Showing posts with label သမိုင်းဆိုင်ရာ လေ.လာမိသမျှ (၀ါးခယ်မ ). Show all posts
Showing posts with label သမိုင်းဆိုင်ရာ လေ.လာမိသမျှ (၀ါးခယ်မ ). Show all posts
Monday, April 17, 2017
ရွှေခယ်​သင်္ကြန်​ကိုတရက်​တိုး​စေခဲ့ကြသူများ - မြင့်သန်းဦး ( ၀ါးခယ်မ )
၁၀၂ ကြိမ်မြောက် ရေသပ္ပါယ်ပွဲ
ပြန်​တွက်​စစ်​​တော့ နှစ်​​ပေါင်း၄၈နှစ်​တိတိကြာခဲ့ပါပြီ။
ဟိုးအရင်​နှစ်​​ပေါင်းများစွာကစပြီး ဝါးခယ်​မမြို့မှာသင်္ကြန်​ပွဲ​တော်​ရဲ့​နောက်​ဆုံး​နေ့ဖြစ်​တဲ့သင်္ကြန်​အတက်​​နေ့တိုင်းမှာ အာရုံခံဝတ်​အသင်းကြီးကကြီးမှူးပြီး နံနက်​၁၀နာရီ​လောက်​ကစပြီး သကျမဟာသိရီဘုရားကြီးကိုမြို့လုံးကျွတ်​​ရေသပ္ပါယ်​တဲ့ပွဲကိုကျင်းပလာခဲ့ပါတယ်​၊။
ကန္နားလမ်းလွတ်​လပ်​​ရေး​ကျောက်​တိုင်​​ရှေ့မှာမီးသတ်​တပ်​ဖွဲ့က ​ရေစည်​ကြီး​တွေချ ​မြစ်​ထဲက​ရေကိုပိုက်​​တွေနဲ့စုတ်​ဖြည့်​​ပေးပြီး မြို့သူမြို့သား လူကြီးလူငယ်​အိုအိုပျိုပျိုမ​ရွေး ​ရေပုံး​ရေထမ်း​ခေါင်းရွက်​အိုး​တွေကိုယ်​စီနဲ့ ဘုရားကြီးလမ်းတ​လျှောက်​သယ်​ယူပြီး ဘုရားကြီးကို​ရေသပ္ပါယ်​ခဲ့ကြပြီး လမ်းတ​လျှောက်​မှာ​ရေကစားကြတဲ့ အစဉ်​အလာဟာခုထိ စွဲစွဲမြဲမြဲဆင်​နွှဲလာခဲ့ကြတာ ​ရွှေခယ်​မြို့ရဲ့ချစ်​စရာကြည်​နူးစရာပွဲ​တော်​တခုပါ၊ ဒီ​နေ့မှာ အနယ်​နယ်​အရပ်​ရပ်​ကို​ရောက်​​နေကြတဲ့ဝါးခယ်​မသူ/သားများကလည်း ရည်​ရွယ်​ချက်​ရှိရှိပြန်​လာကြပြီးပါဝင်​ဆင်​နွှဲ​လေ့ရှိကြတဲ့အထိ သြဇာကြီးမားတဲ့ပွဲ​တော်​တခုဖြစ်​​နေခဲ့ပါပြီ။
၁၉၆၉ခုနှစ်​မှာ​တော့ ထူးခြားမှုတခုဖြစ်​လာပါတယ်​။
အာရုံခံဝတ်​အသင်းက ဘုရားကြီး​ရေသပ္ပါယ်​ပွဲမှာ ​ရေကစားကြတာ​ကြောင့်​အမျိုးသမီးများလုံချည်​​ရေစိုနဲ့ဘုရားကြီးနတ်​လမ်းထဲဝင်​တာဟာ မသင့်​​တော်​ဘူး၊ သြဝါဒါစရိယဆရာ​တော်​များကလည်းမနှစ်​မြို့ကြဘူး၊ ဒါ​ကြောင့်​ ဘုရားကြီး​ရေသပ္ပါယ်​ပွဲကို သင်္ကြန်​အပြီးနှစ်​ဆန်း(၁)ရက်​​နေ့ကြမှကျင်းပမယ်​လို့​အသံချဲ့စက်​နဲ့လှည့်​လည်​​ကြေညာပါတယ်​။
မြို့လူထု(အထူးသဖြင့်​)လူငယ်​​တွေက မ​ကျေနပ်​ကြဘူး၊ တကယ်​​တော့ ​ရေသပ္ပါယ်​ပွဲမှာ ​ပျော်​​ပျော်​ပါးပါး​ရေကစားကြတာဟာ ဝါးခယ်​မမြို့ရဲ့ဂန္တ၀င်​ယဉ်​​ကျေးမှုတရပ်​ဖြစ်​​နေခဲ့ပါပြီ၊ ကတ္တရာခင်းထားတဲ့လမ်းမကြီးဟာလည်း ​ရေကစားကြမှ ​ရေ​တွေနဲ့စိုရွှဲ​နေမှ ဘိနပ်​မစီးဘဲပါဝင်​ဆင်​နွှဲကြသူ​တွေဟာလည်း အပူဒဏ်​ကိုခံနှိုင်​ပြီး ​ပျော်​​ပျော်​ပါးပါးဆင်​နွှဲနှိုင်​ကြမှာပါ။
ဒါ့​ကြောင့်​၁၉၆၈ခုနှစ်​၁၀တန်း​အောင်​ပြီးတက္ကသိုလ်​ပထမနှစ်​တက်​​ရောက်​​နေတဲ့(သင်္ကြန်​ပိတ်​ရက်​ဟာ၁၉၆၉နှစ်​ဧပြီလပါ)​ကျောင်းသူ/​ကျောင်းသားများစု​ပေါင်းပြီး မုန့်​လုံး​ရေ​ပေါ်​ကျွေးဘို့ စတုဒိသာမဏ္ဌပ်​​ထိုး​နေတုန်း ဒီ​ကြေညာချက်​ကို အမျိုးမျိုး​ဝေဖန်​​ဆွေး​နွေးပြီး ကျွန်​​တော်​ကိုယ်​တိုင်​ဦး​ဆောင်​တဲ့​ကျောင်းသားအဖွဲ့ဟာ ဘုရားကြီးထဲမှာရှိတဲ့ အာရုံခံဝတ်​၀တ်​အသင်းဆီ ချီတက်​ပြီး ဥက္ကဌဦး​အေး​မောင်​နဲ့​အ​ကြေအလည်​​ဆွေး​နွေးကြပါ​တော့တယ်​၊ ​ရေကစားတာကိုခွင့်​ပြုသင့်​​ကြောင်း အထက်​မှာ​ဖော်​ပြခဲ့တဲ့အတိုင်း ကျိး​ကြောင်းဆီ​လျော်​စွာရှင်းပြခွင့်​​တောင်း​ပေမဲ့ ခွင့်​မပြုနှိုင်​​ကြောင်းသာ အ​ဖြေရခဲ့ပါတယ်​၊ အ​ခြေအ​နေက​တော့ လိပ်​ခဲတင်းလျဉ်းပါပဲ။
နှစ်​ဆန်း(၁)ရက်​​နေ့​ရောက်​ပါပြီ။
နံနက်​(၉)နာရီ​လောက်​ကတည်းက အာရုံခံဝတ်​အသင်းဥက္ကဌဦး​အေး​မောင်​ဟာ ​နောက်​လိုက်​​နောက်​ပါတစုခြံရံပြီး ဘုရားကြီးလမ်းတ​လျှောက်​ဆိုက္ကား​ပေါ်အသံချဲ့စက်​တင်​ပြီး စုံချည်​ဆန်​ချည်​ပဲ"မဟာသင်္ကြန်​ဟာ မ​နေ့ကအတက်​​နေ့ဘယ်​အချိန်​မှာ ကုန်​ဆုံးပြီဖြစ်​လို့ ​ရေကစားခွင့်​မပြုနှိုင်​​ကြောင်း" လူးလား​ခေါက်​တုံ​ကြေညာ​နေပါ​တော့တယ်​။
နံနက်​(၁၀)နာရီမှာ ​ရေသပ္ပါယ်​ပွဲစပါပြီ။
ရေသယ်​တဲ့အမျိုးသမီး အမျိုးသား​တွေဟာ ဘိနပ်​မပါ ​ပေူထဲ ကတ္တရာလမ်းပူပူကြီး​ပေါ်မှာ ကသိက​အောက်​သယ်​ယူပြီး​ရေသပ္ပါယ်​​နေကြရတာကို စိတ်​မချမ်းသာစွာ ​တွေ့​နေကြရပါတယ်​၊ တချို့ကလည်းဘုရားကြီးလမ်းတ​လျှောက်​ ​သွေးတိုးစမ်းပြီး စတိသ​ဘော​ရေပက်​​ကြည့်​ပါတယ်​၊ အပက်​ခံသူများကလည်း အပူသက်​သာလို့​ကျေနပ်​ကြပါတယ်​။
တချို့ကလည်းကျွန်တော့်တို့ကျောင်းသားတွေရဲ့အရိပ်အခြေကိုအကဲခတ်​လို့​ပေါ့။
အဲဒီအချိန်​မှာ ဦး​လေးဦး​အေး​မောင်​ကလည်း အသံချဲ့စက်​နဲ့​ဒေါသတကြီး​အော်​​နေတုန်းပါပဲ၊ အဲဒီအသံချဲ့စက်​ စတုဒိသာမဏ္ဌပ်​​ရှေ့အ​ရောက်​မှာ မထင်​မှတ်​ဘဲ ​ကျောင်းသားတ​ယောက်​က ​ရေဖလားနဲ့ဦး​အေး​မောင်​ဆီ​လျှောက်​သွားပြီး"ဦး​လေး ကန်​​တော့ကန်​​တော့"ဆိုပြီး ဦး​အေး​မောင်​ကို​ရေ​လောင်းချလိုက်​ပါ​တော့တယ်​။(​ခေါင်​ဖြိုတဲ့သ​ဘော​ပေါ့)
"​ဟေး"ဆိုတဲ့အသံကြီး ပြိုင်​တူ​ပေါ်လာပြီး သြဘာလက်​ခုပ်​တီးကြ ကကြာတာ ပွဲစည်​သွားပါ​တော့တယ်​။
အဲဒီမှာတွင်​ အသံပျာက်​ပြီး ဦး​အေး​မောင်​တို့ အဖွဲ့လိုက်​​ပျောက်​သွားပါ​တော့တယ်​။
အားလုံးလည်း ​ပျော်​ရွှင်​စွာ​ရေကစားလိုက်​ကြတာ တလမ်းလုံးဝက်​၀က်​ကွဲစည်​ကားသွားပါ​တော့တယ်​။
အဲဒီနှစ်​ကစပြီး ဝါးခယ်​မသင်္ကြန်​ဟာ နှစ်​စဉ်​နှစ်​ဆန်း(၁)ရက်​​နေ့အထိ တရက်​တိုးပြီး ကျင်းပလာခဲ့တာ ယ​နေ့အထိပါပဲ။
သမိုင်း​ကြောင်းမသိလိုက်​တဲ့လူကြီးပိုင်းနဲ့မသိမှီလိုက်​တဲ့ဒီ​နေ့​ခေတ်​လူငယ်​​တွေ သိကြရ​အောင်​ တင်​ပြလိုက်​ခြင်းဖြစ်
ပါတယ်​။
ဝါးခယ်မကိုလွမ်းရတမ်းတလျက်-
 မြင့်​သန်းဦး(ဝါးခယ်​မ)
Wednesday, March 25, 2015
ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆု
လောက၀ယ် ပညာမည်မျှအရေးကြီးကြောင်း အထူးပြောနေဖို.ပင် မလို ။
သံသရာအတွက်  လောကုတ္တရာ ဆိုင်ရာ သိမှတ် လေ.လာ ကျင်.ကြံ အားထုတ်ရန်များ ၊
လောကီဆိုင်ရာ ဘ၀တိုးတက်ရေး အတွက် အတတ်ပညာ / အတန်းပညာများ စသည်တို.က မည်သို.၀ိဝါဒကွဲပြားနေသည်ဖြစ်ပါစေ လိုအပ်နေမြဲဖြစ်သည် ။
ထို.အတွက်လည်းဆင်ခြင်တုံတရား ပြည်.၀သော မိဘများက မိမိတို.သားသမီးများ ပညာတတ်များဖြစ်နိုင်ရေး ကြိုးပမ်းပေးနေကြသကဲ့သို. ဘ၀နောင်ရေး အရှည်မျှော်တွေးတတ်ကြသော ကျောင်းသား/လူငယ်များကလည်း ပညာတတ်များဖြစ်ဖို.အရေး ကြိုးပမ်း အားထုတ်နေကြသည် ပဲဖြစ်သည် ။
သို.ရာတွင် ဖြစ်တတ်သည်.လောက၏ သဘောအတိုင်း ထူးချွန်သော ကျောင်းသား/သူအချို.အတွက် စိတ်အေးစွာပညာဆက်လက် သင်ကြားနိုင်ရေးအတွက် အထောက်အပံ. ကောင်းကား ( အချို.သောကျောင်းသားတို.အတွက် ) မဖြစ်မနေ လိုအပ် နေတတ်ကြသည် ။
ဝါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) သည် ရန်ကုန်ရောက် ၀ါးခယ်မမြို.သားများမှ ၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြခြင်းဖြစ်ပြီး အသင်း၏လုပ်ငန်းစဉ်များမှာ ပညာ / ကျန်းမာ / သာယာ ဟူ၍ ဖြစ်သည် ။ ထို လုပ်ငန်းစဉ်များအနက် ပညာကိစ္စရပ်များအနက် လုပ်ငန်းစဉ် တစ်ခုဖြစ်သော ပညာသင်ထောက်ပံ.ကြေးဆိုင်ရာ ကိစ္စရပ်များကို ယခင်က အသင်းအမှုဆောင်များ နှင်. အမှုဆောင်များ၏ မေတ္တာရပ်ခံချက်အရ  တစ်ဦးချင်းစီ မှသာ တာဝန်ယူထောက်ပံ.ပေးနေခဲ့ကြသည် ။
၁၉၈၀ ပြည်.တွင်မူ အသင်း၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ယခုတိုင် ဂုဏ်ထူးဆောင် နာယကကြီးဖြစ်သော သခင်သိန်းဖေ ( ၀ါးခယ်မ ) မှ နိုင်ငံ. ဂုဏ်ရည် ပထမဆင်.အတွက် နိုင်ငံတော်မှ ချီးမြှင်.ငွေ ၃၀၀၀၀ ကို ကိုယ်တိုင်၂၀၀၀၀ ထပ်မံ ထည်.၀င်ကာ ပညာရေး ပဒေသာပင်စိုက်ထူပြီး  ပညာသင်ထောက်ပံ.ကြေးဆိုင်ရာ ကိစ္စရပ်ကို တစ်ဦးချင်းစီ လုပ်ဆောင်သောပုံစံမှ အသင်း မှ လုပ်ဆောင်သော ပုံစံသို.ပြောင်းလဲပေးခဲ့သည် ။
၁၉၈၀ ပြည်.နှစ်မှစ၍ ပညာသင်ထောက်ပံ.မှု ပုံစံပြောင်းခဲ့သော်လည်း ပိုမိုပြည်.စုံသော စနစ်ဖြစ်စေရန်၂၀၁၀ ပြည်.နှစ် ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) အသင်းဥက္ကဋ္ဌ အဖြစ် တာဝန်ယူချိန်မှစ၍ အရှိန်အဟုန်မြှင်. လုပ်ဆောင်ခဲ့ပါသည် ။ ထိုသို.လုပ်ဆောင်နိုင်ရန် အတွက် ဂုဏ်ထူးဆောင်နာယကဗိုလ်မှုးကြီးအံ.ကျော် ( ငြိမ်း ) - ဒေါက်တာဒေါ်စမ်းနွဲ. နှင်. ဦးသန်းဇော်ထွန်း - ဒေါ်မျိုးမျိုး ၊ ဦးမျိုးသန်း - ဒေါက်တာနန်းဦးခိုင် တို.မှ ၅၅၅၀၀၀၀၀ ကျပ်- ၅၅၅ သိန်း  စတင်မတည်ပြီးနောက်  ဆရာမကြီး ဒေါ်ပိုက်မိအားရည်စူး၍ ညီ/အကို /မောင်/နှစ်မ/တူ/တူမများမှ ၄၀ ,၀၀၀၀၀ ကျပ် ၊ ဒေါက်တာဇော်ထွန်း - ဒေါ်ဌေးဌေးကြည် မိသားစု ( SSC & Pinlone Group ) ၂၄ ,၀၀၀၀၀ ကျပ် ၊ ကွယ်လွန်သူ ဒေါ်ကြည်ဝင်း အားရည်စူး၍ ဦးကျော်မိုးလွင် - ဒေါ်မဉ္စူဦး မိသားစု မှ ၂၀ ,၀၀၀၀၀ ကျပ် ၊ ဦးကျော်ဝင်း - ဒေါ်ညိုလေးကြည် မိသားစု မှ ၁၀ ,၀၀၀၀၀ ကျပ် ၊  ဦးသိန်းထွန်း ( ဥက္ကဋ္ဌ - ထွန်းဖောင်ဒေးရှင်းဘဏ် ) မှ ၁၀ ,၀၀၀၀၀ အပါအ၀င် အလှုရှင်အသီးသီး မှ လှုဒါန်းခဲ့ကြပါသည် ။
 ထို.အပြင် ဤကဲ့သို. ပညာရေးထောက်ပံ.မှု အစီအစဉ်အတွက် လှုဒါန်းငွေ ကို ၁၉၈၀ပြည်.နှစ်က စတင်မတည်လှုဒါန်းပေးခဲ့သော   ဂုဏ်ထူးဆောင်နာယက ကြီး သခင်သိန်းဖေ ( ၀ါးခယ်မ ) က ၂၀၁၄ ခုနှစ်တွင်  ၅၀၀ , ၀၀၀၀၀ -သိန်း၅၀၀တိတိ ကိုထပ်မံလှုဒါန်းပေးခဲ့ပြန်ပါသည် ။ ထိုသို. ပညာပါရမီဖြည်.ဆည်းလိုသူစေတနာရှင်များ ၏ လှုဒါန်းငွေ စုစုပေါင်း  သိန်း ၁၆၀၀ ကျော်ကို အရင်းတည်၍ ရရှိလာသော အတိုးအညွန်.ငွေများကို အသုံးပြု ထောက်ပံ.ချီးမြှင်.ပေးနေခြင်း ဖြစ်ပါသည် ။
ထိုပညာသင်ထောက်ပံ.ခြင်းကို ယခင်က ၀ါးခယ်မမြို.နယ်အသင်း ပညာသင်ထောက်ပံ.ကြေး အစီအစဉ် ( မြို.နယ်အသင်း ပညာသင်ဆု ) ဟူ၍ခေါ်ဝေါ်သုံးစွဲခဲ့သော်လည်း ယခုပညာသင်ထောက်ပံ.ကြေး အစီအစဉ်ကို စတင်မတည်ပေးခဲ့သူ ၊ ယခုတိုင်လည်း လှုဒါန်းပေးခဲ့သူ ၊ မြို.အတွက်လည်း မြို.နယ်ဂုဏ်မြှင်.တင်ပေးနိုင်ခဲ့သူ ဖြစ်သော သခင်သိန်းဖေ ( ၀ါးခယ်မ ) အား ဂုဏ်ပြုသော အနေဖြင်. သခင်သိန်းဖေ ပညာရေးဖောင်ဒေးရှင်း - ပညာသင်ဆု ဟူ၍ ၂၀၁၄ ခုနှစ်မှစကာ ပြောင်းလဲသုံးစွဲခဲ့ပါသည်
 ပညာရေးဆုချီးမြှင်.မှု အစီအစဉ်အနေဖြင်.၂၀၁၀ မှစကာနှစ်အလိုက် ထောက်ပံ. မှုများ မှာ - 
၂၀၁၀ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်   ၇ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၃၃, ၀၀၀၀၀ ကျပ်
၂၀၁၁ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်  စုစုပေါင်း ၁၅ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၉၉ ,၀၀၀၀၀ ကျပ်
၂၀၁၂ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်  စုစုပေါင်း ၂၂ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၁၃၆ ,၁၀၀၀၀ ကျပ်
၂၀၁၃ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်  စုစုပေါင်း ၄၂ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၁၈၁ ,၇၀၀၀၀ ကျပ်
၂၀၁၄ ပညာသင်နှစ်တွင် ပညာသင်ဆု ရှင်    စုစုပေါင်း ၅၈ ဦး အတွက် တစ်နှစ်စာ ပညာသင်ထောက်ပံ.ခဲ့ငွေ ၁၃၆ ,၁၀၀၀၀ ကျပ် ထောက်ပံ.ချီးမြှင်. ခဲ့ပြီးဖြစ်ပါသည်။
ယခု ၂၀၁၅ ပညာသင်နှစ်အတွက်လည်း ကျောင်းသား/သူ ၁၇ ဦးအား ပညာသင်ထောက်ပံ.ကြေး ချီးမြှင်.ရန်ထပ်မံရွေးချယ်ခဲ့ပြီး စတင်ထောက်ပံ.နေပြီ ဖြစ်ပါသည် ။ ထို ၁၇ ဦးမှာ မအူပင် / မှော်ဘီိ / လှိုင်သာယာ နည်းပညာတက္ကသိုလ် တို.တွင်တက်ရောက်နေသော ကျောင်းသား   ၁၄ ဦး နှင်. ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်နေသောကျောင်းသူ ၃ ဦး ဖြစ်ပါသည် ။ ထို.ကြောင်. ယခု ၂၀၁၅ ပညာသင်နှစ်တွင် ပညာသင်ဆုရှင်ပေါင်း ၅၅ ဦး ရှိနေပါသည် ။ 
၂၀၁၀ မှစ၍ ပညာသင်ထောက်ပံ.ကြေး ရယူခဲ့သည်.ကျောင်းသား/သူများအနက်  ကျောင်းသား/သူ ၂၀ ဦးမှာ ဘွဲ.ရခဲ့ပြီးဖြစ်ပါသည် ။
ပညာသင်ဆုရွေးချယ်ရေးအတွက်ကိုမူ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) နှင်. ၀ါးခယ်အကျိုးဆောင်အဖွဲ.တို.ထံ လျှောက်ထားလာသော ပညာသင်ဆုများကို ပထမအဆင်.ဥိးစားပေး ၁ / ၂ / ၃ / ၄ .ရွေးချယ်ခြင်း ၊ ဒုတိယ အဆင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် )  ပညာရေးဆပ်ကော်မတီ မှ ပမာဏရွေးချယ်ခြင်း နှင်. နောက်ဆုံးအဆင်. အသင်း အမှုဆောင်များအစည်းအဝေးတွင် အတည်ပြု ချက်ရယူဆုံးဖြတ်ခြင်း ပုံစံဖြင်. ရွေးချယ်ပေးနေခြင်းဖြစ်ပါသည် ။
ယခင်က ပညာသင်ဆု လျှောက်ထားသူများ အနေဖြင်. ပညာသင်ဆု ရရှိဖူးသူများ ၊ အသင်း နှင်. နီးစပ်ပတ်သက်သူများထံမှသာ သတင်းရယူလျှောက်ထားလေ.ရှိပြီး ယခုလာမည်. ၂၀၁၅ ပညာသင်နှစ်မှ စ၍ ၀ါးခယ်မမြို.နယ်အတွင်းရှိ အထက်တန်းကျောင်း ၁၁ ကျောင်း ၊ ကျောင်းခွဲ ၇ကျောင်း တို.သို.ပညာသင်ဆုသတင်းရောက်ရှိနိုင်ရေး ၀ါးခယ်မမြို.နယ်အသင်းမှ နည်းလမ်းစုံ အသုံးပြု အသိပေးဖြန်.ဝေသွားမည်ဟု သိရသည် ။
ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆု အတွက်လျှောက်ထားသူများ အနေဖြင်.
( ၁ ) ရိုးသား၍ ကြိုးစားသော ၀ါးခယ်မသား ဖြစ်ရမည် ။
( ၂ ) တက္ကသိုလ်ဝင်တန်းအပါအ၀င် လိုအပ်သော စာမေးပွဲများတွင် ထူးချွန်၍ ရမှတ်ကောင်း ရမည် ။
( ၃ ) ငွေကြေး ချို.တဲ့ပြီး ဆွေမျိုး အပါအ၀င် အခြားသူများ၏ထောက်ပံ.မှု မရရှိသူ ဖြစ်ရမည် ။
( ၄ ) မိဘ နှစ်ပါး မစုံလင်သူကို ဦးစားပေးမည်
( အထက်ပါ အချက်အလက်များသည် လတ်တလော သတ်မှတ်ထားချက်များဖြစ်ပြီး အခါအားလျှော်စွာ ပြင်ဆင် /ဖြည်.စွက်မှုများ ရှိနိုင်ပါသည် ) ဟူ၍ သတ်မှတ်ထားသည် ။
ထိုကိစ္စရပ်အသေးစိပ်အတွက်ဆက်သွယ်လိုသူများ / စုံစမ်းလိုသူများ / လှုဒါန်းလိုသူများ အနေဖြင်. ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဖုန်း ၀၁ - ၂၂၆၅၉၀ သို.ဆက်သွယ်နိုင်ပါသည် ။
ဆက်စပ်ဖတ်ရှု ရန်များ
သခင်သိန်းဖေ (၀ါးခယ်မ)အတ္ထုပ္ပတ္တိအကျဉ်း
မြို.လေးက နိုင်ငံဂုဏ်ရည် ဘွဲ.ရှင်များ
ဝါးခယ်မ သခင်သိန်းဖေ ပညာသင်ဆုရ မအူပင်နည်းပညာတက္ကသိုလ် ကျောင်းသား /သူ များနှင်. Familiar Facing 
ဒုတိယမြောက် မိသားစု တွေ.ဆုံပွဲ ၊ ရင်ဖွင်.ပွဲ ၊ အသိတရား မျှဝေခြင်း နှင်. ၀ါးခယ်မသားစိတ်ဓါတ် မြှင်.တင်ခြင်း
Tuesday, July 1, 2014
မုက္ခ၀တီ ၊ ဥမ္မာဒန္တီ နှင်. သော်က ၊ ရွှေစာရံ ၊ ရွှေစာပျံ
သို.သော် မြို.တစ်ဖက်ကမ်း ရှိ သော်က ဘုရားမှာမူ မြန်မာက္ကရာဇ် ၆၃၀ (ခရစ်နှစ် ၁၂၆၈ )ခန်. ကပင်လျှင် တည်ထားခဲ.ခြင်းဖြစ်သည် ။ 
သရွတ်မြိုက် ရွာအ၀င် မှ ဥမ္မာဒန္တီ ကောင်းမှု  ရွေစာပျံ စေတီတော်
 ပုသိမ်ဘုရင် နောက်ဆုံးမင်းဆက်ဖြစ်သော သမုဒ္ဒဃောသမင်း(၆၂၅-၆၄၀) သည် မြန်မာသက္ကရာဇ် ၆၂၅တွင် ဖခင်သမုဒ္ဒ မင်းကို နန်းဆက်ခံခဲ့သည်....ထိုမင်းလက်ထက်တွင် ပုသိမ်မြို.သာမက အပိုင် ၃၂ မြို.တို.လည်း ဖွံ.ဖြိုး တိုးတက်ခဲ့သည်...မင်း မိဖုရားမှာမူ ပုသိမ်ကို သိမ်းယူ အုပ်စိုးခဲ့ဖူးသော ပသီကုလားမင်း၏ အနွယ်တော် ဥမ္မဒန္တီ မိဖုရားဖြစ်သည်. မူလအမည်မှာ ကုမာရန္တီ ပသီမင်းသမီးဖြစ်ပြီးမြောင်းမြခရိုင် လပွတ္တာ မြို. (ဘုန်းကြီးကုန်း ဟုခေါ်သောနေရာ)သမုဒ္ဒဃောသ မင်း၏ ဘိုးတော် ဘုရင်. စံနန်းတော်ရောက်ခိုက် ဗုဒ္ဓဘာသာသို. ကူပြောင်းဝင်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာကို အထူးကြည်ညို သဒ္ဓါ ထက်သန်သူဖြစ်လာခဲ့ပါသည်...မိဖုရားကြီးသည် သီဟိုဠ် မှ ဘုရားရှင် ၏ ဓါတ်တော်များ လက်ခံရရှိသည်.အခါ ပုသိမ်အပိုင် ၃၂ မြို. သို.ဓါတ်တော်များပေးပို.ကာ မြန်မာသက္ကရာဇ် ၆၃၀ မှ ၆၄၀ အတွင်း ဘုရားစေတီများစွာ တည်ထားပူဇော် ခဲ့သည်..ထိုခောတ်က  ကျိုက်ပွန်မြို. ဟုခေါ်သောမြောင်းမြမြို. ကျိုက်တည်မုဠော -သမြင်တုံ မြို. ဟုခေါ်သော ပန်းတနော် မြို.များလည်းပါဝင်သည်...ထိုစဉ်က ၀ါးခယ်မ နှင်. သော်က စေတိတော်ဝန်းကျင်နေရာများတွင် လူများအခြေချ နေထိုင်သေးဟန်မတူပါ...မင်းနှင်. မိဖုရားတို.သည် ဘုရားစေတီ များတည်ရင်း မြောင်းမြ ပန်းတနော် မြို.များသွားခိုက် သရွတ်မြိုက်ဒေသတွင် မုက္ခ၀တီ ယာယီစံနန်းဆောင် ဆောက်လုပ်စိုးစံ၍ ရွှေစာရံ ရွှေစာပျံ ဘုရားများကို တည်ထားခဲ့သည်...ထိုမှ သော်ကစေတိတော် တည်ထားဖြစ်သောနေရာအရောက် မိဖုရားကြီး၏ ဆံကေသာတွင် ပန်ဆင်အပ်သော သော်ကပန်းသည် လေကြောင်.အမှတ်မထင်မြေခခဲ့လေသည်...ဘုရားတည်ရန် အဓိဌာန် ရှိပြီးအားလျှော်စွာ သော်ကပန်းကျရာနေရာတွင် အမှတ်တရ စေတီတစ်ဆူတည် တော်မူပြီးသော်ကစေတီတော်၏ အမည်တွင်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းအချို.အရ သိရှိရပါသည် ။
ဥမ္မာဒန္တီ ကောင်းမှု သော်ကစေတီတော် ယခုနောက်ပိုင်း မပြုပြင်မှီ ပုံ
 သီပေါမင်း၏ ကျောက်ရစ်စင်တော်ကြီး၏ စာဆိုတော်ဟုသိကြသော စာဆိုဦးလူငယ်၏ ..ကုမာရန္တီလင်္ကာ  အနက် စာရေးဆရာကြီးသတိုးသောင်းဖော်ထုတ်ခဲ့နိုင်ခဲ့သော အပိုင်းအစ တစ်ခုတွင် …..
မွန်တို.မင်းမျိုး အောက်မြန်စိုးတွင်
မြတ်နိုးနီးဝေး ပုသိမ်ပြေးဟု
ဘုန်းမွှေးကျော်ဇော တံခိုးပြောသား
သမုဒ္ဒဃောသ မင်းရာဇနှင်.
ကုမာရန္တီ ခေါ်သမည်ဖြင်.
ပသီမင်းသမီး ရှုမငြီးသည်
လှထီးနတ်မျှ ဥမ္မာဒတို.
မုခ၀တီ နန်းသိဂီင်္မှ
ရွှေညီ ၀န်းခ ဖောင်တော်ကြွ၍
ရွှင်ပြချိုကြည် ကြွကာလည်တွင်
မျှော်ရည်နိဗ္ဗာန် ဥမ္မာဒန်၏
ဓိဌာန်တရာ ရှစ်ခုသာတည်.
ဗုဒ္ဓတည်မှု အကြောင်းပြုလျှက်
ပံသုကေမှ ပန်းသော်ကလည်း
လေခမြေတက် ပျံကာတက်ကြောင်.
လှမြတ်နတ်တူ တည်တော်မူသည်
မဉ္ဓူသော်က မြတ်ဗုဒ္ဓကို....
ဟူ၍ဖော်ပြထားသည်ကိုလည်းတွေ.ရသဖြင်. လက်ခံနိုင်ဖွယ်ရှိသည် ဆိုရမည်ဖြစ်သည် ။
ထိုလင်္ကာအရ ပုသိမ်ဘုရင် သမုဒ္ဒဃောသ သည် ပသီဘုရင်၏ သမီးတော် ကုမာရန္တီ ခေါ် ဥမ္မာဒန္တီ ကို ခိုးယူပြီး ၀ါးခယ်မမြို.နယ် သရွတ်မြိုက် ကျေးရွာ တည်နေရာတွင် မုခ၀တီ မြို.ကို တည်ထား စိုးစံခဲ့ရာ ပသီဘုရင်က မကျေနပ်ဘဲ စစ်သည်တော် များအား သွားရောက်တိုက်ခိုက် သတ်ဖြတ်စေရာ ၀ါးခယ်မ က၀ဲချောင်းတစ်လျှောက် တိုက်ပွဲများဖြစ်ပွားပြီး ယခု ၀ါးခယ်မမြို.တည်နေရာတွင် ကြီးမားကျယ်ပြန်.စွာ ပေါက်ရောက်နေသော ၀ါးတောကြီးများ အကူအညီကြောင်. သမုဒ္ဒဃောသ မင်းသည် အသက်ဘေးမှ လွတ်မြောက် အောင်မြင်ခဲ့သည်ဟုလည်း အဆိုရှိခဲ့သည် ။
ရွှေစာပျံ စေတီတော် မှ ရှေးဟောင်း အုပ်ချပ်များ
 သို.ရာတွင် ဦးသိန်းဝင်း ပြုစုသော သော်ကစေတီတော်သမိုင်း စာအုပ်တွင်မူ သမုဒ္ဒဃောသ မင်းတို. မုခ၀တီ မြို.တည် နန်းစံခဲ့သည် ကိုလက်မခံပါ..သူကထောက်ပြသည်မှာ   ထိုမင်းနှင်. မိဘုရား လက်ထက်တွင် တိုးတက်စည်ကားခဲ့သော ပုသိမ် ၃၂ မြို. စာရင်းတွင် မုက္ခ၀တီမြို. ဟူ၍ မပါပါ.ပုသိမ်ရာဇ၀င် စာမျက်နှာ ၉၁ မှ ၉၈ တွင်ပါသော ပုသိမ် ၃၂ မြို. စာရင်းတွင် အမှတ်စဉ် ၇ ကျိုက်အမွန်-ဆိပ်ကြီး=ကျိုက်ပွန်မြို.=မြောင်းမြမြို. ဟုလည်းကောင်းအမှတ်စဉ် ၂၉ တွင် ကျိုက်တည် မုဠော -သမြင်တုံမြို.=ပန်းတနော်ဟုလည်းကောင်းပါပါသည်..မုက္ခ၀တီသည် အမှန်မြို.ဖြစ်ခဲ့ပါက ဤ စာရင်းတွင်ပါရမည်ဖြစ်ပါသည်..ဖြစ်နိုင်သည်က ထိုမင်းမိဖုရား နှစ်ပါးတို. မြောင်းမြ နှင်. ပန်းတနော် မြို.များသို. ကူးလူး သွားလာခိုက်သရွတ်မြိုက် ဒေသအရောက် ရွှောစာရံနှင်. ရွှေစာပျံစေတီများတည်ခိုက်ယာယီစံနန်းဖြင်.
စံမြန်းခဲ့ခြင်းသာဖြစ်နိုင်သည်..ဟူသောအယူအဆကလည်းလက်ခံနိုင်ဖွယ်ရာပင်.
ကျိုက်ကလွန်ပွန်းစေတီတော်
 တစ်ဆက်တည်း တွင် ဓနုဖြူ မြို.ရှိ ကျိုက်ကလွန်ပွန်း စေတိတော် ( ဘီလူးတစ်ရာ ဘုရား သို.မဟုတ် ဘီလူးတစ်ရာဖက် ဘုရား )  အကြောင်းကလည်း ပတ်သက်ဆက်နွယ်ပုံရသည် ။ လေ.လာမိသော သမိုင်းတစ်ခုအရ ထိုစေတီတော်သည်လည်း   မွန်မင်းသမီး ဥမ္မာဒန္တီ ပြန်လည်မွမ်းမံခဲ.သော စေတီတစ်ဆူ ဖြစ်သည် ဟု ဆိုထားပါသည် ။ ထို.အပြင် ၂၀၀၅ သင်္ကြန်ခန်.မှ စတင်ပေါ်ပေါက်ခဲ့သော ဥမ္မာဒန္တီ ကမ်းခြေမှာလည်း ထိုမင်းသမီးကို အစွဲပြု မှည်.ခေါ်ဂုဏ်ပြုပုံရသည် ။ မွန်မင်းသမီးဟု ခေါ်ဝေါ်ကြခြင်းမှာလည်း မူရင်းကပသီမင်းသမီးဖြစ်သော်လည်း မွန်ဘုရင်၏ မိဖုရားဖြစ်သလို ဗုဒ္ဒဘာသာဝင်အဖြစ် ကူးပြောင်းဝင်ရောက်ထားသူဖြစ်သောကြောင်. မွန်မင်းသမီးဟုခေါ်ဆိုဟန်ရှိသည် ။ 
သော်ကစေတီတော်မြတ်ရှိ အလှုရှင် ဥမ္မာဒန္တီ ရုပ်တု
   ထိုဘုရင်မှာသက္ကရာဇ် ၇၂၆ တွင် သတိုးမင်းဖျား အင်းဝမြို.တည် စိုးစံစဉ် အောက်မြန်မာနိုင်ငံတစ်ဝိုက် မြို.သစ်များ တည်ထောင်စံနေသောမွန်ဘုရင်သမုဒ္ဒဃောသ ဟုသိရပါသည် ပုသိမ်ရာဇ၀င်အရ သက္ကရာဇ် ၆၂၅ တွင် သမုဒ္ဒဃောသ နှင်. ကုမာရန္တီ တို.အုပ်စိုးကြောင်းဖော်ပြထား သည်။ ထို၆၂၅ သည် ပုဂံတွင် နရသီဟပတေ. ( တရုတ်ပြေးမင်း ) စိုးစံဆဲ ကာလဖြစ်သလို ပုဂံခောတ်သည် မြန်မာတစ်နိုင်ငံလုံးကို စုစည်းအောင်မြင်ပြီးဖြစ်သဖြင်.  ပုသိမ်သည်လည်းမြန်မာပိုင်ဒေသတစ်ခုဖြစ်သဖြင်. နရသီဟပတေ.မင်းသည် သားတော်ကြီး ဥဇနာ ကို  ပုသိမ်စားအဖြစ် ခန်.အပ်ခဲ့ ပြီး သက္ကရာဇ် ၆၄၆ တရုပ်များ လာရောက်တိုက်ခိုက်ရာတွင် နရသီဟပတေ.မင်းကိုယ်တိုင် ပုသိမ်သို. တိမ်းရှောင်ခဲ့ရ သေးသဖြင်    သမုဒ္ဒဃောသ နှင်. ကုမာရန္တီတို.သည် မင်း/မိဘုရားများ မဖြစ်နိုင်ပဲ မြန်မာဘုရင်ထံ အခွန်တော် ဆက်သရသော မွန်အကြီးအကဲများသာ ဖြစ်နိုင်သည် ဟူသော သမိုင်းဆိုင်ရာ အဆိုတစ်ရပ်လည်း ရှိပါသေးသည် ။
( အထက်ပါ လေ.လာတွေ.ရှိထားမှု များနှင်. ပတ်သက်၍ အချက်အလက်များ ၀င်ရောက်ဖြည်.စွက် ဆွေးနွေးနိုင်ပါသည် ခင်ဗျာ )
ရေကျသွားလျှင် အုတ်ရိုးတန်းများ တွေ.၇တတ်သည်ဆိုသော ရေကျော်ချောင်းတစ်ခု
 ဤနေရာတွင်ပြောလိုသည်က မုက္ခ၀တီ မြို.ဟောင်းခေါ် သရွတ်မြိုက်ရွာလေးအကြောင်းဖြစ်သည် ။ ထိုရွာလေးသည် ၀ါးခယ်မ အရှေ.တောင် (သို.) တောင်ဘက်ခြမ်းတွင် တည်ရှိနေသော  (ယခုအချိန်တွင် ) ကျေးရွာကြီးတစ်ရွာဖြစ်သည် ။ မြို.သို. ဆိုင်ကယ် (သို.) ရေကြောင်းဖြင်.သာ သွားလာနိုင်သော ဒေသဖြစ်ပြီး နာမည်အကျော်ဆုံးဒေသထွ့က် အစားအစာမှာ သရွတ်မြိုက် ငါးသလောက်ဖြစ်သည် ။ အနံ. ၊ အရသာ ကအစ ဒါမှ ငါးသလောက် အစစ်ဟုပြောရလောက်သော အနေအထားမျိုးဖြစ်သည် ။ မြန်မာတစ်နိုင်ငံလုံး ရှိ ငါးသလောက်များအနက် နာမည်ကြီးအမျိုးအစားဖြစ်သည် ။ လက်ရှိအချိန်တွင် မြို.နှင်. ဆက်သွယ်ရန် ကုန်းလမ်းအနေဖြင်. ခန်နိုင်ဝန်အားသေးသော တံတားငယ်လေးများပါဝင်သည်. မြေသားလမ်း ခပ်ကျဉ်းကျဉ်း သာရှိနေပြီး လမ်းချဲ.ရန် ၊ ကျောက်ကြမ်းခင်းရန် ၊ ခံနိုင်ဝန် အားလုံလောက်သော တံတားများ ရ ရှိရန် ကျေးလက်ဖွံ.ဖြိုးရေး ၊ စည်ပင် ၊ ၀ါးခယ်မမြို.နယ်အသင်း ၊ ပုဂလိက တို.က စုပေါင်းကြိုးစားနေကြဆဲ ဖြစ်သည် ။ ရန်ကုန်နှင်. တိုက်ရိုက် ဧရာဝတီ သင်္ဘော အဆက်အသွယ်လည်းရှိသည် ။ ရွာအတွင်းရှိ အိမ်များအနက် အချို.ဆိုလျှင် အလျှုမီနီယံသွပ်မိုးအိမ်များ ၊ RC တိုက် ၊ ရှေးဟောင်း သစ်လုံးတိုင်ကြီးများအသုံးပြု အိမ်များ စသဖြင်. ခောတ်နှင်.အမှီလည်း လိုက်နိုင်ကြသည်ကိုတွေ.ရသည် ။ 
သရွတ်မြိုက် ရွာအတွင်းက ဥမ္မဒန္တီ ကောင်းမှုတော် ရွှေစာရံ စေတီတော်
  ဥမ္မာဒန္တီမင်းသမီးတည်ထားခဲ့သောရွှေစာရံ စေတီက ရွာအတွင်းတောင်ကုန်းငယ်လေး တစ်ခုပေါ်တွင် တည်ရှိနေပြီး ရွှေစာပျံ စေတီတော်ကတော. ရွာထိပ်ဘက်တွင် လူနေအိမ်များနှင်. မနီးပဲ သီးခြားတည်ရှိနေပါသည် ။ စေတီတွင်အသုံးပြုထားသော အုတ်ချပ်များမှာ ရှေးဟောင်း အုတ်ချပ်ကြီးများဖြစ်ပြီး ရွာအတွင်းရေကျော်ချောင်း ကမ်း၂ဘက်အခြေတွင် ရေကျချိန်ဆိုလျှင် (သူတို.အခေါ်မြို.ရိုး ) အုတ်တန်း အချို.မြင်ရသည်ဟုလည်းဆိုကြသည် ။
သေချာသည်က နန်းမြို.အဖြစ်မဟုတ်လျှင်တောင် ယာယီစံမြန်းခဲ့သည်.နေရာ ၊ ထို.အပြင် ယခင် မင်းဘုရင်/ နယ်စားပယ်စားများ ၏ ယာယီစံမြန်းမှုသည် မည်ကာမတ္တမဟုတ်ပဲ ထိုက်သင်.သော ခမ်းနားခိုင်မာစွာ တည်ဆောက်နေထိုင်လေ.ရှိသည်. ဓလေ.အရ အနိမ်.ဆုံးအဆင်. ယာယီမြို.ဟောင်း တစ်ခုအဖြစ် တည်ရှိခဲ့သည်ကတော. သေချာသော အချက်ဖြစ်ပေသည် .။ ရှေးဟောင်းအုတ်ပုံ အချို.လည်း ရွာအပြင်တွင် ရှိနေသေးသည် ဟူသောပြောပြချက်အရလည်း သေချာသလောက်ရှိပါသည် ။ ထို.ကြောင်. မိမိတို. မြို.နယ်အတွင်းရှိ ရှေးဟောင်းဒေသလေးတစ်ခုကို သိရှိနိုင်ကြပါစေ၇န် တင်ပြရခြင်းဖြစ်ပါသည် ။
 ဆက်စပ်ဖတ်ရှုရန်များ