ဝါးခယ်မမြို.လေး၏ အဖြစ်အပျက် ၊အကြောင်းအရာ ၊သမိုင်းများကို လေ.လာသိရှိနိုင်စေရန် ၊ ဂုဏ်ယူနိုင်စေရန် ရှာဖွေစုဆောင်း တင်ပြထားခြင်းဖြစ်ပြီး အခြား စိတ်ဝင်စားဖွယ် ၊ ဗဟုသုတ ရဖွယ်ရာများ ကိုဖတ်ရှုနိုင်ရန်အတွက်လည်းကောင်း ၊ဤ ဘလော.မှတစ်ဆင်. အခြားဘလော.များ သတင်းဋ္ဌာနများကို အလွယ်တကူသွားရောက်လေ.လာနိုင်ရန်အတွက်လည်းကောင်း တရားဝင် မြူနီစပယ် မြို.အဖြစ်ရပ်တည်ခွင်.ရသည်.မြို.လေး၏ ၁၀၆ နှစ်ပြည်.မွေးနေ. ဖြစ်သော၁-၁၀-၂၀၁၂ တွင်ဝါးခယ်မ ဘလော.ကို စတင်ဖွဲ.တည်ပြိး ၁၂ ရက် ၁၂ လ ၂၀၁၂ တွင် အပြီးသတ်လွှင်.တင်သည်
Wednesday, December 11, 2013
မိုးဟေကို မောင် ဖုန်းမြင်.ကျော် ကားတိုက်သေဆုံးမှု ရှင်းလင်းချက် နှင်. ကန်.ကွက်ခြင်း
သက်ဆိုင်သူ Facebook မှကူးယူတင်ပြသည့်သေဆုံးသူ ကျတော်.ညီ ဖုန်းမြင့်ကျော် အတွက် အမှန်တရားဖြစ်စေရန်
ထို ဓါတ်ပုံများကိုကြည့်ချင်းအားဖြင့် ကျတော်ညီမှ တခြားကားအားသွားတိုက်သည်လား အတိုက်ခံ၇သည်လား ဆိုသည်ကို လူတိုင်းသိနိုင်ပါသည်။ကျတော်ညီ၏အမှားတစ်ချက်မှာ ဗိုလ်ချုပ်လမ်းသို့ ဝင်ပီးနောက် အကြောင်းတစ်ခုကြောင့် လမ်း၇ှင်းနေသဖြင့် လူငယ်သဘာဝ အလွယ်ပြန်လှည့်မောင်းသဖြင့် လမ်းပြောင်းမှန်မောင်းသလိုဖြစ်သွားပြီး မီးပွိုင့်ဖြတ်ရာမှ အ၇ှိန်ဖြင့် မီးနီဖြတ်မောင်းလာသောကားမှ ဝင်ရောက်တိုက်ခြင်းဖြစ်ပါသည်။ထိုကားသည် အ၇ှိန်ပြင်းပြင်းဖြင့် ကိုဖုန်းကားအားတိုက်ပြီးနောက် ၄င်းအ၇ှိန်မထိန်းနိုင်ဘဲဆွဲချရာမှ ကားမှာက်ပြီးထိုကားပေါ်ပါလူနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပါသည်။သို့သော် တချို့ဂျာနယ်များနှင့် Post ရေးသားချက်များမှာ ကိုဖုန်းမှ သွားတိုက်သယောင်ရေးသားထားပါသည်။
အတိုက်ခံ၇သည့်ကားမှာ ပြိုင်ကားမဟုတ်ဘဲ Mark 2 ( Model 99 ) ဖြစ်ပြီး ပြိုင်ကားမှန်းမသိ ဇိမ်ခံကားမှန်းမသိဗဟုသုတပြည့်ဝစွာရေးသားထားပါသေးသည်။ကိုဖုန်းကားပေါ်ပါ နှစ်ဦးအားဖမ်းသွားသည်
ဟု ရေးသားထားပြီး အမှန်မှာ တစ်ဦးမှာ ဦးခေါင်းထိသွားသဖြင့်( မစိုးရိမ်ရ ) ဆေးရုံတင်လိုက်ရပြီး ကျန်တစ်ဦးမှာ ကိုဖုန်းဆေးရုံတက်စဉ်နှင့် ဈာပန အထိလိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။ကိုဖုန်းအား ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ဟုရေးသားထားပြီး အမှန်မှာ လမ်းပြောင်းပြန်မောင်းမှု ပုဒ်မတစ်ခုသာ အရေးယူထားပါသည်။ကိုဖုန်းသည် ၇မ်းကားနေသူတစ်ဦးမဟုတ်မှန်းသူနှင့်တွေ့
ဆုံဖူးသူတိုင်းသိကြပါသည်။ထိုကြောင့် သေချာစွာမစုံစမ်းဘဲ မိမိဂျာနယ်ရောင်းကောင်းရေး
တကိုယ်ကောင်းစိတ်ဓါတ်ဖြင့် လူစိတ်ဝင်စားစေ၇န်ထင်ရာကြားရာရေးသားထားပြီးကိုဖုန်းမှ ကားတိုက်မှု
ကျူးလွန်သယောင်ရေးသားချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီ တာဝန်ကင်းမဲ့စွာရေးသား
ထားသဖြင့် သေဆုံးသူ ကိုဖုန်းနှင့် မိသားစု ဂုဏ်သိပ်ကာထိခိုက်ညှိုးနွမ်းစေပါသည်။ ထို့ကြောင့်ထိုဂျာနယ်များ နှင့် Postေ၇းသားချက်များအားပြင်းထန်စွာကန့်ကွက်အပ်ပါသည်။
From ; ပြိုင်ကားချစ်သူများဆုံဆည်းရာ @ Facebook
အော်ကိုဖုန်းဘာလို့ဆုံးလဲခုမှဘဲသိတော့တယ် အရမ်းမရင်းနှီးပေမယ့် အားနေရမ်းကားတတ်တဲ့သူတစ်ယောက်မဟုတ်တာသေချာပါတယ ... R.i.p ကိုဖုန်း(DBD)
ReplyDelete