Saturday, September 14, 2019

ဒေါက်တာအောင်ဇော် ဆိုတာ ဘယ်လိုလူလဲ




BPI ဆေးဝါး စက်ရုံမှုး ဒေါက်တာအောင်ဇော့်  အကြောင်း များကို လူမှုကွန်ယက် နဲ. အွန်လိုင်းမှာ ရေးသားထားတာတွေကို  စုစည်းတင်ဆက်ခြင်းဖြစ်ပါတယ် ။ဒါတွေကို ဖတ်ကြည့်ရင် ဒေါက်တာအောင်ဇော်ဆိုတာ ဘယ်လိုလူလဲလို. သိလာနိုင်ပါလိမ့်မယ် ။

ကျောင်းကတည်းက အတူတွဲလာတဲ့သူငယ်ချင်း
စိတ်ဓါတ်စည်းကမ်းကောင်းပြီး အများအတွက် အနစ်နာခံတတ်တဲ့သူငယ်ချင်း
ဘယ်တော့မှ အချောင်မလိုချင်တတ်တဲ့ စိတ်ဓါတ်ကောင်းလွန်းတဲ့သူ
ကိုယ့်အားကိုယ်ကိုးပြီး ထိပ်ဆုံးရောက်အောင်ကျိုးစားတတ်တဲ့သူ
ကျောင်းပြီးသွားတော့ BPI စက်ရုံကြီး လည်ပတ်နိုင်အောင် ကိုယ်စွမ်းရှိတာထက်ပိုပြီး အောက်ခြေအထိ ဆင်းလုပ်ခဲ့တဲ့သူ
BPI က မြွေဆိပ်ဖြေဆေးဆိုတာ သူမပါရင် ဖြစ်လာစရာတောင်မရှိ
ရေဘေးအတွက် လိုအပ်တဲ့ဆေးတွေကို သွားဝယ်တော့လည်း လိုအပ်သူတွေအတွက် အခက်အခဲမရှိရအောင် မူဘောင်ထဲကနေ စေတနာထားကူညီတတ်ခဲ့တဲ့သူ
အမြဲတမ်း စက်ရုံအတွက်၊ အလုပ်အတွက် စည်းကမ်းနဲ့မူဘောင်ကို အမြဲလက်ကိုင်ထားတဲ့သူ
မင်းလိုလူကိုမှ မူဘောင်မညီဘူးပြောပြီး ထိုးကျွေးခံရရင် မူဘောင်နဲ့အညီနေပါတယ်ဆိုတဲ့ လူကြီးမင်းတွေကို ငါမြင်ဖူးချင်တယ်သူငယ်ချင်း
မင်းစက်ရုံအတွက်၊ မင်းနိုင်ငံအတွက်၊ မင်းဝန်ထမ်းတွေအတွက် မင်းထားခဲ့တဲ့ စေတနာတွေ အကျိုးပေးမှာပါသူငယ်ချင်း

 လို. Soe Thiha ဆိုတဲ့အကောင့် က ရေးသားလာခဲ့ပါတယ်



အဲ့ဒီလိုပဲ Kayah Maung ဆိုတဲ့အကောင့်ကလည်းအောက်ပါအတိုင်း ရေးသားထားခဲ့ပါတယ်

ကျွန်တော်သိသော ဒေါက်တာအောင်ဇော်

၂၀၀၄ ခုနှစ် ကရင်ပြည်နယ် စစ်ဆင်ရေးတွင်တာဝန်ထမ်းဆောင်စဉ် က ဗျူဟာ ဆေးမှူး အနေနဲ့ဆုံတွေ့ခဲဖူးပါသည်။စိတ်သဘော ထားပြည့်ဝသူ ဖြစ်ပြီးဆရာဝန်စိတ်ထား အပြည့်ရှိသူလည်းဖြစ်ပါတယ် ။ သူတပါးအပေါ်လည်း သနား ညှာတာတက်သူဖြစ်ပါတယ် ။ ထိုအချိန်က ဘီးလင်းမြို့နယ် မဲပလီ ရွာ အနီးမှာ ဗျူဟာ စခန်းရှိပါတယ် ။ မိုးတွင်းကာလမှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲ ပြီး ဘီးလင်းမြစ်မှစက်လှေနဲ့ ကူပြီးပစ္စည်းများကို လူနဲ့ထမ်းရပါတယ်။ အဲ့ဒီအချိန်တုန်း က ဖျားနာတာတွေများ တာကြောင့် ဆေးကုရတာများလို့ ဆေးတွေကုန်သလောက်ထိ ဖြစ်ခဲ့ရတယ် ။ယားနာတွေလည်းပေါက်ကြတာ လူတိုင်းနီးပါးပါပဲ။ ကိုအောင်ဇော် ကတော့ ကြို တွေးပြီး သူ့အိမ်ကို ရွာ ကဈေးဆိုင် အကူညီတောင်းပြီး ဖုန်းဆက် ကာ လိုတဲ့ဆေးတွေ ဘီးလင်းကို မှာ ထားပါတယ်။ သူ့မိဘတွေကလည်း ဘီးလင်းအထိ ကားနဲ့ ပို့ပေးပါတယ် ။ရောက်လာတဲ့ဆေးတွေ ကိုလည်း အထမ်းသမားငှား ပြီး ရွာအထိသယ် ပါတယ် ။ကုန်ကျငွေအားလုံးကို သူမိသားစုကပဲကျခံ ပါတယ် ။ ဘာဆေးတွေပါလဲ ဆိုတော့ အသက်ကယ်ဆေး ကအစ အကုန်ပါတယ် ။ ဗျူဟာအတွက်လိုတဲ့ဆေး ကိုလည်း တပ်မက ထုတ်ပေး တဲ့အပြင် သူကိုယ် တိုင်ပြင်ပက အကောင်းဆုံးဆိုတဲ့ဆေး တွေ ကို အိမ်ကမှာပြီး တပ်ကစစ်သည်တွေ ကော ရွာသား တွေပါကုပေး ခဲ့ လို့ တော်တော်လေးအဆင်ပြေခဲ့ ပါတယ် ။ အဲ့ဒီအချိန်တုန်း က ရွာက ဈေးဆိုင် က လူတွေ ရွာသားတွေ အသိ ပါ။

ဒီလို မှာတာ တကြိမ်မက ပါဘူး နောက်တော့ ဗျူဟာ မှူး က အားနာ လာလို့ တပ်ကဆေးတွေကအဆင်မပြေလို့လားလို့ မေးတော့ ပြေပါတယ် ကျွန်တော့်မိသားစုက ဒါန ပြု တာပါလို့ ပြန်သတင်းပို့ ခဲ့ပါတယ် ။ သူ့မိသားစု ကလည်း ပြည့်စုံချမ်းသာတဲ့မိသားစု ပါ။ လှိုင်အိမ်ယာမှာနေပါတယ် ချမ်းသာတယ် ဆိုတာပြောစရာလိုမယ်မထင်ပါဘူး။

နဂို မိဘမျိုးရိုးချမ်းသာသော်လည်း အပြင် စီးပွားရေး လုပ် ရင် ရပါသည် သို့သော် ပညာနှင့်အလုပ်ကို မြတ်နိုးစေတနာထား လို့ လုပ်နေသူတစ်ယောက် ဖြစ်ပြီး သူ့အတွက် ငွေကြေးလိုအပ်နေတဲ့သူလည်း မဟုတ်ပါဘူး။ ကျနော်နဲ့နောက်ဆုံးတွေတဲ့အချိန် မှာ သူ့ မှာကိုယ်ပိုင် အထူးကုဆေးရုံ ရှိနေပါပြီ ။

ယခု ဖြစ်တာလည်း စေတနာ ကြောင့် ဖြစ်လိမ့်မယ် လို့ထင်ပါတယ် အကျင့်ပျက် ရလောက်အောင် ဒေါက်တာအောင်ဇော် မှာရှိမယ်မထင်ပါဘူး။

ဌာနတွင်း ချောက်တွန်းတာ အဆင်မပြေတာတွေကလည်း အလုပ်လုပ်နေရသူတွေ အတွက်ကြီးမားတဲ့ ရှောင်လွှဲလို့မရတာ အခကိအခဲပါ။

ကိုအောင်ဇော်နဲ့ မတွေ့ဖြစ်တာ ၁၅နှစ်လောက်ရှိပါပီ ဒီလို ဖြစ် လာလိမ့်မယ် လို့ လည်းမထင်မိပါဘူး ။ ဒေါက်တာအောင်ဇော် ဆိုတာ ဆရာဝန်စိတ်အပြည့်ရှိတဲ့ ဆရာဝန်ပါ ။ အကျင့်ပျက် ဝနိထမ်း ဟုတ်လားဆိုတာတော့ ဒေါက်တာအောင်ဇော် အကြောင်းသိတဲ့သူတွေ မေးကြည့် သိနိုင်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်ဖို့ အသုံးချခံရတဲ့ ဘဝမျိုးမရောက် ပါစေနဲ့ ကိုအောင်ဇော် ရေ

လို.ရေးသားထားပါတယ် ။



ဒါ့အပြင် The Life Style Myanmar မှာ Source ; Myo Min Htut ဆိုပြီး ခုလိုရေးသားထားတာ ထပ်မံ တွေ.ရပါတယ် ။

ဒေါက်တာအောင်ဇော် ကျရှုံးရင် BPI ကျရှုံးမယ်
ဒေါက်တာအောင်ဇော်ကို MRTV ကအင်တာဗျူးတစ်ခုမှာ မြွေဆိပ်ဖြေဆေးကို အအေးခဲခြောက်အနေနဲ့ ထုတ်လုပ်မယ်ဆိုတာ ဖြေကြားရှင်းလင်းတုန်းက မြင်ဖူးတယ်။ BPI စက်ရုံမှုးလို့ သိမထားဘူး။

BPI က စက်မှုဝန်ကြီးဌာနလက်အောက်က စက်ရုံကိုး။ မြွေဆိပ်ဆေးဝါးထုတ်ပညာရှင် အနေနဲ့ပဲ သိထားတာပါ။ သူ့ရဲ့ 2°- 8° ကြားမှာ အအေးခံထားရတဲ့ မြွေဆိပ်ဖြေဆေးအရည်အစား အအေးခဲခြောက် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကြောင့် အအေးမပေးနိုင်လို့ အာနိသင်ပျက်ပြယ်တာမျိုး မရှိတော့ဘဲ မြွေဆိပ်ဖြေဆေးထိုးပြီးရင် အသက်ရှင်ကြတယ်။ ဆေးကိုလည်း လုံလောက်အောင် ထုတ်ပေးထားနိုင်တယ်။ ဈေးလည်း မကြီးတော့ဘူး။

အဂတိကော်မရှင်က ဒီလို လူ့အဖွဲ့အစည်းအကျိုးပြု ပညာရှင်တစ်ယောက်ကို ဖမ်းဆီးခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနိုင်မလဲ။ ပြဿနာက အဂတိက လက်ခံဖြေရှင်းရမယ့် ကိစ္စရပ်လည်း မဟုတ်ဘူး။

ဖဘပေါ်မှာ ရေးကြတာတွေကို ခြုံကြည့်ရင် BPI ခုလိုလည်ပတ်နေနိုင်တာက ဒေါက်တာအောင်ဇော်ရဲ့ အားထုတ်မှု အဓိကကျနေတယ်။ သူ့ကိုဖယ်ရှားချင်တဲ့သူရှိတာ သေချာနေတယ်။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် BPI ကို လက်ဝါးကြီးအုပ်ပြီး ဆေးထုတ်စားမယ့် သူတစ်ယောက်။ အတ္တသမားတစ်ယောက်။

ဒေါက်တာအောင်ဇော် ကျရှုံးရင် BPI ကျရှုံးမယ်။ BPI ကျရှုံးရင် မြွေဆိပ်ဖြေဆေးတွေ ဈေးကြီးလာမယ်။ အမှုစစ်တရားသူကြီး ဆင်ခြင်တုံတရားကို စောင့်ကြည့်ရမှာပဲ။

ဒါ့အပြင် Win Htay ဆိုတဲ့အကောင့်က ခုလိုရေးသားတင်ပြလာပြန်ပါတယ်



သူ့လုပ်ရပ်ဟာ အစိုးရအလုပ်မဟုတ်ပဲ ကုမ္ပဏီမှာသာဆိုရင် မင်းတော်တယ် မောင်ပြူးဆိုပြီး ဆုချခံရမယ့်သူပါ။ တင်ဒါ နဲ့ ဝယ်ထားတဲ့ ကော်စေ့ တွေ မရောက်ခင် တစ်လခွဲလောက် ထုတ်လုပ်မှု ရပ်ထားရမှာစိုးလို့ ပြည်တွင်းမှာရောက်ရှိနေတဲ့ တစ်ခြားကော်စေ့ တံဆိပ်တစ်မျိုးကို တစ်လခွဲစာလောက် ယူသုံးတယ်။ ကော်စေ့က ကွာလတီမီတယ်။ ဒါပေမယ့် တင်ဒါနဲ့မှာထားတဲ့ ကော်စေ့နဲ့ တံဆိပ်ကွဲနေတယ်။ ပြသနာကဒါပါပဲ ။

ခေတ် အပြောင်းမှာ စက်ရုံတွေဟာ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်ကြရတယ်။ ၀န်ထမ်း၂၀၀၀ လောက်ရဲ့ လခကတင်မနည်းဘူး။ ဆေးတွေ ရောင်းရအောင် သူကိုယ်တိုင် Marketing ဆင်းတယ်။ နယ်တကာ ဆေးရုံအုပ်တွေဆီသွားပြီး စိတ်ရှည်လက်ရှည် အောက်ကြို့ ရှင်းပြစည်းရုံးတယ်လို့သိရတယ်။ ဝယ်လိုအားကောင်းတဲ့ ဆေးတွေထုတ်တဲ့ဌာနတွေဆို တစ်နေ့ ၂ ဆိုင်းနဲ့ စနေ တနင်္ဂနွေ တွေပါထုတ်ကြရတယ်။

သူကစက်ရုံရဲ့ ငယ်မွေးခြံပေါက်လို့ ပြောရင်ရမယ်။ အလုပ်စဝင်တော့ ခုရာထူးရဲ့ ၄ ဆင့်လောက်ငယ်တဲ့ ရာထူးနဲ့ စဝင်တယ်။ ကုန်ထုတ်ဌာနပေါင်းစုံနဲ့ QC, QA ,Planning ဌာနတွေမှာ လုပ်ခဲ့တယ်။ စက်ရုံရောက်မှ ဆရာဝန် မာစတာဘွဲ့ကို စက်ရုံနဲ့ သက်ဆိုင်တဲ့ Micro Biology အထူးပြုနဲ့ယူတယ်။ တစ်ခြား အလုပ်မှာ အသုံးတဲ့မည့် သင်တန်းပေါင်းစုံလည်းတက်ခဲ့တယ်။ စက်ရုံဝန်ထမ်းသက်တမ်း တစ်လျောက်မှာ သူ့ရဲ့ စွမ်းဆောင်ချက်တွေ အများကြီးပါ။ နဂိုက ချမ်းသာပြီးသား စက်ရုံအတွက်ပဲ ဘ၀ကိုမြုပ်နှံထားသူ၊ စွမ်းဆောင်ရည်ရှိသူတစ်ယောက်ပါ။ Quality ရှိသူတစ်ယောက်ပါ။ ငွေအတွက် ထင်ပေါ်မှုအတွက်မဟုတ်ပဲ စွမ်းဆောင်ရည်ပြချင်စိတ် Esteen need အတွက် အလုပ်လုပ်နေသူ တစ်ယောက်လို့ပဲမြင်ပါတယ်၊

ခုခေတ်ကာလမှာ သူ့နေရာ အစားထိုးနိုင်ဖို့ဆိုရင် ရှာဖို့ခက်ပါမယ်။ ရှိရင်တောင် ရှားပါမယ်။ ဒီလိုပဲမြင်ပါတယ်။ စီမံခန့်ခွဲမှု နဲ့ Motivation လဲ ကောင်းတယ်လို့မြင်ပါတယ်။

စာကြွင်းး ၊ ကော်စေ့တန်ဘိုးများလည်း မပေးချေရသေးဟုကြားသိရပါတယ်လို. တစ်ဆင့်သိရပါတယ် ။

ဒေါက်တာအောင်ဇော် ရုံးထုတ်သည့်နေ.က စက်ရုံဝန်ထမ်းများ၏ ၀န်းရံ မှု





















Photo from KUMUDRA NEWS









ဒေါက်တာအောင်ဇော် ရုံးထုတ်သည့်နေ.က စက်ရုံဝန်ထမ်းများ၏ ၀န်းရံ မှု






No comments:

Post a Comment