ဆံုးကာနီး ၃လ အလို |
ၿမန္မာျပည္ရဲ႕ ေတာလက္ေက်း႐ြာေလးမွာ ခ်က္ျမႇပ္ခဲ့တဲ့ တ႐ုတ္ႀကီး ပါပါးဟာ သူ႔ေမြးသကၠရာဇ္ကို ေမးရင္ ၁၂၈၉ ေႏွာင္းတန္ခူးလဆန္း ၆ရက္လို႔ ျမန္မာလိုပဲ ေျပာေလ့ရွိပါတယ္။ မွတ္ပုံတင္ထိက အိုေကေပါ့။ ပတ္စပို႔ေလွ်ာက္ေတာ့ ျမန္မာေမြးသကၠရာဇ္နဲ႔ မရတာေၾကာင့္ ႏွစ္တရာ ျပကၡဒိန္ၾကည့္တြက္ေပးလိုက္ေတာ့ သူေမြးတာ ၁၉၂၆ ခုႏွစ္ ဧၿပီလပါ။
မြန်မာပြည်ရဲ့ တောလက်ကျေးရွာလေးမှာ
ချက်မြှပ်ခဲ့တဲ့
တရုတ်ကြီး ပါပါးဟာ သူ့မွေးသက္ကရာဇ်ကို မေးရင် ၁၂၈၉ နှောင်းတန်ခူးလဆန်း
၆ရက်လို့ မြန်မာလိုပဲ ပြောလေ့ရှိပါတယ်။ မှတ်ပုံတင်ထိက
အိုကေပေါ့။ ပတ်စပို့လျှောက်တော့ မြန်မာမွေးသက္ကရာဇ်နဲ့ မရတာကြောင့်
နှစ်တရာ
ပြက္ခဒိန်ကြည့်တွက်ပေးလိုက်တော့ သူမွေးတာ ၁၉၂၆ ခုနှစ် ဧပြီလပါ။
ဒုတိယကမာၻစစ္ျဖစ္ေတာ့ ပါပါးက ဆယ္ေက်ာ္သက္အ႐ြယ္ပါ။ကမာၻစစ္မီး
ျမန္မာျပည္ကို ကူးစက္လာခ်ိန္မွာ ပါပါးရဲ႕ အေမ မုဆိုးမႀကီးက သားသမီးေတြပါ ေခၚၿပီး တ႐ုတ္ျပည္ျပန္ၾကမယ္လို႔
ဆုံးျဖတ္ပါတယ္။အဲဒီအခ်ိန္ သမီးအႀကီးက သားကေလးတေယာက္(ကိုခ်ိန္ကြီေခၚ စိုးဝင္းတင့္)နဲ႔
တဗိုက္ပါ။ သားမက္ဦးစိန္တင့္က ဦးေဆာင္ၿပီး သူတို႔ မိသားစု အတြဲလိုက္ႀကီး ျမန္မာျပည္အထက္ပိုင္းကခ်င္ျပည္နယ္ကေနတဆင့္
တ႐ုတ္ျပည္ထဲ ဝင္ၾကမယ္ေပါ့။
ဒူတိယကမ္ဘာစစ်ဖြစ်တော့ ပါပါးက ဆယ်ကျော်သက်အရွယ်ပါ။ကမ္ဘာစစ်မီး
မြန်မာပြည်ကို ကူးစက်လာချိန်မှာ ပါပါးရဲ့ အမေ မုဆိုးမကြီးက သားသမီးတွေပါ
ခေါ်ပြီး တရုတ်ပြည်ပြန်ကြမယ်လို့ ဆုံးဖြတ်ပါတယ်။အဲဒီအချိန် သမီးအကြီးက သားကလေးတယောက်(ကိုချိန်ကွီခေါ်
စိုးဝင်းတင့်)နဲ့ တဗိုက်ပါ။ သားမက်ဦးစိန်တင့်က ဦးဆောင်ပြီး သူတို့ မိသားစု အတွဲလိုက်ကြီး
မြန်မာပြည်အထက်ပိုင်းကချင်ပြည်နယ်ကနေတဆင့် တရုတ်ပြည်ထဲ ဝင်ကြမယ်ပေါ့။
အခုေခတ္ Googlemap က လမ္းေၾကာင္းရွာေတာ့
ဝါးခယ္မက ဗန္းေမာ္အေရာက္ ကားနဲ႔ သြားရင္ ၂၁ နာရီ ၅၁ မိနစ္ၾကာမယ္တဲ့။ အဲဒီေခတ္က ၂၁ ရက္ေတာင္
ေရာက္မယ္မထင္ပါဘူး။ ဒုကၡေတြလည္း ေရာက္ၾကလိမ့္မွာမလြဲပါဘူး။ သြားရင္းနဲ႔ ကခ်င္ျပည္နယ္
ဗန္းေမာ္ေရာက္ေတာ့ သမီးအႀကီး ကိုယ္ဝန္ကလည္း ေမြးခါနီးဖြားခါနီး ျဖစ္လာတာေၾကာင့္ ႐ြာေလးတ႐ြာမွာ
တည္းခိုၾကရပါတယ္။ ႐ြာသူ႐ြာသားေတြကလည္း ေစာင့္ေရွာက္ၾကပါတယ္။ ႐ြာေလးနာမည္က ေအာင္ေလာင္းမတဲ့။သမီးေလးတေယာက္ေမြးလာေတာ့
သမီးေလးကို အဲဒီ႐ြာေလးရဲ႕ နာမည္ အမွတ္တရ ေပးခဲ့ပါတယ္။ အဲဒီ ေအာင္ေလာင္းမ ေလးဟာ ႀကီးလာေတာ့
သူ႔ေက်ာင္းနာမည္ကို မခင္မြန္ Khin Monလို႔ သူ႔ဖာသာ ေပးခဲ့ပါတယ္။ ခင္မြန္ ႐ြာသူ ဆိုတဲ့
ေရဒီယို သီခ်င္းေလးလည္း ရွိတာေၾကာင့္ ပါပါးရဲ႕ တူမဦး ေအာင္ေလာင္းမ ေခၚ မခင္မြန္ေခၚ
မရႈလြမ္ဆိုတဲ့ က်မတို႔ အမႀကီးကို က်မတို႔က ႐ြာနာမည္ေတြခ်ည္းပဲလို႔ ခ်စ္စႏိုး စၾကပါတယ္။
( ဆရာမ ေဒၚႏြယ္ႏြယ္ရဲ႕ အမႀကီး ၊သစ္သစ္စိုးနဲ႔ ေဒါက္တာေအာင္သြင့္ Aung Thwin အေမ ဆရာမ
ေဒၚခင္မြန္ပါပဲ)
အခုခေတ် Googlemap က လမ်းကြောင်းရှာတော့
ဝါးခယ်မက ဗန်းမော်အရောက် ကားနဲ့ သွားရင် ၂၁ နာရီ ၅၁ မိနစ်ကြာမယ်တဲ့။ အဲဒီခေတ်က ၂၁ ရက်တောင်
ရောက်မယ်မထင်ပါဘူး။ ဒုက္ခတွေလည်း ရောက်ကြလိမ့်မှာမလွဲပါဘူး။ သွားရင်းနဲ့
ကချင်ပြည်နယ် ဗန်းမော်ရောက်တော့ သမီးအကြီး ကိုယ်ဝန်ကလည်း မွေးခါနီးဖွားခါနီး ဖြစ်လာတာကြောင့်
ရွာလေးတရွာမှာ တည်းခိုကြရပါတယ်။ ရွာသူရွာသားတွေကလည်း စောင့်ရှောက်ကြပါတယ်။
ရွာလေးနာမည်က အောင်လောင်းမတဲ့။သမီးလေးတယောက်မွေးလာတော့ သမီးလေးကို အဲဒီရွာလေးရဲ့ နာမည်
အမှတ်တရ
ပေးခဲ့ပါတယ်။ အဲဒီ အောင်လောင်းမ လေးဟာ ကြီးလာတော့ သူ့ကျောင်းနာမည်ကို မခင်မွန်
Khin Monလို့ သူ့ဖာသာ ပေးခဲ့ပါတယ်။ ခင်မွန် ရွာသူ ဆိုတဲ့ ရေဒီယို သီချင်းလေးလည်း ရှိတာကြောင့်
ပါပါးရဲ့ တူမဦး အောင်လောင်းမ ခေါ် မခင်မွန်ခေါ် မရှုလွမ်ဆိုတဲ့ ကျမတို့
အမကြီးကို ကျမတို့က ရွာနာမည်တွေချည်းပဲလို့ ချစ်စနိုး စကြပါတယ်။ ( ဆရာမ ဒေါ်နွယ်နွယ်ရဲ့
အမကြီး ၊သစ်သစ်စိုးနဲ့ ဒေါက်တာအောင်သွင့် Aung Thwin အမေ ဆရာမ ဒေါ်ခင်မွန်ပါပဲ)
ေသြးႏုသားႏုကေလးအေမရွိေတာ့ သူတို႔မိသားစု
ေရွ႕ခရီး မဆက္ဘဲ အဲဒီ ႐ြာမွာပဲ စတည္းခ်ၾကပါတယ္။ ရက္ရွည္ေနလာေတာ့ ေမာင္အာဝါးေလးက အိမ္သူအိမ္သားေတြအတြက္
စီးပြားေရး ထြက္လုပ္ရပါတယ္။ပါပါးေျပာျပတုန္းက သူက ၁၀ႏွစ္ေက်ာ္ေက်ာ္ပဲ ရွိေသးတယ္လို႔
ေျပာတယ္(ႏွစ္တရာ ျပကၡဒိန္နဲ႔ တြက္ရင္ ၁၉ႏွစ္သား ျဖစ္ေနေတာ့ ဘယ္လို မကိုက္လဲ မသိေတာ့ဘူး။)
အကိုနဲ႔ ေယာက္ဖက ငွက္ဖ်ားျဖစ္ေနၾကေတာ့ ေယာက်ၤားေလးဆိုလို႔ သူပဲ ရွိတယ္ေလ။အေမက ၾကက္ဥေတြ
ျပဳတ္ေပးတယ္။သေဘၤာသီးေတြ ဝယ္ေပးတယ္တဲ့။ အဲဒါေတြကို လူႀကီးစီး စက္ဘီးစီးၿပီး တဖက္႐ြာကို
သြားေရာင္းရတယ္တဲ့။ လမ္းက ကုန္းတက္ေလးမွာ ဂ်ပန္တပ္ရွိေတာ့ စက္ဘီး မႏီုင့္တႏိုင္စီးလာတဲ့
ေမာင္အာဝါးေလးကို ဂ်ပန္ေတြက ခ်စ္လို႔ ဝိုင္းကူတြန္းေပးတတ္ၾကတယ္တဲ့။
သွေးနုသားနုကလေးအမေရှိတော့ သူတို့မိသားစု
ရှေ့ခရီး
မဆက်ဘဲ အဲဒီ ရွာမှာပဲ စတည်းချကြပါတယ်။ ရက်ရှည်နေလာတော့
မောင်အာဝါးလေးက အိမ်သူအိမ်သားတွေအတွက် စီးပွားရေး ထွက်လုပ်ရပါတယ်။ပါပါးပြောပြတုန်းက
သူက ၁၀နှစ်ကျော်ကျော်ပဲ
ရှိသေးတယ်လို့
ပြောတယ်(နှစ်တရာ ပြက္ခဒိန်နဲ့ တွက်ရင် ၁၉နှစ်သား
ဖြစ်နေတော့ ဘယ်လို မကိုက်လဲ မသိတော့ဘူး။) အကိုနဲ့ ယောက်ဖက ငှက်ဖျားဖြစ်နေကြတော့
ယောင်္ကျားလေးဆိုလို့ သူပဲ ရှိတယ်လေ။အမေက ကြက်ဥတွေ ပြုတ်ပေးတယ်။သင်္ဘောသီးတွေ
ဝယ်ပေးတယ်တဲ့။ အဲဒါတွေကို လူကြီးစီး စက်ဘီးစီးပြီး တဖက်ရွာကို သွားရောင်းရတယ်တဲ့။ လမ်းက
ကုန်းတက်လေးမှာ ဂျပန်တပ်ရှိတော့ စက်ဘီး မနီုင့်တနိုင်စီးလာတဲ့
မောင်အာဝါးလေးကို ဂျပန်တွေက ချစ်လို့ ဝိုင်းကူတွန်းပေးတတ်ကြတယ်တဲ့။
အဲဒီ႐ြာမွာ ေနရင္းပဲ စစ္ႀကီးၿပီးသြားေတာ့
တ႐ုတ္ျပည္ကို မသြားၾကေတာ့ဘဲ ဇာတိ ဝါးခယ္မကိုပဲ ျပန္လာခဲ့ၾကတယ္တဲ့။
ပါပါးဟာ ငယ္ငယ္က စစ္ေျပးရင္း ေနခဲ့ရတဲ့ ကခ်င္ေျမကိုလည္း
သံေယာဇဥ္ႀကီးရွာပါတယ္။တခ်ိန္ခ်ိန္မွာ ဗန္းေမာ္အနီးတဝိုက္ကို သြားၾကည့္ဦးမယ္လို႔ ေျပာတတ္ပါတယ္။ကိုကိုးကလည္း
ကားဝယ္ႏိုင္တဲ့အခါ ပစ္ကပ္ေလးတစီးမွာ ဒရင္းဘက္ေတြပါတင္ၿပီး ပါပါးတို႔ ေမာင္ႏွမတေတြကို
ဗန္းေမာ္ဖက္ ကားနဲ႔ လိုက္ပို႔မယ္လို႔ ႀကိတ္ၿပီး ႀကံခဲ့ပါတယ္။ (အဲဒီအခ်ိန္က ကားႀကီးႀကီးဆိုလို႔
ပစ္ကပ္ပဲ ရွိတာကိုး။အခုလို Alphard တို႔ Hiace တို႔ ၁၀ေယာက္စီး၊၁၃ေယာက္ ၁၅ ေယာက္စီး
စတာေတြ မေပၚေသးဘူးေလ)၊ပစ္ကပ္ေလးတစီး ဝယ္ႏိုင္လာေတာ့လည္း ဗန္းေမာ္ကို ကားနဲ႔ သြားဖို႔ရာ
မၿငိမ္းခ်မ္း။
အဲဒီရွာမှာ နေရင်းပဲ စစ်ကြီးပြီးသွားတော့
တရုတ်ပြည်ကို မသွားကြတော့ဘဲ ဇာတိ ဝါးခယ်မကိုပဲ ပြန်လာခဲ့ကြတယ်တဲ့။
ပါပါးဟာ ငယ်ငယ်က စစ်ပြေးရင်း နေခဲ့ရတဲ့ ကချင်မြေကိုလည်း
သံယောဇဉ်ကြီးရှာပါတယ်။တချိန်ချိန်မှာ ဗန်းမော်အနီးတဝိုက်ကို
သွားကြည့်ဦးမယ်လို့ ပြောတတ်ပါတယ်။ကိုကိုးကလည်း ကားဝယ်နိုင်တဲ့အခါ ပစ်ကပ်လေးတစီးမှာ
ဒရင်းဘက်တွေပါတင်ပြီး ပါပါးတို့ မောင်နှမတတွေကို ဗန်းမော်ဖက် ကားနဲ့
လိုက်ပို့မယ်လို့ ကြိတ်ပြီး ကြံခဲ့ပါတယ်။ (အဲဒီအချိန်က ကားကြီးကြီးဆိုလို့ ပစ်ကပ်ပဲ
ရှိတာကိုး။အခုလို
Alphard တို့ Hiace တို့ ၁၀ယောက်စီး၊၁၃ယောက် ၁၅ ယောက်စီး စတာတွေ မပေါ်သေးဘူးလေ)၊ပစ်ကပ်လေးတစီး
ဝယ်နိုင်လာတော့လည်း ဗန်းမော်ကို ကားနဲ့ သွားဖို့ရာ မငြိမ်းချမ်း။
ေမာင္ႏွမ ၄ေယာက္နဲ႔ အလယ္က ဦးေလး ၊ ေတာင္အူ ေရတံခါး - ၁၉၈၀ ခန္. |
၁၉၉၀ ေလာက္မွာ က်မရဲ႕ အမအလတ္ ဆရာဝန္ posting ဝင္ေတာ့ ပထမဆုံးေရာက္တာ ျမစ္ႀကီးနား ေဆး႐ုံႀကီးပါ။သူေရာက္ၿပီး တႏွစ္ေလာက္ေနေတာ့ က်မတို႔ သားအဖ ေလယာဥ္နဲ႔ျမစ္ႀကီးနားလိုက္သြားလည္ၾကပါတယ္။ သာယာေအးခ်မ္းတဲ့ ျမစ္ႀကီးနားမွာ တလေလာက္ ေပ်ာ္ခဲ့ၾကပါတယ္။ ပါပါးက ျမစ္ႀကီးနားမသြားခင္ကတည္းက သူသြားလို႔ ရသေလာက္ ေလွ်ာက္သြားၾကည့္ခ်င္တယ္ဆိုေတာ့ မိုးေကာင္းမွာ အကို႔သူငယ္ခ်င္းကိုစိုးၾကင္ရဲ႕ ညီမ ရွိတယ္ဆိုၿပီး မိုးေကာင္းကို ရထားနဲ႔ သြားလည္ၾကပါတယ္။ အဲဒီမွာ သူငယ္ခ်င္း ကံျမင့္ Kan Myint က ေဆးခန္းဖြင့္ေနေတာ့ မရရေအာင္ သြားရွာေတြ႕ၿပီး ၿမိဳ႕ထဲ တပတ္လိုက္ၾကည့္ၾကပါတယ္။ၿမိဳ႕ခံေတြ ေကြၽးတာ စားေသာက္ၿပီး ညေန ရထားနဲ႔ပဲ ျမစ္ႀကီးနားကို ျပန္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ ကုန္းလမ္းက သြားလို႔ ရတာ ဒါအကုန္ပါပဲ။ျမစ္ဆုံေတာင္ မၿငိမ္းခ်မ္းလို႔ မေရာက္ခဲ့ရပါ။ ရန္ကုန္ကို ေလယာဥ္နဲ႔ အျပန္ လမ္းမွာ ေလယာဥ္က အစီအစဥ္မပါဘဲ ဗန္းေမာ္ ေလယာဥ္ကြင္းမွာ ဆင္းပါတယ္။ေလယာဥ္မယ္ကို ခဏဆင္းလို႔ ရမလား ခြင့္ေတာင္းၿပီး ေလယာဥ္ကြင္းထဲ ဆင္းၾကည့္ၾကေတာ့ တိုက္တိုက္ဆိုင္ဆိုင္ အတန္းထဲက သူငယ္ခ်င္း စိုးမင္း Soe Minကို စစ္ဝတ္စုံနဲ႔ ေတြ႕ရလို႔ ႏႈတ္ဆက္စကားေျပာေနတုန္း ပါပါးကေတာ့ ေလယာဥ္ကြင္း ပတ္လည္က ကိုင္းေတာေတြပဲ ျမင္ေနရတဲ့ ဗန္းေမာ္ကို အလြမ္းေျပ လွည့္ပတ္ၾကည့္ရွာပါတယ္။သူျပန္ေရာက္ဖူးခ်င္လွတဲ့ ဗန္းေမာ္ကို အားရပါးရ တို႔ထိႏႈတ္ဆက္ခြင့္ေတာ့ သူ႔တသက္တာမွာ ရမသြားခဲ့ရွာပါဘူး။
၁၉၉၀ လောက်မှာ ကျမရဲ့ အမအလတ် ဆရာဝန်
posting ဝင်တော့ ပထမဆုံးရောက်တာ မြစ်ကြီးနား ဆေးရုံကြီးပါ။သူရောက်ပြီး တနှစ်လောက်နေတော့
ကျမတို့ သားအဖ လေယာဉ်နဲ့မြစ်ကြီးနားလိုက်သွားလည်ကြပါတယ်။ သာယာအေးချမ်းတဲ့ မြစ်ကြီးနားမှာ
တလလောက် ပျော်ခဲ့ကြပါတယ်။ ပါပါးက မြစ်ကြီးနားမသွားခင်ကတည်းက သူသွားလို့ ရသလောက် လျှောက်သွားကြည့်ချင်တယ်ဆိုတော့
မိုးကောင်းမှာ အကို့သူငယ်ချင်းကိုစိုးကြင်ရဲ့ ညီမ ရှိတယ်ဆိုပြီး
မိုးကောင်းကို ရထားနဲ့ သွားလည်ကြပါတယ်။ အဲဒီမှာ သူငယ်ချင်း ကံမြင့်
Kan Myint က ဆေးခန်းဖွင့်နေတော့ မရရအောင် သွားရှာတွေ့ပြီး မြို့ထဲ
တပတ်လိုက်ကြည့်ကြပါတယ်။မြို့ခံတွေ ကျွေးတာ စားသောက်ပြီး ညနေ ရထားနဲ့ပဲ မြစ်ကြီးနားကို
ပြန်ခဲ့ကြပါတယ်။ အဲဒီအချိန် ကုန်းလမ်းက သွားလို့ ရတာ ဒါအကုန်ပါပဲ။မြစ်ဆုံတောင် မငြိမ်းချမ်းလို့
မရောက်ခဲ့ရပါ။ ရန်ကုန်ကို လေယာဉ်နဲ့ အပြန် လမ်းမှာ လေယာဉ်က အစီအစဉ်မပါဘဲ
ဗန်းမော် လေယာဉ်ကွင်းမှာ ဆင်းပါတယ်။လေယာဉ်မယ်ကို ခဏဆင်းလို့ ရမလား
ခွင့်တောင်းပြီး လေယာဉ်ကွင်းထဲ ဆင်းကြည့်ကြတော့ တိုက်တိုက်ဆိုင်ဆိုင် အတန်းထဲက သူငယ်ချင်း
စိုးမင်း Soe Minကို စစ်ဝတ်စုံနဲ့ တွေ့ရလို့ နှုတ်ဆက်စကားပြောနေတုန်း ပါပါးကတော့
လေယာဉ်ကွင်း ပတ်လည်က ကိုင်းတောတွေပဲ မြင်နေရတဲ့ ဗန်းမော်ကို အလွမ်းပြေ လှည့်ပတ်ကြည့်ရှာပါတယ်။သူပြန်ရောက်ဖူးချင်လှတဲ့
ဗန်းမော်ကို အားရပါးရ တို့ထိနှုတ်ဆက်ခွင့်တော့ သူ့တသက်တာမှာ
ရမသွားခဲ့ရှာပါဘူး။
2008 ပါပါး မဆုံးခင္မွာ အတန္အသင့္ ၿငိမ္းခ်မ္းေနၿပီျဖစ္ေပမယ့္
တသက္လုံးေသာက္လာတဲ့ ေဆးလိပ္ရဲ႕ ႏွိပ္စက္တဲ့ ဒဏ္ေၾကာင့္ 2003 ေလာက္ကတည္းက လမ္းေဝးေဝး
မေလွ်ာက္ႏိုင္ေအာင္ အဆုပ္ပြေနခဲ့ပါၿပီ။ 2005 မွာေတာ့ လမ္းေတာင္ မေလွ်ာက္ႏိုင္ေတာ့လို႔
Wheelchair နဲ႔ သြားရတဲ့ ဘ၀ ျဖစ္ခဲ့ပါတယ္။
အခုခ်ိန္မွာ ပူတာအိုထိ ေလယာဥ္နဲ႔ သြားၾက၊ျမစ္ဆုံမွာ
ဓာတ္ပုံေတြ ႐ိုက္ၾကတာ ျမင္ရတိုင္း ကခ်င္ေျမ ဗန္းေမာ္ကို ျပန္ေရာက္ခ်င္လွတဲ့ ပါပါးကို
သတိရမိပါတယ္။
ပါပါးခ်စ္တဲ့ ကခ်င္ေျမလည္း ထာဝရေအးခ်မ္းပါေစ။
မိဘ သက္ရွိထင္ရွားရွိေသးတဲ့ မိတ္ေဆြမ်ားလည္း မိဘဆႏၵကို ျဖည့္ဆည္းႏိုင္တဲ့ အခြင့္အေရးေတြ
ရၾကပါေစလို႔ ဆႏၵျပဳပါတယ္။
2008 ပါပါး မဆုံးခင်မှာ အတန်အသင့် ငြိမ်းချမ်းနေပြီဖြစ်ပေမယ့်
တသက်လုံးသောက်လာတဲ့ ဆေးလိပ်ရဲ့ နှိပ်စက်တဲ့ ဒဏ်ကြောင့် 2003 လောက်ကတည်းက
လမ်းဝေးဝေး မလျှောက်နိုင်အောင် အဆုပ်ပွနေခဲ့ပါပြီ။ 2005 မှာတော့
လမ်းတောင် မလျှောက်နိုင်တော့လို့ Wheelchair နဲ့ သွားရတဲ့ ဘ၀ ဖြစ်ခဲ့ပါတယ်။
အခုချိန်မှာ ပူတာအိုထိ လေယာဉ်နဲ့ သွားကြ၊မြစ်ဆုံမှာ
ဓာတ်ပုံတွေ ရိုက်ကြတာ မြင်ရတိုင်း ကချင်မြေ ဗန်းမော်ကို ပြန်ရောက်ချင်လှတဲ့
ပါပါးကို သတိရမိပါတယ်။
ပါပါးချစ်တဲ့ ကချင်မြေလည်း ထာဝရအေးချမ်းပါစေ။ မိဘ သက်ရှိထင်ရှားရှိသေးတဲ့
မိတ်ဆွေများလည်း မိဘဆန္ဒကို ဖြည့်ဆည်းနိုင်တဲ့ အခွင့်အရေးတွေ ရကြပါစေလို့ ဆန္ဒပြုပါတယ်။
သမီးပြောတဲ့အဖေ့အကြောင်း ( သို. ) ဦးအာဝါး ဆိုတာ ၁ - Dr Aye Aye Myint
No comments:
Post a Comment