Saturday, December 28, 2013

စတုတ္ထမြောက် သူတို.သမီး (သို. ) သီရိဆွေ

Photo from mmlivingcolour


၂၀၁၄ နှစ်ဆန်းပိုင်းကတော. ဘယ်လိုတိုက်ဆိုင်မှုတွေ ရှိတာကြောင်.လဲ မသိပဲ နာမည်ကျော် အနုပညာရှင်အတော်များများ  (အထူးသဖြင်. အမျိုးသမီး အနုပညာရှင် အဆိုတော် များ ) ရဲ.မင်္ဂလာအခမ်းအနားတွေ  တန်းစီကျင်းပကြတယ် မသိပါဘူး ။ အရင်ဖော်ပြခဲ့ပြီးတဲ့ သက်မွန်မြင်. ၊ ၀ိုင်းစုခိုင်သိန်း ၊ မယ်လိုဒီတို.အပြင် ခု စတုတ္ထမြောက် သူတို.သမီးကတော. အဆိုတော် သိရိဆွေပါပဲ ။



သီချင်းကောင်းများစွာနဲ့ ပရိ သတ်ရင်ကို ဖမ်းစားနိုင်ခဲ့တဲ့သီရိဆွေ က ချစ်သူဖြစ်သူနဲ့ ရည်းစား သက်တမ်း ၆ နှစ်ကြာမှာ ထိမ်းမြားလက်ထပ်ကြ တော့မှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ မှာ မင်းကွန်းကျောင်းတိုက် မှာ မင်္ဂလာဦး ဆွမ်းကျွေး မှာဖြစ်ပြီး၊ ဇန်နဝါရီ ၁၉ ရက်နေ့ ဆီဒိုးနားဟိုတယ်မှာ ဘိသိက်မင်္ဂလာပြုလုပ်ပြီး ဇန်နဝါရီလ ၂ဝ ရက် နေ့မှာ ကန်တော်ကြီးပဲလေ့ခ် ဟိုတယ်မှာ Dinner  ကျင်းပပြုလုပ် သွားမှာဖြစ်ကြောင်း သိရပါတယ်။

သီရိတို့ ရည်းစားသက်တမ်း ၆ နှစ် ကြာမှ လက်ထပ်တာပါ။ သီရိတို့ နှစ်ယောက် ရည်းစားမဖြစ်ခင်ကတည်းက သူငယ်ချင်းလို့ ၅ နှစ်ကျော်ခင်ခဲ့တာ။ အရမ်းရင်းနှီးတဲ့ သူငယ် ချင်းတွေ ဖြစ်ပြီးမှ ရည်းစားဖြစ်သွားတာပါ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် လောက်ကတစ်နေ့မှာ စင်ကာပူကို သွားလည်ရင်းနဲ့ သူ့သူငယ် ချင်းတွေနဲ့ ခင်တယ်။ သူ့သူငယ် ချင်းတွေကလည်း သီရိ သူငယ်ချင်း တွေပဲ။ ပြီးမှ သူနဲ့ ခင်သွားတယ်။ သူက သီရိထက် ၁ နှစ်ခွဲငယ်တယ် ဟု ပြောပါတယ်။ ဆက်လက်ပြီး သီရိဆွေကတစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ယူထားပုံနဲ့ပတ်သက်ပြီးလည်း သူက သီရိကို ကန့်ကွက် တာ၊ ဝန်ဖန်တာ မရှိဘူး။ သူလည်း သူ့အလုပ်သူလုပ် တယ်။ သီရိလည်း သီရိအလုပ် သီရိ လုပ်တယ်။ အရမ်းကြီး ထွေထွေထူးထူး ညှိယူရတာ မရှိပါဘူး။ အနုပညာလောကမှာ အပြော အဆိုလေးတွေတော့ ရှိတာပေါ့။ အဲဒါ တွေကို သူ့ကို နားလည်အောင်ြေ ပာပြ ထားတယ် ဟု ပြောပါတယ်။


ဒါ.အပြင် သီရိဆွေရဲ. 

MYMC Interview Team နဲ. အင်တာဗျုးလေးကိုလည်း ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်
 

1မသီရိဆွေ မင်္ဂလာပါ။
မင်္ဂလာ ပါရှင်။

ကျွန်တော် ကတော့ MYMC online radio က သုညပါ။ အမကို ချစ်တဲ့ ပရိသတ် တွေအတွက် အမ အကြောင်းလေး နည်းနည်း သိချင်လို့ အင်တာဗျုးလေး စလိုက် ရအောင်နော်။
ဟုတ်ကဲ့။

ပထမ ဆုံးအနေနဲ့ အမရဲ့နာမည် အရင်းနဲ့ မွေးနေ့ ကိုပြောပြ ပေးပါလား။
နာမည် အရင်းကလဲ သီရိဆွေ ပါပဲ။ မွေးနေ့ ကတော့  ၂၀ ရက် ၇ လ ၁၉၈၄ ပါ။

အမကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်တဲ့နာမည်ပဲဖြစ်ဖြစ်၊ အိမ်ခေါ်နာမည်ပဲဖြစ်ဖြစ် ရှိရင်လဲ ပြောပြပေးပါဦး။
သူငယ်ချင်းတွေကတော့ မျိုးစုံခေါ်ပါတယ်။ သီရိလို့ ခေါ်တဲ့သူကတော့ အများဆုံးပေါ့နော်။ ဒါပေမယ့်လို့ ကိုယ့်နာမည်ကို ဖျက်ပြီးတော့မှခေါ်နေကြ  အဲဒီ့ ကိုစိုင်းစိုင်းတို့အုပ်စု ဆိုရင်တော့ ဘာမှန်းမသိတဲ့ ဆွီ ဆိုတဲ့ နာမည်တစ်ခွန်းကို ခေါ်ပါတယ်။

အနုပညာလောကထဲကို အမဘယ်အချိန်လောက်ကစပြီး ၀င်ရောက်လာလဲဆိုတာနဲ့ ဘယ်လိုဝင်ရောက်လာတယ်ဆိုတာကို ပြောပြပေးပါဦး။
အဲ.. ပြီးခဲ့တဲ့ ငါးနှစ်ခြောက်နှစ်လောက်ကပေါ့။ မောင်တို့ချယ်ရီမြေ ဆိုတဲ့အခွေ။ အဲဒီအခွေကနေ စပြီးဝင်လာတာပါ။

အမ လေးစားအတုယူရတဲ့ ပြည်တွင်းပြည်ပ အနုပညာရှင်ရှိရင်လဲ ဘယ်သူတွေလဲဆိုတာနဲ့ ဘာကြောင့် အတုယူရတာလဲ ဆိုတာကိုလဲ ပြောပြပါဦး။
အင်း.. ပြည်တွင်းပြည်ပ အနုပညာရှင် ဆိုရင်တော့ ပြည်ပက အနုပညာရှင်တွေကတော့ တစ်ယောက်ချင်းစီ သူတို့ရဲ့ quality ပေါ့နော်။ သူတို့မျိုးစုံ သူတို့ personality ကြိုက်တာလဲရှိတယ်။ သူတို့ရဲ့ဟို art form  ကြိုက်တာလဲရှိပါတယ်။ အဲဒီထဲမှာမှ အကြိုက်ဆုံး အနှစ်သက်ဆုံး  vocalist အနေနဲ့ အနှစ်သက်ဆုံး သူတွေကတော့ Christina Aguilera နဲ့ Alicia Keys တို့ပါ။ သူတို့နှစ်ယောက်ကိုတော့ စွဲစွဲလန်းလန်းကြီးကို နှစ်သက်ရပါတယ်။
2
အမမှာ အနုပညာမျိုးရိုးရော ရှိသလား။ ဒါမှမဟုတ် ဂီတ လောကထဲကို အမကိုယ်တိုင် ၀ါသနာပါလို့ ၀င်လာတာလား။ ၀ါသနာ အရင်းခံပြီး ၀င်လာတာပါ။ ဟို.. ဘယ်လို ပြောရမလဲ။ အနုပညာ မျိုးရိုးဆိုရင်တော့ သီရိအဖေက အရင်တုံးက Playboy Band မှာ ဂစ်တာ တီးပါတယ်။ ဦးကျော်မင်းပါ။ သီရိ မောင် အငယ်ကတော့ အခု လောလောဆယ်တော့ သူတို့ Idot  ဆိုတဲ့ Band လေးဖွဲ့ပြီးတော့မှ သူတို့တီးနေပါတယ်။  သူက guitarist ပါပဲ။

အမရဲ့ တစ်ကိုယ်တော်အခွေလဲ ဘယ်တော့လောက် ထွက်မလဲ ဆိုတာ သိပါရစေ။
အင်း.. တစ်ကိုယ်တော် အခွေက အားလုံးနီးပါး ပြီးသွားပြီဆိုတဲ့ သဘောပေါ့နော်။ အဲဒီတော့ အခု ဒီ mixing ပြီးတဲ့အချိန် January မှာထွက်မှာပေါ့နော်။

အမရဲ့ ပထမဆုံး ရှိုး အတွေ့အကြုံလေးကိုလဲ ပြောပြပေးပါဦး။
အဲ ပထမဆုံး ကလဲ အင်း.. ပထမဆုံး ရှိုးကလဲ အဲဒီ မောင်တို့ချယ်ရီမြေ ရိုက်တဲ့ မေမြို့မှာပါပဲ။ အဲဒီတုံးက အဲ.. သီရိအနေနဲ့ကြတော့လဲ စင်ပေါ်မှာ ဟို  ဆုယူ ဆုပေးပွဲလောက်ကလွဲလို့ စင်ပေါ်တစ်ခါမှလဲ မတက်ဖူးဘူးပေါ့။  အဲဒါနဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ နယ်မှာစဆိုတယ်။ ပရိသတ်တွေနဲ့ ပထမဆုံးထိတွေ့ရတယ်။ တစ်ယောက်တည်းလဲ ဆိုရတယ်ဆိုတော့  ဖြစ်ချင်တိုင်းကိုဖြစ်ခဲ့တာပေါ့နော်။
3အမဂီတလောကထဲကို စစ၀င်ဝင်ချင်း ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိရင်လဲ ပြောပြ ပေးပါဦး။ အခက်အခဲရယ်လို့ ဆိုတာကတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီဂီတလောကမှ မဟုတ်ပါဘူး။ ဘယ် အလုပ်ပဲဖြစ်ဖြစ် အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာ ကြုံရမှာပါပဲ။ ထူးထူးခြားခြား ပြောရမယ့် အခက်အခဲလေးတွေတော့ မရှိပါဘူး။ ဒီလိုပဲ ဖြတ်သန်းခဲ့ရတာပါပဲ။ အမအနေနဲ့ အနုပညာအပြင် တခြားလုပ်ငန်းတွေရော လုပ်ဖို့အစီအစဉ်ရှိသေးလား။
အင်း......ရှိပါတယ်။

အမ အ၀တ်အစား ၀တ်တဲ့နေရာမှာ ဒီဇိုင်းခပ်ဆန်းဆန်းလေးတွေနဲ့ ကိုယ်နဲ့လိုက်အောင် ၀တ်တတ်တယ်နော်။ အဲဒါ အမကိုယ်တိုင်ရွေးချယ်ပြီး ၀တ်တာလား။ ဒါမှမဟုတ် Designer သက်သက်ရှိလား။
Designer တွေနဲ့လဲ တိုင်ပင်ပြီးတော့မှ စီစဉ်ဖြစ်ပါတယ်။ ကိုကိုယ်တိုင်လဲ ခေါင်းထဲမှာ ကိုယ်ပေါ်ရင် ပေါ်လာသလိုမျိုး စဉ်းစားပြီးလုပ်ဖြစ်ပါတယ်။ အခုဆို နိုင်ငံကျော် အနုပညာသမားတစ်ယောက် ဖြစ်လာတဲ့အခါကျတော့ သာမန် အရပ်သူဘ၀ကို ပြန်တမ်းတမိသေးလား။ ဆုံးရှုံး သွားတာတွေရှိတယ်ဆိုရင် ဘယ်အရာကို ပြန်လိုချင်လဲ အမ။
အစကတည်းက ဟို ဖြစ်ချင်တယ်၊ လုပ်ချင်တယ်ဆိုတဲ့ အရွယ်ငယ်ငယ်လေးမှာ လုပ်ခဲ့တာ မဟုတ်ဘဲနဲ့ ဘွဲ့ရပြီးတဲ့ အချိန်လောက်မှ လုပ်ခဲ့တာဆိုတော့ ဒီဖြစ်မယ့် pros and cons ပေါ့နော်။ ဖြစ်လာလောက်မယ့် ကောင်းတာဆိုးတာတွေကို နဂိုကတည်းက ကြိုတွေးထားပါတယ်။ အဲ အနည်းနဲ့ အများတော့လဲ နည်းနည်းကျဉ်းကျပ်သွားမယ် ဆိုတာကလဲ အစကတည်းက ကြိပြီးမျှော်လင့်ပြီးသားပါ။ အဲဒါကြောင့် ဟိုအရမ်းထွေထွေထူးထူး ခံစားရတာမျိုးလဲ မရှိပါဘူး။

အမအခု လက်ရှိရောက်နေတဲ့ အောင်မြင်မှုအတိုင်းအတာကိုရော ကျေနပ်မှုရှိရဲ့လား။
အင်း.......... အောင်မြင်မှုအတိုင်းအတာ ဆိုတာထက်ကို ကိုယ်ဘာဆက်လုပ်ရမလဲ ဆိုတဲ့ဟာနဲ့ ကိုယ်လုပ်တဲ့အလုပ်တွေပေါ် မကျေမနပ် ဖြစ်နေတာလေးတွေ အားမရတာလေးတွေပဲရှိပါတယ်။ အခုဆိုရင် တစ်ကိုယ်တော်အခွေကို ပြီးအောင်လုပ်ချင်တယ်။ တစ်ကိုယ်တော် အခွေပြီးလာတဲ့အခါကျရင်လဲ နောက်တစ်ခွေအတွက် ဆက်တည်ထားတာလေးတွေရှိတော့ နောက်တစ်ခွေအတွက်လဲ ပိုကောင်းအောင် ကိုယ်နောက်ထပ်ပုံစံလေး မတူအောင် ကိုယ်ဘယ်လိုလုပ်ရင်ကောင်းမလဲ အဲလိုမျိုးစဉ်းစားနေတာမျိုးလောက်ပဲ ရှိပါတယ်။
 

 4အမက အနုပညာသမားတစ်ယောက် အနေနဲ့ဆိုတော့ ကောလဟာလ တွေကြုံရမှာပဲလေ။ အမ အနေနဲ့ ဘယ်လိုခံယူပြီးတော့ ဖြေရှင်းလဲမသိဘူး။
ကိုယ်ချင်းစာတဲ့စိတ် နည်းပါးတဲ့သူတွေ အတွက်ကတော့ ဒီလိုမျိုးမြင်လိုက်၊ ကြားလိုက်၊ သိလိုက် ရတာတစ်ခုကို မှန်လား မမှန်လား ကျိုးကြောင်း ဆင်ခြင်ခြင်းမရှိဘဲနဲ့ ရေးကြတယ် ပေါ့နော်။ ဒါမှမဟုတ်လဲ အွန်လိုင်းမှာတင်တယ်။ အဲဒါမျိုးတွေ ဖြစ်တဲ့အခါကျရင်တော့ မှန်နေရင်တောင်မှ နားဝင်ခံခက်တဲ့ ကိစ္စလေးတွေရှိပါတယ်။ မဟုတ်ဘဲနဲ့ အရေးခံရတယ်။ မဟုတ်ဘဲနဲ့ အပြောခံရတယ်ဆိုရင်တော့ ဘယ်လောက်ခံစားရမလဲဆိုတာ သူ့အတိုင်းအတာ အမျိုးမျိုး ကွာခြားသွားမယ်ထင်ပါတယ်။
အမရှေ့ဆက်ပြီးတော့ ဘာတွေဆက်လုပ်ဖို့ ရှိတယ်ဆိုတာလဲ ပြောပြပေးပါဦး။
အင်း ..ရှေ့ဆက်ပြီးတော့ အခုလောလောဆယ်တော့ အနီးကပ်ပေါ့။ goal ကတော့ အခု လောလောဆယ် အဲဒီ တစ်ကိုယ်တော်အခွေလေး ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ အဲဒီ အခွေလေး ထွက်လာရင်တော့ ပရိသတ်တွေကို အချိန်ပေးပြီး နားဆင်ပေးစေချင်ပါတယ်။
အမက အနုပညာလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ပညာရေးဘက်မှာရော ဘာလုပ်နေသေးလဲ။
ပညာရေးဘက်မှာတော့ အခု ဟို Master လုပ်နေပါတယ်။ ပြီးသလောက်ပါပဲ။

အခုအချိန်မှာ အမသာ အနုပညာရှင် တစ်ယောက်ဖြစ်မနေဘူးဆိုရင် အမ ဘာလုပ်နေမယ်လို့ထင်လဲ။
အလုပ်အနေနဲ့ဆိုရင်တော့ ဘ၀ဆိုတာ ဘာမှပြောနိုင်တဲ့ အနေအထားမရှိတဲ့အတွက် ဟိုခန့်မှန်းယုံလောက်ပဲပေါ့နော်။ ဟိုဒါပေမယ့် ကိုယ့်ကိုကိုယ်ဘာဖြစ်မယ်ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး။ ဒီပညာရေးဘက်နဲ့ နှီးနွယ်တဲ့ကိစ္စမျိုးတွေပဲ လုပ်ဖြစ်နေမယ်ထင်ပါတယ်။ ဒီသီချင်းဆိုတဲ့အလုပ်ကတော့ အဆိုတော်ဖြစ်လာခြင်း ဖြစ်မလာခြင်းပဲ ကွာခြားသွားမှာပါ။ အိမ်မှာပဲ ဟိုး ငယ်ငယ်ကလေးတည်းက သိတတ်တဲ့အရွယ်ကတည်းက ဆိုနေတဲ့အတိုင်းပဲ ဆိုဖြစ်သွားမှာပါ။

အမသီချင်းတွေကိုလဲ ကိုယ်တိုင်ရေးတယ်နော်။ ဘယ်လိုခံစားချက်မျိုးနဲ့ ရေးလေ့ရှိလဲမသိဘူး။
ကိုယ်တိုင်ခံစားချက် ကိုယ်ပိုင်ခံစားချက်လဲ ဖြစ်ချင်မှဖြစ်မှာပေါ့နော်။ သူငယ်ချင်းတွေ မိတ်ဆွေတွေ နောက် သီရိ များသောအားဖြင့် သီချင်းရေးတယ်ဆိုရင် စာအုပ်လေးတွေ အဲလို  ရုပ်ရှင်တွေ ကြည့်ပြီးတဲ့အချိန်မှာ ဖြစ်လာတဲ့  Inspiration အဲဒီ Mood လေးတွေကို မူတည်ပြီး ရေးဖြစ်တာများပါတယ်။ အဲဒီအချိန်တွေဆိုရင်တော့ စကားလုံးလေးတွေလည်း ထွက်တတ်ပါတယ်။
5 

အမအနေနဲ့ ရုပ်ရှင်တွေ ကြော်ငြာတွေရိုက်ဖို့ရော အစီအစဉ်ရှိသေးလား။
အမ်း... နည်းပါတယ်။ ဟိုကြော်ငြာလောက်ကတော့ သိပ်ခက်ခက်ခဲခဲ မဟုတ်တာဆိုရင်တော့ အကူအညီတောင်းတာလေးတွေ ဆိုရင်တော့ ကြိုးစားပမ်းစား လုပ်ပေးသွားပါတယ်။  လုပ်သွားဖို့လဲ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကတော့ ဟိုမဖြစ်နိုင်လောက်ပါဘူး။

အမဆီမှာ ဟိုရည်ရွယ်ထားတဲ့ ချစ်သူရောရှိပြီလား။ ဘယ်လိုလူမျိုးကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်မယ်လို့ စိတ်ကူးထားလဲ။
အဲ... ကိုယ်ချင်းစာစိတ်ရှိတဲ့ လူမျိုးပေါ့နော်။ ပြီးတော့ ကိုယ့်ကိုလာလုပ်ရင် ကိုယ်ကမကြိုက်ဘူး။ အဲဒါကြောင့် ငါလည်း သူများကို ဒါမျိုးမလုပ်ဘူးပေါ့။ အဲလို ကိုယ်ချင်းစာစိတ် ရှိတဲ့လူ၊ ဆင်ခြင်တုံတရား ရှိတဲ့လူ။ နောက်ပြီးတော့ အဓိကကတော့ စိတ်သဘောထား မျှမျှတတရှိတဲ့ လူမျိုးပေါ့နော်။ အဲဒါမျိုးကိုပဲ လက်တွဲသွားဖို့ အစီအစဉ်ရှိပါတယ်။

ပြည်တွင်းပြည်ပက ပရိသတ်တွေအတွက် အမကို ဆက်သွယ်လို့ရမယ့်  အီးမေးလ် ၊ facebook တို့ ၀က်ဘ်ဆိုဒ်တို့ရှိရင်လဲ ပြောပြပေးပါဦး။
အီးမေးလ်က thireetthiri@gmail.com။ အဲဒီကနေ သီရိကို ဆက်သွယ်လို့ရပါတယ်။ facebook ရှိပါတယ်။ facebook မှာကကျတော့ ဟို ..အဲဒီ  .. fanclub သဘောမျိုး လုပ်ထားလေးရှိပါတယ်။ အဲဒီမှာ ပရိသတ်တွေ အကုန်လုံး သီရိကို အဲဒီမှာ သီရိ လတ်တလော အကြောင်းအရာလေးတွေကို တတ်နိုင်သမျှ recently  updated ဖြစ်အောင် လုပ်ပေးနေပါတယ်။

Myanmar Youth Media Club လိုမျိုး Online Radio တွေ Online Media တွေကို အမအနေနဲ့ ဘယ်လိုမြင်လဲမသိဘူး။
နောက်ထပ် media form တစ်မျိုးပေါ့နော်။ ပရိသတ်တွေကို ရင်းရင်းနှီးနှီး ရှိသွားစေတဲ့ နေရာလေးလို့ မြင်ပါတယ်။

နောက်ဆုံးအနေနဲ့ အမကိုချစ်တဲ့ ပရိသတ်ကို စကားလက်ဆောင်လေး ပြောပေးပါဦး။
အားလုံးခု 2011 ပေါ့။ အဲဒီနှစ်သစ်မှာ အလုပ်အကိုင်တွေအားလုံး ပြီးမြောက်အောင်မြင်တဲ့ အလုပ်အကိုင်တွေ အားလုံးဖြစ်ပါစေလို့။ ပြီးတော့ ကျန်းကျန်းမာမာနဲ့ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်လို့။ သီရိရဲ့ အခွေလေးထွက်လာတဲ့ အခါကျရင်လဲ နားထောင်ပေးပါဦးလို့။

အခုလိုမျိုး အနုပညာလုပ်ငန်းတွေနဲ့ မအားလပ်တဲ့ကြားကနေ အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် MYMC မိသားစု တစ်ခုလုံး ကိုယ်စား အမကို အရမ်းပဲကျေးဇူးတင်ပါတယ်။
သီရိကလဲ အခုလိုဖြေရတဲ့အတွက် ၀မ်းသာပါတယ်။



MYMC Interview Team
Interviewer | Thone Nya (MYMC MOB)
Write Up/Questions |  illusion, ^AnGeL^
Special Thanks | Thiri (Bambino), Momo Maung (MYMC MOB)
Audio | ^AnGeL^
Management | Mahuyar

အင်တာဗျူးကိုအသံနဲ့နားထောင်ချင်တယ်ဆိုရင်တော့...

  
Ref ; Popular Myanmar News & MYMClub 

ဆက်စပ်ဖတ်ရှု၇န်.... ၂၀၁၄ အတွက် တတိယမြောက် သတို.သမီး ( သို. ) သူမ နှင်. သူမ၏ ကို

Friday, December 27, 2013

Heaven Gate , မွန်စစ်သူကြီး နှင်. တပို.တွဲညများ


ယမန်နှစ်က တပို.တွဲလ တရားပွဲ

  ဤနိုင်ငံသည်ကား ထေရ၀ါဒ ထွန်းကားရာနိုင်ငံမို. နေရာအတော်များများတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများကျင်းပ၇န် ဓမ္မာရုံ များရှိတတ်ကြသည် ။အချို.ရပ်ကွက်အလိုက် ၊အချို.မြို.နယ်အလိုက် သို.သော် ရန်ကုန်လို အရှေ.တောင်အာရှ၏ ဈေးအမြင်.ဆုံးမြေနေရာ( မြို.လည်ကောင်မြေကွက်များဆိုလျှင် အမေရိကန်မြို.ကြီးများထက်ပင် နှာတစ်ဖျား သာချင်ချင် ) ဒေသများတွင်တော. နေရာခပ်ကျဉ်းကျဉ်း ဓမ္မာရုံ များကို အကျယ်အ၀န်းတိုးချဲ.ဖို. ၊ အရေအတွက် တိုးချဲ.ဖို.တို.ထက် ရှိပြီးသားနေရာများတွင် ကျားကန်ရပ်တည်နေရသော သဘောရှိသည် ။

ဘာသာရေးဆိုင်ရာအခမ်းအနားများတွင် နာမည်ကျော်ဆရာတော်များ ပါလျှင် ပါသလို နေရာအကျယ်အ၀န်းများစွာလိုသော တရားပွဲများတွင်တော. ထိုဓမ္မာရုံများ ၏ Capicity နှင်. ဘယ်လိုမျှ သဟဇာတမဖြစ်တော. ။ မြို.သစ်လို ၊ဆင်ဖြေဖုံး လိုနေရာများတွင်တော.မြေကွက်လပ်ကျယ်များ ရှိတတ်သော်လည်း မြို.တွင်းပွဲများတွင်တော. လမ်းများကို တစ်ဖက်ပိတ်၍ ၊ တစ်ခြမ်းပိတ်၍ လုပ်ကြရတော.သည် ။ ရန်ကုန်လိုမြို.များတွင် ကျယ်ဝန်းသော ဓမ္မာရုံ အများစုက ရွှေတိဂုံ ဘုရား ပတ်ဝန်းကျင်တွင်သာ ၀န်းရံတည်ရှိနေပြီး တရားပွဲများအတွက် သီးသန်.တည်ဆောက်ထားသလို တစ်နှစ်လုံးနီးပါး တရားပွဲမပြတ် ရှိနေတတ်သော ဓမ္မာရုံ ဟူ၍ မြောက်ဥက္ကလာထိပ် လမ်းဝမှတ်တိုင် ( န၀ဒေးရုပ်ရှင်ရုံ ဘေး.လမ်းခြားလျှက် ) ရှိ ဇဗ္မူသီရိ ဗိမာန်တော် တစ်ခုသာရှိသည် ။

တံတားလေး လမ်းဝ သာသနာ.ဗိမ္မာန်တော်
  မြို.လေးတွင် လည်း မြေကွက်လပ်များ ၊ မြေကွက်ကျယ်များ ရှိသော်လည်း သူ.သတ်မှတ်ချက်နှင်.သူ ၊အနောက်ပိုင်း ဘောလုံးကွင်းဆိုလျှင် ဘောလုံးကန်ခြင်း ၊ Stage Show ပွဲများပြုလုပ်ခြင်း ၊ဟိုးယခင်က ၀ါဒဖြန်.ချိရေး ရုပ်ရှင်များ ပိတ်ကားထောင်ပြသခြင်း ။ ယခုမရှိတော.ပြီဖြစ်သော ကျောက်တိုင်ကွင်း ၊မီးသတ်ရုံကွင်းတို.ဆိုလျှင် ဇာတ်ပွဲ ၊ Stage Show များကသောကွင်း ၊ ဆေးရုံရှေ.ကွင်းဆိုလျှင် ဦးရှင်ကြီးပွဲ ၊ တရုပ်ပွဲ များ ကရာကွင်း စသည်ဖြင်. သတ်မှတ်ပြုလုပ်ကြသည် ။

ထိုမြေကွက်လပ်များအနက် ဧရာဝတီ သဘောင်္ဆိပ်နှင်. ရှစ်မျက်နှာ ဘုရားအကြား ကွက်လပ်ကား ယခင်ကဘောလုံးအားကစား လေ.ကျင်.ရာ အဖြစ်သုံးကြ့ပီး တရားပွဲများကျင်းပရာ အဓိကနေရာအဖြစ် သတ်မှတ်ကြသည် ။ နှစ်စဉ် တပို.တွဲလခန်.တွင် တရားပွဲကျင်းပနေကျနေရာ ဖြစ်သည် .။ တရားပွဲရာသီိဆိုလျှင် ကြူဖျာများမိုး ၊ခင်းပြီး ယာယီတရားပွဲရုံဆောက်ကာ စည်စည်ကားကားကျင်းပနေမြဲဖြစ်သည် ။ယခင်က ဧရာဝတီ သင်္ဘောများကာ အဓိကထားသွားလာနေကြရသလို သင်္ဘောများကလည်း ညဘက်မှရှိသဖြင်. ညတိုင်းစည်ကားနေတတ်သော ထိုနေရာတွင် ကျင်းပသော တရားပွဲမို. အချို.ဆို သင်္ဘောစောင်.ရင်း တရားနာကြသည် ။ နာမည်ကျော် ဆရာတော်များဆိုလျှင် (ထိုစဉ်ကတော. ၀ါးခယ်မဇာတိ ကြာညိုကန်-ခုနောက်ပိုင်းကြာနီကန် ဆရာတော်လို မျိုး) လမ်းမပေါ်တွင်ပါ လူများပြည်.ကြပ်နေတတ်သည် ။


 ထို.နေရာတွင် တရားပွဲမှလွဲ၍ မဏ္ဍပ်ထိုး ခဲ့ခြင်းမျိုးဆိုလျှင် ၁၉၈၆  ခုနှစ် မတ်လ က ၀ါးခယ်မတစ်ဖက်ကမ်း တရုပ်တန်း ရပ်ကွက်တွင် ကျင်းပသော ပြည်သူ.စစ်အောင်ပွဲ ကျင်းပခိုက် စစ်သားများ ၊လက်နက်ပစ္စည်းများ အပြည်.နေကြခြင်းမျိုးသာရှိသည် ။ထိုစဉ်က တကယ်.သေနတ်အစစ်များကို ရာနှင်.ချီ၍ ပထမဆုံးတွေ.ဖူးခြင်းဖြစ်သည် ။ G3 ဟုခေါ်ကြသော BA-63 ၊ကာဘိုင်၊ .303ရိုင်ဖယ်၊ဟိုးးယခင်ကတည်းက ပင်သုံးစွဲကြသောဗထက်ချိုင်.ဟုခေါ်သော ပြောင်းကျယ်သေနတ်များ ၊ နေ၀င်းစတင်း (သို.) စတင်းဂန်းဟုခေါ်ကြသော BA-52သေနတ် ၊ လောင်ချာများ ၊မော်တာများ..စက်လတ်များ  စသည်တို.အပြင် ကုန်းပေါ်တင်ထားသော ဂျွန်ဆင်ဟုခေါ်ကြသည်. အမြန်ပြေး အပေါ.စား ရေယာဉ်ငယ်အခွံများ ၊ အလုံးလိုက်ဖြုတ်ချိတ်ထားသော ပန်ကာ၃လုံးနှင်. ဂျွန်ဆင် အင်ဂျင်များ ကို ထိုနေရာတွင် တစ်ပြုံတည်း တွေ.ဖူးခြင်းပင် ။

( Photo by Ashin Zawana )

 ထိုကွက်လပ်ဘေးရှိ ရှစ်မျက်နှာစေတီတော်မြတ်သည် ကောဇာဿက္ကရာဇ် ၁၂၅၅ ခုနှစ် ( ခရစ်နှစ် ၁၈၉၀-၉၁ ခန်.) တွင်မြို.သို.ရောက်ရှိသော မွန်စစ်သူကြီး က ၀ါးခယ်မမြို.မြစ်ကမ်းဘေး (ယခုဈေးဦးဘုန်းတော်ကြီးကျောင်း နား) တွင် ကိုးတောင်ပြည်.စေတီတော် တစ်ဆူအဖြစ် စတင် တည်ထားခဲ့ခြင်းဖြစ်သည် ။ထိုမှနေ၍ နှစ်ကာလကြာမြင်.သောအခါ မြစ်ကမ်းပါးများပြိုကျပြီး စေတီတော်ပါ ထိခိုက်ပြိုပျက်ရန်အခြေအနေမျိုးကြုံ လာရသဖြင်. ဘုရားဒါယကာ ဦးဘိုးသက် နှင်. မြို.မိ မြို.ဖများ တိုင်ပင်ပြီး ယခုတည်ထားသော ကမ်းနားလမ်း မင်းပိုင်း ရပ်ကွက်သို.ပြောင်းရွှေ.တည်ထားခဲ့ခြင်းဖြစ်သည် ။ တရားပွဲကျင်းပလျှင် တရားဟော ဆရာတော်များသည် များသောအားဖြင်. ဤ ရှစ်မျက်နှာ စေတီတော် အတွင်းသာ အနားယူကြပြီး (ထိုစဉ်က နာမည်ကျော် ) ဒေါ်ကျင်စော ၏ တရားတောင်း ပင်.ဖိတ်လွှာ ရွတ်ဆိုပြီးမှသာ တရားဟော ပလ္လင်ထက် ကြွရောက်ကြမြဲဖြစ်သည် ။

ယမန်နှစ်က တပို.တွဲလ တရားပွဲကာလ


ထိုမှနေ၍ အခြားသော မြို.များတွင် တည်ရှိသကဲ့သို. ခန်.ထည်သော တရားဟော ဓမ္မာရုံ (သို.) သာသနာ. ဗိမ္မာန်တော် တစ်ခုဖြစ်တည်လာစေရန် ၀ိုင်းဝန်းကြိုးပမ်း အားထုတ်ကြရင်း မြန်မာသက္ကရာဇ် ၁၃၆၂ ခုနှစ် ပြာသိုလဆန်း ၁၁ ရက် (၄-၁-၂၀၀၁ ) နေ.တွင် စတင်၍ ပန္နက်တော်တင် အခမ်းအနား ပြုလုပ်နိုင်ခဲ့သည် ။ အလျှား ပေ ၈၀ အနံ ပေ၄၀ သံကူကွန်ကရစ် (အပေါ်ပိုင်း Steel Structure ) ဖြင်. ၁၃၆၄ ပြာသိုလပြည်.ကျော် ၁၁ ရက် ( ၂၈-၁-၂၀၀၃ ) နေ.တွင် အပြီးတည်ဆောက်နိုင်ခဲ့ပြီး ကုန်ကျစရိတ် သိန်း ၂၃၀ ကုန်ကျခဲ့ပါသည် ။ ၁၇ ရက် ၂ လ ၂၀၁၃ ရက်နေ.တွင်မူ( ထိုစဉ်ကတိုင်းမှုး ) ဗိုလ်ချုပ်ဋ္ဌေးဦး လာရောက်ဖွင်.လှစ်ပေးခဲ့ခြင်းဖြစ်ပါသည် ။

မွေးရပ်မြေ ကျေးဇူးဆပ် ဓမ္မသဘင် ( Photo by Ashin Zawana )


ထိုသာသနာ.ဗိမ္မာန်အတွင်း ပုံမှန်ပြုလုပ်နေကျ နှစ်စဉ် တရားပွဲများအပြင် ရံဖန်ရံခါ ကျင်းပသော တရားပွဲများလည်း ပြုလုပ်ပါသည် ။ပြီးခဲ့သော

ကို ဒီဇင်ဘာ ၂၂ မှ ၂၆ ရက် အထိ ၅ ရက်ကြာ တရားပွဲတစ်ခုကျင်းပခဲ့ပါသည် ။ တရားပွဲအလှုရှင်အဖြစ်
ကွယ်လွန်သူ ဦးချွန်စိန် အားရည်စူး၍ဒေါ်ညွန်.ရင် နှင်. ကျန်ရစ်သူမိသားစုများက မတည်ကျင်းပသော မွေးရပ်မြေ ကျေးဇူးဆပ် ဓမ္မသဘင် တွင် ရွာလယ်ကျောင်းသစ်ဆရာတော် ၊ မြောင်းမြ ရိုးကူးရပ် ပညာဇေယျုံကျောင်းဆရာတော်  နှင်. ၀ါးခယ်မ ဆရာတော် (ဇီးကျွန်း- ဆရာတော် )တို.က တရားဒေသနာတော်များဟောကြားပြသ ဆုံး ခဲ့ပြီး  ထိုတရားပွဲ သည်လည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ .နှစ်စဉ်ကျင်းပမြဲဖြစ်သော ရက်ရှည် တရားပွဲများကတော. လာမည်. တပို.တွဲလဆန်း ၉ ရက်တွင် စတင်ကျင်းပတော.မည်ဖြစ်ပါသည် ။ 

 
မွေးရပ်မြေ ကျေးဇူးဆပ် ဓမ္မသဘင် ( Photo by Ashin Zawana )
 
မြို.လေးတွင် အဆောက်အဦးများစွာ ရှိနေပါသည် ။ထိုနေရာများစွာတို.အနက် နိဗ္မာန် သွားရာ Entrance to Heaven များထည်.သွင်းတည်ဆောက်ထားသော အဆောက်အဦးများလည်း ရှိပါသည် ။ ဤ သာသနာ. ဗိမ္မာန်တော်သည်လည်း Gate of The Heaven ပါဝင်သော အဆောက်အဦးတစ်ခုဖြစ်ပါသည် ။