Thursday, August 21, 2014

ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၄ )




ပြဇာတ်တစ်ခုထဲက သမိုင်း

ခရစ်နှစ် ၁၈၇၅ ခန့်တွင် ရေးသားခဲ့သော လူဝံမောင်နှမပြဇာတ်တွင် အောက်ပါအတိုင်း ဖော်ပြ
ထားကြောင်းလေ့လာတွေ့ရှိရသည်။

ထောင့်နှစ်ရာက၊သာသုံးဆယ်လု၊ စွန်နှစ်ခုတုန်းက၊ ဥတု မိုးယံ၊ ၀သန်ခါမီ၊ ကြဋ်ရာသီတွင်၊ ဌာနီဝံလှုံ၊ ဟင်္သာဘုံဝယ်၊ မကြုံစကောင်း ဒေါပုံမြိုင်ဝေလှိုင်လှိုင်တွင် ရွှေစိုင်မောင်းပါတဲ့၊ခေါင်းလောင်းတော်ကြီး၊ရေပွက်သဲသဲ၊
တဟဲဟဲနှင့်ဝဲကိုစီး၍မညီးရှုမျှော်၊ သုံးလေးတောင်လှုပ်၊သရပူတက်ကရော့၊ဘ၀ဂ်လျှံမှု၊ဧကန်မုချတချို့ကလဲ၊နဂရသာစည်၊ကြူးသဲဖြိုးဖြိုး၊
ထူးဒကဲမိုးတဲ့၊ပဲခူးပြည်တွင်၊ နှစ်ရှည်သုံးရာ၊ လွန်သောအခါ၌ ရာဇာမင်းဖျားဓမ္မစေတီ၊ ပဝေဏီက၊
ငွေညီပန်း၍ သွန်းကာထားသည်ကို၊ ကုလားထင်စွာ၊ ငဇင်ကာသည်၊နာဝါသင်္ဘော၊ တင်ဆောဆောတွင်၊ ရေကြောသို့ကျသည် ဒေါပုံမှာ မျောဆုန်ရတယ်လို့၊ပြောကြသည်မှာ၊ ကျသည်ရှေးရင်း၊ ထိုမင်းနောက်ပေ၊ မဟုတ်လေလို့၊ တချို့က စစ်ကြသည်၊ စစ်သည်အတွင်း၊ တချို့သော လူအပေါင်းတို့က ခေါင်းလောင်းမင်း၏ မှန်၊မမှန်ကို၊ တယ်ဧကန်၊ ငြင်း
ပါဦးတော့၊ မင်းဓမ္မစေတီ မဟုတ်ကြောင်း၊ဓမ္မပါလခေါင်းလောင်းလို့သောင်းသောင်းဖြဖြ၊သန်လျက်ငူပါး၊ ရေဆင်ထားတဲ့၊ တံတားမတွင်၊ ဆင်းကြတက်ကြ၊ ရေပွက်မြူးသော်၊ ဖူးလိုက်ကြနှင့်ကုလားကတစ်ဖန်၊
သမ္ဗန်ခကို၊ ရအောင်ကြံ၍၊ဧကန် ထင်ရှား၊ မြန်မာများ၏ ဘုရားပေါ်လာ၊သွားကြပါတော့လား၊ ခရီးတာအသိ၊နီးနီးမှာရှိတယ်လို့၊ပြောဘိလှည့်ဖြား၊ ထိုကုလား၏စကားကိုယုံ၊ သမ္ဗန်ခကိုသူတို့လဲပုံအနန္တ၊တချို့ကျတော့တစ်ထွေ၊ သင်္ဘောဆန်အိတ်တွေနှင့်၊ ထိုရေကြောတွင်၊ တလောဆီကမီးပင်လောင်ခြစ်၊ ဗိုက်ပေါက်၍နစ်ကရော့၊နစ်ရာမှ တစ်စစမျောကျတင်၍ ရေ
အစီးတွင်ပွက်ကြီးမွေ့ကာ၊ နုန်းမွေ့သဲသဲ၊ တရှဲရှဲနှင့်၊မည်းမည်းညစ်ညစ်၊ ပေါ်သစ်ဖြစ်ကို၊ စိစစ်ပြောသူ၊ ထိုသည့်သူကိုငြူစူစောင်းမြောင်း၊ဘာကိုဟုတ်ရမည်၊ပုစွန်တုပ်ရွှေမောင်းနှင့်၊ငွေခေါင်းလောင်းမျက်မြင်မို့၊ယနေ့
ပင်ပေါက်ကာတူးရအောင်၊ပသျှူးကိုထောင့်ငါးရာ၊ရေငုပ်ခပေးပါသည်ကို၊သေးနုပ်စွာပြောပါသည်ဟု သဘောတော်မကြည်ကြ၊ပြည်ဟံသာနဂရတွင် ဖြစ်သမျှအကြောင်းသည်စကား အခက်ပွေ၊ ဆက်မသွေရာဝင်နှင့် ဘယ်ခါတွင် ဘယ်အကြောင်းရယ်လို့ယုံအောင်ကို ပုံဆောင်လောင်းလိုက်မယ်၊
နယားနောင်၊ရွှေသျှောင်စောင်းငယ်က၊မြစ်ဒေါပုံဒီချောင်းမှာငွေခေါင်းလောင်းပေါ်တဲ့စမ်း။မြန်မာသက္ကရာဇ် ၁၂၃၇ (အေဒီ၁၈၇၅) ခန့်တွင်လည်း ဒေါပုံချောင်းတွင်ဓမ္မစေတီခေါင်းလောင်းတော်ကြီး ရေထဲမှပွက်လာသဖြင့် သမ္ဗန်ဖြင့် ပို့ဆောင်ပေးရကြောင်း လူဝံမောင်နှမ ပြဇာတ်တွင် ဖော်ပြထား
ကြောင်း တွေ့ရှိရသည်။ဓမ္မစေတီခေါင်းလောင်းတော်မဟုတ်ဘဲဓမ္မပါလခေါင်းလောင်းပေါ်ခြင်း ဟုလည်း ဖော်ပြထားမှု တွေ့ရှိရသည်။




သန်လျှင်ရာဇ၀င်တွင်ဖော်ပြထားသော သမိုင်းဆိုင်ရာ အချက်အလက်

ဓမ္မစေတီမင်းကြီးသည် ခေါင်းလောင်းကြီး တစ်လုံးကိုရွှေတိဂုံစေတီတော်ပေါ်တွင်လှူဒါန်းခဲ့ကြောင်းနှင့် ခေါင်းလောင်းတော်ရေထဲကျရောက် နစ်မြုပ်ကြောင်း ကိုသန်လျင်ရာဇ၀င်တွင်လည်း ဖော်ပြထားကြောင်း ထင်ရှားစွာတွေ့ရှိရသည်။

သန်လျင်ရာဇ၀င်တွင် သက္ကရာဇ်၉၇၄ (အေဒီ ၁၆၁၂) ခု အနောက်ဘက်လွန်မင်းတရားကြီးဘုရား အလုံးအရင်းနှင့် ပြည်မြို့သို့ ချီတက်တော်မူ
လျှင် ရခိုင် မြို့က ဘရင်ဂျီကုလားငဇင်္ဂါသည် သိမ်ဂုတ္တရကုမ်း၊ ရွှေဆံတော်ဘုရားရှင်စေတီကောင်းမှု ခေါင်းလောင်းကြီးကိုချ၍ အမြောက်သွမ်းမည်ကြံသည်တွင်ဘုရားရှင်တံခိုးတော်ကြောင့် ပန်းအလွှဲတွင်သင်္ဘောနှင့်တကွ နစ်မွန်း၍ အမြောက်မသွမ်းရသည်တွင် ငဇင်္ဂါသည် အနောက်ဘက်လွန်မင်းတရားကြီး ပြည်မြို့ကို အလို ပြည့်သည်နှစ်၊ လက်နက်ကြိယာ၊ ဆေး၊ ခဲရန်း
လက်ဆောင်များနှင့်ကျွန်တော်ကိုသံလျင်မြို့တွင်မြို့ရာသရေတချပ်ရာသနားတော်မူပါ၊အသနားတော်ခံ၍
၊မြေသရေတချပ်ရာသနားတော်မူသည်တွင် ငဇင်္ဂါသည် သရေကိုနန်းငင်၍ အရှေ့ အနောက် တောင်မြောက်သရေကြိုး တဆန့်စီတိုင်းထွာပြီးလျှင်မြို့တည်လေသည်။ သက္ကရာဇ် ၉၈၁
(အေဒီ ၁၆၁၉) ခုသလျံငသို့ ချီတော်မူသည်။ သံလျင်မြို့ကိုအောင်တော်မူလျှင် ဘထွေးတော် (နတ်ရှင်နောင်)ကိုစစ်ကြောမေးမြန်း၍သာသနာတော်ဖြက်လူဆိုးလူသွမ်းတို့နှင့်ပေါင်းဘက်သသူဖြစ်သည်။
ဘထွေးတော်ဖြစ်သော်လည်းမထားသင့် အမိန့်တော်ရှိ၍ ရင်ကိုဖွင့်စေသည်။ ငဇင်္ဂါကို
လည်း သာသနာတော်ကိုဖျက်၍ပြစ်သည်ဆို၍ သံလျင်မြို့ရိုးရှေ့တွင်သံတံကျင်တင်သည်။

ရွှေဒကုန်ဘုရားဝတ္ထုကံမြေကားရာဇာဓိရာဇ်သိံ္မထော၊ခင်ထောင်ဗိုဗျညားတောအမည်ခံ မင်းမိန်းမ၊ဟံသာဝတီတွင်သက္ကရာဇ်၈၂၅ (အေဒီ ၁၄၆၃) ခု မင်းပြုသည်ကာလထိုမင်းသမီးသည် အလှူကောင်းမှု၌သဒ္ဓါစိတ်ကြီးသည်ဖြစ်၍ဒကုန်ဘုရားသို့ရောက်သည်တွင်ဘုရားသိမ်တော်နှင့်တံတိုင်း
ကို လုပ်ပြင်တော်မူသည်။ရွှေကိုယ်လေးစက်၍ထီးတော်ကသည်ဘိနပ်တော်ရောက် ရွှေပုဇွန်ခွန်မွန်း
မန်တော်မူသည်။ ဘုရားရှင်တွင် နေသည်မြို့ရွာများကိုလည်း ကျေး ၅၀၀၀အဘိုးပြု၍လှူသည်။ဘုရားရှင်ဝတ္ထုကံမြေလှူတော်မူသည်နယ်မြေမှာ အရှေ့ ကိုလားသော်ကျိုက်ကနက်ဘုရား၊ တောင်ကိုလားသော်ဓနုတ်ဘုရား၊အနောက်ကိုလားသော်ပြောင်
ပျာဘုရား၊ မြောက်ကိုလားသော် မိုးရိပ်မိုးတော်ဘုရားဟူ၍ သတ်မှတ်လှူတော်မူသည်။သက္ကရာဇ် ၈၃၂ (အေဒီ ၁၄၇၀) ခုတွင် မင်းမိန်းမဗျညားတောအနိစ္စ ရောက်သည်နောက်ဓမ္မစေတီမင်းလက်ထက်တွင် ဗျညားတောလှူရင်းမြေနယ်ကျယ်သည်ဖြစ်၍ချုန့်တော်မူပြန်သည်။ဘုရားရှင်ဝတ္ထုကံမြေမှာ အရှေ့မြောက်ထောင့်ကိုလားသော်သစ်သင်ကန်တောင်ထိ၊အရှေ့ကိုလားသော်ငမိုးရိပ်ချောင်းထိ၊
အရှေ့တောင်ကို ငမိုးရိပ်ဝ ပန်းအလွဲချောင်းထိ၊တောင်ကိုလားသော် ထုန်းဘို ဆိပ်၊ ဒကုန်မြတ်ဒလမြေနှင့် ကျောခိုင်း၊ အနောက်တောင်ကိုလားသော် ကန်ကြီးကင်း အနောက်ကိုလားသော် ကျေးမြင်တိုင်ကင်း၊ အင်းဝပေါက်ချောင်းအထိ၊အနောက်မြောက်ကိုလားသော်မှော်ဘီချောင်းဝ၊မြောက်ကိုလားသော် ငသံထင်ရွာကရုံကလောချောင်းအထိချုန့်၍သတ်မှတ်တော်မူပြန်သည်အတွက်မြေဘိုးဓမ္မစေတီကိုယ်လေးနှင့်
ရှင်မိဖုရားကိုယ်လေးကိုရွှေနိုင်းချင်းခတ်ပြီးလျှင် ရွှေပုစွန် ခွန်ခပ်၍လွှမ်းတော်မူသည်။
ခေါင်းလောင်းကြီးအ၀င်္ဂစောက် ၁၂ တောင်၊ကြေးချိန်တသိန်းရှစ်သောင်းကိုထည်းသွမ်းလုပ်၍ လှူတော်မူပြန်သည် (မူရင်း သတ်ပုံအတိုင်း) ဟု ဖော်ပြထားကြောင်း တွေ့ရှိရသည်။


 ရခိုင်ဆရာတော်၏ ဓည၀တီအရေးတော်ပုံကျမ်းလာ သမိုင်းမှတ်တမ်း

သန်လျင်ရာဇ၀င်တွင် ငဇင်္ဂါသည်ရခိုင်မြို့မှဖြတ်၍ အနောက်ဘက်လွန်မင်းကြီးထံမှ ခွင့်ပြုချက်ဖြင့် သန်လျင်မြို့ကို တည်ကြောင်း ဖော်ပြထားသည်။ ခရစ်နှစ် ၁၇၈၈တွင် ပြုစုခဲ့ သော ရခိုင်ဆရာတော်၏ ဓည၀တီအရေးတော်ပုံကျမ်းတွင်မူဤသို.ဆိုပြန်သည် ။

မင်းရာဇာကြီး (အေဒီ၁၅၅၃-၁၆၁၂)လက်ထက်အမတ် မဟာပညာကျော် လျှောက်ထုံးသော်ကား-ဘိုးတော်မင်းဗာကြီးသားငအင်္ဂါကိုသင်္ဘောဆိပ်နှင့်တကွသံလျင်မြို့ပါကျေးစားပေးတော်မူခဲ့၍အစောင့်အနေ
ထားတော်မူပြီးမှသက္ကရာဇ်ကိုးရာခြောက်ဆယ့်သုံးခု
(အေဒီ၁၆၀၀)တွင်နေပြည်တော်သို့ပြန်တော်မူခဲ့သည်။သံလျင်မြို့စား ငအင်္ဂါကို ခေါ်တော်မူလေရာမလိုက် မလာနေသောကြောင့် သား
တော်အိမ်ရှေ့မင်းမင်းခမောင်းချီတက်တိုက်ခိုက်စေလျှင်ဟိုင်းကြီးကျွန်းသို့တပ်ချမည်ဝင်သွားလေရာငအင်္ဂါက ညဥ့်အခါ စီးနင်းတိုက်လေသော်အိမ်ရှေ့မင်း မင်းခမောင်းကို ငအင်္ဂါဖမ်းမိရလေသည်ဟု ဖော်ပြထားပါသည်။ ဆရာကြီးထွန်းမြင့် (မာန်အောင်) ၏ ရခိုင်ရာဇ၀င် အဆိုနှင့် သန်လျင်စား ငဇင်္ကာဆောင်းပါးတွင်မင်းဘာကြီးသည် ရခိုင်ပိုင်ဖြစ်သွားသောဒါဂါမြို့၌ ဆက်လက်နေတော်မူရင်းပဲ သီဒါတွင် သားတစ်ပါးဖွားမြင်ရာ ငအင်္ဂါဟု အမည်ပေးခဲ့သည်။



 ကွဲလွဲသော သမိုင်းဆိုင်ရာ အချက်အလက်များ

ဓမ္မစေတီခေါင်းလောင်းတော်ကြီးသွန်းလုပ်ရခြင်းနှင့်ပတ်သက်၍မွန်ရာဇ၀င်များနှင့် သန်လျင်ရာဇ၀င် မတူညီကြောင်းတွေ့ရှိရသည်။

မွန်ရာဇ၀င်များတွင် ပြည်သူများထံမှကောက်ခံရရှိသော ကြေးများဖြင့်သွန်းလောင်းသည်ဟု ဖော်ပြ၍ သန်လျင်ရာဇ၀င်တွင်မူရွှေတိဂုံဘုရားဝတ္ထု
ကံမြေကိုချုံ့သဖြင့် ခေါင်းလောင်းတော်ကြီးကို သွန်းလုပ်ကြောင်း မတူညီစွာ ဖော်ပြထားသည်။ခေါင်းလောင်းကြီး၏ အ၀ရှစ်တောင်၊ စောက်၁၂ တောင်၊ အလေးချိန်ပိဿာ တစ်သိန်းရှစ်သောင်းဖော်ပြချက်မှာ သန်လျင်ရာဇ၀င်နှင့်မွန်ရာဇ၀င်ကြီးပေမူတို့ တူညီကြောင်းတွေ့ ရှိရ
သည်။ဓမ္မစေတီခေါင်းလောင်းတော်ကြီးကိုသွန်းလောင်းသူများမှာမွန်လူမျိုးများဖြစ်၍မွန်ရာဇ၀င်များဘက်မှ အလေးသာလျက်ရှိနေသည်။သို့သော်လည်းသန်လျင်ရာဇ၀င်သည်လည်းမွန်ရာဇ၀င်များကိုအခြေ
ခံရေးသားရာ အမှန်တရားကို ဆုံးဖြတ်နိုင်တော့မည်မဟုတ်ချေ။ သန်လျင်ရာဇ၀င်ပါ ငဇင်ကာနှင့် ပတ်သက်၍ ကွဲလွဲစွာရေးသားချက်များကိုလည်းတွေ့ရှိခဲ့ရပြန်သည်။


Ref ; Standard Time Daily , Democracy Today , MEG , Hot News 

ဆက်စပ်ဖတ်ရှုရန်များ 

* ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၁ )

* ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု  ( ၂ )

* ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၃ )

Sunday, August 17, 2014

၂၀၁၄-၁၅ ပညာသင်နှစ်အတွက် မြို.လေးဆီက ပညာဒါန သင်တန်း




 ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို တတိယမြောက်နှစ်အဖြစ် ၀ါးခယ်မမြို. ကမ်းနားလမ်း မင်းပိုင်းကျောင်းတွင် ၂၀၁၄ သြဂုတ်လ ၁၅ ရက်နေ.က စတင်ဖွင်.လှစ်ခဲ့ပါသည် ။ လက်ရှိ သင်တန်းသို. တက်ရောက်ကြသော ကျောင်းသား / သူ ပေါင်း ၁၁၅ ယောက် ရှိပြီး စေတနာဖြင်. အခမဲ့ သင်ကြားပေးသော သင်တန်း တစ်ခုဖြစ်ပါသည် ။ 

သင်ကြားရေးဆိုင်ရာ တာဝန်ယူထားကြသူများ
 သင်ကြားရေးပိုင်းအနေဖြင် .
မြန်မာစာ ကို ဒေါ်နှင်းနှင်းလွင် - ဒေါ်စန်းစန်းဦး
အင်္ဂလိပ်စာကို ဦးရဲမြင်. -  ဦးသီဟဇော်
သချာင်္ဘာသာရပ်ကို ဦးကောင်းမြတ် -  ဒေါ် ကြည်ကြည်မာ
ဓါတုဗေဒ ကို ဒေါ်အုန်းမြိုင် -  ဒေါ်ခင်ချိုဦး
ရူပဗေဒ ကို ဒေါ်ခင်ဌေးရီ - ဦးသီဟဇော်
ဇီဝဗေဒ ဘာသာရပ်ကို ဒေါက်တာကိုကိုလင်း
ပထ၀ီ   ဒေါ်စိုးစိုးအေး   
သမိုင်း  ဒေါ်စန်းညွန်.  
ဘောဂဗေဒ ဒေါ်ခင်စန်းရီ   တို.က တာဝန်ယူလျှက် စေတနာဖြင်. သင်ကြားပြသပေးမည်ဖြစ်ပါသည် ။

ယမန်နှစ်က ကျောင်းသား /သူပေါင်း ၁၅၆ ယောက် စတင်တက်ရောက်ခဲ့ကြပြီး ၇၃ ယောက် စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ရာ ၄၂ ယောက်အောင်မြင်ခဲ့သဖြင်. အောင်ချက် ရာခိုင်နှုံး  ၅၇.၅ % ရှိခဲ့ခြင်းဖြစ်သည် ။ ယခုနှစ်တွင် မူ လက်ရှိ တက်ရောက်နေသော ကျောင်းသား /သူပေါင်း ၁၁၅ ယောက်ရှိနေသည်ဟုသိရသည် ။

 
 ထိုသင်တန်းသို. ဦး ကျော်သူ ၏ သုခအလင်း ပညာဒါန အသင်းမှ ယခုစာသင်နှစ်အတွက် စာအုပ် ၅၀ ဒါဇင် ၊ ခဲတံ ၊ ခဲတံ ချွန်စက် ၊ ဘောပင်စသည်များ ပေးပို.လှုဒါန်း ပေးခဲ့သည်ဟုလည်း သိရပါသည် ။
သင်တန်းတွင် လိုအပ်သည်များမှာ စာရွက်စာတမ်းများ ၊ဆရာ/ဆရာမများ အသုံးပြုသော ဆော.ပင် ၊ မှင်  စသည်များ ၊ ကျောင်းသား/သူများအတွက် စာရေးကိရိယာ တို.အပြင် မီချောင်းများလည်း လိုအပ်သည်ဟုသိရပါသည် ။ ထို.အပြင် သင်တန်းပိုင် မီးစက်မရှိပဲ မီးပျက်ချိန်မျိုးတွင် ဒုက္ခရောက်လေ. ရှိပြီး ကော်မတီဝင် တစ်ဦး၏ မီးစက်ကို ငှားရမ်းအသုံးပြုနေရသည်ဟု သိရပါသည် ။စေတနာဖြင်. လာရောက်သင်ကြားပေးနေသော ဆရာ / ဆရာမများအတွက်မူ တစ်လလျှင် ဆန်တစ်အိတ် ၊ ဆီ ၆၀ သားကန်တော.ရန် စီစဉ်ထားသည်ဟုလည်း သိရပါသည် ။

ထိုသင်တန်းနှင်. ပတ်သက်၍ သိလိုသည်များ ရှိပါက ကိုဇော်ဝင်း - ဖုန်း ၀၉- ၄၂၂၅၂၄၃၄၆ သို.ဆက်သွယ် မေးမြန်းနိုင်ကြောင်း ပညာ  ပါရမီဖြည်.လိုသူများအတွက် သတင်းကောင်းတစ်ရပ်အဖြစ်ဖြန်.ဝေအပ်ပါသည် ။ လှုဒါန်းလိုသူများအနေဖြင်. အောက်ပါတို.ထံ ဆက်သွယ်လှုဒါန်းနိုင်ပါသည် ။



ဦးဝင်းတင် - ခန်.ညား -စာအုပ်နှင့် စာေ၇းက၇ိယာေ၇ာင်းဝယ်ေ၇း
ခန့် ညား - လယ်ယာသုံး စက်ပစ္စည်းနှင့်  လယ်ယာသုံး ဆေး

ဝါးေ၇ာင်းဝယ်ေ၇း - Ph 09250226681
ဦးမင်းသိန်း- အထက်တန်း ရှေ့ နေ  -  Ph  098552596
ဦးဇော်ဝင်း  - Ph 09422524346
ဆရာမ ဒေါ်ခင်ချို ဦး - Ph  09422480092

ဆက်စပ်ဖတ်ရှုရန်

Saturday, August 16, 2014

ဓမ္မစေတီခေါင်းလောင်း ဆိုင်ရာ မှတ်တမ်း နှင်. သတင်းများ စုစည်းမှု ( ၃ )






ဓမ္မစေတီခေါင်းလောင်းတော်ကြီးအကြောင်း မွန်လူမျိုးတို.၏ မှတ်တမ်း နှင်.သန်လျှင်ရာဇ၀င် ဖော်ပြမှု အကျဉ်းချုပ်

 ထိုခေါင်းလောင်းတော်ကြီးမှာ နှစ်ပေါင်း၄၀၀ခန့် ရှိပြီး ရွှေတိဂုံစေတီကြီးတည်ရှိရာ အောက်မြန်မာ
နိုင်ငံဟံသာဝတီပြည်တွင် အေဒီ၁၄၇၀-၁၄၉၂တွင်အုပ်စိုးခဲ့ သည်။ထိုခေါင်းလောင်ကြီးအားရွှေတိဂုံစေတီပေါ်တွင် သွန်းလောင်းလှုဒါန်းခဲ့ ကြောင်း
ရာဇဝင်မှတ်တမ်းများအရသိရပေသည်၊မွန်ရာဇဝင်ပေစာတွင်မှု ဓမ္မစေတီမင်းကြီးက အမြို့ မြို့ အိမ်ယာစာရင်းကိုယူ၍ ဥပိုက်အမတ်နှင့်  သမုဒ္ဒရာဇ်။ရာဇာစွန္ဒရာဇာ၊ တို့ မှခရိုးအမှတ် တစ်သန်းရှစ်သိန်းရကြောင်း တိုင်ကြားတော်မှုလျှင်
အိမ်ရှိကိုသိလို၍ ခန့်ထားသည်ကို ဆင်းရဲသူဆင်းရဲသားကြေးကို ခံယူကောင်းမည်လောဟု အပြစ်ပေး၍ ကြေးကိုတုန့် ပြန်စေ အမိန့် တော်ရှိသည်ကို အမြို့ မြို့ ကျေးလက်သားတို့ က သင့် ရာကောင်းမှု့ တော်ဖြစ်အောင်လှုတော်မှုပါကျွန်တော်တို့ မယူပါပြီ ဆိုလေသောကြောင့် ဒဂုံဆံတော်ရှင်တွင်ဆွဲရအောင် ခေါင်းလောင်းတော်ကြီးကိုသွင်းစေ ဗညားအိမ်အမတ်ကြီး အမတ်ကြီးကိုခန့် ၍ ဖရောင်းပုံ ဇောက်၁၂တေင် အဝ ၇ တောင်သွင်းမည်သောအခါ(ပ) ဓမ္မစေတီမင်းသည်
သက္ကရစ် ၇၅၁ (အေဒီ ၁၃၈၉ ခု)တနင်္လာနေ့ ပြစ္ဆလက်လူဖြစ်သည် အသက်၄၁နှစ် (အေဒီ ၁၄၃၇ခု)တွင်မင်းဖြစ်သည် မင်းစည်းစိမ ၂၇နှစ် (အေဒီ ၁၄၆၄ ခု)အသက်၇၅ တွအနိစ္စရောက်သည် ဓမ္မစေတီမင်းသည်လည်းကုသိုလ်ကံကောင်းမှု့ မရေတွက်နိုင်သာ စေတီတော်ဆင်းတုတော်များလှုလေသည်။

ဒဂုံဆံတော်ရှင်ရွှေမော်ဓောဘုရားတို့ အုပ်အပေါ်လွှမ်း၍လုပ်ပြီးမှသာလျှင်ထီးချရာသီတတည်သည်
 မြေတိုင်အောင်ရွှေချ၍ ပိဋကတ်စာကိုလည်းအများပြုစုရသည်။တစ်သိန်းရှစ်သောင်းသောကြေးတို့ ကိုလည်းခေါင်းလောင်းသွင်း၍
တင်လှုရသည် (မူယင်းသတ်ပုံအတိုင်း)ဖေါ်ပြတာတွေ့ ရှိရသည် ။


မွန်ရာဇဝင်တော်ကြီးအရ ဓမ္မစေတီမင်းသည် ရွှေတိဂုံစေတီတော် အပေါ်တွင်အလေးချိန် ပိသာတစ်သိန်းရှစ်သောင်းရှိ စောက်၁၂ တောင်၈ပေ အဝ ( ၇ တောင်၁၀-၆ ပေ)ခေါင်းလောင်ကြီးတစ်လုံးလူဒါန်းခဲ့ ကြောင်းတွေ့ ရသည်။
ခေါင်းလောင်ကြီး၏ အလေးချိန်နှင့် ပါတ်သက်၍ ကွဲလွဲမူ့ များရှိရာ အိမ်ချေတစ်သန်း ရှစ်သိန်းပါသဖြင့်  တစ်အိမ်လျှင်ကြေးတစ်ဆယ်သားကောက်ခံယူမည်ဟု ယူဆရပါ၏။
တစ်အိမ်လျှင်ကြေးတစ်ဆယ်သား ကောင်ခံယူသဖြင့် တိုင်ကြားရာမှ ကြေးခေါင်းလောင်းကြီးရွှေတိဂုံဘုရားတင်

လှုမှု့ ဖြစ်ခဲ့ ရကြောင်းတွေ့ ရှိရသည်။
တစ်အိမ်လျှင်ကြေးတစ်ဆယ်သား ကောက်ယူပါက ဘုရင့် ထံတိုင်ကြားမှု့ မဖြစ်နိုင် တစ်အိမ်လျှင်ကြေးတစ်ဆယ်ကျပ်သားကေက်ခံလျှင် အိမ်ချေ တစ်သန်း ရှစ်သိန်းရှိ၍ ကြေးချိန်တစ်သိန်း ရှစ်သောင်းပါရမည်။ဓမ္မစေတီခေါင်းလောင်းကြီးသည် မွန်ရာဇဝင်တော်ကြီးအရ ကြေးချိန်တစ်သိန်းရှစ်သောင်းရှိကြောင်းသိရသည်၊


သန်လျှင်ရာဇဝင်တွင် သက္ကရဇ် ၉၇၄ (အေဒီ ၁၆၁၂ ခု)တွင်အနောက်ဘက်သာလွန်မင်းတရားကြီး အလုံးရင်းနှင့် ပြည်မြို့ သို့ ချီတော်မှုသည် ။ရောက်လျှင် ရခိုင်မြို့ က ( ဘရင်ဂျီ ကုလား- ငဇင်ကာ)သည် ယခုသိဂုင်္တ္တရကုန်း ရွှေဆံတော်
ဘုရားရှင်စေတီတော်ကောင်းမှု တော်ခေါင်းလောင်းကြီးကိုချ၍ အမျြောက်သွန်းမည်ကြံသည်တွင် ဘုရားရှင်တန်ခိုးတော်ကြောင့်  ပန်းအလွဲတွင် သင်္ဘောနှင့် တစ်ကွနစ်မွန်း၍ မမြေက်မသွင်းရရှိသည်ဟုဖေါ်ပြထားသည်၊
ထို့ အတူ သံလျှင်ရာဇဝင်အရ ဓမ္မစေတီမင်းသည် အဝ ရှစ်တာင် စောက် ဆယ့်နှစ်တောင် အလေးချိန်ပိသာတစ်သိန်းရှစ်သောင်းရှိသော ခေါင်းလောင်းတော်ကြီးတစ်လုံးကို ရွှေတိဂုံစေတီတော်တွင် လှုဒါန်းခဲ့ ကြောင်းထင်ရှားစွာတွေ့ ရှိရသည်ဓမ္မစေတီမင်းသည်လည်း ခေါင်းလောင်ကြီးကို ခရစ်နှစ် ၁၄၇၀ တွင်တင်လှုခဲ့ ၏ ၄င်းခေါးလောင်းတော်ကြီးကို ( ငဇင်ကာ )သည် ခရစ်နှစ် ၁၆၁၂ တွင်ရွှေတိဂုံဘုရားမှ သံလျှင်သို့ သယ်ယူရာ ငမိုးရိပ်ချောင်းဝ ( ပုဇွန်တောင်ချောင်းဝ)
ပန်းအလွှဲမြစ်တွင်းသို့ ကျရောက်နစ်မြုတ်ခဲ့ သည်။
ပန်းအလွှဲမြစ်သည် ပုဇွန်တောင်ချောင်းဝနှင့်  တိကုန်းမြစ်ခေါ် ရန်ကုန်မြစ်ဆုံသော ဖြစ်ဖြစ်သည်၊
ယ္ခင်က ဒေါပုံမြစ်ဟုခေါ်သည် ။ယခုပဲခူးမြစ်ဟုခေါ်ကြ၏






ဦးစံလင်း ၏ ကြိုးပမ်းမှု 

ဓမ္မစေတီခေါင်းလောင်းကြီးအား စေတနာရှင် ဦးစံလင်းက မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြန်လည်ဆယ်ယူကာ ခေါင်းလောင်းကြီး၏ မူလနေရာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့ပြန်သည်။ ဦးစံလင်းသည် ၄င်း၏ ကိုယ်ပိုင်ငွေဖြင့် ၁၉၉၇-ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင်နှစ်ကြိမ်၊ ၁၉၉၉-ခုနှစ်တွင်တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ်တိတိ ဆယ်ယူရေးအတွက် ဆောင်ရွက်ခဲ့ဖူးသည်။ 
ဦးစံလင်းသည် ရေငုတ်ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ခေါင်းလောင်းကြီးရှိသည့်နေရာကို ကိုယ်တိုင်ရေငုတ်၍ ရှာဖွေခဲ့ဖူးသူ တပ်မတော်(ရေ) အငြိမ်းစား ၀န်ထမ်းတစ်ဦး ဖြစ်သည်။

ဦးစံလင်း၏ အဆိုအရ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်းဝရှိ ရေအောက်မြေအောက် (၅၂)ပေတွင် နစ်မြုပ်လျှက်ရှိနေပြီး ခေါင်းလောင်းကြီးနှင့် အတူ

* ပေါ်တူဂီ သင်္ဘောပျက် နှစ်စီး၊
* အခြားခေါင်းလောင်းတစ်လုံး၊
* ဥာဏ်တော် ခုနှစ်တောင်စီရှိ ရွှေသားအစစ်ရပ်တော်မူ ဗုဒရုပ်ပွားတော် နှစ်ဆူ
* ကျောက်သံ ပတ္တမြားများပါသည့် သေတ္တာ (၁၁)လုံးတို.  
ယနေ့ထက်တိုင်ရှိနေသည်ဟု ဆို၏။




ယခုတူးဖော်နေသော ဦးစံလင်း၏ သဘောထား

မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့အဆင့်မြင့် နည်းပညာဖြင့် ပြန်လည်ဆယ်ယူကာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန်၊ တိုင်းပြည်နှင့် လူမျိုးဘာသာ၊ သာသနာအတွက် စေတနာ အရင်းခံ၍ဲ ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်မှ စက်ယန္တရား ပံ့ပိုးမှုလိုအပ်ကာ သောင်တူးစက် (သို့) ရေယာဉ်တစ်စီး အဓိက လိုအပ်ပါသည်။ ၂၀၁၁-ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် ရာထားပါသည်။ အခုနှစ်မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပြီး မိုးတွင်းတွင် ချောင်းထဲသို့ ရေငုတ်ဆင်းရသည်မှာ ရေအောက်ခြေရှိ ကြမ်းပြင်သည် သမံသလင်းလို ပြောင်ရှင်းနေ၍ ဖြစ်သည်၊ နွေရာသီတွင် နှုန်းမြေများ ထူထပ်နေ၍ အဆင်မပြေနိုင်ဟု ဆိုသည်။





 ဦးစံလင်း နှင်. အဖွဲ.၏ တူးဖော်ရန် စတင်ကြိုးစားမှု အခြေအနေများ

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြု လိုက်သောကြောင့် ဆယ်ယူမှု လုပ်ငန်းကို သြဂုတ် ၉ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဆယ်ယူ ရေးအဖွဲ့က ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကခွင့်ပြုလိုက်ပါပြီ။ ပို့ဆောင်ရေးဝန်ကြီးဌာနကိုတော့ တင်ထားဆဲပါ။ခွင့်ပြုမိန့်က ရက်အကန့်အသတ်မရှိပါဘူး’’ ဟု သုဓမ္မမဏိဇောတဓရ ဦးစံလင်းက ပြောသည်။
ဆယ်ယူရေး လုပ်ငန်းကို ကော့သောင်းမှ ရေငုပ်သမား ၁၄ ဦး၊ သင်္ဘောနှစ်စီးတို့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တစ်ရက်ဆယ်ယူစရိတ် ကျပ်သိန်း ၂၀၀ နီးပါး ရှိကြောင်း ဆယ်ယူရေးတွင် ကိုယ်တိုင်ပါဝင်ပြီး ငွေကျပ်သိန်း ၅၀ လှူဒါန်းမည့် ရွှေအုန်းပင် စား သောက်ဆိုင်မှ ဦးဝင်းမြင့်က ပြော သည်။
‘‘နောက်လဆိုရင် ရေငုပ်သ မား ၁၀ ယောက် ပထမဆုံးလာမယ်။ ကျွန်တော်တို့ကတော့ လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် လုပ်မှာပါ။ ခေါင်းလောင်းတွေ့နိုင်မလား၊ မတွေ့နိုင်ဘူးလားတော့ ပြောလို့ မရပါဘူး။ တွေ့မယ်လို့ ထင်ပါတယ်။ အခု ဆရာ ဦးစံလင်းကလည်း သူကိုယ်တိုင်တွေ့ထားတာ ဆိုတော့ တွေ့ဖို့သေချာပါတယ်’’ ဟု ဦးဝင်းမြင့်က ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်း အ မှန်တကယ် သွန်းလုပ်ခဲ့ခြင်းဟုတ်၊ မဟုတ်နှင့် ပေါ်တူဂီလူမျိုး ငဇင် ကာဖြတ်ယူသွားခြင်း ရှိ၊ မရှိစ သည်တို့မှာ အငြင်းပွားလျက်ရှိ သည်။ အချို့သော သမိုင်းပညာ ရှင်များက အဆိုပါ မြစ်အောက် ခြေတွင် မရှိကြောင်း ပြောဆိုကြ သော်လည်း ၁၉၉၇ ခုနှစ်က ရှာ ဖွေခဲ့သူ ဦးစံလင်းက ရှိသည်ဟု အခိုင်အမာပြောဆိုသည်။
‘‘ခေါင်းလောင်းရဲ့အပေါ်မှာ ဂျပန်ခေတ်တုန်းက နှစ်မြှုပ်ထားတဲ့ သံနဲ့လုပ်ထားတဲ့ သင်္ဘော တစ်စီးရှိတယ်။ အဲဒီအောက်မှာ မှ ခေါင်းလောင်းရှိတယ်။ အဲဒီ သင်္ဘောကို ဖယ်နိုင်မှသာ ခေါင်း လောင်းကို ဆယ်လို့ရမယ်။ ခေါင်း လောင်းကြီးရဲ့ အပေါ်မှာ ပုစွန် တုပ်ကွေးအကွင်း မရှိတော့ဘူး။ ခေါင်းလောင်းက အောက်ကို ၄၅ ဒီဂရီစောင်းပြီး အ၀က အပေါ်မှာ ရှိနေတယ်။ ရေစီးကြမ်းတဲ့အချိန် က ဆယ်လို့အကောင်းဆုံးအချိန် ဖြစ်လို့ အဲဒီအချိန် ရွေးလိုက်တာ ပါ’’ ဟု ဦးစံလင်းက ဆိုသည်။
ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေရေးနှင့် ဆယ်ယူရေးလုပ်ငန်း ကို အထက်ပါ ပုဂ္ဂိုလ်က ၁၉၉၇ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ခေါင်းလောင်း တည်ရှိရာကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ရေအောက်ထဲတွင် မည်သည့် ပုံသဏ္ဌာန်ရှိသည်ကို အသေးစိတ် ပြောကြားခဲ့သော် လည်း ခေါင်းလောင်းတည်ရှိရာ နေရာကို ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုစွန်တောင်ချောင်းဆုံမှတ်ဟုသာ ပြောကြားပြီး အသေးစိတ် နေရာကို ပြောကြားခြင်း မရှိခဲ့ ချေ
ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့်ကစာနယ်ဇင်းမီဒီယာများတွင် စတင် ဖော်ပြခဲ့ပြီးနောက် နိုင်ငံတော် သို့လည်း ဆယ်ယူရန် တင်ပြခဲ့ သည်။ ခွင့်ပြုချက်ဖြင့် အကြိမ် ကြိမ်ဆယ်ယူရန် ကြိုးပမ်းခဲ့ပြီး ယ ခုသမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း ဆယ်ယူရန် ခွင့်ပြုချက်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ စိတ်ဝင်စားသူများက ထပ်မံကြိုးပမ်းခဲ့ကြသည်။
ပင်လယ်အောက်တွင် နစ် မြုပ်နေသော ရှေးဟောင်းသင်္ဘော များနှင့် ရှေးဟောင်းပစ္စည်းများကို ရှာဖွေသည့် စင်ကာပူအခြေစိုက် အဖွဲ့အစည်းတစ်ခုက ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆက်သွယ်ခဲ့ပြီး ဆယ်ယူရာတွင်သိပ္ပံနည်းကျသည့် ရေအောက်ပိုင်း ဂျီပီအက်စ်စနစ်ဖြင့် နည်းပညာကူညီမည်ဟု ဆိုခဲ့သော်လည်း ယင်းအစီအစဉ်မှာ မစတင်ဖြစ်ခဲ့ချေ။




စတင်တူးဖော်မှု

ဦးစံလင်းတို.အနေဖြင်. တူးဖော်မှုကို ၂၀၁၄ သြဂုတ်လ ၁၀ ရက်နေ.တွင် စတင်ခဲ့ပြီး စိတ်ဝင်စားသူအ ချို့ လာရောက်ကြည့်ရှုခြင်းဖြင့် သာကေတမြို့နယ် ယခင်ရှုခင်းသာ ကလေးကစားကွင်းတစ်ဝိုက်စည် ကား လျက်ရှိသည်။

“ဒီနေ့လုပ်ငန်းတွေကို စပါတယ်။ မြစ်သုံးဆိုင်နေ ရာမှာပါပဲ။ နေရာရွှေ့တယ် ရပ်တယ်ဆိုတာတွေက မဟုတ် ပါဘူး။ လုပ်ငန်းနေရာကိုတော့ ဘယ်သူမှ လာလို့မရဘူး ”ဟု တူးဖော်ရေးရန်ပုံငွေ ထည့်ဝင်ထားသူ ဦးဝင်းမြင့်က ဆိုသည်။

ယင်းခေါင်းလောင်းကို တာဝန်ယူဆယ်ယူသူ ဦးစံလင်းကမူ “ဒီအကြောင်းတွေကို အခုမပြောနိုင်သေးပါဘူး” ဟု ဆိုသည်။

ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာ ရှုခင်းသာ ဘိုးလင်းကွင်း နောက်တည့်တည့် ရှိ ရေပြင်တွင် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းနေရာအနီးတစ်ဝိုက် ကို စက်လှေများဖြင့် သွားရောက် ကြည့်ရှုသူများပင်ရှိသည်ဟု ဆိုသည် ။
ဓမ္မစေတီခေါင်းလောင်းရှာဖွေခြင်းကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီမှ စတင်ပြုလုပ်သည်။

“ဆယ်မယ်လို့ ပြောလို့ လာကြည့်တာပါ။ ဒါက လူတိုင်းစိတ်ဝင်စားတဲ့အရာဖြစ်တယ်လေ”ဟု ဒေါပုံမြို့ နယ်နေ ကိုသိန်းလွင်က ဆိုသည်။

ခေါင်းလောင်းကြီးဆယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်တွင် ခွင့်ပြု မိန့်ပေးခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့မှ ရေငုပ်သမား ဆယ်ယောက်နှင့်အတူ သောင်တူးစက်တို့ကို အသုံးပြု ၍ ဆယ်ယူသွားမည်ဟု ဦးဝင်းမြင့်က ပြောသည်။ 





သွားရောက်ကြည်.ရှုသူ တစ်ဦး၏ ကိုယ်တွေ.မြင်ကွင်း

ထို.တူးဖော်မှုသို. ကိုယ်တိုင်သွားရောက်ကြည်.ရှုသူ တစ်ဦးကလည်း ယခုကဲ့သို.ရေးသားခဲ့သည် .
အခုကျွန်တော်  သွားတဲ့ အချိန်မှာ ရေတက်စပြုနေပြီး
ခေါင်းလောင်းကြီးဆယ်နေသောနေရာမှာရေစူး အမှတ်ခလယ်ခေါင်ဖြစ်နေပြီး
အနီးကိုက် ၁၅၀ ခန့် လောက်ကနေကြည့် ရှု့ ရပါတယ် ထူးဆန်းတာကတော့ ..
စက်လှေနှစ်စင်းမှ ဆလုံတိုင်းရင်းသားများ ဘာမှရေငုတ်ဝတ်စုံမပါပဲ

အသက်ရှုရန်သာမာန် လေပေးပိုက်ကလေးနှင့်  သာမာန် ခလေးသင်္ကြန်မျက်မှန်ကပ်ကလေး တပ်ပြီး ဝုံးကနဲဆို ခုန်ချပြီး မည်၍မျှ အနက်မသိရသော ရေအောက်သို့ ငုတ်သွားတာမြင်ရပါတယ်၊
တစ်ဘက်လှေမှလည်း ထို့ အတူပါပဲ...
ထိုဆလုံတိုင်းရင်းသားများတစ်ခါငုတ်လျှင် တစ်နာရီခန့် မှပြန်ပေါ်လာကြောင်းခန့် မှန်းသိရပါတယ်.
.


ရှာလို့ တော့ အသံမကြားရသေးပါဘူး...အံ့ဘွယ်ဆလုံတိုင်းရင်းသားတွေပါ..

လိုက်လံပို့ ဆောင်ပေးသော စက်တပ်သမ္မာန်မှာ တစ်ဦးလျှင် ၅၀၀ကျပ်၊ တန်ပါတယ်
ရဟန်းရှင်လူတိုင်းသွားကြပါတယ်...ဆိပ်ကမ်းလုံခြုံရေးများကလည်း လေ့လာခရီးသယ်များ အသက်ကို စောင့် ကြည် ပြီးသေချာကြပ်မတ်တာမြင်တွေ့ ရပါတယ်...
ဘေးဖက်မှလည်း နိုင်ငံတော်သမ္မတကြီးက တွေ့ ရှိလျှင် အသင့် ဆယ်ယူရန်အကြီးစား
နုံးစုတ် ဖေါ်ဆွဲတင် သဘော်နှစ်စင်းအရံသင့် ကူညီတာတွေ့ ရပါတယ်။


ထို့ အတူ သုံးထပ်ရေလည်ခေါင် စခန်းချသင်္ဘောကြီးလည်းမြင်ခဲ့ ပြိး
ထိုသဘောင်္ပေါ်တွင် ထိုခေါင်းလောင်းတော်ကြီးစီမံကိန်းလုပ်သားများ
ဘာသာရေးဝိဇ္စာများ အသံမစဲပဌာန်း ရွတ်ဖတ်ပူဇော်နေသော ရဟန်းတော်များ
သမိုင်းသုတေသီများ ပြန်ကြားရေးဌာနများ အသီးသီးမြင်တွေ့ ခဲ့ ပါတယ်။
ထို့ အတူထိုခေါင်းလောင်တော် ဖေါ်ယူသူများအားလုံး မှာ...သက်သတ်လွတ်စားခြင်း
၁၀ပါးသီလှခံယူခြင်း မိမိအလှည့် မကျခင် တရားထိုင်ခြင်း မေတ္တာသုတ်များ ရွတ်ဖတ်ခြင်း ကြားသိခဲ့ ရပါတယ်...


ကျွန်တော့ ဘဝမှာ ငယ်စဉ်တည်းက စူးစမ်းလေ့လာတာစပ်စုတာ အင်မတန်ဝါသနာပါသူပါ...
ထ္မင်းငတ်ငတ် ဘယ်၍မျှ ကုန်ကုန် မမှု့ သူပါ..
ဘာ့ကြောင့် အသည်းသန် ဒီခေါင်းလောင်းကြီးကို ရေဘေးမကြောက်စွန့် စားလေ့လာရသလည်းဆိုယင်
...ခင်ဗျားတို့  ကျွန်တော်တို့ တွေဟာ ဘွဲ့ တွေသာရသွားတယ် ဒိခေါင်းလောင်းကြီးအကြောင်းကို စာတွေ့ ပဲသင်ခဲ့ ရတယ် ပုံပြင်လိုပဲပေါ့ နော်..

အခုလက်တွေ့ မြင်ရတေ့ မယ်..နောက်ပြီး ခင်ဗျားတို့ ကျွန်တော်တို့ နောင်လာနောက်သားသမီးတွေ အတွက်မှတ်တမ်းလည်းဖြစ်မယ်..
ီDISCOVERY ပေါ့ ဗျာ...
.


ကျွန်တော်ဟာ ရေကူးတော်တဲ့  ဧရာဝတီတိုင်းသားတစ်ပါ...
ဒီရေအတက်ကျ ကောင်းကောင်းနားလည်တွက်တပ်သေးပါတယ်..
၉တန်းကျောင်းသားဘဝက စာမေးပွဲကျလို့  အမေရိုက်လို့  အိမ်ကနေပင်လယ်ဘက်ကို
ထွက်ပြေးဘူးပါတယ် အဲဒီမှာ ပင်လယ်မာယာအကြောင်းကောင်းကောင်းသိဘူးပါတယ်..
အခုလိုသွားရတာကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ..
ခင်ဗျားတို့ လည်း အခြေနေအရဝေးနေပေမဲ့  ကျွန်တော့ အနားမှာရှိနေသလိုပဲခံစားပြီး
ကျွန်တော့် လိုဝမ်းသာမှု့ အတွေ့ ကြုံဝေမျှတာပါ...

ကျွန်တော်နှင့် အတူ လှေပေါ်ပါလာသော မိတ်ဆွေတစ်ဦးပြောကြားချက်အရ
ဒီလိုပါတဲ့ ...ဒီနေရာပွိုင့် ကို အမေရိကန် နာဆာကနေ Satellite ဂြိုလ်တုဖြင့် တိကျတွက်ချက်ပေးရာ ခေါင်းလောင်းတော်ကြီးဟာ
သူ့ အပေါ်မှာ သဘောင်္တစ်စင်း တည်ရှိနေကြောင်း ရေကြောင်းအရ
၄၅ ဒီဂရီ ခေါင်းလောင်းတော်ကြီးတိမ်းစောင်းနေကြောင်း
ထိုသင်္ဘောဆယ်ပြီးလျှင် ရွံ့ နွံနုံးထု ၂၈ပေအောက်မှာ ထိုခေါင်းလောင်းတော်ရှိကြောင်း


အထို့ အတူမိတ်ဆွေတစ်ဦးမှလည်း ထိုခေါင်းလောင်းတော်ကြီးဟာ
ရေအောက် ဘောဂဝတီ နဂါးပြည်တွင်ကိန်းဝပ် အပူဇော်ခံနေကြောင်း
လည်းဗဟုသုတဖြစ်ဝေမျှလိုက်ပါတယ်...
ထို့အတူ ရဟန်းတော်တစ်ပါးမှလည်း ရွှေတိဂုံဘုရားတွင် ထိုခေါင်းလောင်းတော်ကြီး
အောင်မြင်ဘေးကင်းဆယ်ယူနိုင်ရေး မိုးသည်းထန် လေကြီးမှုန်တိုင်းမဖြစ်ပွားစေရန်
ရွတ်ဖတ်သရဇ္ဖယ် နေကြောင်းကြားသိရပါတယ်...

 





Ref ; Myanmar Express Group , Myit Makha Mediagroup , Popular Myanmar News Journal , 7Day Daily , Mizzima , Irrawaddy , mixgawlib/s  & ကိုစိန်သန်း FB 

ဆက်စပ်ဖတ်ရှုရန်