ Posts တွေကို ဘယ်သူတွေဘဲ မြင်နိုင်သလဲ) ကိုနှိပ်ပြီး ၀င်ကား “Friends” အဖြစ်ပြောင်းပါ။
Timeline and Tagging စာမျက်နှာမှာဘဲ “Who can see what others post on your Timeline” (ကိုယ့် Timeline ပေါ်က Posts တွေကို ဘယ်သူမြင်နိုင်သလဲ) ကိုနှိပ်ပြီး ၀င်ကား “Friends” အဖြစ်ပြောင်းပါ။




ဒါတွေလုပ်ပြီးရင်တော့ ကိုယ့်ခွင့်ပြုချက်မရဘဲ ကိုယ့် Timeline မှာ ဘယ်သူမှ Posts လာတင်လို့မရပါဘူး။ ဒါ့အပြင် ကိုယ်တင်တဲ့ Posts တွေ ကိုယ့်ကိုလာ tag တဲ့ posts တွေကို ကိုယ့် သူငယ်ချင်းကလွဲပြီး ကြည့်လို့မရတာကြောင့် အွန်လိုင်းမှာ အန္တရာယ်ရှိနိုင်ချေလည်း နည်းသွားပါတယ်။




Pending Posts
ကိုယ့်ကို တစ်ယောက်ယောက်က လာ Tag ရင် Notification ပေါ်ပါတယ်။ အဲ့ဒီ Notification ပေါ်ကိုနှိပ်လိုက်ရင် Timeline Review ပေါ်လာပါလိမ့်မယ်။
“Add to Timeline (Timeline ထဲကို ထည့်မယ်) နဲ့ “Hide” (ဖွက်ထားမယ်၊ Timeline ထဲကို မထည့်ဘူး) ဆိုတဲ့ ခလုတ် ၂ခုထဲမှာ ကြိုက်နှစ်သက်ရာကို ရွေးချယ်လို့ရပါတယ်။

 Ref ; MyTech Myanmar

Tuesday, June 23, 2015

Gmail မလိုပဲ Telenor ဖြင်. Facebook Account ဖွင်.နည်း


ဒီနည်းလေးကတော. Gmail မလိုပဲ Telenor နဲ.ပဲ Facebook Account ဖွင်.တဲ့နည်းလေးမို. အားလုံးစိတ်ဝင်စားနိုင်တာကြောင်. ကူးယူဖော်ပြခြင်းဖြစ်ပါတယ် ။မူရင်း တင်ပြသူ  လင်းညီညာ အားလည်း ဖော်ပြ မှတ်တမ်းတင်အပ်ပါတယ် ။

ပထမဆုံးကတော. Application ရဲ. အောက်ဆုံးမှာ ဖော်ပြထားတဲ့ Sign Up for Facebook ကို နှိပ်ရမှာ ဖြစ်ပါတယ် ။






ပြီးတဲ့နောက်မှာတော. သူတို.ရဲ. စည်းမျဉ်းပိုင်း ဆိုင်ရာတွေကို သဘောတူကြောင်း Ok နှိပ်ပေးရမှာ ဖြစ်ပါတယ် ။





E Mail လိပ်စာတောင်းတဲ့အချိန်မှာတော. အဲ့ဒါကိုမဖြည်.ပဲ သူ.အောက်က use your mobile phone number ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ် ။





ပြီးရင်တော. Box ထဲမှာ ဖွင်.နေတဲ့ Telenor ဖုန်းနံပါတ်ကို ရိုက်ထည်.ပေးရမှာ ဖြစ်ပြီး continue ကို နှိပ်ပေးရမှာ ဖြစ်ပါတယ် ။





ပြီးရင်တော. Facebook မှာ ကိုယ်.အမည်အဖြစ် သုံးမယ်. နာမည် ကို ဖြည်.ပေးရမှာ ဖြစ်ပါတယ် ။ ပြီးရင်တော. continue ကို ဆက်နှိပ်ပေးရပါမယ် ။





မိမိ account အတွက် password ရွေးချယ်ဖြည်.စွက်ပေးရပါမယ် ။continue ကို ဆက်နှိပ်ပေးရပါမယ် ။





မွေးနေ.ထည်.ပေးရပါမယ် ။ continue ကို ဆက်နှိပ်ပေးရပါမယ် ။





ကျား/မ ခွဲခြားပေးရပါမယ် ။





ဒီလို ဖြစ်လာပြီဆို အောင်မြင်ဖို. သေချာသလောက်ရှိလာပါပြီ ။





ပြီးရင်တော. မိမိ account အတွက် confirmation code ဂဏန်း ၆ လုံးကျလာပါမယ် ။ ဒါကိုသေချာမှတ်ထားရပါမယ် ။ နောင် မိမိ account အခက်အခဲ တစ်စုံတစ်ရာ တွေ.ချိန်မှာ အထောက်အကူ ဖြစ်နိုင်ပါတယ် ။





Profile Info မှာ မိမိထည်.ချင်တဲ့ အချက်အလက်တွေ ထည်.နိုင်ပါတယ် ။ပြီးရင်တော. save ပေးရပါမယ် ။




ပြီးရင်တော. မိမိadd ချင်သူများကို add လို.ရပါပြီ ။ တစ်ခုပဲရှိတာက တစ်ကြိမ်တည်းမှာ နေရာအမျိုး က အရွယ်အမျိုးမျိုးရှိနေတဲ့ လူအများကြီးကို တစ်ပြိုင်တည်း add တာမျိုး ကိုတော. ရှောင်ကြည်ဉ်ရပါမယ် ။


နောင် မိမိ account ကိုပြန်ဝင်ချင်ရင်တော. မိမိဖုန်းနံပါတ် ရိုက်ထည်. ၊ မိမိပေးထားတဲ့ password နဲ. ပြန်ဝင်လို.ရပါပြီ ။

မူရင်းပုံတွေအရ ရှင်းလင်းပေမယ်. ပြည်တွင်း အချို.နေရာတွေမှာ connection အခြေအနေကြောင်. ပုံတွေမပေါ်တာမျိုး ဖြစ်တတ်တာကြောင်. စာပါပူးတွဲ ရေးပြရခြင်း ဖြစ်ပါတယ် ။

Wednesday, May 13, 2015

အင်တာနက် မှာ ခြိမ်းခြောက်ခံရရင် ဘာတွေ လုပ်မလဲ ( မိန်းကလေးများ အထူးသတိ )

အခုတစ်လော Viber ကနေ ခြိမ်းခြောက်စာပို့တာတို့၊ Facebook ကနေ ခြိမ်းခြောက်စာပို့တာတို့ ရှိလာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ E-mail (သို့မဟုတ် G-mail) ခေတ်ဆိုတော့ မေးလ်တွေကနေ ခြိမ်းခြောက်စာတွေ ပို့တတ်ကြပါတယ်။



ခိမ်းခြောက်ခံရတဲ့ထဲမှာ အမျိုးသမီးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ခြိမ်းခြောက်ပြီးရင်လည်း ငွေ (သို့မဟုတ်) လိင်မှုကိစ္စတွေ တောင်းဆိုတတ်ကြပါတယ်။ ငွေပေးလိုက်ရတာ ပြဿ        နာမရှိပေမယ့် နောက်တစ်ခုကတော့ ပြဿ        နာရှိပါတယ်။ ဒါပေမယ့် ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခါလိုက်လျောမိရင် ထပ်ခါထပ်ခါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဟာမှ မလိုက်လျောမိဖို့ အရေးအကြီးဆုံးပါ။



အဲဒီလိုခြိမ်းခြောက်မှုတွေဟာ အောက်တန်းကျလွန်းပါတယ်။ အဲဒါအပြင် ခြိမ်းခြောက်သူတွေက သူတို့ကိုယ်သူတို့၊ “IT ပညာရှင်” တို့ “Hacker” တို့ စတဲ့အသုံးအနှုန်းတွေ သုံးကြတာပါပဲ။ တစ်ကယ်က ဘာမှမဟုတ်တဲ့ လူတွေပါ။ အဲဒီလိုလူတွေကို အားလုံး စုပေါင်းပြီးတော့ ဖယ်ထုတ်ရပါမယ်။

အဲဒီလို ခြိမ်းခြောက်စာတွေ များနေတဲ့အချိန်မှာ တစ်ချို့ကလည်း ကိုယ်မကျေနပ်တဲ့လူ၊ ကိုယ်နဲ့ မတည့်တဲ့လူကို ချောက်တွန်းကြတာလည်း ရှိပါတယ်။ ဘယ်လိုချောက်တွန်းလည်းဆိုတော့ ဥပမာ မောင်မောင်က အောင်အောင်ကို မကျေနပ်ဘူးဆိုပါတော့ .. မောင်မောင်က ဓာတ်ပုံပြင်တဲ့ software တွေကိုသုံးပြီးတော့ အောင်အောင်က တစ်ခြားမိန်းကလေးတစ်ယောက်ကို ခြိမ်းခြောက်စာပို့နေသယောင် ဖန်တီးလိုက်ပါတယ်။ နောက်ပြီးတော့ အဲဒီပုံကို Facebook လိုနေရာမျိုးမှာတင်ပါတယ်။ တင်တဲ့အခါမှာ အောင်အောင်ရဲ့ ဓာတ်ပုံနဲ့ Facebook profile လိပ်စာကိုလည်း ထည့်တင်လိုက်ပါတယ်။


ဒီလိုဆိုရင် မသိတဲ့လူတွေက အဟုတ်ထင်ပြီးတော့ Share ကြတဲ့အခါ တဖြည်းဖြည်းနဲ့ လူသိများလာပြီး အောင်အောင်က မကောင်းတဲ့လူတစ်ယောက်အဖြစ် သိက္ခာကျပါတယ်။ တစ်ချို့လည်း အောင်အောင်ရဲ့ wall မှာ၊ chat မှာ သွားဆဲကြပါလိမ့်မယ်။ အဲဒီလိုလုပ်တာကလည်း အင်တာနက်ကို အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါတယ်။


ကိုယ်တိုင် တစ်ကယ်ခြိမ်းခြောက်ခံရလို့ Facebook မှာ တင်မယ်ဆိုရင်လည်း share များလို့ လူသိများသွားတာသာ ရှိပါမယ်။ တစ်ခြားလူတွေ သတိထားမိတာကလွဲလို့ ဘာမှအကျိုးကျေးဇူး မများပါဘူး။ ဒါကြောင့် အဲဒီလို အကြောင်းအရာတွေကို မ share သင့်ပါဘူး။ ဒါဆို အဲဒီလို ခြိမ်းခြောက်ခံရတဲ့အခါ ဘာတွေလုပ်သင့်လဲဆိုတာကို WikiHow ရဲ့ post တစ်ခုက ပုံတွေကို ကိုအိမောင် ဘာသာပြန်ထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။




ခိမ်းခြောက်သူကို စာပြန်တာဟာ သူတို့ပို့တဲ့စာကို ဖတ်ပြီးသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ စာမပြန်ဘဲထားတာကမှ သူတို့စာကို မဖတ်မိသေးဘူးအထင်နဲ့ အချိန်ပိုရနိုင်ပါသေးတယ်။ တစ်ချို့ chat application တွေမှာတော့ Seen ဆိုတာပြန်ပေါ်တဲ့အတွက် ဖတ်ပြီးကြောင့် ခြိမ်းခြောက်သူက သိနိုင်ပါတယ်။ ဒါပေမယ့်လည်း စာပြန်ပို့တာက ကိုယ်စိတ်ပူနေကြောင်းကို ပြောတာနဲ့ အတူတူပါပဲ။

အဲဒီလိုလူတွေက စာနာစိတ် မထားတာကြောင့် စိတ်ပူလေပိုကြိုက်လေပဲ ဖြစ်ပါတယ်။ အသနားခံတာတို့ဘာတို့လုပ်ရင်လည်း ပိုပြီး ခြိမ်းခြောက်ရုံပဲရှိပါတယ်။ ကိုယ့်ဘက်ကပြန်ပြီး သက်ဆိုင်ရာတိုင်မယ်လို့ ခြိမ်းခြောက်ရင်လည်း ပြဿ       နာကို ပိုဆွပေးရာပဲရောက်ပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးက စာမပြန်ပဲနေတာဖြစ်ပါတယ်။




သက်ဆိုင်ရာကို တိုင်တဲ့အခါမှာ သက်သေခံအထောက်အထား ပြနိုင်အောင် ဖြစ်ပါတယ်။ ခြိမ်းခြောက်လာသူနဲ့ ပတ်သတ်ပြီး အချက်အလက် များနိုင်သမျှ များအောင် စုဆောင်းပါ။ အဲဒါတွေပေါ်မူတည်ပြီး ခြိမ်းခြောက်မှုကို ရပ်တန့်အောင် ဘယ်လိုလုပ်နိုင်မလဲ စဉ်းစားနိုင်ပါတယ်။



သက်သေအထောက်အထားတွေ သိမ်းဆည်းပြီးတာနဲ့၊ ခြိမ်းခြောက်သူက နောက်တစ်ကြိမ် ဆက်သွယ်လို့မရအောင်

– Gmail မှာဆိုရင် သူ့အကောင့်ကို ကိုယ့်စာရင်းထဲက ဖျက်ပစ်ပါ။ (သူပို့တဲ့စာတွေ ဖျက်ခိုင်းတာမဟုတ်ပါ)


– Chat app တစ်ခုခုမှာဆိုရင် block လုပ်ပစ်ပါ။


– Phone မှာဆိုလျှင် Blacklist စာရင်းထဲ ထည့်လိုက်ပါ။


– Facebook မှာဆိုလျှင် Report လုပ်ပြီး block လုပ်ပါ။ အကောင့်နာမည်ပြောင်းပါ (တစ်ခြားအကောင့်တစ်ခုနဲ့ လာ add နိုင်သောကြောင့်ပါ)။ အဲဒီအတောအတွင် လာ add လုပ်တဲ့သူများကို လက်မခံပါနဲ့၊ မှတ်ထားပါ။ ဓာတ်ပုံပါလျှင် သိမ်းထားပါ (သက်ဆိုင်ရာ တိုင်တဲ့အခါ ထည့်သွင်းပြောကြားပါ)။ ဖုန်းနံပါတ်၊ လိပ်စာတို့ကို အလွယ်တကူမမြင်နိုင်အောင် setting ပြောင်းပါ။ အရေးမကြီးလျှင် ထိုအချက်များကို Only me ဖြင့်သာထားပါ (သို့မဟုတ်) facebook ပေါ် မတင်ပါနဲ့။










ဒီ နံပါတ် (၇) အချက်ကလည်း အရေးကြီးပါတယ်။

လွတ်လပ်စွာ ကွဲလွဲလို့ရတယ်ဆိုပြီး အရည်မရအဖတ်မရ ကိစ္စလေးတွေကအစ စောင်းချိတ်ပြီး Status တင်တာမျိုး၊

တစ်ကယ့်အပြင်လောကမှ သူများအတင်း၊ မကောင်းကြောင်းပြောတာမျိုး
အင်တာနက် သို့မဟုတ် အပြင်လောကမှာ အကြွားသန်တာမျိုး
မလုံ့တလုံ ဓာတ်ပုံမျိုးကို Public နဲ့ တင်တာမျိုး
စတဲ့အချက်တွေကလည်း ကိုယ့်ကို ခြိမ်းခြောက်မယ့်သူတွေကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အထက်ပါ အချက်လေးချက်မှာ

– ပထမနဲ့ ဒုတိယ အချက်ကတော့ ကိုယ့်ကို ရန်စများစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ရန်ငြိုးထားတဲ့သူက ကိုယ့်ကို သိက္ခာကျအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်မှန်ပေမယ့်လည်း အရေးမကြီးတာတွေကို သိပ်ပြီး မကွဲလွဲဖို့လိုပါတယ်။


– တတိယအချက်ကတော့ မဆိုင်ဘူးလို့ ထင်ရပေမယ့် ဆိုင်ပါတယ်။ ကြွားလိုက်မိခြင်းအားဖြင့် ကိုယ့်မှာ ရှိကြောင်း သိသွားပါတယ်။ ရှိကြောင်းသိသွားတဲ့အခါမှာ ငွေညှစ်တာ၊ ခြိမ်းခြောက်ပိုက်ဆံတောင်းတာတွေလုပ်ဖို့ အားပေးရာရောက်ပါတယ်။


– စတုတ္ထအချက်ကတော့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရှက်သိက္ခာကိုထိခိုက်နိုင်ပါတယ်။ ယောက်ျားလေးဆို ပြဿ       နာမရှိလောက်ပေမယ့် မိန်းကလေးဆို ဒုက္ခများနိုင်ပါတယ်။ Facebook မှာ Public နဲ့တင်တဲ့ပုံတွေဆို လူတိုင်းမြင်နိုင်ပါတယ်။ အကောင့် login ဝင်ထားဖို့မလိုဘဲ အလွယ်တကူ မြင်တွေ့၊ သိမ်းယူနိုင်ပါတယ်။ ခြိမ်းခြောက်မယ့်သူက ကိုယ့်ရဲ့ အဝတ်အစားကိုမြင်ပြီး တစ်လွဲတွေးပြီး လိင်ကိစ္စကို ခြိမ်းခြောက်တောင်းဆိုဖို့ အားပေးရာ ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပုံတွေတင်တိုင်းမျာ Facebook သူငယ်ချင်းတွေသာ မြင်နိုင်တဲ့ Friend privacy နဲ့သာတင်သင့်သလို့ Friend လက်ခံတဲ့အခါမှာလဲ ကိုယ်နဲ့ တစ်ကယ်အပြင်မှာသိတဲ့ သူတွေကိုသာ လက်ခံသင့်ပါတယ်။


ဒါဆိုရင်တော့ တော်တော်လေး စုံလင်သွားပါပြီ။ မသိသေးတဲ့သူများအတွက် မျှဝေအသိပေးလိုက်ပါ။


Direct copy from ဒီမိုဝေယံ

Original Link - http://www.demowaiyan.org/2015/05/blog-post.html