Wednesday, June 15, 2016

အမ်အိုင်-၂ ရဟတ်ယာဉ် ပျက်ကျမှု နှင့် သုံးသပ်ချက်





 တပ်မတော်ရဟတ်ယာဉ်တစ်စီး ရာသီဥတုဆိုးရွားမှုကြောင့် ဒိုက်ဦးမြို့နယ်အတွင်း ပျက်ကျ မှု နှင်. ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး Page မှ ယခုကဲ့သို.ဖော်ပြထားပါသည် ။

အမ်အိုင်-၂ အမျိုးအစား တပ်မတော်ရဟတ်ယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်းထွက်ခွာလာရာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း ရောက်ရှိပျံသန်းစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၇၂) အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ပျက်ကျခဲ့သည်။
အဆိုပါရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ်စခန်းဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းအရ သိရှိရသည်။
ရဟတ်ယာဉ်ပျက်ကျရာနေရာသို့ တပ်မတော်မှတာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသော ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ၃ ဦးသည် ၎င်းနေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် ရဟတ်ယာဉ် ပျက်ကျမှုအခြေအနေအား တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


ထိုသတင်းနှင်. ပတ်သက်၍ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သော  Khin Maung Thein   (လေးလွင် MAF)၏ သုံးသပ်ချက်အား ပူးတွဲဖော်ပြအပ်ပါသည် ။


ဒီကနေ့မနက်ပိုင်းက..တပ်မတော်(လေ)ရဲ့ MI-2 အမျိုးအစားရဟတ်ယာဉ်တစီး..မိတ္ထီလာလေတပ်မှာ အကြီးစားပြင်ဆင်မှု(Major Overhaul)ပြုလုပ်ပြီး..မှော်ဘီလေတပ်ဆွယ်ကိုတထောက်
 နားရပ်နားဘို့ပျံသန်းလာစဉ်..ရာသီဥတုဆိုးဝါးမှုနဲ့ကြုံတွေ့ခဲ့တာကြောင့်..ပဲခူးတိုင်းဒေသကြီး..ဒိုက်ဦးမြို့နယ်
အတွင်းမှာရှိတဲ့.ဥသျှစ်ကုန်းကျေးရွာအနီး(အမြန်လမ်းမိုင်တိုင်အမှတ်၇၀အနီး)တောထဲကိုမီးလောင်ပျက်ကျခဲ့တဲ့
အတွက်..
ရဟတ်
ယာဉ်ပေါ်ပါလာသူCrew၃ဦးစလုံးသေဆုံး(ကျဆုံး)ခဲ့ရသတဲ့..(MI-2 တွေကPoland နိုင်ငံလုပ်..တိုက်ခိုက်ရေး
ရဟတ်
ယာဉ်Gunship အမျိုးအစားတွေပါ..၉၀-ခုနှစ်ကျော်က..မြစ်ဝကျွန်းပေါ်မှာဆင်နွှဲခဲ့တဲ့ Delta Storm 
စစ်ဆင်ရေးမှာအဓိကပါဝင်အစွမ်းပြခဲ့ကြသပေါ့)FerryingFlightပျံသန်းလာရင်း.ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်.
.လုံးဝစိတ်မကောင်းပါဘူးမိသားစုတွေနဲ့အတူ ဝမ်းနည်းမိပါတယ်(အသက်ရှူကြပ်လို့.နေမကောင်းရတဲ့အထဲ..မျက်ကြောဇက်ကြောပါ..အရမ်းတက်လာတယ်)
တကယ်တော့.ဟိုးအရင်..ကျနော်တို့ လေတပ်ထဲမှာရှိခဲ့စဉ်တုန်းက..အခုရဟတ်ယာဉ်ပျက်ကျတဲ့နေရာအပါ
အဝင်..ပဲခူး/ ညောင်လေးပင်/ဒိုက်ဦး/ဖြူး/တောင်ငူ/ပျဉ်းမနား/တောင်တွင်းကြီး/ပြည်/ဖောင်ကြီး/ပဲခူး..နေရာအားလုံးကိုတဆက်တစပ်တည်း..ဆက်ကြောင်းမျဉ်းဆွဲလို့ရလာတဲ့..အတွင်းပိုင်း..အဝန်းအဝိုင်း
ဧရိယာတ
ခုလုံးကို..မိုးတွင်းမပျံသန်းရနယ်မြေ(No Fly Zone)အဖြစ်
သတ်မှတ်ထားတာပါ..ကန့်သတ်/တားမြစ်ဇုံ(Prohibited/Restricted Zone)လို့ခေါ်ပါတယ်..


မေလလယ်,မိုးတွင်းစ,ဝင်တာနဲ့..လေကြောင်းညွှန်ကြားမှုဦးစီးဌာန(DCA)ကနေ.."လေယာဉ်သားများ
အတွက်သတိပေး
ချက်" (NOTAM, Notice To Airmen) ဆိုပြီးထုတ်ပြန်တားမြစ်လေ့ရှိတာကြောင့်..ခရီးစဉ်အားလုံး
အတွက်..ဒီနယ်မြေကို..ရှောင်ရှားပျံသန်းခဲ့ကြရပါတယ်..အဓိကအကြောင်းရင်းကတော့.ဒီနယ်မြေအတွင်း
မှာဖြစ်ပေ
ါ်လေ့ရှိတဲ့..တိမ်တိုက်/တိမ်မဲညိုဖြစ်တည်မှုနဲ့လေပွေ/လေဝဲတိုက်ခတ်မှုက.အတော်ကြီးဆိုးဝါးလေ့ရှိပြီး..လေ
ယာဉ်ကိုအန္တရာယ်ကျရောက်စေနိုင်လောက်အောင်ပြင်းထန်လို့ပါဘဲ။တခါတရံ..ညနေမိုးချုပ်.အချိန်မ
ရှိတော့လို့..
မသိမသာခိုးဝင်ြ
ဖတ်ကျော်မိရင်တောင်..တိမ်မဲစိုင်ထုကြားမှာဝုန်းဒိုင်းကြဲ..လှုပ်ခါခံစားရပြီး..ကံကောင်းရင်..ဖင်ချွေးပျံရပါတယ်
..ကံဆိုးရင်တော့..လေယာဉ်ပျက်ကျတတ်ပြီး..သိပ်ကံဆိုးရင် အလောင်းတောင်ပြန်မရတတ်ပါဘူး..(ကျနော်ကတော့..ဖော်ကာနဲ့တကြိမ်..PC-6 နဲ့တကြိမ်..ဝင်မိလို့..ဝုန်းဒိုင်းကြဲတောင်ပံပြုတ်ထွက်မတတ်.
.ခံခဲ့ရဘူးပါတယ်..ဘုရားတ,ပြီးမသေရုံပြန်ထွက်နိုင်ခဲ့ပါတယ်)
တကယ့်ဖြစ်စဉ်တချို့ပြောပြရမယ်ဆိုရင်..လွန်ခဲ့သောနှစ်၄၀-ကျော်မိတ္ထလာကနေ မှော်ဘီကိုပျံသန်းလာတဲ့.
.Beechcraft လေ
ယာဉ်တစီး..ဒီပဲခူးရိုးမဂွင်ထဲမှာဘဲပျက်ကျသွားတာ..ကနေ့ထိ လေယာဉ်/အလောင်း..အစအနရှာမရဘူး.(ပိုင်းလော့နာမည်တော့မေ့တေ့တေ့ဗျ)တခါ..၁၉၇၃ ခုနှစ်လောက်က.အခုလိုမိုးတွင်းမှာဘဲ..ကျနော့် Senior တွေဖြစ်တဲ့ မှူးသန်းညွန့်နဲ့ဗကအောင်သန်း(DSA-11)တို့မောင်းနှင်တဲ့..ဒါကိုတာ
လေယာဉ်..ကျိုင်းတုံကအပြန်..ဒိုက်ဦးကားလမ်းဘေးထိုးကျပျက်စီးခဲ့တာ..အလောင်းပြန်ရခဲ့ပေမဲ့.
.လေယာဉ်ကတော့
..မြေကြီးထဲဦးစိုက်/ဒိုက်ထိုးဝင်သွားတဲ့အတွက်..လယ်ကွက်ထဲမှာ..ဖင်မြီးဘဲမြင်ရတော့တယ်..
နောက်ထပ်အထင်ကရဖြစ်စဉ်တခုကတော့..၇၄-ခုနှစ်ဇူလိုင်လ(၆)ရက်နေ့..မိုးတွင်းမှာဘဲ..T-33 ဂျက်တိုက်လေယာဉ်(၅)စင်း..ရန်ကုန်-မိတ္ထီလာခရီးစဉ်အတိုင်း..စစ်ဆင်ရေးအုပ်ဖွဲ့(Formation)ပျံသန်းခဲ့
 ကြရာမှာ..ရာသီဥတုဆိုးဝါးမှုကြောင့်..တိမ်တိုက်တွေကြားရှောင်တိမ်းပျံသန်းရင်း..ကံဆိုးစွာဘဲ.
.ရွှေကျင်မြို့
အနီးကပန်းတင်တောင်နဲ့တိုက်မိပြီး..ဝါရင့်လေသူရဲ(၁၀)ဦးစလုံးအသက်ဆုံးရှုံးသွားခဲ့ရတယ်
(ကျနော့်ရဲ့3-Squadron က ဆရာတွေလည်းပါသွားခဲ့တယ်)အခုတော့..ရိုးမတောကြီးကိုဖြတ်ဖောက်တဲ့ ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းလည်းပေါ်နေပြီဆိုတော့.. မိုးတွင်းလေယာဉ်
မပျံသန်းရဇုံ/ကန့်သတ်ဧရိယာရှိသေးလား?မရှိတော့ဘူးလား? မသိတော့ပါဘူး..အဲလိုင်းလေယာဉ်တွေဥ
ဒဟိုပျံသန်းနေကြတယ်ဆိုတော့လည်း..မရှိတော့ဘူးလို့တော့ထင်တာဘဲ..ဘာဘဲဖြစ်ဖြစ်..
ပိုင်းလော့ကြီးများ..
သတိတော့ကြီးကြီးထား..ပျံသန်းကြဘို့လိုနေ
 ဦးမှာပါ..ကျနော်စိတ်ထဲမှာ..အစိုးရိမ်ဆုံးကတော့..တခြားမဟုတ်ပါဘူး.


အစိုးရအပြောင်းအလဲလုပ်ခါနီးမှာ.အသစ်ဆောက်ဖို့စိုင်းပြင်းခဲ့တဲ့..
"ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး"ကိစ္စကိုပါ. 
ဘယ်သူဒီနေရာကိုရွေးချယ်ခဲ့တာလဲမပြောတတ်ပေမဲ့..မိုးတွင်းလေ
ယာဉ်မပျံသန်းရဇုံ(Papa-zone)ထဲကျရောက်နေသလားလို့..မကျရင်တောင်.
.အမြီးဖျားတော့ခတ်လောက်ပါတယ်..ဒါပါဘဲဗျာ။
(ကျဆုံးသွားခဲ့ကြသောလေယာဉ်ရဟတ်ယာဉ်မှူး/လေယာဉ်သားများ
အားလုံးအား..လက်တင်အလေးပြုလျက်)

Tuesday, June 14, 2016

အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဌဖြစ် ဦးသိန်းညွန့်နှင့် လူထုပုံရိပ်ဂျာနယ် အင်တာဗျုး






အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းညွန့်နှင့် လူထုပုံရိပ်ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားချက်များမှ လိုရင်းကိုကောက်နှုတ်ဖော်ပြခြင်း ဖြစ်သည်ဟု သိရပါသည် ။ မူရင်းအတိုင်းသာဖော်ပြထားခြင်းဖြစ်ပြီး မူရင်းရေးသားသူ၏ အာဘော်သာဖြစ်ပါသည် ။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကိုမကြည့်နဲ့၊ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတဲ့ အချိန်မှာ ကျွန်တော်တို့အရင်ကရခဲ့တဲ့ လွှတ်တော်နေရာတွေ လက်လွှတ်ခဲ့ရတယ်..လူထုကြီးကိုသနားတယ်။ ရွေးကောက်ပွဲဝင်တဲ့အချိန်မှာလည်း လူထုအပေါ်မှာ ကျွန်တော် ကရုဏာထားတုန်းပဲ။ ရွေးကောက်ပွဲပြီးတဲ့အခါမှာ လူထုကို ပိုတောင်သနားသေးတယ်ဆိုတာ ကျွန်တော်ရေးခဲ့တာပါ။
ရက် ၁၀၀ ပြည့်မယ့်လွှတ်တော်ကတော့ ကျွန်တော့်အမြင်ပြောရရင် အရင်ဆုံးကတော့ ဒီလွှတ်တော်ရဲ့ အကြီးဆုံးအမှားကတော့ နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို ပြဌာန်းလိုက်တာပဲ။

ဘာဖြစ်လို့အကြီးဆုံးအမှားလို့ပြောလဲဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေဟာ အခြေခံဥပဒေကို လိုက်နာရမယ့်တာဝန်ရှိတယ်။ 

အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က တာဝန်ခံရမယ့် အပိုင်းတွေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းတွေကို ခွဲခြားကျင့်သုံးမယ်ဆိုတဲ့ ပုဒ်မ-၁၁ နဲ့ မညီညွတ်တဲ့အတွက် ဒါဟာ အင်မတန်မှားတယ်လို့ ယူဆတယ်။ လုပ်ဟန်အနေနဲ့ပြောရင်လည်း ဒီလောက်အရေးကြီးတဲ့ ဥပဒေကြီးတစ်ခုကို အမြင်မတူတွေရဲ့ တင်ပြချက်ကို စကားလုံး တစ်လုံးကအစ မစဉ်းစားဘဲနဲ့ သုံးရက်နဲ့ အတည်ပြုလိုက်တာကတော့ တပ်မတော်က ကိုယ်စားလှယ်တွေပြောသလိုပဲ ဒီမိုကရေစီအနိုင်ကျင့်မှုဆိုတဲ့ဟာမျိုး လုပ်သွားတယ်ဆိုတာ သာမန်အမြင်နဲ့တော့ လက်ခံနိုင်စရာသဘော မဟုတ်ဘူး။ အဲဒါကြောင့် အမြင့်ဆုံးအမြင်နဲ့ပြောရင်တော့ ဥပဒေပြုသူဟာ ဥပဒေချိုးဖောက်သူ မဖြစ်ရဘူးဆိုတဲ့ မူသဘောကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်က ရွေ့လာတယ်။ မထိန်းနိုင်ဘူးလို့ ကျွန်တော်မြင်တယ်။


ပါတီလိုင်းက ပေးတဲ့အပေါ်မှာ ဥပဒေကို လုပ်နေရတဲ့ ပုံစံတွေရှိတယ်။ ဥပမာ-ပူပူနွေးနွေး ၁၉၈၂ နိုင်ငံသား ဥပဒေအရ ဒေါ်ခင်စောဝေ ရခိုင်ပါတီက တင်တဲ့ဟာမျိုး အဲဒါဟာ နိုင်ငံသား စိစစ်ရေး ဥပဒေနဲ့ညီရင် နိုင်ငံသားပေးလိုက်ပေါ့။ မညီရင်အရေးယူပေါ့။ အဲဒီအဆိုမျိုးကိုတောင် လွှတ်တော်က အတည်မပြုဘဲနဲ့ မှတ်တမ်းတင်ခိုင်းတယ်ဆိုကတည်းက ပထမအကြိမ် လွှတ်တော်နဲ့ယှဉ်ကြည့်ရင် ဒုတိယအကြိမ် လွှတ်တော်ရဲ့ နိုင်ငံရေး အရည်အသွေးကို ခန့်မှန်းလို့ရတယ်/ ပြည်ခိုင်ဖြိုးပါတီက ဘာပြောပြော ကျွန်တော်တို့ တက်ခဲ့တဲ့ ငါးနှစ်မှာ သူတို့ဟာ မေးခွန်းကို လွတ်လပ်စွာ မေးခွင့်ပေးတယ်။ မေးခွန်းကို ကြိုက်သလိုမေး၊ အဆိုတို့၊ ဥပဒေကြမ်း တို့ကိုပဲ သူတို့ပါတီက ဖွဲ့ထားတဲ့အဖွဲ့ကို တင်ရတယ်။ အခုလွှတ်တ်ာမှာက မေးခွန်းက အစ တင်နေရတယ် ဆိုတော့ ဘာပြောပြော ဒီမိုကရေစီ ဦးထုပ်ဆောင်းထားတဲ့လူတွေ အလှည့်ကျမှ ကြံ့ခိုင်ရေးလောက်မှ ခွင့်မပြုဘူးဆိုရင်တော့ အများကြီးစဉ်းစားစရာဖြစ်သွားပြီ။

ရိုဟင်ဂျာပြဿနာဟာ အမျိုးသားရေး၊ လူ့အခွင့်အရေးလို့ပြောပြီး ကဗျာဆန်လို့မရဘူး။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ရင် ပြတ်သားတဲ့ ပေါ်လစီရှိရမယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တဲ့ပွဲမှာဆိုရင် ရိုဟင်ဂျာပြဿနာထက် အရေးကြီး တဲ့ ကိစ္စတွေရှိသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်။ ရိုဟင်ဂျာပြဿနာဟာ အရေးမကြီးတဲ့ပုံစံမျိုး ပြောသွားတယ်။ ဦးသိန်းစိန်မှာ အင်မတန် ချီးကျူးစရာကောင်းတဲ့ အရည်အချင်းတွေ အများကြီးရှိတယ်။ ဒီတိုင်းပဲ ဝေဖန်စရာတွေလည်း အများကြီးရှိတယ်။ ဝေဖန်စရာတွေ၊ ချီးကျူးစရာတွေထဲမှာ ဦးသိန်းစိန်ကို ကျွန်တော်တို့ မချီးကျူးရ မနေနိုင်လောက်တဲ့အချက်နှစ်ချက်ကတော့ တရုတ်ရဲ့ဖိအား ဘယ်လောက်ပေးပေး ဘယ်လောက်ပဲငြိုငြင်မှုတွေ ကြုံရ ကြုံရ၊ ဘယ်လောက်ပဲအကျိုးသက်ရောက်မှုတွေဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်တန့်နိုင်ခဲ့တယ်။ အဲဒီလိုပဲ ရိုဟင်ဂျာနဲ့ ပတ်သက်ရင် မွတ်စလင်အသိုင်းအ၀ိုင်းက ဘယ်လောက်ပြောပြော မွတ်စလင်အသိုင်းအ၀ိုင်းနဲ့ ဆက်နွယ်တဲ့ နိုင်ငံတကာ က အင်အားကြီးနိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံတွေ ဘယ်လောက်ဖိအားပေးပေး တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာ အပြတ်ပြောခဲ့တယ်။ မြန်မာပြည်မှာ ရိုဟင်ဂျာမရှိဘူး။ ရိုဟင်ဂျာ လက်မခံနိုင်ဘူး။ တရားဝင် အသုံးနှုန်းကိုပြောခဲ့တယ်။


 အခုအစိုးရသစ်က ရိုဟင်ဂျာနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား ဘာပြောရဲလို့လဲ။ ဟိုမေးခွန်းကို ကဗျာဆန်ဆန် ဒါထက်အရေးကြီးတာရှိလို့လား တိုင်းပြည်မှာ။ အရေးကြီးတာရှိ တယ်လိုဖြေတယ်။ ရိုဟင်ဂျာမရှိဘူးလို့ မပြောဘူး။ အခုပြောပုံအရဆိုရင်တော့ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အသုံးအနှုန်းရှာမယ်ဆိုတဲ့ သဘောမျိုးပဲပြောတာရှိတယ်။ ရပ်တည်ချက်အရပြောရင်တော့ ရိုဟင်ဂျာကိစ္စအရေးမကြီးဘူးလို့ ပြောတဲ့အတွက် ကျန်တဲ့ လူတော့ ကျွန်တော်မပြောလိုပါဘူး။ အဲဒီပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားကိုယ်ခံအင်အားကို ကျွန်တော်တို့ ပြန်ပြီးတော့ ဆန်းစစ်ရမယ့်အဆင့်ရောက်လာပြီ။

ကျွန်တော် ပြောနိုင်တဲ့အချက်ကတော့ ဦးထင်ကျော် ဦးဆောင်တဲ့အစိုးရဆိုပေမယ့် အားလုံးသိတဲ့အတိုင်းပဲလေ၊ ကနေ့ နိုင်ငံတော်ရဲ့ အခင်းအကျင်းအားလုံးကို ကိုင်တွယ်နေတာက အခြေခံဥပဒေအရ သမ္မတကိုပေးထားတာကို။ လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုင်တွယ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတဲ့အချိန်မှာ အရင်ဆုံး ၂၁ ပင်လုံညီလာခံလို့ ပြောင်းလိုက်တဲ့အတွက်ပဲ။
သတင်းအရဆိုရင် ရွေးကောက်ပွဲမှာ အနည်းဆုံးတစ်နေရာ ရတဲ့ ပါတီတွေမှသာ ငြိမ်းချမ်းရေးမှာ ပါခွင့်ပေးမယ်ဆိုရင် ဥပမာ ချင်း ဆိုရင် ဇိုမီးပါတီတစ်ခုကလွဲလို့ ကျန်တဲ့ပါတီတွေ မရဘူး။ ကရင်ဆိုလည်း သံတောင်မှာ ကရင်ပြည်သူ့ပါတီတစ်ခုကလွဲရင် ကျန်တဲ့ကရင်ပါတီတွေ မရဘူး။ အဲဒီတော့ ကရင် နိုင်ငံရေးပါတီတွေ၊ ချင်း နိုင်ငံရေးပါတီတွေ ကိုယ်စားပြုမှုဟာ အင်မတန်နည်းတော့မယ်။ အဲဒီတော့ လက်နက်ကိုင် အင်အားစု ခေါင်းဆောင်တွေနဲ့ အနေအထားတော့ ကျွန်တော်တို့မသိဘူး။ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ တိုင်းရင်းသားပါတီတွေ တော်တော်များများ ဒီညီလာခံမှာ ပါတော့မှာမဟုတ်ဘူး။ အဲဒီလိုပဲ နိုင်ငံရေးပါတီ ၉၀ နဲ့ပတ်သက် ရင်လည်း အနိုင်ရပါတီတစ်ဦး တစ်ယောက်မှ ပါရမယ်ဆိုရင် ဒါကတော့ သူ့ကိုမေးခွန်းထုတ်ရမှာပေါ့။

ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာက နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပါတီအားလုံးဟာ နိုင်ငံရေးပါတီတွေပဲ။ အဲဒီတော့ အခြေခံဥပဒေကို ပြန်ပြင်ဖို့ (သို့မဟုတ်) အခြေခံဥပဒေမှာ အနည်းဆုံး မဲဆန္ဒနယ် တစ်နေရာရတဲ့ပါတီကိုသာ နိုင်ငံရေးပါတီလို့ သတ်မှတ်တယ်ဆိုရင်တော့ အခုသူတို့ဆောင်ရွက်နေတာတွေဟာ အခြေခံ ဥပဒေနဲ့ညီတာပေါ့။ အခုဆိုရင် အခြေခံဥပဒေမှာမပါဘဲနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရှိရမယ်ဆိုတဲ့ ပြဌာန်းချက်က ဘာပြောပြော ကိုယ်မပြင်နိုင်သေးတဲ့အချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တကယ့်ပြဌာန်းချက်တွေ ကို သေးသိမ်အောင်တော့ မလုပ်သင့်ဘူး။

အဲဒီတော့ နိုင်ငံရေးပါတီဥပဒေရဲ့ အသိအမှတ်ပြုမှုကို ငြိမ်းချမ်းရေးကိုယ်စားပြုမှုမှာ ငြင်းပယ်ခဲ့ တာပေါ့။ နောက်တစ်ခုက အချက်အလက်အရ အားလုံးက ထောက်စရာဖြစ်လာပြီ၊ ကိုယ်လွှတ်တော်ထဲမရောက်ခင် ကိုယ်ရွေးကောက်ပွဲ မ၀င်ခင်တုန်းက အားလုံးပါဝင် All inclusive လို့အော်ခဲ့တာ ဘယ်သူတွေလဲ။ အခု အဲလူတွေက လွှတ်တော်ထဲသူတို့ ရောက်လာတဲ့အခါကျတော့ အားလုံးပါဝင်ရေး ကို ပြန်ဖျက်တယ်ဆိုတော့ ဘာပဲပြောပြော နိုင်ငံရေးကို စစ်စစ်ပေါက်ပေါက် လေ့လာတဲ့သူတွေ နိုင်ငံရေးသုတေသီတွေ နိုင်ငံရေးကို ဒီနေ့မှ ထဲထဲဝင်ဝင် လုပ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေအဖို့ကတော့ မြန်မာပြည်နိုင်ငံရေးမှာ သင်ခန်းစာတစ်ခုရခဲ့တယ်။ ဘာလဲဆိုရင် ကိုယ်အာဏာမဲ့ ရင် တစ်မျိုးပြော၊ ကိုယ်အာဏာရှိရင် တစ်မျိုးပြော ရှေ့နောက်မညီတဲ့ ပြောတာမျိုးက မြန်မာ့နိုင်ငံရေးသမားတွေအတွက် တကယ့်သင်ခန်းစာယူစရာပဲလို့ ပြောရမယ့်အနေအထားရောက်လာပြီ။


အထူးသဖြင့် အခြေခံဥပဒေကို ပုံပန်းပျက် အောင် လုပ်တာမျိုးကိုတော့ ကျွန်တော်တို့ သတိပေးရမယ့်တာဝန် ဒါကတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီကို အသွင်ကူးပြောင်းချင်တဲ့လူတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ယနေ့ လူထုပုံရိပ်ကနေ ကျွန်တော် ပြောသင့်သလောက် ပြောလိုက်တာပါပဲ။


မြန်မာ့စစ်သွေး @ Facebook