Showing posts with label ICT Knowledge. Show all posts
Showing posts with label ICT Knowledge. Show all posts

Thursday, November 7, 2019

ဖုန္းေပ်ာက္သ ြားရင္ ေၿခရာခံလို.ရ ေအာင္ ဘယ္လိုၿပင္ထားမလဲ




မ်က္တစ္မွိတ္လွ်ပ္တစ္ျပတ္အတြင္းမွာပဲ သင့္တုိ႔ရဲ႕ဖုန္းေတြေပ်ာက္ဆံုးတာနဲ႔ အခုိးခံရတာေတြဆုိတာျဖစ္ႏုိင္ပါတယ္။

ယေန႔ေခတ္အေနအထားကလည္း မိမိတုိ႔ရဲ႕ဖုန္းဆုိတာက မိမိတုိ႔ရဲ႕အေရးႀကီးအခ်က္လက္ေတာ္ေတ္ာမ်ားမ်ားသိုမီွး ရာလည္းျဖစ္ေနခဲ့ပါၿပီ။ ဒီေတာ့ဖုန္းတစ္လံုးေပ်ာက္လုိ႔ ေနာက္တစ္လံုးျပန္၀ယ္တာထက္ အထဲကအေရးႀကီးအခ်က္ လက္ေတြႏွေျမာတာ ပုိမ်ားမွာပါ။ ဒါေၾကာင့္ စာဖတ္ပရိတ္သတ္ႀကီးအတြက္ android စမတ္ဖုန္းေတြအတြက္ ဖုန္းခုိးခံ ရရင္ဘယ္လိုမ်ိဳး recover ေတြလုပ္မလဲဆုိတာကို တင္ဆက္ေပးသြားပါရေစ။

1. ျပင္ဆင္ထားပါ။

ဟုတ္ပါတယ္။ ကုသမႈထက္ ႀကိဳတင္ကာကြယ္မႈက ပိုေကာင္းတယ္ဆုိတဲ့အတုိင္း အခုိးမခံရခင္ကတည္းက မိမိတုိ႔ရဲ႕ဖုန္း ေတြကိုမိမိတုိ႔ပဲသိႏုိင္ၿပီး လြယ္လြယ္ကူကူခန္႔မွန္းမရႏုိင္တဲ့ password ေတြနဲ႔ ဖြင့္လုိ႔မရေအာင္ခံထားပါ။ လက္ေဗြစနစ္ လည္းေကာင္းပါတယ္။ မ်က္ႏွာအသိအမွတ္ျပစနစ္က ပိုမေကာင္းဘူးလားဆုိၿပီး အထြန္႔မတက္ပါနဲ႔။ ၀က္ၿခံေပါက္လုိ႔ ကိုယ္ေတာင္ဖြင့္မရတာ၊ ကုိယ့္ဓာတ္ပံုတစ္ပံုရိွယံုနဲ႔ ဖုန္းကို unlock လုပ္လုိ႔ရတာေတြ သိမွတ္ထားရပါမယ္။ App တစ္ခုခ်င္း ကုိ password ခံထားရင္ေတာ့ပိုေတာင္ေကာင္းတာေပါ့။

2. Find My Device ကုိ on ထားပါ

သင့္အေနနဲ႕ ဖုန္းေပ်ာက္ခဲ့ရင္ ဒီနည္းလမ္းနဲ႕ ျပန္ရွာလုိ႔ရပါတယ္။ သင့္ဖုန္းမွာပါတဲ့ Find My Device ထဲက Location on ထားပါ။ တခ်ိဳ႕ဖုန္းေတြမွာ find my device မပါရင္ play store ကေနေဒါင္းေလာ့ဆြဲျပီး on ထားလုိ႔ရျပီး google website ကေနလဲအသံုးျပလုိ႔ရပါတယ္။ ဒီလုိ on ထားမယ္ဆုိရင္ေတာ့ ဖုန္းေပ်က္တာပဲျဖစ္ျဖစ္ အခုိးခံရတာပဲျဖစ္ျဖစ္ တစ္ျခားဖုန္းတစ္လုံးကေနရွာလို႔ရသလုိ ကြန္ပ်ဴတာကေနလည္း ရွာႏုိင္ပါတယ္။ ကုိယ့္ဖုန္းထဲမွာထည့္ထားတဲ့ gmail အေကာင့္ကုိ google နဲ႕ ခ်ိတ္ထားဖုိ႔ုိ႔လုိပါမယ္။ ျပီးရင္ google ကေန Find My Device လုိ႔ေရးျပီး ရွာလုိက္တာနဲ႕ သင့္ဖုန္းရဲ႕တည္ေနရာကုိ ျပေပးမွာျဖစ္ပါတယ္။ အားနည္းခ်က္ကေတာ့ သင့္ဖုန္းမွာ အင္တာနက္ပြင့္ေနဖုိ႔လုိျပီး တစ္ဖက္က အင္တာနက္ပြင့္မေနဘူးဆုိရင္ တည္ေနရာကုိရွာလုိ႔ရမွာ မဟုတ္ပါဘူး။

Setting ထဲက Security & Location > Find My Device ကုိႏွိပ္ျပီး ၀င္ႏုိင္ပါတယ္။

3. Samsung ရဲ႕ Find My Mobile

Samsung ဖုန္းေတြမွာလည္း Google ရဲ႕ Find My Device သုံးလုိ႔ရသလုိ Samsung ရဲ႕ Find My Mobile ကုိလည္းသုံးလုိ႔ရပါတယ္။ Find My Mobile က သင့္ရဲ႕ File ေတြကုိ Backup လုပ္ႏုိင္ရုံသာမက Find My Device မွာမရွိ Tools မ်ားစြာကုိလည္း ေပးထားပါတယ္။

Samsung မွာေတာ့ သင့္ဖုန္းရဲ႕တည္ေနရာကုိ ျမင္ရတဲ့အျပင္ သင့္ဖုန္းကုိတစ္စုံတစ္ေယာက္က SIM ကဒ္ခ်ိန္းသြားလားဆုိတာကအစ သိရပါတယ္။ ဒါေပမဲ့ Samsung ဖုန္းေတြမွာ Find My Mobile ကုိသုံးဖုိ႔ Samsung account ဖြင့္ထားလုိအပ္ပါတယ္။

Settings ထဲက Biometrics and security > Find My Mobile ကုိႏွိပ္ျပီး ၀င္လုိ႔ရပါတယ္။

သတိျပဳရမွာကေတာ့ Samsung ရဲ႕ high end အမ်ိဳးအစားတစ္ခုျဖစ္တဲ့ Galaxy series ေတြမွာပဲ ပါ၀င္ၿပီးအသံုးျပဳလုိ႔ရတာျဖစ္ပါတယ္။ အစမ္းျပသမႈမွာေတာ့ Galaxy S10+ ကုိအသံုးျပဳထားပါတယ္။

4. Samsung User မ်ားအတြက္

Samsung သုံးသူမ်ားဖုန္းေပ်ာက္ခဲ့ျပီဆုိရင္ findmymobile.samsung.com. လင့္ထဲကုိ ၀င္ဖုိ႔လုိပါတယ္။ ဒါအတြက္ app အေနနဲ႕ သက္သက္မရွိတဲ့အတြက္ တျခားဖုန္းက browser (သုိ႔) ကြန္ပ်ဴတာကေန ၀င္ေရာက္ေပးဖုိ႔လုိပါတယ္။ Samsung အေကာင့္ကုိ Sign in လုပ္ျပီးတာနဲ႕ ဖုန္းရဲ႕ဘယ္ဘက္ screen ကုိ ေထာက္လိုက္ပါ။ ေျမပုံေပၚလာျပီး ဖုန္းရဲ႕တည္ေနရာကုိ ျပေပးပါလိမ့္မယ္။ Menu ကုိေတာ့ ဖုန္းရဲ႕ ညာဘက္ screen မွာ ျပေပးပါလိမ့္မယ္။

Lock စလုပ္လုိက္ျပီဆုိရင္ေတာ့ အခုိးခံရၿပီ၊ေပ်ာက္ဆံုးသြားၿပီျဖစ္တယ္ဆုိတဲ့ message ကိုိ lock screen ေပၚမွာ ျပေပးေတာ့မွာပါ။ ဒါ့အျပင္ ေငြေၾကးအသံုးျပဳမႈျဖစ္တဲ့ Samsung pay card အသံုးျပဳမႈကုိလည္း ရပ္ဆုိင္းလုိက္မွာပါ။ အေရးႀကီးဆံုးအခ်က္ျဖစ္တဲ့ ဖုန္းကိုပါ၀ါပိတ္လုိက္လုိ႔မရေအာင္ တာဆီးေပးမႈကေတာ့ အျခား android ေတြထက္အဓိကအားအသာဆံုးပဲျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ backup လုပ္ဖုိ႔အခ်ိန္ရေစမွာျဖစ္ပါတယ္။



သင့္ဖုန္းက location ဟာ ေရြ႕လ်ားေနျပီဆုိရင္ the Track location ကုိႏွိပ္ျပီး အသုံးျပဳလုိက္ပါ။ ဒါက ၁၅ မိနစ္တုိင္းတစ္ခါ တည္ေနရာကုိ ျပေပးပါလိမ့္မယ္။ ေနာက္ဆုံးအေနနဲ႕ Extend battery life ကုိ turn on လုပ္လုိက္ၿပီး location ရွာေနတာကလြဲလုိ႔ ဖုန္းထဲကအားလုံးနီးပါးကုိ အသုံးမျပဳႏုိင္ေအာင္ လုပ္ေဆာင္ႏုိင္မွာပဲ ျဖစ္ပါတယ္။

ICT Guide


UNICODE

မျက်တစ်မှိတ်လျှပ်တစ်ပြတ်အတွင်းမှာပဲ သင့်တို့ရဲ့ဖုန်းတွေပျောက်ဆုံးတာနဲ့ အခိုးခံရတာတွေဆိုတာဖြစ်နိုင်ပါတယ်။

ယနေ့ခေတ်အနေအထားကလည်း မိမိတို့ရဲ့ဖုန်းဆိုတာက မိမိတို့ရဲ့အရေးကြီးအချက်လက်တော်တေ်ာများများသိုမှီး ရာလည်းဖြစ်နေခဲ့ပါပြီ။ ဒီတော့ဖုန်းတစ်လုံးပျောက်လို့ နောက်တစ်လုံးပြန်ဝယ်တာထက် အထဲကအရေးကြီးအချက် လက်တွေနှမြောတာ ပိုများမှာပါ။ ဒါကြောင့် စာဖတ်ပရိတ်သတ်ကြီးအတွက် android စမတ်ဖုန်းတွေအတွက် ဖုန်းခိုးခံ ရရင်ဘယ်လိုမျိုး recover တွေလုပ်မလဲဆိုတာကို တင်ဆက်ပေးသွားပါရစေ။

1. ပြင်ဆင်ထားပါ။

ဟုတ်ပါတယ်။ ကုသမှုထက် ကြိုတင်ကာကွယ်မှုက ပိုကောင်းတယ်ဆိုတဲ့အတိုင်း အခိုးမခံရခင်ကတည်းက မိမိတို့ရဲ့ဖုန်း တွေကိုမိမိတို့ပဲသိနိုင်ပြီး လွယ်လွယ်ကူကူခန့်မှန်းမရနိုင်တဲ့ password တွေနဲ့ ဖွင့်လို့မရအောင်ခံထားပါ။ လက်ဗွေစနစ် လည်းကောင်းပါတယ်။ မျက်နှာအသိအမှတ်ပြစနစ်က ပိုမကောင်းဘူးလားဆိုပြီး အထွန့်မတက်ပါနဲ့။ ဝက်ခြံပေါက်လို့ ကိုယ်တောင်ဖွင့်မရတာ၊ ကိုယ့်ဓာတ်ပုံတစ်ပုံရှိယုံနဲ့ ဖုန်းကို unlock လုပ်လို့ရတာတွေ သိမှတ်ထားရပါမယ်။ App တစ်ခုချင်း ကို password ခံထားရင်တော့ပိုတောင်ကောင်းတာပေါ့။

2. Find My Device ကို on ထားပါ

သင့်အနေနဲ့ ဖုန်းပျောက်ခဲ့ရင် ဒီနည်းလမ်းနဲ့ ပြန်ရှာလို့ရပါတယ်။ သင့်ဖုန်းမှာပါတဲ့ Find My Device ထဲက Location on ထားပါ။ တချို့ဖုန်းတွေမှာ find my device မပါရင် play store ကနေဒေါင်းလော့ဆွဲပြီး on ထားလို့ရပြီး google website ကနေလဲအသုံးပြလို့ရပါတယ်။ ဒီလို on ထားမယ်ဆိုရင်တော့ ဖုန်းပျေက်တာပဲဖြစ်ဖြစ် အခိုးခံရတာပဲဖြစ်ဖြစ် တစ်ခြားဖုန်းတစ်လုံးကနေရှာလို့ရသလို ကွန်ပျူတာကနေလည်း ရှာနိုင်ပါတယ်။ ကိုယ့်ဖုန်းထဲမှာထည့်ထားတဲ့ gmail အကောင့်ကို google နဲ့ ချိတ်ထားဖို့ို့လိုပါမယ်။ ပြီးရင် google ကနေ Find My Device လို့ရေးပြီး ရှာလိုက်တာနဲ့ သင့်ဖုန်းရဲ့တည်နေရာကို ပြပေးမှာဖြစ်ပါတယ်။ အားနည်းချက်ကတော့ သင့်ဖုန်းမှာ အင်တာနက်ပွင့်နေဖို့လိုပြီး တစ်ဖက်က အင်တာနက်ပွင့်မနေဘူးဆိုရင် တည်နေရာကိုရှာလို့ရမှာ မဟုတ်ပါဘူး။

Setting ထဲက Security & Location > Find My Device ကိုနှိပ်ပြီး ဝင်နိုင်ပါတယ်။

3. Samsung ရဲ့ Find My Mobile

Samsung ဖုန်းတွေမှာလည်း Google ရဲ့ Find My Device သုံးလို့ရသလို Samsung ရဲ့ Find My Mobile ကိုလည်းသုံးလို့ရပါတယ်။ Find My Mobile က သင့်ရဲ့ File တွေကို Backup လုပ်နိုင်ရုံသာမက Find My Device မှာမရှိ Tools များစွာကိုလည်း ပေးထားပါတယ်။

Samsung မှာတော့ သင့်ဖုန်းရဲ့တည်နေရာကို မြင်ရတဲ့အပြင် သင့်ဖုန်းကိုတစ်စုံတစ်ယောက်က SIM ကဒ်ချိန်းသွားလားဆိုတာကအစ သိရပါတယ်။ ဒါပေမဲ့ Samsung ဖုန်းတွေမှာ Find My Mobile ကိုသုံးဖို့ Samsung account ဖွင့်ထားလိုအပ်ပါတယ်။

Settings ထဲက Biometrics and security > Find My Mobile ကိုနှိပ်ပြီး ဝင်လို့ရပါတယ်။

သတိပြုရမှာကတော့ Samsung ရဲ့ high end အမျိုးအစားတစ်ခုဖြစ်တဲ့ Galaxy series တွေမှာပဲ ပါဝင်ပြီးအသုံးပြုလို့ရတာဖြစ်ပါတယ်။ အစမ်းပြသမှုမှာတော့ Galaxy S10+ ကိုအသုံးပြုထားပါတယ်။

4. Samsung User များအတွက်

Samsung သုံးသူများဖုန်းပျောက်ခဲ့ပြီဆိုရင် findmymobile.samsung.com. လင့်ထဲကို ဝင်ဖို့လိုပါတယ်။ ဒါအတွက် app အနေနဲ့ သက်သက်မရှိတဲ့အတွက် တခြားဖုန်းက browser (သို့) ကွန်ပျူတာကနေ ဝင်ရောက်ပေးဖို့လိုပါတယ်။ Samsung အကောင့်ကို Sign in လုပ်ပြီးတာနဲ့ ဖုန်းရဲ့ဘယ်ဘက် screen ကို ထောက်လိုက်ပါ။ မြေပုံပေါ်လာပြီး ဖုန်းရဲ့တည်နေရာကို ပြပေးပါလိမ့်မယ်။ Menu ကိုတော့ ဖုန်းရဲ့ ညာဘက် screen မှာ ပြပေးပါလိမ့်မယ်။

Lock စလုပ်လိုက်ပြီဆိုရင်တော့ အခိုးခံရပြီ၊ပျောက်ဆုံးသွားပြီဖြစ်တယ်ဆိုတဲ့ message ကို lock screen ပေါ်မှာ ပြပေးတော့မှာပါ။ ဒါ့အပြင် ငွေကြေးအသုံးပြုမှုဖြစ်တဲ့ Samsung pay card အသုံးပြုမှုကိုလည်း ရပ်ဆိုင်းလိုက်မှာပါ။ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ဖုန်းကိုပါဝါပိတ်လိုက်လို့မရအောင် တာဆီးပေးမှုကတော့ အခြား android တွေထက်အဓိကအားအသာဆုံးပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ backup လုပ်ဖို့အချိန်ရစေမှာဖြစ်ပါတယ်။



သင့်ဖုန်းက location ဟာ ရွေ့လျားနေပြီဆိုရင် the Track location ကိုနှိပ်ပြီး အသုံးပြုလိုက်ပါ။ ဒါက ၁၅ မိနစ်တိုင်းတစ်ခါ တည်နေရာကို ပြပေးပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ Extend battery life ကို turn on လုပ်လိုက်ပြီး location ရှာနေတာကလွဲလို့ ဖုန်းထဲကအားလုံးနီးပါးကို အသုံးမပြုနိုင်အောင် လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

ICT Guide

ORIGINAL LINK ;

ဖုန္းေပ်ာက္တာပဲျဖစ္ျဖစ္၊ ခုိးခံရတာပဲျဖစ္ျဖစ္ ဘယ္လုိမ်ိဳး recovery လုပ္ၾကမလဲ ..?


Thanks https://www.ictdirectory.com.mm/ for this post !

Google စနစ္တက် သံုးနည္း လမ္းၫႊန္





ျပည္တြင္းရွိ ေက်ာင္းသားမ်ားအတြက္ Google သည္ မရွိမျဖစ္ အရာတစ္ခုဟုသာ အဓိပၸာယ္ ဖြင့္ဆိုရမည္ ျဖစ္သည္။

သို႔ေသာ္လည္း ေက်ာင္းသားအမ်ားစုက မည္သို႔အသုံးျပဳရမည္ကို ေသခ်ာစြာ သိရွိျခင္း မရွိေသးေပ။ မိမိရွာေဖြလိုသည့္ အေၾကာင္းအရာ၊ အခ်က္အလက္မ်ားကို တိက်စြာရွာေဖြျခင္း၊ သိမ္းဆည္းမွတ္တမ္းတင္ျခင္းတို႔ကို ေသခ်ာစြာ မသိရွိျခင္းေၾကာင့္ အခ်ိန္ကုန္၊ လူပင္ပန္း၊ ေငြကုန္ေၾကးက် မ်ားရသည့္ အျဖစ္မ်ဳိးႏွင့္လည္း ၾကံဳေနရသည္။ ယင္းကဲ့သို႔ အေျခအေနမ်ားရွိသည့္အတြက္ ျပည္တြင္းရွိ ေက်ာင္းသားတိုင္းအတြက္ Google အသုံးျပဳနည္း လမ္းညႊန္အေနႏွင့္ အခ်က္အလက္မ်ား ရွာေဖြျခင္း၊ သိမ္းဆည္းမွတ္တမ္းတင္ျခင္းတို႔အတြက္ နည္းလမ္းမ်ားကို စုစည္းေဖာ္ျပေပးအပ္ပါသည္။

Google Web Search (Tips and Tricks)

၁။ စာအုပ္တစ္အုပ္ကို pdf file format ႏွင့္ ရွာေဖြလိုပါက filetype:pdf ဟု ထည့္သြင္းေရးသားၿပီး ရွာေဖြႏိုင္မည္ ျဖစ္သည္။
ဥပမာ ။ ။ electronics filetype:pdf

၂။ အခ်ဳိ႕စကားလုံးမ်ားကို မိမိရွာေဖြသည့္ အေျဖရလဒ္အတြင္း ထည့္သြင္းမေဖာ္ျပေစလိုပါက " – " ( အႏုတ္လကၡဏာ) ခံၿပီး ရွာေဖြႏိုင္မည္ ျဖစ္သည္။
ဥပမာ။ restaurant -japan (Japan စားေသာက္ဆိုင္မရွာရန္ လုပ္ေဆာင္ျခင္း ျဖစ္သည္။)

၃။ တစ္မ်ဳိးမဟုတ္တစ္မ်ဳိး တစ္ခုခုကို ရွာေဖြမႈရလဒ္မွာ ထည့္သြင္းေဖာ္ျပေစလိုပါက ‘OR’ ခံၿပီး ရွာေဖြႏိုင္မည္ ျဖစ္သည္။
ဥပမာ။ Drone OR UAV

၄။ Google တြင္ အဂၤလိပ္ဘာသာမွ အဂၤလိပ္ဘာသာ အဓိပၸာယ္ ဖြင့္ဆိုခ်က္ကို ရွာေဖြလိုပါက " Define " ကို အသုံးျပဳႏိုင္မည္ ျဖစ္သည္။
ဥပမာ။ define Drone

၅။ ကိုယ္ရွာေဖြလိုတဲ့ အေၾကာင္းအရာရဲ႕ စာလုံးေပါင္းကို မသိဘူးဆိုရင္ " * " ကို အသုံးျပဳၿပီး ရွာေဖြႏိုင္မည္ ျဖစ္သည္။
ဥပမာ။ electroni*s

၆။ ရွာေဖြမႈရလဒ္မွာ ကိုယ္ရွာခ်င္တာကို ေရးထားတဲ့အတိုင္း အတိအက်ရွာေဖြဖို႔အတြက္ ဆိုရင္ေတာ့ " " ကို အသုံးျပဳၿပီး ရွာေဖြႏိုင္မည္ ျဖစ္သည္။
ဥပမာ။ “I am student”

၇။ Google မွာ Graph ေရးဆြဲလိုပါက ကိုယ္ေရးဆြဲမည့္ Graph ၏ ညီမွ်ျခင္းကို ႐ိုက္ထည့္ၿပီး လုပ္ေဆာင္ႏိုင္မွာ ျဖစ္သည္။
ဥပမာ။ y=x^2+6x+9

၈။ Website တစ္ခုကေန မိမိရွာေဖြလိုတာကို Google အသုံးျပဳၿပီး ရွာေဖြဖို႔ဆိုရင္ site:easy devboards.com Bluetooth ဟု ႐ိုက္ထည့္ၿပီး ရွာေဖြႏိုင္မည္ ျဖစ္သည္။

၉။ အင္တာနက္ ဆက္သြယ္မႈ မရွိစဥ္ ယခင္ရွာေဖြထားသည့္ ရွိၿပီး Cache မ်ားကို ျပန္လည္ၾကည့္႐ႈလိုပါက cache: ကို ခံၿပီးရွာေဖြႏိုင္မည္ ျဖစ္ပါသည္။
ဥပမာ။ cache:easydevboards.com

Advanced Google Web Search

ရွာေဖြျခင္းႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ား ေနာက္ထပ္မံၿပီး Webpage မ်ားတြင္ ရွာေဖြျခင္းႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကို သိရွိထားရန္ လိုအပ္ေပသည္။

- စကားလုံးတိုင္းသည္ ရွာေဖြမႈတိုင္းတြင္ အေရးပါသည္ကို သတိျပဳပါ။ who, the who, a who သုံးမ်ဳိးကို ရွာေဖြၾကည့္ပါက ရွာေဖြမႈရလဒ္ မတူညီသည္ကို ေတြ႔ျမင္ရမည္ ျဖစ္ပါသည္။

- အေၾကာင္းအရာမ်ားကို ရွာေဖြရာတြင္ စကားလုံး ေရွ႕ေနာက္အထားအသိုသည္လည္း မွန္ကန္ရန္ လိုအပ္ပါသည္။ ဥပမာအားျဖင့္ blue sky, sky blue အထားအသို ႏွစ္ခုအေပၚတြင္ ရွာေဖြမႈရလဒ္ မတူညီသည္ကို ေတြ႔ျမင္ႏိုင္မည္ ျဖစ္သည္။

- မိမိရွာေဖြလိုသည့္ စကားလုံးမ်ားကို စာလုံးအႀကီးျဖင့္ျဖစ္ေစ၊ စာလုံးအေသးျဖင့္ျဖစ္ေစ ေရးသားႏိုင္ပါသည္။ ရလဒ္ကြဲျပားမႈ မရွိႏိုင္ပါ။

- comma (,) ကဲ့သို႔ေသာ စာလုံးမ်ားကို မည္သို႔ပင္ ထည့္သြင္းေစကာမူ အေရးမႀကီးလွေပ။

- သို႔ေသာ္ အခ်ဳိ႕ေသာ C#, C++, Google+ စသည္ျဖင့္ Programming language အမည္မ်ား ေနာက္တြင္ တြဲလ်က္ပါသည့္ # သို႔မဟုတ္ + စသည္တို႔မွာ အေရးပါသည္ကို သတိျပဳရန္ လိုအပ္ေပသည္။

ရံဖန္ရံခါ မိမိရွာေဖြသည့္ အခ်က္အလက္မ်ားကို မေတြ႔ဘဲ လည္ေနျခင္းမ်ဳိး ႀကံဳလာပါက Keyword လြဲမွားျခင္းေၾကာင့္ ျဖစ္ႏိုင္ပါသည္။ Keyword ကို ေျပာင္းလဲရွာေဖြ ၾကည့္ႏိုင္ပါသည္။

ရွာေဖြမႈရလဒ္မ်ား

တစ္စုံတစ္ခုကို ရွာေဖြမည္ဆိုပါက ေၾကာ္ျငာမ်ားကိုလည္း ရလဒ္မ်ားတြင္ ထည့္သြင္းေဖာ္ျပထားသည္ကို ေတြ႔ျမင္ရမည္ ျဖစ္သည္။

အဓိက မိမိရွာေဖြသည့္ ရလဒ္အေျဖကိုသာ တိုက္႐ိုက္ဖတ္႐ႈဖို႔ လိုအပ္မည္ ျဖစ္ပါသည္။ Search Bar ၏ ေအာက္ဘက္ရွိ Filter တြင္ Web, image, maps, shopping စသည္ျဖင့္ မိမိလိုအပ္သည့္အရာကို ေ႐ြးခ်ယ္ႏိုင္ပါသည္။ ပုံမ်ားကိုသာ ရွာေဖြလိုပါက image ကိုေ႐ြးခ်ယ္ႏိုင္ပါသည္။ ရွာေဖြသည့္ စကားလုံးကလည္း အတိအက်ရွိမည္၊ Google ဘက္ကလည္း ရလဒ္ရွိမည္ ဆိုပါက Knowledge အေနႏွင့္ ေဘးဘက္တြင္ သီးျခားျပသထားျခင္းမ်ဳိးလည္း ရွိပါသည္။ အထူးသျဖင့္ ေနရာမ်ားကို ရွာေဖြရာတြင္ သီးျခားျပသမႈမ်ားကို ျမင္ေတြ႔ဖတ္႐ႈႏိုင္မည္ ျဖစ္ပါသည္။

Advanced Searching

Advanced Searching ကို နည္းလမ္းႏွစ္မ်ဳိးျဖင့္ အသုံးျပဳႏိုင္မည္ ျဖစ္သည္။

၁။ Advanced Search page
ဒီေနရာမွာ ပုံေတြကို ရွာေဖြဖို႔ လိုအပ္တယ္ ဆိုရင္ေတာ့ https://www.google.com/advanced_image_search တြင္ ရွာေဖြႏိုင္မည္ ျဖစ္ၿပီး၊ Website ေတြကို ရွာေဖြဖို႔ လိုအပ္တယ္ ဆိုရင္ေတာ့ https://www.google.com/advanced_search တြင္ ရွာေဖြႏိုင္မည္ ျဖစ္ပါသည္။

၂။ ဒုတိယ နည္းလမ္းတစ္ခု အေနႏွင့္ Operator မ်ားကို အသုံးျပဳၿပီးလည္း ရွာေဖြႏိုင္မည္ ျဖစ္ပါသည္။ Operator List မ်ားကို https://support.google.com/websearch/answer/2466433 ဤလင့္ခ္တြင္ ၾကည့္႐ႈႏိုင္မည္ ျဖစ္ၿပီး Operator မ်ား အေၾကာင္းကို အထက္တြင္ Tips and Tricks အေနႏွင့္ ေဖာ္ျပၿပီး ျဖစ္ပါသည္။

စာအုပ္မ်ား ရွာေဖြျခင္း

မိမိဖတ္႐ႈလိုတဲ့ စာအုပ္ေတြကို ရွာေဖြမည္ ဆိုပါက Google Book မွတစ္ဆင့္ ရွာေဖြပါက အဆင္ေျပႏိုင္မည္ ျဖစ္ပါသည္။ ယင္းအျပင္ Google Book တြင္ စာအုပ္တစ္အုပ္လုံးကို မဟုတ္ေသာ္လည္း အခ်ဳိ႕အစိတ္အပိုင္းမ်ားကို နမူနာဖတ္႐ႈခြင့္ ေပးထားသည့္အတြက္ စာအုပ္ရွာေဖြ ေဒါင္းလုပ္ရယူမည့္သူမ်ား အတြက္ အထူးပင္ အဆင္ေျပေစႏိုင္မည္ ျဖစ္ပါသည္။ https://books.google.com/ တြင္ စာအုပ္မ်ားကို ရွာေဖြႏိုင္မည္ ျဖစ္ပါသည္။

နမူနာအေနႏွင့္ Wireless Communication ႏွင့္ ပတ္သက္သည့္ စာအုပ္စာတန္းမ်ား ရွာေဖြလိုပါက အထက္ပါလင့္ခ္တြင္ Wireless Communication ဟု ႐ိုက္ထည့္ၿပီး ရွာေဖြပါက စာအုပ္စာတမ္းမ်ား က်လာမည္ ျဖစ္သည္။ ယင္းစာအုပ္မ်ား၏ လင့္ခ္တြင္ “https://books.google.com/books?isbn=_______” ဟု ေဖာ္ျပထားမည္ ျဖစ္သည္။ ယင္းကြက္လပ္ေနရာတြင္ ဂဏန္းမ်ားပါရွိမည္ ျဖစ္ၿပီး ယင္းနံပါတ္မ်ားသည္ အျပည္ျပည္ဆိုင္ရာသုံး စာအုပ္နံပါတ္ (ISBN) ျဖစ္သည္။

အကယ္၍ မိတ္ေဆြ၊ သူငယ္ခ်င္းမ်ားက စာအုပ္တစ္အုပ္ကို ညႊန္းပါက ISBN ကို ကြက္လပ္ေနရာမွာ ႐ိုက္ထည့္ၿပီး အလြယ္တကူ ရွာေဖြႏိုင္မည္ ျဖစ္ပါသည္။ ISBNနံပါတ္ေတြကို စာအုပ္ေတြရဲ႕ ေရွ႕ဆုံးစာ မ်က္ႏွာမွာလည္း ေတြ႔ျမင္ႏိုင္မည္ ျဖစ္ပါသည္။

စာအုပ္မ်ားကို ဖတ္႐ႈၿပီးပါကလည္း စာအုပ္ကို မိမိ Library တြင္ သိမ္းဆည္းထားႏိုင္မည္ ျဖစ္သည္။ Google Account လိုအပ္မည္ျဖစ္ေသာ္လည္း ေက်ာင္းသားအမ်ားစုက gmail အသုံးျပဳတာေၾကာင့္ Google Account ရွိၿပီး ျဖစ္ေပလိမ့္မည္။

Library အတြင္း သိမ္းဆည္းထားျခင္းျဖင့္ မိမိဖတ္႐ႈၿပီး စာအုပ္မ်ားကို မွတ္သားထားႏိုင္ၿပီး ဖတ္႐ႈရန္ လိုအပ္သည့္ စာအုပ္မ်ားကိုလည္း အလြယ္တကူ ၾကည့္႐ႈႏိုင္မည္ ျဖစ္ပါသည္။

အထက္ပါအခ်က္မ်ားကို Google မွာ ေလ့လာရွာေဖြမည့္ ေက်ာင္းသူ/သားမ်ားအတြက္ အေထာက္အကူျဖစ္ရန္အတြက္ အသံုးမ်ားေသာအခ်က္မ်ားကိုေဖာ္ျပလိုက္ရပါသည္။ တကယ္ေတာ့ Google SE ကသင္တို႔ထင္တာထက္ အမ်ားႀကီးက်ယ္ျပန္႔ပါတယ္။

Credit : Original Writer

UNICODE


ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။

သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့် အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။

Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက " – " ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV

၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက " Define " ကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် " * " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။

- စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

- အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

- မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။

- comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။

- သို့သော် အချို့သော C#, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့် # သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။

ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။

ရှာဖွေမှုရလဒ်များ

တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင် Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကိုရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page
ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။

စာအုပ်များ ရှာဖွေခြင်း

မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။ https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။

နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင် “https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။

အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကိုဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

Credit : Original Writer

ORIGINAL LINK ;

Google သံုးနည္း လမ္းၫႊန္

Thanks https://www.ictdirectory.com.mm/ for this post !