Showing posts with label ရေခြားမြေခြား က မြို.လေးရဲ. အငွေ.အသက်များ. Show all posts
Showing posts with label ရေခြားမြေခြား က မြို.လေးရဲ. အငွေ.အသက်များ. Show all posts
Thursday, May 23, 2013
စက်တော်ရာက ၀ါးခယ်မ သားတို. အလှု
Photo by Aung Lwin (SS Avenue of WKA)
ဟိုးးးးးးးး ယခင်ကာလများဆီကပင်လျှင် အလှုဒါန ရေးတို.တွင် လက်မနှေးခဲ့ကြ ဒါနဆိုရာတွင် ကိုယ်.မြို.လေး တစ်ခုထဲကိုယ် ကွက်၍ လှုဒါန်းနေကြခြင်းမျိုး မဟုတ်ပဲ မြန်မာပြည်အနှံ. လိုအပ်သည်တို.ကို တတ်နိုင်သလိုလှုဒါန်းခြင်းမျိုးဖြစ်ပါသည် ။
ယခင်တစ်ကြိမ်က ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် စောင်းတန်း ထိပ်ဆုံးအခန်းများ၏ အလှုရှင်များဖြစ်သော ၀ါးခယ်မမြို.ဖွား များအကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါသည် ။ယခုကတော. အထက်မြန်မာပြည်၏ နာမည်ကျော် တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော စက်တော်ရာ ဘုရားမှအလှုကိုဖော်ပြပါမည် ။
ထိုအလှုကား လွန်ခဲ့သော နှစ်ပေါင်း ၈၀ နီးပါးခန်.က စက်တော်ရာ တန်ဆောင်းကြွေပြားခင်းအလှု ဖြစ်ပြီး အလှုရှင်မှာ ၀ါးခယ်မမြို. ရာဇ၀တ် ၀န်ထောက်မင်း ဦးခင်ဖြစ်ပါသည် ။ထိုဦးခင်မှာ ၀ါးခယ်မမြို. သကျမဟာသီရိ ဘုရားကြီး တန်ဆောင်းတော်ထိပ်ရှိ ယခုတိုင်ပုံမှန်လည်ပတ်နေဆဲ ဂျာမဏီ နိုင်ငံလုပ် နာရီနှင်. နာရီစင်ကို မြန်မာသက္ကရာဇ် ၁၂၉၂ (ခရစ်နှစ် ၁၉၃၀ ခန်.) ကလှုဒါန်းခဲ့သောအငြိမ်းစား ရာဇ၀တ် ၀န်ထောက် ဦးခင် ၊ ဒေါ်ယုပင်ဖြစ်ပါသည်။ကျောက်စာတိုင်တွင် ထိုးထားသော ကဗ္ဗည်းအရ ၀ါးခယ်မ ဘုရားကြီး နာရီစင် လှုဒါန်းပြီး ၆ နှစ်ခန်.အကြာတွင် လှုဒါန်းခဲ့သော အလှုဖြစ်ပါသည် ။
Photo by Aung Lwin ( SS Avenue of WKA)
ကျောက်စာတွင်ရေးထိုးထားသော စာအပြည်.အစုံမှာ (၀ါးခယ်မမြို. ရာဇ၀တ် ၀န်ထောက်မင်း ဦးခင် T D M မင်းကတော် ဒေါ်ဒေါ်ယု သားသ္မီး မြေးတို.က တံဇောင်းအတွင်းကျွေပြား ခင်းလှုသည် ။နတ်လူသာဓု ခေါ်စေသောဝ် ။
1-2-36 ) မူရင်း အသုံးအတိုင်းဖြစ်ပါသည် ။
Saturday, March 23, 2013
စားခဲ့မိသည်. မုန်.ဟင်းခါး တစ်ပွဲ
 မျက်စိတစ်ဆုံး မစိမ်းစိုသော်လည်း ကျယ်ပြောလှသော ကွင်းပြင်ကျယ်ကြီးများ ၏ အလယ်.....
ကောင်းကင်ပြင် တစ်ခုလုံး အမိုးခုံးထိ မြင်နေရသော ရပ်ဝန်း.....
တစ်ချိန်က မြို.တော် ခုတော.စီးပွားရေး မြို.တော် ဆိုင်းဘုတ်ပြောင်း အတပ်ခံထားရသော ရန်ကုန်မြို.တော်၏ အရှေ.ဘက်အစွန်ကျသော မြို.နယ်တစ်ခု.............
အရင်ကတော. လူနေကျဲပါးပေမယ်. ခုတော. လူလတ်တန်းစား တို.အခြေချရာ ရပ်ဝန်းဖြစ်သော
ဒဂုံဆိပ်ကမ်း..........ယုဇန ဥယျာဉ်မြို.တော်
သိပ်ရောက်လေ. မရှိသော်လည်း ၃/၄ ကြိမ် ခန်.ရောက်ဖူးသောနေရာမို. တစ်ခေါက်ထက် တစ်ခေါက် စည်ကားလာနေသည်ကတော. သတိပြုမိသည်..........
နံနက်ပိုင်း လူစီးကြောင်းသည် မြို.တွင်း ဘက်ဆီသို. တစ်ဖက်သတ်စီးဆင်းခဲ့သည်မို. ယခုလို ညနေစောင်းတွင်တော. ပင်လယ်ရေတို. ပြန်စီးဝင်ချိန်ကဲ့သို.ပင် လူစီးကြောင်းက တစ်လိမ်.လိမ်. ပြန်လည် စီးဝင်နေကြသည်.......
ပြုစရာရှိသော ကိစ္စတစ်ခုပြီးခိုက် လိုင်းကားနှင်.ပင်ပြန်ဖို.လုပ်ရင်းစည်ကားလှသော ညနေခင်း ဈေးလေးတစ်လျှောက် လျှောက်ကြည်.မိသည်၏ အဆုံးတွင် ပွဲဈေးတန်းလေးတစ်ခု တွေ.လိုက်ရသည်...ရန်ကုန်ပွဲဈေးတန်းဆို.၏ မြင်နေကျ မြင်ကွင်းတို.အတိုင်း ကလေးကစားစရာ အရုပ်ဆိုင်များ....ဂဏန်းကော်ကြော် ဟုခေါ်ကြသော ဂဏန်းကို မုန်.နှစ်ဖြင်.ကြော်ထားသော အကြော်ကိုအဓိက အမြင်လှအောင်ပြင်ရင်း အကြော်စုံရောင်းချနေသော ဆိုင်များ.....ကိုရီးယားကင်..ကြက်ကင်ဆိုင်များ...အသုပ်စုံဆိုင်များ....တုတ်ထိုးဆိုင်များ...ဈေးသက်သာသော အဖိုးနည်းဝန်ပါ အထည်ဆိုင်များ ............
မြို.တွင်းပွဲဈေးများကဲ့သို  ဆိုင်မများလှသော်လည်း စည်ကားလို.တော.နေသည်
ခုလိုပွဲဈေးလေးတွေတွေ.တိုင်း မသိစိတ်ကမျှော်လင်.မိသည်.အရာတစ်ခု ပြုမြဲအတိုင်းလိုက်ရှာမိသည်
ဒီနေရာက ဧရာဝတီသားတွေအခြေချ တတ်ကြသော ရပ်ဝန်းတစ်ခုမို. ရှိလိုရှိငြား လိုက်ကြည်.မိခြင်းဖြစ်သည်.....လမ်းမကြီးအတိုင်း ခင်းထားသော ဈေးတန်းတို.အဆုံး ဘယ်ဘက်ကိုကွေ.၀င်လိုက်သည်....ပြင်ဆင်ထားသော ဇာတ်စင်တစ်ခုကို တွေ.လိုက်မိသော်လည်း ကြားဖူးနေကျ ဇာတ်နာမည်တော.မဟုတ်...အရှိန်အ၀ါကြီးလှသော ဇာတ်တစ်ခုမဟုတ်ပေမယ်. သပ်သပ်ရပ်ရပ်တော.ရှိသည်....ဇာတ်စင်နှင်. ဇာတ်ရုံ ရှိရာဘက် ချိုးကွေ.လိုက်ရင်း ဘယ်ဘက်ကိုကြည်.လိုက်မိတော. ဒိတ်ကနဲဖြစ်သွားသည်.........
ဆိုင်လေးတစ်ဆိုင် ....
၎ပေမီးချောင်း ရောင်အောက် သနပ်ခါးထူထူလိမ်းထားသောအမျိုးသမီးကြီးတစ်ဦး နှင်. ရောင်းချဖို.ပြင်ဆင်ထားပုံများ
ထိုဆိုင်လေး၏ အထက်အမိုးလေးတွင် ဆိုင်းဘုတ်အဖြူလေးပေါ်မှာအပြာရောင်လေးနှင်.ရေးထားသည်
ဝါးခယ်မ မုန်.ဟင်းခါး 
ပထမဆုံး တွေးလိုက်မိသည်က ရန်ကုန်မြို.တွင်းဆိုင်ကြိးအချို.တွင် ပင် အမည်ခံ ၀ါးခယ်မမုန်.ဟင်းခါး တစ်ချို.၏ အရသာက ဘယ်လိုပြောရမလဲပေါ.နော်
ဆိုတာလိုဖြစ်နေချိန် ဒိနေရာက မုန်.ကရော...........
ဆိုင်အခင်းအကျင်းက ၅ပေခန်. ခုံလေးတစ်လုံးပေါ် မုန်.ဖတ်ဇလုံ....ပုလင်းငယ်တွေ..ရှေ.မှာတော. Tissue ဘူးလေးတစ်ခု ဘေးမှာက ခုံပုလေး ၄လုံးလောက်တော. ခင်းထားသည်..စားပွဲထိုးက ရှိပုံမပေါ်
ရောင်းချနေသူကလည်း သပ်ရပ်သော်လည်း တောက်ပြောင်နေသည်တော.မဟုတ်
ဓါတ်ပုံလေးပဲ ရိုက်ယူသွားရင်ကောင်းမလား စဉ်းစားတော. ကင်မရာ က မပါ
ဖုန်းကလည်း MP နိမ်.သည်. ကင်မရာပဲပါသည်...အလင်းရောင်ကနည်းလို.မီးတွေတောင်ထွန်းနေပြီ ဆိုတော.ပုံကောင်းကောင်းမရနိုင်...ခုလေးတင်အစာစားခဲ့သည်မို. ဗိုက်ကလည်း သိပ်လက်မခံချင်
မထူးပါဘူးသေချာအောင်မေးပြီးနည်းနည်းတော. စားကြည်.လိုက်မယ် လို.တွေးရင်း ၀င်ထိုင်လိုက်တော. ဆိုင်မှာ ကိုယ်တစ်ယောက်တည်း....
အကြော်တစ်ခုထည်.ဖို.ပြောရင်း ဟင်းရည်နည်းနည်းပဲထည်.ဖို.မှာလိုက်သည်
ဒါက ကိုယ်.မြို.ကသာဆို သတိပြုမိစေရန်
ကိုယ်.မြို.မှာက မုန်.ဟင်းခါးဆို အရည်အနည်းငယ်နှင်. စားလေ.ရှိကြသည်
ဆီချက်များများထည်.ဖို.မှာရင်း ပဲမှုန်.ပါထည်.ခိုင်းလိုက်သည်
မုန်.ထည်.ပြီး ပုဂံရောက်လာတော. အမြင်ကိုတော. သဘောကျသွားသည်
ဝါးခယ်မရောင် ပေါက်သည်ဟုပြောရမည်ပေါ.
အရသာကိုမြည်းကြည်.လိုက်သည်
တစ်ခုခုလိုနေသလို ခံစားလိုက်ရပေမယ်. သေချာသည်
ဒါ ၀ါးခယ်မ မုန်.ဟင်းခါးအစစ်
ဆန်မှုန်.ကြောင်.အဖြူနောက်နောက် အရောင် ပေါ်ဆီချက်၏ အ၀ါသွေး ဆက်နေပြီး ငြုပ်ကောင်းနံ. သင်းသင်းလေးက ကိုယ်.မြို.လေးဆီ သတိပြန်ရမိစေသည်
တစ်ခုခုလိုနေသလို ခံစားရတာကိုသေချာစဉ်းစားလိုက်တော. ကျီလောင်လောင် ပါးလှပ်လှပ် ညှုပ်ခေါက်ဆွဲဖတ်များက တရားခံ
ဟုတ်တော.လည်းဟုတ်သည် ...  မြို.မှာလို အဖြူရင်.ရင်. ခပ်ထူထူ ကပ်ကြေးစာ ကြွေးထားသော မုန်.ဖတ်မှ
မဟုတ်တာ .....မုန်.ဟင်းခါးဖတ်ကလည်း ကြာဖံမျှင် သာသာ....
မုန်.ကို အရသာခံစားနေရင်း စိတ်ကသိချင်နေသည်..၀ါးခယ်မကလား....ဒီမှာအခြေချနေတာလား...ဒါမှမဟုတ် အမျိုးတွေ ၀ါးခယ်မမှာရှိတာလား ....ဘယ်လိုမေးရမှန်းမသိ...အရသာကိုသဘောကျပေမယ်. ဗိုက်ကလက်မခံနိုင်တော. နောက်ဆုံးတော. ခွင်.တောင်းပြီး ဓါတ်ပုံ၇ိုက်မယ် ပြန်တော.မယ်ဆိုပြီး ဘယ်လောက်ကျလည်းအမ လို.မေးလိုက်တော. ၃၀၀ တဲ.ဆိုပြီး မုန်.ပုဂံကို သူလှမ်းကြည်.လိုက်တယ်
စားမကောင်းတာလားဆိုတဲ့ စိုး၇ိမ်စိတ်အပြည်.နဲ. လှမ်းမေးတော. တအား  အားနာသွားတယ်
မဟုတ်ပါဘူးအမ...အစာစားပြီးကာစမို. မစားနိုင်တာကြိုက်ပါတယ် ကျွန်တော်က ၀ါးခယ်မသားမို.
ဝါးခယ်မ မုန်.ဟင်းခါးလေးတွေ.လို.မနေနိုင်လို. ၀င်စားတာပါဆိုတော. သူက
ဟုတ်လို.လား တကယ်စားကောင်းရဲ.လား ဆိုတဲ့ စိတ်မချနိုင်သေးတဲ့အသံနဲ.အမေး
သိလိုက်ပါပြီ သူ  ၀ါးခယ်မသူအစစ် .... ဒါငါတို.မြို. ကလူပဲ
စေတနာအပြည်.နဲ. စိုးရိမ်မှုတွေနဲ. ရောင်းနေရှာတဲ့ ငါတို. မြို.သူတစ်ယောက်
မျက်နှာပေါ်မှာ သိမ်ငယ်စိတ် အချို.နဲ.အတူ စားကောင်းပါစေ ဆိုတဲ့စေတနာ တွေတစ်ပုံတစ်ပင် မြင်နေရတယ် .......... ပြီးပြီးရော လုပ်မရောင်းတဲ့ ကိုယ်.မြို.က လူတစ်ယောက်
ကိုယ်.မြို.နာမည် တပ်ထားတဲ့ မုန်.ဟင်းခါး မှာ သူစွမ်းသမျှ မြို.လေးရဲ. သိက္ခာတွေပါ ဈေးတင်ပေးနေသူ
ကျေနပ်လိုက်တာ ...... ပိုက်ဆံထက် စေတနာကို တန်ဖိုးထားနေသူ ....ပွဲဈေးဆိုတာက ရက်ပိုင်းထက်ပိုမနေရ ...နောင်တစ်နေရာရောက်သွားရင် နောက်လူတွေတွေ.ရမှာဆိုတော. သိပ်ပြဿနာမရှိ ..ဒါပေမယ်. ဒီလိုနေရာလေးမှာ ဒီလိုစေတနာတွေ.နဲ.ရောင်းနေတဲ့ ကိုယ်.မြို.က မုန်.ဟင်းခါးလေး .........နောက်ဆုံး ဘာအရသာမှမရှိရင်တောင် စားရတာ တန်တယ်
နောက်တော.ရသလောက်ပဲ ပုံလေး ၂ပုံရိုက် ပွဲဈေးတန်းက ပြန်ထွက်ရင်း လာတဲ့ကားတစ်စီးပေါ် တက်လာမိပါတယ်
ပြတင်းက ၀င်လာတဲ့လေ ....
အဝေးကြီးအထိ လှမ်းကြည်.လို.ရပေမယ်. ဘာမှမြင်ခွင်.မပြုတော.တဲ့အမှောင်.........
ဝါးခယ်မ မုန်.ဟင်းခါး နာမည်တပ်ထားပြီး ဘာတစ်ခုမှ မတူအောင်ချက်ရောင်းနေကြတဲ့ ဆိုင်အချို.
ကိုယ်.မြို.က မုန်.ကို ကိုယ်တိုင်ချက်ပြီး စေတနာအပြည်.ပါပေမယ်. သိမ်ငယ်မှုတွေနဲ. ရောင်းနေရတဲ. ၀ါးခယ်မ မုန်.ဟင်းခါးစစ်စစ်
ဒါတွေဟာ ကံကြမ္မာနဲ. ဆိုင်တာလား
သိတတ်မှုနဲ.ပတ်သက်တာလား
 တစ်ခု သတိရလိုက်မိသည် ..မျိုးချစ်စိတ်ဆိုတာ မြို.ချစ်စိတ်က အခြေခံပါသည်တဲ့
Wednesday, October 31, 2012
ရန်ကုန်က ၀ါးခယ်မ နဲ.ရွှေလောင်း
ရန်ကုန်က မြို.လေးရဲ. အငွေ.အသက်အချို. 
  စမ်းချောင်းက ၀ါးခယ်မ လမ်း နဲ. ရွှေလောင်းလမ်း
မြို.လေးကို တကယ်မြတ်နိုးကြသူတွေ...အထူးသဖြင်. အဝေးရောက်နေကြရသူတွေ...ဒီ.ထက်ပိုပြီး အဝေးလည်းရောက် မပြန်ရတာလည်းကြာ အသက်ကလည်းကြီးလာကြသူတွေအဖို. သတင်းစာထဲမှာ.. ဂျာနယ်ထဲမှာ ..၀တ္ထု ဇာတ်လမ်းတွေထဲမှာ ..နောက်ဆုံးးရုပ်ပြ ကာတွန်းတွေထဲမှာ ၀ါးခယ်မ ဆိုတဲ. စာသားလေး မြင်လိုက်ရရင် ...ဒါမှမဟုတ် မြို.နဲ. ပတ်သက်တာလေးတွေ.လိုက်ရင် ရင်ကို လှိုက်ကနဲ ဖြစ်သွားတတ်ကြပါတယ်..ဘာအကြောင်းလည်း..ဘာတွေရေးထားတာလည်း ကိုယ်သိတဲ့နေရာ ကိုယ်သိတဲ့သူ ကိုယ်နဲ.ပတ်သက်တာလေးတွေဆို အနားက လူတွေ ကို ဆက်စပ်ရာလေးတွေပြောပြရင်း စိတ်ကူးနဲ. မြို.ကို ခဏပြန်ရောက်သွားတတ်ကြစမြဲပါ.....
တကယ်က ဇာတိမြို.ဆိုတာလေးတွေဟာ များသောအားဖြင်. မိစုံဖစုံ သူငယ်ချင်းစုံ နဲ. ရင်ခုန်တတ်စ အရွယ်တွေအထိ အချိန်တော်တော်များများကို ကျေနပ်..ကြည်နူး ..ပျော်ရွှင်စွာ ဖြတ်သန်းခွင်. ရစေခဲ့တဲ့ အတိတ်က နိဗ္ဗာန်ဘုံ...သုခရပ်ဝန်း အဖြစ် သတိရတမ်းတမိတတ်ကြတာမျိုးပါ..အချို.တွေအတွက်တော.လည်း ခါးသက်တဲ. နာရီတစ်ချို.ရှိကောင်းရှိခဲ့ကြမှာပါ...ဘယ်လိုပဲဖြစ်ဖြစ် အတောင်အလက်စုံလို. တော်ရာဆိုတဲ့ခေါင်းစဉ်အောက် ဘ၀တွေရောက်နေကြရပေမယ်. အနည်းဆုံး ၀ါးခယ်မ ဆိုတဲ.စာလုံးလေးတွေ.ရင် ..မြင်ရင်..ကြားလိုက်ရရင်တော. စိတ်ကူးရထားက ၅နှစ်သား ဘူတာစဉ်လောက်အထိ တစ်ရှိန်ထိုးမောင်းသွားတတ်ကြတာပါပဲ...ကြည်နူးချမ်းမြေ.ဖွယ် ဘူတာများမှာတော. ခေတ္တ မိန်းမော...ခပ်စပ်စပ် ဘူတာတွေကိုတော. မျက်လုံးမှိတ်ကျော်..ပျော်စရာတွေများတဲ. ငယ်ဘ၀ရဲ. အချိန်တွေဆီ ဆိတ်ငြိမ်ချမ်းမြေ.စွာ ပြန်ရောက်သွားမိတတ်ကြတာပါပဲ....တကယ်တော. ဘ၀တွေကြီးရင်.သွားချိန်မှာ မြို.လေးမှာ ကျန်ခဲ့တတ်ကြတာက မိအို..ဖအို..အိမ်အို..တံတားဆွေး..ကိုယ်တွေကတော. ဟိုးးးးးးးးးးးး အဝေးမှာ ပျော်တဲ့အခါလည်းပျော် ကျရှုံးတဲ.အခါလည်း ကျရှုံး ..အမုန်း..အချစ်..ဘ၀အာမခံချက်..အနာဂတ်တစ္ဆေ တွေရဲ. မောင်းနှင်မှုအောက် လမ်းပျောက်တာလား..လမ်းဖောက်တာလားတောင် မသိလောက်အောင်ဖြစ်နေတတ်ပါတယ်.....
ဒီင်္လမ်းလေးနဲ. ပတ်သက်လို.ကတော. ဘာမင်ဂန် ဆရာတော်ကြိး ဒေါက်တာ ရေ၀တဓမ္မ က ..... မိမိတို. ကိုရင် ဘ၀ က ရှမ်းလမ်းပေါ်ရှိ အောင်မင်္ဂလာ သိဒ္ဓိ ကျောင်းတိုက်၌ စာပေသင်ကြားစဉ် ဆွမ်းကွမ်း ရှားပါး၍ ကျောင်းရှိသံဃာ အားလုံး ဆွမ်းခံထွက်ရာ အပါး တစ်ရာကျော်မျှ ရှိသော သံဃာတန်းကြီးကို ကြည်ညိုသဒ္ဓါပေါက်လွန်း၍ ပုသိမ်လမ်း ဖျာပုံလမ်း ညောင်တုန်းလမ်း ၀ါးခယ်မလမ်း ..တို.မှထွက်လောင်းရာ တစ်နေ.ဆွမ်းခံရုံမျှဖြင်. တစ်နှစ်စာပတ်လုံး စားလောက်အောင်ရရှိခဲ့ကြောင်း........မိန်.တော်မူဖူးသည်ကို သိရသောအခါ ထိုလမ်းလေးအတွက် ကြည်နူးပီတိ ဖြစ်ရပါသည်...
Friday, October 19, 2012
ရွှေတိဂုံ ဘုရားပေါ်က ၀ါးခယ်မ အငွေ.အသက် တစ်ချို.
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို.၏ ဂုဏ်ယူဖွယ်ရာ အမြတ်တနိုး တန်ဖိုးထားဖွယ်ရာဖြစ်သော ရွှေတိဂုံ စေတီတော် မြတ်ကြီးတွင်လည်း မြို.လေး၏ အငွေ.အသက် တစ်ချို. တွေ.မြင်နိုင်ပါသည်....
ယခုကဲ့သို. ၀ါတွင်းကာလ မျာ...
းတွင် မြန်မာနိုင်ငံ ရှိ မြို.ကြီးများ၏ နာမည်ကြီး ဘုရားစေတီကြီးများတွင် ဥပုသ်နေ.တိုင်း တရားပွဲများကို ကျင်းပကြပါသည်..ပဲခူးကဲ့သို.မြို.မျိုးရှိ ရွှေမော်ဠော စေတီတွင်ပင် ဥပုသ်နေ.တိုင်း တရားပွဲ ၂ပွဲ ၃ ပွဲခန်. ရှိနေတတ်ပြီး ရွှေတိဂုံ စေတီကြီးတွင်မူ တရားပွဲ ၂၀ ခန်.ထိ ရှိနေတတ်ပါသည်....ထိုအထဲတွင်မှ ၀ါးခယ်မဖွား ဆရာတော် တစ်ပါးဖြစ်သည်. မိမိဘွဲ.တော်နောက်တွင် မိမိဇာတိကို အမြတ်တနိုးတွဲယူဘွဲ.ခံထားသော ကြာနီကန်ဆရာတော်ဘုရား ၏ဟောပုံဟောနည်း လေယူလေသိမ်း နှင်.တူအောင်ဟောလေ.ရှိပြီး 
ကြာနီကန်ဆရာတော ၏ အခွေ များမှတစ်ဆင်. ကြားဆရာအဖြစ်ထားပြီး သင်ယူခဲ့ပါ သည်ဆိုသည်.ဲ့ ကြာနီကန် ဆရာတော် ဦးရေ၀တ (၀ါးခယ်မ)...(ယခင်ကြာညိုကန် ဆရာတော်) ၏ တရားပွဲများကို ၀ါတွင်းကာလ ဥပုသ်နေ.တိုင်း ရန်ကုန်ဆန်လှုအသင်းတန်ဆောင်း (ရခိုင်တန်ဆောင်းနှင်. အနောက်ဘက်စောင်းတန်းကြား) မှာ ပြုလုပ်ကျင်းပနေပါ သည်...ကိုယ်.မြို.သား ဘုန်းကြီးမှ နာရတာ ပိုပီတိဖြစ်တယ် ဆိုသူများအတွက်တော. ရေကန်အသင်. ကြာအသင်. အခြေအနေများပင်..
      ထို.အပြင် ဂုဏ်ယူဖွယ်ရာ တစ်ခုက အနောက်ဖက်စောင်းတန်း (စက်လှေကားမုခ်) ၏ 
 ထိပ်ဆုံးတွင်တွေ.ရပါသေးသည်...ထိုစောင်းတန်းထိပ် ဘယ်ညာ အခန်းကျယ်၏ အလှုရှင်မှာ 
  ယူဆရပါသည်..အလှုရှင်သည် မိမိရွာ မိမိမြို. နာမည်ကို ဂုဏ်ယူစွာ ဖော်ပြထားရုံမက 
ကဗ္ဗည်းကျောက်ပြားကိုပင် ၀ါးခယ်မသား ပညာရှင် လက်ရာဖြင်. ထွင်းထု ထားခြင်းက မိမိမြို.ကို အဘယ်မျှ 
တန်ဖိုးထားကြောင်းပေါ်လွင်နေသည်