သင်္ကြန်အကြိုနေ.
မြို.လေးရဲ. သင်္ကြန် အကြိုနေ.ကတော.
ကလေးတွေ ဦးဆောင်နေတယ်လို.ပဲပြောရပါမယ် ဗဟိုမဏ္ဍပ်မရှိပဲ အိမ်ရှေ.တွေမှာ မိသားစုပက်တဲ့
အုန်းလက်မဏ္ဍပ်တွေနဲ. ကလေးတွေလောက်သာ ရေပက်ကစားတာတွေ.ရပါတယ် ။ ကလေးတွေကတော.ဒီနှစ်မှာ
မနက်အစောပိုင်းထဲကရေစလောင်းနေကြပါတယ် ။ မနှစ်က ဗဟိုမဏ္ဍပ်လုပ်တဲ့နေရာမှာတော. ဘာမှရှိမနေပဲ
U-45 ရဲ.ဖြေဖျော်ရေးစင်လုပ်တဲ့နေရာမှာတော. ဒီမနက်ပိုင်းမှ စင်တစ်ခုပြုလုပ်နေဆဲဖြစ်တာကိုတွေ.ရပါတယ်
။ အဲ့ဒီလိုပဲ အချို.မိသားစုမဏ္ဍပ်တွေဟာလည်း ဒီမနက်မှ အုန်းလက်တွေ ခုတ်တုန်း ၊ သယ်တုန်း
ပြုလုပ်နေကြတာတွေ.ရပါတယ် ။အနောက်ပိုင်းမှာတော. ဖျော်ဖြေရေး စင်တစ်ခု ( ရွှေအိမ်စည်ရှေ.
) တွေ.ရပါတယ် ။ဒိနေ.မနက်ပိုင်းရေသေချာပက်တာကတော.စာတိုက်ထောင့်မှာ တစ်ဖွဲ.လောက်ပဲတွေ.ရပါတယ်
။ မနက်အစောပိုင်းက ဘုရားကြီးလမ်းမှာ သာသနာ.မာမက ဆွမ်းလောင်းအသင်းက ဦးစီးပြီး အလှုရှင်
မိသားတစ်ခု လှုဒါန်းတဲ့ အာရုဏ်ဆွမ်းလောင်းလှု မှု တစ်ခုရှိခဲ့ပြီး မနက်ပိုင်းမှာ ဖောင်ဆိပ်အနီး
ကမ်းနားလမ်းမှာ စတုဒိသာ မုန်.လက်ဆောင်း လှုဒါန်းမှု တစ်ခုရှိခဲ့တယ်လို.သိရပါတယ် ။ ညပိုင်းတံတားအောက်
ရွာလည်ရပ်ကွက် မြူရုံးလမ်းမမှာတော. ဖျော်ဖြေရေးစင်တစ်ခုကဖျော်ဖြေနေတာတွေ.ရပါတယ် ။ ထိခိုက်မှု
အနေနဲ.တော. မနက်ပိုင်းက ဆိုက်ကားသမားတစ်ဦးနဲ. လူတစ်ယောက် ခိုက်ရန်ဖြစ်ပွားမှု ကြောင်.ဆေးရုံရောက်လာခဲ့ပြီး
တစ်ဦးအနည်းငယ်ချုပ်ရပါတယ် ။ နောက်ဆိုင်ကယ်မှောက်တဲ့တစ်ယောက် မျက်နှာထိပြီးဆေးရုံရောက်တယ်လို.သိရပါတယ်
။ စိတ်ဝင်စားစရာတစ်ခုကတော. မနေ.က Skynet Up to Date News ကလာသွားတဲ့သတင်းတစ်ခုမှာ ဧရာဝတီတိုင်းမှ
ယာဉ်လိုင်းများ ယာဉ်စီးခပိုတောင်းပါက နှစ်ဆပြန်လျှော်ပြီးဒါဏ်ကြေးဆောင်ရမယ်ဆိုတဲ့ သတင်းပါ
သင်္ကြန်အကျနေ.
မြို.လေးရဲ.
မနက် အစောပိုင်းတွေကတော. ဒုလ္လဘ ရဟန်းတွေ တန်းဆွမ်းကြွနေကြတာတွေ.ရသလို
သံလျှက်စွန်းရိပ်သာက ရဟန်း အပါး ၅၀ ကလည်း မြို.ထဲကို ဆွမ်းဆန်စိမ်း အလှုခံ
ကြွတာကိုတွေ.ရပါတယ် ။
အရင် U-45
မဏ္ဍပ်နေရာကျောက်တိုင်ရှေ.မှာတော.ဒီနေ. ရွှေအိမ်စည် ဖျော်ဖြေရေး မဏ္ဍပ်ကိုတွေ.ရပြီး
မြို.လေးမှာတော. အစည်ကားဆုံးနေရာ တစ်ခုဖြစ်ခဲ့ပါတယ် ။ ဆေးရုံရှေ.လမ်းမှာ ရေပက်မဏ္ဍပ်
ငယ်တစ်ခုရှိပြီး ပတ္တမြား ကမ်းနားလမ်း ၊ မင်းပိုင်းကျောင်းရှေ. နဲ. မင်းပိုင်း ကမ်းနားလမ်း
တစ်လျှောက် မှာတော. စည်ကားစွာ ရေပက်ကစားကြတာကိုတွေ.ရပါတယ် ။
သံကြိုးတိုင်
ရွှေအိမ်စည်ရှေ. ကဖျော်ဖြေရေးစင်မြင့်ကလည်း သူ.ဘာသာတော. ထိုက်သင့်သလို
စည်ကားခဲ့ပါတယ် ။
မွန်းတည့်ချိန်လောက်ကစပြီး တစ်ဖြေးဖြေး အုံ.လာလိုက် ၊
နေပြန်ပွင့်လိုက်နဲ. ရာသီဥတုဟာ ၃နာ၇ီခန်.မှာတော. ရွာသွန်းခဲ့ပြီး
ရာသီဥတုဟာနေလို.ကောင်းတဲ့အထိအေးမြသွားခဲ့ပါတယ် ။
ညပိုင်းမှာတော. တံတားအောက်မှာ ရွှေဇင်မင်းမဏ္ဍပ်က ၀ါသနာရှင်များကို
သီဆိုခွင့်ပြုခဲ့သလို မုံရွာ ၃ လမ်းမှာလည်း ရပ်ကွက်မိသားစုများရဲ.ဖျော်ဖြေရေး
စင်မြင့်တစ်ခုရှိခဲ့တယ်လို.သိရပါတယ် ။
မြို.မှာ ပြန်လာတဲ့သူတွေရော ဧည့်သည်တွေပါ ရျိနေတာကြောင့် မုန်. (
ဥပမာ ကင်းပဲမုန်.ဆို ) အချို. ပြတ်သွားသလို သင်္ကြန်တွင်းလည်းဖြစ် - DEMAND
ကလည်းများတာမို. ဥပမာ အရင်ရက်က ၅၀၀/၆၀၀ လောက်ရှိတဲ့ ငါးခူက ၁၀၀၀
လောက်အထိတော.ဈေးဖြစ်သွားပါတယ် ။
ဒီနေ.မှာတော. ဆိုင်ကယ်နဲ.စက်ဘီးတိုက်တာ ၊ ဆိုင်ကယ်မှောက်တာ
တွေဖြစ်ခဲ့ပြီးစိုးရိမ်ရလောက်တာမျိုးအထိတော.မဖြစ်ခဲ့ပါဘူး
။ထူးခြားတာတစ်ခုကတော.ဒီနေ. အမျိုးသမီးငယ်တစ်ယောက်ရေပက်ခံရတာကနေ
ရေမွန်းလို.ဆေးရုံရောက်လာပေမယ့် ခဏပဲကုသမှုခံယူပြီးကောင်းမွန်သွားတယ်လို.သိရပါတယ်
။ ရန်ဖြစ်တာအချို.ရှိခဲ့ပေမယ့် ပြောရလောက်အောင်ထိမိခိုက်မိတော.
မရှိခဲ့ဖူးလို.သိရပါတယ် ။
သင်္ကြန်အကြတ်နေ.
![]() |
Photo by Ashin Javana |
မြို.လေးတွင်တော.
မုန်တိုင်းအရှိန်ကြောင့် မနက်ကပင် မိုးအုံ.နေခဲ့ပြီး မိုးစက်အနည်းငယ် ကျခဲ့ပြီး
ထိုကြားထဲမှပင် ရေပက်ကစားကြသူများ ဖျော်ဖြေရေးများ ရှိနေခဲ့ပါသည် ။
ကမ်းနားလမ်းတွင် သူငယ်ချင်းများစုပြီး ပက်သောရိုးရာ အုန်းလက်မဏ္ဍပ် ငယ်များ (
ကျောက်တိုင်ရှေ. မှ ရဲစခန်းရှေ.ထိ ကမ်းနားလမ်းတစ်လျှောက်ဆိုလျှင် )
၁၀ခုခန်.ရှိပြီး အချို.ဆိုလျှင် တူညီအကျီများဖြင့် ရေပက်ကစားခဲ့ကြောင်းသိရပါသည် ။
နေ.လည်ပိုင်းတွင်မူ
မိုးရွာသွန်းခဲ့ပြီး တစ်နေ.လုံးတွင်နေထွက်ချိန်မိနစ် အနည်းငယ်ခန်.သာရှိခဲ့ပြီး
ညနေပိုင်းတွင်လည်း မိုးစက်ငယ်များကျနေသည့်ကြားမှ ရေပက်ကစားခဲ့ကြကြောင်းသိရပြီး
ညဦးပိုင်းတွင်မူ မိုးဆက်လက်ရွာခဲ့သောကြောင့် ညပိုင်းဖျော်ဖြေရေး အစီအစဉ်များ
မရှိကြောင်းနှင့် အရှေ.ပိုင်းတံတားအောက်ရှိ လဘက်ရည်ဆိုင်တွင်သာ
တီးခတ်သီဆိုခဲ့ကြကြောင်းသိရပါသည် ။
နေ.လည်ပိုင်းကတံတားအောက်ဘက်တွင်
အုပ်စုလိုက်ရန်ပွဲတစ်ခုရှိခဲ့ပြီး ပြင်းထန်ဒါဏ်ရာမျိုးမရှိခဲ့ပဲ သက်ဆိုင်ရာမှ
ခေါ်ယူထိမ်းသိမ်းခဲ့ကြောင်းသိရပါသည် ။ ရဲတပ်ဖွဲ.၀င်များအနေဖြင့် သင်္ကြန်ကာလ
မြို.တွင်း ကင်းလှည်.ခြင်း ၊ ဖျော်ဖြေရေး စင်မြင့်များအနီး လုံခြုံရေးနှင့်
စည်းကမ်းထိမ်းသိမ်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းလည်းသိရပါသည် ။
ထို.အပြင် အများရေချိုး ၊ ရေကစားလေ့ရှိသည့် (ယခင်တရားရုံးဆိပ် ) ရေဆိပ်ကိုမူ
ယခုနှစ်ပိတ်မထားပဲ ရဲတပ်ဖွဲ.၀င်အချို.သာ စောင့်ကြည့်ပေးနေခဲ့ကြောင်းသိရပါသည်
ယခုနှစ်ထူးခြားမှု
အနေဖြင့် ဒုလ္လဘ ၀တ်ကြသူများအထူးများပြားပြီး အချို.ကျောင်းများဆိုလျှင် ဒုလ္လဘ
ရာဂဏန်းအထိလက်ခံထားရပြီး နောက်ထပ်ရောက်ရှိလာသော ဒုလ္လဘများလက်ခံရန် ၃ရက်ခန်.သာ
တာဝန်ယူပေးနိုင်သည်အထိ များပြားခဲ့ကြောင်းလည်း သိရပါသည် ။ဟံသာဝတီ ရိပ်သာကမူ
၁၁ရက်နေ.မှစ၍ တရားစခန်းဖွင့်လှစ်ခဲ့ပြီး သာသနာ.ရိပ်သာနှင့် သံလျှက်စွန်းတို.တွင်လည်း
တရားစခန်းဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်
သင်္ကြန်အတက်နေ.
![]() |
Photo by Theint Theint Aung |
မနက်ပိုင်းကပင်
မိုးအနည်းငယ်စီ စ ရွာသွန်းနေသော်လည်း ရေပက်ကစားသူအချို.ရှိနေခဲ့ပါသည် ။
နေလည်ပိုင်း နေခေတ္တပွင့်ချိန်တွင်လည်း ရေပက်နေသူတို.ရှိနေပြီး
ယနေ.တစ်နေ.လုံးနီးပါး မိုးရွာသွန်းနေခဲ့ကြောင်း သိရပါသည် ။
ညနေပိုင်းနေပွင့်ချိန်တွင် ရေပက်သူများ ၊
ရေပက်ခံထွက်သူများထိုက်သင့်သလောက်ရှိနေပြီး ကလေးအများစုက လမ်းလျှောက် ( သို.)
စက်ဘီးဖြင့်ရေပက်ခံထွက်ကြပြီး မိန်းကလေးပျို များနှင့် ယောက်င်္ကျားပျိုလေးများမှာ
ဆိုင်ကယ်ဖြင့်ရေပက်ခံထွက်သူများပါသည် ။ မိုးစက်များကြား နောက်ဆုံးနေ.မို. ကားဖြင့်
အဖွဲ.လိုက်ရေပက်ခံသူအချို.တွေ.ရပြီး တုတ်တူတ် နှင့်ရေပက်ခံထွက်သူများလည်း
ရှိသည်ဟုဆိုပါသည် ။လူလတ်ပိုင်းများ နှင့်အထက် သူငယ်ချင်းများကမူ
အိမ်တစ်အိမ်တွင်သာစု၍ ချက်ပြုတ်စားသောက်ခြင်းပိုများကြောင်းသိရပါသည် ။
ယနေ.တွင်
စာရေးကုန်းရပ်ကွက်ရန်အောင်မြင်
ကပ်ကာစေတီတော်မြတ်ကြီးနှင့်ရင်ပြင်တော်အားမဟာဗောဓိမြိုင်ကျောင်းတိုက်ပဓာန
ဆရာတော်၊သံဃာတော်၊သီလရှင်နှင့်
ယောဂီများစုပေါင်း၍ရေသပ္ပာယ်ကုသိုလ်ယူခဲ့ကြကြောင်းလည်း သိရပါသည် ။
ကပ်ကာစေတီတော်မြတ်ကြီးနှင့်ရင်ပြင်တော်အားမဟာဗောဓိမြိုင်ကျောင်းတိုက်ပဓာန
ဆရာတော်၊သံဃာတော်၊သီလရှင်နှင့်
ယောဂီများစုပေါင်း၍ရေသပ္ပာယ်ကုသိုလ်ယူခဲ့ကြကြောင်းလည်း သိရပါသည် ။
မနက်ဖြန်မနက်ပိုင်းတွင်
U-45 Group မှ ၀က်သာူးနှင့်ထမင်းစတုဒီသာကို ဘုရားကြီးအတွင်းပြုလုပ်မည်ဖြစ်ကြောင်းကြေညာထားပါသည်
။ မနက်ဖြန်ဘုရားကြီးရေသပ္ပါယ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲတွင်
မိုးများခဲ့လျှင် စည်ကားမှုနည်းနိုင်ပြီး မိုးအံ.ရုံသာဆိုလျှင်တော.
ပိုစည်ကားနိုင်မည်ဖြစ်ပါသည် ။
ယနေ.ညနေအစောပိုင်းက
မြသိန်းတန် ၃လမ်းထိပ်နားတွင် ဒါးခုတ်မှု တစ်ခုဖြစ်ကြောင်းနှင့်
အသက်အန္တရာယ်မထိခိုက်နိုင်လောက်ကြောင်းသိရပါသည်
သင်္ကြန်
အကြိုနေ.မှ အကြတ်နေ.အထိ မူးယစ်ရမ်းကား ၊ မုဒိမ်း ၊ ခါးပိုက်နှိုက် ၊ ယာဉ်တိုက် ၊
ခိုက်ရန်ဖြစ်ပွားမှု ၊ သေမှုသေခင်း အပါအ၀င်မြန်မာနိုင်ငံတွင်း အမှု ၁၄၇ မှု ၊
သေဆုံးသူ ၁၄ ဦး ၊ ဒါဏ်ရာရရှိသူ ၁၅၂ ရှိကြောင်းသိရပါသည် ။
ဓါတ်ပုံများကြည်.ရှု လိုပါလျှင်