ဖြားျမင္ေတာ္မူျခင္း
ဆရာေတာ္ဘုရားကို ဧရာဝတီတိုင္း၊ဇလြန္ၿမိဳ႕နယ္၊ေညာင္ပင္သာရြာမွာ ခမည္းေတာ္ ဦးဘေဖ ၊မယ္ေတာ္ ေဒၚစိန္ တို႔မွ (၁၈.၂.၁၉၃၉) ၊ ၁၃၀၀ျပည့္ႏွစ္၊တေပါင္းလဆန္း ၁ ရက္ေန႔မွာ စတုတၳ ေျမာက္သားရတနာအျဖစ္ ဖြားျမင္ခဲ့ပါတယ္ ..
႐ွင္၊ ရဟန္းအျဖစ္သို႔ ေရာက္႐ွိေတာ္မူျခင္း
ဆရာေတာ္ ေလာင္းလ်ာဟာ (၆) ႏွစ္သားအရြယ္တြင္၁ ႀကိမ္ ၊ (၁၅) ႏွစ္သားအရြယ္တြင္ ၁ ႀကိမ္႐ွင္သာမေဏ အျဖစ္သို႔ ေရာက္႐ွိေတာ္မူခဲ့ၿပီးဘြဲ႔ေတာ္မွာ ႐ွင္တိေလာက ျဖစ္ပါတယ္ ..သက္ေတာ္ (၂၀) အရြယ္တြင္
၁၃၂၀ ခုႏွစ္ ၊ ကဆုန္လဆန္း ၁၀ ရက္ေန႔မွာေညာင္ပင္သာေက်ာင္း ၊ ခ႑သိမ္ေတာ္၌ျမင့္ျမတ္ေသာ ရဟန္း အျဖစ္သို႔ ေရာက္႐ွိေတာ္မူခဲ့ပါတယ္
စာေပ၊ ပရိယတၱိ သင္ၾကားဆည္းေလ့လာျခင္း
၂၀၁၆ ဧၿပီ ၄ ရက္ က ရြာမ ေက်ာင္းတိုက္သို. လာေရာက္ေတြ.ဆံုစဥ္ ( Photo Credit to ဧရာ၀တီ ) |
ဆရာေတာ္ေလာင္းလ်ာဟာ ေညာင္ပင္သာ၊ရြာဦးေက်ာင္းဆရာေတာ္ ႏွင့္ ေညာင္ဦးၿမိဳ႕နယ္ ၊ကံႀကိးကုန္း ရြာေတာင္ေက်ာင္းဆရာေတာ္ ဦးဝါသဝ၊ဦးေတဇနိယ တို႔ထံတြင္ ပဋကတ္အေျခခံက်မ္းစာမ်ားကိုသင္ယူဆည္းပူးေတာ္မူခဲ့ၿပီး ျမင္းျခံၿမိဳ႕ ၊ ကိုးေဆာင္တိုက္ဆရာေတာ္အဘိဓဇ အဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ
သဒၶမၼေဇာတိကတဇ၊ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ဥကၠဌ ဘဒၵႏၱေသာပိတ ထံမွ အစိုးရ ဓမၼာစရိယ
ၿပီးသည့္တိုင္ေအာင္ (၉) ႏွစ္ခန္႔ ပိဋကတ္က်မ္းစာမ်ားကိုသင္ယူဆည္းေပၚေတာ္ မူခဲ့ပါတယ္ ..
ထို႔ေနာက္မွ မႏၱေလးၿမိဳ႕ ၊ခ်မ္းသာႀကီးတိုက္၊ေညာင္ကန္တိုက္ ၊ ရန္ကုန္ၿမိဳ ့၊ ေျခာက္ထပ္ႀကီးတိုက္တို႔တြင္
လွည့္လည္သတင္းသံုးလ်က္စာခ်အေက်ာ္၊ဆရာေတာ္မ်ားထံမွပရိယတၱိစာေပမ်ားေလ့လာသင္ယူခဲ့ပါတယ္
ေအာင္ျမင္ေတာ္မူခဲ့ေသာ စာေမးပြဲမ်ား
ႏိုင္ငံေတာ္အစိုးရ ပထမငယ္၊ပထမလတ္၊ပထမႀကီးတန္းႏွင့္ သာသနဓဇဓမၼာစရိယဘြဲ႔ (တစ္ႏိုင္ငံလံုး ဒုတိယ)ရ႐ွိေအာင္ျမင္ခဲ့ၿပီး ထူးခြၽန္ထက္ျမက္ေသာ ၊ထိပ္တန္းပညာဝရိယ႐ွိသူတို႔သာ ရ႐ွိႏိုင္သည့္ သာသနဓဇသိရီပဝရဓမၼာစရိယဘြဲ႔ ၊ မႏၱေလး သက်သီဟ ဓမၼာစရိယာ(အဘိဝံသ) ဘြဲ႔ တို႔ကို ရ႐ွိ ေအာင္ျမင္ေတာ္မူခဲ့ပါတယ္
..
စာေပက်မ္းဂန္မ်ား သင္ၾကားပို႔ခ်ေတာ္မူျခင္း
ေညာင္ဦးၿမိဳ႕နယ္၊ ကံႀကီးကုန္းရြာ၌ ၁၃၂၈-၂၉ တြင္အစိုးရမူလတန္းဆရာအျဖစ္လည္းေကာင္း၊ျမင္းျခံၿမိဳ႕၊
ကိုးေဆာင္တိုက္၌ ၁၃၂၉ ခုႏွစ္တြင္စာခ်ဂဏဝါစကအျဖစ္လည္းေကာင္း၊ အင္းစိန္ၿမိဳ႕နယ္၊ရြာမပရိယတၱိ
စာသင္တိုက္၌ ၁၃၃၂ခုႏွစ္မွ ယေန႔တိုင္ေအာင္တာဝန္ခံစာခ်အျဖစ္ လည္းေကာင္းစာေပပရိယတၱိမ်ားကို ပို႔ခ်ေတာ္မူလ်က္႐ွိၿပီး
..ႏိုင္ငံေတာ္ပရိယတၱိ သာသနာ့တကၠသိုလ္(ရန္ကုန္)စတင္ဖြင့္လွစ္ခ်ိန္မွစ၍ ၄ ႏွစ္ခန္႔ အဘိဓမၼမဟာဌာနပါေမာကၡ ႏွင့္ ဒုတိယ ပါေမာကၡခ်ဳပ္ အျဖစ္ တာဝန္ယူၿပီး စာေပက်မ္းဂန္မ်ားကို သင္ၾကားပို႔ခ်ေတာ္မူခဲ့ပါတယ္.
သာသနာေရး အားေပးေဆာင္ရြက္ေတာ္မူျခင္း
ဂိုဏ္းေပါင္းစံု သံဃာ့အဖြဲ႔စည္း ပထမအႀကိမ္ၿမိဳ႕နယ္ႏွင့္တိုင္း ဝိနည္းဓိုလ္ ၊ဒုတိယအႀကိမ္ အင္းစိန္ၿမိဳ႕နယ္ သံဃာ့နာယကအဖြဲ႔ဒုတိယ ဥကၠဌ ၊တတိယအႀကိမ္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ ႏွင့္ေတာင္တန္းသာသနာျပဳ ၾသဝါဒါစရိယ ၊အင္းစိန္ၿမိဳ႕နယ္ ပထမျပန္စာေမးပြဲ ႀကီးၾကပ္ေရးေကာ္မတီ
ဥကၠဌ ၊ႏိုင္ငံေတာ္ ပရိယတၱိ သာသနာ့တကၠသိုလ္ (ရန္ကုန္)အဘိဓမၼ ပါေမာကၡ ၊ ဒုတိယ ပါေမာကၡခ်ဳပ္ပဥၥမ အႀကိမ္ ႏိုင္ငံေတာ္ဗဟို သံဃာ့ဝန္ေဆာင္၊ႏိုင္ငံေတာ္ သံဃာ့မဟာနယက အဖြဲ႔ဝင္၊တြဲဖက္အက်ိဳးေတာ္ေဆာင္၊ဒုတိယဥကၠဌစသည့္တာဝန္မ်ားကို ထမ္းေဆာင္ေတာ္မူခဲ့ၿပီး ..ႏိုင္ငံေတာ္ ၾသဝါဒါစရိယတာဝန္၊ေရႊတိဂံု ေစတီေတာ္ ေဂါပကအဖြဲ႔ ၾသဝါဒါစရိယတာဝန္မ်ားကို ထမ္းေဆာင္ေတာ္မူဆဲ ျဖစ္ပါတယ္ ..
၎တို႔အျပင္ ေႏြရာသီ အဆင့္ျမင့္ ဗုဒၶအဘိဓိမၼာ(ယမိုက္၊ပ႒ာန္း၊ဆန္းစေသာ)သင္တန္းမ်ားကိုမဟာဗ်ဴဟာအသင္း၌ (၃) ႏွစ္ ၊ အင္းစိန္ရြာမပရိယတၱိ စာသင္တိုက္၌ အႏွစ္ (၂၀) ၊ပဲခူး၊ မႏၱေလး ၊ေတာင္ႀကီး ၊ ကေလးၿမိဳ႕တို႔၌ အခါအားေလ်ာ္စြာလွည့္လည္ ပို႔ခ်ေတာ္မူခဲ့ပါတယ္ ..
လူဝတ္ေၾကာင္မ်ားအတြက္ အဘိဓမၼာသင္တန္းမ်ားကိူလဲ အဘိဓမၼာ စာေမးပြဲမ်ား ေျဖဆိုႏိုင္သည္အထိ (၁) ႏွစ္လ်ွင္ (၂) ႀကိမ္ ပို႔ခ်ေတာ္မူခဲ့ၿပီး၊ရြာမစာသင္တိုက္၌ သၾကၤန္တြင္း တရားစခန္းမ်ားတြင္လဲ ႏွစ္စဥ္ သတိပပ႒ာန္တရားျပေပးျခင္း၊ရဟန္းခံ၊သိမ္သမုတ္ စေသာ ကံႀကီး၊ကံငယ္ သံဃာ့ကိစၥ မ်ားႏွင့္ ဆက္စပ္သည့္ ေနရာတိုင္း ဦးေဆာင္၊ဦးရြက္ျပဳကာ အေလးထားေဆာင္ရြက္ေတာ္မူခဲ့ပါတယ္..
ထို႔အျပင္ ဆရာေတာ္ႀကီးဟာ
၁.ဗုဒၶစာေပ ပရိယတၱိ သုေတသီမ်ားအတြက္ အလြယ္တကူေလ့လာေျဖဆိုႏိုင္ေစရန္ ေခတ္မွီ ပုစာၦ အေျဖစံုက်မ္းမ်ားေရးသားျပဳစုေတာ္ မူခဲ့ၿပီး ဗုဒၶစာေပတြင္ အခက္ခဲ၊အနက္နဲဆံုးျဖစ္တဲ့ (ဓမၼသဂၤဏီ ၊ ဓာတုကထာ ၊ ယမက၊ ပ႒ာနစေသာ) အဘိဓမၼာ ပိဋကတ္ (၇)က်မ္းကို (၆) လ မွ(၁) ႏွစ္အတြင္း ပါရဂူေျမာက္ ကြၽမ္းက်င္ေအာင္ေလ့လာသင္ယူႏိုင္သည့္ သင္ၾကားနည္းစနစ္ အသစ္မ်ားကို ေပါက္ေရာက္ေအာင္ျမင္ေအာင္ က်မ္းျပဳတီထြင္ႏိုင္ခဲ့ပါတယ္ ..၎အျပင္ (၇)ရက္ခန္႔ျဖင့္ ပါဠိဂါထာေရးသားစီကံုးႏိုင္ေသာ နည္းစနစ္ကိုလဲ က်မ္းျပဳတီထြင္ႏိုင္ခဲ့ၿပီးပါဠိ ဘာသာကို အေရး၊အဖတ္၊အေျပာ၊နားေထာင္4 skills တတ္ေျမာက္ ကြၽမ္းက်င္ေစႏိုင္သည့္ပါဠိ ဘာသာ ေလ့လာနည္းက်မ္းမ်ားစြာကိုေရးသားျပဳစုႏိုင္ခဲ့ပါတယ္ ..
၂.ၿမန္မာဘာသာျဖင့္ ေရးသားျပဳစုခဲ့ေသာ က်မ္းေပါင္း(၃၀)၊ေက်ာ္မက ပါဠိ ဘာသာျဖင့္ေရးသားျပဳစုခဲ့ေသာ
က်မ္း (၃)ဆူ ႐ွိၿပီး လက္႐ွိျမန္မာႏိုင္ငံ၏ပရိယတၱိပညာေရးႏွင့္ အဆင့္ျမင့္ အဘိဓမၼာသင္ၾကားနည္း ယႏၱရားကို ရာႏႉန္းျပည့္ လည္ပတ္ေနေသာ စနစ္မွာ ဆရာေတာ္ဘုရားႀကီး ရဲ႕ နည္းစနစ္မ်ားပဲျဖစ္ပါတယ္ ..
၃.ျမန္မာႏိုင္ငံ၌ သံဃာထု (၄) သိန္းေက်ာ္ႏွင့္ သီလရွင္ေပါင္း (၆)ေသာင္း ေက်ာ္ ႐ွိသည့္အနက္ ဆရာေတာ္ထံအဆင့္ျမင့္ အဘိဓမၼာ ပဋကတ္ မေလ့လာမသင္ၾကားဖူးေသာ သံဃာ ႏွင့္ သီလ႐ွင္ မ႐ွိသေလာက္႐ွားပါးၿပီးျမန္မာႏိုင္ငံ ဗုဒၶသာသနာ၌ တိပိဋကဓရ တိပိဋကေကာဝိဒဓမၼဘ႑ာဂါရိကဘြဲ႔ရ (၁၄) ပါး ေပၚထြန္းခဲ့တဲ့အနက္အဘိဓမၼာ အရာ၌ ဒိသာ ပါေမာကၡ ပါရဂူအဆင့္တတ္ေျမာက္ကြၽမ္းက်င္သည့္ တပိဋကဆရာေတာ္တပည့္ႀကီး (၂) ပါး ေပၚထြန္းခဲ့ပါတယ္ ..ၿမန္မာျပည္တြင္သာမက ႏိုင္ငံတကာမွာပါ သြားေရာက္
ပညာသင္ၾကားေနေသာ BA,MA,Ph.D ဘြဲ႔ရတပည့္ေပါင္းမ်ားစြာ႐ွိၿပီး ျမန္မာျပည္႐ွိ ေအာင္ျမင္ေက်ာ္ၾကားေနေသာ Ph.D ဘြဲ႔ရဆရာေတာ္အမ်ားစုမွာလည္း ဆရာေတာ္ဘုရားႀကီး၏ တပည့္မ်ားပင္ၿဖစ္ပါတယ္ ..
၂၀ ရာစုေႏွာင္းပိုင္း ၂၁ ရာစုအတြင္းဗုဒၶစာေပအဘိဓမၼာ ပိဋကတ္ကိုအေအာင္ျမင္ဆံုး၊အေကာင္းဆံုးေလ့လာႏိုင္တဲ့နည္းစနစ္ကို
တီထြင္ႏိုင္ခဲ့တဲ့ဗုဒၶစာေပ ပရိယတၱိ သာသနာအတြက္ ေနမင္းႀကီးတစ္ဆူျဖစ္သလို
၊ ဗုဒၶသာသနာအတြက္ လမင္းႀကီးတစ္ဆူလဲျဖစ္တဲ့ ဆိုခဲ့ၿပီးေသာ အရည္အခ်င္း ဂုဏ္ရည္မ်ားစြာ
ပိုင္ဆိုင္တဲ့ သာသနာ့ အာဇာနည္ ဆရာေတာ္ဘုရားႀကီး ၿဖစ္ပါတယ္
Unicode Version
ဖွားမြင်တော်မူခြင်း
ဆရာတော်ဘုရားကို ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်၊ညောင်ပင်သာရွာမှာ ခမည်းတော် ဦးဘဖေ ၊မယ်တော် ဒေါ်စိန် တို့မှ (၁၈.၂.၁၉၃၉) ၊ ၁၃၀၀ပြည့်နှစ်၊တပေါင်းလဆန်း ၁ ရက်နေ့မှာ စတုတ္ထ မြောက်သားရတနာအဖြစ် ဖွားမြင်ခဲ့ပါတယ် ..
ရှင်၊ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း
ဆရာတော် လောင်းလျာဟာ (၆) နှစ်သားအရွယ်တွင်၁ ကြိမ် ၊ (၁၅) နှစ်သားအရွယ်တွင် ၁ ကြိမ်ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီးဘွဲ့တော်မှာ ရှင်တိလောက ဖြစ်ပါတယ် ..သက်တော် (၂၀) အရွယ်တွင်
၁၃၂၀ ခုနှစ် ၊ ကဆုန်လဆန်း ၁၀ ရက်နေ့မှာညောင်ပင်သာကျောင်း ၊ ခဏ္ဍသိမ်တော်၌မြင့်မြတ်သော ရဟန်း အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်
စာပေ၊ ပရိယတ္တိ သင်ကြားဆည်းလေ့လာခြင်း
ဆရာတော်လောင်းလျာဟာ ညောင်ပင်သာ၊ရွာဦးကျောင်းဆရာတော် နှင့် ညောင်ဦးမြို့နယ် ၊ကံကြိးကုန်း ရွာတောင်ကျောင်းဆရာတော် ဦးဝါသဝ၊ဦးတေဇနိယ တို့ထံတွင် ပဋကတ်အခြေခံကျမ်းစာများကိုသင်ယူဆည်းပူးတော်မူခဲ့ပြီး မြင်းခြံမြို့ ၊ ကိုးဆောင်တိုက်ဆရာတော်အဘိဓဇ အဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ
သဒ္ဓမ္မဇောတိကတဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တသောပိတ ထံမှ အစိုးရ ဓမ္မာစရိယပြီးသည့်တိုင်အောင် (၉) နှစ်ခန့် ပိဋကတ်ကျမ်းစာများကိုသင်ယူဆည်းပေါ်တော် မူခဲ့ပါတယ် .
ထို့နောက်မှ မန္တလေးမြို့ ၊ချမ်းသာကြီးတိုက်၊ညောင်ကန်တိုက် ၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးတိုက်တို့တွင်လှည့်လည်သတင်းသုံးလျက်စာချအကျော်၊ဆရာတော်များထံမှပရိယတ္တိစာပေများလေ့လာသင်ယူခဲ့ပါတယ်
အောင်မြင်တော်မူခဲ့သော စာမေးပွဲများ
နိုင်ငံတော်အစိုးရ ပထမငယ်၊ပထမလတ်၊ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယဘွဲ့ (တစ်နိုင်ငံလုံး ဒုတိယ)ရရှိအောင်မြင်ခဲ့ပြီး ထူးချွန်ထက်မြက်သော ၊ထိပ်တန်းပညာဝရိယရှိသူတို့သာ ရရှိနိုင်သည့် သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ ၊ မန္တလေး သကျသီဟ ဓမ္မာစရိယာ(အဘိဝံသ) ဘွဲ့ တို့ကို ရရှိ အောင်မြင်တော်မူခဲ့ပါတယ် ..
စာပေကျမ်းဂန်များ သင်ကြားပို့ချတော်မူခြင်း
ညောင်ဦးမြို့နယ်၊ ကံကြီးကုန်းရွာ၌ ၁၃၂၈-၂၉ တွင်အစိုးရမူလတန်းဆရာအဖြစ်လည်းကောင်း၊မြင်းခြံမြို့၊
ကိုးဆောင်တိုက်၌ ၁၃၂၉ ခုနှစ်တွင်စာချဂဏဝါစကအဖြစ်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ရွာမပရိယတ္တိစာသင်တိုက်၌ ၁၃၃၂ခုနှစ်မှ ယနေ့တိုင်အောင်တာဝန်ခံစာချအဖြစ် လည်းကောင်းစာပေပရိယတ္တိများကို ပို့ချတော်မူလျက်ရှိပြီး ..နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)စတင်ဖွင့်လှစ်ချိန်မှစ၍ ၄ နှစ်ခန့် အဘိဓမ္မမဟာဌာနပါမောက္ခ နှင့် ဒုတိယ ပါမောက္ခချုပ် အဖြစ် တာဝန်ယူပြီး စာပေကျမ်းဂန်များကို သင်ကြားပို့ချတော်မူခဲ့ပါတယ်.
သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း
ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့စည်း ပထမအကြိမ်မြို့နယ်နှင့်တိုင်း ဝိနည်းဓိုလ် ၊ဒုတိယအကြိမ် အင်းစိန်မြို့နယ် သံဃာ့နာယကအဖွဲ့ဒုတိယ ဥက္ကဌ ၊တတိယအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နှင့်တောင်တန်းသာသနာပြု သြဝါဒါစရိယ ၊အင်းစိန်မြို့နယ် ပထမပြန်စာမေးပွဲ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ၊နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)အဘိဓမ္မ ပါမောက္ခ ၊ ဒုတိယ ပါမောက္ခချုပ်ပဉ္စမ အကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊နိုင်ငံတော် သံဃာ့မဟာနယက အဖွဲ့ဝင်၊တွဲဖက်အကျိုးတော်ဆောင်၊ဒုတိယဥက္ကဌစသည့်တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပြီး ..နိုင်ငံတော် သြဝါဒါစရိယတာဝန်၊ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယတာဝန်များကို ထမ်းဆောင်တော်မူဆဲ ဖြစ်ပါတယ်
၎င်းတို့အပြင် နွေရာသီ အဆင့်မြင့် ဗုဒ္ဓအဘိဓိမ္မာ(ယမိုက်၊ပဋ္ဌာန်း၊ဆန်းစသော)သင်တန်းများကိုမဟာဗျူဟာအသင်း၌ (၃) နှစ် ၊ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၌ အနှစ် (၂၀) ၊ပဲခူး၊ မန္တလေး ၊တောင်ကြီး ၊ ကလေးမြို့တို့၌ အခါအားလျော်စွာလှည့်လည် ပို့ချတော်မူခဲ့ပါတယ် ..
လူဝတ်ကြောင်များအတွက် အဘိဓမ္မာသင်တန်းများကိူလဲ အဘိဓမ္မာ စာမေးပွဲများ ဖြေဆိုနိုင်သည်အထိ (၁) နှစ်လျှင် (၂) ကြိမ် ပို့ချတော်မူခဲ့ပြီး၊ရွာမစာသင်တိုက်၌ သြင်္ကန်တွင်း တရားစခန်းများတွင်လဲ နှစ်စဉ် သတိပပဋ္ဌာန်တရားပြပေးခြင်း၊ရဟန်းခံ၊သိမ်သမုတ် စသော ကံကြီး၊ကံငယ် သံဃာ့ကိစ္စ များနှင့် ဆက်စပ်သည့် နေရာတိုင်း ဦးဆောင်၊ဦးရွက်ပြုကာ အလေးထားဆောင်ရွက်တော်မူခဲ့ပါတယ်..
ထို့အပြင် ဆရာတော်ကြီးဟာ
၁.ဗုဒ္ဓစာပေ ပရိယတ္တိ သုတေသီများအတွက် အလွယ်တကူလေ့လာဖြေဆိုနိုင်စေရန် ခေတ်မှီ ပုစ္ဆာ အဖြေစုံကျမ်းများရေးသားပြုစုတော် မူခဲ့ပြီး ဗုဒ္ဓစာပေတွင် အခက်ခဲ၊အနက်နဲဆုံးဖြစ်တဲ့ (ဓမ္မသင်္ဂဏီ ၊ ဓာတုကထာ ၊ ယမက၊ ပဋ္ဌာနစသော) အဘိဓမ္မာ ပိဋကတ် (၇)ကျမ်းကို (၆) လ မှ(၁) နှစ်အတွင်း ပါရဂူမြောက် ကျွမ်းကျင်အောင်လေ့လာသင်ယူနိုင်သည့် သင်ကြားနည်းစနစ် အသစ်များကို ပေါက်ရောက်အောင်မြင်အောင် ကျမ်းပြုတီထွင်နိုင်ခဲ့ပါတယ် ..၎င်းအပြင် (၇)ရက်ခန့်ဖြင့် ပါဠိဂါထာရေးသားစီကုံးနိုင်သော နည်းစနစ်ကိုလဲ ကျမ်းပြုတီထွင်နိုင်ခဲ့ပြီးပါဠိ ဘာသာကို အရေး၊အဖတ်၊အပြော၊နားထောင်4 skills တတ်မြောက် ကျွမ်းကျင်စေနိုင်သည့်ပါဠိ ဘာသာ လေ့လာနည်းကျမ်းများစွာကိုရေးသားပြုစုနိုင်ခဲ့ပါတယ် ..
၂.မြန်မာဘာသာဖြင့် ရေးသားပြုစုခဲ့သော ကျမ်းပေါင်း(၃၀)၊ကျော်မက ပါဠိ ဘာသာဖြင့်ရေးသားပြုစုခဲ့သော
ကျမ်း (၃)ဆူ ရှိပြီး လက်ရှိမြန်မာနိုင်ငံ၏ပရိယတ္တိပညာရေးနှင့် အဆင့်မြင့် အဘိဓမ္မာသင်ကြားနည်း ယန္တရားကို ရာနှူန်းပြည့် လည်ပတ်နေသော စနစ်မှာ ဆရာတော်ဘုရားကြီး ရဲ့ နည်းစနစ်များပဲဖြစ်ပါတယ် ..
၃.မြန်မာနိုင်ငံ၌ သံဃာထု (၄) သိန်းကျော်နှင့် သီလရှင်ပေါင်း (၆)သောင်း ကျော် ရှိသည့်အနက် ဆရာတော်ထံအဆင့်မြင့် အဘိဓမ္မာ ပဋကတ် မလေ့လာမသင်ကြားဖူးသော သံဃာ နှင့် သီလရှင် မရှိသလောက်ရှားပါးပြီးမြန်မာနိုင်ငံ ဗုဒ္ဓသာသနာ၌ တိပိဋကဓရ တိပိဋကကောဝိဒဓမ္မဘဏ္ဍာဂါရိကဘွဲ့ရ (၁၄) ပါး ပေါ်ထွန်းခဲ့တဲ့အနက်အဘိဓမ္မာ အရာ၌ ဒိသာ ပါမောက္ခ ပါရဂူအဆင့်တတ်မြောက်ကျွမ်းကျင်သည့် တပိဋကဆရာတော်တပည့်ကြီး (၂) ပါး ပေါ်ထွန်းခဲ့ပါတယ် ..မြန်မာပြည်တွင်သာမက နိုင်ငံတကာမှာပါ သွားရောက်
ပညာသင်ကြားနေသော BA,MA,Ph.D ဘွဲ့ရတပည့်ပေါင်းများစွာရှိပြီး မြန်မာပြည်ရှိ အောင်မြင်ကျော်ကြားနေသော Ph.D ဘွဲ့ရဆရာတော်အများစုမှာလည်း ဆရာတော်ဘုရားကြီး၏ တပည့်များပင်ဖြစ်ပါတယ် ..
၂၀ ရာစုနှောင်းပိုင်း ၂၁ ရာစုအတွင်းဗုဒ္ဓစာပေအဘိဓမ္မာ ပိဋကတ်ကိုအအောင်မြင်ဆုံး၊အကောင်းဆုံးလေ့လာနိုင်တဲ့နည်းစနစ်ကို တီထွင်နိုင်ခဲ့တဲ့ဗုဒ္ဓစာပေ ပရိယတ္တိ သာသနာအတွက် နေမင်းကြီးတစ်ဆူဖြစ်သလို ၊ ဗုဒ္ဓသာသနာအတွက် လမင်းကြီးတစ်ဆူလဲဖြစ်တဲ့ ဆိုခဲ့ပြီးသော အရည်အချင်း ဂုဏ်ရည်များစွာပိုင်ဆိုင်တဲ့ သာသနာ့ အာဇာနည် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်
မူရင္းေရးသားပူေဇာ္သူ - ေအးခ်မ္းမင္း Aye Chan Min
No comments:
Post a Comment