Saturday, June 24, 2017

ဝါးခယ်မမြို့နယ် ကွင်းချောင်းရွာသူ နန့်ဆူဇိုင်းနာ

ကြိုးစားမှုဖြင့် ဘဝကိုတည်ဆောက်သူ ( သို့မဟုတ် )ပုသိမ်တက္ကသိုလ်မှ ဒုတိယမြောက် ဂျပန်နိုင်ငံသို့
ပညာတော်သင် စေလွတ်ခံရသော နန့်ဆူဇိုင်းနာ



ကျားသစ်မလေးပမာ
တစ်ခါတစ်ရံ သမင်ငယ်လေးလို
သူမ၏မျက်နှာ အပြုံးချိုချိုအောက်မှာ ဘာမထီဟန် ခနဲ့တဲ့တဲ့ဟန် ကနွဲ့ကလျဟန်လေးတွေနဲ့ ချစ်စရာအမူအရာတွေပြည့်လျှက် ဆူဇိုင်းနာ ဇူဆိုင်းနာ ဆိုတဲ့ နာမည်လေးက ဘဝဂ်တိုင်ညံလို့ ရုက္ခဗေဒမေဂျာရဲ့ ဂုဏ်ဆောင် အားကစားမယ်လေးဘဝ စာပေမှာလည်းထူးချွန်ပြီ ဂျပန်နိုင်ငံသို့ ပညာသင်စေလွတ်ခြင်းခံရတဲ့ ကရင်အမျိုးသမီးငယ်လေး တစ်ဦးရဲ့ အကြောင်းကို အမျိုးများနဲ့ မိတ်ဆက်ပေးပါရစေ။
သူမကတော့ ပုသိမ်တက္ကသိုလ် ရုက္ခဗေဒမေဂျာ နောက်ဆုံးနှစ်ကျောင်းသူလေး နန့်ဆူဇိုင်းနာပါပဲ။


" ဆူဇိုင်းကို ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကွင်းချောင်း( ခေါ် )ထီထိပ်ကျေးရွာမှာ ၂ လပိုင်း ၁၀ ရက် ၁၉၉၆ ခုနှစ်မှာ မွေးခဲ့တာလေ အပါးနာမည်က မန်းလုဒို အမိုးနာမည်က ဂါ့အယ်ထူး ပေါ့ " အပြုံးလေးနဲ့ သူ့ဘဝဇာတ်လမ်းလေးကို ဆူဇိုင်းက ဒီလိုအစချီခဲ့တာပါ။
ဆူဇိုင်းမှာ မောင်နှမနှစ်ယောက်ထဲရှိပြီ ဆူဇိုင်းက အငယ်ပါ အကြီးကတော့ ယောင်္ကျားလေးပေါ့ မောင်နှမ နည်းတဲ့ဆူဇိုင်းအဖို့ ငယ်ငယ်က ဆော့ဖော်ဆော့ဖက်ဟာ တစ်ဦးထဲသော အကိုပါပဲ
" ဆူဇိုင်းတို့ မောင်နှမနှစ်ယောက်က သိပ်ချစ်ကြတာလေ အတောင်းကအမြဲတန်း ဆူဇိုင်းကိုအလျော့ပေးလေ့ရှိတာ ဆူဇိုင်းဖြစ်ချင်တာကို အမြဲပဲဦးစားပေးတာပေါ့ သူတို့ဘောကန်ရင် ဆူဇိုင်းလည်းဝင်ကန်တာ အဲဒီခါကျ အတောင်းက မကြိုက်ဘူး ထိမိခိုက်မိမှာ စိုးလို့လေ ဒါပေမဲ့ ဆူဇိုင်းက အတောင်းကို အနိုင်ယူနေကျဆိုတော့ သူမကြိုက်လည်း သူခွင့်ပြုရတာပေါ့နော် "
သူ့အကိုအကြောင်းပြောချိန်မှာတော့ သူ့မျက်ဝန်းထဲမှာ သူ့အကို ကို လွမ်းစွတ်တဲ့ အရိပ်အယောင်လေးတွေကလည်း ယှက်သန်းလာပါတယ်။

" အတောင်းက သူ့ဝါသနာအရ အခုရွာကနေထွက်ပြီ အလုပ်သွားလုပ်နေတာလေ " ဟုပြောချိန်မှာတော့ အကို ကို သတိယစိတ်နဲ့ အသံလေးက မသိမသာ တိမ်ဝင်သွားပါတယ်။
မူလတန်းကို မူလတန်းကန်သာကုန်း ၂ မှာ တက်ခဲ့တာ အလယ်တန်းနဲ့ အထက်တန်းကိုတော့ ကနစိုအထကခွဲမှာ သင်ယူခဲ့တာလေ တက္ကသိုလ်ဝင်တန်းဖြေဆိုတော့ ဝါးခယ်မမြို့ အထက ၁ မှာ သွားဖြေဆိုရတာပေါ့

၂၀၁၂မှာ တက္ကသိုလ်ဝင်တန်းအောင်တာ ရိုးရိုးပါပဲ ဂုဏ်ထူးမပါဘူးလေ
ဆယ်တန်းထိတော့ ဆူဇိုင်းရဲ့ဘဝဟာ အထွေအထူး ပြောစရာမရှိခဲ့ပေမဲ့ ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ပုသိမ်တက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသူဘဝ စတင်ချိန်g ဆူဇိုင်းအတွက် ဘဝအချိုးအကွေ့တွေ ဖြစ်လာပါတော့တယ်။



တောမှာတော့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ထင်နေတဲ့ဆူဇိုင်းဟာ တက္ကသိုလ်မြေကို ချေစတင်ချချိန်မှာတော့ ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်လို ဖြစ်သွားရပါတယ်
အရောင်အသွေးစုံ ကကြိုးတွေစုံတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးထဲမှာ အလွှာစုံ ပုဂ္ဂိုလ်စုံ အမူအကျင့်တွေစုံနေရာ ဖြစ်နေတာကို တွေ့လာရတဲ့ ဆူဇိုင်းအတွက် ကြိုးစားအားထုတ်မှု လေ့လာစည်းပူးမှုကသာ ကိုယ့်ဘဝရဲ့ အကောင်းဆုံးအရာအဖြစ် မြင်လာပါတော့တယ်။

" တက္ကသိုလ်စရောက်တော့ တအားအံ့သြမိတာ စာကြိုးစားတဲ့သူတွေ အပျော်သဘောနဲ့ ကျောင်းလာနေတဲ့သူတွေ ဘဝကိုလေးလေးနက်နက် ဖြတ်သန်းနေတဲ့သူတွေ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်ကျော်နေတဲ့သူတွေ တွေ့ရတော့လေ စိတ်ထဲမှာ တစ်မျိုးလေးပဲ "

" စာတော်တဲ့သူကို အားကျတယ် စာကြိုးစားတဲ့သူတွေကို ငေးမောမိတယ်။ မေဂျာတိုင်း မေဂျာတိုင်းမှာ ထူးချွန်တဲ့သူတွေကိုသာ ကျောင်းသူ ကျေင်းသားတွေက အသိအမှတ်ပြုတာမြင်ရတော့ ဆူဇိုင်းကိုယ် ဆူဇိုင်းမေးမိတယ် "
" နင်တက္ကသိုလ်ကျောင်းသားဘဝမှာ ဘယ်လိုကုန်ဆုံးချင်လဲ ဒီအတိုင်းကုန်ဆုံးသွားချင်လား အသိအမှတ်ပြုမှုနဲ့ ကုန်ဆုံးသွားချင်လား နင်သေချာစဉ်းစား နေရာတစ်ခုလိုချင်ရင် ကြိုးစားမှုနဲ့ ဘဝကို စတင်ရမှာ နင်ကြိုးစားရမယ် ထူးချွန်အောင်ကြိုးစားရမယ် နင့်အတွက် နင့်မိဘအတွက် နင့်ရွာ နင့်မြို့နယ် နင့်အမျိုးအတွက် နင်ကြိုးစားရမယ် " လို့ ကိုယ့်ကိုယ်ကိုမေး ကိုယ့်ကိုယ်ကို အားပေးရင်း တက္ကသိုလ်ကျောင်းသူဘဝကို စတင်ခဲ့တာပေါ့ "

ဟုတ်ပါတယ် ကြိုးစားမှုရှိတဲ့သူဟာ နေရာ တစ်နေရာ ရှိစမြဲဆိုတာ ဆူဇိုင်းအတွက် မှန်ကန်ခဲ့ပါတယ်။သူမရဲ့ကြိုးစားမှု အားထုတ်မှုတွေဟာ တက္ကသိုလ်ပထမနှစ် မပြီးခင်မှာပဲ အကျိုးရလဒ်ကို ဆူဇိုင်း စတင်ခံစားနေရပါပြီ။

ဇုန်အလိုက် အားကစားမယ်တွေ ရွေးချယ်ရာမှာတော့ ဆူဇိုင်းဟာ ရုက္ခဗေဒမေဂျာ ကိုယ်စားပြုရွေးချယ်ခံခဲ့ရပါတယ် အရပ်က မနိမ့်မမြင့် အကောင်သေးသေး ဆူဇိုင်းကို အစပိုင်းမှာ အများက အာရုံမရှိခဲ့ပေမဲ့ အားကစားပွဲစတင်ကျင်းပချိန်မှာတော့ ဆူဇိုင်းရဲ့ ကြိုးစားအားထုတ်မှုဟာ ပေါ်လွင်လာခဲ့ပါပြီ။
သူမရဲ့ အမူအရာ သူမရဲ့ဟန်ပန် သူမရဲ့ မဆုတ်မနှစ်တဲ့ ဇွဲလုံ့လဟာ အားကစားပြိုင်ပွဲအတွင်း ဘောလီဘောပြိုင်ပွဲ ဘောလုံးပွဲ စတာတွေမှာ ထင်ပေါ်ခဲ့ပြီ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတိုင်းရဲ့ နှုတ်ဖြားမှာ ဆူဇိုင်းနာ ဆိုတဲ့ နာမည်တစ်လုံးကို ရေးထိုးထားနိုင်ခဲ့တဲ့ထိ အသိအမှတ်ပြု ခံရပါတော့တယ်။
ဆူဇိုင်းက ဘောကန်ရင် အလယ်တန်းမှာကန်တာ ဒါပေမဲ့ အားသာတာက ဘောလီဘောမှာပေါ့ ပထမ စစချင်းဝင်ပြိုင်အပြီမှာပဲ ဆုတွေရ အကောင်းဆုံးဆုတွေရ ကျောင်းသူ ကျောင်းသားတွေရဲ့ အသိအမှတ်ပြုတာ ခံရတော့လေ ဝမ်းသာလွန်းလို့ ပျော်လွန်းလို့ မျက်ရည်တောင်ကျမိတာ ဒါဟာ ဆူဇိုင်းရဲ့ကြိုးစားမှုကို ဆူဇိုင်းခံစားရတာပါပဲ လို့တွေးမိပါတယ်။

အားကစားမှာထူးချွန်ရုံမကပါဘူး ဒုတိယနှစ်အပြီး အောင်စာရင်းထွက်လာတဲ့အခါ ဂုဏ်ထူးမှတ်နဲ့ အောင်လာတဲ့အခါမှာတော့ အပျော်တွေ ထပ်ဆင့် ခံစားရပါတော့တယ်။

၂၀၁၆ခုနှစ် ဂျပန်ပညာတော်သင် ပထမအသုတ် စေလွတ်တော့ ကိုယ့်ကရင်လူမျိုးထဲမှာ နန့်အဲလစ်ဇဘက်ထွေးထွေးကျော် ပါဝင်လာခဲ့တာကို တွေ့ရတဲ့အခါမှာ အရမ်းကို ပျော်သွားခဲ့ရတာပေါ့နော် ဒါဟာ ကိုယ့်အတွက်လည်း အိပ်မက်တစ်လို ဖြစ်လာရတော့တာပေါ့ နန့်အဲလစ်တောင် ပါသေးတာ ငါဘာလို့မပါရနိုင်လည်း ငါလည်းကြိုးစားမယ် ငါလည်း သွားနိုင်အောင်ကြိုးစားမယ်ဆိုပြီ ဒုတိယအသုတ် ဂျပန်ပညာတော်သင်စေလွတ်ဖို့ စာမေးပွဲကျင်းပတဲ့အခါ ဝင်ဖြေတာ နှစ်ယောက်ရွေးချယ်တာလေ အဲဒီနှစ်ယောက်ထဲမှာ ဆူဇိုင်းပါလာတော့ အရမ်းကို ပျော်သွားမိတာပေါ့နော်။

၂၀၁၆ ခုနှစ် ဒုတိယအသုတ် ဂျပန်ပညာတော်သင်ဆု အတွက် ဝင်ရောက်ဖြေဆိုပြီ အရွေးချယ်ခံရတဲ့အခါမှာတော့ ဆူဇိုင်းနာအတွက် ဖော်မပြနိုင်တဲ့ ပီတိတွေဖြစ်လာခဲ့ရသလို ဆူဇိုင်းရဲ့ မိဘနှစ်ပါးနဲ့ ကွင်းချောင်း( ခေါ် ) ထီထိပ် ကျေးရွာ အတွက်လည်း ဂုဏ်တက်စရာ ဖြစ်ခဲ့ရပါတယ်။

" တောသူတစ်ယောက်အတွက် ကရင်လူမျိုးတစ်ယောက်အတွက် ဘယ်လိုမှ အိပ်မက်မမက်ခဲ့ဘူးတဲ့ ပညာသင်ဆု ဆိုတာကြီးကို ရတော့ ထင်ပါတယ် ဒီလိုခံစားရတဲ့ ပီတိက ဖော်ပြလို့ရနိုင်မယ် မထင်ဘူးဆိုတာကိုလေ၂၇ ရက် ၉ လ ၂၀၁၆ မှာ ဂျပန်ပညာသင်သွားခဲ့ပါတယ်ခု တတိယနှစ် ဂုဏ်ထူးတန်းကို ဆက်လက်သင်ကြားနေတာပါ "

ခုချိန်မှာ အနာဂါတ်ရည်မှန်းချက်အတွက် ဘာတွေမျော်လင့်ထားသလဲ မေးတဲ့အခါ " ဆရာမကြီး ဖြစ်ချင်တယ် တစ်နေ့မှာ ဆင်းရဲနွမ်းပါတဲ့ မိဘမဲ့တဲ့ ကလေးငယ်လေးတွေ ကိုယ့်အမျိုးတွေကို ပြုစုစောင့်ရှောက်ထောက်ပံ့တာ ပညာရေးမှာ ထူးချွန်ထက်မြက်တဲ့ ကရင်လူငယ်တွေကို ထောက်ပံ့ပေးတာတွေလုပ်ချင်တယ် ဒါဟာ တစ်နေ့မှာ ဖြစ်ကိုး ဖြစ်ရမယ်လို့ မျှော်လင့်ထားတဲ့ ထားရှိထားတဲ့ ရည်မှန်းချက်ပါပဲ " ဟု ဖြေဆိုသွားပါတယ်။



မိမိရဲ့ အမျိုးတွေ ကိုယ့်ကရင်လူမျိုးတွေကို ဘာပြောချင်သလဲလို့ မေးတော့
နင်ကရင်လား အားမငယ်နဲ့ ကြိုးစား
နင်တောကလား အားမငယ်နဲ့ ကြိုးစား
နင်အဖေမဲ့နေသလား အားမငယ်နဲ့ကြိုးစား
နင်အမေမဲ့နေသလား အားမငယ်နဲ့ကြိုစား
ကြိုးစားတဲ့သူတွေအတွက် လောကကြီးမှာ နေရာတစ်နေရာ ရှိတယ်ဆိုတာ မမေ့ပါနဲ့ ဒါမို့ ကြိုးစားကြပါ အချိန်တိုင်းကြိုးစားပါ ကြိုးစားနေသရွေ့ အောင်မြင်မှုဆိုတာ ရောက်လာမှာပါ လို့ ပြောကြားသွားပါတယ်။
အသက်ငယ်သော်လည်း ရည်မှန်းချက်ကြီးသော မိမိဖြစ်ချင်သောအရာကို ကြိုးစားမှုဖြင့်တည်ဆောက်သော နန့်ဆူဇိုင်းနာနဲ့ အင်တာဗျူးပြီ ချိန်မှာတော့ ဆူဇိုင်းကို အားကျသောစိတ် ဖြစ်ပေါ်လာလျှက် အတန်းပညာ ၂တန်းသာ နေခဲ့ဘူးတဲ့ ကျတော့်အဖို့ ယခုအချိန်မှာ အတန်းပညာကို ပြန်လည်သင်ကြားဖို့ပင် စိတ်ထဲ ဖြစ်ပေါ်လာပါတော့သည်။

လွတ်လပ်သော ထီးထာကလုန်း ကရင့်မီဒီယာမှ

အင်တာဗျုးနှင့် သတင်းကို ပုသိမ်တက္ကသိုလ် ကရင်တိုင်းရင်းသား စာပေ နှင့် ယဉ်ကျေးမှုဆပ်ကော်မတီမှဖော်ပြထားသည်အားကူးယူဖော်ပြပါသည်။

အားမာန်သစ် မသန်စွမ်း အဖွဲ.၏ ၄နှစ်မြောက်နှစ်ပတ်လည်ပွဲ

အားမာန်သစ် မသန်စွမ်း အဖွဲ.၏ ၄နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ

အားမာန်သစ် မသန်စွမ်း အဖွဲ.၏ ၄နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား ၊ ၀ါးခယ်မမြို.နယ် အတွင်းရှိ မသန်စွမ်း ကျောင်းသား/သူများအတွက် ပညာရေးထောက်ပံ့မှု ပေးအပ်ခြင်း အခမ်းအနား နှင့် ပညာရေးရန်ပုံငွေ ကံစမ်းမဲ ဖွင့်လှစ်ခြင်း အခမ်းအနားတို.ကို ၂၀၁၇ ဇွန်လ ၄ ရက်နေ.မွန်းလွဲ ၁နာရီက ၀ါးခယ်မမြို.နယ်အသင်းရုံးခွဲတွင် ကျင်းပခဲ့ကြောင်းသိရပါသည် ။


အခမ်းအနားသို. အားမာန်သစ်မသန်စွမ်းအဖွဲ. အမှုဆောင်များနှင့် အဖွဲ.၀င်များ ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ.မှ ကိုယ်စားလှယ်များ ၊ ၀ါးခယ်မမြို.နယ် အသင်းအကျိုးတော်ဆောင် အဖွဲ.၀င်များ ၊ ဖိတ်ကြားထားသော မြို.နယ် အဆင့်တာဝန်ရှိသူအချို. တက်ရောက်ခဲ့ကြကြောင်းသိရပါသည် ။


ရှေးဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ.( ရုံးချုပ် ) မှ ပေးပို.သော သ၀ဏ်လွှာကို အားမာန်သစ် မသန်စွမ်းအဖွဲ. အတွင်းရေးမှုးဖြစ်သူ ကိုအောင်မင်းထွန်းမှ ဖတ်ကြားခဲ့ပါသည် ။ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း အကျိုးတော်ဆောင်အဖွဲ. ဥက္ကဋ္ဌ ဒေါက်တာသက်ရှည် မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) နှင့် အေးချမ်းရိပ်ငြိမ် ပညာကုသိုလ် အဖွဲ.ကိုယ်စား ကိုဇော်မင်းလွင်မှ နှုတ်ခွန်းဆက် နှင့် ဂုဏ်ပြုစကား ပြောကြားပြီးနောက် အားမာန်သစ် မသန်စွမ်းအဖွဲ. ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ မှ အသင်း၏ လုပ်ငန်းဆောင်တာ များ ၊ လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပါသည် ။


ဆက်လက်၍ အားမာန်သစ် မသန်စွမ်းအဖွဲ.၏ မှတ်တမ်းရေးမှုး ကိုဇော်ဝင်းထွန်း မှ အခမ်းအနားကျင်းပဖြစ်ပုံ နှင့် မသန်စွမ်းတို.၏ အခက်အခဲများအကြောင်း ရှင်းလင်းတင်ပြပြီးနောက် ဘဏ္ဍာရေးမှုးဖြစ်သူ ကိုသန်းထိုက်အောင် မှ ငွေစာရင်းရှင်းတမ်းဖတ်ကြားခဲ့ပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ်အတွင်း မသန်စွမ်းကျောင်းသား/သူ များအတွက်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း ကိုဆက်လက်ကျင်းပရာ ဒေါက်တာသက်ရှည် ၊ ဒေါ်ကြည်ကြည်မာ ၊ဒေါ်သက်ဖြူဝေ ၊ ကိုဇော်မင်းလွင် ၊ ကိုအောင်မင်းထွန်း ၊ ဒေါက်တာကိုကိုလင်း တို.မှ အားမာန်သစ်မသန်စွမ်းအဖွဲ.ကိုယ်စား ပညာသင်စရိတ်များပေးအပ်ခဲ့ပါသည် ။ ထိုပညာသင်စရိတ် ပေးအပ်ခြင်း အစီအစဉ်တွင် အထက၁ ၊ အထက ၂ ၊ အထက ကျွန်းကုန်း ၊ အထက ခွဲ ၀ဲကြီး တို.မှ အထက်တန်းဆင့် မသန်စွမ်းကျောင်းသား/သူ ၁၅ ဦးတို.အားပေးအပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထောက်ပံ့ငွေ ၅၃၀,၀၀၀ကျပ်တိတိ ဖြစ်ကြောင်းသိရပါသည်


ထို.နောက် ပညာသင်စရိတ် ပေးအပ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သောဆရာမ ဒေါ်လဲ့လဲ့ မှ ကူညီဆောင်ရွက်ခဲ့ရမှုများ ၊ မသန်စွမ်းကျောင်းသားများဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည် ။
ဆက်လက်၍ အားမာန်သစ်မသန်စွမ်း အဖွဲ.ဒုဥက္ကဋ္ဌ ကို ဇေယျာမင်းမှ အသင်းဖွဲ.တည်ဖြစ်ပုံ ၊ ယနေ.အခမ်းအနားကျင်းပရန် စီစဉ်ခဲ့မှုများ ၊ အသင်း၏ သက်တမ်းတစ်လျှောက် ၀ိုင်းဝန်း ကူညီ ပံ့ပိုးခဲ့သူများ၏ ကျေးဇူးကိုအလေးထား အသိအမှတ်ပြု ပြောကြားခဲ့ပါသည် ။


ထို.နောက် ပညာသင်စရိတ် ရန် ပုံငွေအဖြစ် ရောင်းချခဲ့သော ကံစမ်းမဲ လက်မှတ်များဖွင်.လှစ်ခြင်းအစိအစဉ်ကို ကျင်းပရာ ကံစမ်းမဲအမျိုးအမည် မဲကို ကိုယ်အင်္ဂါ မသန်စွမ်း မိန်းကလေးငယ် တစ်ဦးမှ နှိုက်ပေးခဲ့ပြီး ကံထူးရှင်အမည်စာရင်းကို အမြင်အာရုံ ချို.တဲ့သူ တစ်ဦးမှ နှိုက်ယူပြီး ဆုမဲပေါင်း ၅၁ မဲ ဖွင့်လှစ်ခဲ့ပါသည် ။ဆုမဲများအနက် Tablet ကို မကေသွယ်ဝင်း ( ၀ါးခယ်မ ထွေ/အုပ် ) LCD 17” TV ကို ဦးအောင်မျိုးထွေး ( လက်ပံတောင် ကျေးရွာ ) မှလည်းကောင်း ၊ PSI စလောင်းကို ကိုသူရလင်း ( စာရေးကုန်း ) မှလည်းကောင်း ၊ စက်ဘီးကို မဇာဇာကြည် ( ရန်ကုန် ) မှလည်းကောင်း ဆွတ်ခူးသွားကြောင်း သိရပါသည် ။
မွန်းလွဲ ၃နာရီိခန်.တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည် ။


အခမ်းအနားသို. မြို.နယ် အဆင့်တာဝန်ရှိသူများကို ဖိတ်ကြားခဲ့သော်လည်း အခြားတာဝန်များကြောင့် အချို.သာ တက်ရောက်နိုင်ခဲ့ကြောင်း သိရပါသည် ။



( အားမာန်သစ် မသန်စွမ်း အဖွဲ.အနေဖြင့် စတည်တည်ထောင်ခဲ့သည်မှာ ၄နှစ် ရှိသွားပြီဖြစ်ပြီး တည်ထောင်စဉ်က အားမာန်သစ် မသန်စွမ်းအဖွဲ. အမည်ဖြင့် တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ.ဆောင်အဖွဲ. - ၀ါးခယ်မမြို.နယ် ရုံးခွဲအဖြစ် ရပ်တည်လာခဲ့သည်မှာ ၂နှစ်ရှိပြီဖြစ်ကြောင်း သိရပါသည် )


ကျိုက်ထီးရိုး ရင်ပြင်ပေါ်က စိတ်ဝင်စားစရာ ထိုတစ်ည - သနပ်ခါး ( ၀ါးခယ်မ )

Photo from Yangon Tour

ကျွန်တော်က ကျိုက်ထီးဘုရားကို တစ်နှစ် ၂ ခေါက် ၃ ခေါက်သွားဖူးလေ့ရှိပါတယ်။
စိတ်ကူးပေါက်တာနဲ့ ဘယ်သူမှ မလိုက်ရင် တစ်ယောက်ထဲလည်း ထသွားရင် သွားလိုက်တာဘဲ။
လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်ရှိမယ်ထင်တယ်ရန်ကုန်မှာ ညဘက်ဆို မီးက လနဲ့ချီပြီးပျက်တယ်။

မိုးကလည်း အတော်နဲ့မရွာပါဘူးအခု့လို ကဆုန်လထိပါဘဲ။တချို့ဆို ဟော်တယ်သွားအိပ်ကြပေါ့။
တနေ့ တနေ့ မီးပျက်တာ မခံစားနိုင်တော့မဟေသီ နဲ့ တိုင်ပင်ပြီး သကာလပိုက်ဆံထဲ့ ကွာ အဝတ်အစားထဲ့ကွာစိတ်ကူးတဲ့ရာ သွားမယ်။မနက်သွားမယ် အဆင်သင့်လုပ်ထားပေါ့
မေမြို့လား တောင်ကြီးလား ချောင်းသာလား ကျိုက်ထီးရိုးလား မပြောတတ်ဘူး စိတ်ကူးတဲ့ရာပေါ့ဟာ
မနက်လင်းတော့ ထုံစံအတိုင်း ဘုရားဖူးသွားတာပေါ့ဗျာကဆုန်လပြည့်ဆိုရင် ဘုရားဖူး ပိတ်ပြီ။
ဟိုး အရင်က ကြားဘူးတာပေါ့လေလူတွေ ဘုရားဖူးပိတ်ပြီးရင် နတ်တို့ သကြားတို့ ဗြမ္မာတို့ ဘီလူး သရဲတစ္ဆေ ဘုရားဖူးတဲ့ အလှည့်လို့ဆိုပါတယ်။

ခု့ခေတ်ရောက်မှသာလမ်ပန်းဆက်သွယ်ရေးကောင်းတော့နိုင်ငံခြားသား ဘုရားဖူးတွေရော ပြည်တွင်းဘုရားဖူးဧည့်သည်တွေအတွက် တောင်ပိုင်ကို ခွင့်တောင်းပြီး ဘုရားဖူး ပြန်ဖွင့်ပေးတဲ့ သဘောပေါ့။

ကျွန်တော် ဘုရားဖူးထွက်လာတော့ဘုရားဖူးဧည့်သည်မရှိသလောက်ဖြစ်နေပါပြီတောင်တက်ကားလည်း မရှိပါဘူး
ဒါနဲ့ တောင်ပေါ်တက်ဘို့ ကားစောင့်နေရင်းဘုရားကို အုတ် သဲကျောက် ပို့တဲ့ ကားနဲ့ကျွန်တော်တို့ မိသားစု့ ၄ ယောက် တက်လာခဲ့ပါတယ်။ညဘက် ဘုရားပေါ်မှာ လူမရှိပါဘူး
ဂေါပက အဖွဲ့လောက်နဲ့ နိုင်ငံခြားသား အနည်းငယ်တွေ့ရပါတယ်။ရိုးရိုးလေး ဟော်တယ် အသစ်မရှိသေးပါဘူးကျိုက်ထိုဟော်တယ်မှာတည်းပါတယ်။

ည ၉ နာရီလောက်မှာ လူတစ်ယောက်မှ မတွေ့တော့ဘူးကျွန်တော် တည်းတဲ့ ကျိုက်ထိုဟော်တယ် ၂ ထပ်ဆောင် သစ်သားဆောင်မှာလည်း လူမရှိပါဘူးဘုရားဖူး ခရီးသွား ပိတ်ချိန်ထင်ပါရဲ့
တဆောင်လုံးမှာ လူမရှိတော့ နဲနဲ့တော့ခြောက်ခြားမိပါတယ်။

ရန်ကုန်မှာရော နယ်မှာပါ မရွာတဲ့မိုးဟာည ၁၀ နာရီလောက်မှာ စရွာပါတယ်ဘုရားမှာလည်း အပူမလျော့တာ နဲနဲတော့ သက်သာသွားပါတယ်။သိပ်မကြာဘူး ပုရစ်တွေ ကျတာ အများကြီးဘဲ
ဟော်တယ် ဝန်ထမ်းတွေ ကောက်တာ ပေပါ တစ်လုံးအပြည့်ရပါတယ်။

ခဏကြာတော့ ဝန်ထမ်းတွေ တစ်ယောက်မှ မတွေ့တော့ဘူး
ခွေးတွေဟောင်လိုက်တာ မပြောပါနဲ့
အတော်ကြောက်စရာ ကောင်းတယ်။
ပုရစ်တွေရဲ့အော်သံတွေ အခန်းနံရံတွေကို ပုရစ်တိုးသံတွေဟာ တဖျောက်ဖျေက်နဲ့ ထိန့်လန့်စရာ ဖြစ်လာတယ်။တဒင်္ဂ အတွင်းမှာဘဲ ခွေးတွေ ကိုက်ကြတာ ဆူညံပြီး ထတောင်မကြည့်ရဲပါဘူး
ဟော်တယ်ဝန်ထမ်းတွေလည်း တချက်ထမမောင်ဘူးအကုန်လုံး ဘယ်ရောက်ကုန်မှန်းမသိပါ။

ကြောက်ကြောက်နဲ့ အခန်းအပြင်ထွက်ကြည့်တဲ့အခါတဘက်နဲ့ တဘက် ကိုက်နေတဲ့ခွေးအုပ် ဟာ တဘက် အကောင် ၃၀ လောက်ရှိမယ် ။တစ်ဘက်နဲ့တစ်ဘက် အသေအကျေ ကိုက်ကြတာ ။
ကြောက်တာနဲ့ အခန်းထဲကနေ လိုက်ကာလေးဖွင့်ပြီး ကြည့်နေတာပေါ့။သိတ်မကြာဘူး ခွေးစစ်ပွဲပြီးငြိမ်သွားတော့ အပြင်ကို ခဏထွက်ကြည့်လိုက်တာခွေးသေ တစ်ကောင်ကို မဲမဲ အကောင်ကြီးတစ်ကောင်က ဒရွှတ်တိုက်ပြီးတောင်စောင်းကို ဆွဲချသွားတာ မြင်နေရင်း 
ပျောက်ကွယ်သွားတယ်။

ကျွန်တော်လည်းလန့်ဖြန့်ပြီးကျက်သီးတွေထသွားတာပေါ့။လုံးဝကိုမမျော်လင့်တဲ့အရာတွေ့လိုက်ရတာ 
တော်တော်လေး လန့်သွားတယ်။ခလေးတွေက အိပ်နေပေမဲ့ မဟေသီကအိပ်မပျော်သေးပါဘူး
ကျွန်တော် သူတို့ကိုပြောလိုက်ရင်လည်းကြောက်သွားမှာစိုးလို့ မပြောဘဲ နေခဲ့ပါတယ်။
သစ်သားဆောင်ဆိုတော့လေတိုးသံတွေသွတ်ပြားကမြည်တဲ့အသံတွေပုရစ်တွေအကောင်မျိုးစုံအော်သံတွေကြောင့် တညလုံး အိပ်မရခဲ့ပါဘူး။ဟော်တယ်မှာ အဲ့ညတည်းတာ ကျွန်တော်တို့ မိသားစု့ဘဲရှိတယ်။ဘုရားဖူးပိတ်ချိန် ဘုရားဖူးရင်တော့ ထူးခြားမူ့ တစ်ခု့တော့ ရှိလိမ့်မယ်။
ဘာလို့လည်းဆိုတော့ နာနာဘာဝတွေ ဘုရားဖူးချိန်မို့ပါ။
ဒါကတော့ ကိုယ်တွေ့ ဖြစ်ရပ်ပါ။မယုံရင်လည်း ပုံပြင်ပေါ့



ဒါမျိုးကို စိတ်ဝင်စားတယ် လေ.လာကြည့်ချင်တယ်ဆိုရင်တော. အဲ့ဒီအချိန်မျိုးတခေါက်တော့ သွားဖူးပါလား။ကျွန်တော်တော့ ဝါဆိုလပြည့်နေ့ ဘုရားဖူးမှာ ဘွတ်ကင်လုပ်ပြီးပြီ။

ပျက်ကျ Y8 လေယာဉ် ရှာဖွေရေး ရေငုပ်သမား ကိုသန်.ဇင်ဦး နှင့် အင်တာဗျုး နှင့် ကွယ်လွန်သွားသူ ကိုစောနောင်

Y-8 လေယာဉ်ဆယ်ယူရာတွင်ပါဝင်ကူညီခဲ့သော အရပ်ဘက်ရေငုပ်သမား ကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့ ၏စကားသံများ


၂၀၁၇ ခုနှစ် ဇွန် ၇ ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ်(Y-8)၏ အစိတ် အပိုင်းများဆယ်ယူရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော အရပ်ဘက်ရေငုပ်အဖွဲ့မှ ရေငုပ်သမားနှစ်ဦး၏ ဆောင်ရွက်ချက်များနှင့် ဆေးကုသပေးမှုအပေါ် ရေငုပ်သမားကိုသန့်ဇင်ဦးနှင့် တာဝန်ရှိသူတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

သန့်ဇင်ဦး(ရေငုပ်သမား)


Y-8 လေယာဉ်အမြီးပိုင်းကို ရေထဲမှစမ်းသပ်ရရှိပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ကိုစောနောင်က အရင်ဆုံးဆင်းပါတယ်။ ရေထဲမှာ ကြိုးတစ်ချောင်းထောက်ပြီးပြန်တက်လာတယ်။ နောက်တစ်ခါလေအိတ် နှစ်လုံးထိုးပေးရမယ့်နေရာကို နောက်တစ်ဆိုင်းဖြစ်တဲ့ ကိုသောင်းနဲ့ကတုံးတို့က ထပ်ဆင်းပြီး လေယာဉ်တောင်ပံနှစ်ခုကို ကြိုးချည်ပြီးပြန်တက်လာတယ်။ အနက်ပေ ၁၂၀ ကျော်လောက်မှာ လုပ်ရတာဖြစ်ပြီး ပထမတစ်ကြိမ်က နာရီဝက်ကျော်လောက်တော့ကြာတယ်။ ကတုံးတို့ပြန်တက်လာပြီး လေအိတ်တွေချမယ်ဆိုတော့ ကျွန်တော်တို့ ဒုတိယအကြိမ်ပြန်ဆင်းပါတယ်။ သင်္ဘောပေါ်ကနေကြိုး ချည်ပေးဦးဆိုတော့ ကျွန်တော်တို့ရေငုပ်ပြီး Black box ကိုသွားရှာတာမတွေ့ဘူး။ ဒါနဲ့ရေထဲ ကနေပြန်တက်လာခဲ့တယ်။ တောင်ပံနှစ်ဖက်ကို ကြိုးတစ်ချောင်းစီချည်ပြီးလေအိတ်ကို တစ်လုံးပြီး တစ်လုံးဆွဲရတယ်။ ကိုစောနောင်ကလည်း တစ်လုံးဆွဲချတယ်။ နောက်တစ်လုံးဆွဲချတဲ့အချိန်မှာ နည်းနည်း ကြာသွားတယ်။ လေအိတ်ကြီးကို ရေထဲယူပြီးတော့ လေယာဉ်တောင်ပံနှစ်ဖက်မှာချည်ပြီး ရေထဲကပြန်တက်လာခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ယောက်သင်္ဘောပေါ်ရောက်တော့ ကိုစောနောင်က အင်္ကျီတောင်ချွတ်လိုက်သေးတယ်။ ထမင်းစားမယ်ဆိုပြီး ဗိုက်ဆာလို့ထမင်းခူးနေတုန်း ကျွန်တော့်နောက်က ကိုစောနောင်ပစ်လဲသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်လည်းခြေထောက်နဲ့ လက်ထောက်လို့ မရတော့ပါဘူး။ ခန္ဓာကိုယ်ကကိုက်ခဲလာတယ်။ အဲဒီအခါ သင်္ဘောပေါ်ကလူတွေရောက်လာပြီး နှိပ်နယ်ပေးတော့ လည်းမခံနိုင်ဘူးဖြစ်နေတယ်။ ဒါကိုဒေသခံတွေကရေနာမိတာလို့ပြောပါတယ်။ အဲဒီအတွက် ကျွန်တော်တို့နှစ်ဦးကို ပေ ၆၀ ရေအနက်လောက်မှာ ရေငုပ်သမားအချို့က၀န်းရံပြီး ရေထဲပြန် ဆင်းကြတယ်။ အဲဒီမှာကိုစောနောင်က မျက်စိဖွင့်ကြည့်ပြီး သတိပြန်ရလာတယ်။ လက်တွေ လှုပ်ရှားလာတယ်။ သတိပြန်လည်လာတော့ အပေါ်ကိုခေါ်တင်တဲ့အခါ လှေပေါ်ကို ရောက်တော့သတိမေ့သွားရော၊ ဒါနဲ့နောက်တစ်ခါ ရေထဲကိုပြန်ဆင်းတယ်။ သတိပြန်ရလာပြီး မျက်လုံးတွေဖွင့်ကြည့်တယ်။ လက်လှုပ်ပြတယ်။ ဒါနဲ့အပေါ်ပြန်တက်တဲ့အခါမှာ သတိလစ်နေပြန်ရော၊ ခုနစ်ကြိမ်လောက်အတက်အဆင်းလုပ်တယ်။ လှေပေါ်ရောက်ရင် သတိပြန်မေ့တယ်။ အခြေအနေ မကောင်းတော့ဘူးဆိုပြီး ထားဝယ်ဆေးရုံမှာဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုစောနောင်က အသက် ၄၅ နှစ်လောက်ရှိပြီးရေငုပ်သက် နှစ် ၂၀ ကျော်နေပါပြီ။

ဒီဖြစ်စဉ်က ရေစီးကြောင်းနှစ်ကြောင်းကြားထဲ ရောက်သွားတယ်လို့ပြောတယ်။ ကျွန်တော်ကတော့ ပထမတစ်ကြိမ်ရေထဲဆင်းပြီးကတည်းက သတိပြန်ရလာပြီး အခြေအနေကောင်းလာပါတယ်။ ဒီအပေါ်မှာ တပ်မတော်(ရေ)အဖွဲ့တွေကလည်း အားလုံး ပြည့်ပြည့်စုံစုံလုပ်ပေးပါတယ်။
ကျွန်တော်တို့ ရှာနေတဲ့ Y-8 လေယာဉ်ရဲ့ Black box တွေ့ရင် လေယာဉ်ဘာကြောင့် ပျက်ကျသွားတယ်ဆိုတာသိရမယ်။ သူများနိုင်ငံတွေမှာ လေယာဉ်ပျက်ကျတာ ဘာအစိတ်အပိုင်းမှ ရှာမတွေ့ဘူးလေ။ ဒါကိုကျွန်တော်တို့ အနေနဲ့ကြိုးစားပြီး ရှာဖွေခဲ့ပါတယ်။ ဒီအပေါ်မှာ လုပ်ဖော် ကိုင်ဖက်တစ်ဦး၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားတဲ့အတွက်အရမ်းကိုဝမ်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေကတော့ အခုအခါမှာအားလုံးကောင်းနေပါပြီဟုပြောသည်။


ဗိုလ်ကြီးရာဇာဝင်း(ဌာနချုပ်ဆေးမှူး၊ မောရ၀တီရေတပ်စခန်းဌာနချုပ်)
ရေငုပ်သမားနှစ်ဦးက ဖြစ်စဉ်ဖြစ်တဲ့ ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ပေ ၁၂၀ ကျော်လောက်ရေငုပ်ပါတယ်။ ရေအောက်ကြမ်းပြင်မှာ အလုပ်လုပ်ချိန်က နာရီဝက်လောက်ကြာပါတယ်။ ရေငုပ်ခြင်းကနေပြန်တက်လာတဲ့အခါ ပုံမှန်အားဖြင့်လိုအပ်တဲ့ ရေအနက်ပေ တစ်နေရာမှာနားရပါမယ်။ ပြီးမှ အပေါ်ကို တဖြည်းဖြည်းချင်းတက်ရပါမယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကရပ်နားခြင်းမရှိဘဲ ပြန်တက်လာပါတယ်။ ပြန်တက်လာလာချင်း မိနစ်ပိုင်းအတွင်းမှာပဲ သတိလစ်မေ့မြောသွားပါတယ်။ အဲ့လို ရုတ်တရက်မေ့မြောသွားတာကြောင့် ရေငုပ်အဖွဲ့ခေါင်းဆောင်နဲ့ ဒေသခံရေငုပ်သမားတွေက ရေအောက် အနက် ပေ ၆၀ သို့ပြန်ချပြီး ဖိအားလျှော့ချခြင်းများလုပ်ဆောင်ပြီး သတိရအောင်ဆောင်ရွက်ပါတယ်။ ရေပေါ်သို့ ပြန်ပေါ်လာချိန်မှာလူနာနှစ်ဦးအနက်မှ ကိုသန့်ဇင်ဦးက သတိပြန်ရလာပြီး ကိုစောနောင်ကတော့ သတိပြန်ရလာခြင်းမရှိပါဘူး။ ဒါကြောင့်ကိုစောနောင်ကို နောက်ထပ်တစ်ကြိမ်ရေအောက်သို့ ပြန်လည်ခေါ်ဆောင်ပြီးဖိအားလျှော့ချခြင်းများ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုစောနောင် ကပြန်လည်သတိရလာခြင်းမရှိတဲ့အတွက်နီးစပ်ရာဆေးမှူးဆရာဝန်တွေကို အကူအညီတောင်းပြီး ဆေးကုသမှုခံယူပါတယ်။ အဲဒီအချိန်မှာ တာဝန်ကျဆရာဝန်တစ်ဦးရောက်လာပြီး လူနာကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ပါတယ်။ စမ်းသပ်စစ်ဆေးချက်များအရဆေးရုံပို့ဖို့လိုအပ်လာတဲ့အတွက် လူနာနှစ်ဦးစလုံးကို ညောပြင်ဆိပ်ကမ်းမှတစ်ဆင့် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင်-၁၀၀ ကိုပို့ဆောင်ပေးပါတယ်။ ဆေးရုံကလိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ကုသမှုတွေပြုလုပ်ပြီးတဲ့နောက်မှာ မင်္ဂလာဒုံဆေးရုံကြီး ခုတင်-၁၀၀၀ ကို ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်မှာရောက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မော်တော်ယာဉ်နဲ့ သယ်ဆောင်ရတဲ့အကြောင်းရင်းက ရေငုပ်ခြင်းကြောင့် ရောဂါဖြစ်တဲ့ အတွက် လေယာဉ်နဲ့ သယ်ဆောင်လို့မရပါဘူး။ လေယာဉ်နဲ့သယ်မယ်ဆိုရင် လေဖိအားလျော့တဲ့အပြင် တစ်နေရာကနေတစ်နေရာ သယ်ဆောင်မယ်ဆိုရင်လူနာတွေအတွက် အန္တရာယ်ပိုရှိပါတယ်။အဲဒါကြောင့် မော်တော်ယာဉ်နဲ့သယ်ဆောင်ခြင်းဖြစ်ပါတယ်။ မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီးကိုရောက်ရှိတဲ့အခါမှာ ကိုစောနောင်နဲ့ကိုသန့်ဇင်ဦးတို့နှစ်ဦးစလုံးကို လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ကုသမှုတွေပေးဖို့အတွက် ပြင်ဆင်ပါတယ်။ စီစဉ်ပေးတဲ့အခါ ကိုသန့်ဇင်ဦးကို လေဖိအားသုံးအိမ် Hyperbaric Chamber နဲ့ကုသနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့် ကုသပေးဖို့စီစဉ်ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန် ၁၉ ရက်မှာတစ်ကြိမ်၊ ၂၀ ရက်မှာတစ်ကြိမ်၊ ၂၁ ရက်မှာတစ်ကြိမ် စုစုပေါင်းသုံးကြိမ် လေဖိအားသုံး Chamber နဲ့ကုသပေးပါတယ်။ ကိုသန့်ဇင်ဦးခံစားနေရတဲ့ရောဂါလက္ခဏာတွေက ပျောက်ကင်းသွားပါတယ်။ သတိလစ်မေ့မြောနေတဲ့ ကိုစောနောင်ကိုတော့ ကျွန်တော်တို့လေဖိအားသုံးအိမ် Chamber နဲ့ ကုသဖို့စဉ်းစားပါတယ်။ ဒါပေမဲ့ကိုစောနောင်က သတိလည်လာခြင်းမရှိပါဘူး။ နောက်ပြီး သူ့ရဲ့အသက်ရှူမှုအနေအထားနဲ့ အဆုတ်အနေအထားအရ အသက်ရှူအားကူစက်တင်ပြီးမှ အသက်ရှူ ရတာအဆင်ပြေမှာဖြစ်တဲ့အတွက် အသက်ရှူအားကူစက်တင်ထားလိုက်ရပါတယ်။ လေဖိအားသုံးအိမ်နဲ့ ကုသဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဒါပေမဲ့ ကုသခွင့်ရဖို့အတွက် အချိန်တစ်ခုပေးဖို့ကြိုးစားနေဆဲမှာပဲ ကိုစောနောင်ဆုံးပါးသွားခဲ့ပါတယ်။ ဆုံးပါးသွားတဲ့ ကိုစောနောင်ဈာပနကိစ္စများအတွက် သူ့မိသားစုဝင် တွေနဲ့တွေ့ဆုံတယ်။ ရပ်မိရပ်ဖတွေ့နဲ့လည်းတွေ့ဆုံပြီး သူ့ရဲ့ရက်လည်အတွက်ရော၊ ဈာပနအတွက်ရော အစမှအဆုံးအထိတပ်မတော်မှအကုန်လုံးတာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကိုစောနောင်ရဲ့မိသားစုဝင်၊ ဇနီး၊ မိခင်၊ ညီအစ်ကိုမောင်နှမတွေအားလုံးကို မေးမြန်းပြီးတော့ကျေနပ်မှုရှိသည်အထိ ဆောင်ရွက်ပေး ထားပါတယ်။ ဆက်လက်ပြီးတော့လည်း လိုအပ်တဲ့ထောက်ပံ့မှုတွေပေးဖို့ရှိပါတယ်။ ကိုစောနောင်ရဲ့ ဈာပနအတွက် မင်္ဂလာဒုံစစ်သင်္ချိုင်းမှာပဲ သဂြုင်္ိဟ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုစောနောင်က အရပ်သားဖြစ်နေပေမယ့် တပ်မတော်အတွက်ကူညီလုပ်ကိုင်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ သတ်မှတ်ပြီးတော့ စစ်သင်္ချိုင်းမှာသဂြုင်္ိဟ်ရခြင်းဖြစ်ပါတယ်။ အခမ်းအနားကတော့ အရပ်သားလိုပဲလုပ်မှာပါ။ ကိုသန့်ဇင်ဦးကတော့ ရောဂါလက္ခဏာတွေခံစားရခြင်းမရှိတော့ဘဲ ရာခိုင်နှုန်းပြည့်ပျောက်ကင်း သွားပြီဖြစ်တဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း ဆေးရုံကဆင်းပေးဖို့ရှိပါတယ်။ သူ့ကိုလည်းလိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့တပ်မတော်အပေါ်ကူညီပေးတဲ့သူတစ်ယောက် အခုလိုဆုံးပါးသွားတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ကြိုးစားကုသပေးခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် မမျှော်လင့်ဘဲဆုံးပါးသွားခဲ့ရတဲ့အတွက် များစွာဝမ်းနည်းမိပါတယ်။


ဒုတိယဗိုလ်မှူးကြီးဇော်ဦး [စစ်ဦးစီးမှူး(ပထမတန်း) စစ်ဆင်ရေးနှင့်လေ့ကျင့်ရေးတာဝန်၊ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်]
ရေငုပ်သမားတစ်ယောက်အနေနဲ့ ရေအနက် ၃၃ ပေ ရောက်တိုင်းမှာ သူ့အပေါ်ကို အမောစဖီးယား၊ One Bar ၊ လေဖိအားသက်ရောက်မှုရှိပါတယ်။ ရေအနက် ၃၃ ပေနောက်ထပ် ထပ်ဆင်းတိုင်းကို One Bar One Bar စီပိုပြီး သက်ရောက်တာဖြစ်ပါတယ်။ ရေငုပ်သမားဟာ အကြမ်းဖျင်းအနေနဲ့ ရေအောက်မှာအလုပ်ချိန် ပေ ၆၀ မှာ ၃ အမောစဖီးယား၊ three Bar သက်ရောက်နေမှာဖြစ်ပါတယ်။ လေဖိအားသက်ရောက် နေတာနဲ့အမျှ နိုက်ထရိုဂျင်ပူဖောင်းလေးတွေဟာ ခန္ဓာကိုယ်ထဲကို ပျော်ဝင်သွားတာရှိပါတယ်။ ဒီပူဖောင်းလေးတွေဟာ လေထုဖိအားများချိန်မှာ သေးသေးလေးဖြစ်နေပြီးရေပေါ်ပြန်တက်လာတဲ့အခါမှာ လေပူဖောင်းလေးတွေဟာ ကြီးသွားပါတယ်။ သွေးကြောထဲမှာ လေပူဖောင်းတွေပိတ်ဆို့ရင် သွေးကြော ပိတ်ရောဂါကိုဖြစ်စေပါတယ်။ ရေငုပ်သမားတွေဟာ ရေအနက်သတ်မှတ်တဲ့ အတိုင်းအတာအထိငုပ်ပြီဆိုရင် ရေပေါ်ပြန်တက်တဲ့အခါမှာ သတ်မှတ်ရေအနက်အတိုင်း နားနားပြီးတက်ရပါတယ်။ ဒီလိုမှမလုပ်ဘဲ တက်လာရင်သွေးကြောထဲမှာ ရေပူဖောင်းတွေပိတ်ပြီးရေငုပ်ရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်တဲ့ ရေငုပ်သမားကို Hyperbaric Chamber လို့ခေါ်တဲ့ကိရိယာတပ်ရေငုပ်တဲ့ အနက်မှာရှိနေတဲ့ ဖိအားအတိုင်းဒီအထဲမှ လေဖိအားကိုပေးပါတယ်။ ပြီးရင်သူဖြစ်နေတဲ့ လေပူဖောင်းတွေက သေးသွားမယ်။ ပြီးရင် သွေးကြောထဲပျော်ဝင်သွားမယ်။ အဲဒီလိုမျိုးအတိုင်း ရေအောက်မှာဖြစ်နေတဲ့ရောဂါအတွက်ကို ကူပေးတဲ့ ပစ္စည်းကိရိယာပါ။ ရေငုပ်သမားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိပါတယ်။ တစ်ယောက်ကတော့ သတိ လစ်မေ့မြောနေပြီး သူ့လို ICU ထဲမှာကုသတယ်။ အသက်ရှူကိရိယာနဲ့ကုသတဲ့အနေအထားရှိပါတယ်။ အသက်ရှူကိရိယာနဲ့ကုတဲ့အခြေအနေမှာ Hyperbaric Chamber နဲ့ ကုဖို့အခက်အခဲရှိပါတယ်။ ဒီစက်နဲ့ကုလို့မရဘူး။ ကျန်တစ်ယောက်က ရေငုပ်ရောဂါဖြစ်လို့သူက သတိကောင်းတဲ့အတွက် သူ့ကို Hyperbaric Chamber ထဲမှာထည့်ပြီးကုသပေးခဲ့ပါတယ်။ ကိုသန့်ဇင်ဦးကို ဇွန်လ(၁၉၊ ၂၀၊ ၂၁)ရက်တို့တွင် တစ်ရက်ကို ၂ နာရီခန့် Chamber ထဲမှာထည့်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ရေငုပ်လုပ်ငန်းကြောင့်ဖြစ်ပေါ် တဲ့သွေးကြောထဲမှာဝင်နေတဲ့ ပူဖောင်းလေးတွေကို သေးအောင်ပြန်လုပ် ပေးတယ်။ ပြီးတော့သွေးကြောထဲမှစီးဝင်ပြီး ပျောက်သွားတဲ့အထိဖြစ်အောင် ဒီ Chamber ထဲမှာကုသပေးပါ တယ်။ အဲဒီအတွက် ကိုသန့်ဇင်ဦးဟာ ဒီမရောက်ခင်လက်တွေ၊ ခန္ဓာကိုယ်တွေနာကျင်ကိုက်ခဲတာရှိတယ်။ ဒီပူဖောင်းလေးတွေဟာလှုပ်ရှားလို့တောင်မဖြစ်နိုင်တဲ့သဘောရှိပါတယ်။ ဒီသုံးရက်မှာပျမ်းမျှ ၂ နာရီနဲ့ ကုသပေးတဲ့အတွက် လုံးဝသက်သာပျောက်ကင်းသွားတဲ့အနေအထားရှိပါတယ်။ ကိုစောနောင်ကတော့ ရေငုပ်ရောဂါဖြစ်ပြီးရှေးဦးသူနာပြုစုနည်းလုပ်တဲ့အချိန်ကတည်းက သတိမေ့နေတယ်။ ဒါကိုကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက သတိလစ်နေသူကို Chamber ထဲမထည့်ဖို့အကြံပြုတယ်။

ရေငုပ်ခြင်းကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်အတွင်းရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းနဲ့ ဦးနှောက်သွေးကြောပိတ်ဆို့ပြီး သွေးပြတ်လပ်ခြင်းတို့ကြောင့် မင်္ဂလာဒုံတပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှာ ကွယ်လွန်သွားပါတယ်။
ရေငုပ်ရောဂါဖြစ်ရင် လေယာဉ်နဲ့သယ်လို့မရပါဘူး၊ ကားနဲ့သယ်ရပါတယ်။ ထားဝယ်ကနေကားနဲ့ သယ်ခဲ့ပါတယ်။ လေယာဉ်နဲ့သယ်ရင် လူနာလေဖိအားပိုလျော့သွားပြီး သွေးကြောထဲမှာရှိတဲ့ ပူဖောင်းလေး တွေက ပေါက်ကွဲထွက်နိုင်တဲ့အတွက် လူနာကိုလေယာဉ်နဲ့ သယ်ဆောင်ခြင်းမပြုပါဘူး။ တစ်ချိန်တည်းမှာ ရေငုပ်တပ်က Hyperbaric Chamber ကို တစ်ခါတည်းယူဆောင်ပြီး အသင့်ကုသနိုင်အောင် ထားရှိပြီးကုသပေးခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။



တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ရေငုပ်သမားတစ်ဦး ကွယ်လွန်

နေပြည်တော် ၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ဆယ်ယူရေးတွင် တပ်မတော်နှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဒလမြို့နယ်၊ အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့ ၂ ဦးသည် ပင်လယ်ရေအောက် ၁၂၀ ပေခန့်၌ Y-8 လေယာဉ်၏အမြီးပိုင်းတွင်ငြိနေသော ငါးဖမ်းပိုက် ဖြတ်တောက်ခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်စဉ် ရေနာရောဂါရရှိခဲ့သဖြင့် ကနဦးကုသပြုစုခြင်းများ ဆောင်ရွက်၍ ဆေးမှူး အရာရှိတစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ရာ ဇွန် ၁၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီးသို့ရောက်ရှိ၍ ဆေးကုသမှုခံယူခဲ့သည်။
အဆိုပါရေငုပ်သမား ၂ ဦးအား ကုသမှုများဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်(ရေ)မှ Hyperbaric Chamber (လေဖိအားသုံးကုသသည့် ပစ္စည်း)အား မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင်တပ်ဆင်ပေးခဲ့ပြီး တပ်မတော်ဆေးရုံမှ ကျွမ်းကျင်ပါရဂူများဖြင့် အထူးကြပ်မတ်ကုသပေးခဲ့သဖြင့် ဦးသန့်ဇင်ဦးမှာ ရောဂါသက်သာ ပျောက်ကင်းခဲ့သော်လည်း ဦးစောနောင်(၄၅)နှစ်၏ ရောဂါအခြေအနေမှာ ကောင်းမွန်လာခြင်းမရှိဘဲ ရေငုပ်ခြင်းကြောင့်ဖြစ်သော ခန္ဓာကိုယ်အတွင်း ရုတ်တရက်ဖိအားလျော့ပြီး သွေးကြောများပိတ်ဆို့ခြင်းကြောင့် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်ခဲ့သဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ၀မ်းနည်းပါကြောင်းနှင့် ၎င်းမိသားစုများ၏ လိုအပ်ချက်များကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ကွယ်လွန်သူရေငုပ်သမား ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအား သွားရောက် တွေ့ဆုံအားပေး


နေပြည်တော်၊ ဇွန် ၂၃
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းများအား ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဏ္ဏ၀ါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမားဦးစောနောင်နှင့် ဦးသန့်ဇင်ဦးတို့သည် ဇွန် ၁၈ ရက်မှစ၍ မင်္ဂလာဒုံမြို့၊ တပ်မတော်ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ၂ ဦးအနက် ဦးစောနောင်သည် ဇွန် ၂၂ ရက် ည ၉ နာရီခွဲတွင် ကွယ်လွန်သွားခဲ့သဖြင့် ကျန်ရစ်သူမိသားစုများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံနှင့် တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် တပ်မတော်ဆေးရုံကြီးရုံးခန်းမ၌ သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ကွယ်လွန်သူ ဦးစောနောင်၏ ကျန်ရစ်သူမိသားစုများအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကလှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၃၀ တို့အား အသီးသီးပေးအပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဦးသန့်ဇင်ဦး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Source ; တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး Page

Wednesday, June 21, 2017

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရျင်များအသင်း မှ လှုဒါန်းသော ၀ါးခယ်မမြို.နယ် ကျုံပေါက်ကျေးရွာ အမက ကျောင်းဆောင် ဖွင့်ပွဲ





မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ လှုဒါန်းသော ၀ါးခယ်မမြို.နယ် ကျုံပေါက် ကျေးရွာ အမက တိုးချဲ့ဆောင် ဖွင့်လှစ်ပွဲကို ၂၀၁၇ ဇွန်လ ၁၈ ရက် မနက် ၁၀နာရီခွဲက အဆိုပါကျေးရွာ တိုးချဲ.ဆောင်ရှေ.တွင် စတင်ကျင်းပပါသည် ။


ထိုအခမ်းအနားသို. မြို့နယ်ပညာရေးမှူး ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရျင်များအသင်း တာဝန်ရှိသူများ၊ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် )အမှုဆောင်များ ၊ ၀ါးခယ်မမြို.နယ် အသင်း အကျိုးဆောင်များ ၊ ကျေးရွာ တာဝန်ရှိသူများ ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည် 


ရှေးဦးစွာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်း ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မေမေခင်နှင့် ၀ါးခယ်မမြို.နယ် အသင်း ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ၊
ကျုံပေါက် ၁ ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးကျော်ဆွေ တို.မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည် ။ ထို.နောက် ကဗ္မည်းမော်ကွန်းကြေးပြားအား အမွှေးနံ.သာရည်များ ဖြင့် တာဝန်ရှိသူများက ပက်ဖြန်းပေးကြပြီးနောက် စာသင်ခန်းအတွင်းလှည့်လည်ကြည့်ရှုကြပါသည် ။


ထို.နောက် အခမ်းအနားဒုတိယပိုင်းကို မူလကျောင်းဆောင်ဟောင်းအတွင်းဆက်လက်ကျင်းပခဲ့ပါသည် ။

ရှေးဦးစွာအခမ်းအနား ဖွင့်လှစ်ကြောင်းကြောညာပြီးနောက် ကျောင်းသား/သူလေးများက မြန်မာ.ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ဆက်လက်၍ ထိုသိချင်းကိုပင် အင်္ဂလိပ်ဘာသာဖြင့် သီဆိုဖျော်ဖြေခဲ့ပါသည် ။ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားရာတွင် လုံလောက်သော အကျယ်အ၀န်း သပ်ရပ်သော အဆောက်အဦးသည်လည်း ကလေးများ ရွှင်လန်းတက်ကြွစွာ စာသင်ကြားရေးတွင် အရေးပါပုံ နှင့် လှုဒါန်းမှုများအတွက် ကျေးဇူးတင်ကြောင်းပြောကြားသွားခဲ့ပါသည် ။

ထို.နောက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးမှ လျုဒါန်းဖြစ်ပုံများ နှင့် လက်ရှိကျောင်းလေး စဉ်ဆက်မပြတ် ရေရှည် ဖွံ.ဖြိုးတိုးတက် စေရေး နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများ ပေါ်ထွက်လာရေးသက်ဆိုင်သူအားလုံး ၀ိုင်းဝန်းဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည် ။



ဆက်လက်၍ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး မှ လှုဒါန်းကြသူများ ၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြသူများ ၊ ပူးပေါင်းပါဝင် ကူညီကြသူများအားလုံး ကျေးဇူးတင်ရှိပါကြောင်းနှင့် ပညာရေးဆိုင်ရာ အတွက် ၀ါးခယ်မမြို.နယ် အသင်း၏ လုပ်ဆောင်ပေးနေမျုများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည် ။


ထို.နောက် အလှုရှင်များကိုယ်စား MGMA တာဝန်ရှိသူတစ်ဦးမှ ကျောင်းဆောင်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြု မှတ်တမ်း ပြန်လည်ပေးအပ်ပါသည် ။ ဆက်လက်၍ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးကျော်ဝင်းမှ MGMA ၏ လှုဒါန်းမှု ဖြစ်သော စာရေးကိရိယာများပေးအပ်လှုဒါန်းခြင်း ၊ GOLDEN MYINT မှလှုဒါန်းသော မိုးတွင်းစီးဖိနပ်များ ကို အလှုရျင်များကိုယ်စား ၀ါးခယ်မမြို.နယ် အသင်း အကျိုးဆောင် ဥက္ကဋ္ဌ ဒေါက်တာသက်ရှည် ၊ ဒေါက်တာအေးအေးမြင့်တို.မှ လှုဒါန်းခြင်း ၊ ချင်းတွင်းတံခွန် မှ လှုဒါန်းသော ကျောပိုးအိတ်များ လှုဒါန်းခြင်း ၊ ဒေါ်ရင်ရင်မိုး ၊ဦးစိုင်းမောင် တို.မှကျောင်းဝတ်စုံများ လှုဒါန်းခြင်း ၊ ဒေါက်တာဒေါ်ခင်ကြည် မှ ကျောင်းရန်ပုံငွေအတွက် ၁သိန်းခွဲ ၊ ဦးစိုင်းမောင်မှ ၁သိန်း လှုဒါန်းခြင်း တို.ဆောင်ရွက်ခဲ့ကြပြီးနောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးစိုးနိုင်မှ လက်ရှိကျောင်းဟောင်းပေါ်ပေါက်ရေးအတွက် မြေလှုဒါန်းခဲ့မှုဆိုင်ရာများနှင့် ကျောင်းစတင်ပေါ်ပေါက်ရေးဆောင်ရွက်ခဲ့မှုများ နှင့်အတူ ယခုကျောင်းဆောင်သစ်အတွက် အလှုရျင်များ နှင့် စီမံဆောင်ရွက်ပေးသူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း တို.ပြောကြားခဲ့ပါသည် ။ ထိုလှုဒါန်းမှုများတွင် ဦးကျော်ဝင်း မိသားစုမှ ဗလာစာအုပ် ၁၀ဒါဇင် ၊ Comt ဗလာစာအုပ်မှ ၂၂ဒါဇင် ၊ ဒေါ်ဋ္ဌေးယုမေမှ KG တန်းအတွက် သင်ထောက်ကူပြု ပစ္စည်းများ ၊ ၀ါးခယ်မရဲမောင် သမီး သီတာရဲမောင် မြေး နိုနိုရဲမောင်တို.၏ သောက်ရေကန်တစ်လုံးတည်ဆောက်လျုဒါန်းမှုများလည်း ပါဝင်ခဲ့ကြောင်း သိရပါသည် ။


ထို.နောက်တွင် ကျောင်းသား/သူလေးများမှ ဇာတိမာန် သီချင်းဖြင့်ဖျော်ဖြေရာ တက်ရောက်လာကြသော ဧည့်သည်တော်များမှ လက်ခုပ်သြဘာများဖြင့် ပံ့ပိုးခဲ့ကြသလို အလှုရှင် တစ်ဦးလည်းဖြစ် ၊ ၀ါးခယ်မမြို.နယ် အသင်း နာယက တစ်ဦးလည်းဖြစ်သော ၀ါးခယ်မရဲမောင် မှ ပါဝင်သီဆိုခဲ့သလို ၀ါးခယ်မမြို.နယ်အသင်းအသင်းအမှုဆောင်များ ၊ MGMA အမှုဆောင်များ၊ ဆရာမများမှလည်း အကဖြင့် ပူးပေါင်းပါဝင်ပေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူလေးများမှပါ ပါဝင်သီဆိုခဲ့ကြကြောင်းသိရပါသည် ။ဆက်လက်၍ ၀ါးခယ်မရဲမောင်မှ အောင်ပါစေသိချင်းဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး MGMA အမှုဆောင် တစ်ဦးမှ အကဖြင့် ပါဝင်ဖျော်ဖြေပေးခဲ့ပါသည် ။

ထို.နောက် လှုဒါန်းသူ ၊ တက်ရောက်သူ ၊ ပူးပေါင်းသူ များအပါအ၀င် ကုန်ကျစရိတ်အနည်းဆုံးဖြင့် အရည်အသွေးမှီ စီစဉ်ကြီးကြပ်ပေးခဲ့သော ဒေါက်တာသက်ရှည် ကိုပါ အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်း အခမ်းအနားပြီးဆုံးကြောင်း ကြေညာခဲ့သည်ဟု သိရှိရပါသည် 



ထိုကျောင်းဆောင်အတွက် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ( Myanmar Garment Manufacturer Association ) မှ လှုဒါန်းငွေ သိန်း ၃၀၀ လှုဒါန်းခဲ့ခြင်းဖြစ်ပြီး ပေ ၆၀ × ပေ၃၀ RC တစ်ထပ်ဆောင်အတွက် ကုန်ကျစရိတ် ၂၆၃ သိန်း ၊ စာသင်ခုံများအတွက် ၁၆သိန်း ၊ အဆောင်ဟောင်းပြုပြင်ခြင်း ၁၀သိန်းခန်. နှင့် အိမ်သာ ၂ခန်း ထပ်မံဆောက်လုပ်ခြင်းအပါအ၀င် အပြီးသတ်လုပ်ငန်းအချို. အပါအ၀င်ဖြစ်ကြောင်းသိရပါသည် ။

ဝါးခယ်မမြို့နယ် (၀ါးခယ်မ-ကျုံမငေး ကားလမ်းဘေးမှာ ရှိတဲ့) ကျုံပေါက်ရွာလေးရဲ့ မူလတန်းကျောင်းလေးဟာ ကျောင်းသားဦးရေ ၁၈၀ နဲ့ မလိုက်အောင် ကျဉ်းနေတဲ့အတွက် ရွာစာကြည့်တိုက်လို့ သတ်မှတ်ထားတဲ့ အဆောက်အဦလေးမှာ အတန်းကြီးတချို့ သွားထားပြီး ကျဉ်းကျဉ်းကျပ်ကျပ်သင်ပေးနေရပါတယ်။သင်္ဂဟမေတ္တာအလှူဒါန အစီအစဉ်နဲ့ ဘီပိုး ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်မှာ ပါတာ ၂နှစ်ရှိပါပြီ။ကျုံပေါက်ရွာမှာ ကရင်ခရစ်ယာန်ဘာသာဝင်တွေ နေတာ များပါတယ်။
ရွာလေးက နွမ်းပါးသူများပါတယ်။ ဒါ့ကြောင့် ရွာအနေနဲ့ ကျောင်းအဆောက်အဦ တိုးချဲ့ဖို့ မတတ်နိုင်တာကို ကြားသိရတဲ့အတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသင်းဝင်များ လူမှုရေးအလှူ အတွက် စုဆောင်းထားငွေ ကျပ်သိန်း ၃၁၀ တိတိကို ကျောင်းဆောက်ဖို့ ၀ါးခယ်မမြို့နယ်အသင်းကတဆင့် လှူဒါန်းကြပါတယ်။အဲ့ဒီလိုဆောင်ရွက်ဖို. အဓိက ကူညီပေးခဲ့ကြတာကတော. မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ဝင်း ( ဦးအာဝါး၏ သားဖြစ်သူ ၀ါးခယ်မဇာတိဖွား ) နဲ. ဒေါက်တာအေးအေးမြင့်တို.ပဲ ဖြစ်ပါတယ် ။

ပညာရေး ၀န်ကြီးဌာနက ချမှတ်တဲ့ ကျောင်းအင်္ဂါနဲ့ အညီ ခိုင်ခန့်တဲ့ အဆောက်အဦဖြစ်ဖို့နဲ့ လှူဒါန်းငွေများ အကျိုးရှိရှိ အသုံးချဖို့ 2017 ကျောင်းဖွင့်အမီ ဆောက်ပြီးဖို့ ၀ါးခယ်မဖက်က ဒေါက်တာသက်ရှည်(၀ါးခယ်မအသင်း အမှုဆောင် ဥက္ကဋ္ဌ )က ကြီးကြပ်ပေးခဲ့တယ်လို.သိရပါတယ် ။