Sunday, April 20, 2014

၂၀၁၄ ၀ါးခယ်မ သင်္ကြန်


ယခုနှစ်မြို.လေးတွင်တော. သက်ြန်သည် ရေပက် ၊ ဖျော်ဖြေ ရေး မဏ္ဍပ် ၂ခု ရှိခဲ့သည် ။ ၁၉၉၀ ၀န်းကျင်နှစ်များဆီက ကမ်းနားလမ်း ရဲစခန်းရှေ. ဗဟိုမဏ္ဍပ်နှင်. အခြားသော မဏ္ဍပ်တို. ရှိခဲ့ပြီး မှတ်မိသမျှ အစည်ကားဆုံး နှစ် ဖြစ်ခဲ့သည် ။ နောက်ပိုင်းတွင် သာမာန်ရေပက်ကစားမှုများသာ ရှိခဲ့သည် နှစ်အချို.ရှိခဲ့သော်လည်း များသောအားဖြင်.တော. ရေပက်မဏ္ဍပ် ၊ ဖျော်ဖြေရေး မဏ္ဍပ် တို.တော. ရှိနေခဲ့ပါသည် ။

ယခုနောက်ပိုင်း မြို.လေး၏သက်ြန် မဏ္ဍပ်ကို တာဝန်ခံကျင်းပလေ.ရှိသော U-45 Group ၀င်အတော်များများ ယခုနှစ် ဒုလ္လဘ ၀တ်ကြသဖြင်. ယခင်ကျင်းပနေကျနေရာတွင် မဟုတ်တော.ပဲ ဗဟိုမဏ္ဍပ်ကို မနောသုခ နားသို.ရွှေ.ပြီး မြို.လေးရှိ ရေကစားနေကျသောင်နေရာကိုကျောပေး၍ တည်ဆောက်ခဲ့သည် ။ ထိုနေရာတွင် ယိမ်းအကပြိုင်ပွဲကိုပါ ထည်.သွင်းပြီးနေ.ရောညပါ ကျင်းပခဲ့သည် ။ဖျော်ဖြေရေး အတွက်လည်း စီစဉ်ခေါ်ယူဖျော်ဖြေစေခဲ့သည် ။ ထို.အပြင် မူလကျင်းပနေကျနေရာတွင်လည်း အကျနေ.မှစ၍ စိုးသိပ္ပံ မိသားစုက Main Sponsor လုပ်သော ဖျော်ဖြေရေး နှင်.ရေပက်မဏ္ဍပ် ကိုတည်ဆောက် ခဲ့သဖြင်.ဖျော်ဖြေရေးပါသော ရေပက် မဏ္ဍပ် မဏ္ဍပ် ၂ခုရှိခဲ့သည် ။ ရေပက်မဏ္ဍပ်သက်သက်အနေဖြင်. ဆေးရုံလမ်းတွင် တစ်ခုရှိခဲ့သည် ။အများဆော.ကစားနေကျ သောင်ကိုမူ အန္တရာယ် မကျရောက်စေရန် ယခုနှစ်တွင် ဆော.ကစားခွင်.မပြုခဲ့ပါ ၊ ယိမ်းအဖွဲ.ပြိုင်ပွဲ၏ ဆုချီးမြှင်.မှုကို အတက်နေ.ညက ဗဟိုမဏ္ဍပ်တွင် ပြုလုပ်ခဲ့ပြီး ပထမ သံကြိုးတိုင်ရပ်ကွက် ၊ ဒုတိယ မြသိန်းတန် ရပ်ကွက် ၊ တတိယ ရွာသစ်ရပ်ကွက် ၊ စတုတ္ထဆေးရုံရပ်ကွက် ၊ ပဉ္စမ သော်ကရပ်ကွက်တို.ဖြစ်ပါသည် ။ ဆု ၅ ဆုအနက် ၃ဆုကို တစ်ဖက်ကမ်း ရပ်ကွက်များက သိမ်းယူသွားသည်.သဘောဖြစ်သည် ။




ဗဟိုရေပက် မဏ္ဍပ် မှာ နေ.လည်ရေပက်ချိန်စောစောသိမ်းလေ.ရှိပြီး ကျောက်တိုင်မဏ္ဍပ်မှာမူ ရေပက်ချိန် ၊ဖျော်ဖြေချိန် ပိုအချိန်ပေးခဲ့ပြီး ပိုမို စည်ကားခဲ့သည် ။ ကျောက်တိုင်မဏ္ဍပ် ဖျော်ဖြေရေးအတွက် ရန်ကုန်မှ တက်သစ်စ အဆိုတော် ၃ဦး လာရောက်ဖျော်ဖြေခဲ့ပြီး ဗဟိုမဏ္ဍပ်အတွက်လည်း အခြားမှလာရောက်ဖျော်ဖြေသိဆိုပေးခဲ့ကြသည် ။ ထို.အပြင် အချို.နေရာတွင်လည်း သီးခြားဖျော်ဖြေမှုများရှိခဲ့သည်။ မြို.တွင်း သူငယ်ချင်းများ စု၍အပျော်ပက်ကြသော မဏ္ဍပ်အနေဖြင်. မိုးကုတ်ရိပ်သာထိပ် ၊ ရွာလယ်ရပ်ကွက် မြူရုံးလမ်း ၊ ဆေးရုံ ရပ်ကွက် ကမ်းနားလမ်းနှင်.မြူရုံးလမ်း ၊ ရေကျော်ရပ်ကွက် မြူရုံးလမ်း ၊ စာရေးကုန်း မြူရုံးလမ်း ၊ ပတ္တမြား ကမ်းနားလမ်း ( စိုးသိပ္ပံ ရှေ.နှင်. သင်္ဘောဆိပ်ေ၇ှ. ) ၊ သံကြိုးတိုင်မြူရုံးလမ်း စသည်တို.တွင် ရေပက်ကစားခဲ့ကြသည် ။ အစည်ကားဆုံး နေရာမှာ ကျောက်တိုင်ဝန်းကျင်တစ်ဝိုက်ဖြစ်ပြီး မြို.ထဲ ဆေးရုံရှေ.မှ သံကြိုးတိုင် အလင်းရောင်ဘေးလမ်း အထိ နေရာအတော်များများ စည်ကားခဲ့သည် ။




ယခုနှစ်သိသာထင်ရှားသည်မှာ စတုဒိသာမဏ္ဍပ်များ မရှိသလောက်နည်းပါးခဲ့ခြင်းဖြစ်သည် ။ သို.သော် ဒုလ္လဘ ရဟန်းဝတ်သူများ ထိုက်သင်.သလောက်များပြားခဲ့သလို လူငယ်/လတ် များထဲမှ တရားစခန်းဝင်ကြသူများလည်း ရှိခဲ့သည် ။
ခိုက်ရန်ဖြစ်ပွားမှု ကြီးကြီးမားမားမရှိခဲ့ပဲ အခြေအတင် ဖြစ်မှု အနည်းငယ်တော. ရှိခဲ့သည်။ ဆိုင်ကယ်နှင်.လည်ပတ်သူ များခဲ့ပြီး များသောအားဖြင်. ၃ယောက်စီခန်. စီးနင်းကြသည်ကိုတွေ.ရသော်လည်း ထိခိုက်ဒါဏ်ရာ ရစေသော ဆိုင်ကယ်တိုက်မှုလည်း တစ်ခုခန်.သာရှိခဲ့သည်ဟုသိရသည် ။
ယခုနှစ် သင်္ကြန် တွင်မြို.သို.ပြန်ကြသော လူငယ် /လူလတ် / လူကြီးပိုင်းများ အတော်များခဲ့ပြီး အမေ.အိမ်ပြန်ကြသည်. ကားများလည်း အတော်များခဲ့သည် ။နေ.လည်ပိုင်းသူငယ်ချင်းများ အိမ်တွင် တစ်ခုခုလုပ်စားကြသလို ညနေနှင်.ညပိုင်းများတွင်တော. အကြော်ဆိုင် ၊ လဘက်ရည်ဆိုင် များတွင် အဖွဲ.လိုက်တွေ.ကြရသည် ။



Photo by Thazin Hnin
နှစ်ဆန်း တစ်ရက်နေ.တွင်မူ မနက်စောစော ဘုရားကြီးမျက်နှာသစ်တော်ရေကပ်ခြင်း ၊ နေ.လည်ပိုင်း မြို.လေး၏ အစဉ်အလာကောင်းတစ်ရပ်ဖြစ်သော ၁၂၇၆ ခုနှစ်မှ နေ၍ ဘုရားရေသပ္ပါယ်ခြင်းကိုလည်း ၉၉ကြိမ်မြောက် အဖြစ် စည်ကားစွာ ကျင်းပခဲ့သည် ။ ထိုပွဲသို.အနီးအနားကျေးရွာများမှပါ လာရောက်ပူဇော်ကြခြင်းဖြစ်ပြီး မြို.အတွင်း ဆိုင်အတော်များများ ရွာမိတ်များဖြင်.စည်ကားခဲ့သည် ။ထိုတစ်ရက်သည် မြို.လေးအတွက် ဆုအဖြစ်ပေးသည်. သင်္ကြန် အပိုတစ်ရက်ဖြစ်ပြီး ဘုရားသို.ရေသယ်ရာ လမ်းတလျှောက် ရေပက်ကစားခွင်.ရကြပါသည် ။ ယခင်က ငွေဖလား ၊ကြေးဖလား အပါအ၀င် ဖလားများ ၊ သံပုံးများဖြင်. ရေသယ်ကြသော်လည်း ယခုနောက်ပိုင်းတွင် ပလတ်စတစ်အိတ် ၊ ကြွပ်ကြွပ်အိတ် အထူ တို.ဖြင်. အဓိကသယ်ကြပြီး အချို.ငွေဖလားဖြင်.သယ်သောမိန်းကလေးများလည်းရှားရှားပါးပါးတွေ.ရပါသည် ။မြစ်အတွင်းမှ ရေကို ရေစုပ်စက်ဖြင်.စုပ်တင်ပြီး ဘုရားကြီး ဂန္ဒကုဋီ တိုက်အ၀င်ဝ တွင် အလှုရှင်တို.က ရေသယ်လာသူတို.၏ ရေထဲသို.အမွှေးနံ.သာများ ထည်.ပေးပြီး ဘုရားကြီးဆင်းတုတော်ကို ရေသွန်းလောင်းသပ္ပါယ်ခြင်းဖြစ်သည် ။သို.သော်မူလ ကြေး ဆင်းတုတော်ကြီးမှာ သက်တမ်းရာကျော်နေပြီဖြစ်သဖြင်. ရေရှည်တည်တံ.ရေးအတွက် နောက်ပိုင်းတွင် သီးခြား ကျောက်ဆင်းတုတော် တစ်ဆူကိုသာ သွန်းလောင်းသပ္ပါယ်စေခဲ့ပါသည်။( ထိုအကြောင်းကို နှစ်ဆန်း ၁ ရက်နေ. ညက မြန်မာ.အသံရေဒီယို မှနေ၍ အင်တာဗျုးလုပ်ထုတ်လွှင်.သွားခဲ့ပါသည် )


Photo by Maythu Soe
ထို.နောက် ဆွမ်းဆန်စိမ်း လောင်းလှုပွဲကျင်းပရာ မြို.ရှိ ကျောင်းပေါင်း ၇၂ ကျောင်းမှ သံဃာတော် ၄၅၈ ပါးအား တပါးလျှင် ဆွမ်းဆန် ၁ပြည် ၄ လုံး ဆီ ၁၅ ကျပ်သားကို မတည်၍ ကျန်အလှုရှင်များ၏ ဖြည်.စွက်လှုဒါန်းမှုဖြင်. ဘုရားကြီးရေသပ္ပါယ်အပြီးတွင် ဘုရားကြီးစောင်းတန်းတွင် ဆက်လက် ကျင်းပခဲ့ပါသည် ။ ထိုနေ.က လှူဒါန်းမှု အစုစု၏ ခန်.မှန်းတန်ဖိုးမှာ ၁၅သိန်းခန်. ဖြစ်သည်ဟုသိရပါသည် ။ ညနေပိုင်းတွင်မူ နိုင်ငံတော် သြ၀ါဒ စရိယ ဆရာတော် တစ်ပါးအပါအ၀င် ထေရ်ကြီး/၀ါကြီး သံဃာတော်များက မြစ်အတွင်းမှ ပဲ့ထောင်ဖြင်.လည်းကောင်း ၊ မြို.တွင်လမ်းများတွင် ကားဖြင်.လည်းကောင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ပါသည် ။ထို.အပြင် လမ်းထိပ်များတွင်လည်း မိမိတို.လမ်းအလိုက် သံဃာတော်များ ပင်.ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ကြားနာခဲ့ကြပါသည် ။


Photo by Kozaw Lin
ထို.အပြင် ရပ်ကွက်အလိုက် ဘိုးဘွားပူဇော်ကန်တော.ပွဲများ ၊ ရပ်ကွက်အတွင်းစေတီငယ်များ သန်.ရှင်းရေး ပြုလုပ် ကုသိုလ်ယူခြင်းများဖြင်. နှစ်သစ်ကူးအားကြိုဆိုခဲ့ကြပါသည် ။

့ပုံများကို အောက်ပါ Link များမှသွားရောက်ကြည်.ရှုနိုင်ပါသည် ။
မြို.လေးက သင်္ကြန် အကြို နဲ. အကျနေ. ဓါတ်ပုံများ
သက်ြန်အကြတ်နေ. ဓါတ်ပုံများ
အတက်နေ. ဓါတ်ပုံများ
နှစ်ဆန်း ၁ ရက်နေ. ဓါတ်ပုံများ

Monday, April 14, 2014

ရဲတပ်ဖွဲ.ရဲ. မှုခင်းကြိုတင်ကာကွယ်ရေး အောက်ခြေထိ အသိပေး ဆောင်ရွက်နေမှု

From ရဲဇာနည်
 လက်ရှိမြန်မာနိုင်ငံ မှာ လူဦးရေ နဲ. ရဲတပ်ဖွဲ.၀င် အချိုးဟာ ၂၀၀၀း ၁ နီးပါးဖြစ်နေတယ်လို.သိရပါတယ် ။ အရင် ၁၂၀၀း ၁ ကနေ ကျလာ တာလို.လည်း သိရပါတယ် ။ ဒါဟာ  လူထုဗဟိုပြု ပြည်သူ.လုံခြုံ  ရေးတို. ၊ ပြည်သူလူထူပူးပေါင်းပါဝင်သော ရဲ စနစ်တို ကိုမဖြစ်မနေဖော်ဆောင်ဖို. လိုအပ်လာနေတဲ့ အချက်အလက်တစ်ခုဖြစ်ပါတယ် ။ ဆက်သွယ်ရေး စနစ် ၊ ကွန်ပြူတာစနစ်တွေ အပြည်.အ၀ လွှမ်းခြုံထားနိုင် ပြီး ရဲ နဲ. နိုင်ငံသား ဦးရေ အချိုးညီ နေတဲ့ နိုင်ငံတွေမှာတောင် ဒီစနစ်ဟာ ပူးတွဲပြီး ဆက်လက်လုပ်ဆောင် နေကြဆဲဖြစ်ပါတယ် ။

ဒါ.အပြင် ခုနစ်ကူးမှာ ရဲတပ်ဖွဲ.အကြီးအကဲအချို.ရဲ. ပြောစကားတွေကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ.နဲ. ပြည်သူလူထုကြား ပိုမိုနွေးထွေးစွာ ဆက်ဆံလိုတဲ့ သဘောတွေ သိသိသာသာ ဖော်ပြလာပါတယ် ။ ခုဆို မြို.နယ် ၊ ရပ်ကွက်တွေကအစ သက်ဆိုင်ရာ ရဲတပ်ဖွဲ.တာဝန်ရှိသူတွေ ကိုယ်တိုင် ဆင်းပြီး ရပ်မိ/ရပ်ဖတွေနဲ. နွေးထွေးစွာ ဆက်ဆံပြီး မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ ပညာပေးဟောပြောမှုတွေ ပြုလုပ်လာတာတွေ.ရပါတယ် ။ ဒါ.အပြင် သက်ဆိုင်ရာ အပိုင်နယ်ထိန်းတွေ ၊ နယ်ထိန်းအရာရှိ နဲ. စခန်းမှုးကအစ သူတို.ထံ ဆက်သွယ်သတင်းပေးနိုင်ဖို. လိပ်စာကဒ်တွေ ဝေငှသလို မှုခင်းကြိုတင် ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေလည်း ဖြန်.ဝေလာပါတယ် ။

ဟောပြောတဲ့နေရာမှာတော. ခိုးမှု တွေနဲ. ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ၊ အရွယ်မရောက်ကလေးငယ်များ အဓမ္မမှုဆိုင်ရာ သိထားသင်. ကြိုတင်ကာကွယ်သင်.သည်များ ၊ အရက်သောက်ပြီးဖြစ်ပွားသော အဆင်ခြင်မဲ. ခိုက်ရန်ဒေါသ များ ကြောင်. ထိခိုက်မှုများ ၊ လောင်းကစားအလွန်အကျွံ လုပ်ရာမှ ဘ၀ပါထိခိုက်ရမှုများ ကို အဓိက ဟောပြောခဲ့တယ်လို.သိရပါတယ် ။

ရပ်ကွက် ဟောပြောပွဲ တစ်ခုတွင်တွေ.ရသော မရမ်းကုန်းမြို.မ စခန်းမှုး
ဒိနေရာမှာ ထူးခြားတာကတော. သက်ဆိုင်ရာ တာဝန်ရှိသူတွေ အသိပေးဟောပြောရာမှာ ယခင်နဲ. မတူပဲ ( ဥပမာ မရမ်းကုန်း မြို.နယ် ရပ်ကွက် တစ်ခု တွင်ဆိုလျှင် ထိုစခန်းမှုးက ) မိမိနှင်.တကွ မိမိတို.တပ်ဖွဲ.၀င်များကို ရပ်မိ/ရပ်ဖ များထံ အပ်နှံပါကြောင်း ဆုံးမနိုင်ပါကြောင်း မိမိတို.နှင်.နွေးထွေးစွာ ဆက်ဆံစေလိုပါကြောင်း စသည်ဖြင်.ပြောကြားခဲ့တာမျိုးတွေ ရှိခဲ့တယ်လို. သိရပါတယ် ။

ဖြန်.ဝေတဲ့ မှုခင်းကြိုတင် ကာကွယ်ရေးဆိုင်ရာ စာစောင်မှာတော. လူသတ်မှု ကျုးလွန်ရခြင်းအကြောင်း ၊ကြိုတင်ကာကွယ်ရေး ၊ မုဒိမ်းမှု ဖြစ်ပွားရခြင်း နဲ. ကြိုတင်ကာကွယ်ရေး ၊ဖောက်ထွင်းခိုးယူမှုဆိုင်ရာများ ကို အဓိကဖော်ပြထားပါတယ် ။ အဲ့ဒီပြစ်ဒါဏ် ဆိုင်ရာတွေနဲ.ပတ်သက်လို. ခိုးမှု ကျုးလွန်ရင် ပုဒ်မ ၃၈၀ အရ ထောင်ဒါဏ် ၇ နှစ် ၊ ၃၇၉ အရ ထောင်ဒါဏ် ၃ နှစ် ၊ ခိုးရာပါ လက်ခံလျှင် ပုဒ်မ ၄၁၀ အရ ထောင်ဒါဏ် ၃နှစ် ဆိုတာကို ဖော်ပြထားပါတယ် ။

မှုခင်းကြိုတင်ကာကွယ်ဖို. အောက်ပါ ကိစ္စရပ်တွေ သတင်းပို.ဖို.လည်း ဖော်ပြထားရာမှာ
ခိုးရာပါ လက်ခံ ၊ ထုခွဲ ၊ ရောင်းချပေးနေသူများ
လူစိမ်းများ ၀င်ရောက်လာခြင်း
ရာသီဥတု ကိုအခွင်.ကောင်းယူ ခိုးယူနိုင်မှုကို မေ.လျော.စွာ နေတတ်ခြင်းများ
ခိုး ၊ဆိုး ၊ လု ၊ နှိုက် ကိုလက်ခံ၊ကူညီနေသူများ သတင်း
လက်နက်ကိုင် သောင်းကျန်းသူ သတင်းများ
စီးပွားရေး ၊ လူမှုရေး သောင်းကျန်းမှု သတင်းများ
တရားခံပြေး ၊ ရဲဘက်ပြေး ၊ စစ်ပြေး ၊ ရဲပြေး နှင်. မသင်္ကာသူများ ရပ်ကွက်အတွင်းနေထိုင်၍ ပြစ်မှု ထပ်မံကျုးလွန်ရန် အလားအလာများ
လိုင်စင်မဲ့ လက်နက် ခဲယမ်းလက်ဝယ်ထား၇ှိမှုများ
ဖောက်ခွဲ/ ဖျက်ဆီးရေး သမားသတင်းများ
ကြေးနန်းကြိုး ၊ တာဝါတိုင် ၊ ဖုန်းကြိုး ၊သံလမ်း နှင်.လမ်းတံတား ဖျက်စီး၇န် ကြံစည်မှုများ
မူးယစ်ဆေးဝါး သုံး / သယ် / ရောင်း သူတို.၏သတင်းများ ဆိုပြီး ပါဝင်ပါတယ် ။

တပ်ဖွဲ.၀င်များ မှုခင်းကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် ဝေငှစဉ်
သတင်းပေးပို.နိုင်တဲ့ ဖုန်းနံပါတ်တွေကတော.
ရန်ကုန်တိုင်း တပ်ဖွဲ.မှုး  ရုံး                  ၂၁၇၅၀၂ ၊ ၂၁၇၅၀၃ ၊ ၂၂၁၃၁၁
အရှေ.ပိုင်းခရိုင် တပ်ဖွဲ.မှုး ရုံး                ၂၉၆၁၈၀ ၊ ၂၉၀၁၃၃
အနောက်ပိုင်း ခရိုင် တပ်ဖွဲ.မှုး ရုံး           ၃၇၆၁၆၆ ၊ ၂၄၅၂၆၀ ၊ ၂၄၅၂၆၁
တောင်ပိုင်းခရိုင် တပ်ဖွဲ.မှုးရုံး                 ၀၅၆ - ၂၁၀၄၂ ၊  ၁၅၆ - ၂၁၀၀၁
မြောက်ပိုင်းခရိုင် တပ်ဖွဲ.မှုး ရုံး                ၆၄၅၈၂၃ ၊ ၆၄၅၈၂၄

Saturday, April 12, 2014

ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ အခြေအနေမှန်

Photo from ကိုဥက္ကာကျော် Facebook
ဆုပန်ထွာရဲ. စေ.စပ်ပွဲ ပြုလုပ်ချိန်မှာပဲ သတင်းစာကနေ တ၇ားဝင်ဇနီးမယားဖြစ်ကြောင်း ကြော်ငြာ ပါလာခဲ့ရာကအစ စိတ်ဝင်စားစရာ သတင်းတစ်ခုဖြစ်ခဲ့ပါတယ် ။ ဒါပေမယ်.လည်း အားနည်းချက် တစ်ခုက ဘယ်နေ. ဘယ်သတင်းစာမှာ ပါတယ်ဆိုတဲ့ ခိုင်မာတဲ့ Source ဖော်မပြ ထားခဲ့တာကြောင်. ပထမ သတင်းတင်ချိန်က တစ်ခုရှိတာကတော. ဒီကြေငြာချက်က ဘယ်နေ.ထုတ် ဘယ်သတင်းစာမှာ ပါတယ်ဆိုတာ လောလောဆယ် အတည်ပြုလို.မရသေးတာ တစ်ခုပါပဲ ။ ဆိုပြီး ထည်.ရေးခဲ့တာပါ ။



ခုတော.ဒါနဲ.ပတ်သက်တဲ့ ရင်းမြစ် ထွက်ပေါ်လာပြီဖြစ်ပြီး အခြေအနေတစ်ခုလုံး ခြုံငုံမိစေမယ်. ကိုဥက္ကာကျော်ရဲ. Facebook က Status ကိုပဲ ကူးယူဖော်ပြပါမယ် ။

ကျနော် ကိုဥက္ကာကျော်ပါ ခင်ဗျာ။
အခုဖြစ်နေတဲ့ သတင်းလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်ပါတယ်။ အဲဒီ သတင်းစာမှာ ပါတဲ့ဟာက ပြီးခဲ့တဲ့ နှစ်က ဟာပါ။ ခုချိန်မှာ တရားဝင် ကွာရှင်းပြီးသား စာချုပ်စာတန်းတွေ ကျွန်တော့မှာရှိပါတယ်။ ပန်ပန်ကလဲ တရားဝင်ပြီးလို့ ကျွန်တော့ကို လက်ခံခဲ့တာ။ အဖြစ်မှန်ကို မသိပဲ ထင်ရောင်ထင်မှား ကောလဟာလ တွေရေးနေကြတဲ့ အတွက် ကျွန်တော် တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်လဲ မိန်းမရှိရဲ့သားနဲ့ သူများသားသမီးကို စေ့စပ်ဘို့ ကြိုးစားမှာ မဟုတ်ဘူး။ ပန်ပန်ကလဲ မလွတ်လပ်တဲ့သူဆို လက်ခံမဲ့ မိန်းကလေး အတန်းအစား မဟုတ်ဘူး။ ကျွန်တော်ပန်ပန့်ကိုရဘို့ သူကိုယ်တိုင်က အမွေဖြတ်ခိုင်းလို့ ကျွန်တော့အိမ်ကို "ကျွန်တော့ကို အမွေဖြတ်လိုက်" လို့ပြောပြီး ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပြီး အိမ်ပေါ်က ဆင်းလာခဲ့တာ။ ကျွန်တော် အရမ်းချမ်းသာတဲ့ လူလဲ မဟုတ်ဘူး။ သူ့ကိုရဘို့ ကျွန်တော့ ဘဝကို သုညက စရတာပါ။
ကျွန်တော် တကယ်ချစ်ပြီး တန်ဘိုးထားရတဲ့ ဖြူဖြူစင်စင် မိန်းကလေးတယောက်... ကျွန်တော့ကြောင့် မဟုတ်မမှန် ကောလဟာလတွေ ပြန့်နှံ့သွားတဲ့ အတွက် ကျွန်တော့ဘက်က သူ့အပေါ်မှာ တသက်လုံးတာဝန်ကျေနိုင်အောင်ကြိုးစားသွားမှာပါ။
အခု လူတွေ ရေးနေကြတဲ့ comment တွေနဲ့ ကျွန်တော်တို့ လက်တွေ ကြုံတွေ့ ခံစားနေရတာတွေ နဲ့ တခြားစီပါပဲ။ မြန်မာ မိန်းကလေး တစ်ရောက် အနေနဲ့ ကျွန်တော့ကြာင့် အခုလို အရေးခံရတာ ကွန်တော့မှာ တာဝန်ရှိတယ်။ အားလုံးသိအောင် ပြောပြတာပါ။ ကျေးဇူးတင်ပါတယ်။


Photo from ကိုဥက္ကာကျော် Facebook
ဒါပေမယ်.လည်း အများစုကနေနဲ.ကတော. အိမ်ထောင်ရှင် တစ်ဦးက အနုပညာရှင် မိန်းမပျို တစ်ဦးကို လက်ထပ်တဲ့ကိစ္စဖြစ်နေတာရယ် ၊ ဒါဟာမြန်မာပြည်ဖြစ်နေတာရယ်ကြောင်.တော. ဝေဖန်မှုတွေက ဆက်ရှိနေခဲ့ပါတယ် ။ သူ.ရဲ. Status အ၇တော. ဆုပန်ထွာ ကို Baby Nge လို.ခေါ်ပုံရပါတယ် ။

Photo from ကိုဥက္ကာကျော် Facebook
စေ.စပ်ပွဲကို ဧပြီလ ၉ ရက်နေ.က လုပ်ခဲ့တာ ဖြစ်ပြီး မတ်လ ၁၂ ရက်နေ.ကတော. ကိုဥက္ကာကျော်ရဲ. Wall မှာ အိမ်ရောင်းရန်ရှိသည် သိန်း၅၀၀၀ ထောင်ညှိုနှိုင်းဈေး ပိုင်ရှင်ကိုယ်တိုင်ရောင်းမည် စွယ်တော်ရေကန်အနီး ဆိုတဲ့ ကြော်ငြာလေး တစ်ခုလည်း တင်လာခဲ့တာမို. ဆိုင် / မဆိုင်တော. မသိပါဘူး ။ ဒါဟာလည်း သူများကိစ္စသက်သက်မို. မဝေဖန် မပြောလိုပဲ အနုပညာရျင် တစ်ဦးရဲ. အိမ်ထောင်ရေး အခြေအနေ နဲ. ဆက်စပ်လို.သာ ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ် ။

ဆက်စပ်ဖတ်ရှုရန် ......   ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ နဲ.နောက်ဆက်တွဲ ဂယက်များ 

Thursday, April 10, 2014

ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ နဲ.နောက်ဆက်တွဲ ဂယက်များ


အရင်ကတော. ပြောကြပါတယ်
ရုပ်ရှင်ဆိုတာ ရင်ရှုပ်တယ်ဆဲ့
ခုကတော. VCD/DVD/3D ခောတ်ဆိုတော.ေ၇ှးလူကြီးတွေသာ ရှိသေးရင် ဘယ်လိုတွေ ပြောကြမယ်မသိပါဘူး ... အနုပညာ လောကသူ/သားတွေဟာ အချို.တွေလောက်ကလွဲပြီး များသောအားဖြင်.ကတော. အခြားနယ်ပယ်က လူတွေနဲ. တစ်ဘ၀စာ လက်တွဲကြတာများပါတယ်
ခုနောက်ပိုင်းမှာခောတ်စားလာတာကတော. အနုပညာလောကသူ/သားတွေဟာ ပြည်ပနိုင်ငံအခြေပြု မြန်မာနိုင်ငံသားတွေနဲ. လက်ထပ်ပေါင်းသင်း ကြတာက Style တစ်ခုလိုတောင်ဖြစ်နေပါတယ် ။ ဒီလိုကိစ္စရပ်မျိုးတွေမှာ အမျိုးသမီး ပ၇ိသတ် အတော်များများကတော. နားလည်ပေးနိုင်ကြတာ တွေ.ရပြီး အမျိုးသား ပ၇ိသတ်ကတော. ဒါတွေနဲ.ပတ်သက်လို. အတိုင်းအတာ တစ်ခုအထိ ဝေဖန်ကြလေ.ရှိပါတယ် ။


အဲ့ဒီလိုဝေဖန်ကြတဲ့ကြားထဲမှာပဲ အမျိုးသမီး သရုပ်ဆောင်အချို.ရဲ. အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိလာတာ. ပိုအပြောများလာခဲ့ပြီး ခုနောက်ဆုံး ကြုံလာရတာကတော. အမျိုးသမီး သရုပ်ဆောင် ဆုပန်ထွာ ရဲ. စေ.စပ်ပွဲနဲ. နောက်ဆက်တွဲ သတင်းများပါပဲ ။


ဓါတ်ခဲ ဇာတ်ကားထဲမှာ လှထုံ ဆိုတဲ့ ဇာတ်ရုပ်နဲ. အလွန်လိုက်တယ်လို. ပရိသတ်လက်ခံခဲ့ကြပြီး အတိုင်းအတာ တစ်ခုအထိ အောင်မြင်နေဆဲ မင်းသမီး ဆုပန်ထွာ တစ်ယောက် ကိုဥက္ကာကျော်နဲ. စေ.စပ်ပွဲ လုပ်ချိန်မှာပဲ ကိုဥက္ကာကျော်ရဲ. မယားကြီး ဆိုသူက သတင်းစာကတစ်ဆင်.ကြော်ငြာမှု တစ်ခုပြုလုပ်လာခဲ့ပါတယ် ။


အဲ့ဒီ ဒေါ်မဉ္စူအောင် ရဲ. ကြော်ငြာချက်မှာ ... သူနဲ. ဦးဥက္ကာကျော် နဲ.ဟာ ၂၀၀၂- ဒီဇင်ဘာ ၁၈ ရက်နေ.က တရားဝင်လက်ထပ်ခဲ့ပြီး ၂၀၀၄ ဒီဇင်ဘာ ၂ ရက်နေ.က သားဖြစ်သူ မြတ်သီဟကျော် ထွန်းကားခဲ့ကြောင်း ၊  ဒေါ်မဉ္စူအောင် အနေနဲ. သားဖြစ်သူရဲ. ပညာရေးနဲ.ကျန်းမာရေးကြောင်. အမေ၇ိကန် နိုင်ငံ ရောက်နေခဲ့ပေမယ်. မြန်မာနိုင်ငံသားများသာဖြစ်ကြောင်း   ဒေါ်မဉ္စူအောင် နဲ.  ဦးဥက္ကာကျော် တို.ဟာ ယခုအထိ တရားဝင်လင်မယားဖြစ်ပြီး သားဖြစ်သူ မြတ်သီဟကျော် ၏ဖခင်အဖြစ် ရပ်တည်လျှက်ရှိကြောင်း Facebook နှင်.ပြင်ပကောလဟာလ သတင်းများကြောင်. အများသိစေ၇န် ကြေညာအပ်ပါကြောင်း .... ဆိုပြီး ပါလာခဲ့ပါတယ် ။



တစ်ခုရှိတာကတော. ဒီကြေငြာချက်က ဘယ်နေ.ထုတ် ဘယ်သတင်းစာမှာ ပါတယ်ဆိုတာ လောလောဆယ် အတည်ပြုလို.မရသေးတာ တစ်ခုပါပဲ ။ ဒါပေမယ်. ကိုဥက္ကာကျော်ကတော. ဟိုယခင်တည်းက နာမည်ကျော်ဖူးခဲ့သူပါ ။ အဆိုတော် သဇင်တစ်ယောက် Online မှာ Cyber Abuse အလုပ်မခံရ သေးခင်ကတည်းက အမေ၇ိကား ဖျော်ဖြေရေး ခ၇ီးစဉ်မှာ ပေါ်ထွက်လာတဲ့ ဓါတ်ပုံတွေကြောင်. သို.လော သို.လော တွေ ဖြစ်ခဲ့ရပါသေးတယ် ။



အဲ့ဒီတုန်းကတော. ကိုဥက္ကာကျော်က အလင်းတန်းဂျာနယ်ကို ဖုန်းနဲ.ဆက်သွယ်ပြီး ..... မိမိအနေနဲ. မြန်မာ အနုပညာရှင်များ သွားလာလည်ပတ်မှုတွေမှာ အကူအညိပေးခဲ့ကြောင်း ၊ ဓါတ်ပုံ၇ိုက်တာ ၀ါသနာ ပါတာကြောင်. သဇင်နဲ.တွဲပြီး ဓါတ်ပုံ ၇ိုက်ခဲ့တာဖြစ်ကြောင်း ၊ မိမိမှာ အိမ်ထောင်သည်ဖြစ်တဲ့အတွက် မိတ်ဆွေအဆင်.ထက် မပိုပါကြောင်း   ပြောကြားခဲ့ပြီး   သဇင်ကလည်း .... သူတို.ဟာ မိတ်ဆွေတွေသာဖြစ်ပြီး ဒီပုံတွေကို ဘယ်သူတင်တယ် မသိကြောင်း ၊ ဒီပုံတွေကြောင်. မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိမိချစ်သူနဲ.လည်း ပြဿဿနာက်နေပါကြောင်း ဆက်သွယ်ပြောကြား ရှင်းလင်းခဲ့ရပါသေးတယ် ။

သူကတော. ဒီလိုပုံတစ်ချို.မှာလည်း တွေ.ရပါတယ်
ခုထွက်ပေါ်လာတဲ့ သတင်းနဲ.ပတ်သက်ပြီး စာနာနှစ်သိမ်းကြသလို ဝေဖန်ပြစ်တင်သူတွေလည်း ရှိခဲ့ပါတယ် ။ အနုပညာရှင်ဆိုတာ ကျော်ကြားသူတွေရဲ. ထုံးစံအတိုင်း သာမာန်လူတွေထက် စားသတိ သွာသတိ နေသတိ ရှိနေကြရမယ်.သူတွေ ဖြစ်နေတာမို.  ခုကိစ္စရပ်နဲ. ပတ်သက်လို. တကယ်သာဆိုရင်တော. မဖြစ်သင်.တဲ့အရာလို.ပဲ ထင်ပါတယ် ။ ဘာကိုအခြေပြု ရွေးချယ်တာလဲဆိုတဲ့ ဝေဖန်သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာစေမှာဖြစ်သလို မြန်မာအမျိုးသမီးတစ်ယောက်မို. ( ပိုဆိုးတာက နာမည်ကျော် အနုပညာရှင် တစ်ဦးမို.) အနည်းနဲ.အများတော. ထိခိုက်၇တော.မှာပါ ။

Data & Photos from Myanmar Celebrities

ဆက်စပ်ဖတ်ရှု ရန် ......   ဆုပန်ထွာ ရဲ. စေ.စပ်ပွဲ အခြေအနေမှန်

Wednesday, April 9, 2014

၂၀၁၄သင်္ကြန် ဘယ်သူတွေ ဘယ်မှာ ရှိလို. ဘာတွေ လုပ်ကြမလဲ သိစေဖို.


ဒီသင်္ကြန် ဘယ်အနုပညာရှင်တွေ ဘယ်မှာရှိလို. ဘာတွေ လုပ်ကြမယ် ဆိုတာလေး လက်လှမ်းမှီသမျှ စုဆောင်းဖော်ပြလိုက်ပါတယ် ။

ဇော်ဝင်းထွဋ်
အစ်ကိုကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ အင်ပါယာအဖွဲ့သားတွေနဲ့ အတူ ရှစ်မိုင်၊ မြိုင်ဟေဝန်ပန်းခြံမှာရှိမယ်။ သီချင်းဆိုမယ်။ ရိုးရာသင်္ကြန် ပွဲလေးပေါ့။ ဒီလို လုပ်တာက ဣနြေ္ဒ ရရနဲ့ ဂီတကိုခံစားရအောင် ပုံစံအသစ်တစ်မျိုးနဲ့ စီစဉ်လိုက်တာ။ မဏ္ဍပ်တွေ၊ လမ်းဘေးတွေမှာ နှစ်တွေအများကြီး ဖြတ်သန်း သီဆိုခဲ့ဖူးတယ်။ဒါက အပြောင်းအ လဲ တစ်ခုပေါ့။ Free တင်ဆက်မှာပါ။ ပန်းခြံဝင်ခွင့်ကိုတော့ သူတို့ဘယ်လိုစီစဉ် ကြမလဲတော့ မသိဘူး။ အားလုံးလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

အိမ့်ချစ်
” ညီမက ဒီနှစ်သင်္ကြန်မှာ ရန်ကုန်မှာရော၊ မန္တလေးမှာပါ အသွားအပြန် သီချင်းဆိုဖြစ်မှာပါ။ ခွဲပြီးတော့ ဆိုဖြစ်မယ်။ ဟိုဘက်နှစ်ရက်၊ ဒီဘက်နှစ်ရက်ပေါ့။ တခြား အဆိုေ တ်ာတွေလည်း အများကြီးပါဦးမယ်။ သင်္ကြန်မှာအားလုံးပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်။ သင်္ကြန်မတိုင်ခင် လောလောဆယ်တော့ နိုင်ငံခြားမှာ သီချင်း သွား ဆိုဖို့ရှိတယ်။

ဖြူဖြူကျော်သိန်း
ဖြူဖြူ ဒီနှစ်ရန်ကုန်မှာလုပ်မယ့် ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ရှိမယ်။ သီချင်း တွေဆိုမယ်။ ခါတိုင်းနှစ်တွေတော့ မန္တလေးမှာ ရှိတာပေါ့ နော်။ ဒီနှစ်က ထူးခြား တယ်လို့ပြောလို့ရတယ်။ သင်္ကြန်မှာ ရန်ကုန်ပရိသတ်တွေနဲ့ ထိတွေ့ခွင့်၊ ဖျော်ဖြေခွင့် ရမှာဆိုတော့လေ။ သင်္ကြန်ရောက်တိုင်း ပျော်ရွှင်ရသလို အသက် တစ်နှ စ်ကြီးသွားတာပေါ့။

စံရတီမိုးမြင့်
သင်္ကြန်ရောက်တိုင်းပျော်ပါတယ်။ ခါတိုင်းနှစ်တွေက မဏ္ဍပ်ဝင်ဖြစ်၊ ထိုင်ဖြစ်ပေမယ့် ဒီနှစ်တော့ သိပ်မသေချာပါဘူး။ အိမ်မှာပဲ အေး အေးဆေးဆေးနေဖြစ်ဖို့များပါတယ်။ အပူချိန်ကလည်းတအားများတယ်လေ။



ခင်ဇာခြည်ကျော်
” သင်္ကြန်ရက် မှာ အစ်မလန်ဒန်ကိုသွားမှာပါ။ လန်ဒန်မှာရှိတဲ့ ဘုန်းကြီးကျောင်းကနေ မြန်မာ့သင်္ကြန်ပွဲလေး လုပ်မှာပါ။ အဲဒီပွဲ အတွက်သွားတာပါ။ အဲဒီမှာ သွားပြီး ဖျော်ဖြေ ရင်းနဲ့ လည်ပတ်ကြမှာပါ”

သင်ဇာဝင့်ကျော်
” သင်ဇာဂျပန်ကို ခရီးသွား ဖြစ်မယ်။ ၁၁ရက်နေ့ကတည်းကသွားမှာပါ။ ခရီး သွားဖြစ်တာက ဒီနှစ်အဖေနဲ့ အမေက ဂျပန်ကိုလည်းသွားချင်တယ်ဆိုတော့ လိုက်ပို့တဲ့ အနေနဲ့လည်းသွားဖြစ်တာပါ။ ရန်ကုန်မှာရှိနေ ရင် ဒီသင်္ကြန်နှစ်တိုင်းဆင်နွှဲလို့ရတယ်။ အဲဒါ ကြောင့် သွားဖြစ်တာပါ။ နောက်ဒီနှစ်က ခရီး သွားမှာမို့လို့လား မသိဘူး။ သိပ်ဖီ လင်မရှိဘူး။ ရာသီဥတုကလည်း တအားပူတယ်။ အရင်နှစ်တွေထက် ပိုဆိုးတယ်လေ။ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့လည်း အဲဒီမှာပဲရှိနေမှာပါ။ သင်္ကြန်ကို ဒီနှစ် ရန် ကုန်မှာမရှိဘူးပေါ့ “

မိုးဟေကို
” သင်္ကြန်ဆို အပြင်မထွက်ဖြစ်ဘူး။ ဖျော်ဖြေရေးလည်း မလုပ်ဖြစ်ဘူး။ အိမ်မှာပဲ နားတာများတယ်။ မနှစ်ကတော့ ရိပ်သာဝင်တယ်။ ဒီနှစ်ကတော့ မိသားစုနဲ့ ခရီးသွားဖြစ် မယ်။ ရိပ်သာတော့ မဝင်တော့ဘူး။ မိသားစုနဲ့ အချိန်ပေးချင်တာကြောင့်လေ။ အေးအေးဆေးဆေးနဲ့ မိသားစုအကုန်သွားကြမယ်။ စင်ကာပူကို သွားဖို့တော့ စီစဉ် ထား ပါတယ်”

သက်မွန်မြင့်
” ဒီနှစ်သင်္ကြန်တွင်းကိုတော့ သက်မွန်တို့ ခရီးထွက်ဖြစ်မလား မသိသေးဘူး။ ထွက်ဖြစ်ရင်တော့ ပြည်ပကိုပဲထွက်ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နိုင်ငံ လုံးသင်္ကြန် ဆိုတော့လေ။ ပြည်ပကိုပဲ ထွက်ဖြစ်မှာပါ။ ဘယ်ကို လည်းဆိုတာတော့ မသေချာသေးဘူး။ ခရီးထွက်ဖြစ်ဖို့တော့ များပါတယ် “

ဖြိုးငွေစိုး
” သင်္ကြန်တွင်းကိုတော့ ဟန်းနီးမွန်းခရီးလည်းသွားရမှာဆိုတော့ ပြည်ပကိုထွက်ဖို့ စိတ်ကူးထားတယ်။ ဘာလီကျွန်းကိုသွားဖို့တော့ စဉ်းစားထားတယ်။ ကမ်းခြေတစ် ခုခု ကိုတော့ ထွက်ဖြစ်မှာပါ “

အောင်ရဲလင်း
” ဒီနှစ်သင်္ကြန်က မဏ္ဍပ်လည်းမဆောက်ဖြစ်ဘူးဆိုတော့ နိုင်ငံခြားသွားဖြစ်မယ်။ အလည်သဘောပါ။ ပြည်ပတော့ ထွက်ဖြစ်ဖို့ ရှိတယ်။ ဘယ်နိုင်ငံကို ထွက်ဖြစ်မလဲတော့ မသိသေးဘူး “



အကယ်ဒမီ လူမင်း
နှစ်ဆန်း ၁ရက်နေ.မှာ ကိုယ်တိုင်ဒါ၇ိုက်တာလုပ်ရိုက်ကူးမယ်. နို.ဘီလူး ဇာတ်ကားအတွက် ရှမ်းပြည်နယ်ကိုကြိုသွားမှာဖြစ်ပြီး မိသားစုနဲ.အတူ ရျမ်းပြည်နယ်မှာပဲ ရှိပါမယ်

အကယ်ဒမီ နေတိုး
သက်ြန် အိမ်မှာပဲ ရှိမှာဖြစ်ပြီး တရားထိုင်မယ် ။ ဘာသာရေးကိစ္စတွေ လုပ်မယ်လို. စိတ်ကူးထားပါတယ် ။

မြင်.မြတ်
ရန်ကုန် မဏ္ဍပ် ၃/၄ ခုလောက်မှာ သိချင်းဆိုမယ် ၊ ရေပက်ပါမယ် တဲ့

ရဲရင်.အောင်
Sky Net မဏ္ဍပ်မှာပဲ သင်္ကြန်တောက်လျှောက် ရှိပါမယ်

ဝတ်မှုန်ေ၇ွှရည်
ရန်ကုန် မဏ္ဍပ် တစ်ခုခုမှာ အဆိုတော်တွေ ကိုအားပေးရင်း ရှိနေမှာပါ

နီနီခင်ဇော်
မန္တလေး သင်္ကြန် တစ်ခါမှ မကြုံဘူးလို. မန္တလေး မြို.တော် ၀န် မဏ္ဍပ်မှာ ဒီနှစ်ရှိပါမယ် ။

အိုင်ရင်းဇင်မာမြင်.
Grand Royal နဲ.အတူ မျှော်စင်ကျွန်းမှာ ရှိပါမယ် ။ Sky Net နဲ. ရန်ကုန်မြို.တော်ဝန် မဏ္ဍပ်တွေမှာလည်း သီချင်းဆိုပါမယ် ။

အောင်လ
S-I-R နဲ.အတူ မန္တလေးက High Class မဏ္ဍပ်မှာ ရှိပါမယ် ။ ဖော်ကာ ၊လင်းလင်း နဲ. ကျားပေါက်တို.လည်း အဲ့ဒီမှာပဲ ရှိပါမယ် ။

မိုးစက်ဝိုင်
သင်္ကြန်မကြုံရတာ ၇ နှစ် ရှိပြီဖြစ်ပြီး ဒီနှစ်တော. မန္တလေးက Alpine မဏ္ဍပ်မှာ ရှိပါမယ် ။

5 Stars အဖွဲ.
မုံရွာဗောဓိ တစ်ထောင် ဘုရားဝင်းထဲက နဂါးရုံ ဘုရားမှာ အားလုံး သာသနာ.ဘောင်ဝင်ပါမယ် ။

စိုင်းစိုင်းခမ်းလှိုင်
ရန်ကုန်မှာ ရှိနေမှာ ဖြစ်ပြီး Alpine မဏ္ဍပ်မှာ သူငယ်ချင်းတွေ နဲ.အတူ ရှိမယ်လို.သိရပါတယ်။



ရတနာမိုင်
အဆိုတော် ဥာဏ်လင်းအောင်တို.နဲ.အတူ ကရင်ပြည်နယ် ဘားအံမြို.မှာ ရှိနေမှာ ဖြစ်ပြီး သင်္ကြန်တစ်တွင်းလုံး အဲ့ဒီမှာပဲ ဖျော်ဖြေမယ်လို. ဆိုပါတယ် ။

ကောင်းပြည်.
သူကတော.သူ.သူငယ်ချင်းတွေ ဖြစ်တဲ့  ထူး ၊ မြနှင်းရည်လွင် ၊ ငြိမ်းချမ်းကျော်တို.နဲ.အတူ ကမ္ဘာအေး ဘုရားလမ်းပေါ်က 14 Club မဏ္ဍပ်မှာ ရှိနေမယ်လို.သိရပါတယ် ။

ဂျုဂျုးကေ
သူမကတော. ဒီနှစ် သင်္ကြန်မှာ မိသားစုနဲ.အတူ ၇ှမ်းပြည်နယ်ဘက် အလည်ထွက်ပါမယ်တဲ့

ဖူးပွင်.သခင်
ရန်ကုန်မှာပဲ ရှိနေမှာဖြစ်ပြီး ဖိတ်ထားတဲ့ မဏ္ဍပ်တွေမှာ သိချင်းဆိုမယ် ၊ ရေကစားပါမယ်တဲ့

နန်းမြတ်ဖြိုးသင်း
မန္တလေး Sky Net မဏ္ဍပ်မှာပဲ မန္တလေး ပ၇ိသတ်တွေ နဲ.အတူ ရှိနေပါမယ်တဲ့

ရွှေစင်
သူငယ်ချင်းတွေ နဲ.စုပြီးဆောက်ထားတဲ့ မန္တလေး က မဏ္ဍပ်မှာ ရှိပါမယ်လို.ပြောပါတယ်

ခင်ဝင်.၀ါ
ဒီနှစ်သင်္ကြန် ရန်ကုန် မြ၀တီရိပ်သာမှာ ဧပြီ ၁၁ ရက်နေ.ကစပြီး တရားစခန်းဝင်ပါမယ် ။တစ်ပတ်လောက်ဝင်ပြီး နှစ်ဆန်း ၂ ရက်နေ.မှာ မေမြို.ကို ကားရိုက် သွားပါမယ်

စိုးရန်အောင်
နေပြည်တော် မြို.တော်ဝန် မဏ္ဍပ်မှာ ရှိမှာပါ တဲ့

ထွန်းအိန္ဒြာဗို
မန္တလေး Alpine မဏ္ဍပ်မှာ ရှိမယ်လို. သိရပါတယ်



ကျော်ထွဋ်ဆွေ
သေချာမသိသေးဘူးဗျ။ ကမ်းလှမ်း ထားတာတွေတော့ရှိတယ်။ အရင်နှစ်တွေက တော့ ကိုယ့်အဖွဲ့သားတွေနဲ့ မဏ္ဍပ်တွေဆောက် ဖြစ်တယ်။ ဒီနှစ်တော့ မဆောက်ဖြစ်ဘူး။ ကမ်းလှမ်းထားတဲ့သူတွေနဲ့ ညှိလို့ရရင်ဆိုဖြစ်မယ်။

ဘန်နီဖြိုး
သင်္ကြန်ကို ကျွန်တော်တအား နှစ်သက်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ ဘာလုပ်ရမယ်၊ ဘယ်မှာရှိမယ်ဆိုတာ ပြောလို့မရသေးဘူး။ ကျွန်တော်က မဏ္ဍပ်ထိုင်ရတာကို ခရေဇီပဲ။ အားလုံးပျော်ရွှင်ပါစေလို့ပဲဆုတောင်းပါတယ်။

ဝိုင်းစုခိုင်သိန်း
ကန်တော်ကြီး မျှော်စင်ကျွန်းမှာရှိမှာပါ။ တစ်နေ့ကို နှစ်ပိုင်းခွဲပြီး သီဆိုဖျော်ဖြေသွားမယ်။ ဒီနှစ်သင်္ကြန်မှာ တော်တော်လေးကို စိတ်လှုပ်ရှားနေတယ်။ နှစ်တိုင်း ပရိသတ်ေ တွ နဲ့အတူ ဖြတ်သန်းပါတယ်။

အားတီ (AR.T)
ကျွန်တော်ကတော့ ဒီနှစ်သင်္ကြန် ရန်ကုန်မှာပဲရှိမယ်။ ၁၉ လမ်း၊ Sky Net  မဏ္ဍပ်မှာ အထိုင်ပေါ့။ အပြီးထိ အဲဒီမှာထိုင်မယ်။ ပရိသတ်တွေနဲ့အတူတူ ပျော်ပျော် ပါးပါးဖြတ် သန်းမယ်။ ပြီးရင် သင်္ကြန်ပြီးရင်ပေါ့၊ ခရီးထွက်ဖို့ရှိတယ်။ အခုလည်း တောက်လျှောက်ပွဲတွေမှာသီချင်းတွေဆိုနေရပါတယ်။

မင်းသွေး
ကျွန်တော်နေပြည်တော် မဏ္ဍပ်မှာ ဖျော်ဖြေရေးရှိရင်တော့ သွားပါမယ်။ တကယ်လို့မရှိရင် တော့ ကျွန်တော့်သူငယ်ချင်းမဏ္ဍပ်တွေကို လျှောက်သွားဖြစ်ပါမယ်။ မိသားစု အနေနဲ့ကတော့ သင်္ကြန် ရောက်တိုင်းအလှူအတန်းတွေကို အမြဲလုပ်ဖြစ်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ နှစ်စဉ်နှစ်တိုင်းလည်း အိမ်နားက ဘုန်းကြီးကျောင်းမှာ လှူဒါန်းကု သိုလ်ယူဖြစ်ပါတယ်။ ကျွန်တော့်အတွက် မနှစ်က ကုသိုလ်လေးကတော့ ထူးထူးခြားခြားရှိခဲ့တယ်။ မနှစ်တုန်းကလုပ်တဲ့အလှူတုန်းက ကျွန် တော့် အနုပညာပိုက် ဆံေ လးတွေကိုစုပြီးတော့ ကမ္မထလုပ်ပြီးတော့ အလှူလုပ်ဖြစ်ခဲ့တာ။ မနှစ်ကတော့ ကျွန်တော့်အတွက် ထူးခြားခဲ့တယ်။ ဒီနှစ်တော့ ဘာလုပ်ဖြစ်မယ် မသိသေးဘူး။

နန်းမြတ်ဖြိုးသင်း
နေပြည်တော် ရွှေသံလွှင်မဏ္ဍပ်မှာ နန်းက သီချင်းဆိုမယ်။ လေးရက်လုံး သီဆိုဖျော်ဖြေရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မှာပါ။

ချစ်စနိုးဦး
ဒီနှစ်သင်္ကြန်ကို ရန်ကုန်က ဂါးဒီးယန်းမဏ္ဍပ်မှာ သီချင်းဖျော်ဖြေရင်းနဲ့ပဲ ဖြတ်သန်းဖြစ်မယ်။

ဆုပန်ထွာ
မပန်က ဒီနှစ်သင်္ကြန်ကို ပဲခူးမှာ ပရိသတ်တွေကို တေးသီချင်းတွေ နဲ့ဖျော်ဖြေပေးမယ်။ တေးသီချင်းတွေကို ဖျော်ဖြေရင်းနဲ့ပဲ ကုန်ဆုံးဖြစ်မှာပါ။



ဟိန်းဝေယံ
သင်္ကြန်ကိုတော့ အိမ်မှာပဲ ကျွန်တော့်မိသားစုနဲ့ အတူတူအနားယူမယ်။ အပြင်တော့ မထွက်ဖြစ်ဘူး။

ဖွေးဖွေး
သင်္ကြန်တွင်းကိုတော့ ဖွေးဖွေးက အိမ်တွင်းပုန်းရင်ပုန်း မပုန်းဖြစ်ရင်တော့ တရားစခန်းဝင်ဖို့တော့ စိတ်ကူးထားပါတယ်။

ဟန်ထွန်း
ကျွန်တော် ဒီနှစ်သင်္ကြန် မန္တလေးက Alpine  မဏ္ဍပ်မှာရှိမယ်။ အခုတော့ နားနားနေနေပါပဲ။ မန္တလေးပရိသတ်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းသွားမှာပါ။

G Latt    
ကျွန်တော် ရန်ကုန်က Grand Royal မဏ္ဍပ်မှာဆိုဖြစ်ဖို့များတယ်။ သေချာတာကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။ ခါတိုင်းနှစ်တွေလည်း သီချင်းဆိုဖြစ်သလို ဒီနှစ်လည်း ဆိုဖြစ် မှာပါ။

ဂျေမောင်မောင်
အစ်ကိုက ဒီနှစ် မန္တလေးမှာ ရှိမယ်။ ၁၇ လမ်းဘက်မှာ။ သိပ်တပ်အပ်ပြောလို့မရပေမယ့် မန္တလေးမှာတော့သေချာတယ်။ အဲဒီကို အဖွဲ့သားစုံစုံညီညီနဲ့ သွားဖြစ်မယ်။ သီ ချင်းတွေဆိုမယ်။ အားလုံး ကိုယ်ရောစိတ်ပါ ပျော်ရွှင်စွာ သင်္ကြန်ကို ဖြတ်သန်းနိုင်ကြပါစေ။

ဂျက်ဆန်ထွန်း
ကိုကာကိုလာမဏ္ဍပ်မှာ သီချင်းဆိုမယ်။ မန္တလေးမှာပေါ့။ အခုတော့ သင်္ကြန်အတွက် ပြင်ဆင်နေတယ်။ ပွဲတွေလည်း တောက်လျှောက်ဆိုဖြစ်နေတယ်။ သင်္ကြန်ပြီး ရင်တော့ တောင်ကြီးကိုသွားဖို့ရှိပါတယ်။

ဗျူဟာ
သင်္ကြန်ကို ရန်ကုန်မှာပဲရှိမှာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်မှာပဲ။ ဒီနှစ်ဘယ်မှာရှိမလဲဆိုတာတော့ ပြောလို့မရသေးဘူး။ ပြောထားတာ တွေတော့ ရှိတာပေါ့နော်။ ဆိုဖို့ လည်း ရှိသလို မဆိုဖြစ်ဖို့လည်းဖြစ်သွားနိုင်တယ်။ သေချာတာကတော့ ရန်ကုန်မှာရှိမယ်။ သင်္ကြန်ပြီးရင်တော့ သမီးရှင်အခွေကို ဆက်လုပ်မယ်။ အခုလည်း လုပ်နေ တာ ပါပဲ။ အမ်တီဗီရိုက်မယ်။ အကောင်းဆုံးဖန်တီးမယ်။ ငါးလပိုင်းလောက်တော့ မှန်းထားတယ်။ သမီးရှင်ကတော့ ဘဝအတွက်အမှတ်တရဖြစ်ခဲ့ တာပေါ့။

Cobra-
အခုတော့ ကလေးထိန်းနေရတယ်ပေါ့။ သင်္ကြန်မှာဆိုဖြစ်မလား၊ မဆိုဖြစ်လားတော့ တပ်အပ်ပြောလို့ မရသေးဘူး။ အခုတော့ ကလေးထိန်းနေရတာနဲ့ အချိန်ကုန်နေတယ်။ ကမ်းလှမ်းတာတွေရှိလာရင်တော့ ဆိုဖြစ်မှာပါ။ သင်္ကြန်ပြီးရင်တော့ တစ်ကိုယ်တော်အခွေဆက်လုပ်မယ်။ ပရိသတ်ဆီ အကောင်းဆုံးချပြမှာပါ။ အားလုံးနှစ် သစ် မှာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပါတယ်ဗျာ။

မမများအဖွဲ.
သူတို.ကတော. ဒီသင်္ကြန် ခရီးစဉ်အများဆုံးလို.ပြောရပါမယ် ။ အကြိုနေ့မှာရန်ကုန်မှာရှိမယ်။ မနက်ပိုင်းမှာပြည်ထောင်စုဝန် ကြီးမဏ္ဍပ်မှာပြီးရင် မြို့တော်ဝန် မဏ္ဍပ်ဖွင့်မယ်။ညနေကျ တော့ ဖိတ်ထားတဲ့ မဏ္ဍပ်တွေမှာ သွားဖျော်ဖြေမယ်။ပြီးရင် ညပိုင်းကျပဲခူးက ဗဟိုမဏ္ဍပ်ကို သွားမယ်။အဲဒီကနေမှ နေပြည်တော်ကိုသွားမှာ။နေပြည်တော် မှာကအကျနေ့ရှိမယ်။ အကြတ်နေ့ကျတော့မန္တလေး၊ အတက်နေ့ ကျတော့ မုံရွာ၊စစ်ကိုင်းနဲ့ မင်းဘူးကကျတော့မုံရွာလမ်းတစ်လျှောက် ဖြစ်တဲ့အတွက် အဲဒီကိုဝင်မယ် လို.ဆိုပါတယ်



ရခိုင်သင်္ကြန်
ရခိုင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူးအတာသင်္ကြန်ကို သုဝဏ္ဏအားကစားကွင်း၌ ဒုတိယအကြိမ်မြောက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယခင်ရန်ကုန်မြို့ ကျိုက္ကဆံ လမ်းရှိ သိမ်ဖြူ အားကစားကွင်းတွင် ကိုးကြိမ်မြောက် ရခိုင်အတာသင်္ကြန်ကိုကျင်းပပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၃သင်္ကြန်ကို သုဝဏ္ဏအားကစား ကွင်းတွင် ပြောင်း လဲကျင်းပခဲ့သည်။ ယခုဆိုလျှင် ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပလာခဲ့သော ရခိုင်အတာသင်္ကြန်သည် စုစုပေါင်း ၁၁ကြိမ်ရှိပြီဖြစ်သည်

Ref ; Myanmar Alin , Pyimyanmar , Irrawaddy & Popularmyanmar .

Monday, April 7, 2014

Ayeyawady United FC Vs Manaw Myay FC ( 6-4-2014 )

Photo by Ayeyawady United FC
ယမန်နေ.ညနေ ( ၆ - ၄- ၂၀၁၄ ) ၄နာရီက အောင်ဆန်းကွင်းမှာ Ayeyawady United FC နဲ. Manaw Myay အသင်းတို. ၂၀၁၄ MNL League ရဲ. ၁၀ပတ်မြောက် ပွဲစဉ်  အဖြစ်ယှဉ်ပြိုင်ကစားခဲ့ပါတယ် ။ ဧရာဝတီ အနေနဲ.တော. လူစုံထုတ်ကစားခဲ့တယ်လို.ပဲပြောရပါမယ် ။ ပွဲစလို. ၁မိနစ် လောက်ရှိအုံးမယ် ကိုနေး ( ထင်ပါတယ် ) စသွင်းလိုက်တဲ့ဂိုးကို စည်းကြပ်ဒိုင်က လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာမို. ပါးစပ်နားက ထမင်းလုတ် ပုတ်ချခံခဲ့ရပါတယ် ။ပထမပိုင်းတောက်လျှောက် ဧရာဝတီကပဲ တစ်ဖက်အသင်းကို ဖိအားကောင်းကောင်းပေးထားနိုင်ခဲ့ပေမယ်. ဆာဆာရဲ.ခေါင်းတိုက်ဂိုးတွေ ၊ အပိုင်ကန်သွင်းခွင်.တွေ က ဂိုးမဖြစ်ခဲ့တာကြောင်. ပထမပိုင်းဟာ ၀-၀ နဲ.ပဲ ပြီးခဲ့ရပါတယ် ။

ကွင်းထဲအရောက်..ပွဲမစခင် ( Photo by Ayeyawady United FC )
ဒုတိယပိုင်းမှာတော. ပထမပိုင်းကလောက် ဧရာဝတီ ဖိမထားနိုင်ခဲ့ပါဘူး ။ ပွဲပြီးကာနီးဆိုရင် မနောမြေ ကတောင် ပြန်လှန်ဖိထားနိုင်တဲ့အခြေအနေရှိခဲ့ပါတယ် ။ Kim တစ်ယောက်တည်း တစ်ဖက်နောက်တန်း ၂ယောက်လောက်ကို လိမ်ပြီးကာမှ ဂိုးသမားဆီ ကန်ထည်.လိုက်မိတဲ့ တစ်လုံးကလည်း ဧရာဝတီပ၇ိသတ်အသံတွေ ဆူညံသွားစေခဲ့ပါတယ် ။ဒိနေ.မှာနောက်တန်း ကစားသမား မိုးဝင်းအနေနဲ. သေချာပေါက် ၂လုံး ခန်.ကိုဖျက်ထုတ်ကာကွယ်ပေးနိုင်ခဲ့ပြီး ဟိန်းသီဟဇော် ၊ မိုးဝင်း ၊ ကလစ်ဖို.ဒ် တို.၇ဲ. အားထုတ်မှုကို ပ၇ိသတ်တွေ သတိပြုမိကြပါတယ် ။ အဲ့ဒီလိုပဲ ဆာဆာရဲ. ဒိနေ.ဖြုန်းတီးမှု ဟာလည်း ၅လုံးခန်.ရှိခဲ့ကြောင်း အမှတ်ထားမိကြပါတယ် ။ ဒိနေရာမှာ ဆာဆာနဲ.ပတ်သက်လို.က ပွဲအားလုံးနီးပါး မှာ အားမလိုအားမရ ဖြစ်ကြရတာလေး ရှိပါတယ် ။ ဒါပေမယ်.လည်း သူ.ကို ဂိုးသွင်းဖို.သက်သက်လား ၊ အလှုပ်ပြထား ချိန် သူများတွေ သွင်းလို.ရအောင်ထားတာလား ၊ အဓိက က တစ်ဖက်နောက်တန်း ကို သူ.ကြောင်. အလုပ်ရှုပ်နေစေပြီး ကျန်တဲ့သူတွေ အတွက် လမ်းကြောင်းရှင်းပေးရင်း အခြေအနေပေးတော.လည်း ဂိုးသွင်းဆိုတာမျိုး သုံးနေတာလား သေချာမသိနိုင်ပါဘူး ။ ဒါကြောင်. သူ.ကို တော. သီးသန်.မဝေဖန်လိုပဲ သူ.ရဲ. ဂိုးသွင်းစွမ်းရည် ဘက်ကို အားမရခြင်းသာ ပြောတာဖြစ်ပါတယ် ။ ဒီဘက် ၃/၄ ပွဲ မှာတော. Kim ရယ် မိုးဝင်းရယ် ကစားအား တက်လာတယ် ၊ အသင်းနဲ. ပိုအံဝင်လာတယ်လို. မြင်မိပါတယ် ။ ပွဲပြီး ရလာဒ်ကတော. ၀-၀ ပါပဲဗျာ ။

ပွဲအပြီး ( By Red Waves )
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော. နည်းပြချုပ်က ဒီပွဲကို ၃မှတ်ရဖို. အားထုတ်ကစားခဲ့ပေမယ်. ဂိုးသွင်းမသေချာမှုတွေကြောင်. ၁မှတ်သာ ရခဲ့ကြောင်း ၊ နိုင်ငံခြားသား ကစားသမားတွေထဲက ကိုနေး နဲ. ကလစ်ဖို.ဒ် တို.ကို အားရကြောင်း ၊ ရာသီဝက် ကစားသမား သစ်ခေါ်/မခေါ် ဆိုတာကတော. နည်းပြချုပ် ၊ CEO ၊ အသင်းပိုင်ရှင် တို.ဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်မယ်. ကိစ္စမို. မိမိတစ်ယောက်တည်းပြောလို.မရကြောင်း ပြောကြားခဲ့ပါတယ် ။ ဒီပွဲမှာတိုက်ဆိုင်တာက မနောမြေနည်းပြကလည်း  မိမိတို. ၃မှတ်အတွက်ကြိုးစားခဲ့တာ ကစားသမားတွေရဲ. အာရုံစူးစိုက်မှု အားနည်းလို. ၁မှတ်သာ ရခဲ့ကြောင်း ပြောကြားသွားခဲ့တာပါပဲ ။

ခုဆို ဧရာဝတီ အနေနဲ. ၁၀ ပွဲကစား ၁၀ မှတ်ဆိုတဲ့အခြေအနေကို ရောက်ရှိနေပါပြီ ။

ပွဲမတိုင်မှီ တစ်ရက်က နည်းပြချုပ်နှင်. အသင်းသားများ ( Photo by Ayeyawady United FC
တိုက်ဆိုင်တာလေးတစ်ခုက ပြီးခဲ့တဲ့ ၂ပွဲဆက် နည်းပြ ကျန်းမာေ၇းကြောင်. ကွင်းထဲ ပါမလာနိုင်ပဲ ကစားကွက်ပိုင်းဆိုင်ရာသာ Format ချပေးလိုက်နိုင်တဲ့ ပွဲတွေ အနိုင်ရခဲ့ပြီး ဒိနေ.တော. သရေပြန်ကျသွားခဲ့ပါတယ် ။ဒါကြောင်. ဧရာဝတီ ပြန်လာပါပြီလို. အကျယ်ကြီးမအော်၇ဲသေးတာပါ ။ ဘာပဲပြောပြော ဒါဟာ ဧရာဝတီရဲ. ၄ပွဲဆက် ရှုံးပွဲမရှိ စံချိန်ပါဗျာ ။



အဲ့ဒီပွဲကို ဒီနေ.ထုတ် မြန်မာ.အလင်းကတော. ဧရာဝတီ နှင်. မနောမြေ အမှတ်ခွဲယူ ဆိုတဲ့ခေါင်းစဉ် နဲ. နှစ်ပွဲဆက် နိုင်ထားသော ဧရာဝတီ အနေနဲ. မနောမြေ ကို အနိုင်မကစားနိုင်တာကြောင်. သရေတစ်မှတ် နဲ. ကျေနပ်ခဲ့၇တယ်လို. ရေးသားထားခဲ့ပါတယ် ။ မနောမြေ ကတော. လူစုံထုတ်ပြီး တန်ပြန်တိုက်စစ်ကို အဓိကထားကစားခဲ့ပြီး ဂိုးသွင်းခွင်.အချို.ကို အသုံးမချနိုင်ခဲ့လို. နိုင်ပွဲနဲ.ဝေးခဲ့ရတယ်လို.လည်း ရေးသားခဲ့ပါတယ် ။ဧရာဝတီ ကတော. နိုင်ပွဲရရှိထားတဲ့ လူစာရင်းအတိုင်း ထုတ်သုံးခဲ့ပြီး ဆာဆာကိုမနောမြေ နောက်တန်းက ထိန်းချုပ်နိုင်ခဲ့ပြီး ကွင်းလယ်ကစားသမားတွေကလည်း ဖန်တီးပေးမှုတွေ မတိကျခဲ့ဘူးလို.ဆက်လက်ရေးသားထားခဲ့ပါတယ် ။

ဒိနေရာမှာ ပြောချင်တာက သတင်းစာမှားရေးတာလေးပါ ။ သူရေးထားတဲ့အတိုင်း ပြန်ရေးပြပါမယ် ။



ဧရာဝတီ အသင်းတိုက်စစ်မှုးဆာဆာကို မနောမြေ နောက်တန်းကထိန်းချုပ်နိုင်ခဲ့သလို ကွင်းလယ်ကစားသမားများကလည်း ဖန်တီးပေးမှုများ မတိကျ၍ အခွင်.အရေးသိပ်မရဘဲ ရှုံးသွားရခြင်း ဖြစ်ပါသည်


ကဲ ၀-၀ နဲ.ပြီးသွားတဲ့ပွဲမှာ ဘယ်သူကရှုံးသွားတာလဲဗျာ .. ၇ - ၄ - ၂၀၁၄ နေ.ထုတ်မြန်မာ.အလင်းသတင်းစာ စာမျက်နှာ ၁၂ ကော်လံ ၆ အလယ်မှာပါဗျာ ။

Sunday, April 6, 2014

ပဲပြုတ်တောင်းရွက် ဆန္ဒပြသူ တို. အပေါ် ဘယ်လိုမြင်ကြပါသလဲ ဆိုရင်


Performance ဆိုတာကြီးကတော.ဗျာ နေရာတကာမှာကို ပါနေတော.တာပါပဲ
အရင်ကတော.ကြားဖူးတာ သရုပ်ဆောင်တဲ့နေရာမှာပဲ သိတာပါ ၊ ပန်းချီ ပန်းပုတွေမှာလည်း Performance ၊ ခုတော.  သီချင်းဆိုရင်လည်း Performance ၊ စာသင်ရင်လည်း Performance ၊ ဘောကန်ရင်လည်း Performance ၊ ခုနောက်ဆုံး Performance နေရာဝင်ယူလာတာကတော. ဆန္ဒပြ တဲ့နေရာတွေပဲဖြစ်ပါတယ်ဗျာ ။ လက်ပံတောင်းတောင် ကိစ္စ ၊ ၅၉ ( စ ) ကိစ္စ တွေကနေ ခုတော. ပညာရေး ဆိုင်ရာ ဆန္ဒပြမှု မှာပါ တွေ.လာရပါတယ် ။

ဒိနေရာမှာ ရည်ရွယ်ချက်ကို သိပ်မပြောလိုပဲ ကျွန်တော်.အနေနဲ.ကတော. သူတို.ရဲ. တင်ဆက်မှုအပိုင်းကိုပဲ စိတ်ထဲတစ်မျိုးဖြစ်ရလို.ပါ ။ ဘွဲ.၀တ်စုံနဲ. ဂျာနယ်ရောင်း ပဲပြုတ်ရောင်း ကိစ္စ အပြင်မှာ ( ဂျာနယ်ရောင်းတာကတော. ) ရှိကောင်းရှိပါမယ် ။ ဘွဲ.ရဈေးသည်တွေ ရှိပါမယ် ။ ဒါပေမယ်. ဒီလိုလုပ်ပြတာကတော. တကယ်ကြိုးစားပမ်းစားခက်ခက်ခဲခဲ ဘွဲ.ရလာခဲ့ရသူတွေ ၊ အဲ့ဒီ.ထက် ခုလို ခက်ခက်ခဲခဲ ကြိုးစားပြီး ဘွဲ.ရ အလုပ်အကိုင်တစ်ခုကိုယ်.အရည်အချင်းနဲ. ကိုယ်ကြိုးစား နေရာတစ်ခုထိုက်ထိုက်တန်တန် ရလာသူတွေအဖို. တော. ကြိုးစားခဲ့ရမှုတွေကို စော်ကား လိုက်သလို ခံစားကြရပါတယ် ။ ဘွဲ.ရအားလုံး ဒီလိုဖြစ်နေပြီလား ၊ မူရင်းရည်ရွယ်ချက်ကဘာလဲ ၊ ဘွဲ.ရ ရင်ပဲပြုတ်ရောင်းရမှာပဲ စာသင်နေလဲ ဘာမှမထူးဘူး လို.ကလေးငယ်တွေ စိတ်ထဲ မြင်သွားရင်ရော ၊ အတိသယ ၀ုတ္တိမြောက်လွန်းတဲ့ အကျိုးဆက်ကိုရော တွေးမိပါရဲ.လား ၊ တွေးမိလို.ပဲ လုပ်တာလားဆိုတာကတော. ကာယကံရှင်တွေ ပဲ သိပါလိမ်.မယ် ။

ဒါနဲ.ပတ်သက်လို. ဘွဲ့ရအားလုံးကို ဒီနည်းနဲ့မစော်ကားပါနဲ့ ဆိုတဲ့ Postလေးကိုလည်းဖတ်ကြည်.စေချင်ပါတယ်
ဘွဲ့ဝတ်စုံနဲ့ ပဲပြုတ်ရောင်းတဲ့သရုပ်ဖေါ်ပုံတွေ ဒီနေ့တော်တော်တွေ့ရတော့ ပြောလိုက်ချင်တာက .. !!!
ပညာရေးနိမ့်ကျနေတာကို မူအားဖြင့်လက်ခံတယ်၊ပင်ကိုယ်အရည်အသွေး သိပ်အရေးကြီးတာသိကြ
ပါသလား ဆိုတာပါဘဲ။အထက်တန်းကျောင်းကအတူတူသူငယ်ချင်းတွေမှာ
သူဌေးသားသမီးအချို့ ဒုက္ခရောက်နေကြပြီး သာမန်ဘဝကလူတွေ အဆင်ပြေနေကြတာ ကျွန်တော့်
သက်တမ်းအတွင်းမှာအထင်အရှားပါ။

ပညာရေးအဆင့်နိမ့်တာကို သရုပ်ဖေါ်ချင်ရင် တခြားနည်းနဲ့သရုပ်ဖေါ်ဆန္ဒပြကြပါ၊ ကြိုဆိုပါတယ်။
*** ဘွဲ့ရအားလုံးကို ဒီနည်းနဲ့မစော်ကားပါနဲ့ ***

(ကိုကြီး မိုက်ကယ်လှိုင်)
==============================
ကိုယ်တိုင် လဲပဲ ကြိုးစားပါ အားထုတ်ပါ သင်ယူပါ ဖောက်ထွက်ပါ

မြန်မာပြည် စီးပွားရေး အ နေ အထား အရ အလုပ် လက်မဲ့ များနေ သေးတာကို လက်ခံပါတယ် ။
အစိုးရ တကယ် ကောင်းရင် တော် ရင် လူတွေ အကုန်လုံး အလုပ် ရ ရမယ်။ အလုပ်မလုပ်ပဲ ပါးစပ်ထဲ ထမင်းလုပ် လာခွံ ပေးတော့မဲ့အတိုင်း။ မီးတွေထိန်ထိန်လင်းတော့ မဲ့အတိုင်း ခံယူထားတာတော့ မှားပါတယ်။
ဘယ်အစိုးရ တက်တက် ကိုယ့်ထမင်း ကိုယ် ရှာစားရမှာပါ။ ဘွဲ.ရတိုင်းကိုတန်းအလုပ်မခန်.ရဲတာ မြန်မာပြည်ကကုမ္ပဏီတွေချည်း မဟုတ်ပါဘူး။စင်္ကာပူ၊ သြဇီ၊အမေရိကန်လို နိုင်ငံတွေမှာတောင် ဘွဲ.ရ တွေ အလုပ်ခေါ် သတင်းစာ ကိုင်ပြီး ကုမ္ပဏီ တစ်ခုဝင်တစ်ခုထွက်အလုပ်ပတ်လျှောက်နေတာအများကြီးပါ။

စလုံးမှာမာစတာဘွဲ.ရတစ် ယောက်အလုပ်မရတာ ၈လကျော်ပြီမို. မီဒီယာက နေ မျက် ရည်တွေနဲ. ကွန်ပလိန်း
တက်တာ သတင်းက နေ ကြည့်လိုက် ရတယ်။ စလုံးအလုပ်သမားဝန်ကြီးရဲ. အ ဖြေက တော့သူသာတကယ်
အရည် အချင်း ရှိရင် အလုပ် ရမှာပါတယ်။အခုလက် ရှိမှာလဲ လုပ်ငန်းခွင် ၀င်နေသူ၊ အ သေးစား
လုပ်ငန်း ဆန်းသစ် နေသူ လူငယ်တွေ အခြား အသက်မွေးဝမ်းကြောင်း ပညာသင်ယူသူ လူငယ်တွေ အများကြီး
ပါ။ သူတို.တွေဘယ်လို နေရာ ရ နေလဲဆိုတဲ့ သော့ချက်ကြိုးစားမှုလမ်းစကို ရှာနိုင်အောင် ကြိုးစားပါ။
နိုင်ငံတိုင်းမှာအခြားဘာ Professional Training Certificate တစ်ခုမှ ဆက်မတက် မဆည်းပူးပဲ။ ဘွဲ.လေးတစ် ခုတည်းနဲ. အလုပ် ရတဲ့ခောတ် ကုန်တာ ကြာပါပြီ။

ကိုယ်ကိုယ်တိုင် က မကြိုးစား မ လေ့လာ သာမာန် ဘွဲ. တစ်ခုတည်းနဲ. မာန်တက်ပြီး အစိုးရကိုပဲ အပြစ်တင် နေရင်တော့။ ဦးသိန်းစိန်၊ဒေါ်အောင် ဆန်းစုကြည်၊ အိုဘားမား၊ သိကြားမင်း ဆင်း အလုပ်သွင်းပေးလဲ အသုံးမကျရင်အလုပ်အမြဲပြုတ်မှာပဲ။အရည်အချင်းနည်း အပြင်းထူလို ဝေလေ လေလုပ်ချင်လို့
လွတ်လွတ်လပ်လပ် ပဲပြုပ်ရောင်း၊ဂျာနယ် ရောင်းရင်တောင် ကိုယ်ထက် သာတဲ့တော်တဲ့သူနဲ. တွေ.တဲ့ တစ်နေ. ဖောက်သည် အလုခံရမှာပဲ။ကိုယ်တိုင် ကြိုးစား အားထုတ် ဖောက် ထွက် နိုင် မှုသာ အဓိက
ကျပါတယ်။ …………..
(ညီငယ်-သီဟမောင်မောင်)

ဒါကို Share ယူဖော်ပြတဲ့ Facebook User တစ်ယောက်ဖြစ်တဲ့ Zar Yar Min က ဘယ်လိုေ၇းထားလည်းဆိုရင်
ဒီပုံကို ပထမအကြိမ် share တော့ idea ကိုသဘောကျလို့ share တာ။ အခုဒီပုံအပေါ်ဝေဖန်ထားတာက ပိုပြီး လက်တွေ့ကျ နေတဲ့အတွက် ပိုသဘောကျမိပါ့ဗျာ။တကယ်ပါပဲ ဘွဲ့တစ်ခုအပြင် professional အတွက် သင်တန်းတစ်ခုခု ကျွမ်းကျင်မှုတစ်ခုခုတက်မြောက်ထားရင် အဆင်ပြေနိုင်ပါတယ်။ ခေါင်းစဉ်ကို ပိုလို့ကြိုက်ပါတယ် "ဘွဲ့ရအားလုံးကို မစော်ကားပါနဲ့ "တဲ့

ဒါ.အပြင် ဒိ Post နဲ.ဆက်နွယ်ပြီး Facebook ရဲ. Famous User တစ်ဦးဖြစ်တဲ့ သစ်သစ်မြင်.ဆိုင် ကတော. သူ.Post ရဲ. နိဒါန်းမှာ ဒီလိုလေး ရေးခဲ့ပါတယ် ။
ဘွဲ့ ဝတ်စုံ ဝတ်ပြီး ပဲပြုတ်ရောင်းနေပုံ နဲ့ .. ဆန္ဒပြတဲ့ ညီမလေးတွေ ရဲ့ Performance ကိုမြင်ပြီး ..
လွန်ခဲ့တဲ့ ၁၉ ၉ ၄ .. ၉ ၅ လောက်တုန်းက ကျမ ကိုယ်တိုင် ကိုယ်တွေ့ ကြုံဖူးခဲ့တာကို
လွန်ခဲ့တဲ့ နှစ်များဆီ က .. ကျမ ရေးခဲ့ဖူးတာကို .. ဖတ်ဖူးတဲ့သူတွေလဲ ရှိမှာပါ ..
ဘာရယ် ညာရယ် ဆိုတာတွေ ထက် .. ကျမ ရေးခဲ့ဖူးတာလေးသာ ပြန်ဖတ်ကြည့် ကြပါတော့ ..

မြန်မာပြည် ကို ချစ်သည် .. မြန်မာလူမျိုး ကို ချစ်သည် .. ဒီအတွက် မြန်မာပြည် က ဘယ်လိုဖြစ်နေနေ ..
မြန်မာပြည်မှာပဲ နေပြီး .. မြန်မာဖြစ်နေရရင်ကို ဂုဏ်ယူလို့ မဆုံးပါဘူး .. ဘဝဆက်တိုင်း ဆက်တိုင်း .. လူဖြစ်ခွင့်ရဦးမယ် ဆိုရင် .. ကျမ ဒီ မြန်မာပြည်မှာပဲ မြန်မာအမျိုးသမီး သစ်သစ်မြင့်ဆိုင် သာ ပြန်ဖြစ်ချင်ပါတယ်

Nay Min Ko  ဆိုတဲ့ အကောင်.ပိုင်ရှင်ကတော.  ညီမလေးရေ...အဖေနဲ့အမေက မင်းဒီဝတ်စုံလေးဝတ်ရဖို့ သူတို့ခွန်သူတို့အား သူတို့မေတ္တာတရားတွေနဲ့ရင်းနှီးခဲ့ကြရတာပါ...မင်း ဒီဝတ်စုံလေးဝတ်ရတဲ့နေ့လေးတုန်းကလည်း အဖေနဲ့အမေမျက်နှာပေါ်က ကြီးကျယ်ခမ်းနားတဲ့အပြုံးတွေကို မင်းလည်းခံစားမိခဲ့မှာပါ..ဒီဝတ်စုံလေးနဲ့မင်းဓါတ်ပုံကို အမေက ကြက်မွှေးလေးနဲ့တယုတယဖုန်သုတ်နေရင်း ဂုဏ်ယူကျေနပ်နေတဲ့အပြုံးတွေကို မင်းမြင်ခဲ့မိမှာပါ..
အခုတော့ ညီမလေးရယ်...အဖေနဲ့အမေ့နဖူးကမင်းအတွက်ရင်းနှီးခဲ့တဲ့ချွေးစက်တွေကလေ မင်းအခုလိုလူပုံအလယ်မှာ ပဲပြုပ်တောင်းခေါင်းရွက်ပြီး တစ်စုံတရာရဲ့သွေးထိုးမြှောက်ပင့်ပေးတဲ့ စကားလုံးတွေကိုအော်ဖို့ ဟစ်ကြွေးဖို့အတွက်ဖြစ်သွားပြီလား...
စဉ်းစားပါညီမလေးရယ်..စဉ်းစားကြည့်ပါ..    ဆိုပြီး Status လေးတစ်ခု ရေးပါတယ် ။



ဒီ Post တွေနဲ. ပတ်သက်ဆက်နွယ်တဲ့ Comment တွေထဲက လူကြိုက်များတဲ့ Comment အချို.ကိုလည်း စုပေါင်းဖော်ပြလိုက်ပါတယ် ။
Zyme Teddy   ကတော. ဒီလိုရေးပါတယ် ..Yes ပညာရေးမှာ လက်တွေ့ပိုင်း အားနည်းချက်ရှိတာ အမှန်ပါပဲ ဒါပေ ကျောင်းကသင်ပေးလိုက်တဲ့စာ သင်ယူခဲ့တဲ့အချိန်တွေဟာ အလကားဖြစ်မသွားပါဘူး
ဒီဘွဲ့အမျိုးအစားပဲရတာချင်းအတူတူ
အစိုးရရုံးတခုမှာ အတွေ့အကြုံရှာတဲ့အနေနဲ့ဝင်လုပ်ရင်း မာစတာတက်နေချိန်မှာ ဘတ်ချလာနဲ့တင်ရပ်သွားပြီး psc ကတဆင့် ဝင်လာတဲ့သူက ကိုယ့်ကိုလာခိုင်းတာခံရတဲ့အခါမှာ သိပ်ကိုခံပြင်းခဲ့ပါတယ် ဘယ်သူညံ့လို့ ဘယ်သူတော်တယ် ငြင်းလို့မရတဲ့အနေအထားပါ
အဲ့ဒါကြောင့် အတွေ့အကြုံ ပညာရှာလို့ရနိုင်သမျှ အစွမ်းကုန်လေ့လာခဲ့ရပါတယ်
အစိုးရရုံးမှာ ဘယ်သူ့မှရုံးမလာတဲ့အချိန်ရောက်အောင်သွား သူများ အိုတီဆင်းချိန်တောင်ကိုယ်မပြန်ပဲ ကြိုးစားခဲ့ရတာပါ တူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေလို နိုင်ငံခြားထွက်ကျောင်းဆက်မတက်နိုင်ခဲ့ မလေ့လာနိုင်ခဲ့လို့ ရောက်တဲ့နေရာမှာ ရတဲ့ပညာ ရအောင်ယူခဲ့ပါတယ်အချိန်အတိုင်းအတာတခုတော့ရင်းနှီးရမှာချည်းပဲ ဒီဘွဲ့နဲ့ဆိုင်တဲ့အလုပ်ပဲ လုပ်ရမှဆိုပြီးလည်းဘဝင်ကိုင်နေလို့မရသေးဘူးဒီနယ်ပယ်ထဲမှာပဲကျင်လည်ရင်းကိုယ်လိုချင်တဲ့နေရာကိုရောက်အောင်သွားလို့ရပါတယ်ကိုယ်တိုင်အရည်အချင်းပြည့်ဝအောင်ကြိုးစားထားဖို့ပဲလိုတယ်

Zeya Aung ကတော. ……. သူတို့အရွယ် ညီငယ် / ညီမငယ်များ အခုလက်ရှိအချိန်မှာ မြန်မာ ပြည်တွင်းမှာပဲ US $ 1000 နဲ့ 1500 ကြား ရနေတဲ့လူတွေ အများကြီးပါ... မြန်မာပြည်က ဘွဲ့တစ်ခုနဲ့ပဲ ... ဒါပေမဲ့ ကိုယ်ရွေးချယ်တဲ့ Professional လမ်းကြောင်းမှန်ပေါ်တော့ ရောက်အောင်ကြိုးစားရပါမယ်... ဘွဲ့ ၀တ်စုံ နဲ့ တော့ ဒီလို ပါဖောမန့် လုပ်တာ မကောင်းဘူးထင်တယ်... ဘွဲ့ ၀တ်စုံဆိုတာ သူနေရာနဲ့ သူဝတ်ရတာ....

Aye Mi Khine ရဲ.အမြင်ကလည်း စိတ်ဝင်စားစရာပါ …….ဘွဲ.၇ပြီးပြီးချင်းတော.အလုပ်အတွေ.အကြုံမ၇ှိသေး၇င်အောက်ခြေကနေစ၀င်၇မှာဘဲလေ...၇ှက်လို.တဲ. သူများအထင်သေးမှာကြောက်လို.တို.ဖြစ်နေ၇င်တော.အလုပ်၇မှာမလွယ်တော.ဘူး ..မလေး၇ှားဝန်ကြီးချူပ်ဟောင်းပြောဖူးတယ်..တချို.ဘွဲ.၇တွေက၇ာထူးမြင်.မြင်.ကိုတန်ူးပြီးလျှောက်ချင်ကြတယ်တဲ. အတွေ.အကြုံမ၇ှိသေးဘဲနဲ.ဘယ်လိုလုပ်၇မလဲ..မ၇တော.အလုပ်လက်မဲ.တွေဖြစ်ကုန်တာပေါ.

Shwe Zin Myint ကတော. ဒီလိုဆိုပါတယ်……ကျောင်းတက္ကသိုလ်တွေ က သင်ပေးတဲ့စာတွေကို သေချာစိတ်ဝင်စားလေ့လာရင်တော့ အသက်မွေးဝမ်းကျောင်းမလုပ်ဖြစ်ရင်တောင် အသိဥာဏ် ဆင်ခြင် တုံတရား တွေရှိလာပြီး လုပ်ရတာ တွေးရတာ သူများထက်သာတယ်

တစ်ပြည်သူ မရွှေထား ကတော. မတူတဲ့ ရှုထောင်.ကတွေးပါတယ်….. သူတို့လုပ်လိုက်တာက ဘွဲ့ရပြီးပဲပြုတ်ရောင်နေရတယ်ဆိုတော့ ပဲပြုတ်တစ်ကယ်ရောင်နေရတဲ့သူတွေကဘွဲ့မရ၊ပညာမတတ်လို့ဆိုပြီးစော်ကားရာမရောက်နေဘူးလားဆိုတာမတွေးမိကြဘူးထင်တယ်။ပဲပြုတ်ရောင်းပြီးသားသမီးကိုဘွဲ့ရအောင်ထားခဲ့တဲ့မိဘတွေတစ်ပုံကြီး။ပညာတတ်သာသနာလမ်ပျောက်တစ်ချို့တွေသာဒီလိုလုပ်ရပ်လုပ်ကြတာလို့မြင်မိတယ်။{အမှားပါသွားရင်တောင်းပန်ပါတယ်}

A Lin Young ကတော. ခပ်ပြတ်ပြတ် ရေးထားပါတယ်……ဘွဲ့ရလို့အလုပ်ကိုင်မရှိဘူးဆိုတာတော့မပြောလိုဘူး ဒါပေမဲ့ဘွဲ့ရတယောက်ကပဲပြုတ်ရောင်းရလောက်အောင်သူ့အရည်ချင်းမရှိလို့လား အရည်ချင်းရှိတဲ့လူ၅တန်းတောင်မအောင်ပေမဲ့ရေရာကောင်းရနိုင်ပါတယ် အဓိကကတော့ကိုရတဲ့ဘွဲ့ကိုအသုံးမချတက်တဲ့ကိုယ့်ကိုကိုယ်ပဲအပြစ်တင်သင့်တယ် ဘာနဲ့တူလဲဆိုတော့ မျောက်ကိုပတ္တမြားပေးထားသလိုပဲ

 Kyaw Thu  ဆိုတဲ့ တစ်ယောက်ကလည်း ဒါကိုအတော်လေး ဝေဖန်ထားပါတယ်……….ဒီလိုလုပ်တာလုံးဝကိုတရားလွန်သွားပြီစာသင်ပေးတဲ့ဆရာ ဆရာမတွေရော ဘွဲ့ရတွေအားလုံးကိုပါစော်ကားရာကျပါတယ်
ဆန္ဒပြတဲ့သူကိုတိုင်ရောတကယ်ကြိုးစားခဲ့လားလို့မေးချင်ပါတယ် သူများမြှောက်ပေးတိုင်း ပေါ်ပင် ဖြစ်ချင် တိုင်းဒါမျိုးလုပ်လို့မရပါဘူး လုပ်ပိုင်ခွငိ့ရှိလို့လုပ်တာမှန်ပေမယ့်သိပ်စော်ကားလွန်းရာကျပါတယ် မြန်မာပြည်မှာဘယ်ဘွဲ့ရမှခုချိန်ထိပဲပြုပ်လည်မရောင်းသေးပါဘူး ဘယ်မိဘကမှလဲမခိုင်းပါဘူး
ဒါဟာနိမိတ်ပြတာလားဆိုတာမေးခွန်းထုတ်ချင်စရာပါ ခုပုံမှာပါတဲ့သူကရောအပြင်မှာတကယ်ပဲပြုပ်ရောင်းနေတာလား သူကိုယ်တိုင်ကတကယ်မလုပ်ဘဲနဲ့ဒီလိုမျိုးဆန္ဒပြတယ်ဆိုတာ ဘာကိုရည်ညွှန်းမှန်းသိပါတယ် လူငယ်တွေကိုပြောချင်ပါတယ် အစိုးရကိုမကျေနပ်တာလက်ခံပါတယ် ဒါပေမယ့်ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကိုစာသင်ပေးတဲ့ဆရာတွေကိုတော့ ကိုယ်ပေါပြူလာဖြစ်ချင်တိုင်းဒီပုံမျိုးနဲ့မစော်ကားပါနဲ့ လုံးဝရှုံ ချပါတယ်အကြံပေးတဲ့သူကိုလည်းပြောချင်ပါတယ် ဒီပုံမျိုးနဲ့အရူးမထပါနဲ့လို့။

Myo Win Aung ကတော. ဒီလိုမြင်ပါတယ်…….သူတို့ရခဲ့တဲ့ ဘွဲ့ရဘာသာရပ်နဲ့ ပတ်သက်ပြီး သူတို့တစ်ကယ် ယုံကြည်မှုမရှိ.. အသုံးမချနိုင်လို့ပါ။ အထက်တန်းမအောင်ပဲ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၊ အိုင်တီနယ်ပယ်၊ နယ်ပယ်စုံမှာ အောင်မြင်နေသူတွေ အများကြီးပါ...။ ကိုယ်ကြိုးစားမှ ကိုယ်ဖြစ်မှာပါ...။(လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်... Cheer ! ! ! )

ဒါကတော. တပ်မတော်သား တစ်ယောက်လို. ပြောသူတစ်ဦးရဲ. အမြင်ပါ Michael Zin ………စစ်သားဆိုတော့ကိုယ်အမြင်လေးတင်ပြတယ်ဆဲလိုကလွတ်လပ်စွာဆဲနိုင်တယ် DSAမှာတပတ်စဉ်ကိုလူ၁၀၀ကျော်ဆင်းပတယ်အခုတော့မသိပ?အားလုံးဗိုလ်ချ၊ပ်မဖြစ်ဘူးကိုယ်ရဲ့ကံဥာဏ်ဝီရိယကြောင့်ပြောင်းလဲတာတွေရှိတယ်ကိုယ့်ကြိုးစားမူ့ကြောင့်ဆိုတာလက်ခံရမှာဘေးထိုင်ဘိုင်ကျဘုပြောမနေဘဲအရည်အချင်းပေါ်အောင်ကြီုးစားလုပ်ပြကြပေါ့ဘာဖြစ်လို့ရုပ်ရှင်ရိုက်သလိုတင်နေကြတာလဲကွယ်တို့ရယ်

Fatty Lay ကတော. ဒီလိုဝေဖန်သုံးသပ်ပါတယ်ဗျာ……..ရသလောက်ကိုတက်အောင်သင် ခုကျောင်းသားတွေကပညာရေးကိုအလေးမထား ဘာမှမတက် သူတို့တန်ဖိုးသူတို့ချနေတာ ကိုယ်ကမကြိုးစားရင်ဘာမှဖြစ်လာမှာမဟုတ်ဘူး ဖျတ်ဆီးခံထားရတဲ့အဆင့်မရှိပညာရေးတောင်ကောင်းကောင်းမသင်နိုင်တဲ့သူတွေ အဆင်မြင့်ပညာရေးဆိုပိုတောင်မသင်နိုင်ဘူး ပျင်းလို.ဖျင်းနေတာ အရာရာဟာ အစိုးရကိုချည်းအပြစ်ပြောနေရတာမဟုတ်ဘူး.. ဘွဲရပြီး ပဲပြုတ်ပဲရောင်းရတာ ကိုယ်    အသုးံမကျလို့ စာသင်ချိန်တွေမတက်တော့ ဘွဲတော့ရ ဘာမှမတက် အဲ့တော့ အခုလိုလုပ် အဆင်ပြေနေတဲ့ဘွဲ့ရတွေရှိတယ် အဲ့ထဲကိုယ်မပါတာ ရှက်ပြီးလဲသေ

ဒီနေရာမှာ Kyaw Naing Win  ရဲ. သုံးသပ်တဲ့ ရှုထောင်.ကလည်း တစ်မျိုးပါ….ပညာရေးဝန်ထမ်းကြီးမမိုးရေ ဒီကိစ္စတွေက တကယ်တော့ ကျွန်တော်တို့လူငယ်တွေ နဲ့သက်ဆိုင်သလို ကျောင်းကဆရာ ဆရာမတွေမှာ လဲအများကြီးတာဝန်ရှိပါတယ် .... ဘာလို့လဲဆိုတော့ ကျွန်တော်တို့ငယ်ငယ် ကကျောင်းတွေမှာ စည်းကမ်းအစ စာသင်ကျောင်းကလို့ပြောကြပါတယ် အဲဒီစည်းကမ်းကိုသင် ကြားတဲ့ဆရာ ဆရာမတွေကကော တကယ်ပဲစည်းကမ်းရှိနေကြပြီလား။ကျောင်းတခုထဲမှာပဲ စာကိုသေချာသင်နေကြပြီလား။စဉ်းစားဖို့လိုပြီ။တကယ်တော့ ကျူရှင်သင်နေကြတာကလည်း ကျူရှင်ဆရာမ မဟုတ်ပါဘူး။ကျောင်းဆရာမပါပဲ။အဲဒီတော့ကျွန်တော်တို့ဗမာတွေစည်းမရှိရင်တော့မျိုးကန်းကြမှာပါပဲ။အဲဒါစည်းကမ်းပဲ။

Om Maiyg  ရဲ.အမြင်ကိုတော. အတော်များများ သဘောကျတာတွေ.ရပါတယ်……..ပဲပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်းကို စော်ကားလိုက်ရာကျသလို မိမိအသုံးမကျမှုကိုပါ ခင်းပြသလိုပါပဲ .. နကိုယ်ကထဲက ပညာသင်ခဲ့တဲ့ ရည်ရွယ်ချက်မှားနေပါတယ် .. ပညာသင်ယူခဲ့တာဟာ ကိုယ်ပညာတတ်ဖို့ ပါ .. ကျောင်းပညာရော အသိပညာရော ပေါင်းသင်းဆက်ဆံရေးကအစ လူမှုရေးနယ်ပယ်ကျယ်ပြန့် အောင်ပါ တက္ကသိုလ်သွားကြတာပါ .. တက္ကသိုလ်မှာ ရိုးသား ကြိုးစား နိုးကြာဲးံ့ရင် အသိအညာဗဟုသုတ အများကြီး ယူတတ်သလောက်ရပါတယ် .. တက္ကသိုလ်သွားတက်သလိုလိုနဲ့  အတန်းလစ် ရည်းစားနဲ့ ချည်းချိန်းတွေ့  ဝေလေလေပဲတက်ခဲ့ရင်တော့ ဘာပညာမှ တတ်လာမှာမဟုတ်ပါဘူး .. ကိုယ့်ဝမ်းကိုယ်ကျောင်း ရှာစားဖို့ ကတော့ ချမ်းသာသာ ဆင်းရဲရဲ ပညာတတ်တတ် မတတ်တတ် ဘွဲ့ ရရ မရရ အလုပ်တစ်ခု ကြိုးစားရှာဖွေလုပ်ကိုင်ရမှာပါပဲ .. အစိုးရဝန်ထမ်းမှ အလုပ်မဟုတ်ပါဘူး .. မိမိနဲ့ ကိုက်ညီမယ့်အလုပ် ရွေးချယ်တတ်ဖို့ လည်း လိုပါတယ် .. လူတော်တော်များများက ကိုယ်ပညာတတ်ဖို့  စာသင်တာနဲ့  အလုပ်ခွင်ကိစ္စကို ရောနေပါတယ် .. ပညာရေးစနစ်မကောင်းတာမှန်ပါတယ် .. အစိုးရက အလုပ်နေရာပေးနိုင်မှု နည်းပါးတာလည်း မှန်ပါတယ် .. ဒါပေမယ့် ကိုယ်နဲ့ တန်းတူရည်တူ ပညာအရည်အချင်းနဲ့ ပဲ အဆင်ပြေနေသူလည်း ရှိနေတယ်ဆိုရင်တော့ ကိုယ့်ဖက်က လိုအပ်ချက် ချို့ ယွင်းချက် တစ်ခုခုရှိနေလို့ ပဲဆိုတာ နားလည်ရမှာပါ .. ဘွဲ့ မရခဲ့ပဲတောင် ရပ်တည်ရှာစားနိုင်တဲ့သူရှိသေးရင် ဘွဲ့ ရပြီး ကွန်ပလိန့်တွေများနေတဲ့ မိမိကိုယ်ကိုယ် ရှက်ရပြင်ရမှာပါပဲ .. အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတာလည်း မမေ့သင့်ပါ .. ရုံးစားပွဲမှာ ထိုင်ရဖို့ ချည်း အာသီသမထားသင့်ပါဘူး .. ကိုယ့်မှာ အသိဥာဏ်ပညာ အတွေးအခေါ် ဗဟုသုတစုဆောင်းထားနိုင်ရင် တချိန်မှာ စင်တော်ကကောက်မှာပါ .
.
Thin Zar Phyo Hlaing  ရဲ. အမြင်လေးကိုလည်း တင်ပြပါရစေ…….နိုင်ငံရပ်ခြားမှာကျွန်ခံချင်တိုင်းတောင် အရည်အချင်းမရှိရင် ဘာသာစကားမတတ်ရင် သူတောင်စားတောင်သွားလုပ်လို့
မရဘူး ဘယ်နိုင်ငံမှာမဆိုလူတော်တွေအတွက် နေရာတစ်ခုရှိစမြဲပါ မြန်မာပြည်မှာ အလုပ်အကိုင်ရှိတဲ့သူတိုင်းက ကပ်လို့ဖားလို့အလုပ်ရကြတယ်
လို့တော့ သိမ်းကျုံးပြီး မပြောနဲ့ပေါ့ကွယ် အသုံးမကျတဲ့သူအတွက် အသုံးမချခံရတာတော့စဉ်းစားသင့်တယ်နော်
မြန်မာပြည်က ပညာရေးကောင်းတယ်လို့ မထင်ပေမယ့် ဘွဲ့ရတူချင်း သူများအလုပ်ရလို့ ကိုယ်မရရင် ကိုယ်သူ့ထက်ညံ့လို့ ၁ခုမရရင် နောက်၁ခုပေါ့ အလုပ်ရှင်တိုင်းက လူတော်လူကောင်းပဲလိုချင်မှာပဲ ကိုယ်သာသူဌေး ဆိုရင် ကိုယ့်လိုလူမျိုးအလုပ်ခန့်မလားလို့အရင်စမ်းစစ်ကြည့်လိုက်ပေါ့ ကိုယ်ကသိပ်တော်သိပ်ကောင်းရဲ့သားနဲ့ အလုပ်မရဘူးလို့များအဖြေထွက်ရင်တော့ ကိုယ်နဲ့တန်တဲ့အလုပ်မရှိသေးလို့ပေါ့ အစိုးရပညာရေးကြောင့် ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေတာတော့ မှန်သင့်သလောက်မှန်တယ် ကိုယ်၁ယောက်ထဲကွက်ပြီး ပညာရေးမကောင်းတာမှမဟုတ်တာ သူများတွေဘယ်လိုကြိုးစားသွားလဲ အရင်လေ့လာလိုက်ကြည့်လိုက်လေ
သေချာတာက ကိုယ်သာ အသုံးဝင်ရင် နေရာ၁ခုမကဘူး အများကြီးရှိတယ်

Snow Queen  ကတော. ဒီလိုရေးထားပါတယ်…..အရမ်းမှန်တဲ့စကာလုံးတွေပါ .. ဘယ်ကျောင်းသားမဆိုစာကျက်မှစာမေးပွဲအောင်တာပါ စိတ်ဝင်တသားလေ့လာမှ ထူးချွန်တာပါ။ အခုခေတ်တက္ကသိုလ်ကျောင်းသားတော်တော်များးများ အတန်းမှန်မှန်လိုက်တက်တယ်ဆိုတာ ခပ်ရှားရှားပါ။ ဆရာတွေကိုစော်ကားပြီး အချိန်တန် ကျူရှင်ဖိုးပေးမယ် ဆရာမဆီမှာကျူရှင်တက်ရင် အောင်ရမယ်အောင်စာရင်းထွက်ခါနီးရင် သွားကန်တော့မယ်။ ရလာတဲ့ဘွဲ့ တခုတောင်ကိုယ်ပိုင်အရည်အချင်းနဲ့ ရခဲ့ရဲ့လားဆိုတာ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်သင့်တယ်။အရည်အချင်းမှမရှိတာ ဘယ်အလုပ်ကိုဝင်တိုးမှာလဲ ... ဟေးလားဝါးလားလုပ်ခဲ့သူက ဟေးလားဝါးလားပဲဖြစ်မှာ။ အခုလူတော်တော်များများက နိုင်ငံရေးသမားတွေရဲ့လှည့်ကွက်တွေကြားမှာ နားယောင်ပြီး ရေသာခိုအချောင်လိုက်ချင်နေကြပါတယ်။ ဒီကြားထဲ အရည်အချင်းမရှိတဲ့ ဂျာနယ်တွေစာရေးဆရာတွေ အယ်ဒီတာ တွေရဲ့ ဂျာနယ်ရောင်းကောင်းအောင် ခနဲ့ တဲ့တဲ့ ရွဲ့ တဲ့တဲ့ စကားတွေစာသားတွေပါ နားယောင်ပြီး ကိုယ်ပိုင်အတွေးအခေါ်တွေပျောက်ဆုံးနေတယ်။

ဖိုး လရောင်ကတော.သူ.ကိုယ်တွေ. နဲ.ယှဉ်ပြီး သုံးသပ်ပြပါတယ်……. ကျွန်တော် ကဗျာ တွေ လျောက် ရေးပါတယ် ။ ဓါတ်ပုံ တင်တာ မတင်တာ ဟာ
ကျွန်တော့် ခံယူချက်ပါ မန္တလေးသား အသက် ၃၃ နှစ် ကို ရင်လူထွက် ပါ ကိုယ်ရည်သွေး အကျင့် လုံးဝ မရှိပါ ။ ကို ဖြစ်နေ ရနေ ရတဲ့ ဘဝ မှာ အကောင်းဆုံးပုံစံ ရအောင် ကြိုးစား နေပါတယ် ။ ဘဝ ဆိုတာ
ကိုယ်တွေ့ကြုံ ရင် သက်လုံကောင်း ရပါတယ် ။ နောင်တော် ကြီး ဘဝ ရှင်သန်မှုမှာ ကျွန်တော့် ဘဝ ရှင်သန်မှု မှာ ဘယ်အစိုးရ ကမှ ကူညီပေးတာ ရှိမနေနိုင်ပါဘူး ကိုယ်ဝမ်းနာ ကိုသာသိပေါ့ ဗျာ ။ အလုပ် ကိုင် အခွင့်အရေး အတွက် အစိုးရကို ပုံချမဲ့အစား
ကိုယ် တိုင် ကြိုးစား ရင် ပိုပြီး အဆင် ပြေပါလိမ့်မယ် အဖေ ပြောဘူးပါတယ် အကြောင်းအရာ တစ်ခုကို ဆင်ခြေပေးသူဟာ လူညံ့ ပါတဲ့ ။ ၁၈ နှစ်လောက်ဆို ကိုယ် ရပ်တည် ရမဲ့ဘဝ ကို ကိုနားလည်သင့်ပါပြီ
စာတော့ မဖတ် ခိုင်းနဲ့ဗျာ အသိပညာပေးနိုင်တဲ့ စာအုပ် တစ်အုပ်ရဲ့ တန်ဖိုး ကို နောင်တော် သိမှာပါ အဲ့ဒီငွေ ကို ဆေးခန်းသွားဖို့  မရှိတဲ့ သူတစ်ယောက် ကို ကူညီပေးချင်လို့ ပါ ။ နောက်ဆုံးတစ်ခုက ကျွန်တော့် ခံယူချက်ပေါ့ လူ တစ်ယော က်ကို ကြည့်တဲ့အခါ ရိုးသားတာ မရိုးသားတာ ကြိုးးစားတာ မကြိုးစားတာပဲ ကြည့် တတ်တယ် ။
ကျွန်တော် မန့်  တော်တော် ကိုယ်ရည်သွေးသလို ဖြစ်သွားတယ် ဆောရီးဗျာ ကျွနိတော်ပြောချင်တာက ကျွန်တော်တို့ တောင် ဘွဲ့မရပဲ ဘဝကို ကြိုးစားရပ်တည် လို့  ရသေးရင် ဘွဲ့ရပြီးသား လူတွေ ပိုပြီး အဆင်ပြေသင့်တယ် ။ အရင်ကတည်းက မကျေနပ် ချက်တွေ ခံနေလို့  စာရိုင်းသလို ဖြစ်သွားတာပါ ကျွန်တော် တို့ လူမ်ျိုးတွေ နိမ်ကျ လာတာ ဦးနှောက်ချောက် မခံချင်ကြလို့ ဆိုရင် နောင်တော် လက္ခံပေးမလား စိတ်သက်သာ လူသက်သာ နဲ့ လစာ ကောင်းကောင်း
မရနိုင်ပါဘူး ။ ဟုတ်ကဲ့ ကျွန်တော် အိမ်ခြေ ယာခြေ မမဲ့ဖို့  ကြိုးစားနေရပါတယ် ။ အဖေ ကျောက်ကပ် ပျက်စီးလို့  ဆေးဖိုး တစ်လ ငါးသိန်းဝန်းကျင် ကုန်ကျ နေပါတယ် အကန့် သတ် မရှိပါဘူး အစိုးရ ကို အပြစ်တင်မိပါတယ် သို့ ပေမဲ့ လက်ရှိ မှာ သူများ အပြစ် ပြောဖို့ ထက် အဖေ အသက်ရှင်ရေး ပို အရေးကြီးပါတယ် အရင်ထက် နှစ်ဆ လောက် အလုပ် ပို လုပ်နေရပါတယ်
လူရော စိတ်ရော အပင် ပမ်းဆုံးအနေအထားပါ ဒါမျိုးလူတွေက မညည်းငြူပါပဲ ဘွဲ့ လက်မှတ် ကိုင် လ္ဘက်ရည်ဆိုင် ထိုင် ပြီး wi fi free နဲ့ အချိန်ကုန်ပြီး အစိုးရကို အပြစ်ထိုင်ပြော နေသူတွေကို ဆိုလို ချင်တာပါ ။ မှားတာ ရိုင်းတာပါရင် ခွင့်လွှတ်ပေးစေချင်ပါတယ်

ဒါတွေရဲ.နောက်ဆုံးမှာတော. Zaw Gani ရဲ. Comment နဲ.ပဲ အဆုံးသတ်ပါတော.မယ်. နှစ်ဦးနှစ်ဖက်လုံးကညီအစ်ကိုများခင်ကွန်တော်ဘာကောင်မှမဟုတ်ပါဘူးနိုင်ငံရေးကိုလဲဖြစ်ဖြစမြောက်နားမလည်ပါဘူးပြဿနာတစ်ခုမှာထွက်ပေါက်ဆိုတာရှိမှာပါဗျာတစ်ဖက်ကိုတစ်ဖက်တိုက်ခိုက်နေတာထွက်ပေါက်မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆမိပါတယ်တိုင်ပင်နှီးနှောတဲ့အနေနဲ့ပဲကျွန်တော်တိုညီအစ်ကိုတွေစကားပြောကြရအောင်ဗျာဘွဲ့ရပြီးအလုပ်အကိုင်မရှိတဲ့သူတွေထဲမှာတစ်ချို့မလုပ်လို့မရှိတာတစ်ချို့ကကျပြန်ျတာ့လုပ်သလောက်ခံစားပိုင်ခွင်မရတာအစဉ်မပြေတာလှော်ရင်းနစ်တယ်လို့ပြောကြပါစို့ဗျာဘွဲ့ဆိုတာကိုရယူခဲ့ရတဲ့အနေအထားကိုနောင်တို့သိပြီးသားပါအချိန်တွေငွေတွေအမိအဘတွေရဲ့ချွေးစက်တွေသွေးစက်တွေနဲ့လဲခဲ့ရတာပါဒီလိုအခက်အခဲကြားကယူခဲ့ရတဲ့ဘွဲ့ဟာလယ်ထွန်ဖို့ပဲပြုပ်ရောင်းဖို့ဆိုက်ကားနင်းဖို့မဟုတ်ပါဘူးဒါပေမယ့်လုပ်နေရတယ်
အမေအဖေဆေးဖိုးညီလေးညီမလေးတွေကျောင်းစရိတ်ဒါတွေလောက်ငှဖို့ပြေလည်ဖို့အာုးံးကိုလုပ်နေရတယ်အဲဒါအရည်အချင်းမရှိလိုမဟုတ်ဘူးထုတ်ပြလို့မရတာထုတ်ပြခွင့်မရှိတာ နိုင်ငံတစ်နိုင်ငံရဲ့မပြည့်စုံမှုဟာအစိုးရနဲ့တိုက်ရိုက်ပတ်သတ်သလိုပြည်သူတွေနဲ့လဲသက်ဆိုင်တယ်လို့ကျွန်တော်ထင်တယ်အလုပ်အကိုင်အခွင့်အလမ်းဆိုတာလဲအထက်ကချပေးအောက်ကကြိုးစားခွင့်ရမှာမဟုတ်လား ကွန်တော်ပြောချင်တာကနောင်တော်တို့နှစ်ဖက်လုံးကအမှန်တွေချည်းပါအမှန်တရားချင်းတိုက်ခိုက်နေရင်ကျွန်တော်တို့ရှေ့မရောက်နိင်ဘူးအမှန်တရားနှစ်ခုပူးပေါင်းလိုက်ရင် ဆိုတဲ့အတွေးသေချာပါတယ်ဗျာကွန်တော်တို့ညီအစ်ကိုတွေမိုးလင်းတော့မှာပါ
ဆဲလိုကဆဲနိုင်ကြပါတယ်နောင်တော်များခင်ဗျာဒါကျွနတော်သိသလောက်လေးဝင်ပြောမိခြင်းပါ ခွင့်လွတ်နိုင်ကြပါစေ
ဇော်ဂနီ




 သေချာတာတစ်ခုကတော. အားလုံးကိုယ်.တာဝန်ကိုယ်ကျေကြဖို.့ပဲ လိုတယ်လို.မြင်ပါတယ် … ကျောင်းသားတွေက ကိုယ်ကြုံ့တွေ.နေ၇တဲ့ စနစ်မှာ ကိုယ်.ကိုကိုယ်အားကိုးပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားနေရပါမယ်.. ဆရာ/ဆရာမတွေကလည်း ငွေကြေးထက် စေတနာကို ဦးစားပေးပြီး ရထားတဲ့အခြေအနေအတွင်းမှာ အကောင်းဆုံးဖြစ်အောင် သင်ကြားပေးနေရမှာပါ….ဘယ်စနစ်နဲ.သွားသင်.တယ်ဆိုတာက နိုင်ငံအပေါ်စေတနာထား တဲ. တကယ်.ပညာရှင်တွေက မဖြစ်မနေ ၀ိုင်းဝန်း လုပ်ဆောင်ရပါမယ်… နိုင်ငံတော်ကလည်း တကယ်ကျွမ်းကျင်သူတွေရဲ. အကြံပြုချက်အတိုင်း လိုအပ်တာတွေပြောင်းလဲသင်.ပါတယ်…. ခုတော. ပတ်ချာလည် လက်ညှိုးတွေ ထိုးနေရင်းနဲ.ပဲ.........

Ref ; Yaung Ni Oo , Nay Min Ko & Thit Thit Myint Saing @ Facebook