Friday, December 29, 2017

အမှတ်တရ မအူပင် GTI နေ့ စွဲများ - Nyi Nyi Htoon







၁၉၉၅ ခုနှစ်ကတည်းကဖြေဆို   ခဲ့သော ဒဿမတန်းစာမေးပွဲကို စတုတ္တအကြိမ်မြောက် ဖြေဆိုအပြီး ၁၉၉၈ခုနှစ်တွင်ကျနော်လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်ခဲ့ပါသည်။လွတ်လွတ်ကျွတ်ကျွတ်ဟုပြောရခြင်းမှာ
ထိုခေါတ်
ထိုအခါက၁၀တန်းအောင်စာရင်းကို(က)နှင့်(ခ)ဟူ၍အဆင့်အတန်းခွဲခြားထားသောကြောင့်ဖြစ်၏။ထိုအချိန်က ၁၀ တန်းအောင်လျင်ကျောင်းပြီးသောခေါတ်၊ အမိတက္ကသိုလ် ဆက်တက်ရန် ဝေဝါးနေသောခေါတ်၊ ကံကောင်းထောက်မစွာ ကျနော့်အမှတ်စာရင်းတွင် အင်္ဂလိပ်စာနှင့်သင်္ချာ နှစ်ဘာသာပေါင်းအမှတ်၁၂၀ကျော်သဖြင့်ထိုစဉ်ကခေါတ်စားသောပညာရေးခရီးတွင်ဆက်လျှောက်
လှမ်းစရာတစ်ခုတည်းသောမျှော်လင့်ချက်ငွေ့ ငွေ့ လေးဖြစ်တော်မူထသောGTIဟုအမည်သမုတ်ထားသော ကျောင်းတော်သို့ တက်ရောက်ရန် စိတ်ကူးယဉ်နိုင်ခဲ့လေသည်။

ထို့ ကြောင့် ကျနော်လည်း သူတပါး ကွမ်းယာဆိုင်ဖွင့်၍အောင်မြင်လျှင် ကိုယ်လည်းဘုမသိဘမသိ ကွမ်းယာဆိုင်လိုက်ဖွင့်တတ်သော မြန်မာလူမျိုးကြီးဝါဒလမ်းစဉ်အတိုင်း GTI ဆိုသော ကျောင်းတော်ကြီးသို့ ဝင်ခွင့်လျှောက်ထားခဲ့လေ၏တမုံ့ ။ လျှောက်တုန်းကတော့ သန်လျင် GTI ( ထိုကာလက GTC. ဟုအမည်ပေးကင်မွန်းမတပ်ရသေး) ကျောင်းတက်ဖို့ ဖောင်ပြန်ကျလာတော့ မအူပင်မြို့  တဲ့ ။ ခက်ချေပြီ။၎င်းမအူပင်ဆိုသောမြို့ ကို ကျောင်းဝင်ခွင့်ဖောင်ဖြည့်စဉ်က တစ်ခါသာစာမျက်နှာပေါ်အမှတ်မထင်တွေ့ မြင်လိုက်ဖူးသည်။ ဘယ်အရပ် ဘယ်ဒေသ၌ ရှိမှန်းမသိ ။ ရော်ရမ်းမှန်းဆစိတ်ကူးဖို့ ပင် မတတ်နိုင် ။ ထို့ ကြောင့် မောင်ပေါက်ကြိုင်းထုံး နှလုံးမူကာ မေးမြန်းစုံစမ်းရ၏။

ကျနော်တို့ မြို့ မှမအူပင်GTIတက်ခဲ့သောအောင်သက်ဇော်နှင့်တွေ့ ၏။"မအူပင်ကခြင်တော်တော်ကိုက်တယ်ဗျ " အောင်သက်ဇော် က စိတ်မသက်မသာဖြင့်ပြောလေ၏။သူပြောပုံက စာသင်သွားရန်ပြင်ဆင်ဖို့ ထက်ခြင်များနှင့်ကြီးမားသောစစ်ဆင်ရေးပြ.ုလုပ်နိုင်ရန်အားမွေးသွားရမည့်ပုံစံဖြစ်နေပြီ။ဘာပဲပြောပြောကိုယ်ကတော့ မအူပင်ခြင်ကျားပဲဖြစ်ဖြစ် ဂေါ်ဇီလာပဲ ဖြစ်ဖြစ် သွားရမှာပဲဖြစ်သည်။ " သိန်းဇော်ဦး လဲမအူပင်မှာပဲဗျ " သူကဆက်ပြောသည်။ အဲဒီ သိန်းဇော်ဦး ဆိုသောငတိ ကို ဖြ.ူသလားမဲသလားလည်းတစ်မြို့ ထဲ သားချင်း ကျနော်မမြင်ဖူးဘူး။ ထိုနောက် ကျနော် အခြားတွင်ဆက်စုံစမ်းတော့ ကျနော့်လိုပင်မအူပင် GTI မှာ သွားတက်ဖို့ အ ကြောင်းဖန်လာသော..ရဲမင်းဆိုသောဘဲလေးတစ်ဗွေ၊ သူ့ လည်း မသိ ။ချစ်စမ်းမောင် ( ဝါဆို) သူကတော့ကျနော့် ငယ်သူငယ်ချင်းဆိုတော့ ကျနော်အားနည်းနည်းတက်သွားသည်၊

Photo by Sann Maung Maung


အဖော်တော့ရချေပြီတကား။မေးပါများစကားရ၊မေးရင်းမြန်းရင်းစုံစမ်းရင်းမအူပင်မြို့ သို့ ရောက်၊အောင်သက်ဇော် မှာလိုက်သလို မအူပင်တံတားထိပ် GTI မှတ်တိုင်မှာဆင်းလိုက်သည်။ ကားပေါ်မှအဆင်းဘေးဘီဝဲယာ၌ ကျောင်းတော်ကြီးကိုရှာကြည့်လိုက်သည်။မတွေ့  ။ ငါ.နေရာများမှားဆင်းမိပြီလားတွေးလိုက်မိသည်။မမှားနိုင်ပါ.ကားစပယ်ယာကလည်းသေသေ
ချာချာပြောသွားတာပါ
။နေကလည်းပူလိုက်သည်မှကော့နေသည်။နဖူးမှစီးကျလာသောချွေးစီးတွေကိုသုတ်.အရိပ်ခိုဖို့ ကြည့်တော့လည်း..အရိပ်ရပင်ဆို၍ ဒူးခေါင်းလောက်အမြင့် ကပ်စီးနည်းပင်တောင်မတွေ့  လယ်ကွင်းပြင်ခေါင်ခေါင်။တောသားဂနိုင်ရောက်ဆိုတာဒါမျိုးထင်ပါ့။ကားလမ်းအရှေ့ ဘက်အခြမ်းကိုလှမ်းကြည့်တော့ဖုန်တထောင်းထောင်းနှင့်မြေနီလမ်းလေးကိုမျက်စိတဆုံးလှမ်းတွေ့ ရသည်။မြေနီလမ်းပေါ်မှာ ခွေးတကောင်ကြောင်တမြှီးပင်မတွေ့ ။

မြေနီလမ်းလေးအဆုံးမှာတော့ညစ်ထေးထေးနှစ်ထပ်ဆောင်တစ်ခုကိုမှုန်ပြပြလှမ်းမြင်လိုက်ရသည်။အဲဒါပဲနေမှာ.ဒီနားလည်းအဲဒီနှစ်ထပ်ဆောင်တစ်ခုပဲကြီးကြီးမားမားရှိတာ၊
ငါပညာရင်နို့ သောက်စို့ ရမယ့်နေရာပဲ။အသက်ကိုပြင်းပြင်းရှူရင်ကိုကောခေါင်းကိုမော့စစ်မြေပြင်ထွက်မယ့်စစ်သူကြီးတစ်ယောက်ရဲ့ မာန် ဟန်ပန်မျိုးနဲ့ ကိုယ့် အထုတ်ကို ဆွဲမ တံလျှပ်တထောင်းထောင်းထနေသော မြေနီလမ်း ပေါ်ကနေ ကျောင်းတော်ကြီးဖြစ်မည်ဟု ကျနော်ယူဆ လိုက်သောမှုန်ပြပြလှမ်းမြင်နေရသော ညစ်ထေးထေး နှစ်ထပ်ဆောင်သို့  ဦးတည်ကာ တစ်ယောက်ထဲ ချီတက်ခဲ့လေတော့သည်။
အို...သင်တို့ နှင့်

အကျွန်ုပ်တွေ့ ကြ ပြီ မအူပင်ခြင်ကျားတို့ ။
 လယ်ကွင်းပြင်ထဲမှတချက်တချက်ဖြတ်သန်းတိုက်ခတ်လာတဲ့လေပူကြောင့် မြေနီလမ်းပေါ်မှ ဖုန်မှုန့် နှင့်အမှိုက်များကဝဲကတော့ပုံဖြစ်၍အပေါ်ပျံဝဲတက်လာတယ်။မြေနီလမ်းလေးကိုဆုံးအောင်အားခဲပြီးေ
လျှာက်လိုက်တယ်။
လမ်းဆုံးတော့ တံတိုင်းအကာအရံမမည် ခြုံပုတ်ဟု ခေါ်ရအခက် မည်သို့ အမှတ်သညာပြု ခေါ်တွင်ရမည်မသိသော ကျောင်းအဝန်းအကာအရံလေးကို ဖရိုဖရဲနဲ့  တွေ့ လိုက်ရတယ်။ကျောင်းခြံစည်းရိုးပဲဆိုကြပါစို့ ။့ 

ထိုခြံစည်းရိုးနှင့်မြေနီလမ်းလေးအကြား အကျယ် ၅ပေကျော်၆ပေ အနက် ၃ ပေ ကျော်ခန့်  မြောင်းတခုခြားထားတယ်။တံတားလည်းထိုးမထား။တော်သေး ။မိုးရာသီ မဟုတ်လို့ ။ အေးလေ မိုးရာသီဆိုဒီမြေနီလမ်းကသွားလို့ ရမှာမှမဟုတ်တာ။သို့ နှင့်မြောင်းလေးထဲဆင်းကျောင်းပရဝုဏ်ထဲဝင်လာခဲ့တယ်။တကယ်တော့ကျနော်ကမအူမလည်နဲ့ ကျောင်းအနောက်ပေါက်ကနေဝင်လာခဲ့မိတာကိုး။အဲဒါကြောင့်ဘယ်သူမှမတွေ့ ပါလားမှတ်နေတာ။ရှိစေတော့။

Photo by Zaw Min Latt


မအူပင်မြို့ အကြောင်းနောကျေအောင်သိတဲ့စောဖေတို့ ကတော့ဒီနောက်ပေါက်ကမဝင်။မြို့ ထဲကားဂိတ်အဆုံးထိစီးဆိုက်ကားငှားအောင်မြင်ခန့် ညားစွာနဲ့ ကျောင်းရှေ့အပေါက်ကနေဝင်လာကြသူတွေပါ။ကျနော်ပဲဘယ့်နှယ့်ယောင်လည်လည်နဲ့ နောက်ပေါက်ကရောက်လာရတယ်လို့ ။ကျောင်းဝန်းထဲရောက်လာတော့သက်တန်းနုသစ်ပင်ငယ်ပိန်ရှည်ရှည်လေးတွေဟိုတစ်ပင်ဒီတစ်ပင်စတွေ့ လာရတယ်။အနည်းငယ်ဆက်ဝင်လာတော့ကင်တင်းခေါ်မလား စားသောက်တန်းခေါ်မလား သုံးခန်းကန့် ထားတဲ့ ဆိုင်ခန်းရှည်မျောမျာလေးတစ်ခုတွေ့ တယ်။

ကျောင်းဝန်းထဲလည်းအားလုံးပေါင်းမှ ဒီတစ်ဆိုင်တွေ့ တာပါပဲ။ ကျောင်းသားတစ်ယောက် နှစ်ယောက် စတွေ့ ရတယ်။လူရိပ်လူယောင်မြင်ရလို့ ဝမ်းသာသွားတာမျက်ရည်တောင်ဝဲတက်လာတယ်။တကယ်ပါ ကျောင်းဝန်းထဲစဝင်လာခါစက ခြောက်ကပ်တိတ်ဆိတ်နေလို့  ပြန်ပြေးချင်စိတ်တောင်ပေါက်နေတာ။ ဒီကိုမလာခင်ကတော့ကျောင်းကြီးကိုခမ်းခမ်းနားနားစိတ်ကူးယဉ်ထားတာလေ။ခုတော့တရားရိပ်သာနဲ့  နင်လားငါလား။အတွေးထဲဝင်လာတဲ့ အားငယ်စိတ်ကိုဆတ်ခနဲခေါင်းခါပြီးဖယ်ထုတ်လိုက်တယ်။ ဆက်လျှောက်လာတော့ကျောင်းသားကျောင်းသူတွေဟိုတစ်စုဒီတစ်စုဟိုနားတစ်ယောက်ဒီနားတစ်ယောက်။
အနာဂတ်ကမာ့အင်ဂျင်နီယာလောကကိုကိုင်လှုပ်ပစ်မယ်ဆိုတဲ့မာန်ဝင့်နေတဲ့မျက်နှာပေးကိုယ်စီနဲ့ ပေါ့ ။ စတွေ့ တာပါပဲ။

ဒီလိုနဲ့ ကျောင်းအပ်ရမယ့်အခန်းထဲရောက်လာခဲ့ရတယ်ဆိုပါတော့။ကျနော့်ကိုအသားညိုညိုဒေါင်ကောင်းကောင်း
ဆရာကြီးတစ်ယောက်ကဒီကိုလာလို့ လှမ်းခေါ်တယ်(တကယ်တော့အသားညိုတာမဟုတ်ပါဘူးမည်းတဲ့ဘက်တောင်ရောက်နေပါပြီနောင်မှ
သိရတာအဲဒီဆရာကြီးကသင်္ချာံသင်တဲ့ဦးခင်မောင်ဌေး။ဆရာကြီးကို နောက်ကွယ်မှာတပည့်တွေကဆရာပေါင်ချိန်လို့ ခေါ်ကြသတဲ့ ) ။ ဆရာကြီးရှေ့မှာ ခပ်ရို့ ရို့ လေးဝင်ထိုင်လိုက်တယ်ဆရာကြီးက ထုံးစံအတိုင်း အမည်ဘာညာမေးအပြီး ကျနော့်မွေးသက္ကရာဇ်နေရာရောက်တော့ မျက်မှောင်ကျုံ့ သွားတယ်။ကျနော့် နားထင်ကို ဒိန်းကနဲ သွေးလာဆောင့်တယ်။အဲဒီနောက် ဆရာကြီးက ဘော့ပင်နဲ့ စာရွက်ဆွဲပြီး တဖောက်ဖောက်နဲ စ့ တွက်တော့တာပဲ။သင်္ချာံဆရာကြီးဆိုတော့လည်းတွက်ရတော့ပေမပေါ့။ကျနော်က ဆယ်တန်းလေးခါဖြေပြီးမှအောင်တာ ရှစ်တန်းတုန်းကလည်းတစ်နှစ်ကျသေး ( ပညာရှာ အိုသည်မရှိ ဆိုတဲ့ ရှေးလူကြီးသူမများပြောတဲ့စကားပုံကို ကျနော်တို့ GTI က အတိအလင်းဆန့် ကျင်ပါတယ်။ GTI မှာအဌာရဿ တွေ သင်ယူမယ်ဆိုအသက် ၂၂ နှစ်ကျော်ရင် အိုနာကျိုးကန်း ပညာမသင်နိုင်တော့တဲ့အရွယ်အိုကြီးအိုမလို့  သတ်မှတ်ပါတယ်။ဤကား စကားချပ် ) ။

Photo by Zaw Min Latt


ဘုရားဘုရား။ကျနော်ခြေဖျားလက်ဖျားတွေအေးစက်ပြီးရင်ထဲကတုန်ကရင်ဖြစ်လာတယ်။ဆရာကြီးကို
လှမ်းကြည့်တော့ကျနော့်မွေးသက္ကရာဇ်ကိုပိုင်းဝေတွေရောပိုင်းခြေတွေရောဟိုဟာနှင့်စားလိုက်ဒီဟာနှင့်နှုတ်လိုက်လုပ်နေတယ်။အခန်းထဲတိတ်ဆိတ်နေသမှကိုယ့်နှာမှုတ်သံကိုယ်အတိုင်းသားပြန်ကြားနေရတယ်။ သွားပါပြီ။ချွေးစေးပြန်နေတဲ့ လက်ဖဝါးနှစ်ဖက် မီးခိုးထွက်မတတ်ပွတ်ပြီး ဘုရားတနေရပြီလေ။ "မင်းကအသက်၂၂နှစ်ပြည့်ဖို့ သုံးလပဲလိုတော့တာပဲကွ"တိတ်ဆိတ်နေတဲ့အချိန်ဗြုန်းကနဲဆရာကြီးအသံထွက်လာတော့ကျနော်
ဆတ်ကနဲတုန်သွားတယ်။

"ဟုတ်ကဲ့"ကျနော်အသံကခြောက်ကပ်တုန်ရီစွာလည်ချောင်းထဲကအတင်းဖျစ်ညှစ်ပြီးတိုးတိုးလေး
ထွက်လာတယ်။
"အေးလေ..
.စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင်တော့" ဆရာကြီးကစကားဆက်မပြောပဲ ရပ်ထားတယ်။အဲဒီစက္ကန့် ပိုင်းအချိန်လေးဟာကျနော့်အတွက်တော့တစ်ကမာပါပဲ။ကျောင်းဖက်ကကြည့်မယ်ဆိုရင်လည်းကျနော့်လို
အသက်ကြီးကြီး
အတန်းငယ်ငယ်အရိုးရင့်ရင့်ကျောင်းသားတစ်ယောက်ကို ဘယ်လက်ခံချင်ပါ့မတုန်း။ ပြောရဆိုရဆုံးမရခက်မည့်အရေထူမည့်သဘောရှိပေသကိုး။ပြီးတော့ ဒီလိုကောင်မျိုးတွေကပဲ ကျောင်းမှာဗရုတ်သုတ်ခ လုပ်ကြတာပဲ။ဆရာကြီးက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး " လက်ခံရမှာပေါ့ "။
(GTIဆရာကြီးဆရာမကြီးများကိုပြစ်မှားမိခဲ့သည်ရှိသော်ဤနေရာမှရိုသေစွာရှစ်ခိုးတောင်းပန်ပါသည် )


Nyi   Nyi    Htoon

No comments:

Post a Comment