Saturday, October 29, 2016
မြောင်းမြ အထက ခွဲ ကျောင်း သရဲပူးကြခြင်းရဲ. နောက်ခံအကြောင်းများ နှင်. လက်ရှိအခြေအနေ
မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် လတ်တလောအခြေအနေ၌ ကျောင်းသူလေးများ အစုလိုက်အပြုံလိုက် သရဲပူးကပ်သည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာများအပြင် သတင်းမီဒီယာများပေါ်အထိ အုတ်အော်သောင်းတင်းဖြစ်ခဲ့ရသည်။ ယင်းဖြစ်စဉ်ကြောင့် သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများပါမကျန် အလုပ်များခဲ့ရပြီး အောက်တိုဘာ ၂၅ ရက်က ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီကိုယ်တိုင် လာရောက်အမိန့်ပြန်ကာ ရဲဌာနမှ သေနတ် ၁၈ ချက်ပစ်ဖောက်ခြောက်လှန့်ခဲ့ရသည်အထိ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားနေမှုကို ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းမှ ဂိုဏ်းဆရာသုံးဦးက ကုသပေးနေပြီး လတ်တလောအခြေအနေအား စောင့်ကြည့်ရဦးမည်ဟု ဒေသခံများက ဆိုသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ရှမ်းရေကျော်ကျေးရွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နုနုနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
ဒီဖြစ်စဉ် စ,ဖြစ်တာကစပြီး ပြောပြပေးပါခင်ဗျ။
စ,ဖြစ်တာကတော့ သားရယ်၊ မနှစ်ကတုန်းကတော့ ဆရာမကြီးတို့ ကျောင်းမှာ ၄၊ ၈၊ ၉၊ ၁၀ တန်းတွေ ည စာဖတ်ဝိုင်းလုပ်ကြတယ်။ စက်တင်ဘာ ၂၅ ရက်က စခေါ်ခဲ့တယ်။ ဒီကျောင်းက ခြံစည်းရိုးမရှိဘူးလေ။ ကျောင်းသားတွေလည်း အေးအေးဆေးဆေးပဲ။ ဒီဇင်ဘာလောက်မှာ သချို င်္င်းကုန်းထဲမှာ လူစိမ်းနှစ်ယောက်တွေ့တာနဲ့ပတ်သက်ပြီး ကလေးဖမ်းတဲ့လူလို့ ထင်ပြီး မိဘတွေက ကြောက်အားလန့်အားနဲ့ ခြံစည်းရိုးခတ်လိုက်ကြတယ်။ ခတ်ပြီး ဒီဇင်ဘာကျောင်းပိတ်ရက်ကျောင်းပြန်ဖွင့်ချိန်မှာ ည စာဖတ်ဝိုင်းလုပ်တော့ ၄ တန်းကလေးတွေ ပူးကပ်တာတွေ ဖြစ်လာတယ်။ တယောက်စနှစ်ယောက်စ ပူးရာကနေ ရွာဦးက တောရကျောင်း ဆရာတော်ဦးသာဂရဆီသွားတော့ ပူးတဲ့သူက ၀က်သားစားချင်တယ်ပြောတော့ မကျွေးကြဘူး။ ပူးတဲ့သရဲက ၀က်သားစားချင်တယ်ပြောလေ မကျွေးဘဲနဲ့ ဆရာတော်ရဲ့ မေတ္တာပရိတ်ကြိုးနဲ့ပဲလေ။ ပျောက်ကင်းသွားတော့ ကျောင်းက ဆရာ၊ ဆရာမတွေက ၄ တန်း၊ ၈ တန်းကို ညကျောင်း ခေါ်လို့ မဖြစ်တော့ဘူး။ ကလေးတွေက ငယ်လို့ ဒီလိုပူးတာကပ်တာတွေ ထပ်ဖြစ်ရင် အန္တရာယ်ရှိတယ်ဆိုပြီး ၄၊ ၈၊ ၉ တန်းတွေကို မနက် ၇ နာရီခွဲကနေ မနက် ၉ နာရီအချိန်ကို တက်လိုက်တယ်။ ညနေကျောင်းဆင်း ၃ နာရီကနေ ၅ နာရီအထိ အချိန်ပိုသတ်မှတ်ပြီး သင်ပေးလိုက်တယ်။ သင်တန်းကိုတော့ ဆရာမတို့ကျောင်းမှာ မလုပ်တော့ဘဲနဲ့ မူကြိုကိုပြောင်းပြီး စခန်းသွင်းလိုက်တယ်။ စာကျက်တယ်။ အဲဒီတော့ ပူးကပ် တာတွေမရှိတော့ဘူး။ အေးအေးချမ်းချမ်းဖြစ်သွားတယ်။ ဒီနှစ် ၁၆/၁၇ ပညာသင်နှစ်မှာ အေးအေးချမ်းချမ်းပဲ။ ဇွန်၊ ဇူလိုင်၊ သြဂုတ်ထိကတော့ စက်တင်ဘာလကျတော့မှ ကလေးတွေ စပြီးတော့ ပူးကပ်တာတွေဖြစ် လာတယ်။ အဲဒါတွေကို မေးမြန်းလိုက်တဲ့အခါမှာ ဒီအဒေါ်ရဲ့သမီးပေါ့။ လွန်ခဲ့တဲ့ ၁၂ နှစ်က ဆုံးသွားတာ မခိုင်ခိုင်ရယ်၊ လွန်ခဲ့တဲ့ ၃၅ နှစ်က ဆုံးသွားတဲ့ ဒေါ်မြင့်ကြည်ဆိုတဲ့ အမျိုးသမီးရယ်၊ လွန်ခဲ့တဲ့ ၆ လလောက်က ဆုံးသွားတဲ့ သူဇာကျော်ရယ် သုံးယောက်က ၀င်ပြီးပူးကပ်တယ်။ ပူးတော့ ကဲ ပြောချင်ရာပြောပါ ဆရာမကြီးကိုယ်တိုင်ရှိပါတယ်။ လုပ်ပေးပါမယ်ဆိုတော့ သပိတ်သွပ်ပေးဖို့တောင်းဆိုတယ်။ သပိတ်သွပ်ရင် ကဲ ဘယ်မှာနေလဲဆိုတော့ ကျောင်းဆောင်သစ် ၇ တန်းအဆောင်မှာနေတယ်။ မိဘတွေရော ဆရာ၊ ဆရာမတွေရော ရွာဦးကျောင်း နှစ်ကျောင်းက ဆရာတော်တွေပင့်ပြီးတော့ အကုန်လုံးပင့်ပြီး သူတို့ကိုအမျှအတန်းပေးဝေလိုက်တော့ အေးချမ်းသွားတယ်။ အဲဒီမှာတင် ဆရာမကြီးတို့က အမိန့်ပြန်တယ်။ အမိန့်ပြန်စာကိုလည်း အခန်းထဲမှာ ဆရာမကြီးတို့က အခုချိန်ထိကပ်ထားတယ်။ အေးချမ်းသွားတော့ ဆရာမကြီးက မျက်စိခွဲဖို့ ရန်ကုန်ပြည်သူ့ဆေးရုံမျက်စိအထူးကုကိုသွားပြီး ကုတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ ခွင့်ယူပြီးသွားတဲ့အချိန် ကျောင်းကနေ လှမ်းဖုန်းဆက်တယ်။ ကျောင်းသူလေးယောက်ပူးတယ်တဲ့။ ဆရာမကြီးက မနှစ်က ပူးဖူးတဲ့အတွေ့အကြုံရှိတဲ့အတွက် ကဲ ဒါဆိုရင် သူတို့လိုအပ်တာရှိတာ ပြောမှာပဲဆိုတော့ ၆ ရက်နေ့မှာ မျက်စိခွဲရတယ်။ မျက်စိခွဲပြီး ၃ ရက် လောက်လည်းကြာရော မြို့နယ်ပညာရေးမှူးက လှမ်းပြီး ဆရာမကြီးမဖြစ်ဘူး ကျောင်းမှာပူးကပ်တာက ၁၀ ယောက်မက ၁၅ ယောက်မက ဖြစ်နေတယ်။ အခု မြို့နယ်အုပ်ချုပ်ရေးတွေပါ မြေစာရင်းတွေပါ အကုန်ပါကုန်ရတာပေါ့နော်။ ဆရာမကြီးပြန်လာလို့ မရဘူး။ မျက်စိက လှုပ်ရှားလို့ မရသေးဘူးလေ။ နောက် စက်တင်ဘာ ၂၃ ရက်မှာ ကျောင်းကိုပြန်ရောက်တယ်။ ပြန်ရောက်တော့ မြေစာရင်းက သချိုင်္င်းမြေကိုပြန်တိုင်းတဲ့အခါကျတော့ ကျောင်းဆောက်ထားတဲ့ ကျောင်းဆောင်သစ်က သချို င်္င်းမြေထဲမှာ လုံးလုံးပါနေတယ်။ ပါနေတော့ မြို့နယ်မြေစာရင်းက ကျောင်းရဲ့ မြေသားကို သချို င်္င်းမြေအဖြစ် သတ်မှတ်ပြီး သူတို့မြေကို အစားပြန်ပေး ပြီးဖြစ်လို့ ကျောင်းသူတွေကို မနှောင့်ယှက်ဖို့ ပြောရတယ်။ အဲဒီအချိန်မှာ သူရဲတွေက ဘာပြောသလဲဆိုတော့ ဆရာမကြီးကို မုန်းလို့လုပ်တာပေါ့။ ဘာကြောင့်မုန်းတာလဲဆိုတာ့ အစည်းအဝေးမှာ စကားများတာရှိတယ်တဲ့။ ဆရာမကြီးကလည်း မှတ်မှတ်ရရအစည်းအဝေးမှာ စကားကြီးကြီးကျယ်ကျယ်များတာ မရှိဘူး။ သရဲတွေရဲ့အဆိုအရတော့ အစည်းအဝေးမှာ စကားများတယ်ပေါ့။ မုန်းလို့လုပ်တာ နောက်ပြီး သူတို့က ကျွတ်ချင်လို့ အောက်လမ်းဆရာက သူတို့ကို ခိုင်းလို့လာရတာပါဆိုပြီး ပြောတယ်။ သူတို့ပြန်သွားရင် အောက်လမ်းဆရာက နှိပ်စက်တယ်တဲ့။ သူတို့ကို ဆရာနိုင်တာနဲ့ကုပေးဖို့ ပြောတယ်။ နိုင်တဲ့ဆရာ ဘယ်မှာလဲဆိုတော့ ရန်ကုန်က မီးခွက်ဈေးမှာရှိတယ်လို့ သူတို့ကပြောတယ်။ ရန်ကုန်မီးခွက်ဈေးက ဝေးလွန်းလို့ ငါတို့လည်း မသိဘူးပေါ့။ မြောင်းမြမြို့နယ်ထဲမှာ ရှိသလားပေါ့။ တပုန်းဘုန်းကြီးရှိတယ်ပြောတယ်။ အဲဒါနဲ့ ကျောင်းသူမိဘတဦးက သူ့သမီးကို အဲဒီဘုန်းတော်ကြီးဆီမှာသွားပြတော့ အခြေအနေ တော်တော်ကောင်းသွားတယ်။ အခြေအနေကောင်းပေမယ့် တခြားကလေးတွေကတော့ ထပ်ပူးနေတာပဲ။ အဲဒါနဲ့ ၀ါကျွတ်ရင် သူကျောင်းကိုလာပြီး သန့်ပေးမယ်ဆိုတော့ အဲဒီချိန်မှာပဲ မြောင်းမြက အသောကသီတဂူဆရာတော်ကြီးတွေ၊ မြို့နယ်က အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးတွေရော၊ မတ၀ ဥက္ကဋ္ဌတွေရော၊ ခရိုင်မှူးတွေရော၊ ခရိုင်ပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေရော အကုန်လုံးလာပြီး ဘုန်းကြီးတွေနဲ့ပင့်ဖိတ်ပြီး ဒီမှာ တရားနာ ဆန်မန်းသဲမန်းတွေလည်း အကုန်လုံးပတ်သွားတယ်။ ဒါပေမဲ့ ဆရာ တော်ကြီးတွေပြန်သွားတော့ ပူးတုန်းပဲ။ ပူးတဲ့အခါကျတော့ စာမေးပွဲဖြေရင်လည်း နှောင့်ယှက်မယ်လို့ သရဲတွေက ပြောတုန်းပဲ။ ပြောတဲ့အတိုင်းပဲ စာမေးပွဲဖြေချိန် သူတို့နှောင့်ယှက်တာပဲ။ ပထမနေ့က သူတို့ခုံနံပါတ် တိုင်း ဖြေခိုင်းပေမယ့် နောက်နေ့ပူးတဲ့ကလေးတွေကြီးပဲ စုပြီးထပ်ဖြေခိုင်းတယ်။ အဆောင်တဆောင်မှာ သပ်သပ်ထားပြီး ဖြေခိုင်းတာပေါ့။ အဲဒါလည်း ပူးတာပဲ။ ၃ ရက်ဆက်တိုက်ပူးတာပေါ့။ ပူးတဲ့အချိန်မှာ ခါတိုင်း ဆရာတော်ရဲ့ ပရိတ်ရေပက်လိုက်ရင် ညှိုးကျသွားတယ်။ ရုန်းရင်းကန်ရင်း မလုပ်တော့ဘူး။ ရုန်းရင်းကန်ရင်းနဲ့ ဆရာမကြီးကို သတ်ချင်ဖြတ်ချင်တဲ့ပုံစံတွေပါ ဖြစ်လာတယ်။ ဒါဆိုရင်တော့ နင်သရဲမဖြစ်နိုင်ဘူး။ အောက်လမ်းပဲထင်တယ်ဆိုတော့ အဲဒီမှာ ပိုပြီးတော့ ဆရာမကြီးနောက်ကို လိုက်တာ။ အဲဒီတော့ ဆရာမကြီးက တာဝန်ကျတဲ့ ရဲလေးရယ်၊ ဆရာတွေရယ် ၀ိုင်းပြီးတော့ ချုပ်ထားတာတောင် မရချင်ဘူး။ အဲဒါနဲ့ ဆရာမကြီးက ဒီဘက်အဆောင်မှာ လာနေတယ်။ နောက်ဆုံး ဆရာတွေက တောင်းပန်ပြီးတော့ ကလေးတွေလည်း စာမေးပွဲဖြေနေရတာ မောလည်း မောလှပါပြီ။ အဲဒီတော့မှ ထွက်သွားတယ်။ အဲဒီကစပြီး ဒီရွှေရင်ကျော်ဆရာကြီးတွေက မေတ္တာနဲ့ကုသချင်ပါတယ်ဆိုပြီး ကုတဲ့အခါကျတော့ အောက်လမ်းနဲ့ တိုက်ထားတာ။ ဘာကြောင့်လဲဆိုတော့ ဒီမှာ ၀ါဆိုသင်္ကန်းကပ်ဖို့ ၃၀၀ နဲ့ ၅၀၀ ကောက်တာ မကျေနပ်ဘူး။ အဲဒါ ကောက်ပြီး ပေါင်မုန့်နှစ်ချပ်ကျွေးတာလည်း မကျေနပ်ဘူး။ အချိန်ပိုတွေ ခေါ်တာလည်း မကျေနပ်ဘူးပြောတယ်။
မေး- ဒီဖြစ်စဉ်ကြောင့် ဆရာမကြီးအနေနဲ့ အနှောင့်အယှက် ဖြစ်မိသလား။
ဖြေ- သူတို့ကဖြစ်ပြီးရင် နာရီဝက်အတွင်းလောက်ဆို ပြန်ကောင်းနေတော့ သင်ကြားရေးတော့ မပျက်ဘူး။ ဖြစ်နေချိန်မှာတော့ စိတ်ညစ်တာပေါ့။ ကျန်တဲ့အချိန်ကျ သိပ်မခံစားရပါဘူး။
မေး- ဒီကျောင်းကို အမဲသားမယူရဘူးဆိုပြီး ကြေညာထားတာ။ ဘာကြောင့်လဲဗျ။
ဖြေ- ဟုတ်တယ်။ ဆရာတော်ကြီးတွေရဲ့ ဥာဏ်စဉ်နဲ့ကြည့်တော့ ဒီအထဲမှာ သရဲတွေကို အမဲသားကျွေးပြီး စေခိုင်းထားတာမြင်တော့ အမဲသားကိုလည်း ဒီကျောင်းထဲကို ယူခွင့်လည်းမပေးဘူး။ ဆရာမကြီးကိုလည်း တသက်လုံး အမဲသားမစားဖို့ ဆရာတော်ကြီးတွေက ကတိတောင်းပါတယ်။
မေး- မနေ့က စက်တင်ဘာ ၂၅ ရက်မှာ ဧရာဝတီတိုင်းဝန်ကြီး ချုပ်လာတယ်။ ဘာတွေလုပ်သွားလဲ။
ဖြေ- ၀န်ကြီးချုပ်လာတော့ သချို င်္င်းမြေကို သူကလည်း အမိန့်ပြန်တယ်။ မင်းအမိန့်နဲ့ပေါ့။ နောက်ပိုင်း မနှောင့်ယှက်နဲ့ဆိုပြီး သေနတ် ၁၈ ချက်ဖောက်ပြီး အမိန့်ပြန်သွားတယ်။
မေး- အဲဒီလိုလုပ်တာတောင် ဒီနေ့ ကလေးတယောက်က ပူးနေသေးတာလား။
ဖြေ- ပူးတာလောက်ထိတော့ မဟုတ်ဘူး။ အရှိန်နည်းနည်းကျန်တာတို့ ပြောပါတယ်။ ဒီနေ့ကတော့ ကျောင်းမှာ အေးအေးချမ်းချမ်းဖြစ်နေပါပြီ။
မေး- စိတ်ပညာနဲ့ပတ်သက်တဲ့ ဆရာတွေလာကုပေးမယ်ဆို အဲဒါ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ- ဟုတ်တယ်၊ မြောင်းမြကိုခေါ်သွားပြီး စိတ်ပညာအထူးကုဆရာဝန်ကြီး ရန်ကုန်သင်္ဃန်းကျွန်းက ဆရာကြီးလာပြီး မြောင်းမြပရဟိတစွမ်းအားကျောင်းမှာ ကလေးတွေရော၊ မိဘတွေရောခေါ်ပြီး သားဖွားမီးယပ်အထူးကုဆရာဝန်တွေ စိတ်ရောဂါအထူးကု ဆရာဝန်တွေ အကုန်လုံးခေါ်လာပြီး သူတို့ကလေးတွေနဲ့ သူတို့ကုသမှုတွေလုပ်ပါတယ်။
မေး- ကုသမှုအပြီး ဘာမှတ်ချက်ပေးလဲ။
ဖြေ- သူတို့ပညာလည်း ကျွန်မတို့က သိပ်နားမလည်တော့ ဒီကလေးတွေ ငါးယောက်တ၀ိုင်းမှာ ဆရာဝန်တယောက်နဲ့ သူတို့မေးချင်တဲ့မေးခွန်းYes or No မေးပြီးတော့ ကုသတာတွေ့ပါတယ်။ ကျန်တာတော့ ထူးထူးခြားခြား စမ်းသပ်တာ မတွေ့ဘူး။
မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဆရာမကြီးတို့ရော၊ အစိုးရပိုင်းကပါ အလုပ်များကုန်ပြီလို့ ပြောလို့ရတာပေါ့။ ဆရာမတို့ သက်ဆိုင်တဲ့ဌာနက ဘာပြောသေးလဲ။
ဖြေ- ဘာမှ ညွှန်ကြားတာမရှိဘူး။ ဒါပေမဲ့ သတိနဲ့ထားပြီးတော့ နေဖို့ပဲပြောတယ်။ ဒီရဲ့မြားဦးက ဆရာမကြီးကို လှည့်တာဆိုတော့ ဆရာမကြီးလည်း သတိထားပြီးတော့ နေရတာပေါ့။
မေး- ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆရာမကြီး ဘာများဖြည့်စွက်ပြောချင်လဲ။
ဖြေ- ဆရာမကြီးကို မလိုလို့လုပ်တဲ့အတွက်ကြောင့် ကလေးတွေက ကံနိမ့်လို့ထိတာပေါ့။ နောက်လည်း ဒီလိုထပ်လုပ်မယ်ဆိုရင် ဆရာမကြီးက ကြောက်တယ်လေ။ ပြောင်းချင်တဲ့ဆန္ဒတော့ ရှိတာပေါ့။ နိုင်ငံ တော်အကြီးအကဲတွေက ဘယ်လိုလုပ်ပေးမလဲမသိဘူး စောင့်ကြည့်ရဦးမယ်။ ကျွန်မကတော့ ဒီမှာနေရတာ တော်တော်လေးအန္တရာယ်နီးကပ်နေတယ်လို့ခံစားရတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေရင်ကျော်ဂိုဏ်းမှ ဦးခင်သန်းအားလည်း မေးမြန်းဖြစ်ခဲ့သည်။
မေး- ဆရာတို့ ကူညီပေးရတဲ့ အခန်းကဏ္ဍက ဘယ်လိုပုံစံမျိုးပါခဲ့လဲ။
ဖြေ- ကျွန်တော်တို့ကတော့ ဘယ်လိုခေါ်မလဲဆိုရင် ဖေ့စ်ဘွတ်ထဲမှာတွေ့တဲ့အခါကျတော့ ကျောင်းသားလေးတွေ ကလေးတွေ အရှက်တကွဲအကျိုးနည်းဖြစ်နေကြတာတွေ ကျောင်းသားလေးတွေရဲ့ မိခင်တွေ ဘယ်လိုခံစားရမလဲဆိုတာကို ကျွန်တော်တို့ တွေးပြီးတော့ ပူမိတယ်ပေါ့နော်။ ကိုယ်ချင်းစာတရားလေးလည်း ထားခဲ့တယ်ပေါ့။ ကျွန်တော်တို့ လည်း သားသမီးတွေရှိသည်ဖြစ်တဲ့အတွက် ကျောင်းသားမိဘနဲ့ ကျောင်းသားလေးတွေကို သံယောဇဉ်ပိုပြီးထားတယ်။ ကရုဏာလေးတွေ ထားတယ်။ အရှက်တကွဲ အကျိုးနည်းတာလေးတွေလည်း ဖြစ်မှာစိုးလို့ ကူညီရခြင်းလည်း ဖြစ်တယ်။ အဲဒီတော့ ဒီနေရာကို ရောက်လာဖို့ ညီအစ်ကိုတွေ အကုန်လုံးတိုက်တွန်းပြီးတော့ စည်းစည်းရုံးရုံးနဲ့လာရောက်ပြီး ဒီနေရာမှာ အကူအညီတောင်းခံပြီးတော့ ဒီကလေးတွေကို ကယ်တင်ရတယ်ပေါ့။ ကယ်တင်ရတဲ့အခါမှာလည်း အခက်အခဲလေးတွေရှိတာပေါ့ သားရယ်၊ အဲဒီ အခက်အခဲလေးတွေ ကျော်လွှားနိုင်အောင်လို့လည်း ကျေးရွာအုပ်စုတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကျောင်းအုပ်ဆရာမကြီးတွေ ဒီက ရွာခံက ဆရာကိုစိုးလွင်တို့ သူတို့အပါအ၀င်ပေါ့။ ဒီကျောင်းကြီးမှာ မိဘတွေ၊ ကျောင်းသားတွေ စိတ်ချမ်းသာသွားအောင် ဆရာတို့ အတတ် နိုင်ဆုံးတတ်သမျှပညာနဲ့ အကုန်လုံး အစွမ်းကုန်ကူညီပေးခဲ့တယ်ပေါ့။
မေး- ဆရာတို့ ဒီကိုဘယ်နေ့ကနေစပြီး အကူအညီပေးခဲ့တာပါလဲ။
ဖြေ- သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ကနေ အကုန်လုံးရောက်တာပေါ့နော်။ ရောက်ပြီးတော့ ညီအစ်ကိုတွေ ပင်လယ်လေးတံတားမှာ ချိန်းပြီးတော့ ညတွင်းချင်းပဲ ဆရာတို့ မောင်းချလာတယ်။ မနက် ၉ နာရီကျတော့ ညီအစ်ကိုတွေ သူ့အဖွဲ့ကိုယ့်အဖွဲ့စုံကြပြီးတော့ ဒီကို ရောက်လာကြတာပေါ့နော်။ ရောက်တယ်ဆိုရင်ပဲ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာပဲ တိုက်ပွဲက ၀င်ရတာပေါ့။ ဒီကလေးလေးတွေကို ၁၄ ရက်နေ့ တနေ့၊ ၁၅ ရက်နေ့ တနေ့၊ လပြည့်ကျော် ၁ ရက်နေ့မှ ဇာတ်လမ်းက ပြီးဆုံးသွားတယ်ပေါ့နော်။ ပြတ်သွားတယ်ပေါ့။ အောင်ပွဲခံလိုက်တယ်ပေါ့။
မေး- ဆရာတို့က ဘယ်ကနေလာကြတာပါလဲ။
ဖြေ- ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၈ ရပ်ကွက် ဇီဇ၀ါလမ်း အမှတ် (၁၁) ဆရာဦးခင်သန်းဆို မေးလို့ရပါတယ်။ ညီလေးက လပွတ္တာမြို့နယ်၊ (၈)ရပ်ကွက် ၃ လမ်းမှာ နေတယ်။ သူတို့ ညီအစ်ကိုတွေက တရပ်ကွက်ထဲ။
မေး- ဆရာတို့ ဒီကိုရောက်တော့ ထူးခြားမှုဘာတွေတွေ့လဲ။ ဆရာတို့ အခက်အခဲတွေ ဘယ်လိုရှိလဲ မသိဘူး။
ဖြေ- အခက်အခဲတွေ ဘယ်လိုရှိလဲဆိုတော့ သူတို့ကုရတဲ့နေရာမှာ တော်တော်လေးကိုခက်ခဲပါတယ်။ တော်တော်လေးကို တိုက်ကွက်တွေလည်း ဆင်ခဲ့ရတယ်ပေါ့။ နောက်ပိတ်ဆုံးပွဲမှာကတော့ ကျွန်တော်တို့ ဒုတိယနေ့မှာ ကျွန်တော်တို့ ဆရာကြီးကို ဒီပွဲကို အောင်ပွဲခံမယ်။ ကျွန်တော်တို့ ဆရာကြီး ဧရာဝတီတိုင်း ကျုံမငေးမြို့က ဆရာကြီး ဦးသန်းရွှေကို ကျွန်တော်တို့ ပင့်တယ်။ ဒီပွဲကို ဇီဝိတဒါနနဲ့ ကျွန်တော်တို့လှူတယ်။ ကယ်တင်တယ်။ ကျွန်တော်တို့ ဆရာကြီးကို လက်အုပ်ချီဂါဝရတရားလေးနဲ့ ကန်တော့ကြမယ်ပေါ့နော်။ ကျောင်းသားတွေနဲ့၊ ကျွန်တော်တို့ အဲဒီလိုရည်ရွယ်ချက်နဲ့ ပင့်လိုက်တယ်။ ပင့်ပြီးတော့ နောက်ဆုံးဖိုင်နယ်မှာ အသက်ထပ်ပွဲလို့ခေါ်ရမှာပေါ့နော်။ အသက်ထပ်ပွဲ၊ ပညာပြိုင်တဲ့ပွဲပေါ့။ ကျွန်တော်တို့ မနိုင်ရင်လည်း ကျွန်တော်တို့ အဲဒီနေရာမှာ သေရမယ့်ပွဲပေါ့နော်။ ကျွန်တော်တို့ကတော့ ဂိုဏ်းကလူမသတ်တဲ့အတွက် သူတို့ကိုတော့ ပညာသားပါပါလေးနဲ့ပဲ ဆုံးမပေးလိုက်ပါတယ်။ အသက်အန္တရာယ်ဖြစ်အောင်တော့ မလုပ်လိုက်ပါဘူး။ ဒါပါပဲ။
မေး- အခု ဆရာတို့သိရတဲ့ အနှောင့်အယှက်က ဘာအနှောင့်အယှက်လဲခင်ဗျ။
ဖြေ-အောက်လမ်းတိုက်သရဲစွဲပါ။ အဓိကတရားခံက သူပဲပေါ့။
မေး- သချို င်္င်းမြေပေါ်မှာ ပါနေတဲ့အတွက်ကြောင့်လား။ တယောက်ယောက်က စေခိုင်းတဲ့အတွက်ကြောင့်လား။
ဖြေ- သချို င်္င်းမြေပေါ်မှာ ဒီကျောင်းကြီးဆောက်လို့ သချို င်္င်းမြေပါတယ်ဆိုတာက မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ တဦးတယောက်က မလိုလားလို့ အတတ်ပညာတွေနဲ့ တိုက်ခိုက်ခြင်းလို့ ကျွန်တော်တို့ကတော့ ယူဆတယ်ပေါ့နော်။ သချို င်္င်းမြေက သူက သချို င်္င်းမြေကနေပြီးတော့ ဒီဆရာက သချို င်္င်းထဲမှာရှိနေတဲ့ နာနာဘာဝတွေနဲ့ အုပ်စုဖွဲ့ပြီး ဒီကျောင်းကို တိုက်တာပေါ့။ ဒါပါပဲ။
မေး- မနေ့က ၀န်ကြီးချုပ်လာပြီးတော့ လုပ်သွားတယ်ဆိုတော့ ဒီနေ့လည်း ဒီလိုမျိုး နည်းနည်းလေးဖြစ်တယ်ဆိုတော့ အဲဒီလိုဖြစ်တဲ့အပေါ် ထင်မြင်ချက်လေးပြောပါဦး။
ဖြေ- ကျွန်တော်တို့ အယူအဆကတော့ သူ့ရဲ့ကျန်းမာရေးလို့ ယူဆတယ်။ မိစ္ဆာနဲ့ပတ်သက်ပြီးတော့ မဖြစ်နိုင်တော့ဘူးလို့ ယူဆတယ်လေ။ ကျွန်တော်တို့ လုပ်ရပ်ကို ကျွန်တော်တို့ ယုံကြည်တာကိုး။
ကျေးဇူးတင်ပါတယ် ဆရာ
ထိုကိစ္စရပ် နှင်. ပတ်သက်၍ ဧရာဝတီတိုင်း ၀န်ကြီးချုပ်၏ Page တွင် ယခုကဲ့သို.ရေးသားထားခဲ့ပါသည် ။
၂၅.၁၀.၂၀၁၆
ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင် ရှမ်းရေကျော်ကျေးရွာရှိအထက်တန်းကျောင်းခွဲတွင် စာသင်သားကလေးငယ်များထဲမှ အချို့သည်တစ်စုံတစ်ခုအနှောင့်အယှက်ခံရသကဲ့သို့
ရုတ်တရက်ငိုယိုခြင်း၊ အော်ဟစ်ယိမ်းထိုးခြင်းများနေ့စဉ်ရက်ဆက် နှစ်လ နီးပါးတိုင်တိုင်ဖြစ်ပွားခဲ့ပါသည်။
ကျေးရွာနေဒေသခံများကကျောင်းဆောင်သစ် စာသင်ခန်းပြတင်းပေါက်မှနေ၍ သင်္ချိုင်းဂူများအား အလွယ်တကူမြင်နေရခြင်း၊သင်္ချိုင်းဂူများသည် ကျောင်းဆောင်သစ်နှင့် နီးကပ်စွာတည်ရှိနေခြင်း၊
ကျောင်းဆောင်အသစ်ဆောက်လုပ်စဉ် သုသာန်မြေနယ်နိမိတ်အချို့ပါဝင်သွားခြင်းတို့ကြောင့်
ဝင်ရောက်ပူးကပ်ခြင်းဟု ယုံကြည်ယူဆကြသည့်အတွက်ကြောင့် ရဟန်းသံဃာများပင့်ဖိတ်၍ ပရိတ်ရွတ်ဖတ်ခြင်း၊ကျောင်းသားမိဘများ၏ ဆန္ဒအရ ရွှေရင်ကျော်ဆရာများနှင့် ကုသခြင်းများလုပ်ဆောင်ခဲ့ကြပါသည်။တိုင်းဒေသကြီးအစိုးရပိုင်းမှ
ပညာရေး နှင့် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခြင်း၊
ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေးဆေးရုံမှ စိတ်ပညာအထူးကုဆရာဝန်များနှင့်
ခေါ်ယူကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ကျေးရွာနေပြည်သူလူထု၊ ကျောင်းသား မိဘများနှင့်
ကလေးငယ်များ၏စိတ်အမြင်ရှင်းလင်းပြီးအနာဂါတ်တွင် ပျော်ရွှင်အေးချမ်းစွာစာသင်ကြားနိုင်ရန်အတွက်
ဝန်ကြီးချုပ်နှင့် အဖွဲ့သည်ကျေးရွာနေဒေသခံများ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေးကာ
အမိန့်ပြန်တမ်းထုတ်ပြန်ပေးခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ
လုပ်ဆောင်ခဲ့ပါသည်။
ဝန်ကြီးချုပ် Video မှတ်တမ်း
ကိုခက် News Watch(စောင့်ကြည့်သတင်းဂျာနယ်) & မန်းဂျော်နီ Page
Wednesday, October 26, 2016
ဝါးခယ်မ၏ ဂုဏ်ထူးဆောင် တစ်ကိုယ်တည်း အမျိုးသမီးကြီးများ
ကျမတို့ ၀ါးခယ်မက အပျိုကြီး တကယ်ပေါပါတယ်။အိမ်တိုင်း မိသားစုတိုင်းနီးနီးကို အပျိုကြီးတွေ ရှိကြပါတယ်။ ဒါ့ကြောင့် ၀ါးခယ်မမှာ အပျိုကြီးညီအမတွေ အိမ်လို့ ညွှန်းလို့မရပါဘူး။ အပျိုကြီး ညီအမတွေအိမ်က တအိမ်ခြားလောက်ရှိတတ်လို့ပါ။
အပျိုကြီး လုပ်ရတဲ့ (ဖြစ်ရတဲ့ မဟုတ်ပါ) အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိမှာပေါ့။
ရုပ်ဆိုးလို့၊ပါးစပ်ကြမ်းလို့၊ကပ်စေးနည်းလို့( အေးအေးမြင့် အပျိုကြီး လုပ်ရခြင်းအကြောင်းရင်းများလေ)ဆိုတာတွေလည်းရှိသလို
ရုပ်ချော သဘောကောင်း လိမ်မာရေးခြားရှိ ဆိုတဲ့ အပျိုကြီးတွေလည်း တပုံကြီးပါ။
ဝါးခယ်မသူ အပျိုကြီး အများစုကတော့ ပတ်ဝန်းကျင်မှာ အပျိုကြီးတွေ ချည်းပဲမို့ အပျိုကြီးဘ၀ကို နှစ်နှစ်ခြိုက်ခြိုက် ရွေးကြသူတွေ များပါတယ်။
(၀ါးခယ်မသားတွေ ညံ့လို့ မဟုတ်ပါကြောင်း)
အပျိုကြီးလုပ်ရခြင်း အကြောင်းထက် အပျိုကြီးဘ၀ကို ဘယ်လို ဖြတ်သန်းကြသလဲ ဆိုတာလေး လေ့လာမိသလောက် လော်ပေးချင်ပါတယ်။
တချို့ အပျိုကြီးတွေကတော့ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်စီးပွားကိုယ်ရှာ ကိုယ့်အထုပ်ကိုယ်ကျစ်ကျစ်ပိုက်ပြီး သေတော့ အထုပ်ကလေး သူများဆွဲသွားခံရတာလည်း ရှိပါတယ်။(လု အပျိုကြီး)
တချို့ အပျိုကြီးတွေကျတော့ စီးပွားရေးလည်း ဦးဆောင်နိုင်၊ဆွေမျိုးရေးလည်း ဦးဆောင်နိုင်တဲ့ ထက်မြက်သူတွေလည်း ရှိပါတယ်။(လူ အပျိုကြီး)
တချို့အပျိုကြီးက အကို၊မောင်၊အမ၊ညီမတွေကို မှီခိုပြီး သူတို့အိမ်မှာ ကလေးထိန်း ထမင်းချက်နဲ့ ဘ၀ကို ကုန်လွန်ကြတာလည်း ရှိပါတယ်။(လူး အပျိုကြီး) 
အဲဒီ အပျိုကြီး အမျိုးမျိုးထဲက ၀ါးခယ်မရဲ့ နာမည်ကျော် အပျိုကြီး တချို့အကြောင်းလေး စူးစမ်းစပ်စုမိပါတယ်။
သီတင်းကျွတ်လပြည့်နေ့က ၀ါးခယ်မစက္ခုပါလ မျက်စိခွဲစိတ်မယ့် အစီအစဉ်အတွက် ဆရာမဒေါ်ခင်ရီတို့ ညီအမတွေက အလှူငွေထည့်ချင်တယ်ဆိုလို့ ဆရာမတို့ အိမ်ကို အလှူခံ ချီတက်ကြပါတယ်။
၉၁ နှစ် ၁လ ရှိပြီဆိုတဲ့ ကျမတို့ ၈တန်း သမိုင်းဆရာမ ဒေါ်ခင်ရီ၊၈၅နှစ် ရှိပြီး ဆံပင်တွေ နက်နေဆဲ ဆရာမ ဒေါ်သိန်းကျော်၊? ၇၉ နှစ် ညီမ ဒေါ်ခင်ကြည်တို့က အလှူ ကိုယ်စီ ထည့်ကြတာပါ။ အကြီးဆုံး ဆရာမ ဒေါ်ခင်ရီက မှတ်ဥာဏ်ကောင်းဆဲ၊ငယ်ငယ်က သူ့ကို အရာရှိတွေ စစိဗိုလ်တွေက လက်ထပ်ဖို့ လာရောက် တောင်းရမ်းပေမယ့် အခု မစဉ်းစားသေးဘူး၊စဉ်းစားတော့ အကြောင်းပြန်ပါမယ်လို့ ပြောခဲ့တယ် ဆိုတဲ့ အကြောင်း ဟာသလေးနဲ့ပြောပြပါတယ်။ ဆရာမတို့ဟာ ၀ါးခယ်မရဲ့ အင်းလျားကန်စောင်းလို့ ပြောနိုင်တဲ့ ဘိုးမင်းခေါင် ကန်ဘေးမှာ အိမ်ကြီးရခိုင်နဲ့ နေတဲ့ ပညာတတ်ဖခင် ရှေ့နေ ဦးဖိုးအောင်ရဲ့ ပညာတတ်ခေတ်မီ သမီးတွေပါ။ ဒေါ်သိန်းကျော်ဆို အဲဒီခေတ်က တင်းနစ်ရိုက်တဲ့ ခေတ်မီသူတဦးပါ။ဆရာမ ဒေါ်ခင်ရီဟာ အိမ်ထောင်ပြုဖို့ မစဉ်းစားဘဲ ညီမကမွေးတဲ့ တူလေးကို ပြုစုပျိုးထောင်ရင်း ကျောင်းဆရာမ ဘ၀နဲ့ တပည့်တွေကြား ပျော်တဲ့သူပါ။တူလေးကလည်း လိမ်မာသူပညာတတ်ဆိုတော့ ဆရာမတို့ ဘ၀ အိုဇာတာကောင်းတာ ၀မ်းသာစရာကောင်းပါတယ်။
ဝါးခယ်မမြို. သံဃာ.ဆေးရုံ
 နောက်အပျိုကြီး တဦးကတော့ သံဃာ့ဆေးရုံနဲ့ ၀ါးခယ်မ မဟာစည်ရိပ်သာခွဲ အလှူရှင် ဒေါ်ခင်မမဖြစ်ပါတယ်။မြို့ရဲ့ တခုတည်းသော သံဃာ့ဆေးရုံရှေ့က ဖြတ်တိုင်း အလှူရှင် ကမ္ဗည်းက ဒေါ်ခင်မမ-(မောင်)ဦးဘဘ ဆိုတာ ရင်းနှီးခဲ့ပါတယ်။စိန်တွေ ပြည်တောင်းနဲ့ ပိုင်တယ်လို့ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။လူကိုတော့ အပြင်မှာ မတွေ့ဖူးခဲ့လိုက်ပါဘူး။အခုတော့ ကွယ်လွန်သွားပါပြီ။
ယုဝတီ ဒေါ်ဒေါ်သိန်း
ဆရာမကြီး ဒေါ်ပိုက်မိ
ဝါးခယ်မမြို့မှာ မသိသူမရှိတာကတော့ ဆရာမကြီး ဒေါ်ပိုက်မိပါ။ မောင်ဝမ်းကွဲ ဦးအံ့ကျော်၊ဦးအောင်မင်းအပါအ၀င် ဆွေမျိုးများကို ပညာတတ်များဖြစ်အောင်၊ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။အသက် ၉၀ အရောက် ၂၀၁၃ခုနှစ် မှာ ကွယ်လွန်သွားခဲ့တဲ့ အချိန်ထိ တမြို့လုံးက တပည့်၊တပည့်သား၊တပည့်မြေးများ အထိ မှတ်မိအောင် မှတ်ဥာဏ်ကောင်းသလို စီမံခန့်ခွဲမှုလည်း ကောင်းသူဖြစ်ပါတယ်။ကျောင်းကြီး ကျောင်းအုပ်အဖြစ် ၂၄နှစ်တိုင်တိုင် ထူးချွန်တဲ့ ကျောင်းသားတွေ မွေးထုတ်ပေးခဲ့တဲ့ ဆရာမကြီးဟာ တမြို့လုံးရဲ့ အမေဖြစ်ပါတယ်။ကွယ်လွန်ချိန်ထိ မြေပေါ်မှာ သူ့နာမည်နဲ့ အဆောက်အဦး ထင်ရှားဆောက်လှူတာမျိုး မရှိပေမယ့် တမြို့လုံးရဲ့ နှလုံးသားထဲမှာ ပညာဆီမီးထွန်းညှိပေးသွားနိုင်တဲ့ အဖိုးတန်မြ.... အပျိုကြီး ဖြစ်ပါတယ်။
မိတ်ဆွေကောင်း အပျိုကြီးတို့လည်း ရှေးက အဖိုးအမျိုးမျိုးတန်ကြတဲ့ အပျိုကြီးများကို ကြည့်ပြီး ကိုယ့်အလှည့်ကျရင် ဘယ်လို အပျိုကြီးမျိုး လုပ်ကြမှာလဲလို့ လမ်းရွေးထားကြဖို့ ဖြစ်ပါတယ်။
Written by Dr Aye Aye Myint
Wednesday, October 19, 2016
Myanmar Navy Seal တပ်ဖွဲ.၀င် ဖြစ်လိုပါသလား
Myanmar NAVY SEAL တပ်ဖွဲ့ဝင်ဖြစ်ချင်ပါသလား?
လိုအပ်သည်များ၊ သင်တန်းအကြောင်းအနှစ်ချုပ် နှင့် ဆက်သွယ်ရန်လိပ်စာ
Navy Seal သင်တန်းတတ်ရန်လိုအပ်သည်များ
မြန်မာ Navy Seal တပ်ဖွဲ့ဝင်ဖြစ်ဖို့  Navy seal ထဲကို ဒါရိုက်တန်းဝင်လို့မရပါဘူး
အရင်ဆုံး ရေတပ်စုဆောင်းရေးကို အရင်သွားရပါမယ်
လိုအပ်တဲ့ စာရွက်စာတမ်းက ..
၁။ (၁၀) တန်းအောင်လက်မှတ်
၂။ မိဘ သဘောတူညီချက်
၃။ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်မိတ္တူ
၎။ ကာယကံရှင် မှတ်ပုံတင် မိတ္တူ
၅။ ကျောင်းထောက်ခံချက်
၆။ ရဲစခန်းထောက်ခံချက်
၇။ ရပ်ကွက်ထောက်ခံချက်တို့လိုပါတယ်။
ပြီးရင်ရေတပ်စုဆောင်းရေးမှ တဆင့် စစ်အခြေခံ (၄) လ တက်ရောက်ပြီး
မိမိလိုချင်တဲ့ ရေတပ်က ပညာသည်အုပ်စုကို လျှောက်ရပါမယ် ပည(ပညာသည်)အုပ်စုရတာနဲ့
ရေတပ်လေ့ကျင့်ရေးကြောင်းမှာ ပညာသည်အုပ်စုရဲ့ သင်တန်းကို လအလိုက် လေ့ကျင့်သင်ကြားပေးပြီး အခု Navy Seal မရခင် (က)ရေငုပ်သင်တန်း စတက်ရပါတယ်
ရေငုပ်သင်တန်းအောင်လက်မှတ်ရရင်တော့
(ခ) နောက်ထက် လေးထီးခုန်သင်တန်းထက်တက်ရပါတယ်
ထိုသင်တန်းတွေကို အောင်မြင် ပြီးရင်တော့ Navy Seal တပ်ဖွဲ့ဝင်အဖြစ်ရပါပြီ။
စိတ်ဝင်စားလို့ အသေးစိတ်သိချင်ရင်ရန်ကုန်သံလျှက်စွန်းဧရာဝတီရေတပ်စခန်းဌာနချုပ် ရှိ ရေတပ်စုဆောင်းရေးသို့ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်  
Navy Seal သင်တန်းအကြောင်း
ငရဲသားတို့ ရဲ့ ငရဲရက်သတ္တပတ် (Hell Week)
Navy Seal ဆိုတဲ့ ရေတပ်အထူးတိုက်ခိုက်ရေးသင်တန်းဟာUSNavySealသင်တန်းအတိုင်းတိုက်ရိုက်
ယူထားပါတယ်..နာရီပေါင်း ၁၂၀ တိတိမအိပ်မနားတက်ရတဲ့သင်တန်းပေါ့..အရင်တုန်းက (၁) ပတ်တိတိပါသင်တန်းကာလမှာပင်ပန်းပြီးတချို့ကိုယ့်နာမည်ကိုယ်မမှတ်ထိတဲ့အထိဖြစ်ကြလို့ (၂) ရက်ပြန်လျော့ထားပါတယ်..
Before Hell Week
ငရဲပတ်မစခင်တစ်လလောက်ကြံခိုင်မှုရှိအောင်မောင်းတယ်မနက် ၅ နာရီမှာ၃မိုင်မနားတမ်းပြေးရတယ်
လမ်းလျောက်ခွင့်မရှိ ရေငုပ်သင်တန်းမှာအကြောလျော့လေ့ကျင့်ခန်း အမျိုး (၃၀) ရှိတယ်
အကြောလျော့လုပ်ပြီးတိုင်းလက်ထောက် ၃၀အိပ်ထမတင် ၃၀ လုပ်ရတယ်..
အမျိုး ၃၀ လုံးပြီးမှptနားရတယ်မနက်စာအဖြစ်ထမင်းကြော် ကြက်ဥပြုတ်နစ်လုံး
လဘက်ရည်ရပါတယ်
မနက် ၈ နာရီမှာတော့ရေကူးဖို့အတွက်အမျိုး (၃၀) စလုံးနဲ့အကြောပြန်လျော့ရပါတယ် ...
ရေကူးရာမှာလည်းအခြားသင်တန်းများနင့်မတူပေ ...အပြင်မှာသင်တာက အမြန်ကူး ...
အခု Training မှာက တာဝေးကူးရေယက်တဲ့အသံမကြားအောင်ကူးရတယ် ...
ကြားရင် နည်းပြကရေလိုက်နစ်တယ် ...နည်းပြကိုယ်တိုင်လည်း ရေထဲမှာပဲနေပါတယ်
ရေကူးကို ကိုယ်ဖော့စသင်ပါတယ်ပက်လက်ဖော့ခြင်းဖြစ်ပြီး လှုပ်ရှားမှုသိပ်မရှိပေ
ရေထဲမှာအိပ်နေသလိုနှင့်တူတယ်ရင်ဘတ်ပေါ်ရေဘူးတင်ပြီးငြိမ်အောင်ထားရတယ်
ပက်လက်ကူး၊ တစောင်းကူး၊ ဖားကူး အကုန် သင်ရပါတယ်
မနက်ပိုင်းမီတာ၂၀၀၀ မနားတမ်းကူးရတယ် လေ့ကျင့်ေ ရးကွင်းကတော့ပင်လယ်ကြီးပင်
အခြားသင်တန်းတွေလိုရေကူးကန်မဟုတ်...လူတစ်ယောက်ရေနစ်ရင်၂ခါပေါ်ပြီးမှသာနည်းပြက
လာဆယ်တယ်လူတစ်ယောက်ရေနစ်ရင် ၃ ခါသာပေါ်တယ်နေ့လည်၁၂နာရီထမင်းစားနားရပါတယ်
ချက်ပြီးသားအသားကို ၁၀ သားပြည့်အောင်ချိန်ခွင်နှင့်ချိန်ပြီးကျွေးပါတယ်
စားသောက်မှုပုံစံတွေကိုဆရာဝန်ကသေချာညွှန်ကြားပြီး ညွှန်ကြားချက်နဲ့အညီကျွေးပါတယ်.
သင်တန်းကိုနေ့လည် ၁ နာရီမှာပြန်စပြီး ၃ နာရီမှာပြီးပါတယ်၎ နာရီမှာ pt ပြန်စပါတယ် ..
1st week မှာ.၂ မိုင်မနားတမ်း ...
2nd week မှာ၎မိုင် ...
3rd week မှာ၈မိုင် ...
4th Weekမှာ ၁၂ မိုင်ပြေးရပါတယ် ...
အပတ်စဉ် fri day မှာစံချိန်ယူတယ်၁ မိုင်ကို ၈ မိနစ် ဝင်အောင်ပြေးရတယ် ...မဝင်ရင် ... စနေ တနင်္ဂနွေမှာပြေးရတယ်..ဆေးအောင်မှဝင်ရပါတယ်ကိုယ်တိုင်းလည်း ဆန္ဒ ပြုရပါတယ် ...
အခန့်မသင့်ရင် သေ နိုင်ပါတယ်hell week မဝင်ချင်လို့ငြင်းရင်လည်းငြင်းခွင့်ရှိပါတယ် ...
အရေးယူမခံရပါ။
Hell Week
Sunday ည ၁၂ နာရီမှာ သင်တန်းမှူး ကသေနတ်ဖောက်အမှာစကားပြောပြီး လေ့ကျင့်ခန်းစတယ်
ရာဘာလေထိုးလှေတစ်စီးကို Crew ၇ ယောက်နဲ့ဖွဲ့စည်းထားတယ် ...လှေကိုထမ်းလိုက်တက်မကိုင်တဲ့ လူကတာဝန်အရှိဆုံးပေါ့ရွက်လိုက်နဲ့ ၁၃ မိုင်လျောက်ရပါတယ် ...ကြားထဲမှာtower jump ခုန်ရတယ်  
၁၅ ပေအမြင့်ကနေ ခုန်ရပါတယ်နည်းစနစ်မမှန်မခြင်း အကြိမ်ကြိမ်ခုန်ရတယ် tower jump ခုန်ပြီးတာနဲ့ ရေခဲရေနာရီဝက်လောင်းတယ်မနက် ၅ နာရီလောက်မှာ ၁၃ မိုင်ပြည့်တယ်
pt တစ်ခါတည်းတန်းဆင်း နာရီ ၁၂၀ လုံး uniform ဖိနပ်တစ်စုံထဲဘဲလဲခွင့်မရှိ
ညတိုင်း (၂) နာရီလောက်မှာထမင်းကျွေးတယ်လမ်းလျောက်ရင်းလည်းစားရပါတယ် ...
မနက် pt ပြီးတော့ breakfast စားပြီးတာနဲ့ ပြိုင်ပွဲတွေဆက်လုပ်ရပါတယ်
လှေအဖွဲ့လိုက်ပြိုင်ရတာ ရှူံး တဲ့အဖွဲ့က ပိုပင်ပန်းတာပေါ့၁၀ နာရီလောက်ကြတော့ ရွံပုတ်တွေနဲ့ပြည့်နေတဲ့လယ်ကွင်းကိုချီတက်ပြီး လယ်ကွင်းထဲမှာပြိုင်ပွဲလုပ်ပြီး
ပေအောင်လုပ်ရပါတယ် မီးရထားတွဲလိုရှေ့နောက်တစ်ယောက်ခါးကို တစ်ယောက်ကိုင် ဖင်ထိုင်ရက်
သွားတာတို့ အဖွဲ့လိုက်ပြိုင်ပြီးဂျွမ်းထိုးတာတို့ ကျားသစ် ချောင်းတက်တာတို့ပြိုင်ရပါတယ်။
ဒီပြိုင်ပွဲကို Training တွေက နည်းပြပေါ်မှာမူတည်ပါတယ်နည်းပြများဟာ ပြင်းထန်တဲ့လေ့ကျင့်ခန်းကို
ကိုယ်တိုင်ကြပ်မတ်ကြလို့ ငရဲမင်းများလို့တောင်တင်စားခေါ်ကြပါတယ် ..ရေသောက်ချင်တာဘဲဖြစ်ဖြစ်
အပေါ့အလေးသွားချင်တာဘဲဖြစ်ဖြစ်ငရဲမင်းဆီမှာခွင့်တောင်းရပါတယ်ငရဲမင်းကလည်းအလကားဘာမှ မပေး ဖားခုန် အခါ ၅၀ ဒိုက်ထိုး၅၀ စသည်ဖြင့်ငရဲပြည်မှာဘာတစ်ခုမအလကားမရလို့ ဒါဏ်ပေးတဲ့နည်းနဲ့ အကြိမ်ရေအတွက်ကို ငရဲမင်းဆုံးဖြတ်ချက်ပေါ်မူတည်ပြီးမှရေသောက်ခွင့်၊ အိမ်သာသွားခွင့်ရှိပါတယ်ရွံလူးထားလို့ညစ်ပတ်နေတဲ့အတိုင်းဘဲ စားရပါတယ်နွေရာသီဆို ရွှံပုတ်နံ့ကို တော်တော်ခံရပါတယ်ထမင်းစားလို့လူကလှုပ်ရင် ရွှံတွေကကွာပြီး ပန်ကန်ထဲကျ
ဒါမှမစားရင်စားစရာမရှိလို့ ဗိုက်ဆာဆာနဲ့ကြိတ်မှိတ် စားရပါတယ်
ထမင်းစားပြီးနာရီဝက်ထိုင်ပြီးနားရတယ် နားချိန်မှာ အိပ်မငိုက်အောင် ငရဲမင်းတွေက ကာရာအိုကေ
ဆိုခိုင်းပါတယ် လှော်တက်ကငရဲသားတွေအတွက် စပါယ်ရှယ် မိုက်ပေါ့ပြီးတာနဲ့ရေကူးပြိုင်ပွဲစရပါတယ်
တောစီးဖိနပ်အလေးကြီးနဲ့ရေကူးပြိုင် လှေလှော်ပြိုင်ရေနက်ပိုင်းမှာတန်းစီရပါတယ် ...
ညနေသုံးနာရီခွဲရင် အဆာပြေကျွေးပါတယ် ပြီးရင်ptပြေး ...ညနေ (၆) နာရီဆိုရင်တော့ ညပိုင်းတာဝန်ကျတဲ့ငရဲမင်းဂျူတီချိန်းပါတယ် ညပိုင်းမှာ ငရဲမင်း (၇) ယောက်လောက်
တာဝန်ယူရပါတယ် ... ညပိုင်းမှာလှေလှော် လမ်းလျောက် စသဖြင့်မျိုးစုံလုပ်ရပါတယ် ...
လမ်းလျှောက် ရင်လည်းလှေကိုထမ်းပြီး ငရဲမင်းကထမ်းထားတဲ့လှေပေါ်မှာ ထိုင်လိုက်ပါတယ်
ပြုတ်ကျလို့မရပေ ...အနည်းဆုံးမိုင် (၂၀) ခရီးကိုတစ်ညလုံးလျောက်ရပါတယ် ...
ညနေ (၆) နာရီကနောက်နေ့မနက် (၅) နာရီ ခွဲ ထိ ...ညလယ်စာကိုလမ်းက ရွာတွေမှာ ငရဲမင်းတွေက အဆင်ပြေသလိုစီစဉ် ပေးပါတယ် လမ်းမှာလည်းအချိန်ကြာလို့မရ
မနက် (၅) ခွဲအမှီ တပ်ကိုပြန်ရပါတယ် ...(၅) ရက်လုံးအဲ့ဒီလိုဆက်တိုက်လုပ်ရပြန်တယ် ...
မနာရ၊မအိပ်ရရေမချိုးရ.အဝတ်မလဲရ ...(၃) ရက်မြောက်လောက်ဆိုလူတွေကနည်းနည်းဂေါက်လာပြီး  
ကြားချင်တာကြားမြင်ချင်တာတွေမြင်လာပါတယ် ...စိတ်လွတ်လာပေမယ့်ငရဲမင်းခိုင်းတာတွေကို ဘယ်သူမှ မလွတ်အောင်လိုက်လုပ်ရင်း ကိုယ့်စိတ်ကိုထိန်းရပါတယ် ...သင်တန်းရဲ့နောက်ဆုံး ဆန်းစစ်မှာ ရေ (၄) မိုင်ကူးရပါတယ်တာဝေး (၂၆) မိုင်ပြေးရပါတယ်. ..၂၆ မိုင်ကို ၅ နာရီနဲ့ ၆ နာရီကြားမှာရအောင်ပြေးရပါတယ်။
After Hell Week
From Myawady Daily
Hell Week ပြီးမှဆိုင်ရာသင်တန်းသားအဖြစ်သတ်မှတ်ပါတယ် အထူးတိုက်ခိုက်ရေးသင်တန်းကို
(၄) လကြာအောင်တက်ရပါတယ် ...သင်တန်းဆင်းပွဲကို ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်တိုင် ဆင်းပေးပါတယ် ...ဘယ်ဘက်ရင်အုံကို တံဆိပ်ကဆူးနဲ့ စိုက်ဝင်အောင်ဖိနှိပ် တပ်
ဆင်ပေးပြီးရင်တော့ ...သင် နေဗီဆီးလ် ဖြစ်ပြီပေါ့ဗျာ!
ထိုပြင်းထန်လွန်းသော လေ့ကျင့်ရေးသင်ခန်းစာတွေကြောင့် အသက်ဆုံးရှုံးမှု့ရှိမယ်။
ထိုသင်တန်းကိုတတ်မယ်ဆို သဘောတူကြောင်းလက်မှတ်ထိုးပြီးမှ တတ်ခွင့်ရှိတာပါ။
လေ့ကျင့်ရင်းသေနိုင်သော ငရဲရက်သတ္တပတ် သင်တန်းကို ရဲရဲတောက် ပင်လယ်ဖျံတွေသာ ပြီးမြောက်တာပါ။
DATA BY ဇင်ယော်မောင် ၊ သီ ဟ ဆန်း မြင့် ထွန်း & မေနှင်းခါးခါး
Friday, October 14, 2016
မြန်မာကားမကြိုက်သူများ တွေ့ဆုံပွဲ Page အပေါ် အနုပညာရှင်အချို.အမြင် နှင်.တုန်.ပြန်သံ
"မြန်မာကားမကြိုက်သူများ တွေ့ဆုံပွဲ " ဖေ့စ်ဘွခ် စာမျက်နှာတွင် ဝေဖန် ချက်များ နှင့် ပတ်သက်ပြီး အနုပညာရှင် အချို့ ၏ စကားသံများ ဆိုပြီး Democracy Today မှာ ခုလိုဖော်ပြထားပါတယ်
လတ်တလောတွင် လူမှုကွန်ရက်စာမျက်နှာပေါ် ၌ ရေပန်းစားလျက် ရှိသော ပေ့ခ်ျ တစ်ခုဖြစ်သည့် " မြန်မာကားမကြိုက်သူများတွေ့ဆုံပွဲ" စာမျက်နှာ တွင် မြန်မာဇာတ်ကားများအပေါ် ပရိသတ်များ၏ ဝေဖန် မှုများစွာရှိနေခြင်းနှင့်ပတ်သက်ပြီး အနုပညာရှင်အချို့ကို ယခုလိုမေးမြန်းဖြစ် ခဲ့ပါ သည်။
လူမင်း (ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ/သရုပ်ဆောင်)
" ပြောတဲ့အချက်အလက်တွေ အကုန်ကိုလေ့လာနေပါတယ်။ ဆို တော့ ပြော တဲ့အချက်တွေက မှန်တာ တော်တော်များပါတယ်။ အရင်ဆုံး ၀န်ခံရမှာတော့ အားနည်းချက်တွေ လိုအပ်ချက်တွေ အများကြီးရှိတယ် ဆိုတာတော့ ၀န်ခံရပါမယ်။ အဲဒီ တော့ ထောက်ပြဝေဖန်တာကို ကြို ဆိုပါတယ်။ ဒါပေမဲ့ အနုပညာ ပစ္စည်းဆိုတာ အားပေးတဲ့ပရိသတ် မရှိဘဲ ချပြလို့မရပါဘူး။ လတ်တလော ဟာသကားတွေများနေတယ်ဆိုတာ က ကြည့်တဲ့ ပရိသတ် ရဲ့တောင်း ဆို မှုအရ ရိုက်နေကြတာပါ။ ရုပ်ရှင်တစ် ကားရိုက်ဖို့ ငွေ အရင်းအနှီးစိုက်ထုတ် တဲ့ထုတ်လုပ်သူဟာ ပရိသတ်မကြည့် တဲ့ ဇာတ်ကား အမျိုးအစားကို သူ တို့မရိုက်ရဲကြပါဘူး။ အနုပညာဆို ပေမယ့် စီးပွားရေးပါ ၀င်ပါတယ်။ ကိုယ်တွေရဲ့ အားနည်းချက်တွေ ကို ဝေ ဖန်ထောက်ပြ တာကို ကျေးဇူးတင် တယ်။ ကိုယ်တို့ လေ့လာမှတ်သား မယ်။ ဒါပေမဲ့ ပရိသတ်အားပေးမှု များစွာရှိတဲ့ အနုပညာလောကတစ်ခု လုံးကို အုပ်စုဖွဲ့တိုက် ခိုက်ခြင်း၊ ရှုတ် ချခြင်းဆိုတဲ့ အသွင်တော့ မဆောင် စေချင်ဘူး။ ဘာလို့လဲဆိုတော့ ပရိ သတ်နဲ့ အနုပညာရှင်ဆိုတာ ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီမို့ လို့ပါ "
ထွန်းအိန္ဒြာဗိုလ် (သရုပ်ဆောင်)
"ဘာမှမပြောချင်ပါဘူးရှင့်။ ကျွန် မတို့ လောကသားအားလုံးက အရှိ ကို အရှိအတိုင်းလက်ခံကြဖို့ လိုအပ် တယ်လို့ယုံကြည်ပါတယ်။ ပရိသတ် အနေနဲ့ကတော့ ဘာမဆိုလုပ်ခွင့်ရှိ ပါတယ်။ ကြိုက်ခွင့်လည်းရှိတယ်။ မကြိုက်ခွင့်လည်းရှိတယ်။ ဆဲခွင့်လည်း ရှိတယ်။ ဘာမဆိုလုပ်ခွင့်ရှိ ပါတယ်။ချီးကျူးခွင့်လည်းရှိတယ်။ သူတို့ ဆန္ဒအတိုင်း ဘာမဆိုလုပ်ခွင့်ရှိတယ်။ ဆိုလိုတာ ကျွန်မတို့က လက်ခံသမျှ ကို ကျေနပ်နိုင်ပေမယ့် လက်မခံသ မျှကို ရန်ပြန်တွေ့မယ်ဆိုတဲ့ ဟာမျိုး ကတော့ သဘာဝမကျဘူးလို့ထင်ပါ တယ်။ ကျွန်မတို့ အခက်အခဲက ဘာရှိလဲဆိုရင် သူခိုးခွေတွေကြောင့် ဈေး ကွက်ပျက် သွားတဲ့အချိန်မှာ ပရို ဂျူဆာအနေနဲ့က ဈေးကွက်ကျဉ်း ကျဉ်းလေးထဲမှာ အလုပ်လုပ်ရတာ ဖြစ်သွားတော့ အမြတ်လေးကလည်း မြတ်အောင် မနည်းကြိုးစားရတာဖြစ် သွားတော့ အရင်းကို အများကြီးမထုတ် နိုင်တော့ ဘူး။ ဈေးကွက်ကျဉ်းတာနဲ့ အရင်းကျဉ်းတဲ့သဘောရှိတော့ အရာ ရာကို လျှော့ ရတဲ့အချိန်မှာ အရာရာ ဟာကျဆင်းသွားတဲ့ သဘောပါပဲ"
ဘိုသန့် (ဒါရိုက်တာ)
"ဒါကရှင်းရှင်းလေးနဲ့ ရှုပ်နေ တာ။ မကြိုက်ရင် မကြည့်နဲ့ပေါ့။ ကျွန် တော် တို့ကတော့ ကြိုက်တဲ့ ပရိသတ် တွေအတွက် ဆက်ရိုက်ပေးရမှာပဲ။ အနုပညာ ရှင်တွေ အားလုံးကတော့ ပြီးပြီးရောဆိုတဲ့ စိတ်ဓာတ်တော့ မရှိပါဘူး။ ကားတစ်ကားကို တာဝန် ယူပြီးတော့ အကောင်းဆုံးဖြစ်အောင် ဒါရိုက် တာတွေ အပိုင်းကလည်း အကောင်းဆုံးလုပ်သလို သရုပ်ဆောင် တွေ ဘက်ကလဲ လုပ်ပါတယ်။ သို့ သော်လည်း ပရိသတ်ရဲ့နှစ်သက်မှု အပေါ်မှာ ကာလံဒေသံပေါ့။ ဒီလိုဇာတ် မျိုးလေးတွေ ကြိုက်နေရင် ရိုက်ကြရ တာပေါ့။ ပရိသတ်အပေါ်မှာ အဓိ ကကတော့ ပေးဆပ်နေတာပါပဲ။ ကြိုက်ခြင်း မကြိုက်ခြင်း၊ ကြည့်ခြင်း မကြည့်ခြင်းကတော့ ပရိသတ်ရဲ့ သဘောပါပဲ။ ဘာမှတုံ့ပြန်စရာအ ကြောင်းတော့မရှိပါဘူး"
ဇေရဲထက် (သရုပ်ဆောင်)
"အနုပညာကတော့ ကျွန်တော် တို့က အကောင်းဆုံးချပြတာပေါ့။ ဒါပေမဲ့ ချပြတဲ့အတိုင်းကတော့ ဥပမာ ဘာရလဲဆိုတော့ ကျွန်တော် တို့မြန်မာနိုင်ငံ မှာက သိတဲ့အတိုင်း ပဲ။ အဘက်ဘက်က အားနည်းနေ တယ်။ နောက်တစ်ခု က ပရိုဂျူဆာ အပိုင်းကလည်း တစ်ကျပ်ရင်းလို့ တစ် ကျပ်ပြန်မရတဲ့ အခြေအနေ ၊ သရုပ် ဆောင်တွေဘက်ကလည်း သူတို့ကို ပေးတဲ့ရက် အတိုင်းတာလေးတစ်ခု မှာ ကျဉ်းထဲကျပ်ထဲနဲ့ ရိုက်ရတဲ့ အခြေ အနေ။ ဒါရိုက်တာတွေ ဘက်ကလည်း သူတို့ရိုက်ရတဲ့ ငါးရက်ခြောက်ရက် အတွင်း မှာ ကောင်းကောင်းသေချာလေး သူတို့ရဲ့ကာရိုက်တာကို အကောင်း ဆုံးဖြစ်အောင်၊ ပေါ်လွင်အောင်ရိုက် ရတဲ့ အခြေအနေအထိဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးအရင်တုန်း ကလို ၁၅ ရက် ၁၀ ရက် ရိုက်ရတဲ့ ရက် တွေမဟုတ်တော့ဘူး။ အရမ်းကို အဆင်မပြေတဲ့ အခြေအနေတစ်ခု မှာ ရပ်တည်နေရတာ ဖြစ်နေတဲ့ အတွက် တစ်ခါတလေကျရင် နိုင်ငံ ခြား ကားတွေ နဲ့ တော့ မယှဉ်နဲ့။ နိုင် ငံခြားကားတွေနဲ့ ယှဉ်လို့တော့မရ ဘူး။ သူတို့ဘက်မှာ အဘက်ဘက်က ပြည့်စုံတယ်။ နောက်ပြီးသူတို့ဆီမှာ က ဒေါ်လာ ကို သန်းချီပြီး ကုန်တယ်။ အဲဒီတစ်ကားတစ်ကားကို သူတို့ ဘက်မှာက ခိုးကူးခွေလည်းမရှိသလို ပြောရမယ်ဆိုရင် တစ်ကျပ်ရင်းရင် တစ်ရာလောက် ပြန်ရရင်ရတာပဲ။ သူတို့ဘက်ကသာ အဲဒီလိုဖြစ်နေတဲ့ ကိစ္စမှာ ကျွန်တော်တို့ဘက်မှာက တစ်ကျပ်ရင်းရင် တစ်ကျပ်ပြန်ရချင် မှရတာ။ မရချင်လည်းမရဘူး။ အဲဒီ လိုဖြစ်နေတဲ့ အခြေအနေမှာ သူတို့ ဘက်ကလည်း အဆင်မပြေတာတွေ လည်း အများကြီးရှိတယ်။ အဆင်မ ပြေတဲ့ကြား ထဲ မှာမှ ကျွန်တော်တို့က ဒီအနုပညာလောကကြီး မပျောက် ပျက်သွားအောင် အကောင်းဆုံးထိန်း သိမ်းပြီးတော့ ကြိုးစားရိုက်ကူးနေတဲ့ အချိန်မှာ ဖိအားမပေး ဘဲနဲ့ ပြောရ ရင်တော့ အားပေးမှုလေးတွေရရင် ပဲ လုံလောက် ပါတယ်။ အခုဟာက ဖဲ့မယ်၊ ဖိအားတွေ ပေးမယ်ဆိုတော့ လုပ်ရတဲ့ သူတွေ အကုန်လုံးက စိတ် စနိုးစနောင့်တွေဖြစ်ပြီး အနုပညာ လောကအကြောင်းကို မသိဘဲနဲ့ အဲ ဒီလိုပြောတော့ စိတ်မကောင်းတော့ ဖြစ်မိတယ်"
ရတနာဗို (သရုပ်ဆောင်)
"လူတိုင်း ကတော့ ကိုယ့်အလုပ် နဲ့ကိုယ်ပေါ့နော်။ အနုပညာကို ချစ်တဲ့ သူက အနုပညာနဲ့ အသက်မွေးတယ်။ ဒီပြင်စီးပွားရေးတွေ လုပ်တဲ့သူကလုပ် တယ်။ အားလုံးကတော့ ကိုယ်လုပ် တဲ့အလုပ်ကို အကောင်းဆုံးကြိုးစား နေကြတဲ့ လူတွေချည်းပါပဲ။ မြန်မာ ကားနဲ့ပတ်သက်ပြီးတော့ ပြောထား တာတွေ ၊ ဝေဖန်ထားတာတွေ၊ ရှုတ် ချထားတာတွေ၊ နှိမ်ချထားတာတွေ၊ ညီမတို့ ဘက်က ပြောချင်တာကတော့ တတ်နိုင်သလောက် အနုပညာနဲ့ တတ်စွမ်း သလောက် အတိုင်းအတာ တစ်ခုနဲ့ ပရိသတ်ကြီးကို ပျော်ရွှင်မှု ရအောင် တစ်နာရီဖြစ်စေ၊ နှစ်နာရီ ဖြစ်စေ တတ်နိုင်သလောက် ပရိသတ် ကြီး ဝေဖန် တာက တချို့ဟာတွေ လည်းမှန်ပါတယ်။ ဒါပေမဲ့ ကိုယ်တွေ ဘက်ကလည်း ကြိုးစားနေပါတယ်။ ကိုယ့်နိုင်ငံမှာသုံးနိုင်တဲ့ ငွေကြေး ပမာ ဏ၊ ကိုယ့်နိုင်ငံက လုပ်နိုင်တဲ့ ပမာဏလေးနဲ့ ကိုယ့်ပြည်သူကို ပျော် အောင်လုပ်ရတာပေါ့။ ဒီလိုအချိန် လေးမှာတော့ နားလည်ပေးစေချင်ပါ တယ်။ ကိုယ့်နိုင်ငံကြီး တစ်ခု လုံး အရာ အားလုံး တိုးတက်ပြောင်းလဲလာ တာနဲ့အမျှ ဒီရုပ်ရှင်လောက လည်း တိုးတက်ပြောင်းလဲလာမယ်လို့ ညီမ ယုံကြည်ပါတယ်။ အဲဒီအချိန် အထိ စောင့်ဆိုင်းပေးကြပါလို့ "
( မြတ်မိုးအောင် ၊ ကျော်ဇောဟိန်း မေးမြန်းသည် )
အထက်ပါ ပြောဆိုချက်တွေနဲ. ပတ်သက်ပြီး ပရိသတ်အချို.က သူတို.အမြင်ကို Yangon Media Group ရဲ. Facebook Page မှာ  ဖော်ပြထားခဲ့ ကြရာမှာ လူကြိုက်များခဲ့တဲ့ Comment အချို.ကို ထပ်ဆင့်ဖော်ပြလိုက်ပါတယ်
Kyaw Lin
  မြန်မာရုပ်ရှင်နဲ့ မြန်မာဘော်လုံးအသင်းနဲ့အတူတူပါပဲ။ မသက်သာတော့လည်း ကျိတ်ခံပြိး မြန်မာကားဆို ပြီးအားပေးနေရတယ် အမျိုးချစ်တာကိုး။ ၁၉၉၀ကနေ အခုထိ ဇာတ်လမ်းနာမည်တွေပဲပြောင်းသွားတယ် ဇာတ်ကွက် ဇာတ်အိမ် ဇာတ်လမ်းဖန်းတီးမှူ့ တွေ ကတကယ် professional မကျသေးပါဘူး။ ဘာပဲပြောပြော ကြည့်နေအားပေးနေကြတာပဲ။ အခု မြန်မာ့ရုပ်ရှင်မကြိုက်သူများဆိုပြီးော််နေတဲ့သူတွေကို သေချာကြည့်ပါ တကယ်ကို စိတ်စေတနာအပြည့်နဲ့ မြန်မာ့ရုပ်ရှင်ကိုတိုးတက်ပြောင်းလဲတာကိုမြင်ချင်လို့ လို့ပဲ ယူဆပါတယ်။ မြန်မာဘော်လုံးပွဲ လည်းပြီးရော့ နောက်တစ်ခါအားမပေးတော့ဘူးစိတ်ပင်ပန်းတာပဲအဖတ်တင်တယ်ဆိုပြီး ပြောလိုက်တယ် တကယ်လည်း နောက်တစ်ပွဲကန်ရော့အဲဒီအားမပေးဘူးပြောတဲ့သူတွေပဲရှေ့ ဆုံးကပါ တကယ်တော့သူတို့တွေက မြန်မာနိုင်ငံအတွက်အများကြီးမျော်လင့်ထားတာကိုး။ မြန်မာရုပ်ရှင်လည်း
ဒီအတိုင်းပါပဲ မကြိုက်ဘူးမကြိုက်ဘူးဆိုပြီးတာနေတာ တကယ်တော့ဒီလူတွေပဲရှေ့ ဆုံးကပါ ဝေဖန်တာကိုတော့လက်ခံသင့်တယ် စိတ်မကောင်းဘူးတို့အရမ်းဝမ်းနည်းတာပဲလို့ ရှူ တင်ထဲက acting တွေရပ်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန်ကြိုးစားပေးပါ။
အဲဒီ အမေရီကန်နဲ့ ကိုရီးယားတို့ ဆိုတဲ့ နိုင်ငံက အနုပညာလုပ်ငန်းလုပ်နေသူအကုန်လုံးကလည်း ၁ကျပ် ရင်းပြီး တစ်သောင်းမြတ်ချင်ကြတဲ့သူတွေမဟုတ်ဘူး။
ကြည့်သူပရိတ်သတ်ကို စွဲလမ်းစေအောင် တစ်ခုခုတော့ ကျံခဲ့ပါတယ်။
မြန်မာကားတွေလို ပုထွေးလုပ်သူက မုဒိန်းကျင့်
ဆင်းရဲသားနဲ့ သူဌေးသမီးညား
သူဌေးသားနဲ့အိမ်ဖော်နဲ့ရ
ဇာကြမ်းကားဆိုနောက်ဆုံးခန်းရဲဝင်
တောကားဆို မင်းသားမြို့တက်
တော်လှန်ရေးကားဆို ပုလိပ် ၁၀ယောက် မင်းသားတစ်ယောက်ဖိုက်
သူကြီးသမီးနဲ့ မင်းသားနဲ့ညား
စစ်ကားဆို မင်းသားကဗိုလ်ကြီးလုပ် တိုက်ပွဲမှာ ဒဏ်ရာရတောသူမနဲ့ညား
ဇာတ်ကားတစ်ကားမှာ လူ ၂၀ပြည်လစရာမလိုဘူး ၇ယောက်နဲ့ဇာတ်ကားတစ်ကားရိုက်တယ်။
ကဲဘယ်မှာလဲစေသနာ ရုပ်ပြပြီးပြည်သူကိုလိမ်တာထဲမှာ အနုပညာရှင်တွေလည်းပါတယ်။ အနှစ်သာရဆိုတာ ဇီးရိုးပါ။အနုပညာရှင်လုပ်ပြီးပရိတ်သတ်ဝေဖန်တာလက်မခံနိုင်ပဲ အပြစ်ပဲမြင်နေသူအချို့ အနုပညာရှင်များကိုပြောချင်တယ် အဝေဖန်မခံနိုင်ရင် ဖန်သားပြင်နဲ့ကင်းအောင်နေ။
 Lahpai Tu  
လူမင်းပြောသွားတာတော့ သိပ်မရှင်းဘူးဗျာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလို့ပြောရအောင်ကျွန်တော်တို့က သူတို့ကို ဘာတွေမှီနေလို့ပါလဲဗျာပရိတ်သတ်ဆိုတာ သူတို့ရဲ့ ထမင်းရှင်တွေပါပဲဆိုသိပ်မရှင်းလို့ပါ
သန်း နိုင် 
 လူမင်းလို နှာဘူးကားရိုက်နေတော့ ပရိသတ်ဘယ်အားပေးတော့မလဲဗျ
Wa Lone  
အဲဒါရိုက်တာပြောတာ ကလူမိုက်ဆန်တယ်နော် ဘယ်သူမှဂရုမစိုက်ဘူးလိုဖြစ်နေတယ် ထိန်းထိန်းသိမ်းသိမ်းဖြေလည်း ရတဲ့ဟာကို အေးပေါ့ ပရိတ်သတ်ဆီက ပိုက်ဆံကို ယူတာပဲလေ ထမင်းရှင်ပါပဲ ကျေးဇူးရှင်ပါပဲ အောင်မြင်နေလို့ ပရိတ်သတိကိုအရေးမလုပ်တာလားဗျာ မအောင်မြင်ခင်ကအခြေအနေလေးကိုသတိရပါအုံးံ 
တင် ဝင်း 
 ကြည့်မယ့်ငတုံးတွေရှိနေသမျှရိုက်မယ့်ငပေါတွေကရှိနေဦးမှာပဲဟာသကားဆိုပေမယ့်အနှစ်သာရရှိတဲ့
ကားဆိုမပြောလိုပါဘူးခုကပြူးတူးပြဲတဲနဲ့အသံကြောင်နဲ့အော်ခါးအောက်ပိုင်းပျက်လုံးတွေနဲ့ပြော
အဲဒါကနေမတက်တော့ဘူးတခါလာလဲဒါပဲပြောတော့ကြီးကြီးကျယ်ကျယ်တွေပြောတယ်
လုပ်တော့စောက်တလွှဲတွေ
A Thit Lay 
 သဘာဝ ကျတယ် ပြောလို့ရတယ် ဆိုရမှာဘဲ ကမ္ဘာ့  ဆင်းရဲ ဆုံး စားရင်းဝငိ နေတဲ့ နိုင်ငံ ကြောင့် အဖက်ဖက်က နိမ့်ကျနေတာကို အားလုံး လက်မခံ ဘဲ ဘ၀င်လေဟတ် နေတဲ့သူများပြီး ကိုယ့်​ကိုယ်​ကိုကိုယ်သာ အထင်ကြီး တဖက်သားကို အပြစ်​ တင် နေဘို့သာ စိတ် ထဲစဉ်းစား နေကြတော့ ရန်ဖြစ် ရုံကလွဲ ဘာမှ ဖြစ်မလာပါဘူး ဒီ ပြဿနာ ဘာကြောင့် ဖြစ်လဲ လို့ အကြောင်း ရှာပြီး တညီတညွတ်​တည်း လက်​ခံ ပြီး ဖြေရှင်းကြပါ လို့. အားလုံး ရဲ့စိတ်ထဲ တူညီဘို့လိုအပ်ပါတယ်
Made in myanmar ဆိုတာ ဘာများရှိလို့လဲ နိုင်ငံ ခြားကားနဲ့ ယှဉ် ကြည့်ပြီး အပြစ်ပြောတာတော့လွန်တာပေါ့ မင်းသားနဲ့ လူဆိုး ခြောက်လမ်းသွား ရှိတဲ့ ကားလမ်းမ မှာ ကားပြိုင်မောင်းတာ ရိုက်ချင်တယ်ဆိုရင် ဘယ်လို ရိုက်ရမလဲ ကားကြီး ၂ စီးတိုက်မိတယ်ဆိုတာအသာထား
Thiri Khiet 
 မြန်မာ့အနုပညာရှင်တွေ ထုတ်လုပ်သူတွေကပြောတယ်ခိုးကူခွေတွေကြောင့်ဈေးကွက်ကျဉ်းလို့အများကြည့်မဲ့ကားတွေပဲရိုက်နေ
ရတယ်တဲ့ မှန်သင့်သလောက်မှန်ပေမယ့်အပြည့်အဝတော့မမှန်ဘူး ပြည်သူတွေကအရင်ကလိုတောနဲ့မြို့ဆိုပြီးအမြင်ဗ သုတကွာခြားချက်သိပ်မရှိတော့ပါဘူး မြန်မာကားတွေမှာသရုပ်ဆောင်ရင်မင်းသားသူငယ်ချင်းတွေက
မင်းသားကိုပဲဝိုင်း
ဖားပြီးပြောနေတာတွေ
အမွှန်းတင်လွန်းနေတာတွေ မင်းသမီးမှာလည်းဒီလိုပဲ သူငယ်ချင်းလုပ်တဲ့သူတွေကဘေးကပတ်ဝိုင်းပြီးထိုင်ကြတဲ့ပုံစံတွေ ဇာတ်လမ်းရိုက်ရင်ကင်မရာဘက်ကိုတန်းစီဇာတ်ခုံပေါ်မှာပွဲကြည့်စင်အောက်ကလူတွေဘက်ကို
လှည့်ရပ်ပြီးဖျော်ဖြေသ
လိုမျိုးရိုက်နေတဲ့ရိုက်ချက်တွေ ဇာတ်လမ်းပြီးရင်ဟေး ဆိုပြီးကင်မရာဘက်လှည့်ပြီးဝိုင်းအော်နေသေးတာတွေရိုက်ချက်တွေမှာထည့်ထားတဲ့နောက်ခံတီးလုံးသံက
ဆူညံနေပြီးပြောဆို
လှုပ်ရှားမှုအသံတွေကို
ပီပီပြင်ပြင်မကြားရတာတွေ အပြင်မှာတကယ်မရှိတဲ့သဘာဝမကျတဲ့ရိုက်ချက်တွေအစိုးရဝန်ထမ်းတွေအဖြစ်သရုပ်ဆောင်တဲ့အခါမှာ
အစိုးရအဖွဲ့အစည်း
ဌာနဆိုင်ရာကလုပ်ထုံးလုပ်
နည်းတွေကိုသေချာမမေးမြန်းပဲအလွယ်တကူသရုပ်ဆောင်နေ၍သဘာဝမကျကာအထင်လွဲခံကြရခြင်း
(ဥပမာ-လူသတ်လို့သေတယ် ဒဏ်ရာရတယ် ဆေးကုသဖို့လုပ်ရင်း ဆေးရုံပို့ရင်းအလွမ်းသယ်ရမယ့်အစား သေသူ ဒဏ်ရာရသူဘေးမှာအကြာကြီးစကားတွေပြော ငိုနေတာကိုရဲကရပ်စောင့်ပေးနေရတဲ့ဇာတ်ဝင်ကားတွေ အစရှိသည်ဖြင့်. . .)ထိုထိုသောအားနည်းချက်များအပြင်သဘာဝမကျသောထိုးချက် ကန်ချက် အသံများအားလုံးကိုလည်းပြည်သူများသိသိနှင့်အောင့်အီးကြည့်ရှုနေကြရပါတယ် ဒါ့ကြောင့်ပြည်သူတွေကိုအထင်မသေးသင့်တော့ပါဘူး အနုပညာဖန်တီးနေသူများအနေနဲ့လှေကြီးထိုးရိုးရိုးနဲ့ဆူလွယ်နပ်လွယ်ကားတွေကြားထဲကနေ
နည်းပညာအတတ်
ပညာတွေကိုဦးစားပေး
တဲ့ဇာတ်ကားမျိုး(ဥပမာ - အစိုးရဝန်ထမ်းတစ်ဦးဦး(သို့)ကုမ္မဏီဝန်းတစ်ဦးရဲ့ဘဝ အလုပ် နည်းပညာ သဘာဝတွေအကြောင်း ထုတ်လုပ်သူစီးပွားရေးသမားများအကြောင်း နိုင်ငံရေးသမားများ သတင်းသမားများ .) တွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစွန့်စားတီထွင်ငွေကုန်ခံအရှုံးခံပြီးလမ်းသစ်ဖွင်လှစ်ဖို့အချိန်
တန်ပြီလို့ထင်ပါတယ် အစိုးရဘက်ကလည်းအကူအညီတွေအများကြီးပေးဖို့လိုပါတယ် လက်နက်လိုမျိုးတွေရဲ့နည်းပညာကားတွေရိုက်မယ်ဆိုရင်အစိုးရရဲ့အကူအညီအများကြီလိုမှာပါ ဒါ့ကြောင့် စွန့်စားတီထွင်သင့်ပြီလို့ ရှုံးမှာကြောက်နေရင်တော့တိုးတက်ဖို့မလွယ်ပါဘူး SL 
ဆက်စပ်ဖတ်ရှု ရန်
Facebook ပေါ်က ဦးဇင်ဝိုင်းရဲ. ပေါက်ကွဲသံ နဲ. ပရိသတ်တို.ရဲ. အမြင်အချို.
ဦးဇင်ဝိုင်း ရဲ. ရှင်းလင်းမှုကို တုန်.ပြန်ကြသူများ ( ၁ )
ဦးဇင်ဝိုင်း ရဲ. ရှင်းလင်းမှုကို တုန်.ပြန်ကြသူများ ( ၂ )