Friday, September 8, 2017

Facebook နဲ. Twitter ချိတ်ဆက်အသုံးပြုနည်း

Facebook ကနေ Twitter ကို အော်တိုပို့စ်တင်မယ်..


 
ဆိုတော့ ဒီမှာက Facebook ပဲ သုံးကြတာ.. ခုတော့ အခြေအနေတွေက Twitter လိုလာပြီဆိုတော့ ဟိုခုန်ဒီခုန်နဲ့ မကူးရအောင် Facebook မှာ တစ်ခုတင်လိုက်တာနဲ့ Twitter ကို တစ်ခါတည်း လှမ်းတင်လို့ ရမယ့်နည်း မရှိဘူးလား..


ရှိပါတယ်.. နည်းတွေအများကြီးရှိတယ်.. အဲဒီထဲက အဆင်ပြေဆုံးဖြစ်မယ့် နည်းကတော့ IFTTT ဆိုတဲ့ Service ကို သုံးတဲ့နည်းပါ။ ဘာလို့ဆို ကိုယ်ဘာတင်ချင်သလဲဆိုတာကို ထိန်းချုပ်လို့ရလို့ပါ။

ကဲ.. စရအောင်..

လိုအပ်ချက်တွေက
(၁) Facebook Account တစ်ခု
(၂) Twitter Account တစ်ခု
(၃) IFTTT Account တစ်ခု

အရင်ဆုံး IFTTT.com ကို သွားလိုက်ပါ။ (IFTTT ဆိုတဲ့နာမည်ရဲ့ အရှည်ကောက်က IF This Then That ဖြစ်ပါတယ် - ဤကားစကားချပ်)

Login with Facebook နဲ့ ဝင်လို့ရပါတယ်။ ဝင်လိုက်ပါ။

ညာဘက်ဒေါင့်နားမှာရှိတဲ့ Proifle ဘေးက အောက်မြှားလေးကိုနှိပ်ပြီး New Applet ကို ရွေးပါ။

if this then that ဆိုတဲ့ စာကြီး ပေါ်လာရင် အပြာရောင်လေးဖြစ်နေတဲ့ +this ဆိုတာကိုနှိပ်ပါ။

Search Box ပေါ်လာရင် Facebook ကို ရှာလိုက်ပါ။ (၂) ခု ပေါ်လာလိမ့်မယ် Facebook ရယ် Facebook Pages ရယ်ပါ။ Facebook ကို ရွေးလိုက်ပါ။

Trigger ရွေးရပါမယ်။ အဲဒီနေရာက အနှစ်ပါပဲ။ ရွေးစရာ Trigger တွေ အများကြီးရှိပါတယ်။ Facebook မှာ ကိုယ်တင်သမျှ အကုန် Twitter ကို ပြန်တင်ချင်တယ်ဆိုရင် New Status Message by You တို့ New link post by You တို့ New photo post by You တို့ကို ရွေးရမှာပါ။ ကျွန်တော်ကတော့ အားလုံးမတင်ချင်တဲ့အတွက် New Link Post By You with Hashtag (or) New Photo Post by You with Hashtag ကို ရွေးပါတယ်။

သဘောကတော့ ကျနော် link တွေ ဒီတိုင်းရှယ်၊ ပုံတွေဒီတိုင်း တင်ရင် ဘာမှမဖြစ်ဘဲ ကျွန်တော် ကြိုရွေးပေးထားတဲ့ #hashtag သုံးပြီး တင်မှ Twitter ကို သွားရှဲမယ့် သဘောပါ။

နောက်တစ်ဆင့်မှာ #Hashtag ထည့်ရပါမယ်။ ကိုယ်သုံးမယ့် Hash တစ်ခုခုထည့်လိုက်ပါ။ ကျွန်တော်က #SaveRakhine လို့ ထည့်လိုက်ပါတယ်။

ဒီအဆင့်ပြီးရင်တော့ If this ပြီးသွားပါပြီ။ Then That ကျန်ပါသေးတယ်။

စောစောကအတိုင်းပဲ +that ကို နှိပ်လိုက်ပါမယ်။

ဒီတစ်ခါတော့ Twitter ကို ရွေးလိုက်ပါမယ်။ Connect မလုပ်ရသေးရင် Connect ကိုနှိပ်ပြီး Twitter ကို Authorize လုပ်ပေးလိုက်ပါ။

စောစောက Facebook မှာလိုပဲ ကိုယ်လုပ်ချင်တဲ့ Action ကို ရွေးရပါတယ်။ Post a tweet (or) Post a tweet with image ကို ရွေးပေးလိုက်ပါ။ ဒါက အရှေ့မှာရွေးခဲ့တာနဲ့ ဆိုင်ပါတယ်။ ရှေ့မှာတုန်းက Link Post ကို ရွေးခဲ့ရင် Post a tweet ပေါ့။ New Photo Post ကိုရွေးခဲ့ရင်တော့ Post a tweet with image ပေါ့။

နောက်တစ်ဆင့်ကိုတော့ ဒီတိုင်းထားလိုက်ရင် ရပါတယ်။

ပြီးရင်တော့ ကိုယ်လုပ်ထားခဲ့တဲ့ Applet ကို Confirm ပြန်လုပ်ပါလိမ့်မယ်။ ကြည့်ပြီးမှန်တယ်ဆိုရင်တော့ Finish ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အားလုံးပြီးပါပြီ။ Facebook ကနေ #SaveRakhine ဆိုတဲ့ Hashtag နဲ့ တင်လိုက်တာနဲ့ Twitter ကို အော်တို တင်သွားတာ တွေ့ရမှာဖြစ်ပါတယ်။

အကယ်၍ ကိုယ်က Link ကိုရော Photo ရော လုပ်ချင်တယ်ဆိုရင်တော့ အစအဆုံး ပြန်လုပ်ပြီး Facebook နဲ့ Twitter Action တွေမှာ ပြန်ရွေးပေးရင် ရပြီ။ Applet (2) ခုတော့ ဖြစ်သွားမှာပေါ့။ ဒါပေမယ့် ရပါတယ်။

ဖုန်းနဲ့လုပ်မယ်ဆိုလဲ ဒီအဆင့်အတိုင်းပဲ သွားရင် ရပါတယ်။ IFTTT App ကို ဒေါင်းလိုက်ရင်ရပါပြီ။


နောက်ထပ် နည်းတစ်ခု



 https://support.twitter.com/articles/31113

link ဝင်
  -  twitter sign in ဝင်ပေး
fb sign in ဝင်ပေး 

fb post >> tw ရွေး မရွေး 
tw > > fb ရွေးမရွေး 
save လိုက်တာနဲ့ပီးပီ

Zaw Moe Thein
Pyii Phyoe Mg 

ဆက်စပ်ဖတ်ရှုရန်
Twitter သုံးကြဖို.လိုပြီ - ဘယ်လိုစသုံးကြမလဲ

 

No comments:

Post a Comment