Finishing
တကယ်က ပွင်.လွှာတစ်ရွက်
ဇီဝိန်သက်သွားတာပါ
လေပြေ
တာဝန်ကျေရုံလေးတောင်မှ
ဘ၀တစ်ခုလွင်.မျော
အပြစ်တော. မပြောတော.ပါဘူး
စေတနာဆိုတာလည်း
တစ်ခါတစ်ခါတော. သေရာပါစေတတ်တဲ.ကွယ်.
ကောင်းကင်ရေ
နှင်းတို.ကိုရွာချပါ
ပွင်.လွှာရဲ.ဈာပန
ဖုန်ထမှာစိုးလို.ပါ
ပရိသတ်တွေ
မလာပါနဲ.
အငိုရခက်လို.ပါ
ကြေးစည်သံ ခပ်ညံညံလေးလုပ်ပါ
ရင်ဖွင်.အော်ဟစ်ခွင်.အတွက်
သွေးစက်စက်ကျပါရစေ
ငါ.ဇီဝိန်
ဒိတစ်ကြိမ် ထပ်သေပေးပါအုံး
ငါ အဆုံးသတ်ချင်လို.ပါ
No comments:
Post a Comment