Sunday, February 24, 2013

ဒီလိုတွေပြောကြပြန်တယ်............

 ခုတစ်ခါကတော. ကျန်းမာရေး လောက ...Valentine အမြင် နဲ. မူးယစ်ဆေးဝါးအပေါ်သဘောထား တစ်ချို. စုစည်းပေးထားပါတယ်
ပညာသင်ဆုပေးပွဲတစ်ခုမှ ကျန်းမာရေးဝန်ကြိး Photo by .mwdmedia.net
 ဆရာဝန်တွေနဲ. ပတ်သက်တဲ့ တိုင်စာနည်းသွားတယ်...ဒါပေမယ်.ဆရာမကြီးတွေ တိုင်စာကတော. အပေါက်ဆိုးတယ်ဆိုပြီး လာနေတုန်းပဲ ....အချို.လူနာတွေကလည်း ဆူမှ ရတယ်ဆိုပေမယ်. ဒိခောတ်ဒီအခါမှာ ဆက်ဆံရေးကို အတတ်နိုင်ဆုံးပြေပြေပြစ်ပြစ်ဆောင်ရွက်ဖို. လိုပါတယ်....စည်းကမ်းပိုင်း ခိုင်မာအောင် လုပ်တယ်ဆိုပေမယ်. ပြောတဲ့အခါမှာ ညင်ညင်သာသာ ပြောဖို. ဆရာမကြီးတွေက ကိုယ်.ရဲ.လုပ်ဖော်ကိုင်ဖက်တွေကို လက်ဆင်.ကမ်းပေးပါ
                                           ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
                                                           သူနာပြု ကတ္တသိုလ် ဂုဏ်ပြုပွဲတစ်ခု-၂၀၁၃ ဖေဖော်ဝါရီ


သူနာပြုတွေက အမြဲ ခံဖက်ကချည်းပဲ....ဆရာဝန်တွေမှားတဲ့အခါ သူနာပြုကို ပုံချပြီး အော်ငေါက်တာလည်း ခံရတာပဲ...လူနာတွေဘက်ကလည်း တတ်နိုင်သလောက် လုပ်ပေးနေတာကို မမြင်ပဲ အသက်လုနေရတဲ့ လူနာကို အာရုံစိုက်နေရလို. ပိုသက်သာတဲ့သူကို ချက်ခြင်းမကုပေးလို.ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း အော်ဟောက်တာကိုလည်း ခံခဲ့ရတာတွေလည်း ရှိခဲ့တာပဲ
                                                                            သူနာပြုဆရာမ တစ်ဦး
                                                       7 Day News အတွဲ ၁၁ အမှတ် ၅၀-  ၂၀၁၃ ဖေဖော်ဝါရီ ၂၁

လူငယ်တွေ တည်းခိုခန်းသွားတာ မြန်မာ.ယဉ်ကျေး မှုကိုသွေဖယ်လာတယ်လို. ပြောလို.မရပါဘူး..ဒါက လူငယ်တွေကို အပြစ်ပုံချနေသလို ပဲလို.ခံစားရတယ်..မြန်မာ.ယဉ်ကျေး မှုဆိုတာကို ထိခိုက်တယ်လို. စစ်တမ်းအခြေအနေတွေက ဖော်ပြနေလို.လား ...ဒီအတူနေကြတယ်ဆိုတာမျိုးက မနေနဲ.လို.လည်းပြောလို.မရသလို တားဆီးလို.လည်း ရမှာမဟုတ်ဘူး...ဒါကလူသား တစ်ဦးစီရဲ. အခြေခံ အခွင်.အရေးပဲ............
                                                                      ၂၂ နှစ် အ၇ွယ် ရန်ကုန် နေ အမျိုးသမီးတစ်ဥိး
                            ဥက္ကာကိုကို နှင်. ခန်.ထက်တို. ရေးသားသော၂၀၁၃ ဗယ်လင်တိုင်း   ဆောင်းပါး
                                                    7 Day News အတွဲ ၁၁ အမှတ် ၅၀-  ၂၀၁၃ ဖေဖော်ဝါရီ ၂၁

ယဉ်ကျေးမှုကတော. မပြောင်းလဲပါဘူး...ယဉ်ကျေးမှုကိုသာ သွေဖယ်လာကြတာ...
ဒါကိုသူတို.ကခောတ်မှီတယ်လို.ထင်နေကြတာ..ညီမလည်း လူငယ်တစ်ယောက်ပါပဲ....
ဒါပေမယ်.အဲ့ဒီလိုမျိုးတော. ခောတ်မမှီချင်ပါဘူး
                                                   သဇင်ထွေး -သင်္ဃန်းကျွန်း မြို.နယ် ရှိအင်တာနက်ဆိုင်တစ်ဆိုင်မှ
                          ဥက္ကာကိုကို နှင်. ခန်.ထက်တို. ရေးသားသော၂၀၁၃ ဗယ်လင်တိုင်း   ဆောင်းပါး
                                                    7 Day News အတွဲ ၁၁ အမှတ် ၅၀-  ၂၀၁၃ ဖေဖော်ဝါရီ ၂၁

တောင်ကြားဒေသ တစ်ခုမှ ဘိန်းခင်း တစ်ခု
  သူငယ်ချင်းကြောင်.ပဲဖြစ်ဖြစ်.. လွယ်လို.ပဲဖြစ်ဖြစ် စမ်းသုံးတာပဲဖြစ်ဖြစ် တစ်ခါတည်းပဲဖြစ်ဖြစ် လွယ်လွယ်နဲ. မသုံးစေချင်ဘူး....မူးယစ်ဆေးဝါးက စမ်းသုံးလို.ကောင်းတဲ့အရာ မဟုတ်ဘူး...ကျွန်တော်လည်း တစ်ခါတည်းပါဆိုပြီးစမ်းသုံးလိုက်တာ ၁၀ နှစ်ကျော်သွားတယ်...သုံးစွဲခဲ့မှုကြောင်. သိမ်ငယ်မှုတွေ..ပစ်ပယ်ခံရမှုတွေ..ခွဲခြားနှိမ်.ချ ဆက်ဆံခံခဲ့ရတာတွေ....ဘ၀အဆင်.အတန်းနိမ်.ကျခဲ့ရတာတွေ...ရည်မှန်းချက် လွဲချော်ခဲ့ရတာတွေအများကြီးပဲ...မိဘတွေပါ ထောင်တွေ..နယ်ထောင်တွေ လိုက်ရ..အောက်ကျနောက်ကျ ဖြစ်ခဲ့ရတယ်...ဘိန်းသုံးခဲ့တဲ့အချိန်တုန်းက တော.လောကမှာ အကောင်းဆုံး ဖီးလ် လို.ပြောခဲ့တယ်...ဘ၀နဲ.ချီရင်တော. ဒါကမကောင်းပါဘူး...
                                                                              ကိုစိုင်းအောင်ခမ်း...လူငယ်.အားမာန်အဖွဲ.
                                                                      ခဏတာအတွေ. တစ်ဘ၀စာအမှား - အားမာန်
                                                     7 Day News အတွဲ ၁၁ အမှတ် ၅၀-  ၂၀၁၃ ဖေဖော်ဝါရီ ၂၁

ယခုတစ်လော နာမည်ကြီးသော ၀န်ကြီး တစ်ဥိး ပြောသမျှ နှင်. သူတို.အမြင်

ဒီ ခေါင်းစဉ် လေးနဲ.ပတ်သက်ပြီး ဂျာနယ်တွေ ၊ On Line Media တွေ ၊အသံလွှင်.ဌာနတွေ ၊အခမ်းအနားတွေ မှာ ပြောဖြစ်ကြတဲ့ အလွှာစုံ ၊နေရာစုံ၊ယုံကြည်ချက်အစုံ အအသံတွေ ၊စကားလုံးတွေကို အကြောင်းအရာတူတွေ ၊အကြောင်းအရာတူ အမြင်မတူတွေ ၊တစ်ဦးတစ်ယောက်တည်းရဲ. အမြင်စုံတွေ စသည်ဖြင်. လက်လှမ်းမှီသမျှစုစည်း ဖော်ပြ မှာဖြစ်ပါတယ် ၊ ဒီလိုဖော်ပြတဲ့နေရာမှာ မူရင်း ပြောဆို ၊ရေးသား ၊တွေးခေါ်မှု သက်သက်ကိုသာ ဖော်ပြမှာဖြစ်ပြီး ဒါတွေဟာ မူရင်း ကာယကံရှင် ရဲ. ယုံကြည်မှုနဲ. ခံယူချက်သာဖြစ်ပါတယ် ၊Blog အနေနဲ.တော.သာမာန်ထက် ထူးခြားတယ်ထင်တာမျိုး ၊လက်ရှိအခြေအနေ တစ်ရပ် ၊ဖြစ်ရပ်တစ်ခု ၊လှုပ်ရှားမှု တစ်ခု၊ယုံကြည်ချက် တစ်ရပ် ကိုဖော်ပြတယ်လို. ယူဆတာတွေကို ရွေးချယ် ဖော်ပြမှာဖြစ်ပါတယ် ၊ဒိနေ.လုပ်ရပ်ဟာ နောင်တစ်ချိန်မှာ သမိုင်းပါ ၊ဒီနေ.ပြောတာဟာ နောင်တစ်ချိန်မှာ ကိုယ်. ဘ၀ကို အရောင်ထွက်စေမှာ ၊အရိပ်ထိုးစေမှာ ဖြစ်ပါတယ် ၊ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာ ၊ပြောကြတာ အားလုံးကို ကိုယ်တာဝန်ယူ ထားပြီးသား ဖြစ်ကြ မယ်လို. ယုံကြည်ပြီးသားပါ ၊ ၊ဒီလိုပြောကြ ဆိုကြ လုပ်ကြတာ အားလုံးကိုလည်း လေးစားပေးရမှာပါ ၊မှားသည် မှန်သည် မဝေဖန်လိုပဲသမိုင်းအတွက် မှတ်တမ်း တစ်ခုအနေနဲ. ပါဝင်ပြုစု ပေးခြင်းသာဖြစ်ပါသည် ။သမိုင်းက ဆုံးဖြတ်ပေးပါလိမ်.မည် ..............


အခြေခံလူတန်းစားတွေ တိုးတက်လာမှသာလျှင် တိုင်းပြည်က အေးချမ်းမယ်။ တိုင်းပြည်နောင်ရေး စိတ်အေးရမယ်။ တကယ်တမ်းကျတော့ အဲဒါ လုပ်ရမယ့်ကိစ္စပဲ။ ပညာတတ်တွေလည်း ပေါ်ထွန်းလာအောင် လူကြီးတွေက တော်တော်ကို လုပ်ကြရမယ်။ တက္ကသိုလ်ကြီးတွေ ဆောက်ပေးခဲ့တယ်။ စာသင်ကျောင်းတွေ ဆောက်ပေးခဲ့တယ်။ ဘာကြောင့်လည်း အခြေခံဖြစ်တဲ့ ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တတ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများ ခလုပ်နှိပ်ဆို နှိပ်တယ်။ သူမှ ဘာမှမသိတာ။ ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ။ အဲဒီဟာတွေကို ဒေသအလိုက် နယ်ပယ်အသီးသီးက ပညာတတ်တွေ ထွက်ပေါ်လာအောင်ဆိုပြီး လုပ်ပေးခဲ့တယ်။
                                                            Hot News.ဂျာနယ် အယ်ဒိတာချုပ်    မမ နှင်.လည်/ဆည်ဝန်ကြီးဦးမြင်.လှိုင် အင်တာဗျုး
 ၂၀၁၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ (၂)၊ အမှတ် (၈၄)....

ယခင်ရှိရင်းစွဲအကြွေးတွေကိုလည်း စားစရာမရှိ လျော်စရာရှိ ဆိုသလိုပေါ့။ ငါ့အကြွေး မြန်မြန်ကျေအောင် ထမင်းတစ်နပ် လျှော့စားမယ်။ ဒီလိုဆို တစ်လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ။ ခြောက်လပြည့် ဘယ်လောက်ဆပ်နိုင်မလဲ။ ငါ့မိသားစုနှင့်အတူ လျှော့စားမယ်။ ဥပုသ်စောင့်တဲ့ သဘောပေါ့။ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝပေါ့။ ဥပုသ်စောင့်မယ်ဆိုတဲ့စိတ်နဲ့ဆို အကြွေးကျေသွားမယ်။ အကြွေးမကျေရင် သံသရာထဲက မလွတ်နိုင်ဘူး။ နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်....
                                                                   ဓနုဖြူမြို့နယ်တွင် တောင်သူလယ်သမားများနဲ့လယ်/ဆည်ဝန်ကြိး တွေ့ဆုံပွဲ၌ ပြောကြားခြင်း 
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ထုတ် 7Day News ဂျာနယ်၊ အတွဲ (၁၁)၊ အမှတ် (၄၇) 

လယ်သမားတွေ အကြွေးဆပ်နိုင်ဖို. ထမင်းတစ်နပ် လျှော.စားဖို. ၀န်ကြီးက အကြံပြုပြောကြားသွားခဲ့တယ် လို.ကျွန်တော်ကြားသိရပါတယ်..သူ.ရဲ.စိတ်ထဲမှာ ဘယ်လိုရည်ရွယ်ချက်နဲ. ပြောတယ်ဆိုတာ မသိပေမယ်. လယ်သမားတွေ စ၇ိတ်ချွေတာဖို. ပြောတယ်လို.တော. ယူဆပါတယ် ...မှားချင်လည်းမှားမှာပေါ. ..ကျွန်တော်ဖြစ်စေချင်တာကတော. ၀န်ကြီးကိုယ်တိုင် တာဝန်က ခေတ္တရပ်နားပြီး ကျွန်တော်တို. လယ်သမားတွေ စီးပွားရေး ပိုင်ဆိုင်သလောက်နဲ. ၀န်ကြီးကိုယ်တိုင်လာပြီးတော. ထွန်ယက်စိုက်ပျိုးဖို. ကျွန်တော်က ဖိတ်ခေါ်ချင်ပါတယ်

                         ကိုအေးလွင်-လယ်သမား ညောင်လေးပင်မြို.နယ် တော်ပသီကျေးရွာ
                         The Myanmar Post  အတွဲ၅ အမှတ်၇ ဖေဖော်ဝါရီ ၁၃ -၂၀၁၃

ပြည်ထောင်စု ၀န်ကြီးတွေလို အဆင်.ကျတော.လည်း ကြွေးကင်းကြမှာပေါ.နော် ..ဒါပေမယ်. တာဝန်ခံမှု..တာဝန်ယူမှု..တာဝန်ရှိမှု နဲ. တာဝန်သိတတ်မှု ဆိုတဲ့ အနေအထားအရ နိုင်ငံတော်ပိုင်းကပြန်ကြည်.ရင် နိုင်ငံတော်မှာ တင်ရှိနေခဲ့တဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၀၀ ကျော်ဟာ ပြည်ထောင်စု ၀န်ကြီးတွေမှာပါ တာဝန်မရှိပေဘူးလားဗျာ....ဒီလိုဆိုရင် ခင်ဗျားတို.လည်း နောင်အခါ သံသရာကြွေးမပါအောင် ခင်ဗျားတို.မိသားစုနဲ.အတူ ထမင်းတစ်နပ်စီလောက်လျှော.စားပြီး နိုင်ငံတော်အကြွေးကို ၀ိုင်းဆပ်ပေးကြရင် မကောင်းဘူးလားခင်ဗျာ

                                                  မင်းယဉ်စု - ဟတ်ထိသမျှ စပ်မိစပ်ရာ
                             The Myanmar Post  အတွဲ၅ အမှတ်၇ ဖေဖော်ဝါရီ ၁၃ -၂၀၁၃


 နိုင်ငံရေး အရ  ပြောင်းလဲမှုတွေ လုပ်နေတယ် ...အောင်မြင်မှုတွေလည်း အထိုက်အလျှောက် ရနေပြီ ..စီးပွားရေး အရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်..အောင်မြင်မှုတွေ အထိုက်အလျှောက် ရနေတယ်..ပြောင်းဖို.ကျန်နေတာကတော. လူတွေပြောင်းဖို.ကျန်နေသေးတယ်

                                                         နိုင်ငံတော်သမ္မတ
                                                   ဖေဖော်ဝါရီ ၁၆ -ကလေးမြို. တွင် ခရိုင်အဆင်.     မြို.နယ်အဆင်.တာဝန်ရှိသူများနှင်.တွေ.ဆုံစဉ်ပြောစကား




ဧရာဝတီရဲ. AFC Cup အဖွင်.ပွဲ ခရီးစဉ်

                 news 



                                                                              AFC Cup Group G တွင်ကျရောက်သော ဧရာဝတီ ယူနိုက်တက် ဘောလုံးအသင်းသည် အုပ်စု ပထမဆုံး ပွဲစဉ်အဖြစ် ဗီယက်နမ်ကလပ်အသင်း SHB Da Nang အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ ၄င်းပွဲစဉ်အား ၂၇.၂.၂၀၁၃ ဗုဒဟူးနေ့ ဗီယက်နမ် စံတော်ချိန် ညနေ ၄း၀၀ နာရီ (မြန်မာစံတော်ချိန် ညနေ ၃း၃၀) တွင် SHB Da Nang FC ၏ အိမ်ကွင်းဖြစ်သော ဒါနန်းမြို့ရှိ ပရိသတ် သုံးသောင်းဆန့် ချီလန်းအားကစားကွင်း (Chi Lang Stadium) တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
၁၉၇၆ ခုနှစ်က စတင်ထည်ထောင်ခဲ့သော SHB Da Nang FC သည် ၂၀၁၂ ခုနှစ် V-League ၏ ချန်ပီယံဖြစ်ကာ AFC ပြိုင်ပွဲများတွင်လည်း အတွေ့အကြုံ ရှိသောအသင်းတစ်သင်းဖြစ်ပြီး AFC Cup 2010 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သော အသင်းတစ်သင်းဖြစ်သည်။


AFC CUP 2012 အဝေးကွင်းပွဲစဉ်တစ်ပွဲအတွက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ထွက်ခွာစဉ်က

                            
 AFC CUP 2012 အဝေးကွင်းပွဲစဉ်တစ်ပွဲအတွက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ထွက်ခွာစဉ်က




ဧရာဝတီယူနိုက်တက်သည် ၄င်းပွဲစဉ်အတွက် ၂၄.၂.၂၀၁၃ ည (၇း၀၀) နာရီတွင် ဗီယက်နမ်လေကြောင်းလိုင်း ဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာမည်ဖြစ်သည်။ ဟနွိုင်းမြို့ရှိ Airport View Hotel တွင် ၂၄.၂.၂၀၁၃ ည တွင် တစ်ထောက်နားကာ ၂၅.၂.၂၀၁၃ တနင်္လာနေ့ မနက်တွင် ဒါနန်းမြို့သို့ ဗီယက်နမ် ပြည်တွင်းလေကြောင်းဖြင့် ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ကစားသမားများအဖြစ် အောင်မင်းခန့်၊ ပြည့်ဖြိုးဦး (ဂိုး)၊ ကျော်ဇေယျာမင်း၊ ဇော်ဇော်ဦး၊ မာယန်ဘဲလ်ချက်၊ ထူးကျော်၊ မျိုးဇော်ဦး၊ ဟိန်းသီဟဇော် (နောက်တန်း)၊ အောင်ကျော်မျိုး၊ နေလင်းအောင်၊ နိုင်လင်းဦး၊ ဖြိုးကိုကိုသိန်း၊ ဒေါမစ်နစ်၊ နန္ဒလင်းကျော်ချစ်၊ သီဟဇော်၊ နေလင်းထွန်း (အလယ်တန်း) နှင့် စိုးကျော်ကျော်၊ လီအန်ဒရို (ရှေ့တန်း) တို့ဖြင့် ကစားသမား (၁၈) ဦး၊ နည်းပြ/အုပ်ချုပ်သူ (၁၀) ဦး၊ စုစုပေါင်း (၂၈) ဦး လိုက်ပါမည်ဖြစ်သည်။

Post by Ayeyawady United FC @  http://ayeyawadyutd.com/

Saturday, February 23, 2013

ရောင်စုံသောင်းကျန်းသူခောတ် ကထူးခြားခဲ့သော သကျမဟာသီရိ ဘုရားကြီး

ဝါးခယ်မ မြို.လေးဟာ တကယ်တော. ဘာသာရေးအတော်လေး လွှမ်းခြုံ ထားနိုင်ခဲ့တဲ့ မြို.လေးတစ်ခုပါ..မြို.ပေါ်မှာတင် ဘုန်းတော်ကြီးကျောင်းပေါင်းက ၆၀ ကျော်(တစ်မြို.နယ်လုံးဆိုလျှင် ၂၀၀ ၀န်းကျင်) ရှေးဟောင်းစေတီအပါအ၀င် ဘုရား...စေတီများက ၅ ဆူခန်. (စေတီတော်ငယ်များမပါ) တည်ရှိနေသလို အခါကြီးရက်ကြီးများတွင်လည်း ဘုန်းတော်ကြီးကျောင်း...တရားရိပ်သာတို.တွင် ဘာသာရေးပရိသတ်တို.ကအတော်များများ....၀ါတွင်းလှည်.သော ၀တ်အသင်းတို.ရှိသလို ပရိတ်ပွဲ ပဌာန်းပွဲ (ဘုန်းကြီးရဟန်းများသာမက အမျိုးသား/အမျိုးသမီး ၀တ်အသင်းတို.လည်းရှိသည်)စသည်တို.ကလည်း အကြိမ်ကြိမ်.....နှစ်စဉ်ကျင်းပနေသော တရားပွဲများရှိသလို အခြေအနေပေးတိုင်း ပြုလုပ်နေကျ တရားပွဲများ..

ဘုရားကြီး စောင်းတန်း နှင်. ထီးတော် စိန်ဖူးတော်
 ထို.အပြင် မိရိုးဖလာယုံကြည်မှုဖြစ်သော အရှင်နှစ်ပါး ပူဇော်ပသပွဲတို.ကပင် တစ်နှစ်သုံးကြိမ်ခန်. ...အခြားသောဘာသာဝင်တို.၏ ဘုရားပွဲ..လှည်.လည်ပွဲတို.လည်း နှစ်စဉ်ကျင်းပနေကျ .....ဒါတွေကြောင်.လည်း မြို.လေးမှာ ရာသီဥတုအန္တရာယ်..လူကြောင်.ဖြစ်သော ဘေးဥပဒ် စသည်တို. ပြောပလောက်အောင်မရှိခဲ. ...ရေဘေးနှင်.ပတ်သက်ပြီး အကြီးအကျယ် ဒုက္ခ ရောက်ခဲ့ရတာမျိုးမရှိ ....လေဘေးနှင်. ပတ်သက်လို.လည်း ၁၉၇၅ ၀န်းကျင် ရခိုင်မုန်တိုင်း ကာလက အိမ်အချို. ပျက်စီးဆုံးရှုံးဖူးပေမယ်. ခုနောက်ပိုင်း နာဂစ်လို ကာလကပင်လျှင် လူအသေအပျောက် မရှိခဲ့သလို ပြောရလောက်တဲ. နစ်နာဆုံးရှုံး မှုမျိုး မရှိခဲ့ ....မီးဘေးနှင်. ပတ်သက်လို.လည်း ၁၉၉၀ ၀န်းကျင်က မြသိန်းတန်နှင်. လှေကျင်းရပ်ကွက်တို.ကိုလောင်သောမီး (ထိုစဉ်ကလည်း စိတ်ဝင်စားဖွယ်တစ်ခုက ဘုရားမြေပေါ်ရှိ လူနေအိမ်များမီးလောင်သွားသော်လည်း သမိုင်းဝင်မြသိန်းတန် စေတီတော်၏ သာသနိက အဆောက်အဦးတို.က လုံးဝကင်းလွတ်ခဲ့သည်)ကလွဲလျှင် ပြောရလောက်အောင်အကြီးအကျယ်မဖြစ်ခဲ့ ...လူကြောင်.ဖြစ်သော ဘေးဥပဒ်တို.တွင်လည်း အမှုကြီးဟု ပြောရမည်. လူသတ်..လုယက်..မုဒိမ်း စသည်တို.က 1 case/year ပင်မှန်လှသည်မရှိ....၈၈ လိုအချိန်မျိုးကပင်လျှင် ၁၉၈၈ စက်တင်လာ ၁၈ ရက်နှင်. ၁၉ ရက်အကူး ည ပိုင်းခြောက်လှန်.ပစ်ခတ်မှုတွင် လူတစ်ဦး ခြေထောက်ထိမှန် ခြင်းမှလွဲပြီး သွေးမြေမကျခဲ့ (ထိုဖြစ်ရပ်ကလည်း ဤ လမ်းမကြီးပေါ်တွင်ပင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်)....

ကမ်းနား ကျောက်တိုင်ဆိပ်မှ လမ်းမြင်ရသော ဘုရားကြီးလမ်းမ
  ဆိုလိုသည်ကတော. မြို.လေးသည် ကြီးကြီးမားမား အန္တရာယ်တို.မှ အစဉ်အဆက် ကင်းဝေးခဲ့ဖူးသည်ပေါ. ...ခုပြောပြမည်.ဖြစ်ရပ်လေးဖြစ်ခဲ့တာကတော. လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄ နှစ်ကြာခဲ့တဲ့ ညတစ်ည....... အတိအကျပြောရလျှင်ဖြင်. ၁၉၆၈ သြဂုတ်လ ၂၀ ရက်နေ.ည

ထိုစဉ်က ၀ါးခယ်မမြို. ပတ်ချာလည်သည် ယုံကြည်ချက်ပေါ်အခြေခံသော သောင်းကျန်းသူများ (မဒညတ..ဗကပ စသည်များ)လူမျိုးရေးကိုအခြေခံသော လက်နက်ကိုင်များ (KNU , KRC ,KNDO စသည်များ) တို.၏ လှုပ်၇ှားကြီးစိုးရာ နယ်မြေများဖြစ်နေဆဲဖြစ်သည်..တစ်ချက်တစ်ကောင် ချစ်လေးမောင်..ကွက်ကော. ..နော်တစ်လုံးစိန် (နို.တစ်လုံးစိန်)..အောင်သန်း..ဗိုလ်သန်းရှိန်..ဗိုလ်ကြီးမောင်နီ စသည်တို.က မြစ်ဝကျွန်းပေါ်တွင် နာမည်ဆိုးနှင်.ကျော်ကြားခဲ့ကြသော ဇာတ်လိုက်ကျော်ကြီးများဖြစ်ခဲ့ကြသည်.....ထိုအဖွဲ.တို.သည် မြစ်ဝကျွန်းပေါ်တစ်ကြောဝယ် လုယက် မီးရှို. လူသတ် စသည်တို.ကို သူ.ထက် ငါအပြိုင်ကြဲနေကြချိန်လည်းဖြစ်သည်...


သောင်းကျန်းသူများ ဖြတ်သန်းချီတက်ရာ တောင်ဘက်လယ်ကွင်းများ-ကျုံစိန်ဘက်ခြမ်းမှ မြင်ရပုံ
 ၁၉၆၈ တွင် ထိုလုပ်ရပ်များကအရှိန် အတော်လေးမြင်.တက်လာသည်...၁၉၆၈ ဖေဖ၀ါရီ ၂၄ တွင် KNDO မန်းထွန်းရုံနှင်. အင်အား ၆၀ က အစိုးရစပါးမော်တော်များကို မီးရှို.ရာ တန်၁၀၀ ခန်.ပျက်စီးခဲ.သည်...မေလ ၁၅ ရက်တွင် KNDO တို.က မြောင်းမြ တစ်ဖက်ကမ်း ဆန်စက်တို.ကိုမီးရှို.ရာ သူရိယ ဆန်စက်မှ တန်၁၀၀ကျော် အောင်ချမ်းမြင်. ဆန်စက်မှ တန် ၄၀ ခန်.ပျက်စီးခဲ့သည်..ဇူလိုင် ၂၈ ရက်တွင် KNDO တို.ကပင် မော်ကျွန်းမြို.ကို မြောက်ဘက်မှ ၀င်ရောက်ပြီး မြေကျေးရှင်း ဂိုထောင် စိုက်ပျိုးရေးဂိုထောင် ဆန်စက်၂လုံးတို.ကို မီးဝင်ရှို.ခဲ့သည်...
 ဖေဖော်ဝါရီလ ၁၄ ရက် (ခုတော.ချစ်သူများနေ.ပေါ.) တွင် KNU ပါတီ ကရင်ပြည်သူ.ပျောက်ကြားတပ်ရင်း ၆ ခွဲ ၁ မှုး ဗိုလ်အောင်သန်း ခေါင်းဆောင် အင်အား ၅၀ ကျော်က ၀ါးခယ်မ အပိုင် လမ်းသမိုင်ရွာအား လာရောက်တိုက်ခိုက်ရာ ရွာသားများညီညွတ်စွာခုခံတိုက်ခိုက်မှုကြောင်.မအောင်မြင်ခဲ့ (ထိုရွာလေးသည် မြန်မာနိုင်ငံ တွင်ပထမဆုံး ပြည်သူ.စစ် စတင်ဖွဲ.စည်းခဲ့သောရွာလေးဖြစ်သည်..အကြောင်းသင်.လျှင် သီးခြားရေးပါမည်)...၀ါးခယ်မမြို.ကိုလည်း တိုက်ခိုက်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြသည်...တစ်ရက်ဆိုလျှင် နေ.လည်ဘက် အလစ်တက်ရောက်တိုက်ခိုက် ရန်အထိပင်ကြိုးစားဖူးသည်...ထိုစဉ် စစ်တပ်ကမြို.အရှေ.ပိုင်းမှ ခံတိုက်ပြီးကျောင်းသားများကလည်း တပ်မတော်ဘက်မှနေ သွားရာက်အော်ဟစ်အားပေးခဲ့ကြသည်...ထိုစဉ်က မြို.ပြင်တာများ ပြုလုပ်ပြီးကာစမို. ထိုနေရာတွင် အကာကွယ်ယူ အားပေးကြခြင်းဖြစ်သည်....သို.သော် ထိုနေ.ညကတော.
ထိုစဉ်က ၀င်ရောက်လုယက်ခဲ့သော ပပက ဂိုဒေါင်
   အမှန်က ညနေစောင်းကပင် လက်နက်ကိုင်အချို. ကမြို.ထဲ ကြိုတင်ရောက်နှင်.နေပြီး အမာခံတို.က ထိုညနေကပင်လျှင် လမ်းဓါတ်မီးတိုင်၇ှိ မီးသီးအချို.ကို ကြိုတင်ရိုက်ခွဲပြီးသားဖြစ်သည်...အစီစဉ်က ရုပ်ရှင်အပြီး (ထိုစဉ်က ရုပ်ရှင်ပွဲများသည် ၉ နာရီခန်.ပြီးတတ်သည်.)..သူတို. ပစ်မှတ်ဖြစ်သည်. ပပက ဂိုထောင်က ပတ္တမြားရုပ်ရှင်ရုံနားတွင်ဖြစ်သည်(ပတ္တမြား ရုပ်ရှင်ရုံထောင်. မင်္ဂလာဝင်း မျက်နှာခြင်းဆိုင် ဈေးရပ်ကွက်မြို.မလမ်း ရှိ အဆောက်အဦး...အောက် Album တွင်ဖော်ပြထားပါသည်)...သို.သော် ကျင်သိန်းစတိုးထောင်. (ယခု စိန်စတိုးထောင်.) တွင် မထင်မှတ်ပဲ စတင် ထိတွေ.မှုဖြစ်ကာ တိုက်ပွဲစပါတော.သည်....
ရုပ်ရှင်ရုံမှ လူများကလည်းပြေး ...နှစ်ဖက်ပစ်ကြ...ထို လက်နက်ကိုင်တို.ကတိုက်ခိုက်ရင်း ပပက ဂိုထောင်ကိုဖောက်ကာ နိုင်သမျှ သယ်ယူကြသည်...ထိုစဉ်က မြို.နယ် ကောင်စီဥက္ကဌက ဥိးကြည် အတွင်းရေးမှုးက ဦးစောနိုင် ...ထိုတိုက်ပွဲဖြစ်စဉ်အတွင်း ပြည်သူစစ်များကလည်း ပါဝင်ကူညီကြသည်...တိုက်ပွဲဖြစ်ပွားနေစဉ် တပ်မတော်မှ တပ်ခွဲမှုး ဗိုလ်ကြီး လဘန်လခေါင်းဆောင် ကာ ၀ါးခယ်မကျောက်တိုင်ဆိပ် မှ UB Boat ဖြင်.ကပ်ပြီး စက်သေနတ် ဖြင်. ဘုရားလမ်းတစ်လျှောက်ပစ်ခတ်ရင်း တက်လာကြရာ.လက်နက်ကိုင်တို.က ဘုရားထဲမှ ဆုတ်ပြေးရင်း ကျုံစိန် ထွက်ပေါက်မှ ဆုတ်ခွာကြသည်...အချို.က သဲကွင်းထဲမှ တစ်ဆင်. တာကြီးပိုင်း (ယခုရွာလည်ကွက်သစ်) မှတစ်ဆင်.ဆုတ်ခွာထွက်ပြေးကြသည်...
ထိုဖြစ်စဉ် တစ်ရပ်လုံးတွင် မြို.ပါတီယူနစ်မှ ဗိုလ်ကြီး တင်လှ တစ်ယောက်သာ ဒါဏ်ရာရခဲ့ပြီး ဂိုထောင်အတွင်း ပစ္စည်း ဆုံးရှုံး မှုမှလွဲပြီး အခြားထိခိုက်ဆုံးရှုံးမှု မရှိခဲ့ပေ...၀င်ရောက်တိုက်ခိုက်သည်က KNU ပါတီ ကရင်ပြည်သူ.ပျောက်ကြားတပ်ရင်း ၆ ခွဲ ၁ မှုး ဗိုလ်အောင်သန်း (ပြင်ပအရပ်သတင်းကတော.နော်တစ်လုံးစိန်ခေါင်းဆောင်သည်ပြောသော်လည်း ပြည်သူ.စစ်ဒို.စစ်...နတခ စစ်ဆင်ရေးသုံးသပ်ချက် စသောမှတ်တမ်းများအရ ဗိုလ်အောင်သန်းသာဖြစ်သည်)...

ဘုရားလမ်းတည်.တည်.  မှ နတ်လမ်းအတိုင်း ဆင်းတုတော် တည်ရာ ဂန္ဓကုဋီ တိုက် ကိုမြင်ရပုံ
  ထိုဖြစ်ရပ်တွင် ထူးခြားသည်ကတော. ထိုဘုရားလမ်းတစ်လျှောက် ကမ်းနားကျောက်တိုင်ဆိပ်မှ ဘရင်းဂန်း နှင်. ပစ်တက်တက်ပြီး လက်နက်ကိုင်တို.က ဘုရားဝမှ ခုခံကာ စောင်းတန်းအတိုင်းထွက်ပြေးရာသို. နောက်မှ လိုက်လံပစ်ခတ်ခြင်းဖြစ်သည်...ထိုစဉ်က ပစ္စတို..BA 52 စတင်း..ဘရင်းဂန်း..ရိုင်ဖယ်.စသည်တို.အသုံးပြု ပစ်ခတ်ကြခြင်းဖြစ်သည်...မြို.တွင်းအနီးကပ် တိုက်ပွဲဖြစ်သောကြောင်. ကျည်အားသွန် ပစ်သော်လည်း နောက်တစ်နေ. ဘုရားစောင်းတန်း၇ှိ သစ်သားတိုင်များ...ဘုရား ဆင်းတုတော်ပလ္လင်မှအစ လုံး ၀ကျည်ဆန်ရာတစ်ချက်မရှိခြင်းပင်.... ဆင်းတုတော်ကြီးသည်လည်း တကယ်တော. ကျည်လာရာ လမ်းကြောင်းတွင် တည်.တည်. အကာကွယ်မဲ. တည်၇ှိနေခြင်းပင်......ပိုပြီး ထူးခြားသည်က နောက်ပိုင်း ဖမ်းဆီး စစ်ဆေးမှုများတွင် ထိုတပ်ခွဲမှ အစစ်ခံချက်တို.က ပိုစိတ်ဝင်စားဖွယ်ရာပင်...သူတို.အနေနှင်. ၀ါးခယ်မ တောင်ဖက် လယ်ကွင်းပြင်များမှ မြို.ရှိရာ ချီတက်လာရာတွင် ဘုရားကြီး စိန်ဖူးတော်ရှိ မီးလုံးကို တည်မှတ်ထား ချီတက်လာခြင်းဖြစ်ကြောင်း သို.သော် ညနက်ပိုင်းမှစပြီး ချီတက်လာသော်လည်း လင်းရောင်လာချိန်တိုင် မရောက်နိုင်ပဲ မျက်စိလည်နေရကြောင်း ထိုဖြစ်ရပ်သည် တစ်ကြိမ်မက ဖြစ်ခဲ့ကြောင်း အစစ်ခံခဲ့ခြင်းပင်.....ထို.အပြင် ထိုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှု ၂ ကြိမ်သာဖြစ်ခဲ့ဖူးသည်..နှစ်ကြိမ်လုံး လူတစ်ဦးစီသာ ဒါဏ်ရာရသည်..ဖြစ်စဉ်ကလည်း ညပိုင်းတွင်သာဖြစ်သလို ကာလကလည်း သြဂုတ်လ ၏ ၁၉ ရက်နှင်. ၂၀ ရက်တွင်သာဖြစ်ခဲ့ခြင်းတို.ကတော. တိုက်ဆိုင်မှုသာဖြစ်ပါလိမ်.မည်.... 

ဂန္ဓကုဋီ တိုက်ဘက်မှ နတ်လမ်းအ၀င်ဝ သို. မြင်ရပုံ
  ယခုဖြစ်ရပ်နှင်.ပတ်သက်ပြီး တွေ.ကြုံသည်များပြောကြားပေးခဲ့ကြသော ဦးစိန်ရွှေ (passed)... ဦးအောင်သန်း @ ဥိးကုလား...ဦးကံလှိုင် (passed ) တို.အားအထူးကျေးဇူးတင်ရှိပါသည်...ထိုသူတို.၏ ပြောကြားချက်များနှင်. တပ်မတော်သမိုင်း ပဉ္စမတွဲ (၁၉၆၂-၇၄) တို.မှ အချက်အလက်များကို ကိုးကားပါသည်....

နေ၀င်ချိန်

 
 
လူနာတစ်ယောက်က အာခံတွင်းထဲ အရိုးစူးလို့လာတယ်
ကျွန်တော်ကြည့်တယ် မတွေ့ဘူး ငါးရိုးမို့အချိန်တန်ရင် ပျော်ကျလာမှာပါ
အန္တရာယ်မရှိလောက်တဲ့နေရာမို့ အနာသက်သာတဲ့ဆေးထိုးပေးလိုက်တယ်
အခု ဒီစာရိုက်နေချိန်မှာပဲ လူနာတစ်ယောက်လာပင့်လိုက်လိုက်သွ
ားတယ်
အခု ဒီစာကို ပြန်ရောက်လာလို့ဆက်ရိုက်နေတာပါ
အသက် ၉၀ လောက်ရှိတဲ့အဖွားအိုတစ်ဦး . .ကိုယ်လက်တွေနာလို့တဲ့
မှိန်ပျပျမီးရောင်အခန်းထဲမှာ သေးနံ့တွေက မွှန်ထူလို့နေတယ်
သူ့မြေးတွေသူ့သာ
းသမီးတွေက အခန်းထဲ ၀င်ချင်ပုံမပေါ်ဘူး
ထမီတွေလည်း လဲပေးထားပုံမပေါ်ပါဘူး
သက်ကြီးရွယ်အိုတွေရဲ့နေ၀င်ချိန်
က ဘာလို့ ဒီလောက်အရုပ်ဆိုးရတာလဲ
အဖွားအိုအတွက် သက်သာအောင်ဆေးတစ်လုံးထိုးပေးခဲ့
တယ်
ကျွန်တော် ပြောစရာရှိတာပြောပြီးပြန်ထွက်လာ
မယ်လုပ်တော့ အဖွားက ကျွန်တော့်ပုဆိုးစကိုဆွဲထားတယ်
တစ်ခုခုပြောချင်နေပုံပါပဲ . . အသံကထွက်မလာဘူး ပုဆိုးစလေးကို တင်းနေအောင်ဆွဲဆုပ်ထားတယ်
သူ ကျွန်တော့်ကို မပြန်စေချင်ပါဘူး . . လူနာရှင်တွေက အဆင်းရဲကြီးမဟုတ်ဘူး စားနိုင်သောက်နိုင်နဲ့ပျဉ်ထောင်
အိမ်လေးပါ
ဈေးအရမ်းကြီးတဲ့ခွေးကြီးတစ်ကော
င်ရှိတယ် အဲဒီခွေးကြီးကို စီးတီးမတ်က အကောင်းစားခွေးစာတွေကျွေးနေတယ်
အဖွားအိုရဲ့ကျောမှာ ဘတ်ဆိုး လို့ခေါ်တဲ့ အိပ်ယာနာတွေရှိနေတယ်
ကျွန်တော်က . . အိပ်ယာနာသက်သာအောင် မွှေ့ရာ အိပ်ရာခင်းရှိကြောင်း ၀ယ်ပြီးအဖွားကိုခင်းပေးဖို့ ပြောတယ်
အဖွားအိုရဲ့ ချွေးမ အဒေါ်ကြီးကပြောတယ် . .သူက လှမ့်နေတာပါ မခင်းတော့ပါဘူးဆရာတဲ့ ခင်းလည်း မထူးပါဘူးတဲ့
အဖွားအိုကို တစ်အိမ်လုံးက မကြည်ကြဘူး ဘာလို့လည်းဆိုတော့ညဖက်တွေအော်နေ
လို့တဲ့
အဖွားအိုရဲ့မျက်လုံးက မျက်ရည်တွေကျနေတာသူတို့ မမြင်ကြဘူးလားဟင်
သူလား . . အင်းလေ . .အထီးကျန်နေမှာပေါ့ . အထီးကျန်တယ်ဆိုတာအားငယ်တာ . . ခြောက်ခြားတာ
အနားမှာ လူမရှိတဲ့အချိန်မှိန်ပြပြမီးရော
င်အောက်က အခန်းငယ်လေးထဲမှာ ထုပ်တန်းတွေအပေါ် ကြွက်တွေပြေးနေတာ ကျွန်တော်တွေ့လိုက်ရတယ်
အဲဒီကြွက်တွေများ လာကိုက်ရင် . .အဖွားနာနေမှာပဲ
ခြင်ထောင်လည်းမရှိပါဘူး . . . ဘာလို့ ပစ်ထားရတာလဲဟင်ကျွန်တော်ကမ နေနိုင်စွာ စပ်စုကြည့်တယ်
အဖွား ကြီးက ဆိုးတယ် ဆရာတဲ့ . . . ညညဆို အိမ်မှာက သမီးတွေက ရုံးသွားရတယ်လေ အဲဒါအိပ်လို့မရဘူး
အဖွားကြီးအော်နေတော့ အကုန်လုံးအိပ်ရေးပျက်တယ် ကျွန်မတို့လည်း ၀ဋ်ကျွတ်ချင်ပြီဆရာတဲ့ . . .
ဝဋ်တဲ့. . .အဲဒါဝဋ်တဲ့လား . . ကျွန်တော်ဆက်မပြောချင်တော့ပါဘူး
. . .
အဖွားကို ထမီမှန်မှန်လဲပေးဖို့ . . ဆီးဝမ်းကို ဂရုစိုက်ဖို့မှာခဲ့တယ် ကျွန်တော်ထွက်မယ်လုပ်တော့ ကျွန်တော့်ကိုအားကိုးတကြီးကြည့်
နေတဲ့အဖွားရဲ့မျက်ဝန်းတွေမှာ
မျက်ရည်စတွေ တွဲခိုနေတယ် . . .
ဟုတ်ကဲ့ . .ညဖက်လည်း လာနှိုးနိုင်ပါတယ် အဒေါ် ကျွန်တော်လိုက်ကြည့်ပေးပါ့မယ် တစ်ခုခုဆို ကျွန်တော့်ဖုန်းနံပတ်လည်းယူထားပ
ါ ဆက်နိုင်ပါတယ်
ကျွန်တော့်စိတ်တွေလည်းမကောင်းလှ
ဘူး ဆေးခန်းပြန်ရောက်တော့လည်း မကောင်းလှဘူး
ဒီညက ခြင်တွေ နည်းနည်းကိုက်တယ်
ဆေးခန်းရှေ့မှာ ကြွက်ကြီးတစ်ကောင် ဖြတ်ပြေးသွားတယ် . . . .
အဖွားအိမ်ဖက်ကို များသွားနေတာလား ကျွန်တော်လည်းဘာတွေတွေးနေမိပါလိ
မ့်
မီးကပျက်နေလို့ နေရာတကာမှာ မှောင်မိုက်နေတယ် . .
ကျွန်တော်လား . . မငိုချင်ပါဘူး . . ဒါပေမယ့် ရင်ထဲမှာတော့ တစ်ခုခုက ဆုပ်ဆွဲထားသလို စို့နေတာတော့အမှန်ပဲ
လည်ပင်းထက်က နားကြပ်ကလေးကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်
ဟူး . . . ဘာမှ ဆက်မရေးချင်တော့ပါဘူး ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Post from http://www.thettantcho.com/

မရဏ သက်တန်. ဖား


အမေရိကတိုက် အလယ်ပိုင်း ကော်စတာရီကာနိုင်ငံနဲ့ ပနားမားတို့မှာ သာ တွေ့ရတဲ့ ဖားများ ဖြစ်ပါတယ်။
အသဲစားဘုရင်လိုခေါ်ရတဲ့ အကြောင်းကလော့ အရောင်လှသလောက် ဒုက္ခ ကြီးကြီးပေးတတ်တဲ့ဖားများမို့လို့ ဖြစ်ပါတယ်။ Atelopus varius လို့ခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အရောင်အသွေးစုံပါတယ်။ မျိုးစိတ်ထပ်ကွဲပြိး အဝါရောင်၊အနက်ရောင်ရော၊ ခရမ်းရောင်၊နက်ရောင်ရော၊ ပန်းရောင်၊ စိမ်းရောင် အစရှိသဖြင့် အရောင်အသွေး စုံစုံလင်လင်ကို ရှိ ပါတယ်။ ဆေးခြယ်ထားတဲ့ အတိုင်းကို လှပတဲ့ဖားများ ဖြစ်ပါတယ်။ clow frog လို့လည်း ခေါ်ပါတယ်။
သို့ပေမယ့် ကမ္ဘာ့ အဆိပ်အပြင်းဆုံး ဖားစာရင်းထဲမှာပါပါတယ်။ သူ့အဆိပ်က အရည်အပြားထိလိုက်တာနဲ့ကို သက်ရောက်ပါတယ်။ သက်ရှိ တော်တော် များများ သေပါတယ်။ လူကိုလည်း စေတဲ့ ဖြေဆေးရှား ဖားဆိပ်တစ်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဘယ်တိရစ္ဆာန်မှာ မထိရဲပါဘူး။ ဖားဘုရင်တစ်မျိုးပါပဲ။ ကမ္ဘာ့ရှားပါးမျိုးစိတ်ထဲမှာလည်း ပါဝင်တဲ့ ဖားများ ဖြစ်ကြောင်း သိရပါတယ်။ 

Ref: wiki
Post by  yoyarlay.com

Friday, February 22, 2013

ပုသိမ်မြို.သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေး ဘုရားလှည်.ပွဲ

 အချို.ကပြောကြသည်
မြန်မာလူမျိုးတို.အပျော်အပါးမက်ကြသလိုလို တစ်နှစ်လုံး ၁၂ရာသီ ပွဲတော်များပြည်.နှက်နေသည်တဲ့
တကယ်က ကမ္ဘာ.နိုင်ငံများတွင်လည်း လူမျိုးအလိုက်..ကိုးကွယ်ယုံကြည်မှုအလိုက်..နေရာဒေသအလိုက်..ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအလိုက်...လက်ခံယုံကြည်သော အယူအဆအလိုက် ပွဲတော်များ အမျိုးမျိုး ရှိနေကြသည်ချည်း ဖြစ်သည် ။


မြန်မာနိုင်ငံတွင် များသော အားဖြင်. ကိုးကွယ်ယုံကြည်မှု...ဓလေ.ထုံးတမ်း...ရိုးရာယဉ်ကျေးမှု တို.ကိုအခြေခံသော ပွဲတော်များ ရှိသည်.အနက် ရာခိုင်နှုံး အတော်များများ က ကိုးကွယ်ယုံကြည်မှုကို အခြေခံ ပေါ်ပေါက်လာကြခြင်းဖြစ်သည်...အချို.ပွဲတော်များက နေရာဒေသ အနှံ.ကျင်းပသော်လည်း အချို.ပွဲတော်များကတော. သီးခြားဖြစ်တည်နေသော သဘောရှိသည် ။


ဧရာဝတီတိုင်း ပုသိမ်မြို.တွင် အခြားဒေသများ ထက် ထူးခြားစွာ ကျင်းပလေ.ရှိသော သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေး ဘုရားလှည်.လည် ပူဇော်ပွဲကို ဖေဖ၀ါရီ ၁၇ ရက်နေ.က စည်ကားစွာကျင်းပခဲ့ပါသည် ။ထိုဘုရားပွဲသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန်.က စတင်ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံတွင် ပုသိမ်တစ်မြို.တည်းသာ ကျင်းပသော ဂုဏ်ယူဖွယ် ဗုဒ္ဓ၀င် ပွဲတော်ကြီးဖြစ်သည်ဟု သိရသည် ။


 ထိုဘုရားပွဲတော် ကျင်းပပုံမှာ
မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ရဟန္တာ များခြံရံလျှက် ဥရုဝေလ တောအရပ်၌ အယူဝါဒလွဲမှားစွာ ကျင်.ကြံနေကြသော ဥရုဝေလ ကဿဖ အမှုးပြုသည်. ရသေ.ညီနောင် တစ်ထောင် ကျွတ်တမ်းဝင်စေသော ရာဇဂြိုဟ် ပြည်ကြွချီတော် မူခန်း....


.ထို.နောက်မှ ရှမ်းကုန်သည် လှည်းတပ် ၅၀၀ တို.က မြတ်စွာဘုရားရှင်အား ဖူးတွေ.ရ သဖြင်. ကပ္ပိလ၀တ်ပြည် ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ထံ သတင်းပို.ဆောင်ခန်း...ထို.နောက် ဖွားဖက်တော် ကာဋ္ဌုဒါယီ အမတ်ကြီးသည် မြတ်စွာဘုရားရှင်အား ကပ္ပိလ၀တ်ပြည်သို. ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ထံကြွရောက်ပါရန် ပင်.ဆောင်ခန်း ...သားတော်ရာဟုလာ အမွေတောင်းခန်း စသည်တို.ကို တစ်နေကုန် လှည်.လည်သည်. ဗုဒ္ဓ၀င် ပွဲတော်ကြီးဖြစ်သည်။


ပုသိမ်မြို.သူလေးများကလည်း လှည်းယဉ်ကျော.များထက် လိုက်ပါလှည်.လည် ကြသကဲ့သို. ရှမ်းရိုးရာ အိုးစည် သံများ ...ဓါးသိုင်းအကများ...မြန်မာ.ရိုးရာ အိုးစည်..ဒိုးပတ် အကများ စသည်ဖြင်. စည်ကားထူးခြားစွာ ကျင်းပကြလေ.ရှိသည်....ပြည်တွင်းရှိ အခြားမြို.သားများသာမက နိုင်ငံခြားသား များအဖို.ပါ စိတ်ဝင်စားစရာ ထူးခြားသော ပွဲတော် တစ်ခုဖြစ်သည်။

အချက်အလက်များကို ၂၀-၂-၂၀၁၃ မြန်မာ.အလင်း သတင်းစာ ပါ ပုသိမ်လှကြည် ၏ သတင်းမှ ရယူပါသည်..ပုံအချို.ကို Golden Pathein Page @ Facebook မှ ရယူအသုံးပြုပါသည်..