အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာသော Sport Age
အမျိုးအစားယာဉ်သည် ရန်ကုန်မှ မန္တလေး တောင်သာဘက်သို့အသွား မိုင်တိုင် ၂၉၁/၃
မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဘီးပေါက်ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း၊ ၎င်း
ဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင်းဂရိသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး
ဆိုတေးမှာ သတင်းပေးပို့ချိန် ညနေ ၆ နာရီခွဲထိ သတိပြန်လည်လာခြင်းမရှိဘဲ
ကျန်နှစ်ဦးမှာလည်း အတွင်းလူနာ
အဖြစ် မန္တလေးဆေးရုံကြီးတွင် ဆေးကုသဆဲဖြစ်ကြောင်း မန္တလေးဆေးရုံအသိုင်းအဝိုင်းအတွင်းမှ စုံစမ်းရရှိသည်။
ဆိုတေး၏
မိသားစုဝင်တစ်ဦးက “အန်တီတို့ ရန်ကုန်-နေပြည်တော်
အဝေးပြေးလမ်းမမှာရောက်နေပါတယ်။ ကားမှောက်တယ်ကြားတာကြောင့် သွားနေတာပါ။
ဘယ်ကို ဆက်သွယ်မေးမြန်းရမှန်းလဲမသိပါဘူး။ အန်တီကြား
တာကတော့
မိတ္ထီလာဆေးရုံကနေပြီး မန္တလေးဆေးရုံကိုတင်မယ်လို့ သိရပါတယ်။
အန်တီတို့ဆီဆက်သွယ်ချိန်က ၁၂ နာရီ ၁၅ မိနစ်လောက်ရှိမယ်ထင်ပါတယ်” ဟု
မဇ္ဈိမသို့ ဖြေကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍သီးကုန်းရဲတပ်ဖွဲ့အား
ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူက “ယာဉ်မှောက်တာက ၁၁ နာရီ ခွဲလောက်ကပါ။
၁၂ နာရီ ၁၅ မိနစ်လောက်မှာ မိတ္ထီလာဆေးရုံကြီးကို ဆိုတေး(ခ)ကိုအောင်သက်ပိုင်၊
ချောချော(ခ)မဝင်းဂရိသူ၊
ချောချောညီမ မစံပယ်မိုး၊ ယာဉ်မောင်းဖြစ်သူ ကိုသန်းဝင်းလှိုင်တို့တွေကလည်း
ဒဏ်ရာများနဲ့အတူ ရောက်ရှိသွားပါတယ်။ မချောချောကတော့ ၁၂ နာရီ
ဝန်းကျင်လောက်ကဆုံးသွားပါတယ်။ ဆိုတေး၊ မစံပယ်မွန်၊ ယာဉ်မောင်း
ကိုသန်းဝင်းလှိုင်တို့ကတော့ အတွင်းလူနာအဖြစ်နဲ့ ဆေးရုံတက်နေရပါတယ်”
ဟု ပြောကြားသည်။
အဆိုတော် ဂျင်းနီက “သတိကတော့ ခုချိန်ထိ မရသေးဘူး။ နှလုံးတော့ ခုန်နေဆဲပဲ။ ဦးခေါင်း၊ လည်ပင်းနဲ့
ခြေထောက်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားပါတယ်”ဟု ဖြေကြားခဲ့သည်။
ဆိုတေးက
ခုချိန်ထိ သတိတော့ မရသေးပါဘူး။ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်အထူးကုဌာနကို
ပို့ထားပါတယ်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက
မဇ္ဈိမသတင်းစာသို့ ဖြေကြားခဲ့သည်။
အဆိုတော်ဘန်နီဖြိုးကလည်း သူ၏ ဖေ့စ်ဘုတ်တွင် အတူရေးသားထားသည့် တေးသီချင်းများရှိကြောင်း၊
မြန်မြန်ပြန်သတိရပါတော့ဟု
ရေးသားဖော်ပြထားသလို လတ်တလောတွင် ယာဉ်ထိန်းရဲဝတ်စုံကိုဝတ်ဆင်ပြီး
မိုက်ကယ်ဂျက်ဆင်အကဖြင့် ရိုက်ကူးမှုကြောင့် သတိပေးရသည့် ကြော်ငြာတွင်
ပါဝင်ရိုက်ကူးထားသူ Bobby Soxer ကလည်း ဆိုတေး မြန်မြန်နေကောင်းဖို့
ဝိုင်းဝန်းဆုတောင်းပေးကြဖို့ တိုက်တွန်းထားကြသည်။
ဆိုတေးသည်
တောင်သာမြို့သို့ ပွဲ သီဆိုရန်သွားရောက်စဉ် ယင်းကဲ့သို့
ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ
ကိုသန်းဝင်းလှိုင်အား အမှုဖွင့် အရေးယူထားသည်။
သရုပ်ဆောင်နန္ဒက ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး...
“ကျွန်တော်မနေ့ကနေ့လည်၁နာရီခွဲလောက်က ဆိုတေးကို သတင်း သွားမေးဖြစ် ပါတယ်။
သူက ဦးခေါင်းကိုထိသွားတယ်။ ဦးခေါင်းချုပ်တာ အားလုံး ၄၁ချက်ချုပ်ရတယ်။
အဲ့ဒီရဲ့မေ့ဆေးအရှိန်နဲ့ နောက်ထပ်၁ရက် ၂ရက်လောက်တော့ သတိရဖို့ ကြာဦးမယ်။
သူ့မှာ အသိလေးတော့ ရှိပါတယ်။ သူ့ကိုအနီးကပ်ကြည့်ခဲ့တယ် ။အောက်ဆီဂျင်ပေးထား
တာတွေရှိ တယ်။ ဝမ်းသာစရာကောင်းတဲ့ တိုးတက်မှုကတော့ လူတစ်ယောက်မှာ ဦးနှောက်
အသိဥာဏ် က ၁၅ ရှိတယ်။ အခုသူက ဆေးရုံစရောက်လာ တဲ့အချိန်မှာ ၃.၅ပဲရှိတယ်။
မနေ့က ကျွန်တော်ရောက်တုန်းက ၄ ရှိတယ်။ ဒီနေ့မနက်မှာ ၅ ရှိလာပြီ။ ၇
ရောက်လာပြီဆိုရင်တော့ သူသတိရလာလိမ့်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။
ဆိုတေးနဲ့အတူ ကားအက်ဆီးဒင့်ဖြစ်စဉ်က ကွယ်လွန်သွားတဲ့ ဆို တေးရေးရဲ့ဇနီး
ဝင့်ကုဋေသူ(ခ)မချောချောဈာပနကို ယနေ့ ဇူလိုင်လ ၁၆ရက် နေ့ လည်တစ်နာရီတွင်
ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်ခဲ့သည်
ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)မချောချာက ဆိုတေးရဲ့ ဇနီး လား၊ ချစ်သူလားဆိုပြီး ဝိဝါဒကွဲပြားတာတွေ ရှိနေပေမဲ့ဆိုတေးရဲ့ အစ်ကိုဖြစ်သူ ကိုဇာနည်ရဲ့ ပြောပြချက်နဲ့အတူ ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ကြောင်းကို သရုပ်ဆောင် နန္ဒက“အပြင်က သတင်းတွေက ဒီကောင်မလေးက ဆိုတေးနဲ့ တရားဝင် မယူရသေးဘူးလို့ ကြားတာတွေနဲ့ ပြောကြတဲ့ အပေါ်မှာ ကောင်မလေးရဲ့ မိဘတွေက ပြန်ကြားတော့ သူတို့သမီးလေးရဲ့ ဆုံးသွားတဲ့အတိုင်းအတာမှာ သူ့နောက်ဆုံးခရီးတောင် ဖြောင့်ဖြောင့်သွားစေချင်တယ်။ ဆိုတေးတို့ဘက်က လည်း ဆိုတေးတို့ အသိုင်းအဝိုင်း ဆိုတေးတို့ အစ်ကိုတွေ၊မိဘတွေက ဒီကိစ္စ ကို ပြောတာမဟုတ်ဘူး။ ဆိုတေးအစ်ကို ဇာနည်ကိုယ်တိုင်က ကျွန်တော့်ကို ပြောပြီး အကူအညီတောင်းတယ်။ သူလည်း ဆေးရုံထဲမှာရောက်နေတဲ့ အတွက် ဒါလေးတော့ အားလုံးသိအောင် ကြေညာပေးပါ။ သူကိုယ်တိုင်ပြော တာပါ။ အခု သေဆုံးသွား တဲ့ကောင်မလေးက ဆိုတေးရဲ့ တရားဝင်ဇနီးဖြစ် ပါတယ်ဆိုတာကို အားလုံး သိအောင် ပြောပေးစေချင်တာပါ”လို့ ပြောပါ တယ်။
ဆိုတေးနဲ့ ဝင့်ကုဋေသူ (ခ)ချောချောတို့က ၂ဝ၁၂ခုနှစ်၊ အောက်တို ဘာ ၁၆ရက်နေ့၊
ညနေ၄နာရီတွင် သထုံမြို့ အမှတ်(၁)၊ သီဟဓန လျှပ်စစ် ပစ္စည်းဆိုင်နေအိမ်မှာ
ဘားအံမြို့က တရား သူကြီးရှေ့မှောက်တွင် နှစ်ဖက် မိဘအစုံနဲ့
တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်းဆက်လက်ထွက်ပေါ်လာသော သတင်းများတွင်
သေဆုံးသွားသော မချောချော နှင်. ပတ်သက်၍ မြန်မာ.အလင်း သတင်းစာ တွင် အဆိုတော် ဆိုတေး၏ ဇနီးဟူ၍ နာရေးကြော်ငြာ ပါဝင်လာခဲ့သော်လည်း မထင်မရှား နေရာတွင် ကော်လံအကျဉ်းဖြင်.သာ ဖော်ပြခဲ့ခြင်း ဖြစ်သလို ချောချော၏ မိသားစု ဘက်မှသာ ထည်.သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်.။
ထိုဖြစ်စဉ်နှင်. တစ်ဆက်တည်းတွင်
ကားအက်ဆီဒင့်
ဖြစ်မှုကြောင့် မန္တလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေရသော တေးသံရှင် ဆိုတေး၏
အခြေအနေမှာ မသက်သာပါက ထိုင်းနိုင်ငံရှိ ဆေးရုံ၌ ဆေးကုသမှု ခံယူနိုင်ရေး
အတွက် ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန်ယူကု သပေးသွား
မည်ဖြစ်ကြောင်း ပြောသည် ဟူသော သတင်းတစ်ရပ်ကလည်း ထွက်ပေါ်လာခဲ့သည်
No comments:
Post a Comment