Thursday, March 30, 2017

ဦးအောင်ခမ်းထီ ( သို.) ဗိုလ်မှုးကြီးအောင်ခမ်းထီ အကြောင်းတစ်စေ့တစ်စောင်း

PNO ဥက္ကဋ္ဌ၊ ယခု နာယက ဖြားတန် ဗိုလ်မှူးကြီးအောင်ခမ်းထီ၏ အတ္ထုပ္ပတ္တိအကျဉ်း




ဗိုလ်မှူးကြီးအောင်ခမ်းထီသည် ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာအုပ်စု၊ ထီလုံရွာနေ ပအိုဝ်းပိန္တောဆေးဆရာ ဂျန်ဖာစာရိန္တနှင့် ဂျန်မွိုးလဲုင်းတို့မှ ဖွားမြင်သည့် သားသ္မီး(၁၁)ဦးအနက် ဒုတိယအငယ်ဆုံးသား ဖြစ်သည်။ အောင်ခမ်းထီ၏ ငယ်မည်မှာ ခွန်ကီး ဖြစ်သည်။ အောင်ခမ်းထီသည် (?)ခုနှစ်တွင် နန်းဖျူးနှင့် အိမ်ထောင်ကျ၍ သားသ္မီး(၆)ဦးထွန်းကားပြီး ၎င်းတို့မှာ နန်းလုံခမ်၊ ခွန်စိန်မင်း၊ ခွန်အောင်းကျေား၊ အောင်းခမ်း၊ နန်းခံရွဉ်၊ ခွန်အောင်းခမ်းကွို တို့ဖြစ်သည်။အောင်ခမ်းထီ (ခ) ခွန်ကီးသည် အသက်(၉)နှစ်ရသောအခါ မိဘနှစ်ပါးက ကျောက်တလုံးရှိ နောင်ဆိုင်ကျောင်းထိုင်ဆရာတော် ဦးကေသာရထံ ပညာသင်ယူစေခဲ့သည်။ ၎င်း၏ အသက် (၁၀)နှစ်ရသောအခါ ဆရာတော် ဥပဇ္ဈာယ်ပြု၍ ရှင်ဂန္ဓမာ ဘွဲ့မည်ဖြင့် ရှင်ပြုခဲ့သည်။ ၁၃၀၉ တွင် ရှင်ဂန္ဓမာသည် အင်းလေးကန်ရှိ အင်းပေါခုံရွာကြီး၌ ဖွင့်လှစ်ထားသော အထက်တန်းကျောင်းသည် ပညာဆက်လက်သင်ကြားခဲ့သည်။ ထိုကျောင်းသည် နေ့ခင်းပိုင်းအချိန်တွင် လောကုတ္တရားဖြစ်သည့် သဒ္ဒါ၊ သဂြိုဟ် သင်ယူပြီး ညနေပိုင်းအချိန်တွင် လောကီပညာဖြစ်သော သင်္ချာ၊ အင်္ဂလိပ်စာကို ဆရာဦးဘိုရွှေနှင့် ဆရာဦးလှဖေတို့ထံ သင်ယူခဲ့သည်။

၁၉၅၀ တွင် ရှင်ဂန္ဓမာသည် မန္တလေးမြို့၌ မဟာနန္ဒိသေနာရာမတိုက်တွင် ပညာဆက်လက်သင်ယူပြီး ထိုမှတဆင့် ရန်ကုန်မြို့၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၃ တွင် အင်လေးကန် ကျွဲတူးကျောင်းထိုင်ဆရာတော် ဦးဂုဏထံ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၅ တွင် ရှင်ဂန္ဒမာ၏ မိဘနှစ်ပါးမှ ပစ္စေလေးပါးခံယူပြီး နောင်ဆိုင်ကျောင်း သိမ်တော်၌ နောင်ခဲုင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာထံ ဥပဇ္ဈာယ်ပြုပြီး အရှင်ကုသလ ဘွဲ့တော်ဖြင့် ရဟန်ဘ၀သို့ တက်ခဲ့သည်။၁၉၅၈-၅၉ တွင် ရှင်ကုသလသည် သံဃာတော် (၉)ပါးနှင့် ကျောင်းသား (၁၆)ဦးကို ဦးဆောင်ပြီး အရှေ့တောင်တန်း ပအိုဝ်းကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ရည်ရွယ်ချက် (၈)ချက်နှင့် လုပ်ငန်းစဉ် (၅)ချက်ဖြင့် လှုပ်ရှားခဲ့သည်။ ထိုကာလတွင် ဖြားဗွာလှဖေနှင့် ဗိုလ်ချန်ဇုံ ခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) [Pa-Oh National Liberation Army –PNLA] ၏ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေးလမ်းစဉ်ဖြင့် အလင်းစ၀င်သည့် ကာလဖြစ်သည်။ ၁၉၆၃ တွင် လင်းခေးမြို့နယ်ရှိ ပအိုဝ်းကျေးရွာများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ဟောပြောစည်းရုံးပြီး ဂျန်းဆန်းကောင် ရေဦးဘုန်းကြီးကျောင်းတွင် (၂)နှစ်သီတင်းသုံးပြီး ကလေးများကို အင်္ဂလိပ်စာ သင်ကြားပို့ချပေးခဲ့သည်။

၁၉၆၆ တွင် သံလွင်မြစ်အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ သွားရောက်ပြီး ပအိုဝ်းလူငယ်များအား ပအိုဝ်းစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချပေးခဲ့သည်။ ထိုနှစ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တော်လှန်ရေးဆင်နွဲခဲ့သည့်နှစ် ဖြစ်သည်။ထိုနောက် နယ်စပ်ဒေသမှတဆင့် ချင်းမိုင်ခရိုင်၊ မွိုင်ဖန်မြို့ရှိ ၀ပ်ကျောင်အောက် ဆရာတော် ဦးစိဏ္ဏထံ ပညာသင်ယူခဲ့သည်။ ၁၉၆ရ တွင် နယ်စပ်တွင် အမျိုးသားရေးအတွက် လှုပ်ရှားနေသည့် အရှင်ကုသလကို ဗိုလ်ချုပ်စံသိန်း ကြားသိသောအခါ ကျောက်တလုံးကြီးသို့ ပြန်ပင့်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအလဖ အမည်မှ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) [Shan State Nationalities Liberation Organization- SSNLO] အမည်သို့ ပြောင်းဖွဲ့ခဲ့သည်။ ၁၉၆၈ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ကျောက်တလုံး ဘုရားတောင်၏ ဇရပ်တွင် သံဃာ (၂၃၉)ပါးတက်ရောက်သည့် ပအိုဝ်းစာပေညီလာခံကို အရှင်ကုသလက ဦးဆောင်ကျင်းပခဲ့သည်။ ထိုနှစ်အောက်တိုဘာလ ဒုတိယပတ်တွင် မောက်မယ်မြို့နယ် ပင်ကဲုင်းရွာ၌ ရလလဖနှင့် Shan United Revolutionary Army (SURA) ဖြစ်ပွားသည့်တိုက်ပွဲ၌ ဗိုလ်ချုပ်စံသိန်း ကျဆုံးသွားခဲ့သည်။



၁၉၇၁ တွင် သက်တော် (၃၅)ရသည့် အရှင်ကုသလသည် လူဝတ်လဲ၍ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ၀င်ရောက်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်လုပ်ခဲ့သည်။ ၁၉၇၂ တွင် မန္တလေးထောင်၌ ထိန်းသိမ်းခံရသော ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားဗွာလှဖေနှင့် ဦးကျော်စိန်တို့က ပြန်လွတ်မြောက်လာပြီး တောပြန်ခိုခဲ့သည်။ ၁၉၇၃ တွင် အင်အား ၁၅၀၀ ကျော်သာရှိသော ရလလဖ သည် ဖြားဗွာခေါ် သထုံဦးလှဖေ ဦးဆောင်သည့် အမျိုးသားရေးအဖွဲ့နှင့် တာကလယ်ဦးဆောင်သည့် လက်ဝဲအင်းအားစုအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၇၄ ဇန်န၀ါရီလ (၁၂)ရက်နှင့် (၁၃)နေ့တွင် ကျင်းပပြုလုပ်သော သဘာပတိအစည်းအဝေး၌ အမျိုးသားရေးကို ဦးတည်ရေးအဖွဲ့က ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State National Liberation Front- SSNLF] အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ထိုအဖွဲ့သည် ဖြားဗွာဦးလှဖေက ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီးအောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ဦးကျော်စိန်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၇၅ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဥက္ကဋ္ဌ ဖြားဗွာလှဖေသည် တောင်ကြီးမြို့နယ် ပန်တွန်းရွာ၌ ၀မ်းရောဂါဖြင့် သေဆုံးခဲ့သည်။

၁၉၇၅ နိုဝင်ဘာလ (၂၂)ရက်နှင့် (၃၀)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်လတ်ရွာ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုအစည်းအဝေးမှ ဦးကျော်စိန်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး အောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညိုက တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။၁၉၇၅ သြဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအိုဝ်းအဖွဲ့အစည်း အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတစ်ရပ် ပြန်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဦးကျော်စိန်၊ အောင်ခမ်းထီ၊ ဦးနုတပ်မှ ခွဲထွက်လာသည့် အောက်ပြည်ပအိုဝ်း PNLA အဖွဲ့မှ ခွန်ရဲနောင် တို့ ပါဝင်ခဲ့ကြသည်။ ထိုနောက် ၁၉၇၆ ဇန်န၀ါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင် ကန့်ကွက်သူမရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် [Pa-Oh National Organization- PNO] ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုညီလာခံတွင် ဦးကျော်စိန်- ဥက္ကဋ္ဌ၊ အောင်ခမ်းနှင့် ခွန်ရဲနောင်- ဒုဥက္ကဋ္ဌ၊ အောင်ခမ်းထီ အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညို- တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့သည်။၁၉၇၇ တွင် ခွန်ရဲနောင် ဦးဆောင်သည့် လူအင်အား (၆၀) ရှိသည့် PNLA အောက်ပြည်ပအိုဝ်းတပ်ဖွဲ့မှ ဆီဆိုင်အမှတ်(၉၄)ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။ ထိုကြောင့် ၁၉၈၀ တွင် PNO ဥက္ကဋ္ဌ ဦးကျော်စိန်သည် နုတ်ထွက်စာတင်ပြီး အလင်းဝင်ခဲ့သည်။

ထိုနောက် ၁၉၇၇ တွင် ကျောင်ထို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အောင်ခမ်းထီ- ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဂျန်ဖာချိန်နှင့် အောင်ခမ်း- ဒု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခင်ကျော်ညို- အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခွန်ဝိဇာ- တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပြန်လည်တင်မြောက်ခဲ့သည်။ ၁၉၇၈ မတ်လ (၃)ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့နယ် နောင်ယာသဲုင်ကွင်းတွင် PNO ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Nationalities Democratic Front (NDF) သို့ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၉၁ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO/PNA တပ်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)နှင့် အပစ်အခတ်ရပ်စဲရေး စသည့် ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။ န၀တ စစ်အစိုးရက ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည် PNO အဖွဲ့ကို အထူးဒေသ(၆)ဖြင့် အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးခဲ့သည်။၁၉၉၃ တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီလာခံကို ဗိုလ်မှူးကြီး အောင်ခမ်းထီက ဧည်သည်အဖြစ် တက်ရောက်လေ့လာခွင့်ရခဲ့သည်။

၂၀၀၇ တွင် ညောင်နှစ်ပင်မှ ကျင်းပသည့် အမျိုးသားညီလာခံကို ပအိုဝ်းအမျိုးသားကိုယ်စားတက်ရောက်သူများအနက် အောင်ခမ်းထီးလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ၂၀၁၀ တွင် PNO ဥက္ကဋ္ဌမှ နယကအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ၂၀၁၂ မတ်လ (၁၀)ရက်နေ့တွင် အောင်ခမ်းထီသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တောင်ကြီးမြို့တွင် တွေ့ရှိပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသအတွက် ဖွံ့ဖြိုးရေးအကြောင်းကို တင်ပြဆွေးနွေးခဲ့သည်။ န၀တ စစ်အစိုးရနှင့် PNO တို့ ငြိမ်းချမ်းရေးသဘောတူပြီး နောက်ပိုင်းတွင် PNO သည် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းကို အဓိကလုပ်ဆောင်လာလေသည်။ PNO သည် အောင်ခမ်းထီ၏ ဦးဆောင်မှုကာလတွင် အောင်ပါလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခဲ့သည်။



(၁) ပညာရေးကဏ္ဍတွင်အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်းအခြေခံပညာအလယ်တန်းကျောင်း (၁၉) ကျောင်းအခြေခံမူလတန်းကျောင်း (၃၇) ကျောင်း ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။
(၂) ကျန်းမာရေးကဏ္ဍတွင်တိုက်နယ်ဆေးရုံ (၆)ခုကျေးလက်ကျန်းမာရေးဌာန (၇)ခု ကို အဆောက်အဦးနှင့်တကွ ဖွင့်လှစ်နိုင်ခဲ့သည်။
(၃) လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်တောင်ကြီးမြို့-ကျောက်တလုံး- မွေတော်ကက္ကူ၏ ကတ္တရာလမ်း (၃၂)မိုင်နောင်တရား- ကျောက်တလုံး၏ ကျောက်ချောလမ်း (၃၆)မိုင် (၄)ဖာလုံကျောက်တလုံး- နမ်းပန်၏ ကျောက်ချောလမ်း (၆) မိုင်တောင်ကြီး- စလဲ - ပန်ကွဲ၏ ကျောက်ချောလမ်း (၂၁) မိုင် စသည်ဖြင့် ဖောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။၂၀၁၂ တွင် ကျောက်တောင်- ကျောက်တလုံး-နောင်ယာဆိုင်- ဆိုင်ခေါဝ်-ဟိုနမ်း-မောက်မယ်၏ (၈၈)မိုင်ရှိ ကားလမ်းဖောက်လုပ်ရန် စီစဉ်ထားသည်။
(၄) ဘာသာရေး ကဏ္ဍတွင်၁၉၉၂ တွင် နိုင်ငံတော် စစ်အစိုးရထံမှ ဗုဒ္ဓပိဋကတ် (၃)ဘုံကို အစိုးရထံမှ ပင့်ဆောင်ခွင့်ရခဲ့သည်။၁၉၉၄ တွင် ရန်ကန်မြို့၌ ရွှေတိဂုံစေတီ တောင်ရင်းရှိ ဗဟန်းတွင် ပအိုဝ်းအမျိုးသားဓမ္မရုံကို တည်ဆောက်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။၂၀၀၁ တွင် ကက္ကူမွေတော်ဘုရား ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး စေတီပုထိုးများကို ပြုပြင်ခဲ့သည်။၂၀၀၁ ဒီဇင်ဘာလတွင် ဗုဒ္ဓမြတ်သရီရဓါတ်တော်ကို သီရိလင်္ကာနိုင်ငံမှ သွားရောက်ပင့်ယူပြီး မွေတော်ကက္ကူစေတီတွင် ပူဇော်ခဲ့သည်။၂၀၀၂ မေလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်၌ တန်ပေါင်း (၃၀၀၀)ရှိသော မဟာကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်သို့ လွဲအပ်လှူဒါန်းခဲ့သည်။၂၀၀၃ တွင် သီရိလင်္ကာနိုင်ငံမှတဆင့် ဗုဒ္ဓမြတ်စွယ်တော်ပွားကို ပအိုဝ်းဒေသသို့ ပင့်ယူလာပြီး ပူဇော်ခဲ့သည်။
(၅) စိုက်ပျိုးရေး ကဏ္ဍတွင် ပတ္ထမြားနဂါး ကုမ္ပဏီအနေဖြင့်တိုက်ကြီးမြို့နယ် ဖလုံကျေးရွာတွင် ဆိုးဆေး ဧက (၅၀)၊ နာနတ်-သရက် ဧက (၁၀၀)၊ ကျွဲကော်-သံပုရာ ဧက (၁၀၀)မှော်ဘီမြို့နယ်တွင် ဆိုးဆေး(၃)ဧကရန်ကုန်ငွေနံသာမြို့သစ် ငွေနံသာခြံတွင် ဆိုးဆေး (၇.၂)ဧကဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ဆိုက်ခေါဝ်စိုက်ပျိုးရေးစခန်းအဖြစ် မြေရိုင်းဧက (၅၀၀၀)ကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောက်စီ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် ၂၀၀၁ မှ ၂၀၃၁ ထိ နှစ်ပေါင်း (၃၀) စိုက်ပျိုးလုပ်ကိုင်ခွင့်ရခဲ့သည်။ ၎င်းကို ဘက်စုံသီးနှံစိုက်ပျိုးရေးအတွက် ဧကပေါင်း ကို နှစ်ရှည်ပင်၊ စပါးနှင့် သီးထပ်သီးနှပ်များကို စိုက်ပျိုးခဲ့သည်။၂၀၀၀ သြဂုတ်လမှ စ၍ ညောင်ရွှေမြို့နယ် နန်းသဲကျေးရွာအုပ်စုတွင် နန်းသဲစိုက်ပျိုးကွင်းအဖြစ် ရာသီသီးနှံနှင့် သစ်ခွပန်းများစိုက်ပျိုးလျက်ရှိသည်။ အခြားနေရာ စီးပွားရေးလုပ်ငန်းများအဖြစ် တိလောတွင် (၁၀၆)ဧက၊ တောင်ခြေတွင် (၁၀၄၀)ဧက၊ ကျောက်တိုင်တွင် (၃၀၁၆)ဧက၊ တိလော(၁)တွင် လျှောက်ထားဆဲ (၂၀၀)ဧက စုစုပေါင်း (၅၃၀၆) ဧကရှိသည်။



ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းကို ပတ္ထမြားနဂါးကုမ္ပဏီအနေဖြင့်(၁) မိုင်းရှူးရတနာမြေတွင်၁၉၉၆-၂၀၀၃ ထိ ဆိုင်းလျံလုပ်ကွက် ကျောက်မျက်ရိုင်း ပိဿာချိန်(၄၄၁၈.၇၃) တူးဖော်ရရှိခဲ့သည်။၂၀၀၀-၂၀၀၄ ထိလွိုင်ဆောင်ထောက်လုပ်ကွက်တွင် နိုင်ငံတော်နှင့်အကျိုးတူ(၁)တွင် လုပ်ကွက်ဧရိယာ (၅.၂၈)ဧကရှိပြီး (၄)နှစ်အတွက်း ကျောက်မျက် (၁၃၀၇.၆) ကီလိုဂရမ်ထွက်ရှိခဲ့သည်။(၂) မိုးကုတ်ရတနာမြေတွင်၂၀၀၁ ဖေဖော်ဝါရီလတွင် စတင်လုပ်ကိုင်ပြီး ဧရိယာအကျယ်အ၀န်းအနေဖြင့် (၂၀)ဧက လုပ်ပိုင်ခွင့်ရခဲ့သည်။ တူးဖော်ရသည့် ပတ္တမြား (၈၆၃၀၀)ဂရမ်ကို အခွန် (၃၆၆၅၀၀၀) ပေးဆောင်ရသည်။(၃) ဖားကန့်ရတနာမြေတွင်၁၉၉၆-၂၀၀၄ ထိ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်မှုဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပေါင်း (၁၅၂)ကွက်၊ (၁၅၂)ဧကရှိပြီး (၁၀)နှစ်ကာလအတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းအလေးချိန် စုစုပေါင်း (၁၁၂၅၂၉၈) ကီလို ရရှိခဲ့သည်။

၂၀၀၀ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် နမ့်မှော်(လုံးစွပ်)လုပ်ကွက်အမှတ် (၁၀၉)မှ တန် (၃၀၀၀) ကျောက်စိမ်းတုန်းကြီးကို တူးဖော်ရရှိခဲ့သည်။ ၎င်းကို ၂၀၀၂ မေလ (၂၆)ရက်နေ့တွင် PNO ဥက္ကဋ္ဌ အောင်ခမ်းထီက နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့သည်။ ရွှေတူးဖော်ရေးလုပ်ငန်းကိုRuby Dragon Jade Co.,Ltd အနေဖြင့် ၀န်ကြီးဌာန သတလ(၂)ကို ၃၅း၆၅ ဖြင့် တရားဝင် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး ကျပ်သိန်းပေါင်း (၃၆၀၂၃)ဖြင့် ရင်းနှီးမြုနှံခဲ့သည်။ ၁၉၉၆-၂၀၀၄ ထိ လုပ်ကိုင်ပြီး ရွှေပိဿာချိန် (၂၃၃.၉၅)ရရှိ၍ ကျပ်သိန်း (၂၉၆၃၆)ဖြင့် ရောင်းရသည်။ဟိုပုံးမြို့နယ် လိုင်ဟာဖြားနှင့် ထီချောတောင်တွင် ခနောက်စိမ်း တူးဖော်လျက်ရှိသည်။ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းRuby Jade Hotel ကို မြစ်ကြီးနားခရိုင်၊ ဖားကန့်မြို့နယ်၊ ယူမားကျေးရွာတွင် တည်ဆောက်ပြီး ကျပ်သိန်းပေါင်း (၂၇၇၂)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၄ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။

Jade Marina Resort Hotel ကို ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီရွှေဝါချိုင့်တွင် တည်ဆောက်ပြီး ကျပ်သိန်း (၂၀၀၀၀)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၅ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။အင်းလေးကန်တွင် ရွှေကျွန်းမျှောဟိုတယ်ကို နမ်းပန်နှင့် သလဲဦးတွင် (၂)နေရာ ဖွင့်လှစ်ထားသည်။စက်ရုံလုပ်ငန်းများမန္တလေးမြို့တွင် ကျောက်စိမ်းအချောထည်စက်ရုံ၊ ဧကရီ ရွှေပန်းတိမ်လုပ်ငန်းစက်ရုံ၊ တီကျစ် နဂါးဘိလပ်မြေစက်ရုံ၊ ကလောတွင် ၀ိုင်စက်ရုံ၊ သကြားစက်ရုံ လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သည်။အခြားစီးပွားရေးလုပ်ငန်းများRuby Dragon Construction Co.,Ltd သည် အခြားစီးပွားရေးလုပ်ငန်းများအဖြစ် အဆောက်အုံများ ဆောက်လုပ်ရန် စီမံကိန်းရေးဆွဲ လျက်ရှိလျက်ရှိရာ ဗိုလ်တစ်ထောင်မြို့နယ် ဗဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်း သံလျက်စွန်းနေရာတွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်။ ဖားကန့်တွင် Ruby Jade Hotel၊ ငပလီရွှေဝါချိုင့်တွင် Jade Marina Resort Hotel၊ တီကျစ်တွင် ဘိလပ်မြေစက်ရုံ စသည့်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

#ကျမ်းကိုး
၁။ ပြည်​​ထောင်စုထဲက ပအိုဝ်
၂။ ဟ၀်သေထွိုက်ငါ; အာ;ဇာနည်းခေါင်ဆောင်တန်သီး သမဲင်တဖူရဲဉ်;
၃။ မြန်မာ့အလင်း နေ့စဉ်သတင်းစာ- ၂၀၁၂ မတ်လ (၁၂)ရက်နေ့၊ တနင်္ဂနွေနေ့)
ပြန်လည်ပြင်ဆင်ဖြည့်စွက်ခြင်

#တက္ကသိုလ် ခွန်Rကာ

From လူငယ်များနှင့် ဖတ်စာ @ Facebook

ဦးအံ့ကျော် ကြက်တောင်ရုံ နှင့် အားကစားခန်းမ

ဦးအံ့ကျော် ကြက်တောင်ရုံ ဖွင့်ပွဲ

၂၀၁၇ မတ်လ ၂၅ ရက်နေ.မနက် ၁၀နာရီအချိန်က ၀ါးခယ်မမြို. အနောက်ပိုင်း မြူရုံးလမ်း ရှိ ဦးအံ့ကျော် ကြက်တောင် နှင့် Gym အားကစားခန်းမ ဖွင့်လှစ်ပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည် ။
ဖွင့်ပွဲအခမ်းအနားကို အစီအစဉ် ၂ ပိုင်းခွဲကျင်းပခဲ့ပြီး ပထမပိုင်းတွင် အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်း ၊ တက်ရောက်လာသော ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နေရာယူခြင်း ၊ ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း မှစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခြင်း ၊ ဆိုင်းဘုတ်အား အမွှေးနံ.သာရည်များပက်ဖျမ်းခြင်း ၊ ပထမပိုင်း အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်း တို.ဖြင့် ကျင်းပခဲ့ပါသည် ။

အခမ်းအနားဒုတိယပိုင်းကို ကြက်တောင်ရုံအတွင်းကျင်းပခဲ့ပြီး ဒုတိယပိုင်း အခမ်းအနားစတင်ကြောင်းကြေညာခြင်း ၊ ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း မှ ဂုဏ်ပြု အဖွင့်စကားပြောကြားခြင်း ၊ အလှုရှင်မိသားစု ကိုယ်စား ဦးအောင်မင်း ( AMPS Construction ) မှ လှုဒါန်းခဲ့ရမှုများအကြောင်း ရှင်းလင်းပြောကြားခြင်း ၊ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး မှ ဂုဏ်ပြု အမှာစကားပြောကြားခြင်း ၊ တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်မှ တည်ဆောက်ခဲ့ရမြှ အခြေအနေ ၊ အချက်အလက်များ ရှင်းလင်းတင်ပြခြင်း ၊ ဖွင့်ပွဲ အထိမ်းအမှတ် အလံများကို တိုင်းဒေသကြီး တရားသူကြီးချုပ် ၊၀ါးခယ်မမြို.နယ်အသင်း ဥက္ကဋ္ဌ နှင့် မြို.နယ် ထွေ/အုပ် ဦးစီးမှုးတို.ထံ ကျင်းပရေးဥက္ကဋ္ဌ မှ ပေးအပ်ခြင်း ၊ အခမ်းအနားပြီးဆုံးကြောင်းကြေညာခြင်းတို.ဖြင့် ကျင်းပခဲ့ပါသည် ။

ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ပြောကြားသော ဂုဏ်ပြုအဖွင့်စကားတွင် ၀ါးခယ်မမြို.နယ်အသင်း ၏လုပ်ဆောင်မှုများအား ချီးကျုးပြောကြားခဲ့ပြီး ဦးအံ့ကျော်၏ စွမ်းဆောင်ခဲ့မှုများအား ဂုဏ်ပြုပြောကြားခဲ့ပါသည် ။ အလှုရှင်မိသားစု ကိုယ်စား ဦးအောင်မင်း မှပြောကြားခဲ့ရာတွင် အကိုဖြစ်သူ ဒုတိယဗိုလ်မှုးကြီး အံ့ကျော်၏ အ့ကျော်ကုန်းအမည်တွင်သည်အထိ တပ်မတော်အတွင်းစွမ်းဆောင်ခဲ့မှုများ ၊ အိုးအိမ်ညွန်ချုပ်ဘ၀တွင် စက်မှု ဇုံနှင့် မြို.သစ်များတည်ဆောက်နိုင်ရေး ကိုယ်တိုင်တာဝန်ခံချေးငွေဖြင့် တည်ဆောက်လုပ်ကိုင်ခဲ့မှုများနှင့် မြို.အပေါ် စေတနာအပြည့်ဆောင်ရွက်မှုများ အကြောင်းဆို.နင့်စွာ ရှင်းလင်းပြောကြားခဲ့ပါသည် ။ ၀ါးခယ်မမြို.နယ် အသင်း ဥက္ကဋ္ဌ မှ ပြောကြားရာတွင် မြို.နယ်အသင်း အစဉ်အဆက် ဥက္ကဋ္ဌ များ၏ ဆဆာင်ရွက်ခဲ့မှုများ ၊ ၀ါးခယ်မမြို.နယ် အတွင်းကြက်တောင်အားကစားသမိုင်းကြောင်း ၊ ကျေးဇူးတင်ထိုက်သူများအကြောင်းတို.ကိုပြောကြားရင်း ကိုယ်တိုင်ကျော်ကြားမှုကို မလိုလာားခဲ့သော ဦးအံ့ကျော်၏ ဤ တစ်ခုတည်းသော အမည်တပ် အားကစားရုံအတွက် ဆို.နင့်စွာတိုင်တည်ဂုဏ်ပြုခဲ့ပါသည် ။ တည်ဆောက်ရေးဥက္ကဋ္ဌ မှပြောကြားခဲ့ရာတွင် မြေနေရာ လျှောက်ထားခြင်းမှ စ၍ အဆောက်အဦးပေါ်ပေါက်လာရေး အဆင့်ဆင့် ကြိုးစားခဲ့ရပုံများ ၊ ကျေးဇူးတင်ထိုက်သူတစ်ဦးချင်းစီအကြောင်းတို.ကိုပါ ဂုဏ်ပြုပြောကြားသွားခဲ့ပါသည် ။

အခမ်းအနားသို.
ပြည်သူ.လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ( ဇာတိနွယ်ဝင် ) ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ( ဇာတိဖွား ) ၊ ၀ါးခယ်မမြို.နယ်အသင်း -ရန်ကုန် ဥက္ကဋ္ဌ ၊ ပန်းတနော် ဘကက်တောင်အသင်း ဥက္ကဋ္ဌ အပါအ၀င် မြို.နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ကျင်းပရေးကော်မတီဝင်များ ၊ အားကစားဝါသနာရှင်များ ၊ ၀ါးခယ်မမြို.နယ်အသင်း ရန်ကုန် အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည် ။



အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအားလုံးက Gym တည်ဆောက်ထားမှု ၊ ထည်.သွင်းထားသော အားကစားဆိုင်ရာ စက်ကိရိယာများ ၊ ချွေးထုတ်ခန်း စသည်တို.ကို လှည်.လည်ကြည်.၇ှုခဲ့ကြပါသည် ။ ထို.နောက်တက်ရောက်လာသူများအားနေ.လည်စာဖြင့် ဧည့်ခံခဲ့ကြောင်း သိရပါသည် ။

မူလစတင်ဆောက်လုပ်စဉ်က ၀ါးခယ်မဘောလုံးကွင်းနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသော မြေနေရာ ( ယခင်အခေါ် မန်းဂုတ်ကွင်း ) တွင် ကြက်တောင်အားကစားရုံဆောက်လုပ်ရန် ဒေါက်တာဝင်းဇော် နှင်. အားကစားဝါသနာရှင် များကမြေနေရာ လျှောက်ထားပြီးနောက် ၂၀၁၆ ဒီဇင်ဘာခန်.တွင်အဆောက်အဦးစတင်ဆောက်လုပ်ခဲ့ကြောင်းသိရပါသည် ။ ထိုအဆောက်အဦးတည်ဆောက်ရာတွင် မူရင်းရည်ရွယ်ချက်များအနက်တစ်ခုမှာ ၀ါးခယ်မမြို.နယ်အကျိုး သူမတူအောင်သယ်ပိုးခဲ့သူ ဦးအံ့ကျော် ( ဒုတိယဗိုလ်မှုးကြီး အငြိမ်းစား ) အားဂုဏ်ပြုရန် ဟူသော အချက်တစ်ခုလည်းပါဝင်သည် ။ ပထမဥိး ဒေါက်တာဝင်းဇော်မှ မတည်လှုဒါန်းပြီးနောက် ဦးစိုးလွင် ၊ ထိုမှ ဦးအံ့ကျော် မှလည်း ထည်.၀င်လှုဒါန်းလာခဲ့ကြောင်းသိရပါသည် ။ ထို.နောက် ၀ါးခယ်မမြို.နယ်အသင်း ၊ သခင်သိန်းဖေမိသားစုအပါအ၀င် စေတနာရှင် ၊ အားကစားဝါသနာရှင်င်များမှပူးပေါင်းထည့်ဝင်လှုဒါန်းပြီး ဆက်လက်တည်ဆောက်ခဲ့ကြကြောင်းသိရပါသည် ။
ထိုသို.ဆောက်လုပ်ရင်း အဆောက်အဦးနေရာအျကယ်အ၀န်းကြောင့် ထို ရုံအတွင်း Body Beauty & Fitness Gym တစ်ခုပါထည်.သွင်းတည်ဆောက်ရန် ဆုံးဖြတ်ကြပြီးနောက် ထို Gym အတွက် လိုအပ်သော လေ့ကျင်.မှုဆိုင်ရာ ကိရိယာများ ၊ လေအေးပေးစက်အပါအ၀င် အပြီးသတ်အချောထည် လုပ်ငန်းဆိုင်ရာများကို ဦးအောင်မင်း ( AMPS Construction ) မျတာဝန်ယူလှုဒါန်းပေးခဲ့ကြောင်းသိရပါသည် ။
ထိုအဆောက်အဦးသည် မြေအကျယ် ပေ ၁၀၀ × ပေ ၂၀၀ ရှိပြီး အဆောက်အဦးမှာ ပေ ၆၀ × ပေ ၈၀ ရှိသော Steel Structure အဆောက်အဦးဖြစ်ကြောင်းသိရပါသည် ။ ထိုအဆောက်အဦးအတွင်း ကြက်တောင်ကွင်း၂ကွင်း ၊ Fintess Center ( ချွေးထုတ်ခန်း - ရေချိုးခန်း ၊ သန်.စင်ခန်း အပါအ၀င် ) တို.ပါဝင်ကြောင်းသိရပါသည် ။



ထိုအဆောက်အဦးအတွက် ကုန်ကျစ၇ိတ် ( စက်ကိရိယာများအပါအ၀င် ) စုစုပေါင်း ၇၁၈ သိန်း ၃သောင်း ရှိခဲ့ကြောင်းသိရပါသည် ။အတွင်းတွင် ကြက်တောင်ကွင်း၂ကွင်း ၊ လေအေးပေးစက်တပ် Gym တစ်ခု ၊ ချွေးထုတ်ခန်း ၊ အ၀တ်လဲခန်း ၊ သန်.စင်ခန်း ၊ ရေချိုးခန်းစသည်တို.အပြည့်အစုံပါဝင်ပြီး Gym Member ၀င်လိုသူတို.အဖို. နှစ်စဉ်ကြေး ၁၀၀၀၀ ၊ လစဉ်ကြေး ၁၅၀၀၀ သတ်မှတ်ထားကြောင်း သိရပါသည် ။



Photo by ၀ါးခယ်မ Page , Kyaw Naing , ရွှေခယ်သားလေး & Htay Yu May


Tuesday, March 7, 2017

Myanmar Idol နဲ. ရဲနောင် ( ၃ )

အဓိက ပြသာနာမှာ ရဲနောင် ကို အားပေးကြသော ပရိသတ် ( ထိုအထဲတွင် ရဲနောင်စိတ်ဓါတ်ကို ကြိုက်၍ ၊ ရဲနောင်ဘ၀ကို သနား၍ ၊ ရဲနောင် အရည်အချင်းကိုသဘောကျ၍ ၊ ရဲနောင် ၏ ဇာတိမြေ နှင့် ဆက်နွယ်၍ စသည်ဖြင့် ) အကြောင်းအမျိုးမျိုးဖြင့် အားပေးကြ ထိုပရိသတ်နှင့်
အဆိုကောင်းဖို.သာလိုသည် ကျန်တာဘာမှကြည့်ရန်မလို ထို.ကြောင့် အဆိုအတော်ဆုံးလူကိုသာ Vote ပေးရမည်ဟူသောအဖွဲ.
ရဲ.နောင်ကို အားကြိုးမာန်တက် အားပေးနေကြသည်ကို မနှစ်လိုကြသောအဖွဲ.
ထို ၃ဖွဲ.တွင် ပထမ အဖွဲ.က တစ်ဘက် ၊ ဒုတိယ နှင့် တတိယအဖွဲ.က ပေါင်းလျှက် တစ်ဘက် ဖြစ်သွားကာ ထိုဖိအားသည် သက်ဆိုင်သူအသီးသီး အပေါ် သက်ရောက်သွားရာက Myanmar Idol သည် ပို၍ သက်ဝင် ဆူညံ လာခဲ့ခြင်းဖြစ်သည် ။

အောက်တွင် အယူအဆ အသီးသီး ရှိသော ပရိသတ်တို.၏ Myanmar Idol Page တွင်ရေးထားသော Comment များအနက် အချို.အား ကူးယူဖော်ပြထားပါသည် ။


Monday, March 6, 2017

Myanmar Idol နဲ. ရဲနောင် ( ၂ )




ရဲနောင်နဲ.ပတ်သက်လို. ပညာလောကသား ( အထူးသဖြင့် ဂိတလောကသား )အချို.ရဲ. အမြင်တွေကိုလည်းဖော်ပြလိုက်ပါတယ်

ဒါကတော. မြန်မာသံအဆိုတော် ဗညားဟန်က ရဲနောင်ထွက်လိုက်ရပြီးတဲ့အချိန်မှာ သူ. Facebook ပေါ်မှာရေးသားထားတာလေးတွေပါ



ရဲနောင် 
မင်းက လူငယ်လေးပေမယ့်
မင်းစိတ်ဓာတ်ကလေး လေးစားလိုက်တာကွာ ...
မင်း ဒီည နှုတ်ဆက်စကားပြောသွားလိုက်တာ ငါတို့တောင် အတုယူရမယ်ကွ ...
ဒီလို ခံနိုင်ရည်မျိုး လူတိုင်းမှာ မရှိဘူးနော်
ငါပြောရဲတယ် ငါဆို မခံနိုင်လောက်ဖူး ၀န်ခံတယ် ဘယ်သူမဆို မနိုင်မှ ရှုံးရော ဘယ်ရှုံးချင်ပါ့မလဲ ဒါပြိုင်နေတာလေ နိုင်ကို နိုင်ချင်နေရမယ် နိုင်ဖို့အတွက်ပြိုင်ရမယ် သူများကိုလည်း ပြိုင်ရမယ် ကိုယ့်ကိုယ်ကိုလည်း ပြိုင်ရမယ်( ရိုးသားစွာ ) ...
မင်းက အခုတော့ကွာ နိုင်လို့ ပြုံးတာမဟုတ်ပဲ ရှုံးလို့ ပြုံးသတဲ့ မင်းတကယ်ပြုံးနေတာ မင်းကဘယ်သူ့မှ မနာလိုတဲ့ အပြုံးနဲ့ ပြုံးနေတာမဟုတ်ဖူး ဖြူစင်ပီးတော့ကို ပြုံးပြနေတာ တစ်နိုင်ငံလုံးသိတယ် အဲဒါ ငါ့ညီရေ မင်းရဲ့သိက္ခာပါကွာ ...
မင်းလိုမျိုး လူငယ်တွေ ဖြစ်စေချင်လိုက်တာ မင်းကို အတုယူစေချင်လိုက်တာကွာ ( ဒါ အကိုအနေနဲ့ သုံးသပ်ပြခြင်းသက်သက်ပါ) 
ဘယ်သူဘာပြောပြော ငါမင်းကို လေးစားတယ် ညီလေး ...
မင်းဟာ တကယ်တော့ ပြည်သူ့အချစ်တော် ဖြစ်သွားပါဘီကွ
မင်းသီချင်းဆိုပြနေတုန်းကထက် ဒီည မင်းရဲ့ အပြုအမူဟာ မင်းကို ချစ်ဖို့ အဆတွေ ပိုကုန်ကြမယ်လို့ ငါပြောရဲတယ်ညီလေးရေ ...
အကိုကတော့ မှာနေကျ စကားပဲ မှာရအုံးမယ် မင်း ရပ်မနေနဲ့နော် ဆက်ရွေ့ဖို့ ကြိုးစားပါ မင်းမှာ ပရိသတ်တွေရှိနေဘီ
ဘာဖြစ်လဲ ငါ့ညီ မင်း သီချင်းတိုင်း ကောင်းအောင် ဆိုနိုင်ဖို့မှ မလိုတာ မင်းပိုင်တာ မင်းဆိုပေါ့ မင်းမှာ အစွမ်းအစ ရှိပါတယ် ရှိလို့ ဒီနေရာထိ ရောက်တာပေါ့ကွ
ဒါကတော့ ပြိုင်ပွဲလေ ကိုယ်မပိုင်တာတွေလည်း ဆိုပြရင် ဆိုပြရတဲ့ နေရာဆိုတော့ ကိုယ်မပိုင်တဲ့ လိုင်းဆိုရင် အားနည်းမှာပဲလေ ငါတို့လည်း ကိုယ်နဲ့ မလိုက်တဲ့ Rock ကို ကောင်းအောင် မဆိုနိုင်ဘူး ကိုယ့်ကို ဘုရားပေးလိုက်တဲ့ အသံက Rock သံမှ မဟုတ်တာ အဲဒီတော့ မဆိုဘူးလေ ကိုယ်ပိုင်တာ ကိုယ်ဆိုမှာပေါ့ကွ
သီချင်းဆိုတာ ဘာကမှ ကောင်းတယ် ညာကမှ ကောင်းတယ်လို့ မရှိပါဘူး ပရိသတ်ရင်ကို မှန်အောင် ထိအောင် ဆိုပြနိုင်ရင် သီချင်းကောင်းတစ်ပုဒ် ဖြစ်တာပါဘဲကွ ဒါကြောင့် ဂီတဆိုတာ ပုံစံမျိုးစုံ ပေါ်ပေါက်လာရတာပဲလေ ငါ့ညီ
စိတ်ဓာတ်မကျနဲ့ စိတ်မယိုင်စေနဲ့ မင်းလမ်းကို မင်း ရောက်အောင်လျှောက် မင်းမှာပရိသတ်တွေ များမှများပါကွာ မင်းမယုံရင် ခုနေ စီးရီးထွက်ကြည့်ပါလား(မင်းပိုင်တဲ့လိုင်း မင်းချပြချင်တဲ့ ဂီတပုံစံနဲ့) ၀က်ဝက်တောင် ကွဲသွားအုံးမယ် ငါ့ညီ ...
အနုပညာဆိုတာ ဝေဖန်ရခက်ခဲတဲ့အရာတခုပါ တော်တိုင်း ကောင်းတိုင်း ပရိသတ် ရကြတာ မဟုတ်ဖူးကွ
(တော်တိုင်းမကျော်သလို ကျော်တိုင်းလည်း မတော်နိုင်ဘူး )
ပရိသတ်ရဖို့ဆိုတာ ခုဘ၀ ကြိုးစားအားထုတ်မှုတွေလိုသလို သံသရာအဆက်ဆက်က ကုသိုလ်ပါရမီပါ ( လူအများပြောကြတဲ့ စန်း ဆိုတာပေါ့ ) လိုတယ်ငါ့ညီ ...
မင်းမှာ အဲဒီ စန်း ရှိတယ် မင်းမှာ ပရိသတ် မေတ္တာတွေ ရထားတယ် အဲဒါ မင်းအနုပညာလမ်းကြောင်းအတွက် ပန်းမွှေ့ယာလေးတွေပဲငါ့ညီ မင်းသာအရွေးမမှားမိစေနဲ့ အလျှောက် မမှားမိစေနဲ့ ဒါဆိုမင်း ဘာလို့ နိုင်ငံကျော် အဆိုတော် မဖြစ်ရမှာလဲ Fighting ညီလေး ...
မင်းဝင်လာမယ့် အနုပညာ တံခါးဝကနေ
အကို တို့ ကြိုနေကြမှာပါကွာ ...
မင်းစိတ်ဓာတ်ကို လေးစားတဲ့
ဗညားဟန်

 ဒါလေးကတော. ပွဲပြီးပြီးချင်းရေးတင်လိုက်တဲ့ Status ပါ
ရဲနောင်
မင်းရဲ့ နှုတ်ဆက်စကားက
တန်ဖိုး ရှိလိုက်တာကွာ
ငါမင်းကို လောကထဲက မျှော်လင့်နေပါအုံးမယ် ...
ပွဲရှိနေလို့ အချိန် မပေးနိုင်လို့ နောက်နေ့မှ မင်းအတွက် သီးသန့် ဂုဏ်ပြု ချီးမြှင့် အုံးမယ်ကွာ ...
ငါ့ညီ အောင်မြင်ပါစေ
ဗညားဟန်

 အဲ့ဒီလိုပဲအဆိုတော် လီလီနိုင်ကျော်ကလည်း သူ. Facebook မှာ ခုလိုရေးသားထားခဲ့ပါတယ်
လီလီနိုင်ကျော်အနေနဲ.ပြိုင်ပွဲစဉ်တစ်လျှောက်မှာလည်း ရဲနောင်ကိုသာ အစဉ်တစိုက်အားပေးလာခဲ့တာတွေ.ရပါတယ်


သို့.....
ရဲနောင်
အနုပညာလောက ဆိုတာ တကယ်ကြမ်းတယ်ကွ..မှတ်ထား,
မင်းမှာ တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်လို့ လက်ခံတဲ့အတွက်အားပေးပါတယ်..
အခုချိန်မှာ မင်း Stressတွေအရမ်းများနေပီ ..
တခုတော့မှတ်သွားပေါ့....
လူတစ်ယောက်မှာ ကိုယ့်ရဲ့ Stress ကို ကိုယ်က
Controမလုပ်နိုင်ရင် မအောင်မြင်ခင်က ကျဆုံး မှာ ဓမ္မတာ ဘဲမို့...
မင်းရဲ့ ကံတရားကို မင်းဟာမင်း ဖန်တီးပစ်နေပီ...
တခါလာလဲ ကျနော်က အရည်အချင်း မရှိပါဘူး တို့
တခါလာလဲ ကျနော်က ပရိသတ် အားပေးသလောက်
ဘာမှပြန်လုပ်မပေးနိုင်ပါဘူးတို့....
ပြီးတော့ တစ်ယောက်ထွက်သွားတိုင်း မလုံမလဲ စိတ်နဲ့
တငိုငို ဖြစ်နေတာကို ဒို့ကတော့ စိတ်တိုတယ်...
လူတွေရဲ့အားပေးမှု့ကို စော်ကားနေသလိုဘဲ
ပြိုင်ပွဲ ဆိုတာ ပွဲမပြီးခင်အထိ အောင်ပွဲသရဖူဟာ ...
လူတိုင်းနဲ့ဆိုင်တယ်...
မျှော်မှန်းနိုင်ခွင့်ရှိတယ်....ပြိုင်ပွဲမပြီးမခြင်း
သရဖူဟာ ငါ့အတွက်ဘဲဖြစ်ရမယ် ဆိုတဲ့စိတ် ထားကိုထားရမှာ
အခုတော့ မင်းက စစ်မရောက်ခင်မြှားကုန်ပြနေတာ
စိတ်အပေါက်ဆုံးဘဲ...
ဒို့ကတော့ ဒို့ယုံကြည်ရာကို ဒို့လုပ်မယ်...


ဒါ့ကြောင့်နောက်ဆုံးအချနိထိ Vote တယ်ဟေ့

ဆက်စပ်ဖတ်ရှု ရန်

Myanmar Idol နဲ. ရဲနောင် ( ၁ )

Myanmar Idol နဲ. ရဲနောင် ( ၁ )



Myanmar Idol Season 2 ကတော. ဒိုင်အဖြစ် တာဝန်ယူနေတဲ့ မြန်မာပြည်သိန်းတန် နဲ. ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ ရဲ.နောင်တို.ကြောင့် အတော်လေး လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ရတယ်ဆိုရင်တော. ငြင်းမယ့်သူမရှိလောက်ပါဘူးဒါ့ကြောင့် ရဲနောင်နဲ.ပတ်သက်တဲ့ အနုပညာရှင်အချို.ရဲ.အမြင် ၊ ရဲနောင့်ဇာတိ မအူပင်သားတို.ရဲ. အတွေး ၊ ပရိသတ်တို.ရဲ. စိတ်ခံစားမှု ၊ ရဲနောင်ရဲ. အပြန်ခရီးစဉ်နဲ. မီဒီယာအချို.မှာရေးသားဖော်ပြထားမှုတွေကိုစုဆောင်းတင်ပြပါမယ် ။

ပထမဆုံးအနေနဲ. The Voice မှာရေးသားဖော်ပြထားတဲ့ ဆောင်းပါးရှင် ဆုအိနြေ္ဒဦး ရဲ. မြေဇာပင်အိုင်ဒေါ ( မူရင်း Link ; http://thevoicemyanmar.com/popular-posts/6662-mzp ဆိုတာလေးကိုအရင်ဆုံးဖော်ပြပေးပါမယ်



တစ်ဦးက ဂီတလောကတွင် နှစ်ပေါင်းများစွာမှသည် ယခုအချိန်တိုင် နာမည်ကျော်ကြား လူသိများလှသော ဂီတအနုပညာရှင် မြန်မာပြည်သိန်းတန်။
နောက်တစ်ဦးကမူ ယခုမှ ဂီတလျှောက်လမ်းပေါ် လှမ်းတက်ရန် ကြိုးစားနေဆဲ အဆိုဝါသနာရှင် ရဲနောင်။
သို့သော် သူသည်လည်း ခေသူမဟုတ်။
ကိုယ်တိုင်ရေးစပ်ထားသော ကိုယ်ပိုင်သံစဉ်သီချင်းဖြင့် အွန်လိုင်းတွင် လူသိများလာပြီး မြန်မာအိုင်ဒေါ၏ နောက်ဆုံးဆန်ခါတင် ဆယ်ဦးစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်ဒီပြိုင်ပွဲက သူ့အတွက် နောက်ဆုံးပြိုင်ပွဲပဲ” ဟု ရဲနောင်၏ မိခင် ဒေါ်ချိုချိုမြင့်က ဆိုသည်။
မြန်မာစာ တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုထားသော သားဖြစ်သူ၏ ပညာရေးကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်မည် စိုးသောကြောင့် ရဲနောင်၏ ဝါသနာကို ဒေါ်ချိုချိုမြင့်က လှိုက်လှိုက်လှဲလှဲ မရှိလှ။ ဂီတကို ရဲနောင် စတင်စိတ်ဝင်စားခဲ့သည်က ရှစ်တန်းအရွယ်လောက်က ဖြစ်ပြီး ဆယ်တန်းတွင် အစ်ကိုကြီး ဖြစ်သူထံတွင် ဂစ်တာတီးသင်ပြီး နောက်ပိုင်း သီချင်းရေးလိုက်၊ ဂီတာတီးလိုက်၊ သီချင်းဆိုလိုက်ဖြင့် တစ်ယောက်တည်း ကမ္ဘာကြီးတစ်ခုကို ဖန်တီးခဲ့သည်။ သူက အနေအေးတယ်၊ မိသားစုနဲ့ ရောရောထွေးထွေး မနေဘူး။ စိတ်ကူးယဉ်သမား” ဟု ဒေါ်ချိုချိုမြင့်က သားလတ် ရဲနောင်အကြောင်းကို ဖောက်သည်ချသည်။

 ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ယောက် အများတကာနည်းတူ ပေါ်ပင်လုပ်ချင်သည့် အတွက် ဂီတာတီး၊ သီချင်းဆိုနေခြင်း ဖြစ်သည်ဟု ဒေါ်ချိုချိုမြင့်က ထင်ထားသည်။ ထို့ကြောင့်ပင် ရန်ကုန်သို့ ပထမဆုံးအကြိမ် သီချင်းအဆိုပြိုင်ပွဲ ဝင်ပြိုင်မည့် ရဲနောင်၏စိတ်ကို စမ်းသပ်သည့် အနေဖြင့် ငွေတစ်ပြားတစ်ချပ်မှ ထုတ်မပေးဘဲ နေခဲ့သည်။ ရန်ကုန်ကို မရောက်ဖူးတဲ့သူဆိုတော့ သူ စိတ်ပျက်သွားမယ်လို့ ကိုယ်က ထင်တာပေါ့။ သူကလည်း လက်စွမ်းပြတယ်။ ဆိုင်ကယ်ကယ်ရီ ထွက်ဆွဲ။ သူ့ဘာသာ ပိုက်ဆံစုပြီးတော့ သွားပြိုင်တယ်” ဟု  ဒေါ်ချိုချိုမြင့်က ဆိုသည်။ ဆယ်တန်းကျောင်းသား အရွယ်လောက်သာ ရှိသေးသော ရဲနောင်မှာ MRTV မှ ထုတ်လွှင့်သော ကိုယ်တိုင်ရေး၊ ကိုယ်ပိုင်သံစဉ်ဖြင့် သီဆိုယှဉ်ပြိုင်ရသော ရင်ခုန်လက်ကမ်း တေးသင်တန်းပြိုင်ပွဲတွင် တတိယဆု ရခဲ့သည်။ ထို့နောက်ပိုင်းတွင် သီချင်းဆို ပြိုင်ပွဲတိုင်းကို သူ ဝင်ပြိုင်သည်။ အိပ်မက်ဆုံရာပြိုင်ပွဲကို သုံးကြိမ် ဝင်ပြိုင်သော်လည်း သုံးကြိမ်လုံး နောက်ဆုံးဆန်ခါတင်စာရင်း  မရောက်မီပင် ပြုတ်ကျန်ရစ်ခဲ့သည်။ “မြန်မာအိုင်ဒေါကလွဲလို့ ကျန်တာတွေ အကုန်ပြိုင်ဖူးတယ်။ ကျွန်တော်လည်း ပညာမစုံသေးလို့ နေမှာပါ” ဟု ရဲနောင်က  ဆိုသည်။

 လက်ရှိအချိန်တွင် မြန်မာအိုင်ဒေါ ပြိုင်ပွဲ၏ ထိပ်ဆုံးငါးယောက်စာရင်း၌ သူ ပါဝင်နေသည်။ >ထိုငါးယောက်စာရင်းတွင် ရဲနောင် ပါဝင်နေခြင်းကပင် မြန်မာအိုင်ဒေါ အကြောင်းကို လူပြောသူပြော ပိုများနေရခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်တချို့၏ အသံပိုင်း၊ အဆို ပညာပိုင်းမှာ ရဲနောင်ထက် ပို၍ကောင်းသော်လည်း ပြိုင်ပွဲမှ ထွက်သွားခဲ့ရသည်ကို စိတ်အလိုမကျသည့် ပရိသတ်များစွာ ရှိနေပြီး ပြိုင်ပွဲတစ်ပတ်ပြီးသွားတိုင်း ဝေဖန်မှုများစွာ ပေါ်ထွက်လာလေ့ ရှိသည်။ ပြိုင်ပွဲ၏ နောက်ဆုံးဆန်ခါတင် ဆယ်ဦးမှသည် ယခု ငါးဦးအဆင့် ရောက်လာသည်အထိ ရဲနောင်၏ သီဆိုယှဉ်ပြိုင်မှုမှာ ပြိုင်ဘက်ကင်းနေရာတွင် ရှိမနေသော်လည်း ပရိသတ် မဲရလဒ်တွင် အခြားပြိုင်ပွဲဝင်များကို အပြတ်အသတ် ဖြတ်ထားနိုင်သည်။ တစ်ပတ်လျှင် မတူညီသည့် သီချင်းပုံစံ အမျိုးမျိုးဖြင့် ယှဉ်ပြိုင်လာရာ ယခုဆိုလျှင် ပြိုင်ပွဲငါးပတ် မြောက်ပြီးသွားပြီ ဖြစ်ပြီး ထိုငါးပတ်စလုံးတွင် မဲပေးခံရမှု အနည်းဆုံး သုံးဦးစာရင်းသို့ ရဲနောင် တစ်ခါမျှ မရောက်သေးပေ။

ရဲနောင်ကို အဓိက ဝေဖန်နေကြခြင်းမှာလည်း ထိုအချက်ပင် ဖြစ်သည်။ ရဲနောင်က သီချင်းအားလုံး မဆိုနိုင်တာ အမှန်ပဲ။ သို့ပေမယ့် တက်သစ်စ လူငယ်လေးကို ဝိုင်းပြောနေကြတဲ့ ပရိတ်သတ်ကတော့ လွန်တယ်” ဟု မအူပင်ဒေသခံဖြစ်ပြီး ယခုစင်ကာပူနိုင်ငံတွင် အခြေချ အလုပ်လုပ်ကိုင်နေသူ မမြဝတ်ရည်ဦးက ဆိုသည်။ စုံတွဲသီချင်း သီဆိုယှဉ်ပြိုင်သည့် တစ်ပတ်တွင် ရဲနောင်နှင့် ပိုးမီတို့နှစ်ဦးအနက် ဒိုင်သုံးဦးလုံး၏ ချီးကျူးမှုကို ခံခဲ့ရသော ပိုးမီက ပရိသတ် မဲပေးမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာရမည့်အ ချိန်တွင် ပရိသတ်များ၏ ဆန္ဒနှင့် ဒိုင်များ၏ သဘောထား မတူညီမှုက ထင်းခနဲ ပေါ်လာသည်။ ပိုးမီ ပြိုင်ပွဲတွင် ဆက်လက်ပါဝင်နိုင်စေရန် ဒိုင်သုံးယောက်လုံးက တစ်သဘောတည်း ဆုံးဖြတ်ကာ တစ်ကြိမ်သာ အသုံးပြုခွင့်ရမည့် Save လုပ်ခြင်းကို ရွေးချယ်လိုက်ကြသည်။ ပညာရပ်ပိုင်းကို သေသေချာချာကြည့်ပြီး လေ့လာပြီးတော့မှ လှတာ၊ မလှတာ၊ ဖြူတာ၊ မည်းတာ ဒါတွေကို ကြည့်မနေပါနဲ့။ အရည်အချင်းအစစ်ကို သေချာကြည့်၊ တရားသဖြင့် ပေးပါလို့ ပြောချင်ပါတယ်”ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များကို မဲပေးရွေးချယ်ရာတွင် မြို့အစွဲ၊ ပုဂ္ဂိုလ်အစွဲဖြင့် မဲပေးခြင်းထက် ပင်ကိုအရည်အချင်းကို ကြည့်ပြီး မဲပေးကြရန်လိုကြောင်း မြန်မာပြည်သိန်းတန်က ဆိုခြင်း ဖြစ်သည်။



  မြို့အစွဲ၊ ပုဂ္ဂိုလ်အစွဲဆိုသည့် စကားကို မအူပင်မြို့မှ ရဲနောင်၏ ပရိသတ်များကအမျက်ထွက်ကြခြင်း ဖြစ်သည်။ မြို့အစွဲ၊ ဒေသအစွဲတွေ မရှိရဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဥပမာအနေနဲ့ ပြောရရင် မြန်မာနဲ့ ထိုင်းဘောလုံးကန်တာကိုပဲ ကြည့်။ မြန်မာအသင်း မကောင်းပေမယ့် မြန်မာအသင်းကို ဝိုင်းအားပေးကြတာပဲလေ။ အခုလည်း အဲဒီအတိုင်းပဲ ကိုယ့်မြို့ခံမို့လို့ သူ့ကိုပဲ အားပေးဖြစ်တယ်” ဟု မအူပင်မြို့နေ ကိုနေလင်းဇော်က ဆိုသည်။ ဒိုင်ကတော့ ဒိုင်အလုပ်ကို လုပ်ရမှာပါပဲ။ ဦးသိန်းတန်က တကယ်တော်တဲ့သူ ဆုံးရှုံးသွားမှာစိုးတဲ့စိတ်နဲ့ ဝေဖန်တာလို့ ထင်တယ်။ သူရဲနောင်ကို မုန်းလို့မဟုတ်လောက်ပါဘူး။” ဟု မြန်မာအိုင်ဒေါ ပရိသတ်လည်းဖြစ် မိုင်းမိုင်ဆန်းနှင့် ပိုးမီကို Vote ပေးနေသူလည်း ဖြစ်သည့် မမေသက်ဟန်က ပြောဆိုသည်။ >ရဲနောင်ကို အပြင်းအထန် ဝေဖန်နေကြသူများနှင့် ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်၏ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြသည့် မှတ်ချက်များကြောင့် တစ်နိုင်ငံလုံးရှိ ရဲနောင်အားပေးသူ ပရိသတ်များက တစ်ပတ်ထက် တစ်ပတ် ပို၍ မဲကို တိုးပေးလာကြသည်။ ကျွန်တော်က တစ်ပတ်ကို အစောင် ၄၀ လောက်ပေးတယ်။ ကျွန်တော့်မရီးဆိုရင် စောင်ရေ ၁၀၀၀ လောက်ပေးတာ။ အဲ့လိုပေးတဲ့သူတွေ မအူပင်မှာ အများကြီး” ဟု ရဲနောင်၏ အမာခံ ပရိသတ်လည်းဖြစ်သူ ကိုနေလင်းဇော်က ဆိုသည်။ ရဲနောင်ကို အားပေးနေသည်မှာ မအူပင်တစ်မြို့တည်း မဟုတ်၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် တစ်နိုင်ငံလုံးတွင် ပရိသတ်များစွာ ရှိနေသည်။ အညာဘက်က ပရိသတ်တချို့ဆို ဆိုင်အထိ ရောက်အောင်လာပြီး အားပေးစကား ပြောကြတယ်။ ကိုယ့်ကို ရဲနောင်အမေ ဆိုပြီး လာနှုတ်ဆက်ကြတာပေါ့” ဟု ဒေါ်ချိုချိုမြင့်က ပြောပြသည်။

ရဲနောင်ကို ဝေဖန်အပြစ်ပြောလေ ရဲနောင်ပရိသတ်များက ပိုမိုမဲပေးလေဖြင့် နှစ်ဖက်ပရိသတ်ကြားတွင် ရဲနောင်က မြေဇာပင် ဖြစ်နေသည်။ မြေဇာပင်မှာ တစ်ပင်တည်း မဟုတ်။ သူနှင့်နှီးနွယ်ဆက်စပ်သူများလည်း ထိခိုက်ခံစားကြရသည်။ “သား ငိုနေတာကို မကြည့်ချင်တော့ဘူး။ ရင်ထဲမှာ အရမ်းနာကျင်ရတယ်။ မလိုတဲ့သူတွေရဲ့ တိုက်ခိုက်တဲ့ စကားကို ကြားနေ၊ မြင်နေ၊ ဖတ်နေရတယ်” ဟု ရဲနောင်၏ မိခင်က ပြောပြနေရင်း မျက်ရည်ဝေ့တက်လာသည်။ အသံနှင့် အဆိုပညာပိုင်းကို ပညာရှင်တစ်ယောက်အဖြစ်၊ ဒိုင်လူကြီးတစ်ယောက် အဖြစ် လူမုန်းခံကာ သုံးသပ်ထောက်ပြနေသော မြန်မာပြည်သိန်းတန်မှာလည်း နောက်ထပ် မြေဇာပင် ဖြစ်သည်။ မြန်မာပြည်သိန်းတန်၏ ပွင့်လင်းစွာ ဝေဖန်မှုအပေါ် ထောက်ခံသူများ၊ ရဲနောင်ဘက် ရပ်တည်သူများ၊ Voting စနစ်ကို ဝေဖန်သူများနှင့် မြန်မာအိုင်ဒေါမှာ ပွဲဆူအောင် ဆွဲဆောင်နိုင်ခဲ့သည်ကတော့ အသေအချာ။ အစကတည်းက ဒီ Voting စနစ်ကို လုပ်ထားတဲ့အတွက် မကြိုက်ဘူးလို့ ဝိုင်းပြောနေပေမယ့်လည်း  Vote ပေးနေမှာပဲ။ ပေးနေတဲ့ သူတွေကိုလည်း ဒါအပြစ်လို့ ပြောလို့မရဘူး” ဟု ကိုနေလင်းဇော်က  ဆိုသည်။ မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲတွင် ပရိသတ်တစ်ဦးလျှင် MPT ဖုန်းနံပါတ် တစ်ခုတည်းဖြင့် အကန့်အသတ်မရှိ မဲပေးနိုင်သည်ဆိုသော စည်းကမ်းသတ်မှတ်ချက်ကြောင့် ထိုသို့ ပြဿနာများ တက်နေရခြင်း ဖြစ်ကြောင်း နည်းပညာကုမ္ပဏီ တစ်ခုတွင် လုပ်နေသူ ကိုသန်းဇော်က မှတ်ချက်ပေးသည်။


အခြားသော အဆိုပြိုင်ပွဲအချို့တွင်လည်း ဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ကာ မဲပေးရသော်လည်း ဖုန်းနံပါတ်တစ်ခုလျှင် မဲတစ်မဲသာ ပေးရမည်ဆိုသည့် စည်းကမ်း သတ်မှတ်ထားသည့်အတွက် လူတစ်ယောက်တည်းက မဲအရေအတွက် ဆယ်ဂဏန်းပေးနိုင်ရန် မလွယ်ကူပေ။ >မဲပေးရွေးချယ်မှုစနစ်အရ ငွေကြေးအားဖြင့် မြေဇာပင် ဖြစ်နေသူမှာ မက်ဆေ့ခ်ျပို့ကာ မဲပေးနေသော ပရိသတ်များဖြစ်သည်။ ကိုယ်မဲပေးလိုက်တဲ့ ပြိုင်ပွဲဝင်က မဲဘယ်လောက်ရသလဲ မသိရဘူး။ တကယ်ဆို ကိုယ့်ပိုက်ဆံအကုန်ခံပြီး မဲတွေအများကြီး ပေးထားတာ၊ မဲအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကို ပရိသတ်တွေကို ချပြရမယ်။ သိခွင့်ရှိရမယ်” ဟု ကိုနေလင်းဇော်က ဆိုသည်။ မဲပေးရွေးချယ်ခိုင်းပြီး မဲရလဒ် မကြေညာသည့် မဲပေးစနစ်တွင် ကိုယ်အားပေးသည့် ပြိုင်ပွဲဝင် နောက်တစ်ဆင့်တက်ဖို့ သေချာစေရန် တစ်ပတ်ထက် တစ်ပတ် ပို၍ ပို၍ မဲများများ ပေးနေကြရဦးမည် ဖြစ်သည်။ ရဲနောင်နှင့် မြန်မာပြည်သိန်းတန်သည်လည်း ပရိသတ်များ၏ အပြန်အလှန် ဝေဖန်ပြစ်တင်မှုကို ခံနေရဦးမည် ဖြစ်သည်။ ယခုအချိန်တွင် ပြိုင်ပွဲမှ ထွက်ခွာရသည့်တိုင် သားဖြစ်သူ ရဲနောင်မှာ အနုပညာလမ်းကြောင်းပေါ်တွင် ဆက်လျှောက်လှမ်းနိုင်လိမ့်မည်ဟု ဒေါ်ချိုချိုမြင့်က ယုံကြည်မှု ရှိနှင့်ပြီး ဖြစ်သည်။ ဆု ဆိုတာ ဒီတစ်ခါပဲ ရမယ့်ဟာ။ ပရိသတ်ရသွားပြီ ဆိုရင် တစ်သက်လုံး ဆက်သွားလို့ရပြီ။ Top 10 ဝင်တဲ့နေ့က သူ အပျော်ဆုံးနေ့ တစ်နေ့ပဲလေ။

( အထက်ပါ ဆောင်းပါးမှာ ရဲနောင်ထွက်ခဲ့ရသော Result Show မတိုင်မှီ ရေးသားထားခြင်းဖြစ်ပါသည် )

Saturday, March 4, 2017

ဦးကိုနီ သတ်ဖြတ်ခံရခြင်း ဆိုင်ရာ သတင်းများစုစည်းမှု ( ၂ )

တာဝန်သိ နိုင်ငံသား ကိုနေ၀င်း နှင့် ၀ိုင်းဝန်းဖမ်းဆီးမှု



အဲ့ဒီနေ.ဖြစ်စဉ်မှာ ကိုယ်.အသိစိတ်အပြည့် နဲ.ကိုယ်တာဝန်ယူရင်း သေနတ်သမားလက်ချက်နဲ.သေဆုံးခဲ့ရသူ ကိုနေ၀င်းဟာလည်းတကယ်ကို ချီးကျုး ဂုဏ်ပြုရမယ့်သူဖြစ်ပါတယ်
သူနဲ.ပတ်သက်လို. အဲ့ဒီနေ.က ဖြစ်စဉ်ကို သူ.မိတ်ဆွေတစ်ဦးက ခုလို ပြောပြထားပါတယ်

မေး- လေဆိပ်မှာ အစ်ကိုမြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကိုပြောပြပေးပါ။
ြေ
ဖ-လေဆိပ်အဆောက်အအုံထဲကနေ လူတစ်ယောက်ပြေးဆင်းလာတယ်။ နောက်ကလူတွေက အဲဒီလူကို ဖမ်းပါဖမ်းပါဆိုပြီး အော်နေကြတယ်။ ကျွန်တော်တို့လဲ ရုတ်တရက်ဆိုတော့ကြောင်နေတာပေါ့။သေနတ်ကိုင်ထားတာတော့တွေ့တယ်။ အတုလားအစစ်လားဆိုတာတော့ ကျွန်တော်တို့လဲ မသိဘူးလေ။ အဲဒီအချိန်မှာကိုနေဝင်းက ခဲလုံးကိုင်ပြီးတော့ လှမ်းပစ်လိုက်တာ သေနတ်သမားနောက်စေ့ကိုထိသွားတယ်။ သူ့ကိုခဲမှန်သွားတော့ သေနတ်သမားကနောက်လှည့်ပြီး သေနတ်နဲ့အပစ်မှာ နေဝင်းကိုမှန်သွားတယ်။ ပစ်ပြီးတော့ သေနတ်သမားကရှေ့ကိုဆက်ပြေးပြီး မောင်းလာတဲ့ကားတွေကိုတားနေတယ်။ တက္ကစီသမားတယောက်က ဘုမသိဘမသိနဲ့ ရပ်ပေးလိုက်တယ်။ သေနတ်သမားက တက္ကစီပေါ်ကလူကို အောက်ဆင်းခိုင်းဖို့ပြောနေတုန်း အနားမှာရှိတဲ့ ကျွန်တော်တို့ကားသမားတွေက တွေ့တာတွေနဲ့ကောက်ပစ်ပြီးတော့ ဝိုင်းဖမ်းလိုက်ကြတာပါ။
မေး-ကိုနေဝင်းက နေရာမှာတင် သေနတ်မှန်ပြီး သေဆုံးသွားတာလား။
ြေ
ဖ-နေဝင်းက သေနတ်မှန်ပြီးတော့ အဲဒီနေရာမှာ ခွေခွေလေး လဲသွားတယ်။ ဆီးခုံနားလောက်ကိုသေနတ်မှန်သွားတာပါ။ ကျွန်တော်တို့ အသင်းသားတယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့ flying swallow အသင်းကားနဲ့ပဲဆေးရုံကိုပို့ကြပါတယ်။ မြောက်ဥက္ကလာဆေးရုံမရောက်ခင် လမ်းမှာပဲ ညနေ ၅ နာရီခွဲလောက်မှာ ကိုနေဝင်းဆုံးသွားတာပါ။

မေး-ကိုနေဝင်းနဲ့ သိတာဘယ်လောက်ကြာပြီလဲဗျ။
ဖြေ-ကျွန်တော်နဲ့သိတာ နှစ်နှစ်ကျော်ပြီဗျ။လူမှုရေးသိပ်ကောင်းတဲ့လူ၊ လေဆိပ်မှာဂိတ်ကိုစောင့်ပြီး အိပ်ကြတဲ့ ကားသမားတွေရှိတယ်။ မနက်၅နာရီဆိုရင် ကျွန်တော်တို့ ဂိတ်ဖွင့်တယ်။ အဲဒီမှာ ဂိတ်စောင့်ကြတဲ့ ကားသမားတွေမနိုးသေးရင် သူကလိုက်ပြီးတော့ နှိုးပေတယ်။ YBS ကားတွေစဆွဲတုန်းကလဲ သူကားနဲ့ အခမဲ့လိုက်ဆွဲပေးခဲ့တယ်။ ပရဟိတစိတ်ရှိတဲ့ဒီလိုလူတယောက် ဆုံရှုံးသွားတဲ့အတွက်ရော၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် ဆုံးရှုံးသွားတဲ့အတွက်ရော အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ မေး-ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ပြီး လူစုခွဲခဲ့ရတယ်ဆိုတာ ဟုတ်လားဗျ။ ဖြေ-ဟုတ်ပါတယ်။ ကွန်တော်တို့က သေနတ်သမားကိုဝိုင်းဖမ်းတဲ့အချိန်မှာ လူကအရမ်းများတော့ ခြေလွန်လက်လွန်ဖြစ်မှာစိုးလို့ ရဲတွေက သေနတ်သုံးချက် မိုးပေါ်ထောင်ပစ်ပြီးတော့ လူစုခွဲလိုက်ရတာပါ။ ကျေးဇူးတင်ပါတယ်။
အဲ့ဒီ ကွယ်လွန်သူ ကွယ်လွန်သူ တာဝန်သိ Taxi ဆရာကိုနေဝင်း၏ ကျန်ရစ်သူမိသားစုအတွက် ကိုခင်မောင်ဦး (Appolo 168 Company Ltd..) မိသားစုမှ လက်တလောလိုအပ်သည်များ အသုံးပြုရန် ငွေကျပ် ၁၁ သိန်းကို လှူဒါန်းခဲ့ပြီး ကလေးများ၏ ရေရှည်ပညာရေးအတွက်လည်း ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ် ။





Ref ; နှင်းမောင်ဦး ၊ ကုမုဒြာ 

ဆက်စပ်ဖတ်ရှု ရန်

ဦးကိုနီ သတ်ဖြတ်ခံရခြင်းဆိုင်ရာ သတင်းများ စုစည်းမှု ( ၁ )

( ရန်ကုန်လေဆိပ် တွင် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသော ဦးကိုနီ နှင့် ပတ်သက်၍ Facebook ပေါ်ရှိ မှုခင်းသတင်းများ စုစည်းမှု Page တွင်ဖော်ပြထားသော သတင်းများအား ကူးယူဖော်ပြပါသည် )


ပစ်ခတ်ခံရမှု ဖြစ်စဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ရဲ့ ဥပဒေအကြံပေး လွတ်တော်ရှေ့ နေဦးကိုနီဟာ ရန်ကုန်လေဆိပ်ကို ပြန်လည် ရောက်ရှိလာချိန်မှာ သူရဲ့ မြေးလေးကို အားရပါးရပွေ့ ချီပြီး မြေးအဖိုးနှစ်ဦး ကြည်နှုးနေခဲ့ကြ တယ်လို့ ဆိုပါတယ်။ သိပ်မကြာခင်မှာပဲ ပန်းရောင်အင်္ကျီ၊ ဘောင်းဘီတို ၀တ်ဆင်ထားသူတစ်ယောက်ဟာ ဦးကိုနီရဲ့  ဦးခေါင်း ညာဖက်အခြမ်းကို သေနတ်နဲ့  အနီးကပ်ပစ်ထည့် လိုက်ပါတယ်
”ဖောက်…. ”
သည်နေ့ ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့ က တက္ကစီစတန်းအနီးမှာ စူးစူးရှရှနဲ့  ပေါ်ထွက်လာတဲ့ အသံဖြစ်ပါတယ်။
အဲသည်အသံနဲ့ အတူ တက္ကစီစတန်းအနီးနားမှာရှိတဲ့ လူတွေ ၀ိုးတိုးဝါးတားကြားလိုက်ရတာကတော့
” ”မင်းငါ့ကို ……”။
ဒါပေမယ့် လူလတ်ပိုင်းအမျိုးသားဟာ ပြေးမြဲပြေးနေရာကနေ တွေ့ ရာတက္ကစီတစ်စီးကို သေနတ်ထုတ်ကာ တားဆီးလိုက်နေပြန်ပါတယ်။
အဲသည်အမျိုးသားက ကားစက်ဖုံးကို သေနတ်နဲ့  ခေါက်ပြီး သူ့ ကို လိုက်ပို့ ပေးဖို့  တောင်းတနေ တာဖြစ်တယ်လို့  တက္ကစီအငှားယာဉ်မောင် ဦးကျော်လွင်က ပြောပါတယ်။ ဒါပေမယ့် ကားသမားက မရပ်ပေးတာကြောင့် အဆိုပါအမျိုးသားဟာ ဓာတ်တိုင် လေးတိုင်အကွာအဝေးလောက်ကို ဆက်လက် ပြေးထွက်သွားခဲ့ပါတယ်။
သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားက ဦးနေ၀င်းကို ပြန်လှည့်ကြည့်ပြီး ” ခင်ဗျာနဲ့  မဆိုင်ဘူး”လို့  အော်ပြောနေချိန်မှာ ဦးနေ၀င်းက အုပ်ခဲနဲ့  နောက်တစ်ကြိမ် ထပ်ထုလိုက်ပြန်ပါတယ်။

ဦးနေ၀င်းကို သေနတ်နဲ့  ပစ်ပြီး ပြီးချင်းမှာပဲ သေနတ်ကိုင်ဆောင်ထားသူအမျိုးသားက ချက်ချင်းလှည်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးနားမှာ အသင့်ရှိတဲ့ ဦးနေ၀င်းရဲ့ အဖော်တက္ကစီယာဉ်မောင်းတွေဟာ ၀ိုင်းအုံပြီး လက်ရဖမ်းဆီးလိုက်ပါတယ်။

အဲသည်အချိန်မှာပဲ ရဲတပ်ဖွဲ့ ရဲ့  လူစုခွဲသေနတ်ဖောက်သံကြောင့် လူစုခွဲလိုက်ြ ကသည် ။
သေနတ်နဲ့ ပစ်ခတ်မှုဒဏ်ကြောင့် ဦးကိုနီလဲကျသွားချိန်မှာတော့ အနီးနားမှာရှိနေသူတွေဟာ ဘာဖြစ်သွားမှန်းမသိ ပြာပြာသလဲဖြစ်နေကြပါ။

”ဘာဖြစ်သွားတာလဲ” ၊ ”သေနတ်နဲ့ ပစ်သွားတာ”၊ ”ဘာသံမှ မကြားလိုက်ရဘူး” ၊ ”ဦးကိုနီလား” ၊ “ဟာ… ဦးကိုနီ” ၊ ”ပါပါ.. ဟုတ်တယ်” (သမီးဖြစ်သူရဲ့ အသံ) ဆိုတဲ့ အသံတွေက ဆူဝေလာခဲ့ပါတယ်။ သွေးအလူးလူး ဦးကိုနီရဲ့  ဦးခေါင်းကို သွေးတိတ်စေလေမလားဆိုပြီး ဖိကပ်ပြီးနေကြပေမယ့် ဦးကိုနီက တုန့် ပြန်ပြောဆိုတာ မမြင်တွေ့ ရတော့ပါဘူး။


ဆရာဦးကိုနီဖြစ်သွားတဲ့ ကိစ္စက အကြမ်းဖက်မှုဖြစ်တယ်။ တရားဥပဒေအရ နိုင်ငံသူ နိင်ငံသားတိုင်းကို အကာအကွယ်ပေးဖို့ လိုတယ်ထင်ပါတယ်။ တရားဥပဒေရဲ့ အကာအကွယ်မဲ့ မှုကို ဆရာဦးကိုနီကိုယ်တိုင်ခံ စားသွားရပြီ” လို့ ပြောပါတယ်။

ဒါပေမယ့် သေနတ်သမားရဲ့  ပစ်ခတ်မှုကြောင့် တရားလွတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံခဲ့သူကို ဖမ်းဆီးပေးတဲ့ တက္ကစီယာဉ်မောင်းကိုနေ၀င်းဆိုသူဟာလည်း မြောက်ဥက္ကလာဆေးရုံမရောက်ခင် လမ်းမှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။
သေဆုံးသွားတဲ့တက္ကစီသမားကိုနေ၀င်းဟာ ကလေးသုံးယောက်ဖခင်တစ်ဦးဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Airport Taxi သမား ဦး ကျော်လွင်ကပြောပါတယ်။
ဦးမြအေးက -တရားခံမိထားပြီဖြစ်တဲ့အတွက်တရားဥပဒေအရမြန်မြန်ဆန်ဆန်အမူမှန်ဖော်ထုတ်ပေးဖို့လိုပါတယ် တရားမျှတမူပဲလိုချင်တယ်လို့ပြောပါတယ်။
လက်ရှိအချိန်မှာတော့ရှေ့နေဦးကိုနီရဲ့ အလောင်းကို မြောက်ဥက္ကလာဆေးရုံမှာစစ်ဆေးနေဆဲဖြစ်ပါတယ်။
ဦးကိုနီကို လုပ်ကြံမှုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ လိုက်ရတဲ့ အမျိုးသမီးတစ်ဦးက
လက်နက်ချပြီဆိုတော့ ရဲတွေက အသာတကြည်ဖမ်းတော့မယ်ဆိုတဲ့အချိန်မှာမှ အိတ်ထဲကနောက်ထပ်ဝှက်ထားတဲ့သေနတ်နဲ့ ရဲကိုလှမ်းပစ် ( မထိလို့တော်သေးတယ် )တဲ့အချိန်မှာမှ သူ့နောက်ရောက်နေတဲ့ ဒုရဲအုပ်က အတင်းဝင်လုံးထွေးပြီးဖမ်းမှ ဖမ်းမိတယ်ဆိုတော့… လူသတ်သမားဟာ ဘယ်အချိန် ဘယ်ကာလကတည်းက ဘယ်လောက်တောင်တိုက်ခိုက်ရေးလေ့ကျင့်မှုပြည့်ဝထားတဲ့သူပါလိမ့်” လို့  ဆိုပါတယ်။


မျက်မြင်မို့ ရေးတာပါ..




ညနေက ကျနော်က ရန်ကုန်လေဆိပ် လမ်းထဲအဝင် domestic terminal အကျော် အဝိုင်းပတ်ပြီး မြင်လိုက်ရတာက လူ ၅၀-၆၀ လောက်က အုတ်နီခဲတွေ တုတ်တွေနဲ့ ပြေးလာတာကိုမြင်ရတယ်..
ကျနော်ကားရပ်လိုက်တယ်.. သေချာကြည့်တယ်
တီရှပ်နဲ့ ဘောင်ဘီတိုဝတ်ထားတဲ့ တရုတ်တစ်ယောက်နောက်ကို ဝိုင်းလိုက်နေတာ..
မှန်ချပြီး အသံနားထောင်ကြည့်တော့ ဆဲသံဆိုသံတွေကြားမှာ အနားမကပ်နဲ့ သေနတ်ပါတယ် ဆိုမှ သူ့လက်ထဲကြည့်မိတော့ ပြောင်းရှည် ပစ္စတိုသေနတ်ပါတာမြင်ရတယ်..
ကြည့်နေရင်း သူ့နောက် ၅ ပေ လောက်အကွာရောက်နေတဲ့ Taxi သမား ( နောက်မှသိရတာ ) က သူ့လက်ထဲက အုတ်နီခဲနဲ့ လှမ်းပစ်တယ်..
အဲ့တရုတ်က ချက်ချင်းလှည့်ပြီး သေနတ်နဲ့ပစ်တာ ဘောင်းဆို Taxi သမားရဲ့ကျောကိုမှန်တယ်..
ကျနော်လည်း ချက်ခြင်းကားကိုဘယ်ဘက်က ကားပါကင်ထဲမောင်းချပြီး ချက်ခြင်းဆင်းလိုက်တယ်တယ်..
ပေ ၁၀၀ လောက်အကွာမှာ သူက သေနတ်ပြပြီး ကားတွေကိုတားတယ်...
..
ကျနော်ပြောချင်တာ ခုစပြီ..
..
Terminal 1 ကနေ ခုနေရာထိ သေနတ်ကိုင်ထားတဲ့လူနောက်ကို တုတ်တွေ အုတ်ခဲတွေကိုင်ပြီးလိုက်လာတာ အရပ်သား taxi သမားတွေချည်းပဲ..
ရဲဝတ်စုံနဲ့ တပ်သားတစ်ယောက်ကတော့ ဖုန်းလေးပွတ်ရင်း လမ်းလျှောက်လိုက်လာတယ်..
လေဆိပ်ထဲမှာ မျက်နှာအလွန်မာပြီး ဆော်ကြည်အောင် နိုင်ငံခြားစတိုင်ဖမ်းနေတဲ့ လေဆိပ်တွင်းလုံခြုံရေးချာတိတ်က သူ့ခါးက ကျည်မပါတဲ့ပစ္စတိုကို မကိုင်ရဲကိုင်ရဲစမ်းရင်း အနားမကပ်ရဲဘူး...
..
အဲ့ တရုတ် သေနတ်ပြပြီး ရပ်ခိုင်းလို့ရပ်သွားတဲ့ taxi ပေါ်ရောက်သွားတော့ လူအုပ်ကြီးက taxi ကို ခဲတွေနဲ့ဝိုင်းထုတယ်အသေခံပြီး အဲ့ တရုတ်ကို ကားပေါ်ကဝိုင်းဆွဲချကြတယ် သူက နောက်ထပ် ၂ ချက်ထပ်ပစ်တယ်..
မြန်မာ့သွေးလေ.. ကားပေါ်ကနေဆွဲချပြီး အုတ်နီခဲတွေ တုတ်တွေနဲ့ဝိုင်းလိုက်ကြတာ အခြားပို့စ်က ပုံတွေမှာမြင်တဲ့အတိုင်းပဲ...မိပြီဆိုတော့မှ..

" ဟေ့ .. မဆိုင်တဲ့သူတွေ အကုန်ဘေးဖယ် "

ဆိုတဲ့ စကားကြီးကိုမိန့်ကြားလိုက်တော့ ..
" မဆိုင်သူတွေသာ ဝင်မပါကြေးဆို ခင်ဗျား ခုရောက်လာချိန် လေဆိပ်မှာ သေနတ်တစ်ဒိုင်းဒိုင်းပစ်နေတဲ့ ခင်ဗျားအဖေက taxi စီးပြီး ၈ မိုင်ရောက်နေပြီ " ဆိုတော့ ပြန်တောင်မပြောရဲဘူး ဖူးစတားကြီးက..ကျနော်လဲ မသိဘူး..ဒါပေမယ့် သေချာတာကတော့ သူ အထဲဝင်ရတော့မယ်..
..
လေးစားစရာကတော့ လေဆိပ်က taxi သမားတွေပါပဲ သူတို့ဝိုင်းလိုက်လို့ မိတာ..
သေနတ်ကတော့ 9mm ထက်ပိုကြီးမယ် ထင်တယ်
9mm က ဖန်းဖန်းပဲမြည်တာလေ..
ခုဟာက ကျနော့်ရှေ့ ပေ ၂၀ လောက်မှာပစ်တာ ဘောင်းဆို ယမ်းကန်အားက မီးခိုးပြာတွေတောင်ထွက်တယ်.. ပြောင်းကလည်းရှည်တော့ .
.45 ထင်တာပဲ ခါးမှန်တဲ့ taxi သမားတောင် တစ်ချက်တည်းနဲ့ အပြီးပဲလေ..


ဖမ်းဆီးရမိထားသူ ၏ အိမ်ကိုဝင်ရောက်စစ်ဆေးမှု


န်ကုန်မြို့တွင် ဦးကိုနီအသတ်ခံရသည်နှင့်ပတ်သက်၍ တရားခံဟု ယူဆရသူနေထိုင်သည့် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်း၊ ၇၃လမ်းနှင့် ၇၄ ကြားရှိနေအိမ်အား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး လုံခြုံရေးယူထားကာအပြင်လူများဝင်ရောက်မှုကို ကန့်သတ်ထားခဲ့သည်ဟုသိရပါသည် ။
ဦးကိုနီအား သနတ်ဖြင့် ပစ်ခတ်မှုဖြင့် ဖမ်းဆီးရမိသူသူ ဦးကြည်လင်း ဆိုသူသည်
မန္တလေးမြို့  ၃၄လမ်း ၇၃-၇၄ ကြားတွင်
ယန်ဆန်းခေါက်ဆွဲဆိုင်ဖွင့်ထားသူဖြစ်ကြောင်းသိရပါသည် ။

သူ့အိမ်ထဲတွင် ချိတ်ထားသောပုံမှာ
ကြယ်သုံးပွင့်နဲ့  တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ. တစ်ခုမှ ဖြစ်သည်ဟုဆိုပြီး မည်သည့်လက်နက်ကိုင်တပ်ဖွဲ.မှန်းမသိရကြောင်း Facebook User တစ်ဦးမှ ဖော်ပြလာခဲ့ကာ
ဝင်ရောက်စစ်ဆေးစဉ်သူ့ သမီးနှင့် မိန်းမမှာ မုန့် စားမပျက်တီဗွီကြည့် မပျက်ရှိနေခဲ့သည်ဟု ဆိုပါသည် ။

( သို.သော် နောက်ပိုင်းသိရသော သတင်းများအရ အထက်ပါပုံမှာ ခေတ္တ၀င်ရောက်အနားယူသောဆိုင်မှပုံကိုရိုက်ယူပြီး တင်ကြခြင်းဖြစ်ကြောင်း နှင့် ကာယကံရှင်မိသားစုမှလည်း ထိုကဲ့သို.မဟုတ်မမှန်ရေးသားဖြန်.ဝေမှု များကို အရေးယူမည်ဖြစ်ကြောင်း လည်း သိရပါသည် ။ ထိုအိမ်မှာလည်း ဦးကြည်လင်းဆိုသူနှင့် မည်သို.မျှမသက်ဆိုင်ကြောင်း သိရပါသည် )

ဦးကိုနီ ပစ်ခတ်ခံရမှုအပေါ် ပြောကြားမှု နှင့် တိုက်တွန်းချက်များ

ဦီးကိုနီလုပ်ကြံခံရတဲ့ကိစ္စ ဘာသာရေးပဋိပက္ခမဖြစ်စေချင်ဘူးလို့ အစ္စလာမ်ဘာသာရေးဥက္ကဌပြော

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ဥက္ကဌ ဦးမြင့်မောင်ရှိန်

တရားလွတ်တော်ရှေ့နေဦးကိုနီလုပ်ကြံခံရတာနဲ့ပတ်သတ်ပြီး ဘာသာရေးပဋိပက္ခတွေမဖြစ်စေချင်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး ဥက္ကဌ ဦးမြင့်မောင်ရှိန်ကပြောကြားလိုက်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ သည်ကနေ့ ငါးနာရီဝန်းကျင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ အဆိုပါကိစ္စကြောင့် မွတ်စလင်ဘာသာရေးအဖွဲ့စည်းတွေနဲ့ အငြင်းပွားခဲ့မူများရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လက်ရှိအချိန်မှာတော့ တရားဥပဒေအတိုင်းသာ လက်ခံဆောင်ရွက်သွားမယ်လို့ ဥက္ကဌ ဦးမြင့်မောင်ရှိန်ကပြောပါတယ်။
“ကျွန်တော်တို့အဆင့်နဲ့တော့ ဒီကိစ္စကိုဘယ်သူကလုပ်ကြံတယ် ဘယ်သူကခိုင်းတယ် ဘယ်သူကနောက်ကွယ်မှာ လူပ်ရှားတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာ လုံးဝလက်လှမ်းမမှီနိုင်ပါဘူး”လို့. သူကပြောပါတယ်။
ထွက်ပေါ်လာတဲ့ ပုံတွေအရကျူးလွန်သူဟာ နောက်မှအနီးကပ်ပြီး ၉မမပစ်စတိုနဲ့ ဦးခေါင်းကိုချိန်ကာ ပစ်သွားခြင်းဖြစ်ပါတယ်။ လုပ်ကြံခံရတဲ့နေရာဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးဖြစ်တဲ့အတွက် ၄င်းတို့အနေနဲ့ လွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့ သူကဆက်ပြောပါတယ်။
“အထူးသဖြင့်ဒီလိုနေရာကြီးမှာ လုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ အထူးသဖြင့် ကျွန်တော်လုံခြုံရေးကိုလုံးဝအားမရပါဘူး ဒီလိုလူတစ်ယောက်ဆုံးရူံးလိုက်ရတာဟာ ဒီမိုကရေစီကိုလက်ခံလျှောက်လှမ်းနေတဲ့လူတွေအားလုံး အတွက်လွန်စွာဆုံးရူံးရပါတယ်”လို့ သူကပြောပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုအပေါ် အလွန်အကျွံ တုံ့ပြန်မှု မပြုရန် အန်အယ်လ်ဒီ တိုက်တွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဥပဒေအထောက်အပြုအဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရတဲ့အပေါ်မှာ အဖွဲ့ဝင်တွေအနေနဲ့ အလွန်အကျွံ တုံ့ပြန်မှုမပြုဘဲ တည်ငြိမ်မှုနဲ့ ရင်ဆိုင်ဖို့ အန်အယ်လ်ဒီပါတီက ဇန်နဝါရီ ၂၉ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဦးကိုနီဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဖွဲ့ချုပ်အတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို အနီးကပ်လုပ်ကြံတဲ့သူကို ဖမ်းဆီးထားတဲ့အပြင် ကြံရာပါတွေကို အဆောတလျင် ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုးပမ်းနေတယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် လုပ်ကြံသတ်ဖြတ်သူကို တားဆီးရင်း အသက်ပေးခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က အဖွဲ့ချုပ်အဖွဲ့ဝင် တက္ကစီမောင်းသမား ဦးနေဝင်းနဲ့ ဝိုင်းဝန်းပံ့ပိုးသူတွေကို ချီးကျူးဂုဏ်ပြုတယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။
အလားတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ဦးကိုနီ လုပ်ကြံခံရတဲ့အတွက် တိုင်းပြည်မှာ ဥပဒေပညာရှင်တယောက် ဆုံးရှုံးရတဲ့အပေါ် နှမြောတသ ဖြစ်ရပြီး အကြမ်းဖက်မှုတွေကို ဆန့်ကျင်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။
လူသတ်သမားကို မိနိုင်ရေးအတွက် ကူညီပေးသူ တက္ကစီယာဉ်မောင်းကို ဂုဏ်ပြုထားပြီး အကြမ်းဖက်လုပ်ကြံမှုကို အမှုမှန်ပေါ်ပေါက်ဖို့ အမြန်ဆုံး အရေးယူပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Ref ;  Mizzima , Annawar Soe Wai , Phyowai Thinn ,  DVB ,The Voice & ကုမုဒြာ