Friday, March 4, 2016

ပက်ဂျဆန် အကြောင်း တစ်စေ.တစ်စောင်း ( ၁ )






ဘယ်သူမဆို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတာနဲ.ထောက်ခံမိကြမှာပါပဲ
ဒါပေမယ်. ရည်ရွယ်ချက်အစစ်ကဘာလဲ ၊ အဲ့ဒီသူတွေကဘယ်သူတွေလဲ ၊ ဘယ်လိုသမိုင်းကြောင်းတွေရှိလဲဆိုတာရယ် မြေပြင်ရဲ.လက်ရှိအခြေအနေနဲ. ဘက်စုံလေ.လာမှုတွေကတော. လိုအပ်မယ်လို.ယူဆပါတယ် ။အခုတစ်လော အများစိတ်ဝင်စားကြတဲ့ မြစ်ကြီင်္းနားမြို. ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ.ချုပ် ( Kachin Baptist Convention – KBC ) ကကြီးမှုးပြီး ကချင်လူထုအခြပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ( Patjasan ) အဖွဲ.က ဦးဖရဲဆောင်ယော်ဦးဆောင်တဲ့ အဖွဲ.ရဲ.လုပ်ဆောင်မှုတွေနဲ.ပတ်သက်ပြီး မူးယစ်တိုက်ဖျက်မှုဆိုင်ရာ အမြင်များ ၊ အခြေခံချက်အလက်များအားစုစည်းဖော်ပြအပ်ပါတယ်   

ဒါနဲ.ပတ်သက်လို. မောင်မောင်အောင်ကတော.သူ.ရဲ. Facebook မှာ ခုလို ရေးသားဖော်ပြတောင်းဆိုလာပါတယ်
ကချင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ပေးဖို့ လိုပြီ
===============================
လွှတ်တော်ထဲ မှာ NLD အမတ်တွေ က လူထု အခြေပြု ဘိန်းခင်းဖျက်ဆီးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ထောက်ခံဆွေးနွေးကြတာနဲ့အတူ ပတ်ဂျဆန်အဖွဲ့ရဲ့လှုပ်ရှားမှုက အရှိန်မြင့်တက်လာတယ် ။ဒီကိစ္စကနောက်ကွယ်မှာဘာတွေ ရှိနေသလဲ ၊စဉ်းစားကြဖို့ကောင်းပါတယ်။ အခု ဖျက်ဆီး ခံရတဲ့နေရာ က NDAK ဇခုန်တိန့်ယွန်း ရဲ့နယ်မြေ ပတ်ဂျဆန်အဖွဲ့ကို ကြည့်၊ ဗီဒီယိုတွေ တက်နေတယ်။ပြောရရင်KIAရဲ့ပြည်သူ့စစ်လို့ပြောလို့ရတယ်၊အမျိုးသမီးတွေကိုရိုက်တယ်နှက်တယ်၊
ရှမ်းနီရွာတွေ
ကိုဖျက်ဆီးတယ် ၊ဘိန်းခင်း အကြောင်းပြပြီး ဥပဒေမဲ့ လုပ်နေတာ ဖြစ်တယ်။တဖြည်းဖြည်း ISIS တို့ရဲ့လုပ်ဆောင်ချက် နဲ့ ချွတ်စွတ်တူလာတာကိုပါမြင်တွေ့လာရတယ် ၊နောက်ဆို လည်လှီးတာတွေ ၊အရှင်လတ်လတ် မီးရှို့သတ်တာတွေလာတော့မယ်။ဒီလိုလုပ်တဲ့ KIA ရဲ့ ပြည်သူ့စစ်အဖွဲ့ကို နိုင်ငံရေး ထောက်ခံမှုပေးသလို ဖြစ်သွားတယ်၊ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်
ကိုထောက်
ခံသလိုဖြစ်သွားတယ်အစိုးရနဲ့ တပ်မတော် ကပဲ ဘိန်းခင်းတွေ အဖျက်မခံရအောင်ကာကွယ်တားဆီးနေသလိုမျိုး ရေးနေသားနေကြတယ်

ပြသနာရဲ့ ဇစ်မြစ်က NDAK ခြေကုတ်နယ်မြေကို လွှမ်းမိုးဖို့ပတ်ဂျဆန် ပြည်သူ့စစ် အားကောင်းဖို့၊ နိုင်ငံရေးနဲ့ စစ်ရေးအသာစီး ရယူဖို့ လုပ်ဆောင်လာခြင်းသာ ဖြစ်တယ်အဆုံးမှာ ဝမ်ပေါင်နိုင်ငံတော်ထူထောင်ဖို့အထိမျှော်မှန်းထားကြတယ်၊ ဒါဟာ ကြောက်စရာ အန္တရာယ်ဖြစ်လာပြီ၊ပြည်နယ် အစိုးရအနေနဲ့ နိုင်ငံရေးဖိအား၊ မီဒီယာဆန့်ကျင်မှုတွေကြောင့်လုပ်ရကိုင်ရ ခက်ခဲနေပြီဒီပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းချက်က ကချင်ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်မှ ရတော့မယ်နိုင်ငံတော်တာဝန်ရှိသူများအနေနဲ့ အလေးထား စဉ်းစားပေးပြီးတပ်မတော်ကို အုပ်ချုပ်ခိုင်းဖို့ တောင်းဆို လိုက်ရပါတယ်။

ခုကိစ္စရပ်နဲ.ပတ်သက်ပြီး သတိထားသင်.တဲ့အမြင်တစ်ရပ်ကိုလည်း Khin Maung Zaw ဆိုတဲ့ အကောင်.ပိုင်ရှင်က ခုလိုဖော်ပြရေးသားလာပါတယ်



၂၀၁၆ဖေဖော်ဝါရီ၁၅ရက်နေ့မှာကထောင်ရွာပျက်မှာဖွင့်ထားတဲ့ကေအိုင်အေလက်နက်ကြီးတပ်ရင်းကို
တပ်မဟာအဆင့်ကို
တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်းသိရပါတယ်..နောက်ထပ်လက်နက်ကြီးတပ် ၃ ရင်းကိုလည်းထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ခိုင်လုံသောသတင်းများအရသိရှိရပါတယ်.ကေအိုင်အေ လက်နက်ကြီးတပ်ရင်း (၁) ကို ဦးဆောင်တာက ရင်းမှူးအဆင့်ရှိတဲ့ ဘရန်ဒွတ် ဦးဆောင်ပါတယ်...ကေအိုင်အေ လက်နက်ကြီးတပ်ရင်း(၂)ကိုတော့ ဦးဆောင်တာကရင်းမှူးအဆင့်ရှိအောင်ကျော်က ဦးဆောင်ပါတယ်..ကေအိုင်အေ လက်နက်ကြီး တပ်ရင်း(၃) ကို ဦးဆောင်တာက ရင်းမှူးအဆင့်ရှိဆင်ဝါး က ဦးဆောင်ပါတယ်..

ဒါဟာကေအိုင်အေအနေနဲ့တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ထဲက အခန်း (၃)၊အပိုဒ်(၅)(က)ဖြစ်တဲ့တပ်အင်အားမတိုးချဲ့ရေးဆိုတာကိုချိုးဖောက်နေတာဘဲဖြစ်ပါတယ်..လတ်တလော လှုပ်ရှားမှူ့များကိုကြည်ရရင်ကေအိုင်အေ ဟာ သူတို့ရဲ့ ပြည်သူ့စစ်ဖြစ်တဲ့ PJS အဖွဲ့နဲ့ ဘိန်းခင်းဖျက်ဆီးရေးကိစ္စအာရုံလွဲပြီးတပ်များတိုးချဲ့ဖွင့်လှစ်နေတာဖြစ်ပါတယ်..ဒါ့ကြောင့်..လွှတ်တော်ထဲက ၁၀သိန်းစား အမတ်များအနေနဲ့လည်း..ကိုယ့်ဒေသသတင်းလေးတွေစုံစမ်းပြီးမှန်မှန်ကန်ကန်နဲ့ နိုင်ငံတော်ရဲ့အကျိုးပြည်
ထောင်
စုကြီးအကျိုးကိုကြည့်ကြ ပါလို့ဘဲတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ..

ဒါ.အပြင် Thway Thit Sar ဆိုတဲ့အကောင်.ပိုင်ရှင်ကတော. ခုလိုသုံးသပ်ဖော်ပြထားပါတယ်



အစိုးရသစ်တက်ဘို့၃၅ရက်အလိုမှာဘာဖြစ်လို့ဒီဇယားကိုရွေ့ပါသလဲအစိုးရသစ်တက်ဘို့၃၅ရက်
အလိုမှာ
ဘာဖြစ်လို့ဒီဇယားကိုရွေ့ပါသလဲ
target >>>>>>>>> နယ်ခြားစေါင့်တပ် BGF
target >>>>>>>>> စခုံဒယိမ်း
မဟာဗျူဟာရေးရည်မှန်းချက်>>>>တရုပ်မြန်မာနယ်စပ်တကြောကိုထိမ်းချုပ်ရေး ယူနန်ပြည်နယ်နှင်မြန်မာအကြား buffer zone တခု ဆက်လက်တည်ရှိရေး
နည်းနည်းရှင်းပါရစေ
နယ်စပ်တကြောကလက်နက်ကိုင်တွေရပ်တည်ရှင်သန်ရေးရဲ့အသက်သွေးကြောဟာယူနန်ပြည်နယ်နဲ့
မြန်မာအစိုးရ
အကြားမှာတိုက်ရိုက်
ဆက်ဆံရေးအားနဲနိုင်သမျှနည်းပြီးနယ်စပ်ကုန်သွယ်မှုကအစအကျိုးစီးပွားအဝဝကိုထိမ်းချုပ်နိုင်စွမ်းရှိမှုပါဘဲ။
တဘက်ကပြန်ကြည့်ရင်ဒီလက်နက်ကိုင်တွေစေစပ်ဆွေးနွေးပွဲကတဆင်လက်နက်စွန့်တဲ့အဆင့်အထိတ
ဖြေဖြေး
ဥပဒေဘောင်
ထဲရောက်လာစေ
ချင်ရင်အစိုးရလုပ်ရမယ့်သေရေးရှငိရေးရည်မှမ်းချက်ကလည်းနယ်စပ်တကျောကိုထိမ်းချုပ်နိုင်စွမ်းရှိမရှိပါဘဲ။
ဘေးကျင်းအစိုးရနဲ့ဘယ်လိုဆက်ဆံရေးမျိုးရှိသည်ဖြစ်စေယူနန်ပြည်နယ်ရဲ့ပကတိအကျိုးစီးပွားကသာဘယ်
သူနဲ့
သာပဓာနမဟာမိတ်ပြု
ဆက်ဆံရမယ်ဆိုတဲ့ညီမျှခြင်းကိုအဖြေညှိပါတယ်။
Legitamacy အားကောင်းတဲ့nld အစိုးရတက်လာလို့တပ်နဲ့တသားထဲပေါင်းမိသွားရင်ဒီမဟာဗျူဟာရေးလိုအပ်ချက်အဖြေကိုသဘောပေါက်လို့
တပ်နဲ့ပြည်
သူတသားထဲဖြစ်
သွားကြရင်နေရာပျောက်လက်နက်စွန့်ရတဲ့အထိနဖြေးဖြေးရောက်သွားနိုင်တာကိုကြိုမြင်တဲ့kiaအတွက်
ကတော့
အခုလိုနားလည်မှုတည်ဆောက်ခြင်းမစမှာလိပ်ပါတ်မလည်သေးချိန်မှာတားဆီးခြင်းဟာသာအဖြေပါ
လုပ်နည်းxxxxxx
တရုပ်နယ်စပ်ကတခုထည်းသောအစိုးရအသိအမှတ်ပြုနယ်ခြားစောင့်တပ်bgfကိုပြည်သူတွေလက်မ
ခံလာအောင်
ထိုးနှက်ရန်
KIA နယ်မြေထဲက မဟုတ်တဲ့ ဘိန်းခင်းတွေကို လိုက်ဖျက်တယ်... ဒေသခံတွေက သူတို့စီးပွား ဒုတ်နဲ့ ထိုးပြီး ထမင်းငတ်အောင်လုပ်တယ်လို့ ယူဆပြီး ခုခံကြတယ်... အဲဒီလို ခုခံလို့ ပဋိပက္ခဖြစ်တဲ့ ရွာကို အလုံးအရင်းနဲ့ ၀င်စီးတယ်... ရွာသားတွေကို ဖမ်းတယ်.. ရိုက်ကြ နှက်ကြတယ်...ဘာမှ မဟုတ်တဲ့ ရွာသူရွာသားပိုင် ပစ္စည်းတွေကို လိုက်ဖျက်စီးတယ်... ဆိုင်ကယ်ကိုတောင် တွန်းလှဲပြီး ပြသနာရှာတယ်... ပြီးရင် ဆိုင်ကယ်ပေါ်က အိတ်ကို ယူတယ်....

ဒီလို တွေ ပဋိပက္ခတွေ ဖြစ်မှာ စိုးလို့ တပ်မတော်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တားတယ်... ဘိန်းစိုက်နေတဲ့ နေရာကို ပြောပါ သွားဖျက်ပေးပါ့မယ် ပြောတာတောင် မရပဲ တပ်မတော်ကို အပုတ်ချ တိုက်ခိုက်ခဲ့ကြတယ်.... ဒီမိုလွှတ်တော် အမတ်တွေက အခု အဖွဲ့ဖြစ်တဲ့ PJS ကို ကာကွယ်ပေးဖို့ အဆိုတင်ခဲ့တယ်....

အခုလို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့PJS (ပက်ဂျီဆန်) အဖွဲ့ရဲ့ စည်းကမ်းတကျနဲ့ အင်တိုက်အားတိုက် ဘိန်းဖျက်နေသော လုပ်ရပ်အား အားပေးထောက်ခံ နေကြသော ၁၀ မိနစ် လွှတ်တော်ထဲမှ ၁၀ သိန်းစား ဒီမိုအမတ်ကြီးများအား သိမြင်စေရန် တင်ပြလိုက်ပါတယ် ခင်ဗျာ...
 သုံးသပ်မှု တစ်ခုကလည်း ခုလိုတင်ပြထားတာလေးလေ.လာကြည်.နိုင်ပါတယ်
ပက်ဂျီဆန်အဖွဲ့ရဲ့ လှုပ်ရှားမှု သတင်းတွေကို စောင့်ကြည့်နေခဲ့ပါတယ်...

သူတို့က ဘိန်းခင်းဖျက်တယ်ဆိုပေမယ့် ဘိန်းခင်းတိုင်း လိုက်ဖျက်နေကြတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး.... သူတို့ နဲ့ မတဲ့ တဲ့ သူတွေရဲ့ ဘိန်းခင်းတွေကိုပဲ လိုက်ဖျက်ကြတာပါ... အထူးသဖြင့် NDAK ထိန်းချုပ်နယ်မြေထဲက ဘိန်းခင်းတွေကို ၀င်ဖျက်ကြပါတယ်... NDAK နဲ့ KIA က ကချင်လူမျိုးတွေတူပေမယ့် မတဲ့ ကြပါဘူး...

နောက်ပြီး ဘိန်း ဖြတ်ပေးတယ်ဆို ပေမယ့်လည်း သူတို့တွေ လုပ်နေတာတွေက ဘိန်းဖြတ်နေတာနဲ့ မတူပါဘူး သူတို့ (KIA) သြဇာခံ မဟုတ်တဲ့ ပြည်သူတွေ (သို့) ကြည့်မရတဲ့ တခြားတိုင်းရင်းသား ပြည်သူတွေကို လိုက်လံ ညှင်းပန်းနိပ်စက်နေကြတာနဲ့ တူနေပါတယ်...



အဲဒါကြောင့် သူတို့ ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေဖြစ်မလဲ ဆိုတာ သိသာထင်ရှားလာပါတယ်...
၁။ NDAK ထိန်းချုပ်နယ်မြေက ဘိန်းခင်းတွေ ပျက်တော့ KIA က ဘိန်းခင်းတွေ ဈေးကောင်းမယ်...
၂။ နယ်ခြားစောင့်တပ် (သို့) ဘိန်းစိုက်တဲ့ KIA လက်ဝေခံ မဟုတ်တဲ့ ပြည်သူတွေကို ပဋိပက္ခ ဖြစ်လာရင်... တပ်မတော်နဲ့ ရန်တိုက်ပေးနိုင်မယ်....
၃။ သူတို့ သြဇာခံမဟုတ်တဲ့ သူတွေကို သူတို့ သြဇာခံ ဖြစ်လာအောင် အကြောက်တရားနဲ့ ထိန်းချုပ်နိုင်မယ်...
၎။ လက်ရှိအစိုးရနဲ့ တပ်မတော်ကို နာမည်ပျက်စေမယ်...
စတဲ့ ရည်ရွယ်ချက် မျိုးစုံတွေကြောင့် တိုက်ကွက်တွေ ဖော်နေကြတယ်လို့ ယူဆသုံးသပ်မိပါတယ်...တပ်မတော်အနေနဲ့ စစ်မီးမပွားရအောင် တားသင့်သလောက် တားခဲ့ပြီးပြီ... သို့ပေမယ့် နာမည်ပျက်တာပဲ အဖတ်တင်ခဲ့တယ်...

နောက်တစ်လပြီးရင်ပဲ သူများကို လက်ညှိုးထိုး အပြစ်ပုံချတတ်တဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ခေါင်းဆောင်တဲ့ အနိုင်ရပါတီရဲ့ အစိုးရ သစ်က ဒီပြသနာတွေကို လက်လွှဲယူရတော့မှာဖြစ်ပါတယ်... သူတို့ ရှင်းပါလိမ့်မယ်... အဲဒီအတွက် ကျနော်တို့ တပ်မတော်အနေနဲ့ စစ်မီးတွေ ဆက်မပွားစေဖို့ ကြားမညှပ်မိစေဖို့ နေတတ်ဖို့ လိုပါပြီ....
ကိုရဲမိုးကလည်း ဒီကိစ္စမှာတော်တော်လေး ပြည်.ပြည်.စုံစုံ သုံးသပ်တင်ပြထားတာကိုတွေ.ရပါတယ်
ကျွန်တော် ကျောင်းဆင်းခါစက ...လောက်ကိုင်ဒေသကို ရောက်တာ ...ကျွန်တော့် မိခင်တပ်က ခလရ ၁၂၈ ...လောက်ကိုင် - ချင်းရွှေဟော်ကားလမ်းဘေး ...တောင်ကြောကြီးတွေပေါ်မှာ တည်ထားတယ် ...တပ်က စစ်ဆင်ရေးဝင်တော့ ...ကွတ်ခိုင် - တာမိုးညဲ - မုန်းစီးခွင်ကို ၀င်ရတယ် ...ကေအိုင်အေ တပ်မဟာ ၄ ခွင်ပါ ...ဘိန်းခင်းတွေဟာ လက်ညိုးထိုးမလွဲပေါ့ ...ဘိန်းကို နေကုန်နေခန်း ...ရက်ပေါင်းများစွာ ဖျက်ဖူးတယ် ...လက်တွေနီရဲ ပေါက်ပြဲ ..အရေခွံတွေ လန်ကုန်တဲ့ အထိပဲ ...ဘိန်းဟာ မြင်လေသမျှ တောင်ကြောတွေ အားလုံး ...ပြည့်နေအောင် စိုက်ထားတာ ...တောင်ထိပ်ထိ တက်ဖို့ တင် ...နာရီပေါင်း များစွာ အချိန်ကုန်တယ် ...ထိပ်ရောက်တော့လဲ နောက်တစ်တောင် ..ပြီးတော့ နောက်တစ်တောင် ...ဘိန်းစိုက်တောင်သူပေါင်း များစွာနဲ့ လဲ ...တွေ့ ကြုံ စကားပြောဖူးတယ် ...အခင်းတွေ ဖျက်ချိန် ...တစ်ချို့ ဟာ အခင်းဘေးတင် ...ရှိုက်ကြီးတငင် ငိုကြတယ် ...တစ်ချို့ ကလဲ အနားကို မလာရဲကြဘူး ...ညနေစောင်း ကိုယ်စခန်းချတဲ့  ရွာကို ပြန်တော့ ...ကိုယ်တည်းတဲ့ အိမ်က အဖွားကြီး ...ငိုယိုနေတာလဲ ကြုံဖူးတယ်

ကျွန်တော်တို့ တပ်ခွဲ ...မနက်က တက်သွားတဲ့ တောင်ကြောဟာ ...သူတို့ အခင်းရှိတဲ့  တောင်ကြော ...သူတို့ ကိုယ်တိုင်စိုက်ထားတဲ့ အခင်းတွေ ...ဒီအခင်းလေး လေးငါးခုနဲ့  ...တစ်ရာသီစာ ထမင်းစားရမှာ ...အခု ကျွန်တော်တို့ က တက်ဖျက်ပြစ်လိုက်သတဲ့  ...ဘိန်းဟာ သူတို့ အတွက်တော့ ....မိရိုးဖလာ လယ်ယာလုပ်ငန်းပဲ ....သူတို့ ဒီလိုပြောလေ့ရှိတယ် ...
" လော်မီတာကွန် ( ဗမာစစ်ဗိုလ်ကြီး ) ....
ဘိန်းဟာ အစေးက ပိုက်ဆံသိပ်ရတယ် ...
အရွက်ဟာ စားလို့ သိပ်ကောင်းတယ် ...
အစေ့ကလဲ စားလို့ ရတယ် ...
အရိုးကလဲ နွားကျွေးလို့ ရတယ် .....
နင်တို့ ဘာလို့ ဘိန်းဖျက်တာလဲတဲ့  ..... "

ဘိန်းရဲ့ ဆိုးကျိုး အပြစ်တွေ ကျွန်တော်ရှင်းပြတော့ ...သူခေါင်းရမ်းနေတယ် ...သူ့ အဖေလဲ ဘိန်းရူခဲ့တယ် ...သူလဲ ဘိန်းရူတယ် ....ဒါဟာ သိပ်ဆိုးတဲ့ ကိစ္စလို့  ...ဘယ်လိုရှင်းပြပြ သူ လက်မခံနိုင်ခဲ့ဘူး ....ဘယ်လိုပဲ ဖြစ်ဖြစ် ....တာဝန်အရတော့ ဖျက်ရမှာဖြစ်ကြောင်း ...ကျွန်တော် ဆက် ရှင်းပြတယ် ...
" ဒါဆို လာမယ့်ရာသီ ...
ငါတို့  ဘာသွားစားရမလဲလို့  ....
သူ အသံတိမ်တိမ် နဲ့ ရေရွတ်တယ် ....



ဘိန်းဖျက် စစ်ကြောင်းတွေ ...သူတို့ ရွာနားကို ...ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာဟာ ...သူတို့ အတွက်တော့ ကြမ္မာဆိုးဝင်ခဲ့ပြီပေါ့ ....ကျွန်တော်တို့ တိုင်းပြည်မှာ ...ဘိန်းကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြတာဟာ ...၁၉၅၀ ပြည့်လွန်နှစ်တွေထဲကပါ ....ဘိန်းပပျောက်ရေး နှစ်ပေါင်းများစွာ လုပ်ခဲ့တယ် ...လူမျိုးရေး ပဋိပက္ခ ...နိုင်ငံရေး ပဋိပက္ခ ...လက်နက်ကိုင် ပဋိပက္ခ ...ဒီ ပဋိပက္ခပေါင်းများစွာကြားမှာ ...ဖျက်လိုက် စိုက်လိုက် ဘိန်းခင်းတွေသာ ...သံသရာ ရှည်ခဲ့တယ် ....

ဘိန်းခင်းဖျက်ရုံနဲ့ သာ ဘိန်းပြတ်ခဲ့မယ်ဆိုရင် ...မြန်မာပြည်မှာ ...ဘိန်းအမြစ်ပြတ်တာ ကြာခဲ့ပြီပေါ့ ....တစ်ခြားက ပိုက်ဆံပေးစိုက်ခိုင်းတာပဲ ဖြစ်ဖြစ် ...ကိုယ်တိုင် စိုက်တာပဲ ဖြစ်ဖြစ် ...ဒေသခံ ရွာအများစုဟာ ...ဒီ ဘိန်း စိုက်တာနဲ့ ပဲ အသက်မွေးကြတယ် ...ဒီ ဘိန်းက အစေးကို ရောင်းပြီး ရတဲ့  ငွေနဲ့  ...တစ်နှစ်စာ သူတို့ လိုအပ်တဲ့  ရိက္ခာ နဲ့  ....တစ်ခြား ပစ္စည်းတွေ ၀ယ်ရတယ် ....သူတို့  အခင်းတွေ ဖျက်မယ်ဆိုရင် ...ဒီ ရွာပေါင်းများစွာအတွက် ...အလုပ်အကိုင် စီစဉ်ပေးနိုင်ရမယ် ...ဒီအတိုင်းဖျက်ရုံနဲ့  ကတော့ ...ဖျက်လိုက် စိုက်လိုက် သုံးလေးကြိမ်ဆို ...လက်နက်ကိုင်တပ်ထဲ ၀င်သွားတယ် ...ဆက်စိုက်တယ် ...ဒီတစ်ခါတော့ သေနတ်ကိုင်ပြီး စိုက်တာ ...

ကောင်းပါပြီ ...
ကျွန်တော် တစ်ခုမေးပါရစေ ...လက်ရှိ ဘိန်း မစိုက်တဲ့ အဖွဲ့  ထဲ ...ကေအိုင်အေ ပါပါသလား ?ကိုးကန့် ပါပါ သလား ?o ပါပါသလား ... ?ရှမ်းနီပါပါသလား ရိုးရိုးသားသားသား ဖြေကြည့်ပါ ...အခု ဘိန်းတွေ လိုက်ဖျက်နေတဲ့  ပတ်ဂျဆန်ကို ...ကေအိုင်အေ က ကျောထောက်နောက်ခံ ပြုမပြု ...ရိုးရိုးသားသား ဖြေကြည့်ပါ ....ဘိန်းစိုက်တဲ့ သူ အတူတူချင်း ...ကေအိုင်အေ ဘိန်းခင်းကျတော့ မဖျက်ဘဲ ...NDAK ရဲ့  နယ်မြေထဲက ဘိန်းခင်းကို ၀င်ဖျက်တာဟာ ...သဘာဝ ကျပါရဲ့ လား .... ?

ဘိန်းစားတဲ့သူ အချင်းချင်း ....ရှမ်းနီရွာတွေကို အုပ်စုနဲ့  ၀င်ဖမ်းပြီး ....ရိုက်တာနှက်တာ ...အပြစ်ပေးတာတွေ လုပ်နေတာတွေဟာ ....မှန်ပါရဲ့ လား ... တရားမျှတပါရဲ့ လား ?ပြည်သူလူထု အခြေပြု ဘိန်းဖျက်အဖွဲ့ ဟာ ...အခု နှစ်ပိုင်းမှ ဘာလို့  ထပြီး ဘိန်းဖျက်ရတာပါလဲ ...အခုအချိန်ပိုင်းမှ ဘာလို့ ထပြီး ဘိန်းဖျက်ရတာပါလဲ ...?အရင်က ဘာလုပ်နေလို့ ပါလဲ ?

မူးယစ်ဆေးကဏ္ဍမှာ ...အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၀န်ထမ်းတွေ ပါဝင်ပတ်သက်နေရင် ...အရေးယူပါ ထောင်ချပါ လက်ခံပါတယ် ...တပ်က ပါဝင်ပတ်သက်တယ်ဆိုရင်လဲ ...ပြင်းပြင်းထန်ထန် ထောင်ချပြစ်လိုက်ပါ ကျေနပ်ပါတယ် ...သို့ သော် ... ခင်ဗျားတို့  အခုလုပ်နေတဲ့ ကိစ္စဟာ ...သိပ် အန္တရာယ်များပါတယ် ...လူမျိုးရေး ပြသနာကို ဦးတည်နေပါတယ် ...ပြည်နယ်တွင်း မတည်ငြိမ်မှုကို ရှေ့ ရူနေပါတယ် ....ကေအိုင်အေ နဲ့ ရှမ်းနီတွေဟာ ...နဂိုတည်းက ရန်စရှိနေတာပါ ...စစ်ပြန်ဖြစ်လာရင် ဘယ်ငတိမှ ...ဘိန်းဖျက်လိုက်ရန် ခေါ်လို့ မရနိုင်ပါ .....

အစိုးရ အဟောင်းဟာ နောက်တစ်လဆို ဆင်းပါပြီ ...အဲဒီအခါ ဒီ ဘိန်းဖျက်တဲ့  ကိစ္စကို ...ခင်ဗျားတို့ စိတ်တိုင်းကျ ကိုင်တွယ်လိုက်စမ်းပါ ...ကချင်ပြည်နယ်တစ်ခုလုံးက ဘိန်းခင်းတွေ ...ခင်ဗျားတို့ အစိုးရဦးစီးပြီး ....အနုမြူဗုံးပါ ခွဲပြစ်လိုက်စမ်းပါ ...မသမာမူတွေ လာဘ်စားမှုတွေ ထောင်ချပြစ်လိုက်စမ်းပါ ...လက်ခုပ်တီးပြီး အားပေးပါတယ် ...သို့ သော် အခုမှ ခါတော်မီ ဘိန်းထဖျက်နေတဲ့  ....စည်းလွတ်ဝါးလွတ် ဒီ ပတ်ဂျဆန်လိုကောင်ကို ...လွှတ်တော်မှာ အရေးကြီး အဆိုတင်ပြီး ...အကာအကွယ်ပေးဖို့ လုပ်လိုက်တာဟာ ...ခင်ဗျားတို့ သိပ်မှားသွားပြီ လို့ ပဲ ဆိုချင်ပါတော့တယ် ....

သိတဲ့ လူက ၀င်ပြောချိန် ...နယ်မြေ အနေအထား နဲ့  ....သမိုင်းကြောင်း နားလည်တဲ့  တပ်မတော်က ၀င်တားချိန် ...ဘိန်းဖျက်တာ ၀င် တားရမလား ဆိုပြီး ...၀ိုင်း အသံကောင်း ဟစ်ကြပါတယ် ...ဘိန်းဖျက်တာကို တားနေတာ မဟုတ် ...ဒီဘိန်းဖျက်မှုဟာ ထိလဲ မထိရောက် ...အကျိုးထက် အပြစ်ကိုသာ ပိုဖြစ်ပြီး ...ပြည်နယ်တွင်း မတည်ငြိမ်မှု နဲ့  ...လူမျိုးရေး ပဋိပက္ခကို ဦးတည်လာနိုင်ဖွယ် ရှိလို့  ...တပ်က ၀င်တားခဲ့ခြင်း ဖြစ်ပါတယ် ....သို့ သော် လွှတ်တော် အသစ်က လက်မခံခဲ့ဘူး ...တပ်မတော်သား အမတ်တွေက ...ပတ်ဂျဆန် အဖွဲ့  လုပ်နေတဲ့  ကိစ္စတွေကို ...အထောက်အထားတွေနဲ့  ...မနေ့ က လွှတ်တော်မှာ ရှင်းပြကြပါတယ် ...မရပါဘူး .... လက်မခံပါဘူး .....ဒါဆိုလဲ ပြီးတာပါပဲ .....တားစရာ အကြောင်း မရှိတော့ပါဘူး ...နောက်များမကြာမီ ခင်ဗျားတို့  ...ကိုယ်မွေးတဲ့ မျောက် ...ကိုယ် ပြန်ခြောက်တဲ့ ဘ၀ ရောက်ပါလိမ့်မယ် ....

ပျက်သွားတဲ့  ဘိန်းခင်းအရေအတွက် နဲ့  ...မမျှတဲ့  ပြသနာတွေ ...ခင်ဗျားတို့ ဆက်ရှင်းရပါတော့မယ် ...အဲဒီအခါကျမှ ...အခုလုပ်ရပ်ကို ကို အားပေးအားမြောက်ပြုခဲ့တာ ..ခင်ဗျားတို့ သိပ်မှားသွားကြောင်း ...နောင်တတွေ တသီကြီးနဲ့  သိလာပါလိမ့ယ် ...Good Luck ...ကံကောင်းပါစေ အစိုးရအသစ်ကြီး ..
 တပ်မတော်ကိုလည်း ခုလိုတောင်းဆိုရေးသားထားပါတယ်
အဟက် ...ပတ်ဂျဆန်အဖွဲ့ ကို မတားဖို့  ...ဒီနေ့  ပြည်သူ့ လွှတ်တော်မှာ ....ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ....ဦးလဂမ်ဇယ်ကျူံး က ...အရေးကြီး အဆိုတင်သတဲ့  ကိုယ့်လူတို့  ...သတ်ပါစေ ... သေပါစေ ...လွှတ်ပေးလိုက်ကြပါ ...တပ်မတော်က ကြားက ....နာမည်ပျက် ခံမနေပါနဲ့ တော့ ....နောက်လာမယ့် ...NLD အစိုးရအဖွဲ့ ကြီး ဆက်ရှင်းပါစေ ....ပြောင်းလဲချိန် တန်ပြီ ...
 ဒါ.အပြင်သက်ဆိုင်ရာများ ၊ ဒေသဆိုင်ရာ အာဏာပိုင် နဲ.တာဝန်ရှိသူများသတိပြုနိုင်ရန်လည်း ခုလိုရေးသားထားပါတယ်



ကချင်ပြည်နယ်က...၀ိုင်းမော်၊ ချီဖွေ ၊ တနိုင်း၊ ပူတာအို ...ဆွမ်ပရာဘွမ်၊ ဖားကန့်စတဲ့  မြို့နယ်တွေမှာ ...ဘိန်းခင်းတွေ ရှိနေတယ် .....၀ိုင်းမော် နဲ့ ချီဖွေက ဘိန်းခင်းတွေက ....NDAK ဆခုန်တိန့် ယန်း ရဲ့  နယ်မြေထဲမှာ ....တနိုင်း ၊ ပူတာအို ၊ဆွမ်ပရာဘွန် ၊ ဖားကန့်  က ဘိန်းခင်းတွေက ...ကေအိုင်အေ ရဲ့  နယ်မြေထဲမှာ ....ဘိန်းဖျက်တာကို ဦးစီးတာက ပတ်ဂျဆန် အဖွဲ့  ...ပတ်ဂျဆန် အဖွဲ့ ကကချင်ခရစ်ယာန် အဖွဲ့ တွေ ဦးစီးဖွဲ့ တာ ..ပြည်သူ့ စစ်ပုံစံ ဖွဲ့ ထားတယ် ...ယူနီဖောင်းဝတ်တယ် ၊ စစ်ဦးထုပ်ဆောင်းတယ် ...စကားပြောစက်တွေကိုင်တယ် ....ကေအိုင်အေ နဲ့ ပတ်သက်ဆက်နွယ်မှု ...အကြီးအကျယ် ရှိနေတယ် ...

ပတ်ဂျဆန်ရဲ့  လုပ်ရပ်တွေနဲ့  ပတ်သက်လို့  ...တိုင်ကြားစာတွေ အမှုဖွင့်တာတွေလဲ အများကြီး ရှိတယ် ...ရှမ်းနီရွာတွေကို ၀င်ဖမ်း ...၀င်ရိုက်တာတွေ လုပ်ကြလို့  ...ရှမ်းနီတွေဘက်က ...လူထုအစည်းအဝေးလုပ်ပြီး ကန့် ကွက်တာ ...အစိုးရအဖွဲ့ ကို တိုင်ကြားတာတွေ လဲ ရှိတယ် ...ပြီးခဲ့တဲ့  ရက်ပိုင်းက တက်လာတဲ့  Movie တစ်ခုမှာ ...မူးယစ်ဆေးသုံးစွဲသူတွေလို့ ဆိုတဲ့  သူတွေကို ...ပတ်ဂျဆန်တွေက ....တုတ်နဲ့ အားရပါးရရိုက်နေတဲ့  ပုံတွေပါတယ် ...အမျိုးသမီးတွေလဲပါတယ် ...အမျိုးသမီးတွေကို ရိုက်တဲ့ အချိန် ...ပတ်ဂျဆန်တွေဟာ ....ဘေးက မျောက်လို အော်ဟစ်ရယ်မောနေတယ် ...ရိုက်ခံရတဲ့  အမျိုးသမီးကြီး တစ်ယောက် ...ငိုယိုနေတဲ့  ပုံတွေလဲ ပါတယ် ...

ဆိုလိုတာက ...ဘိန်းဖျက်တာဟာ ပြသနာမဟုတ် ...ဒီ ဘိန်းဖျက်တဲ့ လှုပ်ရှားမှုကို ...ဦးစီးနေတဲ့ ပတ်ဂျဆန်က ပြသနာ ...ဘိန်းဖျက်တာက ပြသနာ မဟုတ် ...ဘိန်းဖျက်တာကို အကြောင်းပြပြီး ...စည်းလွတ်ဝါးလွတ် လုပ်နေတာက ပြသနာ ....ဘိန်းဖျက်တာက ပြသနာ မဟုတ် ...ကေအိုင်အေ ရဲ့ ရန်ဘက် ....NDAK ရဲ့  နယ်မြေထဲကို ...ဦးတည်ပြီး ချီတက်နေတာက ပြသနာ ...( ၂၀၁၂ က ...NDAK ရဲ့  နယ်ခြားစောင့်တပ်ရင်း တစ်ခုကို ....KIA က အလုံးအရင်းနဲ့ ...၀င်တိုက်ခဲ့တဲ့  ဖြစ်စဉ်ရှိထားတယ် )



ပတ်ဂျဆန် ရဲ့  လှုပ်ရှားမှုဟာ ...တဖြည်းဖြည်း နဲ့  နိုင်ငံရေးလှုပ်ရှားမှု ...လူမျိုးရေး လှုပ်ရှားမှု အသွင်ဆောင်လာတယ် ...ပထမ လူလေး နည်းနည်း ...အခု နှစ်ထောင်လောက် ဖြစ်လာနေပြီ ....နောက်ဆုံး အခြေအနေတွေကတော့ ...မနေ့ က ဆက်မသွားဖို့ တားထားတဲ့  ...ပတ်ဂျဆန်အဖွဲ့ တွေကို ..တပ် နဲ့  ရဲ က တပ်ဖွဲ့ တွေ အစောင့်လိုက်ပြီး ....သွားခွင့် ပြုလိုက်ပြီ ....ထူးဆန်းတဲ့ တစ်ချက်က ...ဒီ ပတ်ဂျဆန် လုပ်ရပ်ကို ...အားပေးအားမြှောက် ပြုနေတဲ့  ငှက်တစ်ချို့ ကိုလဲ ...အတော်လေးတွေ့ ရတယ် ....

နောက်တစ်လကျော်ဆို ကချင်ပြည်နယ်မှာ ....NLD အစိုးရ တက်တော့မယ် ....အဲဒီအခါ ဒီ ပတ်ဂျဆန်ကပဲ ...ပြည်နယ်အစိုးရကို ...ပြသနာပေါင်း သောင်းခြောက်ထောင် ဆက်ပေးမှာကို ....မမြင်နိုင်တော့လောက်အောင် ...အသိတရားကင်းမဲ့ နေတဲ့  တစ်ချို့ ငှက်တွေရဲ့  ...ငှက်ခေါင်းကိုလဲ အတော်လေး အံ့ သြမိတယ် ...မြှောက်တုန်းက အားကြိုးမာန်တက် မြှောက်ပေးခဲ့ပြီး ...နောင် လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ကြမှ ...ကေအိုင်အေ နဲ့  NDDK ....တိုက်ပွဲတွေ အကြီးအကျယ် ပြန်ဖြစ်မှ ....ကချင်ပြည်နယ် ငှက်အစိုးရ ၀ရုန်းသုန်းကား ပြန်ဖြစ်မှ ....ပတ်ဂျဆန်ကို ဆန့် ကျင်ကြ ....ထလုပ်ရင်တော့ ...အချိန်အတော်လေး ....နောက်ကျသွားပြီလို့ ပဲ ဆိုရတော့မယ် ...ခင်ဗျားတို့  ငှက်ခေါင်း ...ဖွတ်ခေါင်းထက် ပိုမဆိုးပါစေနဲ့ ဗျား ..... ။

  Data from မောင်မောင်အောင် , Khin Maung Zaw , Thway Thit Sar & Ye Moe

Monday, February 22, 2016

ကြယ်ကြွေည ရဲ. လရိပ်အောက်က ချစ်တိုင်းမညားတဲ. သီချင်းတစ်ပုဒ်





ကောင်မလေးရေ
ပြောနေကျစကားလေးတစ်လုံးပဲပြောပါရစေ
သတိရနေပါတယ်

ဒီနေ. ၂၀၁၆ ဖေဖော်ဝါရီလ ၁၂ ရက်နေ.
ကိုယ်ကတော. ထုံးစံအတိုင်း ဒီလိုနေ. ဒီလိုအချိန်ဆို မအူပင် နည်းပညာ ဆရာကန်တော.ပွဲထဲ ရောက်နေရတာပါပဲလေ ။တကယ်တော. ကိုယ်.အတွက် ဒီ ၂၀၁၆ ဆိုတာ သာမာန်ထက် စိတ်ခံစားမှုတွေပြင်းပြင်းထန်ထန်ကြုံ ရတဲ့ နှစ်တစ်နှစ်ပါ ။ နဂိုတည်းက ထိလွယ် ရှလွယ်ရှိတာရယ် ၊ အဆိုးကိုသာအရင်တွေးမိတတ်တာရယ် ၊ လိုချင်တာလေးတွေရနေရင်တောင် ဘယ်တော.ဆုံးရှုံးရတော.မှာလဲဆိုတာမျိုး တွေးပူတတ်တာရယ် အားလုံးပေါင်းလိုက်တော. ပျော်ရတာထက် ကျန်တာတွေက ပိုများနေတတ်တာကိုက ကိုယ်.ရဲ.ပင်ကိုစတိုင်လိုဖြစ်နေတာပဲလေ ။

ဒီနှစ် မအူပင်ကျောင်းက ငွေရတုဆိုတော. သာမာန်ထက်ပိုတဲ့အခမ်းအနား အစီအစဉ် နဲ.အပြင်အဆင်တွေ လုပ်ထားကြတယ်လေ ။ ကိုယ်ကတော. အရင်နှစ်တွေလောက် ထဲထဲဝင်ဝင် လုပ်မပေးနိုင်ခဲ့ဘူးကွ ။ကိုယ်.အခြေအနေကိုကိုယ်သိလို. တာဝန်တွေကနေရှောင်လွှဲနေခဲ့တာကိုလည်း အားလုံးကနားလည်ပေးခဲ့ကြပါတယ် ။ ဒါတောင်မလွှဲမရှောင်သာ တာဝန်ယူခဲ့ရတဲ့ကိစ္စတွေမှာ လိုအပ်မှု ၊ လစ်ဟာချက်တွေရှိခဲ့တာမို. အားလုံးဝိုင်းကူဖြည်.ပေးခဲ့ကြရသေးတယ် ။ မယူချင်လို.မဟုတ်ပဲ ယူနိုင်စွမ်းမရှိတာကိုသိလို. ကိုယ်တာဝန်မယူခဲ့တာပါ ။ တကယ်လုပ်နေရသူတွေ တကယ်ကိုပင်ပန်းရတဲ့ပွဲဖြစ်သလို ထုံးစံအတိုင်း အလုပ်တကယ်လုပ်ကြရသူချင်း ပွတ်တိုက်မှုလေးတွေလည်း ရှိတတ်ပြီး ဒါဟာတစ်ယောက်နဲ.တစ်ယောက် မကျေနပ်လို. ဖြစ်တာမျိုး မဟုတ်ပဲ ပွဲတစ်ခုပိုပြီး စနစ်ကျအောင် ၊ ပိုပြီးစည်ကားအောင် တွေးတောစီစဉ်ရင်း ဖြစ်ရတာမို. ပြသာနာ လို.မမြင်ကြပဲ ပစ္စတင်တွေရုန်းလို.အင်ဂျင်လည်ရသလိုမျိုး ပွတ်တိုက်မှုကရတဲ့ စွမ်းအင်နဲ. အလုပ်ပိုမိုပြီးမြောက်တယ်လို.ပဲ သဘောထားခဲ့ကြတာပါ ။ ဒါဟာ မအူပင် ကျောင်းဆင်းတွေရဲ. စိတ်ဓါတ်အစစ်ပဲလေ ။

သတိရတယ်ကောင်မလေးရေ

မနက်တုန်းက ငွေရတုပွဲ အထိမ်းအမှတ်မုခ်ဦး ဖွင်.ပွဲ မှာ ကျောင်းတက်နေဆဲ မျိုးဆက်သစ် မိန်းကလေးငယ်လေးတွေက ဖဲကြိုးကိုင် အကူအညီပေးခဲ့ကြတယ်လေ ။ မျိုးဆက်သစ်နဲ. မျိုးဆက်ဟောင်းတို.ရဲ. ပေါင်းကူး အမြဲချောမွေ.နေဖို. ကိုယ်တို.ကျောင်းကလူတွေ ကအမြဲကြိုးစားနေခဲ့ကြတာပါ ။ ဒါကြောင်.လည်း ဘယ်ကျောင်းမှ ဆရာကန်တော.ပွဲကို GTI , GTC , TU ပေါင်းလုပ်ဖို.စိတ်မကူးခင်တည်းက ကိုယ်တို.ကျောင်းက ပေါင်းစည်းပြီးလုပ်နိုင်ခဲ့ပြီးသား ဖြစ်နေပြီလေ ။ ပြောချင်တာက မနက်ကအဲ့ဒီကလေးတွေကိုမြင်တော.လည်း ကောင်မလေးကို ပိုသတိရနေမိပြန်ရော ။ ဘာဆိုင်လို.လည်းလို.တော. မပြောနဲ. ။ ဆိုင်ဆိုင် မဆိုင်ဆိုင် သတိက ရရနေတတ်တာပဲလေ ။



ပြီးတာနဲ. ဆရာကန်တော.ပွဲ စရော
ဒီနှစ်တော. ဆရာတွေအားလုံးကလည်း နေပူထဲ ထိုင်ကန်တော.တဲ့ကျောင်းသားတွေကို သနားလို.ထင်ပါရဲ. ။ သြ၀ါဒ နဲ.ပီတိစကားကို လိုရင်းလောက်သာပြောသွားကြတယ် ။ ဒီနှစ်က အမှတ်တရ အနေနဲ. ၂၅နှစ်ပြည်.သွားရှာပေမယ်. အကောင်အထည်အနေနဲ. မရှိရှာတော.တဲ့ အမည်ခံ GTI ကျောင်း ၀င်းထဲမှာလုပ်ရတာမို. ဆရာ/ဆရာမ တွေအတွက်ပဲ စင်မြင်./အကာဆိုတာတွေစီစဉ်ထားပြီးကျောင်းသား/သူတွေကတော. မြေပြင်မှာ စီစဉ်ထားတဲ့အခင်းနေရာကပဲ ကြည်နူး/ကျေနပ်စိတ်အပြည်. ၊ ဂါရ၀တရာအပြည်. ကန်တော.ကြရတာလေ ။ အားလုံးကတော.ပျော်ပျော်ပါးပါး ရိုရိုသေသေနဲ.ကို နေပူထဲကနေ ကန်တော.ကြတာပါပဲ ။ ၁၀ နာရီ နဲ. ၁၁နာရီကြား   နေဆိုတော.  တအားတော.မပူလှပေမယ်. ကြာတော.လည်း နည်းနည်းတော.ထိတာပေါ. ။ ဒါပေမယ်. တစ်ခုကောင်းသွားတာက ၉၃-၉၅ မေဂျာစုံ က ကျောင်းသူ/သားဟောင်းတွေက ငွေရတု အမှတ်တရ မျက်နှာသုတ်ပ၀ါလေးတွေဝေတာမို. အားလုံးအဆင်ပြေသွားကြတာပေါ. ။ အားလုံးရဲ.ခေါင်းထက်မှာ အဲ့ဒီမျက်နှာသုတ်ပ၀ါလေးတွေကနေရာယူထားတာမို. Yellow Journalism တွေနဲ.တွေ.ရင်တော. သဲကန္တာရထဲက IS ညီလာခံ လိုလို ဘာလိုလိုဖြစ်သွားပေမပေါ.ကွယ် ။အဲ့ဒီအလှုစီစဉ်သူအားလုံးလည်း ဘ၀မှာအေးရိပ်ချမ်းသာရကြမှာပါ ။ 

သတိရတယ်ကောင်မလေးရယ်




ဘာဖြစ်လို.လည်းသိလား ။ ကျောင်းသားဟောင်းအသင်း တွဲဘက်အတွင်းရေးမှုး ကိုဇော်လင်း ( 1994-96 EC ) လေ သိလားသူကလူပျိုကြီးပေါ. ။ သူနဲ.ကော်မတီဝင် အမျိုးသမီးတွေစုပြီး ငွေရတု အမှတ်တရ ကံကော်ပင်စိုက်နေကြတယ် ။ ဒီအစီအစဉ်ကတော. နောက်ပေါက်ကျောင်းတွေရဲ.သင်္ကေတ မလေးရှားပိတောက်တန်း သာရှိတဲ့တစ်ခါတုန်းက  ကိုယ်တို.ရဲ.ကျောင်းကို ဒီငွေရတုနောက်ပိုင်း ကာလတစ်ခုမှာ ကံ.ကော်တောလေးများဖြစ်လေမလားဆိုတာရယ် ၊ ဘာအမည်တပ်ရမှန်းမသိတော.တဲ့ကျောင်းမို. ဘယ်နားသွားပြီး အထိမ်းအမှတ်ကဗ္မည်းလည်း ထိုးရမှန်းလည်းမသိ ၊ သစ်ပင်သာစိုက်ရင်ကောင်းမယ်ဆိုတဲ့အတွေးရယ်ကြောင်. ငွေရတုအထိမ်းအမှတ် ကံ.ကော်ပင် ၂၅ ပင်စိုက်ပျိုးခြင်းရဲ. အစိတ်အပိုင်းတစ်ခုပေါ. ။ 

ပထမဆုံးအပင်ကိုတော. ကျောင်းအ၀င်ဝမှာ ကျောင်းအုပ်ဆရာမကြီးဟောင်း ဒေါ်မြကြည်ကစပြီး
စိုက်ပေးတယ်ကွ ။ နောက်တော. အခြားဆရာ/ဆရာမတွေ ။ ပြီးတော.ပွဲကိုတက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းတာဝန်ရှိသူတွေ ၊ မအူပင်နည်းပညာကျောင်းသားဟောင်းများအသင်း တာဝန်ရှိသူတွေ နဲ.ယူနစ်တာဝန်ခံအဖွဲ.တွေ ၊ ခုပွဲကိုလာရောက်ကူညီကြတဲ့ မျိုးဆက်သစ် ကျောင်းသား/သူ တွေ စုပေါင်းစိုက်ပျိုးကြတာပေါ.ကွယ် ။ကိုဇော်လင်းကလည်း သစ်ပင်စိုက်ရင်း တစ်ပြုံးပြုံး နဲ.ပေါ.ကွယ် အားလုံးဝိုင်းစီစဉ်ကြရတဲ့ ပွဲအစီအစဉ်အချို.အောင်မြင်စွာပြီးမြောက်လို.ပဲလား ၊ မိန်းကလေးတွေကြားထဲမှာသူတစ်ယောက်တည်းဝင်စိုက်ခွင်.ရနေလို.လား ၊ ဘာကြောင်.လဲတော.သူ.ဘာသာသိမှာပေါ.ကွယ် ။ဘာပဲပြောပြော ဒါဟာကျောင်းအတွက်ကော ၊သူတို.အတွက်ပါ အမှတ်တရ သစ်ပင်တစ်ပင်ဖြစ်သွားမှာပေါ. ။

အဲ့ဒါပြီးတော. မေဂျာစုံ ကျောင်းသူ/သားဟောင်းတွေရဲ. စတုဒီသာအလှုပေါ. ။ ကောင်မလေးမကြိုက်ပဲ ကိုယ်သိပ်ကြိုက်တဲ့ ကောက်ညှင်းပေါင်းလိုမျိုးပါသလို ကိုယ်ရော ကောင်မလေးပါ နှစ်ယောက်လုံးရဲ. အသည်းစွဲ လဘက်ထမင်းလည်းပါတယ်ကွ ။ လဘက်ထမင်းကအများကြီး ရှိနေပေမယ်. ထည်.စရာ မရှိလို.ဆိုပြီး မြင်သာမြင် မကြင်ရဖြစ်နေသူတွေက အဲ့ဒီလဘက်ထမင်း မဏ္ဍပ်နားမှာ တ၀ဲလည်လည်နဲ.ပေါ.ကွယ်။ကျောင်းသူ/သားဟောင်းတွေအားလုံး ဟိုတုန်းကကျောင်းသားဘ၀လိုပဲ တိုးကြ ၊ ဝှေ.ကြ ၊တောင်းကြ နဲ.တကယ်.ကိုပျော်စရာပါပဲကွယ် ။



အဲ့ဒီမှာ ကျောင်းသားဟောင်းတစ်ယောက်တွေ.လိုက်ရတယ်ကွ ။သူက ရာသက်ပန် သတ်သတ်လွတ်စားပြီး ဆေး/ဆေးလိပ်/အရက်/ကွမ်း/ဘာညာ အားလုံးရှောင်တဲ့ ကျောင်းသားဟောင်းအသင်းရဲ.စည်းရုံးရေးမှုး ကိုဂျပိုးလေ ။ သူ.ခမျာ သတ်သတ်လွတ်လဘက်ထမင်းစားဖို.လုံးပမ်းနေရင်း နောက်ဆုံးတော. ထည်.စရာလည်းမရှိတာနဲ. ရတာပဲစားတော.မယ် ( နေအုံး မှားသွားလို.) ရတာပဲ စိတ်ပြေလက်ပျောက် လုပ်နေတော.မယ်ဆိုပြီး Lady တွေနဲ.ပဲ စုပြီး ဓါတ်ပုံရိုက်လို. အဆာဖြေနေရှာတယ်ကွယ် ။ သူ.ကိုကြည်.ပြီးကိုယ်လည်း သနားနေမိတယ် ။ ဘာလို.လည်း ဆိုတော.သူနဲ.ခုန ကိုဇော်လင်းနဲ. နှစ်ယောက်ထင်တယ် ။ အိမ်ထောင်ရေးကိစ္စတွေဆွေးနွေးရင်း တစ်ခါတစ်ခါကျ ရင်တဲ့ ကိုယ်.ကိုကိုယ်  ဒီဘ၀ မိန်းမမှ ရပါတော.မလားတွေးမိရင် ညဘက်ညဘက် အိပ်တောင်မပျော်ဘူးတဲ့ ။ အဲ့ဒါသူတို.နှစ်ယောက် ဘယ်သူပြောတာလဲတော. မသိပါဘူးကွယ် ။ အော် ဒါလေးတစ်ခုတော.မှာထားမယ်ကွယ် ။ဒါတွေက Personal တွေဆိုတော. လူတောထဲတော.လျှောက်မပြောမိပါစေနဲ. ။ လူပျိုကြီးတွေဆိုတော. အသက်ကြီးလေ ပျက်စီးလေ ( အဲမဟုတ်သေးဘူး ) အသက်ကြီးလေ အရှက်ကြီးလေတွေမို.ကွယ် .။တော်ကြာကိုယ်.ကို စိတ်ဆိုးနေအုံးမယ် ။



ကောင်မလေးရေ
ဒီတစ်ခါတော. အခုနကတွေထက် ပိုသတိရမိပြန်ရော
ဘာလို.လည်း သိလား
အချို.တွေက မိသားစုလိုက် ဒီဆရာကန်တော.ပွဲကို လာကြတာလေ
ကလေးတွေက အဆောင်ရှေ.ကမြက်ခင်းပြင်မှာ ဆော.လို. ။ သူတို.တွေကသူငယ်ချင်းတွေနဲ. စကားတွေပြောလို. ။ သေချာတာက ကိုယ်.အတွက်တော. ဒီလိုဖြစ်ရပ်မျိုး၊ ဒီလို အခြေအနေမျိုး နဲ. ဒီဘ၀မှာတော. ဘယ်လိုမှကြုံနိုင်စရာ မရှိတော.ဘူးလေ ။ ဒါကြောင်. ကိုယ်.ဘာသာ ဟိုးးးးး Workshop တွေဘက်မှာပဲ တစ်ယောက်တည်းသွားထိုင်နေမိတယ် ။ လူတွေကြားထဲမှာ တစ်ယောက်တည်းသပ်သပ်ဖြစ်နေရတာပေါ. ။ ဒါနဲ.ပဲကိုယ်လည်း ထုံးစံအတိုင်း ကောင်မလေးဆီ Message ပို.နေမိတယ် ။ ကောင်မလေးရေ …. ကိုယ်နာမည်ပေးခဲ့ဖူးသလို ပဲ Mind Reader ဆိုတဲ့ နာမည်နဲ.လိုက်အောင်ပဲ အဲ့ဒီအချိန်မှာ ကိုယ်.ဆီဖုန်းလှမ်းခေါ်လာပေးတယ် ။ Video Phone နဲ.လေ ။ ပျင်းနေမှာစိုးလို. မျက်နှာကြည်.ပြီး ပြောလို.ရအောင်လေတဲ. ။ ကဲ ဘယ်လောက် ကိုယ်.စိတ်ကိုနားလည်လိုက်သလဲ ၊ ဘယ်လောက်တစ်ဖက်သားအပေါ် ဂရုစိုက်ညှာတာတတ်သလဲ ။ ဒါကြောင်.လဲ  ထာဝရ အတွက်မဟုတ်ပဲ အချိန်အပိုင်းအခြားလေးတစ်ခုအထိ ပဲဆိုတာသိရက်နဲ. ၊ ကောင်မလေးရဲ. ဖြူစင်တဲ့ညှာတာမှုတွေအတွက် ကိုယ်.အနာဂတ်တွေ အပါအ၀င် ကိုယ်.ဘ၀တစ်ခုလုံးနဲ.ပါ လဲပြီး ပျော်ပျော်ကြီး နစ်မြုပ်နေခဲ့တာပေါ.ကွယ် ။


 နောက်တော. ကျောင်းထဲက အဖွဲ.တွေ ဗျစ်ရည်ဆိုင်ဆီ ချီတက်သူချီတက်
ကျောင်းထဲက ယစ်ရွှေရည် ရတဲ့ ( ပွဲအတွက် သီးခြားစီစဉ်ထားတာပါ ) ဆိုင်လေးမှာ ထိုင်သူတွေထိုင်
ကန်တော.ခံ ဆရာ/ဆရာမတွေ ဧည်.သည်တွေ အတွက် စီစဉ်ပေးထားတဲ့ ထောပတ်ထမင်း စားသူတွေက  စားနဲ. သူ.ဘာသာ သီးခြားစီလည်ပတ်နေကြပြီးတဲ့နောက်တော. ကောက်ကာငင်ကာ ဖွဲ.စည်း၊ ၂နာရီတိတိ လေ.ကျင်.ပြီး u 16 မြန်မာအမျိုးသမီး လက်ရွေးစင်ကို ၁-၁ နဲ.ခြေရည်တူ ( ခြေအရည်အတွက် ၂၂  ချောင်းချင်းတူတာ ) ကစားခဲ့တဲ့ ကိုယ်တို.ရဲ. U 40 ကျောင်းသားဟောင်းဘောလုံးအသင်း နဲ. မအူပင်လက်ရွေးစင်အသင်းတို.ရဲ. ကျေးဇူးဆပ်ပွဲဆီ သွားကြတယ်လေ 




ကျောင်းတက်တည်းက ဘောသမားတစ်ပိုင်းဖြစ်နေတဲ့ ကျောင်းသားဟောင်းအသင်းဥက္ကဋ္ဌ က မအူပင်မြို.ဆိုတာလည်း ကိုယ်တို.တွေအပေါ် တစ်နည်းတစ်ဖုံ ကျေးဇူးရှိတာမို. ကျေးဇူးကြွေးကို ဂိုးဖြင်.ဆပ်မည်  ဆိုတဲ့ဆောင်ပုဒ်နဲ.  ဒီပွဲကို စီစဉ်ခဲ့တာလေ ။ ဒါပေမယ်. ဥက္ကဋ္ဌစိတ်ထဲအားရအောင်မဖြစ်ခဲ့ရှာပါဘူး ။ ကိုယ်တို.တွေ ၃ ဂိုးပဲ ကျေးဇူးဆပ်နိုင်ခဲ့တယ် ။ဒါတောင်ကိုယ်တို.ဘောလုံးအသင်းထဲက ကျေးဇူးမသိတတ်တဲ့သူတစ်ယောက်ပါနေတာမို. သူက တစ်ဂိုးပြန်သွင်းပလိုက်တယ်လေ ။ ဥက္ကဋ္ဌ ခမျာ မျက်နှာကို မည်းသွားတာပဲ ။ မဟုတ်သေးဘူး သူကနဂိုတည်းကမည်းတာဆိုတော. မှောင်သွားတယ်ပြောရမှာပေါ ။ ဟုတ်ပါတယ်လေ ။သူ.အလှု ကို ကဖျက်ယဖက်လုပ်တာကိုး ။

ဒီလိုနဲ.ပဲ ရေမိုးချိုး ၊ အ၀တ်အစားလဲကြပြီးတဲ့နောက် မိတ်ဆုံညစာစားပွဲ ၊ ဂီတဖျော်ဖြမှု နဲ.ကျောင်းသားဟောင်းတို.ရဲ. နားဝင်ပီယံသူ.ပါးစပ်သံတွေ တင်ဆက်မယ်.ကျောင်းဝင်းထဲကို အားလုံးပြန်စုကြတာပေါ.ကွယ် ။ မူလအစီအစဉ်က ၆နာရီမှာ Dinner စမယ် ၊ အဲ့ဒီအချိန်မှာ အဆိုတော်တွေဖြစ်တဲ့ ဂျေမောင်မောင် ၊ ဂျေညီညီ ၊ ဂျေညီမလေး ၊ နန္ဒဧရာ ၊ ကိုလင်း နဲ. တက်သစ်စအမျိုးသမီးအဆိုရှင် ၃ယောက်လောက်က ၈နာရီအထိဖျော်ဖြေမယ် ။ ပြီးရင် ဆရာပန်တျာဦးသာစိန် နဲ. သန်.ဟန်ဇာဇော်မိုး တို.ရဲ. အငြိမ်.ခွင်လေး ၁၅မိနစ်လောက်ကမယ် ။ ပြီးတာနဲ့ကျောင်းသားဟောင်းတို. နွဲကြမယ် ပေါ ။ ဒါပေမယ်.၆နာရီ ခွဲလောက်မှ Player တွေ အသံညှိုတဲ့အလုပ်ကို စလုပ်နိုင်ကြတယ်ကွယ် ။ ဒါပေမယ်. အောက်မှာ လူ၄၀၀စာစီစဉ်ထားတဲ့စားပွဲဝိုင်းတွေကတော. လူတွေပြည်.နှင်.နေပြီလေ ။ ဒီနေရာမှာ တစ်ခုချီးကျုးဖို.ကောင်းတာကတော. နားလည်မှုအပြည်.ရှိတဲ့ ၊ ဆင်ခြင်တုံတရားလက်ကိုင်ထားနိုင်ပြီး အရာရာကိုဖြည်.မြင်ပေးနိုင်တဲ့ တက်ရောက်သူကျောင်းသားဟောင်းတွေ ပါပဲ ။ ပြီးခဲ့တဲ့နှစ် မအူပင်မှာ ကျင်းပတဲ့ ဆရာကန်တော.ပွဲရဲ. ညစာစားပွဲအခမ်းအနားမှာ လူ ၂၀၀ ပြည်.အောင်တောင်မတက်ခဲ့တာမို.ဒီနှစ် လူ၄၀၀ စာပဲလုပ်တဲ့အချိန်မှာ ၅၀၀ ကျော် ၆၀၀လောက်ရောက်လာတော. အစစအရာရာ လိုအပ်ချက်တွေ ဖြစ်ကုန်တော.တာပေါ.ကွယ် ။ စားဖို.ဝေးလို.အချို.ထိုင်ဖို.တောင်အဆင်မပြေခဲ့ပေမယ်. ဘယ်သူမှဒါကိုပြသာနာ တစ်ရပ်လို.မမြင်ခဲ့သလို ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ကူညီဖြေရှင်းပေးခွင်.ရတဲ့ကိစ္စလို.သဘောထားတာကိုက  ဘယ်လောက်မအူပင်နည်းပညာကျောင်းသားဟောင်းတွေ ပီသလိုက်ကြသလဲ ။ ကောင်မလေးရေ   ကိုယ်တို.ရဲ. အဲ့ဒီလို အသိုက်အ၀န်းမျိုးနဲ. ထိတွေ.နီးစပ်အောင် စီစဉ်မပေးနိုင်ခဲ့လို. စိတ်တော.မကောင်းပါဘူး ။

ဒီလိုနဲ.ပဲ ၇နာ၇ီလောက်မှာတော. ဖျော်ဖြေရေး အစီအစဉ်တွေ စရော ဆိုပါတော.
တီးတဲ့ထဲမယ် ကျောင်းသားဟောင်းအချို.ပါနေပေမယ်. Pro လက်တမ်း ကို မှီအောင်လိုက်နိုင်သလို သီဆိုသူတွေက ၀ါရင်.သီဆိုသူတွေ ၊ Stage နဲ. Lighting ပိုင်းကလည်း တော်ရုံတန်ရုံ နယ် Stage Show မှာတောင်မသုံးနိုင်တဲ့အပြင်အဆင်တွေ ၊ရိုက်ကူးရေးပိုင်းမှာလည်း Drone ကအစသုံးထားတာဆိုတော. အစစလိုလေသေးမရှိပါပဲ ။ ဒါပေမယ်. ကိုယ်.ရင်ကို ပထမဆုံးစထိတဲ့သိချင်းကတော. နန္ဒဧရာဆိုတဲ့ ကြယ်ကြွေညတောင်းဆုတောင်းမယ် ဆိုတဲ့သီချင်းပေါ.



ညဉ်.နက်သန်းခေါင်ယံ   လေပြည်ညှင်းကြောင်.
မျောလွင်.သွားတဲ့ လရောင်တန်းရဲ. တစ်ဒေသကို
အနန္တတံတိုင်း ပရ၀ဏ်ထိ
အာရုံဖြန်.လို. စိတ်တွေရွက်လွှင်. လိုက်ရှာနေရင်း
ကြယ်တွေကြားမှာ ယဉ်ယဉ်လေးနဲ. လှတဲ့မင်းကို  မျှော်လင်.မထားပဲ တွေ.လိုက်တယ်
နေမျိုးဆေး က ကိုယ်အဖြစ်ကိုများရေးထားသလားထင်ရတယ်ကွယ်
တကယ်ကိုကိုယ်တို.ဆုံခဲ့ကြတာက များစွာနောက်ကျသော အမှတ်မထင်တွေ.ဆုံမှုလေ
မှတ်မိပါသေးရဲ. အဲ့ဒီနေ.ကလည်း ၁၂ရက်နေ.ပါပဲကွယ်
နူးညံ.တိမ်ယံ ထာဝရအလင်းနဲ. ကြယ်စင်မှုန်းတဲ့.
ညဆောင်နန်းရဲ. ထိပ်ထားထံ
မျှော်ရည်မှန်း  ရင်ခွင်လမ်းက ငုံစင်ပန်းမို.
မေတ္တာကြိုးယှက် ပန်းဖောင်ဖွဲ.ရင်း
ပန်လိုစိတ်သာ ရင်မှာပြည်.နှက် ဆက်သလိုက်တယ်
ယူကာနမ်းခိုက် ပန်းပွင်.စေ
ကောင်မလေးရေ  ကိုယ်ကတော. ဆက်သခွင်.တောင်မရခဲ့ဘူးကွ
စွဲငြိကာရံ သာယာခြင်းရဲ. ရင်ခုန်စည်းချက် ရစ်ခြုံလွှမ်းမဲ့ သခင်မထံ
ဝသုန်မြေစောင်းငိုသည်ထိ
သံစဉ်ဖွဲ.လို.   ညှို.ငင်လွမ်းချင်း ဆွေးသီနေရင်း
တိုင်တည်သစ္စာ ရွှေနားတော်နားအရောက်ကျုးရင်.လိုက်တယ်
အာကာတစ်သောင်းထိ ပျံ.လွင်.စေ
ဒီသီချင်းစတဲ့အချိန်မှာပဲ ကောင်မလေးဆီကို ကောင်းကင်ပုံလေးရိုက်ပြီး ဒီသီချင်းလေး ဆိုနေပြီလို.လှမ်းပို.လိုက်သေးတယ် ။ ကောင်မလေးလည်းဒီသီချင်းကြိုက်တယ်လေ ။ ဒါပေမယ်. ကောင်မလေးဆီက Reply ပြန်မရခဲ့ဘူး ။
ရင်.ကျက်အိနြေ္ဒ ထည်ဝါခြင်းရဲ. ဂုဏ်သတင်းနဲ. မွှေးထုံသင်းတဲ့ အချစ်ဆုံးထံ
အိမ်မက်အလွမ်း ထောင်ချီကို 
အသည်းနဲ.ရင်းလို. ဦးကိုညွတ်လျှက် အလွမ်းလွှင်.တင်ရင်း
ဆုံနိုင်ဖို.ကို ရင်မှာမှန်းဆ တမ်းတရင်းနဲ.
ကြယ်ကြွေညတိုင်းဆုတောင်းမယ်

ကောင်မလေးရေ
အပြင်မှာ သီချင်းလေး ဆုံးသွားပေမယ်. ရင်ထဲမှာ ဒီစကားလုံးတွေက ပဲ.တင်ထပ်နေဆဲပဲကွယ်
သူ.ဘာသာတောင်ကြွေကြနေရရှာတဲ့ ကြယ်လေးတွေကို
ကိုယ်.ဆုတောင်းတွေကြောင်. ထပ်မပူပင်စေချင်ရက်သလို
သေချာပေါက်မပြည်.မယ်.ကိုယ်.ဆုတောင်းကြောင်. ကြားထဲကကြယ်လေးတွေအချောင်နာမည်မပျက်စေချင်ပါဘူး…………………….




ပြီးတော.အငြိမ်.ခန်းအလှည်.ပေါ.။ သူတို.တွေအနေနဲ.လည်း အများသဘောကျတဲ့အထိဖျော်ဖြေနိုင်ခဲ့ကြပါတယ်။ ဒါပေမယ်. ၉နာရိလောက်မှာစရမယ်.ကျောင်းသားဟောင်းတွေရဲ. အစီအစဉ်တွေကတော. ၁၀နာရီဟိုဘက်ကိုရောက်သွားပြီလေ ။ ရန်ကုန်ပြန်မယ်.လူတွေတောင် ကားပေါ်ခေါ်တင်နေပြီ ဒီမှာက ကြိုးညှိုတုန်း အသံစမ်းတုန်းရှိသေး ။ တစ်မျိုးတော.လည်းကောင်းတာပေါ.လေ ။ လူအများကြီးထက်စာရင် လူနည်းနည်းနဲ.ဆိုတော.သီဆိုသူတွေ အနေနဲ.ပရိသတ်ကို သိပ်မရှိန်ရတော.ဘူးပေါ.။ ဒါတောင်ရပ်ကွက်ထဲက လာကြည်.တဲ့သူတွေကျန်နေသေးလို. ပွဲက ကြည်.ပျော်ရှုပျော် ရှိနေသေးတာ ။ ဒီလိုနဲ.ပဲ ကိုယ်ဆိုရမယ်.အလှည်.ရောက်ရောပေါ. ။ကိုယ်မဆိုခင် ကိုယ်တို.ကျောင်းရဲ. နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ ကိုဂျပန်ကြီး ဆိုသေးတယ်လေ ။သူကသီချင်းလည်းဆိုချင် ၊ တရားလည်းဟောချင် ၊ ပြဇာတ်လည်း က ချင် တစ်ယောက်တည်းနဲ. အစုံတင်ဆက်ချင်သူမို. စောင်.တော.စောင်.လိုက်ရသေးတယ် ။

ကိုယ်တကယ်ဆိုချင်တာက ဖြိုးပြည်.စုံရဲ. လရိပ်လေး 

လူတွေမေးငေါ.ကြရင်လည်း ကိုယ်ကျေနပ်လို.ပြုံးနေမယ်

ငါစတေးဖို.အသင်.ပါပဲ ……………………..

မဖြစ်နိုင်တာတွေလည်း တောင့်တရင်းလေ

မင်းစေတနာတွေလည်း  ချစ်နတ်သက်ခြွေ……………….

စိတ်ဒါဏ်ရာတွေခင်း   နင်းလျှောက်သွားဖို.

လသာချိန်ပျော်ဖူးတဲ့ ကလေးလေးတစ်ယောက်လို

ရေအိုင်ငယ်ထဲက လရိပ်လေးသာ တန်ဖိုးထားပါတယ်

အဲ့ဒီ သီချင်းကိုဆိုချင်ပေမယ်.လည်း စင်ပေါ်တက်ဆိုရလောက်အောင် ကိုယ်မပိုင်တဲ့သီချင်းဖြစ်နေတာရယ် ၊ တိုက်လည်းမထားတာရယ် ၊ ၊ ပြီးတော. ကိုယ်ကသိချင်းဆိုရင် အပြည်.ခံစားတတ်သူမို. သိချင်းဆုံးအောင်မဆိုနိုင်မှာရယ်ကြောင်. ကိုယ် Favorite အဆိုတော် တစ်ယောက်ဖြစ်တဲ့ ထူးအိမ်သင်ရဲ. ချစ်တိုင်းလည်းမညား  ဆိုတဲ့ သိချင်းလေးပဲ ဆိုဖြစ်ခဲ့တယ်ကွ ။ကိုယ်ဒီသိချင်းဆိုမယ်ဆိုတာကောင်မလေးကိုပြောထားပြီးသားလေ ။ ဒီမှာက ကိုယ်ဆိုနေတာကို တိုက်ရိုက်ရိုက်ပြီး ကောင်မလေး ကြည်.လို.ရအောင်ပို.နေဖို.ကလည်း Internet Speed က Viber ပြောဖို.တောင်အနိုင်နိုင် ။

ကောင်မလေးရေ
အ၀င်အအစ ၊ Verse , Chorus အကုန်အဆင်ပြေပါတယ်
ကိုယ်.မျက်လုံးထဲမှာ ကောင်မလေးရဲ. မျက်လုံးကြည်ကြည်တောက်တောက်လေးတွေရယ် ၊ တအားလှအောင်ပြုံးတတ်တဲ့ နှုတ်ခမ်းလေးတွေရယ် ၊ အပြစ်ကင်းလွန်းတဲ့မျက်နှာလေးရယ်ကို  မြင်ယောင်ရင်း ဒီသီချင်းကို ဆိုနေခဲ့တာပါ
အဖော်မဲ့ နှုတ်ခမ်းများလည်း ညင်သာတီးတိုးရွတ်ဆိုဆဲ
အနွမ်းပန်းများသည်လည်း ကြွေကာခမ်းခြောက်ရစ်ပြီကွယ်
အချစ်ရဲ.လိပ်ပြာလေး ဘယ်မှာ ပုန်းလို.နားပြီလဲ
အဖော်ကွဲတဲ့ ငှက်ကလေးများ အပေါ်ကိုသာ
ငေးငေးကြည်.ရင်းနဲ.သာ နှလုံးသားမျက်ရည်များ ကျဆင်းလာ
ချစ်တိုင်းလည်းမညားစကားကိုသာ တီးတိုးရေရွတ်မိတာ………………………..
ကောင်မလေးရေ
ပထမတစ်ခေါက်အားလုံးအဆင်ပြေပါတယ်
Solo ပြီးလို.နောက်တစ်ခေါက်ပြန်အကျော.မှာတော. သတိထားတဲ့ကြားက ကိုယ်လုံးလုံးကို နစ်မြောနေခဲ့ပြီလေ ။ Second Verse မှာကိုပဲ ဆက်ဆိုလို.မရအောင်ဖြစ်ပြီးစာသားအချို.ရောထွေးဆိုခဲ့ရတယ်
နောက်ဆုံး Ending မှာ ချစ်တိုင်းလည်းမညားဆိုတဲ့စာသားလေးကို Fade Out နဲ.သွားရမှာ ဆက်ဆိုလို.ကိုမရတော.လို. သီးခြားလုပ်နေစရာမလိုပဲ အလိုလို Fade Out Ending ဖြစ်သွားခဲ့တယ်လေ ။

ဘ၀က ဘာလို.အဲ့လိုဖြစ်ရတာလည်း ။ စစ်မှန်တဲ့ ချစ်ခြင်းရဲ. အဆုံးသတ်က ဒါမျိုးလား ။ လောကမှာ စောတယ် /နောက်ကျတယ် ဆိုတဲ့စကားလုံးက ချစ်ခြင်းရဲ.၀ိဥာဏ်ကို ချုပ်ကိုင်ထားနိုင်လား ။ ကန်.သတ်ချက်တွေ / စံနှုံးတွေ ကို မေတ္တာတရားက မကျော်လွှားနိုင်ဘူးလား ။ လွမ်းဆွတ်မှု တို.ကြေကွဲခြင်းတို. ဆိုတာ ဘယ်သူဖန်ဆင်းခဲ့တာလဲ ။
ကောင်မလေးရေ
ဘာကိုမှ မမျှော်လင်.ထားပါနဲ.ဆိုတဲ့စကားက အယူခံမဲ့ သေမိန်.ထက် အဆရာထောင်ပြင်းထန်ပါတယ်ကွယ်
သေချာပေါက်ထွက်ခွာသွားမယ်.လမ်းကို မြင်နေပြီးပြီမို.ဘာကိုမှလည်းတောင်ဆိုခွင်.မရှိမှန်းသိနေခဲ့ပါတယ်
စာနာမှု သက်သက်နဲ.ခွင်.ပြုနေတဲ့ နားလည်မှုတွေအတွက်လည်း ကျေးဇူးကုဋေကုဋာပါ
တကယ်တော. Hopeless ဆိုတဲ့ စကားဟာ အိမ်မက်ကစပြီး အနာဂတ်အပါအ၀င် ဘ၀တစ်ခုလုံးကို သေစေနိုင်တယ်ကွယ့် ။ ဒီ.အတွက်လည်း ကောင်မလေး ကိုယ်တိုင် မှန်/မမှန် ကြည်.ခွင်.ရချင်ရသွားမှာပါ ။ အဲ့ဒီတစ်ချိန်ကိုရောက်လာခဲ့ရင်တော. ကျန်နေခဲ့ရတာထက် ထွက်ခွာသွားခွင်. အတွက်ပဲ ကိုယ်.ဘာသာ သတ္တိမွေးရမှာပေါ . ။ လောကထဲမှာဆိုရင်တော.ပြန်ဆုံခွင်.ရှိနေနိုင်သေးတာမို. သေချာပေါက်မဆုံနိုင်တဲ့နေရာအထိထွက်ခွာ
သွားပါရစေ
 ကောင်မလေးရေ ………………

ကိုယ်စင်ပေါ်ကဆင်းလာတော. ကျောင်းသားဟောင်းအသင်းဥက္ကဋ္ဌ ကတော်က ကိုယ်ဆိုတာကို ကောင်းလို.တဲ့ ။ ပြီးတော. အသင်း ဘဏ္ဍာရေးတာဝန်ခံ ရဲ. အမျိုးသမီးကလည်း ကောင်းလိုက်တာ ၊ တိုက်ဆိုင်လို.လားတဲ့ ။ ကိုယ်ရီပြီးဟုတ်ကဲ့လို.ပဲပြောခဲ့ပါတယ် ။ တကယ်ကိုယ်ပြောခဲ့ချင်တာက ဟုတ်တယ်အမတို.ရေ ….. ဒီသိချင်းက ကျွန်တော် ဘ၀တစ်ခုလုံးနဲ.ရင်းပြီး ဆိုခဲ့ရတာလို.  





နောက်တော. ကိုယ်တို.အဖွဲ.ထဲက ကိုစိုးမိုးကျော် နဲ.သူ.အမျိုးသမီးမသန္တာညွန်.တို.သီချင်းတစ်ပုဒ်တက်ဆိုတယ် ။ နောက်ထပ် တောင်းဆိုလို. English သိချင်းတစ်ပုဒ်ထပ်ဆိုတယ် ။ ကောင်မလေးရေ   ဘ၀မှာလေ  အဲ့လိုလေးတစ်ကြိမ်လောက်လေးပါ ။
အဲ့လိုလေးတစ်ကြိမ်ပါပဲ  ။ အဲ့အခွင်.အရေးမျိုးလေး ကိုတစ်ကယ်ကို တစ်ရှိုက်မက်မက် တမ်းတမိပါရဲ. ။ သူတို.၂ယောက်သိချင်းဆိုနေချိန်မှာလေ …………. သူတို.နှစ်ယောက်လုံးရဲ. စိတ်ကူး ၊ ရင်ခုန်သံ ၊ ၀ိဥာဏ် အားလုံးတစ်သားတည်းဖြစ်နေလိုက်တာကွယ် ။ ပြီးတော. ကိုစိုးမိုးကျော် Drum တက်တီးတော.သူ.အမျိုးသမီးက ဖုန်းနဲ.မှတ်တမ်းတင်နေလေရဲ.။



ကိုယ်ကျတော. ဘာလို. အဲ့အခွင်.အရေးမျိုး ရဖို.နေနေသာသာအိမ်မက်တောင်ထည်.မက်ခွင်.မရှိတာ ဘာလို.လည်း ။ ဖန်ဆင်းရှင်ကြောင်.လား ၊ ကံကြမ္မာဆိုတာကြောင်.လား ။ဒါတွေက ဘယ်သူမှပြင်ဆင်လို.မရတော.ဘူးလား ၊ ဘယ်လိုမှပြင်ဆင်ခွင်.မရှိတော.တာလား
ဒါမှမဟုတ်ပေးဆပ်ခွင်.မှာတင် မတင်းတိမ်မရောင်.ရဲတတ်တဲ့ ကိုယ်.အပြစ်များဖြစ်နေမလားပဲ

နောက်ကိုယ်တို.အဖွဲ.ထဲကပဲ သက်ထွေးအောင်တို. ဇနီးမောင်နှံ တက်ဆိုဖို. Request လုပ်ကြတယ်
ကိုသက်ထွေးအောင်အမျိုးသမီးက သူအဆင်မပြေတာကြောင်.တစ်ယောက်တည်းဆိုခွင်.ပြုဖို. ပြန် Request လုပ်တာမို. ကိုသက်ထွေးအောင် တစ်ယောက်ပဲ တက်ဆိုရတာပေါ ။အဲ့ဒီမှာ သူ.အမျိုးသမီးက ပန်းကုံးတက်ချီးမြှင်.တယ်လေ ။ ပန်းကုံးချီးမြှင်.ပြီးချိန်မှာပဲ အားလုံးက အနမ်းနဲ.ဂုဏ်ပြုဖို. တောင်းဆိုကြတာနဲ. ဂုဏ်ယူမှုတွေ ၊ ကျေနပ်မှုတွေ နဲ.အတူ ရှက်ဟန်သဲ့သဲ့ပါတဲ့ အနမ်းနဲ.ဂုဏ်ပြုခဲ့တာကွယ်.။ 




ကိုယ်လေပန်းကုံးစွပ်နေတဲ့ပုံလေး အမှတ်တရ ရိုက်ဖြစ်ခဲ့ပေမယ်.အဲ့ဒီပုံလေးကို ရိုက်ဖို.သတိမေ.နေခဲ့တယ် ။သတိမေ.နေခဲ့တယ်ဆိုတာထက် အဲ့ဒီမြင်ကွင်းလေးကိုကြည်.ရင်း ကျေနပ်လိုက်တာ ။ပြီးတော. အားကျလိုက်တာ ။ အားကျခြင်းနဲ.တစ်ဆက်တည်း နာကျင်လိုက်တာ ကွယ်။ကိုယ်.အတွက် ဘယ်တော.မှ ဘယ်လိုမှ စိတ်ကူးတောင်ယဉ်ကြည့်ခွင်.မရှိတဲ့ အခြေအနေ ၊ ယောင်လို.တောင်မတွေးရမယ်. မြင်ကွင်းတွေလေ ။ အိမ်ထောင်ဖက် နှစ်ဦးလုံးက ဒီကျောင်းကဖြစ်နေရင်ပဲဖြစ်ဖြစ် ၊ တစ်ဦးက ဒိကျောင်းကဖြစ်နေရင်ပဲဖြစ်ဖြစ် နှစ်ယောက်လုံးစိတ်တူကိုယ်တူ ကူညီကြ ၊ အားဖြည်.ကြ ၊ ဖေးမကြ ၊ အကြံပေးကြနဲ. အဲ့ဒီကိုယ်တို.ရဲ.အ၀န်းအ၀ိုင်းထဲကို ကိုယ်.ကောင်မလေးက ဘယ်တော.မှရောက်လာနိုင်မှာမှမဟုတ်ပဲလေ ။

ကောင်မလေးရေ
နောက်ဆုံးတော. ညသန်းခေါင်ယံအလွန် ၁နာရီမှာပဲ ကိုယ်တို.တွေအားလုံး အဲ့ဒီကိုယ်တို.ရဲ. တစ်ခါကသုခဘုံလေးဆီကနေ ၊ အဲ့ဒီမအူပင်မြို.ကြီးဆီကနေ ရန်ကုန်ကိုပြန်ခဲ့ကြတယ်ကွယ်
လမ်းတစ်လျှောက်မြူတွေက အုပ်ဆိုင်းလို.
အားလုံးကဝေေ၀၀ါးဝါးနဲ.

ကိုယ်.အနာဂတ်ကရော
ကိုယ်.မျှော်လင်.ခြင်းကရော
နောက်ဆုံးကိုယ်.အိမ်မက်ကရော
အဲ့ဒီလောက်ဝေေ၀၀ါးဝါးလေးဆိုရင်တောင် ဖြေသာပါသေးရဲ.
ခုကတော.ထင်ထင်းကြီးကို မြင်နေရတာမို.  ဘ၀တစ်ခုလုံးကို ပုံရက်သားပစ်ချထားလိုက်ပြီကွယ်
အကယ်လို.များ နောင်နှစ်ဒီလိုညမျိုး ကိုယ်မပါနိုင်ခဲ့တော.ရင်  သူတို.တွေကိုယ်.အကြောင်းကို တစ်ခွန်းတစ်လေများပြောမိကြမလား ။



ကောင်မလေးကရော  ကိုယ်ထင်ပါတယ်လေ
တာရာမင်းဝေရဲ. ကဗျာလေးလိုပေါ.

ပန်းခူးရင်း

သူငယ်ချင်းတွေနဲ့နေရင်း

စကားပြောရင်း

သီချင်းလေးတွေ ဆိုရင်း

မင်း…….ငါ့ကို……..မေ့သွားမှာပါ။

ခုတော့….သွားတော့နော်

ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို

‘ ဘ၀ ‘ ဆိုတဲ့ မာယာနိုင်ငံအိုက…

စောင့်ကြိုလို့နေရော့မယ်..

သာမညလမ်းခွဲမှာ..

ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်

မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ

မနက်ဖြန်ခါမှာ…အောင်မြင်ပါစေ

မနက်ဖြန်ခါတိုင်းမှာ…အောင်မြင်ပါစေ……..

အကယ်လို.များ ဖြစ်နိုင်မယ်ဆိုရင်တော.ကောင်မလေးအတွက် ရည်ရွယ်တဲ့ သိချင်းလေးတစ်ပုဒ်လောက် နောင်နှစ်ဆိုခွင်.ရချင်ပါသေးရဲ. ………………………………………


( ဓါတ်ပုံချို.ယူငင်အသုံးပြုခွင်.ရစေခဲ့သော မူရင်း မှတ်တမ်းတင်သူအချို.အားအထူးကျေးဇူးပါ )