အလှုရှင်များ ၊ ပူးပေါင်းပါဝင်ဆောင်၇ွက်လိုသူများ ၊ စိတ်ဝင်စား၍
လေ.လာလိုသူများ သိမှတ်နိုင်ရန် အတွက် သင်္ဂဟမေတ္တာ
အလှုဒါန ( ၀ါးခယ်မ ) အဖွဲ.၏ လုပ်ငန်းစီမံချက်များအနက် သိမှတ်ဖွယ်ရာ အချက်အလက်အချို.ကို ထုတ်နှုတ် ၍ အကျဉ်းချုပ်
တင်ပြပါမည် ။
ထို လုပ်ငန်း စီမံချက်တွင် နိဒါန်း ၊ ရည်မှန်းချက် ၊ လုပ်ငန်းစဉ်အဆင်.ဆင်.
၊ လုပ်ငန်းဆိုင်ရာ အခြေခံ မူများ ၊ လုပ်ဆောင်ချက် ၊ အထွေထွေဆောင်ရွက်ချက် ၊ နိဂုံးချုပ်
ဟူ၍ အခန်း ၇ ခန်းပါဝင်ပါသည် ။
ရည်မှန်းချက် အခန်း တွင်ရည်မှန်းချက် ၅ ရပ်ရှိပြီး အကျဉ်းအားဖြင်.
( ၁ ) မြို.နယ် လူမှုဖွံ.ဖြိုးရေးလိုအပ်ချက်များအား ပါဝင်ဖြည်.ဆည်းရန် ( ၂ ) လှုဒါန်းငွေအားလုံး
ရည်မှန်းသော အသိုက်အ၀န်းထံအတိအကျရောက်ရှိစေရန် ( ၃ ) လစဉ်လှုဒါန်းခြင်းဖြင်. ရေရှည်တွင်
မြို.နယ် အတွင်းလူမှုဖွံ.ဖြိုးရေးများ ပြည်.စုံလာစေ၇န် ( ၄ ) ပမာဏနည်းပါးသော်လည်း စုစည်းမှုအားနည်းသော
ရွာများအဖို.ငှာ ယခုလှုဒါန်းမှုကြောင်. လူမှုအထောက်အကူအပြင် ကျေးရွာသားတို.စိတ်ဓါတ်ခွန်အား
မြင်.မားလာစေ၇န် ( ၅ ) ပွင်းလင်းမြင်သာသော လစဉ်အလှုများကြောင်. ၀ါးခယ်မသားတို.၏ အစဉ်အလာကောင်းကိုပြနိုင်မည်.အပြင်
အများပြည်သူတို.၏ ပါဝင်လှုဒါန်းလိုစိတ် နှင်. အကျိုးပြုလိုစိတ်များ ပွားများလာရေးအထောက်အကူပြု
နိုင်စေရန် တို.ဖြစ်သည် ။
လုပ်ငန်းဆိုင်ရာ အခြေခံမူများ အခန်း
အပိုဒ် ၄ - အပိုဒ်
ခွဲ
( က ) ဒေသခံများ - ဇာတိဖွားများ - အနွယ်ဝင်များ နှင်. ဆက်စပ်သူမည်သူမဆို လှုဒါန်းနိုင်မည်
။
( ခ ) ဇာတိမြို.နယ်၏
လူမှုဖွံ.ဖြိုးရေး လုပ်ငန်းများ ၊ အထူးအနေဖြင်. ပြည်တွင်းမည်သည်.နေရာတွင်မဆို သဘာဝဘေးအန္တရာယ်
ကျရောက်၍ ဒုက္ခခံစားနေရသူများ အား လှုဒါန်းသွားမည် ။
( ဂ ) လုပ်ငန်းအားလုံးကို
ပင်မ စီမံခန်.ခွဲရေးအဖွဲ. က တာဝန်ယူမည်ဖြစ်ပြီး အဖွဲ.၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်
။
( ဃ ) ကောက်ခံမည်.ငွေကို
လစဉ် ၁၀၀၀ ကျပ်သာသတ်မှတ်သည် ။
( င ) တစ်လချင်းအလိုက်
လစဉ်ကောက်ခံရရှိငွေအားလုံးအား လှုဒါန်းသွားမည်ဖြစ်ပြီး ခြွင်းချက် အနေဖြင်. ပမာဏကြီးမားသော
လုပ်ငန်းများအတွက်မူလစဉ်ကောက်ခံရရှိငွေ၏ ၂၀ % ထက်မပိုသော ငွေကိုချန်လှပ်စုဆောင်းထားနိင်ပြီး
အလှုရှင်များက ၆လစာ ၊ တစ်နှစ်စာကြိုတင်လှုဒါန်းမှုကိုလည်း လက်ခံသွားမည် ။
( စ ) အလှုတော်ငွေအားလုံးကို ပင်မအဖွဲ.၏ တာဝန်ပေးခြင်းခံထားရသော
( ရန်ကုန် / ၀ါးခယ်မ )အဖွဲ.၀င် ၃ ဦးစီ ပါဘဏ္ဍာရေးအဖွဲ.တို.မှ သင်.တော်ရာ ဘဏ်တစ်ခုစီတွင်
Joint Account ဖွင်.၍ လွှဲပြောင်း ၊ စုဆောင် ၊ ထုတ်ယူ မှု ပြုသွားပါမည် ။
( ဆ ) အဆိုပြုလွှာများကို ကွင်းဆင်း စစိစစ်ပြီး အဖွဲ.၏ လစဉ်အစည်းအဝေးတွင်
ဆွေးနွေးဆုံးဖြတ်မည် ။
( ဇ ) အလှုငွေများကို
အစည်းအဝေး ဆုံးဖြတ်ချက်အရ လှုဒါန်းခြင်းမှအပ အခြား ( လုံးဝ ) အသုံးမပြုရ ။
လုပ်ဆောင်ချက်များ အခန်း
အပိုဒ် ၅ အပိုဒ်ခွဲ
( ဂ ) ပထမဆင်. အလှုငွေ ကောက်ခံရေး ကိုယ်စားလှယ်အဖြစ် ပင်မအဖွဲ. အဖွဲ.၀င်များ
နှင်.ပင်မအဖွဲ.မှ တာဝန်ခံ ရွေးချယ်သူများ ကတာဝန်ယူမည်ဖြစ်ပြီး ဒုတိယဆင်.ကိုယ်စားလှယ်များကိုမူ
ပထမဆင်.ကိုယ်စားလှယ်များ၏ တာဝန်ခံမှုဖြင်. ထပ်ဆင်.ရွေးချယ်တာဝန်ပေးမည်ဖြစ်ပြီး လိုအပ်သလို
ထပ်မံတိုးချဲ.သွားမည် ။
အပိုဒ်ခွဲ ( ဇ ) ကိုယ်စားလှယ်များမှ ကောက်ခံရရှိငွေများကို
နောက်လ ၅ ရက်နေ.အရောက် ဘဏ္ဍာငွေထိန်း အဖွဲ.ထံ အပ်နှံပေးပို.ရမည်ဖြစ်ပြီး ပင်မအဖွဲ.က ၁၀
ရက်နေ.အပြီး စာရင်းချုပ်ကာ လလည်နှင်.အနီးဆုံးတနင်္ဂနွေနေ.ပြုလုပ်မည်.ပင်မအဖွဲ.အစည်းအဝေးတွင်ဆုံးဖြတ်
ပြီး လှုဒါန်းမှု နှင်. စာရင်းရှင်း လက်ကမ်းစာစောင်ဝေငှခြင်းအား ကျန်လ၀က်တွင် အပြီး
လုပ်ဆောင်မည် ။
အထွေထွေ ဆောင်ရွက်ချက်များအခန်း
အပိုဒ် ( ၆ ) လှုဒါန်းခြင်းမှအပ
( စာရွက်စာတမ်း - ဧည်.ခံစရိတ်- ကွင်းဆင်းခြင်း - လှုဒါန်းမှု ခရီးစရိတ်အပါအ၀င် ) အထွေထွေ
ကုန်ကျစရိတ်အားလုံးကို လစဉ်ကောက်ခံငွေမှမသုံးပဲ သီးခြားအလှုရှင်များ၏ အလှုငွေမှသုံးစွဲမည်
။ ဤလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်နေသူတိုင်းသည် ပြည်သူ.ဆက်ဆံရေး အထူးကောင်းမွန်ရန် ဂရုပြုရမည်
။
ဆက်စပ်လေ.လာရန်
* သင်္ဂဟမေတ္တာ - ၀ါးခယ်မ တာဝန်ခံအဖွဲ.
* သင်္ဂဟ မေတ္တာ အလှု ဒါန - ၀ါးခယ်မ စတင်ဖွဲ.တည်ခြင်း
ဆက်စပ်လေ.လာရန်
* သင်္ဂဟမေတ္တာ - ၀ါးခယ်မ တာဝန်ခံအဖွဲ.
* သင်္ဂဟ မေတ္တာ အလှု ဒါန - ၀ါးခယ်မ စတင်ဖွဲ.တည်ခြင်း
No comments:
Post a Comment