Showing posts with label နမ်လောက ဆိုင်ရာ များ. Show all posts
Showing posts with label နမ်လောက ဆိုင်ရာ များ. Show all posts
Friday, July 26, 2019
ကြို့ပင်ကောက်မြို့မှ နတ်လေချွန် သို့ လေချွန်နတ် - သက်နိုင်စိုး
နောက်တယောက်အလှည့် ပါ သေ သူမခင်ခင် အသက် ၃၅ ရန်ကုန်ကြံတော မှာမြုပ်ထားတာ ၃ နှစ် သူရဲက ရွှီးဆို ထွက်သွားပါတယ် ၊ရွှီးဆို ပြန်ဝင်လာပါတယ် လေချွန်သံကစပြောပါတယ် မဟုတ်ဘူး ၊သူတို့ကို ငါမသိဘူး၊ ငါ့အမျိုးတွေမဟုတ်ဘူးတဲ့၊ မေးရမယ့်သူတွေကမမေးရသေးဘူး ။ ပါလာတဲ့ မခင်ခင်ဆိုသူဝိဥာဏ်က စပြီး သူမသိကြောင်းငြင်းဆိုပါတယ်။
လို့မေးလိုက်ပါတယ်။
Unicode Version
အချိန်က ၁၉၈၅ ကပါ ကျနော် ၁၀ နှစ်သားအရွယ်မှာပေါ့ ။ ကျနော့်အမေဟာ ကျနော် ၆ နှစ်သားမှာကွယ်လွန်သွားခဲ့ပါတယ် ။ကျနော့်ဦးကြီးက ဦးဆောင်ပြီးကျနော့်အမေဘယ်ဘဝ ရောက်သလဲ နတ်လေချွန်သွားမေးမယ်ဆိုပြီးသွားကြပါတယ် ။
နတ်လေချွန် ကသေဆုံးသွားသူတွေဘယ်ဘဝမှာရောက်နေလဲသိရတယ်ဆိုလို့ပါ ။မေးရတဲ့အချိန်ကလဲ မှောင်ရီပျိုးပြီးချိန်ည ၇ နာရီက စမေးရပါတယ် ။
ကျနော်တို့မေးစမ်းသွားရပါတယ် ညပိုင်းမှောင်ရီပျိုးစမှာပါ ရုပ်ရှင်သရဲကားတွေထဲမြင်ရတဲ့ နှစ်ဆောင်ပြိုင်အိမ်အမဲကြီးပါ မီးမှိန်မှိန်လေးထွန်းထားတော့ စိတ်ထဲစိုးတထိတ်ထိတ်ပါ ။အိမ်ပေါ်တက်လိုက်တော့ ဆံရစ်ဝိုင်းနဲ့မောင်နှမလေး ၂ ယောက်ကို တွေ့ရပါတယ် လေချွန်နတ် ခေါ်ပေးတဲ့အဖွားရဲ့မြေး ၂ ယောက်တဲ့ လေ
လာမေးသူတွေကအများသားပါ အလှည့်ကျ မေးရပါတယ် အိမ်ထဲက အခန်းကျယ်မှာ အမေကြီးတယောက်ပက်လက်ကုလားထိုင်နဲ့ထိုင်နေပါတယ် ။သူ့ရှေ့ ၂ ပေလောက်မှာ ကြိုးတန်းထားပါတယ် အထဲကိုမဝင်လာကြပါနဲ့တဲ့ ။မေးတဲ့သူတွေကကြိုးတားထားတဲ့အပြင်ဘက်မှာ နေရပါတယ် ။မေးချင်သူက သူ့ရှေ့သွားရပါတယ် အဲဒီအချိန်မှာ မီးမှတ်လိုက်ပါတယ် ။ရွှီ ဆိုတဲ့ အသံနဲ့ အခန်းထဲကို လေချွန်နတ်ဝင်လာပါတယ်ကျနော်တို့အရင်ရောက်သူနံပါတ်၁ မေးသူက အမျိုးသားပါ သူ့အမျိုးသမီးဆုံးတာ ရက်မလည်သေးဘူး ဘယ်မှာရှိလဲသိချင်ပါတယ်တဲ့ အဖွားက ဘယ်မြို့က သချိုင်းမှာ မြေမြုတ်ထားလဲမေးပါတယ် ကာယကံရှင်က ဘယ်မြို့မှာမြုတ်ထားတာ ဘယ်လောက်ကြာပြီပြောရပါတယိ ။အဖွားက သရဲကို ဘယ်မြို့ ကဘယ်သချိုင်း မှာ မြုတိထားတာ ဘယ်လောက်ကြာကြောင်း သရဲကို ထပ်ပြောပါတယ် ။
ရွှီကနဲအသံဝေးဝေးသွားပါတယ် သဘောက သရဲကသွားခေါ်တယ်ပေါ့ ။သရဲထွက်သွားချိန် မီးပြန်ဖွင့်ပါတယိ စကားတွေဘာတွေပြောကြပေါ့ ။ခဏအကြာ အဝေးကလေချွန်သံသဲ့သဲ့လေးကြားရပါတယ် အဲဒီအချိန်မီးကိုမှိတ်လိုက်ပါတယ် လာပြီပေါ့ လေချွန်သံဟာနီးလာပြီး ပိုကျယ်လာပါတယ် စပါပြီ သရဲက လေချွန်သံနဲ့စကားပြောပါတယ် ။ကိုမြင့်သိန်းရေ ရှင့်ကိုကျမ လွမ်းလိုက်ရတာလေ ရှင်လဲ ကျမကိုသတိရလို့ငိုနေတာမြင်နေရတယ် ကလေးကိုလဲ ဂရုစိုက်ပါနော် ရှင်ငေးနေလို့မနေ့ကကလေးပုခက်ထဲကပြုတ်ကျတော့မလို့ ဟု လေချွန်သံဖြင့် ပြောပါတယ် ။
လေချွန်ပြောနေသော်လည်း ကြားရသူတွေနားလည်ပါတယ် ။ မရှင်းပါက အဖွားမှစကားပြန်လုပ်ပေးပါသည် လာမေးသော သူမှာ ကိုမြင့်သိန်းဖြစ်ကြောင် လေချွန်သူရဲပြောမှသိကြပါတယ် ။ ကိုမြင့်သိန်းဆိုသူ က တစ်ရှုံ့ရှုံ့ ငိုနေပါတယ် ။ အဖွားမှ ဘာမေးမလဲဟုမေးရာ ငိုနေရင်းက မိန်းမရေ မင်းဘာလို့သေတာတုန်းလို့မေးရာ သူရဲမှလေချွန်ရငိး ဆေးထိုးမှားလို့ လို.ပြန်ပြောပါတယ် ။ြ ပန်မယ်ကိုမြင့်သိန်းရေ သားလေးကိုသေချာဂရုစိုက်နော်ဟုပြောပြီး ရွှီးဟုအသံဝေးဝေး သွားပါတယ် ။ မီးဖွင့်လိုက်ပြီးအဖွားမှ နောက်တယောက်ဟု ပြောလိုက်ရာ ကိုမြင့်သိန်းဆိုသူမှာ မျက်ရည်များတရွဲရွဲဖြငိ့တွေ့မြင်ရပါတယ်။
မေးရမည့်အလှည့်ရောက်သူ က အဖွားရှေ့တည့်တည့်သို့သွားထိုင် ရပါတယ် ။အဖွားက မီးမှိတ်လိုက်ပြီး ဘယ်သူ့မေးမလဲ ဟု ပြောရာ မေးမြန်းသူမှ သူ့အကိုနာမည် ၄၈ နှစ် မြစ်ကြီးနားသုသန် တွင် မြုတ်ထားတာ ၈ နှစ်ရှိပါ ကြောင်းပြောရာ အဖွားမှသူ့တပည့်သရဲကို ကိုမောင်အေး သေချိန်အသက် ၄၈ မြစ်ကြီးနားသုသန် သေတာ ၈ နှစ်ရှိပြီဟုပြောလိုက်ပါတယ် ။
အဲဒီအချိန်မေးသူက မှားသွားလို့ပါ ၁၀ နှစ်ရှိပါပြီလို့လှမ်းထောက်လိုက်ပါတယ် ။သရဲက စတင်ထွက်ခွာမလို့ ရွှီးလို့စအထွက်တပြိုင်ထဲအချိန်ပါ ။အဖွားက ဟဲ့ကောင်နေအုံး သေတာ ၁၀ နှစ်ခန့်ရှိပြီတဲ့ ဟုထပ်ပြောလိုက်ပါတယ် ။ရွှီ လေချွန်သံ ခေတ္တရပ်သွားလို့အစပြုထွက်ခွာမယ့်သရဲကရပ်သွားတယ် ၊သဘောက သူပြေးပြီးသေ သူကိုခေါ်မယ့်အချိန် သူ့သခင်က နေအုံးလို့ဆိုပြီး အမိန့်ထပ်ပေးတာ ကို စောင့်ပြီးနာခံတဲ့သဘောပါဘဲ ။ ပြီးတော့မှရွှီးဆိုပြီးလေချွန်သံဟာအဝေးကို ပြေးထွက်သွားပါတယ် ။
သရဲက သွားခေါ်နေချိန် မီးပြန်ဖွင့်ပါတယ် အဖွားက ကုလားထိုင်လေးပေါ် ထိုင်နေလျက်ပါဘဲ မေးမြန်းသူက သူ့အရှေ့ တားထားတဲ့ ကြိုးရဲ့အပြင်ဘက်မှာ သူနဲ့ပါတဲ့အဖော်တွေနဲ့စကားပြောနေပါတယ် ။ ကျန်သူတွေလဲ ကိုယ့်အလှည့်ကျဘာမေးရမလဲဆွေးနွေးနေကြပါတယ်။
ရွှီ ရွှီ လေချွန်သံသဲ့သဲ့လေးကြားရပါတယ် ၊လာပြီလာပြီ မီးပိတ်မီးပိတ် ဟုအဖွားမှပြောပါတယ် ။မီးမှိတ်လို့မှောင်သွားတော့ ရွှီးဆိုအသံပိုကျယ်လာကာ သရဲအခန်းထဲရောက်ရှိလာကြောင်း သိလိုက်ရပါတယ် ။ခေါ်ယူလာသည့်ဝိဉာဏ်မှ ညီလေးရေ မင်းတို့အဆင်ပြေကြလား ငါသေလို့သေမှန်းမသိဘဲလျောက်သွားနေတာနှစ်တွေအကြာကြီး မင်းတို့ ဆွမ်းသွပ်အမျှပေးတာလဲလငါမသိဘူး ခုတော့ ငါအိမ်နောက်ကမန်ကျဉ်းပင်ပေါ်မှာနေနေရတယ် ၊ငါမသေခင် ငါ့ရွှေတွေ မန်ကျဉ်းပင်ရဲ့ အောက် အိမ်ရဲ့မြောက်ဘက် မှာတူးပြီးမြုတ်ထားတာ မင်းတို့ဖော်ယူပြီး ငါ့အတွက်လဲအမျှပေးပါ မင်းတို့လဲသုံးစွဲပါ ငါလဲကျွတ်ချင်ပြီကွာလို့ ပြောပါတယ်။
အဲလိုပြောနေတာက လေချွန်ပြီးပြောနေတာပါ သို့ပေမယ့်သရဲကပြောနေတာကိုနားလည်နေပါတယ်၊ညီဖြစ်သူမှလည်းဝမ်းနည်းပူဆွေးကာ စိတ်ချအကိုကြီးကျနော်အကိုကြီးအတွက် ကုသိုလ်လုပ်ပေးပါ့မယ် လို့ကြွေကွဲစွာပြောပါတယ်၊အေးအေးကောင်းပြီ ငါသွားတော့မယ် ဆိုကာ ရွှီးဆိုပြီးထွက်သွားပါတယ် ။
နောက်တယောက်အလှည့် ပါ သေ သူမခင်ခင် အသက် ၃၅ ရန်ကုန်ကြံတော မှာမြုတ်ထားတာ ၃ နှစ် သူရဲက ရွှီးဆို ထွက်သွားပါတယ် ၊ရွှီးဆို ပြန်ဝင်လာပါတယ် လေချွန်သံကစပြောပါတယ် မဟုတ်ဘူး ၊သူတို့ကို ငါမသိဘူး၊ ငါ့အမျိုးတွေမဟုတ်ဘူးတဲ့၊ မေးရမယ့်သူတွေကမမေးရသေးဘူး ။ ပါလာတဲ့ မခင်ခင်ဆိုသူဝိဉာဏ်က စပြီး သူမသိကြောင်းငြင်းဆိုပါတယ်။
အဖွားက ဒါဆိုနာမည်တူ ပြီးမှားလာပြီ နောက်ထပ်အဲဒီနှစ်ကသေတဲ့ မခင်ခင် ကိုသွားပြန်ခေါ်ခဲ့ လို့အမိန့်ပေးလိုက်ရာ လေချွန်သံရွှီးဆို ပြန်ထွက်သွားပါတယ် ။
ခဏအကြာရွှီးဆိုပြီး ဟဲ့ မောင်ထွန်းဦး ငါ့တူမလေးကို ဘာလို့မခေါ်လာသလဲ အိမကို ငါအရမ်းပြောချင်နေတာ သူ့နဲ့ကြိုက်နေတဲ့ငရဲကို အကျင့်မကောင်းလို့ မဖြစ်စေချင်ဘူးလို့ပြောလိုက်နော် ။ ငါမရှိပေမယ့် သန်လျှင်က ဘုန်းကြီးကျောင်းမှာ ပဌာန်းပွဲ ဝတ်မပျက်စေနဲ့နော် စတာတွေပြောကြမေးကြ နဲ့ပေါ့။
ကျနော်သတိထားမိတာက သေ သူကို သွားခေါ်တဲ့သရဲဟာ သေ ဆုံးသူမြုတ်ထားတဲ့ဒေသ နီးရင်နီးသလို ဝေးရင်လဲဝေးသလို အချိန်အနည်းငယ်ကြာပါသည် ။ သေဆုံး သူကိုသွားခေါ်တဲ့သူရဲမှာလဲ သက်ဆိုင်ရာ သချိၤင်းရဲ့အုပ်ချုပ်ရေးမှူးဆီမှာ စာရင်းပြုထားသူထဲကရွေးချယ်ခေါ်ယူရပုံပေါ်ပါတယ်။သေဆုံးသူ နာမည်တူ နှစ်တူ မို့ လူမှားခေါ်လာမိတာတွေ့ရပါတယ်။( သေချာတာကတော့ သချိၤုင်းများတွင်လဲ သေ သူ မကျွတ်လွတ်၊ အနိမ့်ဘုံ ခံစား ၊ကျွတ်လွတ်၊လူဝင်စားစာရင်းရှိကြပါလိမ့်မည်။စကားချပ်)
နောက်တယောက် ဟုအဖွားက ခေါ်လိုက်ပါတယ် ။
ကျနော်တို့မေးရန်အလှည့်ပါ ၊ကျနော့်ဦးလေးမှ မင်းအမေ မင်းမေးလို့ ကျနော့်ကိုမေးခိုင်းပါတယ် ၊ခြေဖျားလက်ဖျားများအေးစက်လာပါတယ် ငါ့အမေနဲ့စကားပြောရတော့မှာပါလား အမေနဲ့ပြောရင် ငါရော ငိုမိမှာလား အတင်းပြေးဖက်လိုက်ရမလား ဇဝေဇဝါနဲ့ပါ ၊ 
သေ သူ ဒေါ်တင်ကြည် အသက် ၄၈ နှစ် ပျဉ်းမနားအောင်မင်္ဂလာသချိုင်းမှာ မြုတ်ထားတာ ၄ နှစ်ရှိပါပြီ
လို့မေးလိုက်ပါတယ်။
သရဲက ကိုယ့်နားလာနားထောင်နေတယ်လို့ စိတ်က ထင်နေမိပါတယ် ၊ရွှီးကနဲ့ထွက်ခွာသွားတာက ဘေးနားကဖြတ်သွားလိုက်သလိုပါဘဲ။ကြောက်လဲကြောက်ဇောချွေးတွေလဲပြန်လာပါတယ် ၊ရွှီးဆို ပြီးသူရဲကပြန်ဝင်လာပါတယ် ကိုယ့်ဘေးနားလာရပ်သလိုလို ပြန်ဝင်လာပြီး ကိုယ့်နားမှာအရှိန်သတ်ရပ်လိုက်လို့ လေတိုးဝှေ့သလိုခံစားလိုက်ရပါတယ်။အမေငါ့ကိုဘာပြောမလဲပေါ့ ပါးစပ်ကပိတ်စိနေပြီး ဘာပြောရမယ်မသိတော့ပါ ကိုယ့်အလှည့် နဖူးတွေ့ဒူးတွေ့. ရင်ဆိုင်ရပါပြီ။
ဒေါ်တင်ကြည် မရှိတော့ပါဘူး လူဝင်စားဖြစ်သွားပါပြီ
လို့ပြောပါတယ် ။ ဘယ်မှာလဲ ဘယ်သူ့ဆီမှာလဲ ဘေးက ကျနော့်ဦးလေးမှ မေးပါတယ် ၊ရန်ကုန်က ကိုဇော်မင်း (ကျနော့်အကို ဝမ်းကွဲ ဦးလေးရဲ့သား) ဆီမှာသရဲက လေချွန်ဖြေပါတယ် ၊ဘာလေးလဲ ၊မိန်းကလေး ၊နာမည်ဘယ်လိုခေါ်လဲ ဇွန်ပွင့် ဇွန်ပွင့် ရွှီး ဆို ပြန်ထွက်သွားပါတယ်။
ကျနော်တို့အလှည့်ပြီးတော့နောက်လူတွေဆက်မေးကြပါတယ်။ ကျနော်တို့အပြန်မှာ အံသြခြင်းတွေနဲ့ပါ အကိုဝမ်းကွဲဆီမှာ ကျနော့်အမေလူဝင်စားတယ်လေ ၊
အကိုကလည်း သူ့ကြီးကြီးကသူနဲ့လာနေမယ် လို့ အိမ်မက်ပေးကြောင်း လာနေပါကြီးကြီးလို့ခေါ်လိုက်တာ သူ့မိန်းမမှာ ကိုယ်ဝန်ရှိလာကြောင်း သမီးလေးဘဲမွေးဖွားလာပြီး နာမည်ကို ချစ်စနိုး ဇွန်ပွင့် လို့ပေးထားတာပါ၊
နတ်လေချွန်က အဲဒါတွေ ဘယ်လိုသိသလဲပေါ့ ၊ ကျနော်တို့အမျိုးတွေ ပြောစရာစကားပေါင်းများစွာနဲ့ အကို့ဆီမှာ လူဝင်စားတာကျနော့်အမေဖြစ်တာ မှန်ကြောင်းပြောရင်းပြန်ခဲ့ကြပါတယ်။
ဒီလောက်လေးတိုက်ဆိုင်တာနဲ့ယုံသလားမေးစရာရှိပါတယ် ။ကျနော့်ဦးလေးကအယုံအကြည်မရှိသူပါ
၈၈၈၈ အရေးအခင်းအပြီး ကျနော့်ဦးလေးက AE ရာထူးနှင့် ဝန်ထမ်းများအပြောင်းအရွှေ့လုပ်ကြရပါတယ်၊ပေါင်းတည်မြို့ဆောက်လုပ်ရေးရုံးကိုဝါးခယ်မမြို့ကပြောင်းလာခဲ့ရပါတယ်။ကျနော်တို့ပေါင်းတည်ရောက်ပြီး ၁ နှစ်လောက်အကြာ ၁၉၉၀ မှာ နောက်တကြိမ် မကြေပွဲ သွားမေးကြပါတယ် ။
၅ နှစ်ကြာပြီး အမေ့ကိုသွားမေးကြတာပါ၊ သရဲက ရွှီးလို့ အသံပေးပြီးဝင်လာပါတယ် မရှိတော့ဘူး လူဝင်စားဖြစ်သွားပြီ၊ ဘယ်မှာလဲ ဘယ်သူ့ဆီမှာလဲ ၊ကိုဇော်မင်းဆီမှာ ၊ဘာလေးလဲ ၊မိန်းကလေး ၊ နာမည်က ဘယ်သူလဲ ၊ဇွန်ပွင့် ဇွန်ပွင့်။
နောက် ၅ နှစ်ကြာပြီးလဲ နတ်လေချွန်ရဲ့ဖြေကြားမှူက ယခင်အတိုင်းပါဘဲ ။အထူးခြားဆုံးက ပထမတကြိမ်တုန်းကလို တူတဲ့အပြင် ကလေးနာမည်ကို ဇွန်ပွင့် ဇွန်ပွင့်လို့ ၂ ကြိမ်ထပ်ဖြေပေးတာလဲ မေးတဲ့ ၂ ခေါက်လုံး တူနေတာပါ။
ကျနော့်အမေလူဝင်စားတဲ့ ဇွန်ပွင့်လေးဟာ ခုအသက်၃၀ ကျော် ရှိနေပါပြီ။ သူကတော့ အရင်ဘဝကိုမမှတ်မိပါဘူး ၊ကျနော်တို့ရဲ့ နတ်လေချွန်သွားရောက်မေးမြန်းမှုက သိလာရတာပါ။
ရေးသားသူ - သက်နိုင်စိုး
Saturday, December 22, 2018
စစ်ဆင်ရေး နယ်မြေ များ မှ နာမ်လောကဆိုင်ရာ တွေ.ကြုံမှုများ - ၃ - Sein Win
(မမြင်စွမ်းအား၁မမြင်စွမ်းအား၁/ခတို့ကိုရေးတင်ပြီးနောက်ဖတ်ရှုကြသူစာဖတ်ပရိတ်သတ်အတော်များများ
 ရှိသလိုဆက်လက်ရေးသားတင်ပေးရန်လည်းအားပေးကြပါသည်၊မိမိကိုယ်တိုင်ကလည်း
မသေမီဘဝတစ်လျှောက်မိမိအမှန်တကယ်ကြုံတွေ့ခဲ့ဘူးသောအတွေ့အကြုံမှန်များ(အကောင်း/အဆိုး)ကို
မျိုးဆက်သစ်များသိရှိပြီးဆောင်ရန်/ရှောင်ရန်သင်္ခန်းစာယူနိုင်ကြရန်ရေးသားတင်ပေးရန်စိတ်ထက်သန်နေ
သဖြင့်ဤအပိုင်း(မမြင်စွမ်းအား၂)ကိုဆက်ရေးတင်ပေးလိုက်ပါသည်၊
မိမိတစ်ဦးထည်း၏အယူအဆအရ(မမြင်ရသောစွမ်းအားများ)
ဟုအမည်ပေးထားသော်လည်းဖြစ်စဉ်ဖြစ်ရပ်ပေါ်မူတည်ပြီးနားလည်တတ်ကျွမ်းသော
စာဖတ်သူများကသင့်တော်သည့်အမည်နာမကိုသတ်မှတ်တပ်ခေါ်နိုင်ပါသည်။မမြင်ရသော
စွမ်းအားများနှင့်ပတ်သက်သောအတွေ့အကြံများနှင့်ပတ်သက်ပြီးတပ်မတော်သား
ဘဝများနှင့်ဆက်စပ်နေသောကောင်းနိုးရာရာသင့်တော်သောအတွေ့အကြုံများကိုသာရေးတင်ပေးသွားပါမည် - မူရင်းစာရေးသူ )
မကျွတ်မလွတ်နိုင်သေးသောကျဆုံးတပ်မတော်သားများ
မိမိ၏စစ်မှုထမ်းသက်(၃၄)နှစ်အတွင်းပါဝင်ဆောင်ရွက်ခဲ့ရသောစစ်ဆင်ရေး/လုံခြုံရေးတာဝန်များအရ
ကိုယ်တိုင်မကျဆုံး/မသေဆုံးခဲ့ရသဖြင့်ကျဆုံး/သေဆုံးခဲ့ကြသောရဲဘော်ရဲဘက်တိုက်ဖေါ်တိုက်ဘက်များ၏ဖြစ်စဉ်များစွာနှင့်ကြုံတွေ့ခဲ့ရဘူးပါသည်၊
၁၉၇၅ခုနှစ်မိုးအကုန်ဆောင်းအကူးပွင့်လင်းရာသီအစကာလ မိမိတို့ရှေ့တန်းခလရ(၃)စစ်ကြောင်းဌာနချုပ်(၂)ခုနှင့်တပ်ခွဲ(၅)ခွဲသည် မူဆယ်/မုံးယု/နမ့်ပေါ်ဒေသ စစ်ဆင်ရေး/လုံခြုံရေး/နယ်မြေစိုးမိုးရေးတာဝန်များကိုထမ်းဆောင်နေကြပါသည်၊မိမိဦးစီးအမှတ်
(၂)တပ်ခွဲမှတပ်ခွဲရုံးတပ်စုသည်မုံးယုဒေသ(စ)တောင်ကုန်းစခန်းတွင်၎င်း၊ဗိုလ်အောင်သိန်းလင်းဦးစီး
တပ်စု(၁)စုသည်လွိုင်လုံကျန်စခန်းတွင်၎င်း၊ဒုဗိုလ်မောင်မောင်(တေဇ၁/ဗလအမှတ်၁၀၀)ဦးစီးတပ်စု
(၁)စုသည်မူတောင်းလုံစခန်းတွင်၎င်းအခြေပြုပြီးစစ်ဆင်ရေး/လုံခြုံရေးတာဝန်များထမ်းဆောင်နေကြပါသည်၊
ခွဲမှူး(ဗိုလ်မှူး)ဗိုလ်မှူးထွန်းရွှေ(စတသ-၁)ဦးစီးစစ်ကြောင်း
ဌာနချုပ်သည်(ပွိုင့်၄၅၆၁)စခန်တွင်အခြေပြုကွပ်ကဲပါသည်၊မူတောင်းလုံစခန်းနှင့်လွိုင်လုံကျန်စခန်းမျာတွင်
စဆရတွင်ရေသယ်/ရိက္ခာသယ်ရန် ထောက်/ပို့ ဝန်တင်တပ်မှ ဝန်တင်လား မြင်းအချို့နှင့်လား မြင်းထိန်းစစ်သည်(၂)ဦးစီတွဲဘက်ပေးထားပါသည်၊ထိုနေ့ကလားရှိုးမှမူဆယ်သို့ရိက္ခာပို့ယာဉ်တန်းလာပြီး၎င်း
ယာဉ်တန်းအပြန်တွင်မူတောင်လုံစခန်းမှဝန်တင်စစ်သည်နှစ်ဦးလားရှိုးဝန်တင်တပ်ရင်း
သို့ပြန်လည်လိုက်ပါသွားကြရန်ညှိနှိုင်းစီစဉ်ထားပါသည်၊၎င်းစစ်သည်နှစ်ဦးမနက်ပိုင်းတွင်
စခန်းအောက်ခြေမော်တော်ယာဉ်လမ်းဘေးတွင်မူဆယ်မှအပြန်ယာဉ်တန်းကိုဆင်းစောင့်နေခဲ့ကြသော်လည်း
ယာဉ်တန်းပြန်မလာသေးသဖြင့်စခန်းပေါ်သို့ပြန်တက်ထမင်းစားကြသည်၊၎င်းတို့(၂)ဦး
ထမင်းစားနေစဉ်မှာပင်ယာဉ်တန်းလားရှိုးသို့ဖြတ်ပြန်သွားသဖြင့်လားရှိုးသို့မပြန်ဖြစ်တော့ပဲ
မူတောင်းလုံစခန်းမှာပင်ဆက်ကျန်နေခံ့ပါသည်၊
တိုက်ဆိုင်လှစွာပင်၎င်းနေ့ညနေ(၁၆၀၀)နာရီအချိန်ခန့်တွင်ဗကပတို့ကမူတောင်းလုံစခန်း၏အရှေ့
ဘက်ကိုက်(၂၀၀၀)ခန့်အကွာ ဝင်းဖိုင်တောင် ကျောနှင့်ပေါင်မုံ့တောင်ကျောအဆက်နေရာကမူတောင်းလုံ စခန်းသို့(၈၂)မမစိန်ပြောင်းဖြင့်(၁၅)လုံးခန့်နှောက်ယှက်ပစ်ခတ်ခဲ့ပါသည်၊စခန်းမှစစ်သည်အားလုံးတပ်
အသင့်နေရာယူထားကြစဉ်ဗကပတို့၏စိန်ပြောင်းဗုံးသီး၁)လုံးသည်စခန်းပေါ်ရှိဝန်တင်တပ်
စစ်သည်နှစ်ဦးနေရာယူထားသည့်အမိုးပါခေါင်ကတုတ်ပစ်ကျင်းဝင်ပေါက်တည့်တည့်ကျရောက်ပေါက်
ကွဲရာဗုံးစများထိမှန်ပြီးထိုဝန်တင်တပ်စစ်သည်(၂)ဦးစလုံးခေါင်ကတုတ်ပစ်ကျင်းအတွင်းရရှိဒဏ်ရာ
များဖြင့်နေရာတွင်ပင်ကျဆုံးသွားခဲ့ကြပါသည်၊
ပစ်ခတ်မှုစကထည်းကပင်မိမိတပ်ခွဲရုံးနှင့်ဆသရစက်အဆက်အသွယ်ရရှိနေသော်လည်းမည်သို့မျှမ
တတ်နိုင်တော့ပါ၊ရန်သူမှာလည်းနှောက်ယှက်ပစ်ခတ်ပြီးသည်နှင့်ဝင်းဖိုင်တောင်ကျောဘက်သို့
ဆုတ်ခွါသွားခဲ့ပါသည်၊အခြေအနေအရပ်ရပ်ကိုစီစစ်သိရှိရပြီးနောက်စခန်းတပ်စုမှူးတင်ပြသည့်အ
တိုင်းကျဆုံးစစ်သည်နှစ်ဦး၏ရုပ်အလောင်းများကိုစခန်းအနီးသင့်တော်သည့်နေရာတွင်ပင်စစ်အခမ်းအနားဖြင့်
အမိန့်ပြန်မြှုပ်နှံသင်္ဂြိုလ်ရန်မိမိခွင့်ပြုလိုက်ပါသည်၊ဖြစ်စဉ်အခြေအနေအရပ်ရပ်ကိုစစ်ကြောင်း(၂)ဌာနချုပ်သို့
တရားဝင်ကနဖြင့်မိမိတင်ပြလိုက်ပါသည်။
နောက်တစ်ရက်ခြားနံက်ပုံမှန်စက်ပေါ်ချိန်တွင်မူတောင်းလုံစခန်မှူးဒုဗိုလ်မောင်မောင်ကတင်ပြလာပါသည်၊
လွန်ခဲ့သည့်နှစ်ညလုံးစခန်းရှိစစ်သည်အားလုံးလုံးဝမအိပ်ရပါကြောင်း၊ကျဆုံးစစ်သည်(၂)ဦး
ဟုယူဆရသောမမြင်ရသည့်စွမ်းအားများကတာဝန်ကျကင်းသမားကိုခဲနှင့်ပေါက်၊တပ်အသင့်နေရာ
ယူထားစဉ်လိုက်လံစစ်ဆေးသောတပ်စုမှူးနှင့်တပ်စုတပ်ကြပ်ကြီးတို့ကိုဆသရမြောင်းထဲဆွဲချတဲအတွင်း
အိပ်နေသောစစ်သည်အဆင့်အတန်းအားလုံးကိုအိပ်ယာနေရာမှတဲအပြင်ရောက်သည်အထိဆွဲထုတ် စသည်ဖြင့်ခြောက်လှန့်နှောက်ယှက်နေသဖြင့်စခန်းကုန်းနှစ်ကုန်းစလုံးမှစစ်သည်အားလုံးအိပ်မရ နေမရကင်းစောင့်မရဖြစ်နေရပါကြောင်း၊သတင်းပို့လာပါသည်၊မိမိကယခုပင်မိမိလာခဲ့မည်ဟုပြန်ပြောပြီး
မူတောင်းလုံစခန်းအခြေအနေနှင့်စခန်းသို့ယခုပင်မိမိသွားစစ်ဆေးပြီးလိုအပ်သည်များဆောင်
ရွက်ပါမည်ဟုစစ်ကြောင်း(၂)မှူးထံသတင်းပို့ခွင့်တောင်ခံလိုက်ပါသည်၊စစ်ကြောင်းမှူးကသူပါ
လိုက်မည်စောင့်ခေါ်ပါ ဟုပြန်ကြားသဖြင့်စစ်ကြောင်းမှူးကိုပါစောင့်ခေါ်ပြီး မူတောင်းလုံစခန်း သို့ထွက်ခွါခဲ့ကြပါသည်။
မူတောင်းလုံစခန်း၏အနေအထားမှာမူတောင်းလုံရွာ၏အနောက်ဘက်တည့်တည့်ကိုက်(၁၀၀)ခန့်အကွာ
လားရှိုး/မူဆယ်ကားလမ်းဘေးတောင်ကုန်းအမြင့်ပေါ်တွင်ရှိနေပြီးကားလမ်းမှစခန်းထိပ်
အထိခြေလျင်မိနစ်(၂၀)ခန့်တက်ရပါသည်၊စခန်းထိပ်ရောက်ရောက်ချင်းကုန်းတွင်တပ်စုရုံးနှင်စိတ်
(၂)စိတ်၊ကိုက်(၃၀)ဆယ်ခန့်အကွာအနိမ့်ပိုင်းကျောလေးဆက်လျှက်နောက်ကုန်းတွင်တပ်စိတ်(၁)စိတ်နေ
ရာချထားပါသည်၊ကုန်း(၂)ကုန်းစလုံးကိုခြုံ၍ဆက်ပြီးသွတ်ဆူးကြိုး(၂)ထပ်အပြင်ဘက်
ဝါးခြံစည်းရိုး(၁)ထပ်ကာရံထားပါသည်၊စခန်းပေါ်ရောက်ရောက်ချင်းမှာပင်စစ်ကြောင်းမှူးက
"ဗိုလ်မောင်မောင်ရဲဘော်တွေရဲ့
အလောင်းတွေဘယ်မှာမင်းမြှုပ်ထားသလဲ"ဟုမေးပြီးစစ်သည်(၂)ဦး၏ရုပ်အလောင်းများမြှုပ်နှံထားသည့်သင်္ဂြိုင်းမြေပုံနှစ်ပုံကိုသွားကြည့်ကြပါသည်၊တွေ့ပါပြီ၊ကျဆုံးစစ်သည်နှစ်ဦးစလုံးကိုစခန်းကုန်းနှစ်ကုန်းကြားအ
နိမ့်ပိုင်းကျောဆက်ငယ်၏မြောက်ဘက်ဘေးစခန်းခြံစည်းရိုးနှင့်ကပ်လျှက်စခန်းခြံစည်းရိုးအ
တွင်းတွင်အရှေ့အနောက်ယှဉ်၍မြှပ်နှံသင်္ဂြိုလ်ထားကြောင်းတွေ့ရပါသည်၊ချက်ချင်းလိုလိုပင်စစ်ကြောင်းမှူးက
"မင်းတို့ကငယ်သေးလို့မသိကြနားမလည်ကြသေးဘူး၊ကျဆုံးစစ်သည်ကိုဘယ်တော့မှတပ်ြ
ခံစည်းရိုးအတွင်းမှာမမြှုပ်နှံမသင်္ဂြိုလ်ရဘူး၊ဘယ်လောက်အမိန့်ပြန်ပြန်သူတို့ဝိဉာဉ်ကတပ်ခြံစည်းရိုး
ကိုကျော်ထွက်ဖြတ်ထွက်လို့မရဘူး၊ဒါ့ကြောင့်မင်းတို့ကိုညကအသိပေးနေကြပြနေကြတာကွ၊
အခုမြေပုံတွေကိုခြံစည်းရိုးအပြင်ရောက်အောင်ပြင်ပြီး
ခတ်လိုက်ကြ၊တပ်ခွဲမှူးမင်းကအမိန့်ပြန်တမ်းရေးပြီအမိန့်ထပ်ပြန်လိုက်၊သေနတ်(၁၀)ချက်
ပစ်ပြီးအမိန်ပေးလိုက်ပါ"ဟုညွှန်ကြားပါသည်၊မိမိတို့ချက်ချင်းလိုက်နာအကောင်အထည်ဖေါ်လိုက်
ကြပါသည်၊မိမိတို့မူတောင်းလုံစခန်းမှပြန်လာခဲ့ကြပါသည်၊ထိုနေ့ညအပါအဝင်ဘယ်တော့မှထပ်မဖြစ်တော့ပါ၊
ကျဆုံးစစ်သည်(၂)ဦးစလုံးမှာချင်းတိုင်းရင်းသားခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါသည်၊သတိထားဆက်
စပ်စဉ်းစားသင်္ခန်းစာယူနိုင်ကြပါစေ။
အသံဖြင့် ကယ်တင်ခြင်း 
မိမိသည်တပ်မတော်သားအရာရှိတစ်ဦးအနေဖြင့်တာဝန်ထမ်းဆောင်လာချိန်တိုးမြင့်လာသည်နှင့်အမျှ မမြင်ရသောစွမ်းအားများနှင့်တွေ့ကြုံရသည့်အတွ့အကြုံများတစ်ဖြေးဖြေးတိုးလာသလိုထိုအတွေ့
အကြုံများမှာလည်းပိုမိုလေးနက်ထိရောက်လာသည်ဟုပင်အကဲဖြတ်ရပါမည်၊ယခုအပိုင်းတွင်တပ်
မတော်ခြေမြန်တပ်ရင်းတစ်ရင်းတွင်တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေစဉ်အတွေ့အကြုံကိုရေးတင်ပါမည် မူရင်း စာရေးသူ )မမြင်ရသော အသံရှင် ၏ ကယ်တင်မှု
၁၉၈၉ခုနှစ်အောက်တိုဘာလအတွင်းကရင်ပြည်နယ်မော်ဖိုးကေမဲလဒေသဝင်းစောချောင်းမြောက်ခြမ်းဒေသ
တွင်ရှေ့တန်းခမရ(၁၀၄)ဒုတပ်ရင်းမှူး/စစ်ကြောင်း(၂)မှူးအဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာပင် ကကထူးအမိန့်အရတမခ(၃၃)ကွပ်ကဲမှုအောက်ခမရ(၁၆)သို့ယာယီတပ်ရင်းမှူးတာဝန်တိုးမြှင့်ခန့်အပ်
ခံရပါသည်၊ထိုအချိန်ကတမခ(၃၃)မှနဗဟကွပ်ကဲမှုအဖွဲ့တစ်ခုနှင့်တပ်ရင်း(၃)ရင်းသည်ရှေ့တန်း
တမခ(၄၄)စစ်ဆင်ရေးကွပ်ကဲမှုအောက်ကော့ကရိတ်မြဝတီဒေသတွင်စစ်ဆင်ရေးတာဝန်များ
လာရောက်ထမ်းဆောင်နေရချိန်လည်းဖြစ်ပါသည်၊
နယ်စပ်ဒေသကေအင်ယူသောင်းကျန်းသူအခိုင်အမာစခန်းများကိုမိမိတပ်မတော်စစ်ကြောင်းများ
အရှိန်အဟုန်နှင့်ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်နေချိန်ဖြစ်ပါသည်၊တမခ(၃၃)မှနဗဟ(၃၃၂)နှင့်မိမိ
တို့ခမရ(၁၆)၊ခလရ(၄)၊ခလရ(၁၃)တပ်ရင်း(၃)ရင်းပါစစ်ကြောင်းဖြင့်မြန်မာထိုင်းနယ်စပ်ဒေသကေအင်
ယူသေဘောဘိုးစခန်းကြီးကို၁၉၉၀ခုနှစ်ဇန်နဝါရီလ(၂၄)ရက်နေ့တွင်အောင်အောင်မြင်မြင်
တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ဆက်လက်ဆောင်ရွက်ကြရမည့်ကေအင်ယူဝေါလေထုတ်လုပ်ရေး
စခန်းကြီးအားတိုက်ခိုက်သိမ်းပိုက်ရန်စုဖွဲ့ပြင်ဆင်ဖြည့်တင်းမှုစီမံမှုများပြုလုပ်ကြပါသည်၊စစ်ဆင်ရေးသတင်း
လုံခြုံမှုတော့လုံးဝမရှိတော့ပဲကေအင်ယူတို့ကလည်းသေဘောဘိုးစခန်းအားသိမ်းပြီးလျှင်ဝေါလေစခန်းကြီးကို
မိမိတပ်များဆက်လက်တိုက်ခိုက်သိမ်းပိုက်ကြတော့မည်ကိုတွက်ဆသိမြင်ပြီးဖြစ်သဖြင့်ဝေါလေ
စခန်းမကျနိုင်ရေးအတွက်လုံခြုံရေးအစီအမံများကိုအချိန်ယူပြင်ဆင်စီမံတည်ဆောက်ထားပြီးဖြစ်နေပါသည်၊
တစ်ဖက်နိုင်ခံမှ ဘက်ဟိုး ဘူဒိုဇာ စက်ယန္တယားများကိုပါခေါ်ယူပြီးခံစစ်တည်ဆောက်ထားကြပါသည်။
နဗဟ(၃၃၂)ကွပ်ကဲမှုအဖွဲ့၊မိမိတို့စစ်ဆင်ရေးတပ်ရင်း(၃)ရင်းနှင့်အကူပစ်(၁၂၀)မမစိန်ပြောင်းကြီးတပ်စု
၊စစ်မြေပြင်အင်ဂျင်နီယာတပ်စုတို့ပါဝင်ဖွဲ့စည်းထားသောကေအင်ယူဝေါလေစခန်းတိုက်ခိုက်
သိမ်းပိုက်ရေးစစ်ကြောင်းသည်စစ်ဆင်ရေးစီမံချက်ပါအတိုင်း၁၉၉ဝပြည့်နှစ်ဇန်နဝါရီလ(၃)ရက်နေ့နံက်
တွင်စုရပ်သေဘောဘိုးစခန်းမှစတင်ထွက်ခွါကြပါသည်၊ယခုစီမံချက်တွင်မိမိဦး
စီးသောရှေ့တန်းခမရ(၁၆)ကအဓိကချေမှုန်းတိုက်ခိုက်ရေးတာဝန်၊ရှေ့တန်းခလရ(၄)တပ်ရင်း
ကယောင်ပြတိုက်
ခိုက်ရေးစစ်ကြောင်းတာဝန်နဗဟ(၃၃၂)နှင့်ရှေ့တန်းခလရ(၁၃)တို့ကကွပ်ကဲမှု၊လုံခြုံရေးနှင့်အရံစစ်ကြောင်း
တာဝန်များသတ်မှတ်ခွဲဝေပေးထားခဲ့ပါသည်၊မိမိဦးစီးရှေ့တန်းခမရ(၁၆)တပ်ရင်းတစ်ရင်းလုံးပါအဓိကချေ
မှုန်းရေးစစ်ကြောင်းသည်လမ်းခရီးတွင်ဆီးကြိုနှောက်ယှက်တားဆီးသောရန်သူ့အင်အားစုငယ်များအား(၃)နေ
ရာတွင်ရှင်းလင်းတိုက်ခိုက်ခဲ့ပြီးနောက်ဆက်လက်ရှင်းလင်းချီတက်ခဲ့ကြရာဖေဖေါ်ဝါရီလ(၁)
ရက်နေ့နံက်(၁၀၀၀)နာရီချိန်ခန့်တွင်ကေအင်ယူဝေါလေထုတ်လုပ်ရေးစခန်း၏အနောက်မြောက်ဘက်
(၂)မိုင်ခန့်အကွာရှိထိသဲလေးရွာပျက်အပေါ်တောင်ကြောသို့ရောက်
ရှိရှင်လင်းခဲ့ကြပါသည်၊တပ်ရင်းတစ်ရင်းလုံးရွာပျက်တစ်ဝိုက်ဖြန့်ရှင်းလင်းပြီးခေတ္တအခြေပြုလိုက်ပါသည်။
ယမန်နေ့ညကမချက်စားနိုင်ခဲ့သောညစာ၊ယနေ့မနက်စာညစာပေါင်း(၃)နပ်စာထမင်းကိုတစ်နာရီအတွင်း
အပြီးချက်ကြစားကြရန်၊လုံခြုံရေးအတွက်အနီးကပ်ကင်းများအပြင်ကင်းရှည်များကိုလည်း
တပ်စုလိုက်ကိုက်(၂၀၀)အထိထုတ်ကြရန်၊လူနှင့်လက်နက်များလုံးဝခွဲမနေရန်၊အော်ဟစ်ပြောဆိုခြင်း
လုံးဝမပြုကြရန်တပ်ရင်းတပ်ရင်းလုံးသို့ညွှန်ကြားလိုက်နာဆောင်ရွက်စေခဲ့ပါသည်၊ထိသဲလေးရွာ ပျက်ဘေး အရှေ့အနောက်သွယ်တန်းနေသောရေချောင်းငယ်လေးအတွင်းမိမိတပ်ရင်းစစ်ကြောင်းမှစစ်သည်အားလုံး
တိုးတိုးတိတ်တိတ်ပင်မီးခိုးတစ်လူလူနှင့်(၃)နပ်စာထမင်းစချက်ကြပါတော့သည်၊မိမိကိုယ်
တိုင်လည်း(၂)ရက်မချွတ်ရသေးသောတောစီးဘိနပ်ကိုချွတ်အကူရဲဘော်လာပေးသောညှပ်ဘိ
နပ်ကိုစီးခြေထောက်ရေဆေး၊ချောင်းလေးဘေးတွင်ထိုင်ပြီးဆက်သွားရမည့်ခရီးဆက်လုပ်
ရမည့်အလုပ်အတွက်မြေပုံကြည့် ချီတက်ချည်းကပ်ရမည့်လမ်းရွေးချယ် စီမံစဉ်းစားနေလိုက်ပါသည်၊
ထိုအချိန်တွင်မိမိနားအနားကပ်ပြီး"ခုချက်ချင်းဒီနေရာကအမြန်ထွက်၊ထွက်ကြ"ဟူသည့်သတိပေးသံ
 ကိုကြားလိုက်ရပြီးထတော့၊အမြန်ထွက်တော့၊အားလုံးအမြန်ထွက်တော့၊ဟုထပ်ထပ်ကြားလိုက်
ရပါသည်၊မိမိဘေးတွင်ယခုကဲ့သို့လာသတိပေးပြောနေသူတစ်ဦးတစ်ယောက်မျှမရှိပါ၊မတွေ့ပါ၊
မိမိချက်ချင်းပင်နေရာကအမြန်ထလိုက်ပြီးအသံကျယ်ကျယ်နှင့်ပင်"ရဲဘော်တွေချက်ပြုတ်
တာတွေချက်ချင်းရပ်၊ဒီနေရာကခုချက်ချင်းထွက်မယ်၊ကြားသူတွေဆက်ပြောကြ"ဟုထပ်တစ်လဲလဲပင်အော်
ဟစ်အမိန့်ပေးလိုက်ပါသည်၊ကိုယ်တိုင်လည်းစစ်သည်များချက်ပြုတ်နေရာသို့သွားပြီး
"ဘာမျှပြန်မပြောပြန်မမေးကြနဲ့ချက်ချင်းပစ္စည်းတွေသိမ်း၊အနီးဆုံးနေရာတောင်ကြောတောတွင်းကိုမြန်မြန်
တက်ကြ"ရန်လိုက်ပြောစေ့ဆော်လိုက်ပါသည်၊
စစ်သည်များအနေဖြင့်ထမင်းချက်ဘို့အချိန်ပေးထားတာ(၁)နာရီအခု(၃၀)မိနစ်တောင်မပြည့်သေးဘူး၊
ပစ်သံခတ်သံလည်းဘာမျှမကြားသေးဘူး၊ဒို့တပ်ရင်းမှူးဘာဖြစ်သွားသလဲမသိဘူး၊ဆိုသောသဘောဖြင့်
မိမိအားကြည့်ကြသော်လည်းစစ်သားတွေပီပီအမိန့်အတိုင်းချက်ချင်းလိုက်နာကြပါသည်၊
ချက်လက်စထမင်းအိုးဟန်းဂေါများကိုဆွဲယူ
၊လက်နက်များကိုဆွဲကိုင်၊မန်းကတန်းတိုးလိုး
တွဲလောင်းပုံစံမျိုးဖြင့်ချောင်းမြောက်ဘက်ကမ်းတောင်ကြောတောထဲသို့အပြေးအလွှားတက်ကြပါသည်၊နောက်
ဆုံးတပ်စုနှင့်မိမိလည်းတောင်ကြောပေါ်တက်ခဲ့ပါသည်၊ချောင်းရိုးတစ်လျှောက်မီးဖိုများမီးမငြိမ်းသတ်နိုင်
ခဲ့ကြသဖြင့်မီးခိုးတစ်လူလူနှင့်ကျန်ခဲ့ပါသည်၊(၁၅/၂၀)မိနစ်အတွင်းမိမိတပ်ရင်းတစ်ရင်းလုံးစစ်ဆင်ရေးဝန်
ထမ်းများပါအပါအဝင်ရွာဘေးချောင်းငယ်အတွင်းမှချောင်းဘေးတောင်ကြောတောတွင်းသို့အရောက်တက်ခဲ့ကြ
ပါသည်။
တောင်ကြောတောတွင်းသို့အားလုံးရောက်ရှိပြန်လည်စုဖွဲ့နေစဉ်မှာပင် မကြာလိုက်သောအချိန်အတွင်း ထိသဲလေးရွာပျက်၏အနောက်တည့်တည့်ကိုက်(၂၀၀၀)ခန့်အကွာမှပစ်လိုက်သောစိန်ပြောင်းကြီး
ပစ်သံပြောင်းထွက်သံတစ်ချက်ကြားလိုက်ရပါသည်၊မကြာမီစက္ကန့်ပိုင်းအတွင်းမိမိစစ်သည်များထမင်း
ချက်ခဲ့သောချောင်းအတွင်းစိန်ပြောင်းဗုံးသီးကျကွဲသည်ကိုကြားရမြင်လိုက်ရပါသည်၊ထို့နောက်
စိန်ပြောင်းပစ်သံများဆက်တိုက်ဆက်ကြားရသလိုစိန်ပြောင်းဗုံးသီးများချောင်းရိုးတစ်လျှေက်ဖြန့်ခွဲ
ကျရောက်ပေါက်ကွဲနေကြပါသည်၊ရန်သူများမိမိတို့တပ်ရင်းထမင်းချက်၍ထွက်ပေါ်လာသောမီးခိုးတန်း
များကိုပစ်မှတ်ထားပြီး(၈၂)မမမစိန်ပြောင်းဖြင့်ဖြင့်ခွင့်ကြုံနှောက်ယှက်ပစ်ကြပါပြီ၊မိမိအမိန့်ပေးရန်
ပင်မလိုတော့ပဲရန်သူ့စိန်ပြောင်းဗုံးသီး(၁၆)လုံးပစ်ပြီးချိန်တွင်မိမိတပ်ရင်း(၈၁)မမစိန်ပြောင်းတပ်စုမှစိန်ပြောင်း
(၂)လက်ချက်ချင်းနေရာချပြီးရန်သူ့နေရာကိုခန့်မှန်းတွက်ချက်၍ရန်သူကိုတန်ပြန်ပစ်နိုင်ပါပြီ၊ရန်သူမှ
စုစုပေါင်း(၈၂)မမစိန်ပြောင်းဖြင့်(၂၄)လုံးပစ်သွားပါသည်၊စိန်ပြောင်းဗုံးသီးအားလုံးရွာ
ပျက်ဘေးရေချောင်းငယ်တစ်လျှောက်ကျရောက်ပေါက်ကွဲကြပါသည်၊မိမိနှင့်မိမိ၏အရာရှိစစ်သည်
များရေချောင်းငယ်အတွင်းဆက်ရှိနေပါက
အကာအကွယ်မဲ့စွာရန်သူ့ပစ်ခတ်မှုအောက်အတုံးအရုံးပင်ထိခိုက်ကျဆုံးဒဏ်ရာရကြမည်မှမလွဲဧကန်ဖြစ်မှာပါ၊
ယခုတော့"မမြင်ရသည့်စွမ်းအားရှင်၏ကူညီစောင့်ရှောက်သတိပေးလုံ့ဆော်မှု"ကြောင့်ရန်သူ၏ဤပစ်ခတ်
မှုတွင်မိမိနှင့်မိမိတပ်ရင်းမှအရာရှိစစ်သည်များစစ်ဆင်ရေးဝန်ထမ်းများတစ်ဦးတစ်ယောက်
မျှထိခိုက်ဒဏ်ရာရရှိမှုမဖြစ်ခဲ့ပါ၊
အပြန်အလှန်ပစ်ခတ်နေစဉ်ကြားဖြတ်ဖမ်းယူရရှိသောသတင်းအရရန်သူက"မိမိတို့စစ်ကြောင်း
ထမင်းများချက်ပြုတ်နေစဉ်အလစ်အငိုက်တွင်ထိထိရောက်ရောက်(၂၄)လုံးပစ်ခတ်ခဲ့ကြောင်း၊မိမိတပ်ဖွဲ့
ဝင်အများအပြားထိခိုက်ကျဆုံးဒဏ်ရာရသွားမည်ဟုယူဆကြောင်း၊မိမိစစ်ကြောင်းကပြန်ပစ်နေပြီဖြစ်ကြောင်း၊
အနားတွင်လာကျနေပြီဖြစ်ကြောင်း
အပစ်ရပ်ပြီးပြန်ထွက်လာတော့မည်ဖြစ်ကြောင်း"ရန်သူစက်အချင်းချင်းပြောနေသည်ကိုသိခဲ့ရပါသည်။
Post တွင်ထည့်သွင်းအသုံးပြုထားသော ပုံများမှာ ယခုဖြစ်ရပ်များနှင့် သက်ဆိုင်ခြင်း မရှိပဲ သင့်တော်ရာ ပုံများသုံးထားခြင်းသာဖြစ်ပါသည် ။
မူရင်းရေးသားသူ
ဆက်စပ်ဖတ်ရှုရန်