Showing posts with label ပြည်ပ အလုပ်သမား ရေးရာ. Show all posts
Showing posts with label ပြည်ပ အလုပ်သမား ရေးရာ. Show all posts

Monday, May 23, 2016

MWRN ၏ TOT 2016


သင်တန်းပို.ချသူများ နှင်. တက်ရောက်ကြသူများ


၂၀၀၉ မတ်လ ၂၉ ရက်က ယိုးဒယားနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင်ယိုးဒယားနိုင်ငံရောက် ရွှေ.ပြောင်းလုပ်သားများကိုယ်တိုင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၃ မှစ၍ ရုံးခွဲဖွင်.လှစ်လျှက် လုံခြုံ စိတ်ချရသော ရွှေ.ပြောင်းသွားလာရေးများဖြစ်ပေါ်လာစေရေး ဦးတည်လုပ်ဆောင်နေသော Migrant Worker Right  Network Training for Trainer 2016 ကို မေလ ၁၄ ရက်နှင်. ၁၅ ရက်က Diamond Condo စကားဝါ ခန်းမတွင် ပြုလုပ်ခဲ့ပါသည် ။ 

ဥက္ကဋ္ဌ ၏ ပို.ချမှု

အစီအစဉ် ပထမနေ.တွင် ရှေးဦးစွာ တက်ရောက်လာကြသော စေတနာ.၀န်ထမ်းများမှ တစ်ဦးစီမိတ်ဆက်ကြပါသည် ။ ထို.နောက် MWRN ဥက္ကဋ္ဌ ဖြစ်သူ ကိုစိန်ဋ္ဌေး မှ MWRN ဖြစ်တည်လာပုံများကို ရှင်းလင်းပြောကြားပြီး Program Officer ဖြစ်သူ ကိုထွန်းထွန်းလွင် မှ ရွှေ.ပြောင်းလုပ်သားရေးရာ သိမှတ်စရာများနှင်. MWRN အဖွဲ.၏ ယိုးဒယားနိုင်ငံအတွင်း လှုပ်ရှားလုပ်ဆောင်ခဲ့မှုများကို  ရှင်းလင်းပြောကြားပါသည် ။ နေ.လည်စာ စာပြီးနောက် STU မှ ဒေါ်မျိုးမျိုးအေးက အများရှေ.တွင်စကားပြောနည်း နှင်. ကောင်းမွန်သော Presentation တစ်ခုပြုလုပ်နိုင်ရန် လိုအပ်သောကြိုတင်ပြင်ဆင်ဖွယ်ရာများကို အသေးစိပ်ဟောပြော ပြီးနောက် လက်တွေ. လေ.ကျင်.စေခဲ့ပါသည် ။ ထို.အပြင် အများ၏ သဘောထားကို လိုက်နာလုပ်ဆောင်ရမည်ဖြစ်သလို အနည်းစု၏ သဘောထားကိုလည်း ထည်.သွင်းတွက်ချက်သင်.ကြောင်း လက်တွေ.ရှင်းလင်းပြောကြားခဲ့ပါသည် ။ ထို.နောက်တက်ရောက်ကြသူများနှင်. သင်တန်းပို.ချသူများ အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါသည် ။

Program Officer ၏ ရှင်းလင်းမှု

အေဂျင်စီ အသင်းချုပ် မှ ရျင်းလင်းဟောပြောမှု

STU မှ အသိပညာပေးဖြန်.ဝေခြင်း
စေတနာ.၀န်ထမ်းတစ်ဦး၏ တက်ကြွစွာ ပါဝင်ဆွေးနွေးမှု

အစုအဖွဲ.လိုက် ဆွေးနွေးထားသည်များကို ပြန်လည်ရှင်းလင်းခြင်း

သင်တန်း ဒုတိယနေ.တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အသင်းချုပ် မှ ဦးကိုလေးက လက်ရှိမြန်မာနိုင်ငံမှ တရားဝင်လုပ်သားပို.ခွင်.ရသော နိုင်ငံများ ၊ ရနိုင်သောအလုပ် ၊ ကုန်ကျစရိတ် ၊ Process ကြာမြင်.ချိန် နှင်. တရားမ၀င်လုပ်ဆောင်နေမှုများ အားတိုင်ကြားနိုင်ပုံ ၊ အသင်းချုပ်မှ ကူညီဆောင်ရွက်ပေးနိုင်မှုများအား အသေးစိပ် အချက်အလက်များဖြင်.ရှင်းလင်းပြောကြားခဲ့ပြီး ဆက်သွယ်ရန်ဖုန်းနံပါတ်များပါဖြန်.ဝေခဲ့ပါသည် ။ထို.နောက် Program Officer မှဆက်လက်၍ Migrant ရေးရာများကိုဆက်လက်ေ ပြာကြားခဲ့ပါသည် ။ နေ.လည်စာ စားပြီးနောက် ဥက္ကဋ္ဌ ကိုစိန်ဋ္ဌေး မှ ရှင်းလင်းပြောကြားခဲ့ပြီးသမျှ မည်မျှမှတ်သားထားနိုင်ကြောင်း မေးမြန်းပြီး အဖွဲ.ငယ်များ ခွဲလျှက် အမှန်တကယ်သွားရောက်ပညာပေး ဟောပြောမည်.အချိန်တွင်မည်သို.ပြင်ဆင်ဟောပြောကြမည်ကို လက်တွေ.ပြုလုပ်စေခဲ့ပါသည် ။ ထို.နောက် မိမိတို.သက်ဆိုင်ရာဒေသအလိုက် ပညာပေး အသိဖြန်.ဝေနိုင်မည်. အချိန်ကို အချင်းချင်းတိုင်ပင်စေပြီးနောက် အဖွဲ.သို.အသိပေးစေခဲ့ပါသည် ။ လိုအပ်သော စာရွက်စာတမ်းများကို သင်တန်းသား စေတနာ.၀န်ထမ်းများသို. တစ်ဦးချင်းစီပေးအပ်ခဲ့ပြီး သင်တန်းကိုအောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည် ။

Breakfast Time

Tea Time

Lunch Time



သင်တန်းအပြီး ကုသိုလ်ယူ

ယခုအကြိမ်သင်တန်းသို. ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း နှင်.ဧရာဝတီ တိုင်းတို.မှ စေတနာ.၀န်ထမ်း ၄၀ ခန်.တက်ရောက်ခဲ့ကြပါသည် ။ 

ဆက်စပ်လေ.လာလိုပါက
  



Tuesday, December 22, 2015

နိုင်ငံခြား သွား အလုပ်လုပ်ချင် သူများအတွက် ( ၂ )



ဒူဘိုင်း ရှိ ပြည်ပ လုပ်သားများ


 UAE ကို အလုပ်သွားလုပ်မယ်ဆိုရင် . Work Permit  & Employment Pass တွေနဲ.သွားရောက်နိုင်ပါတယ် ။ လစာအနေနဲ.က သာမာန်အားဖြင် တစ်လကို 1500 Dirham ( မြန်မာငွေ ၅သိန်းခန်. ) ကနေပညာရှင်တွေအဖို.  ၅၀၀၀ Dirham ( ၁၈သိန်းနီးပါး ) ထိရနိုင်တယ်လို.သိရပါတယ် ။ စာချုပ်သက်တမ်း ၃နှစ်လို.သိရပြီး Hotel ၊ ကုန်တိုက် နဲ.စားသောက်ဆိုင် လုပ်ငန်းသာ တရားဝင်ခွင်.ပြုထားတယ်လို.ဆိုပါတယ် ။ ကုမ္ပဏိတွေအနေနဲ. တရားဝင်ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀ (မြန်မာငွေ  ၃သိန်းနီးပါး ) အထိသာသတ်မှတ်ထားပြီးပိုတောင်းခွင်. မရှိဘူးလို. သိရပါတယ် ။ Currency က 3.67 Dirham = 1 usd  ဖြစ်ပါတယ် ။ ၂နှစ်စာချုပ်ပြီးရင် လေယာဉ်လက်မှတ်ကိုပါ စီစဉ်ပေးတယ်လို.သိရပါတယ် ။ အင်္ဂလိပ် ဘာသာစကား/ အာရပ်ဘာသာစကားတို.ဖို.လိုပြီး ကိုယ်သွား၇မယ်. လုပ်ငန်းနဲ.ပတ်သက်လို.  ကျွမ်းကျင်သည်အထိ တတ်မြောက်ဖို. လိုအပ်ပါတယ် ။ ဒါမှသာ သူတို.ပြောတဲ့ လစာနှုန်းထားအတိုင်း ရနိုင်မှာဖြစ်ပါတယ် ။နေထိုင် မှု ကုန်ကျစရိတ်အနေနဲ. တစ်နေ.ကို ၅ Dirham ကုန်တယ်လို.သိရပါတယ်  ။ သွားရောက်နိုင်ဖို. လုပ်ဆောင်ချိန် အစအဆုံး ၂လကနေ ၃လ အထိ ကြာတယ်လို.သိရပါတယ် ။UAE ကို လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၂၂၅ ခုရှိနေပြီး တစ်လကိုလူဦးရေ ၃၀ခန်. တရားဝင်ပို.ဆောင်ပေးနေတယ်လို.သိရပါတယ် ။

ထိုင်ဝမ်ရောက် ပြည်ပလုပ်သားများ Friendly Taiwan အခမ်းအနား ကျင်းပနေစဉ်

 ထိုင်ဝမ် ကို အလုပ်သွားလုပ်မယ်ဆိုရင် .   Work Permit  & Employment Pass တွေနဲ.သွားရောက်နိုင်ပါတယ် ။ လစာအနေနဲ.က သာမာန်အားဖြင်. 800 USD ကနေကျွမ်းကျင်ပညာရှင်တွေအနေနဲ.  3000 USD အထိရနိုင် တယ်လို.သိရပါတယ် ။ Currency က 32.68 TWD = 1 usd  ဖြစ်ပါတယ် စာချုပ်သက်တမ်း ၃နှစ်လို.သိရပြီး ထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး   လုပ်ငန်းတွေ သာ ရှိတယ်လို.ဆိုပါတယ် ။ ကုမ္ပဏိတွေအနေနဲ. တရားဝင်ဝန်ဆောင်ခအဖြစ် ဘယ်လောက်ယူရမယ်ဆိုတာ အတိအကျမသိရသေးပါဘူး တရုတ်ဘာသာစကား တတ်ထားရင် ပိုအဆင်ပြေနိုင်မှာဖြစ်ပြီး ကိုယ်သွား၇မယ်. လုပ်ငန်းနဲ.ပတ်သက်လို.  ကျွမ်းကျင်သည်အထိ တတ်မြောက်ဖို. လိုအပ်ပါတယ်      ။ သွားရောက်နိုင်ဖို. လုပ်ဆောင်ချိန် အစအဆုံး ဘယ်လောက်ကြာမယ်ဆိုတာတော.မသိရသေးပါဘူး     ။ထိုင်ဝမ်ကို  လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၂၂၅ ခုရှိနေပြီး တစ်လကို လိုတဲ့ဦးရေ ၃၀၀ခန်.ရှိတယ်လို. သိရပါတယ် ။ဒါပေမယ်. တစ်ခုသိရတာက ထိုင်ဝမ်လွှတ်တော်မှာ ဒါတွေကိုတရားဝင်လက်ခံဖို. ၂၀၁၆ ဖေဖော်ဝါရီမှ တင်ရမယ်လို.လည်းဆိုပါတယ် ။

 
ရွှေ.ပြောင်း အလုပ်သမားအချို. အိပ်စက်ရပုံ

ဒါပေမယ်. ဘယ်ကိုပဲသွားသွား သိထားရမှာက သူတို.နိုင်ငံရဲ. ရာသီဥတု / ယဉ်ကျေးမှု / ဓလေ.ထုံးတမ်း စတာတွေပါ ။ ဒါမှလည်း ကိုယ်.အမူအကျင်. / ကျန်းမာရေးစတာတွေနဲ.ချိန်ထိုးသွားနိုင်မှာပါ ။ နောက်တစ်ခုက ကိုယ်.ကိုပို.ပေးမှာက ပွဲစားလား / တရားဝင်အေဂျင်စီလား / နာမည်ပျက်ရှိဘူးသူတွေလား / လိမ်လည်တာလားဆိုတာတွေတော. နောက်ကြောင်းလိုက်ဖို. / စုံစမ်းဖို.လိုပါတယ် ။ လက်ရှိ ပြည်ပပို. အေဂျင်စီတွေထဲမှာ ၂၀ ခန်.ဟာယာယီ နဲ.အပြီးပိတ်သိမ်းခံထားရတာတွေရှိနေပါတယ် ။ဒါ.ကြောင်. ကိုယ်ဆက်သွယ်လုပ်ကိုင်နေတဲ့ အေးဂျင်.ဟာ တရားဝင်ဟုတ်/မဟုတ် www.moeaf.org နဲ. www.moeaf.com စတဲ့ website တွေမှာ သွားရောက်စစ်ဆေးနိုင်ပါတယ် ။ ဒါ.အပြင် အထက်ဖော်ပြတဲ့ နှုန်းထားတွေ ထက်ပိုတောင်းခဲ့ရင် အေဂျင်စီအသင်းချုပ် - ၁၈၇ ဗိုလ်ဆွန်ပက်လမ်း အပေါ်ဘလောက် ပန်းဘဲတန်း ဖုန်းနံပါတ် ၀၁ ၂၄၈၂၅၅ နဲ.လက်ရှိအမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုလေး 09 5019682 တို.ထံဆက်သွယ်တိုင်ကြားနိုင်သလို ကြိုတင်သိချင်တာ /လေ.လာချင်တာ များကို ဆက်သွယ်နိုင်တယ်လို. သိရပါတယ် ။


နောက်တစ်ခုသတိထားရမှာက ဘာမှတတ်စရာမလိုဘူး ၊ နည်းနည်းပါးပါးတတ်ရင်ရပြီဆိုတဲ့စကားတွေ မယုံဘို.ပါပဲ ။ သူများနိုင်ငံသွားအလုပ်လုပ်တယ်ဆိုတာ ကိုယ်က ဘာသာစကား ကျွမ်းကျင်နေတာမျိုး / အတတ်ပညာတစ်ခုခု ကျွမ်းကျင်နေတာမျိုးမှ လစာကောင်းတဲ့ / ခိုင်မာတဲ့ အလုပ်မျိုး ရနိုင်မှာပါ ။ ဒါ.အပြင် ကိုယ်သွားမယ်. နိုင်ငံမှာရှိတဲ့ မြန်မာသံရုံး ၊ အလုပ်သမားအဖွဲ.အစည်း / မြန်မာအဖွဲ.အစည်း စတာတွေရဲ. လိပ်စာ / ဖုန်းနံပါတ် စတာတွေ လေ.လာ မှတ်သား သွားရမှာဖြစ်သလို ကိုယ်.ပြည်တွင်းကို အလွယ်တကူဆက်သွယ်လို.ရနိုင်မယ်. ဖုန်းနံပါတ်လိုမျိုးတွေ မဖြစ်မနေ မှတ်သားထားဖို.လိုပါမယ်။ဒါ.အပြင်ချုပ်ဆိုရတဲ့ စာချုပ်တွေကိုလည်း သေချာစွာလေ.လာပြီး တကယ်လက်ခံနိုင်မှ လက်မှတ်ထိုးဖို. လိုပါလိမ်.မယ် ။ဒါမှသာနောက်ပိုင်း ဥပဒေကြောင်းအရ ရှင်းရရင် ကိုယ်.ဘက်က အားသာနိုင်မှာပါ ။


ဆက်စပ်ဖတ်ရှုရန်
 
နိုင်ငံခြား သွား အလုပ်လုပ်ချင် သူများအတွက် ( ၁ )

Thursday, December 17, 2015

နိုင်ငံခြား သွား အလုပ်လုပ်ချင် သူများအတွက် ( ၁ )






( အခုနောက်ပိုင်းကာလတွေဟာ ပြည်ပကို ရွှေ.ပြောင်းသွားလာ လုပ်ကိုင်သူတွေ တစ်စထက်တစ်စ များပြားလာသလို လိမ်လည်ခံရမှု ၊ လူကုန်ကူးခံရမှု ၊ အနိုင်ကျင်.ခံရမှု စတာတွေကလည်း ပိုများပြားလာတာကြောင်. ပြည်ပထွက်ခွာ လုပ်ကိုင်လိုသူများအတွက် တစ်ထောင်.တစ်နေရာက အကူအညီဖြစ်ရန်ဖော်ပြပါတယ် )

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို လုပ်သားစေလွှတ်ရာမှာ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏိတွေအနေနဲ. တရားဝင်စေလွှတ်ခွင်.ရတဲ့ နိုင်ငံ ၆ ခုသာ ရှိတယ်လို. သိရပါတယ် ။ အဲ့ဒီနိုင်ငံတွေကတော. စင်္ကာပူ ၊ မလေးရှား ၊ ယိုးဒယား ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု ( UAE ) ၊ ထိုင်ဝမ် နဲ. ဂျပန်နိုင်ငံတို.ဖြစ်တယ်လို. သိရပါတယ် ။



ဒီထဲမှာ ဂျပန်နိုင်ငံ ကို တရားဝင်သွားမယ်ဆိုရင် Interm Training ၊ Student Pass နဲ. Employment Pass တွေနဲ.သာ သွားရောက် နိုင်ပြီး လစာအနေနဲ. ယန်း တစ်သိန်း ကနေ တစ်သိန်းနှစ်သောင်း ကြားရရှိနိုင်မှာဖြစ်ပြီး အချို.သော ကျွမ်းကျင်ပညာရှင်များအတွက်တော. လစာ ၃သိန်းခန်.အထိ ရရှိနိုင်မှာဖြစ်ပါတယ် ။ ယန်းငွေရဲ. လက်ရှိပေါက်ဈေးဟာ 12.3 Yan = 1 USD ဖြစ်တာကြောင်. ယန်း တစ်သိန်းဟာ မြန်မာငွေ သိန်းတစ်ရာ ၀န်းကျင် နဲ. ညီမျှပါတယ် ။ နေထိုင်စားရိတ်ဟာ တစ်လကို ယန်း ၃သောင်းခန်. ( သိန်း ၃၀ကျော် ကုန်ကျနိုင်ပါတယ် ) ။  လုပ်ငန်းအနေနဲ. ထုတ်လုပ်ရေးလုပ်ငန်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်း နဲ. စိုက်ပျိုးရေး လုပ်ငန်းများနဲ.တရားဝင်ခေါ်ယူလေ. ရှိတယ်လို.သိရပြီး စာချုပ်သက်တမ်း ၃ နှစ်လို.သိရပါတယ် ။ တရားဝင်တောင်းခွင်.ရှိတဲ့ ၀န်ဆောင်ခ အနေနဲ. ဒေါ်လာ ၂၈၀၀ ၀န်းကျင် ( မြန်မာငွေ ၃၆ သိန်းခန်. ) သာ ဖြစ်ပါတယ် ။ ဂျပန်ကိုသွားမယ်ဆိုရင်တော. ဂျပန် စာနဲ.စကားကို N4 ကနေ N5 ထိ မဖြစ်မနေတတ်ကျွမ်းရမှာဖြစ်ပြီး အခြားသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်မှာဖြစ်ပါတယ် ။ စတင်ဆောင်ရွက်ချိန်ကနေ ထွက်ခွာချိန်အထိ ၃လကနေ ၆ လကြား ကြာတတ်တယ်လို.သိရပါတယ် ။ ဂျပန်ကို လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၂၂၅ ခုရှိနေပြီး တစ်လကိုလူဦးရေ ၅၀ခန်. တရားဝင်ပို.ဆောင်ပေးနေတယ်လို.သိရပါတယ် ။ Engineer တွေသွားမယ်ဆိုရင်တော. ခိုင်မာတဲ့ ပညာရှင်တွေရဲ. Pass လိုတယ်လို.သိရပါတယ်

စင်္ကာပူ ပင်နီဆူလာ ကုန်တိုက်ရှိ မြန်မာ အ၀တ်အထည်ဆိုင် တစ်ခု

 စင်္ကာပူကို   အလုပ်သွားလုပ်မယ်ဆိုရင်တော. Student Pass , Work Permit ( Low Levy & High Levy )S , Pass & Employment Pass တွေနဲ.သွားရောက်နိုင်ပါတယ် ။ သင်တန်းကျောင်း ၄ကျောင်းခန်.တော. ရှိနေတယ်လို.သိရပါတယ် ။ S Pass အတွက်တော. ဘွဲ့ရတွေအားလုံးရနိုင်ပေမယ်. သက်မွေးဝမ်းကျောင်းအဆင်.အထိ အခြားပညာရပ်တစ်ခု တတ်မြောက်ထားဖို.လိုပါမယ် ။ လစာအနေနဲ.က သာမာန်အားဖြင်. တစ်နေ.ကို စင်္ကာပူ ဒေါ်လာ ၁၈ ကနေ တစ်လကို ၁၈၀၀ ( မြန်မာငွေ ၁၆သိန်း ခွဲခန်.) ထိရနိုင်ပါတယ် ။ လစာကို သူတို.ဥပဒေအရ ၁၈၀၀ပေး၇မယ်ဆိုလို. ပေးပေမယ်. စာချုပ်ချုပ်ရင်တော. ၁၂၀၀ နဲ.ချုပ်ရတတ်တယ်လို.သိရပြီး စာချုပ်သက်တမ်း ၃နှစ် နဲ. ထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး ၊ သင်္ဘောကျင်းစတဲ့ လုပ်ငန်းတွေ ရှိတယ်လို.ဆိုပါတယ် ။သူနာပြုလည်း ပို.ခွင်.ရှိတယ်လို.ဆိုပါတယ် ။Currency က 1.41 sgd = 1 usd ပါ ။ ကုမ္ပဏိတွေအနေနဲ. တရားဝင်ဝန်ဆောင်ခအဖြစ် Work Permit – Low Levy အတွက် စင်္ကာပူဒေါ်လာ ၁၈၈၀(မြန်မာငွေ  ၁၇ သိန်းဝန်းကျင် ) ၊ High Levy အတွက် စင်္ကာပူဒေါ်လာ ၂၃၀၀ ၊ S Pass အတွက်စင်္ကာပူဒေါ်လာ   ၄၄၀၀ ( မြန်မာငွေ သိန်း၄၀၀န်းကျင် ) အထိသာသတ်မှတ်ထားပြီးပိုတောင်းခွင်. မရှိဘူးလို. သိရပါတယ် ။ လစာကောင်းကောင်းရဖို.ပညာတတ်ဖို. ၊ အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်ဖို. ( အရန်အနေဖြင်. တရုတ်ဘာသာစကား ) လိုအပ်ပြီး သက်မွေးဝမ်းကျောင်းပညာ အနည်းဆုံး တစ်ခု ကျွမ်းကျင်သည်အထိ တတ်မြောက်ဖို. လိုအပ်ပါတယ် ။ ဒါ.အပြင် Domestic Labour တွေ ပို.နေတာမျိုး ရှိပြီး ၄လစာထက်ပိုယူခွင်.မရှိဘူးလို.လည်းသိရပါတယ် ။နေထိုင် မှု ကုန်ကျစရိတ်အနေနဲ. တစ်လ စင်္ကာပူ ဒေါ်လာ ၁၅၀ ( တစ်သိန်းခွဲခန်. ) ရှိတယ်လို.ဆိုပါတယ် ။ သွားရောက်နိုင်ဖို. လုပ်ဆောင်ချိန် အစအဆုံး ၃ပတ်ကနေ ၆ပတ်ခန်.သာ ကြာတယ်လို.သိရပါတယ် ။ စင်္ကာပူ ကို လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၂၂၅ ခုရှိနေပြီး တစ်လကိုလူဦးရေ ၅၀ခန်. တရားဝင်ပို.ဆောင်ပေးနေတယ်လို.သိရပါတယ်


Photo from Mizzima

 မလေးရှား ကို အလုပ်သွားလုပ်မယ်ဆိုရင် . Student Pass , Work Permit  & Employment Pass တွေနဲ.သွားရောက်နိုင်ပါတယ် ။ လစာအနေနဲ.က သာမာန်အားဖြင်. တစ်နေ.ကို မလေးရင်းဂစ် ၃၄.၄ ကနေ တစ်လကို ၁၅၀၀ ( မြန်မာငွေ ၄သိန်း ခွဲခန်.)ရနိုင် တယ်လို.သိရပါတယ် ။ စာချုပ်သက်တမ်း ၃နှစ်လို.သိရပြီး ထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး ၊ စိုက်ပျိုးရေးစတဲ့ လုပ်ငန်းတွေ နဲ.စားသောက်ဆိုင်လိုမျိုး Service လုပ်ငန်းတွေ ရှိတယ်လို.ဆိုပါတယ် ။ ကုမ္ပဏိတွေအနေနဲ. တရားဝင်ဝန်ဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ ၈၇၀ + မြန်မာငွေ ၂၅၀၀၀ (မြန်မာငွေ  ၁၁ သိန်းဝန်းကျင် ) အထိသာသတ်မှတ်ထားပြီးပိုတောင်းခွင်. မရှိဘူးလို. သိရပါတယ် ။ Currency က 4.3 RM = 1 usd  ဖြစ်ပါတယ် ။ အင်္ဂလိပ် ဘာသာစကား/ မလေးဘာသာစကားတို.တတ်ထားရင် ပိုအဆင်ပြေနိုင်မှာဖြစ်ပြီး ကိုယ်သွား၇မယ်. လုပ်ငန်းနဲ.ပတ်သက်လို.  ကျွမ်းကျင်သည်အထိ တတ်မြောက်ဖို. လိုအပ်ပါတယ် ။ ဒါမှသာ သူတို.ပြောတဲ့ လစာနှုန်းထားအတိုင်း ရနိုင်မှာဖြစ်ပါတယ် ။နေထိုင် မှု ကုန်ကျစရိတ်အနေနဲ. တစ်လကို ရင်းဂစ်၁၅၀လောက်လောက်ပျှမ်းမျှ ကုနပြီး ရေ/မီး က ၅၀ လောက်ကုန်တယ်လို.ဆိုပါတယ် ။ သွားရောက်နိုင်ဖို. လုပ်ဆောင်ချိန် အစအဆုံး ၂လကနေ ၄လ အထိ ကြာတယ်လို.သိရပါတယ် ။ မလေးရှား ကို လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၂၂၅ ခုရှိနေပြီး တစ်လကိုလူဦးရေ ၃၀၀၀ခန်. တရားဝင်ပို.ဆောင်ပေးနေတယ်လို.သိရပါတယ်


ယိုးဒယား ငါးဖမ်းစက်လှေ မှ မြန်မာ လုပ်သားအချို. - matthewrichards.exposure.co
 ယိုးဒယား ကို အလုပ်သွားလုပ်မယ်ဆိုရင် တော.. Student Pass , Work Permit  & Employment Pass တွေနဲ.သွားရောက်နိုင်ပါတယ် ။ လစာအနေနဲ.က သာမာန်အားဖြင်. တစ်နေ.ကို ဘတ် ၃၀၀ ကနေ တစ်လကို ၁၃၀၀၀ ( မြန်မာငွေ ၅သိန်းခန်.အထိ )ရနိုင် တယ်လို.သိရပါတယ် ။   Currency က 36.7Baht = 1 usd  ဖြစ်ပါတယ် ။ စာချုပ်သက်တမ်း ၃နှစ်လို.သိရပြီး ထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေး ၊ စိုက်ပျိုးရေးစတဲ့ လုပ်ငန်းတွေ   ရှိတယ်လို.ဆိုပါတယ် ။ ကုမ္ပဏိတွေအနေနဲ. တရားဝင်ဝန်ဆောင်ခအဖြစ် မြန်မာငွေ ၁၅၀၀၀၀ နဲ. ဟိုဘက်က ဖြတ်မယ်.ငွေ ဘတ် ၁၀၀၀၀ သာသတ်မှတ်ထားပြီးပိုတောင်းခွင်. မရှိဘူးလို. သိရပါတယ် ။ တစ်ခါတစ်ရံ Demand များရင် မိန်းကလေးတွေကို မြန်မာငွေ ၁၀၀၀၀၀ နဲ.ပဲပို.တတ်ကြပါတယ် ။  ယိုးဒယား ဘာသာစကားကို တတ်ထားရင်တော. အကောင်းဆုံး လို.ဆိုပါတယ်  ကိုယ်သွား၇မယ်. လုပ်ငန်းနဲ.ပတ်သက်လို.  ကျွမ်းကျင်သည်အထိ တတ်မြောက်ဖို. လိုအပ်ပါတယ် ။  နေထိုင် မှု ကုန်ကျစရိတ်အနေနဲ. တစ်နေ.ကို ဘတ် ၇၀လောက်ပျှမ်းမျှ ကုန်တယ်လို.သိရပါတယ်  ။ သွားရောက်နိုင်ဖို. လုပ်ဆောင်ချိန် အစအဆုံး ၂လကနေ ၃လ အထိ ကြာတယ်လို.သိရပါတယ် ။ ယိုးဒယားကို လုပ်သားတရားဝင်စေလွှတ်ခွင်.ရှိတဲ့ ကုမ္ပဏီ ၇၅ ခုသာရှိနေပြီး လုပ်သားပို.ခွင်.လိုင်စင်ရှိသူတိုင်း ပို.ခွင်.ရတာမဟုတ်ပဲ ယိုးဒယားကို ပို.ခွင်.က သီးခြားထပ်မံလျှောက်ထားရတယ်လို. ဆိုပြီး  တစ်လကိုလူဦးရေ ၃၀၀၀ခန်. တရားဝင်ပို.ဆောင်ပေးနေတယ်လို.သိရပါတယ် ။


ဆက်လက်ဖော်ပြပါမည်