Tuesday, June 23, 2015

Gmail မလိုပဲ Telenor ဖြင်. Facebook Account ဖွင်.နည်း


ဒီနည်းလေးကတော. Gmail မလိုပဲ Telenor နဲ.ပဲ Facebook Account ဖွင်.တဲ့နည်းလေးမို. အားလုံးစိတ်ဝင်စားနိုင်တာကြောင်. ကူးယူဖော်ပြခြင်းဖြစ်ပါတယ် ။မူရင်း တင်ပြသူ  လင်းညီညာ အားလည်း ဖော်ပြ မှတ်တမ်းတင်အပ်ပါတယ် ။

ပထမဆုံးကတော. Application ရဲ. အောက်ဆုံးမှာ ဖော်ပြထားတဲ့ Sign Up for Facebook ကို နှိပ်ရမှာ ဖြစ်ပါတယ် ။






ပြီးတဲ့နောက်မှာတော. သူတို.ရဲ. စည်းမျဉ်းပိုင်း ဆိုင်ရာတွေကို သဘောတူကြောင်း Ok နှိပ်ပေးရမှာ ဖြစ်ပါတယ် ။





E Mail လိပ်စာတောင်းတဲ့အချိန်မှာတော. အဲ့ဒါကိုမဖြည်.ပဲ သူ.အောက်က use your mobile phone number ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ် ။





ပြီးရင်တော. Box ထဲမှာ ဖွင်.နေတဲ့ Telenor ဖုန်းနံပါတ်ကို ရိုက်ထည်.ပေးရမှာ ဖြစ်ပြီး continue ကို နှိပ်ပေးရမှာ ဖြစ်ပါတယ် ။





ပြီးရင်တော. Facebook မှာ ကိုယ်.အမည်အဖြစ် သုံးမယ်. နာမည် ကို ဖြည်.ပေးရမှာ ဖြစ်ပါတယ် ။ ပြီးရင်တော. continue ကို ဆက်နှိပ်ပေးရပါမယ် ။





မိမိ account အတွက် password ရွေးချယ်ဖြည်.စွက်ပေးရပါမယ် ။continue ကို ဆက်နှိပ်ပေးရပါမယ် ။





မွေးနေ.ထည်.ပေးရပါမယ် ။ continue ကို ဆက်နှိပ်ပေးရပါမယ် ။





ကျား/မ ခွဲခြားပေးရပါမယ် ။





ဒီလို ဖြစ်လာပြီဆို အောင်မြင်ဖို. သေချာသလောက်ရှိလာပါပြီ ။





ပြီးရင်တော. မိမိ account အတွက် confirmation code ဂဏန်း ၆ လုံးကျလာပါမယ် ။ ဒါကိုသေချာမှတ်ထားရပါမယ် ။ နောင် မိမိ account အခက်အခဲ တစ်စုံတစ်ရာ တွေ.ချိန်မှာ အထောက်အကူ ဖြစ်နိုင်ပါတယ် ။





Profile Info မှာ မိမိထည်.ချင်တဲ့ အချက်အလက်တွေ ထည်.နိုင်ပါတယ် ။ပြီးရင်တော. save ပေးရပါမယ် ။




ပြီးရင်တော. မိမိadd ချင်သူများကို add လို.ရပါပြီ ။ တစ်ခုပဲရှိတာက တစ်ကြိမ်တည်းမှာ နေရာအမျိုး က အရွယ်အမျိုးမျိုးရှိနေတဲ့ လူအများကြီးကို တစ်ပြိုင်တည်း add တာမျိုး ကိုတော. ရှောင်ကြည်ဉ်ရပါမယ် ။


နောင် မိမိ account ကိုပြန်ဝင်ချင်ရင်တော. မိမိဖုန်းနံပါတ် ရိုက်ထည်. ၊ မိမိပေးထားတဲ့ password နဲ. ပြန်ဝင်လို.ရပါပြီ ။

မူရင်းပုံတွေအရ ရှင်းလင်းပေမယ်. ပြည်တွင်း အချို.နေရာတွေမှာ connection အခြေအနေကြောင်. ပုံတွေမပေါ်တာမျိုး ဖြစ်တတ်တာကြောင်. စာပါပူးတွဲ ရေးပြရခြင်း ဖြစ်ပါတယ် ။

Max Zaw Zaw - ဦးဇော်ဇော် အကြောင်း တစ်စေ.တစ်စောင်း

Photo from AP



မက်စ် ' ဇော် ဇော် ' ( ၄၇ + နှစ် ) 1967 Born

။။။။။။။။။။။။။။။။။။။

ဇော် ဇော် ဟာ ဧ ရာ ဝ တီ မြစ် ဝ ကျွန်း ပေါ် - ရေ ကြည် နယ် သား ပါ ၊ အ ဖေ က အ စိုး ရ ဝန် ထမ်း ၊ အ မေ က အိမ် ဆိုင် လေး ဖွင့် ထား ပီး တစ် ဘက် တစ် လမ်း အိမ် ဝင် ငွေ ရှာ ခဲ့ ရ တဲ့ မွေး ချင်း ၆ ယောက် အ နက် သူ က အ ငယ် ဆုံး သား တစ် ဦး ဖြစ် ပါ တယ် ၊


၁၉၈၈ မှာ အ ရေး အ ခင်း ဖြစ် တော့ သူ က ' ရန် ကုန် တ က္က သိုလ် နောက် ဆုံး နှစ် မှာ ပါ ၊ စစ် တပ် အာ ဏာ သိမ်း ပီး နောက် အ ရေး အ ခင်း မှာ ပါ ဝင် လှုပ် ရှား သူ တွေ ကို စစ် အ စိုး ရ လိုက် လံ ဖမ်း တော့ သူ လည်း ၄ လ လောက် ပြည် တွင်း မှာ ပုန်း ရှောင် နေ ရ ပါ သေး တယ် ၊ အဲ ဒီ နောက် ဆွေ မျိုး ဝမ်း ကွဲ အ ကူ အ ညီ နဲ့ စင် ကာ ပူ ကို ( ဒေါ် လာ ၈၀ ပဲ အိတ် ထောင် ထဲ ပါ လာ ) ထွက် လာ ပီး ၊ သင်္ဘော သား လုပ် ခဲ့ တာ ၆ နှစ် ကြာ ပြည် ပ ထွက် အ လုပ်- လုပ် ခြင်း စွန့် စား ရ မှု ရဲ့ အ စ ဦး ပိုင်း အ ခြေ အ နေ ပါ ပဲ ။ ပြည် ပ ကို အ ကြောက် တ ရား ရှိ နေ တဲ့ စစ် အ စိုး ရ ရဲ့ အ ထီး ကျန် ကာ လ တွေ မှာ ဇော် ဇော် တစ် ယောက် တစ် လ မှ ဒေါ် လာ ၂၀၀ ရ ဖို့ အ ရေး သင်္ဘော ကုန်း ပတ် ပေါ် မှာ သင်္ဘော သား လုပ် နေ ရင်း နဲ့ ၊ ဩ စ တေး လျ - ဟောင် ကောင် - တိုင် ဝမ် - အီ ရန် - ဂျ ပန် -အာ ဖ ရိ က စ သည် နေ ရာ တွေ ကို သူ လည်း အ စုံ ရောက် ဖူး သွား ပြီး ၊ အင်္ဂ လိပ် စာ ကို လေ့ လာ ခွင့် ရ ခဲ့ သ လို ၊ တစ် ဖက် မှာ သူ များ နိုင် ငံ တွေ ဖွင့် ဖြိုး တိုး တက် တာ တွေ မြင် ရ တော့ သူ့ ဘ ဝ သူ ~သူ ရဲ့ ဆင်း ရဲ မှု - အ နှိမ် ခံ ရ မှု တွေ အ ပေါ် ရှက် စိတ် တွေ နဲ့ သာ ရှင် သန် နေ ထိုင်လာ ခဲ့ ပါ တယ် ၊
ဒေါ် လာ ၈၀၀၀ စု မိ တော့ ဘန် ကောက် ရောက် သွား ပြီး ၊အ ပေါင်း အ သင်း တွေ နဲ့ နိုက် က လပ် တွေ မှာ သုံး ဖြုန်း ပစ် တာ ၊ ၁၉၉၁ မှာ လက် ကျန် ငွေ ၆၅၀ နဲ့ ဂျ ပန် ကို ရောက် ရ ပြန် ပါ တယ် ။ တို ကျို မှာ ' ထ မင်း ချက် - ပန်း ကန် ဆေး - စား ပွဲ ထိုး ' အ လုပ် ၃ မျိုး လုပ် ပြီး ၊ တစ် ဖက် မှာ ဂျ ပန် စာ ကို သင် ယူ လေ့ လာ ခွင့် ရ ပါ တယ် ။ ဒီ လို နဲ့ yellow pages နဲ့ cold-calling က တစ် ဆင့် ကား ဟောင်း ရောင်း ဝယ် တဲ့ ဗျံ ကျ အ လုပ် က လေး စ လုပ် ဖြစ် ပါ တယ် ၊ အဲ ဒီ မှာ Max Trading Co လို့ အ မည် စ ပေး ဖြစ် သွား တာ ပါ ။ ကား ဟောင်း ရောင်း သူ ဌေး နဲ့ မိတ် ဆွေ ဖြစ် လာ ပြီး ၊ အဲ ဒီ က Nissan ဆီ ဒင် ၂ စီး ကို ဝယ် ဖြစ် ၊ အ ခြား မိတ် ဆွေ ကို ပြန် ရောင်း ဖြစ် ၊ ဒီ က စ ပြီး Max Myanmar Group.ဖြစ် တည် လာ တာ မြန် မာ နဲ့ အ ခြား နိုင် ငံ တွေ ဆီ ကား ဟောင်း တွေ တင် ပို့ ရောင်း ချ ဖြစ် ပါ တယ် ။



မြန် မာ နိုင် ငံ သား တစ် ယောက် ကို ကား ၁ စီး သွင်း ခွင့် ရှိ တဲ့ အဲ ဒီ ခေတ် လုပ် ထုံး လုပ် နည်း အ ရ $500 လောက် ပေါက် တဲ့ ကား ပါ မစ် တွေ ကို သူ က ချုပ် ကိုင် ထား ရ ပါ တယ် ။
သူ့ ရဲ့ ဇ နီး လောင်း ဖြစ် မည့် သူ ဟာ သူ မ ကိုယ် တိုင် လည်း ဂျ ပန် မှာ အ လုပ် လုပ် နေ ချိန် ၊ သူ့ ထံ ကား လာ ဝယ် ရင်း နဲ့ ဖူး စာ ဆုံ ခဲ့ တာ လို့ ဇော် ဇော် က ပြော ပါ တယ် ။
( ' လာ ရင်း က တော့ ကား လာ ဝယ် တာ ဗျ ၊ နောက် ဆုံး မ တော့ လူ ပါ ဝယ် သွား ရော ' ဟု အင် တာ ဗျူး တွင် ဇော် ဇော် က အ ရွှမ်း ဖောက် ထား ပါ သေး သည် ။ )



------------------------------
၁၉၉၅ မှာ လက် ထပ် ပြီး ၊မြန် မာ ပြည် အ တူ ပြန် လာ တော့ လည်း ဒီ ကား ဟောင်း သွင်း တဲ့ အ လုပ် ကို ပဲ ဆက် လုပ် ပါ တယ် ။ အဲ နောက် အ ကြီး စား ဆောက် လုပ် ရေး ယ န္တ ရား ပ စ္စည်း တွေ က ပို ကိုက် တာ ကို သိ လာ ရ ချိန် ၊ ဆောက် လုပ် ရေး လော က ထဲ ဝင် ပါ တယ် ၊ ပ ထ မ တော့ ကန် ထ ရိုက် တာ ကြီး တွေ ရဲ့ လက် ဝေ ခံ ၊ အဲ ဒီ က အ စိုး ရ ပ ရော ဂျက် တွေ မှာ တိုက် ရိုက် ကိုယ် တိုင် ကန် ထ ရိုက် သွင်း နိုင် သူ ဖြစ် လာ ၊ စစ် အုပ် ချုပ် ရေး ပိုင်း နဲ့ လည်း အ ဆက် အ သွယ် တွေ ကောင်း လာ ၊ ၂၀၀၅ မှာ ဆောက် လုပ် ရေး ကု မ္ပ ဏီ ဖွဲ့ ပြီး ၊ နေ ပြည် တော် အ တွက် လမ်း တွေ ဖောက် ပေး ခဲ့ ပါ တယ် ၊ ၅ လ အ ကြာ နေ ပြည် တော် မှာ ပဲ ဟို တယ် တွေ ဆောက် ပေး ရ ပါ တယ် ၊ ကား ပါ မစ် တွေ ရ ပါ တယ် ။


၂၀၀၇ မှာ အ စိုး ရ နဲ့ ' ကျောက် စိမ်း ' တွင်း ဖက် စပ် လုပ် နိုင် ခဲ့ ပါ တယ် ၊ ၂၀၁၀ ပုဂ္ဂ္ဂလိ က လွှဲ ပြောင်း မှု အ စီ အ မံ တွေ မှာ ဓာတ် ဆီ ဆိုင် ၁၂ ဆိုင် ၊ Novotel မြေ နေ ရာ ၊ ဘဏ် လုပ် ငန်း လိုင် စင် ( ဧ ရာ ဝ တီ ဘဏ် ) ၊ အဲ လို ဆက် တိုက် ရ ယူ ပိုင် ဆိုင် နိုင် ခဲ့ ပါ တယ် ။



ယ နေ့ Max Myanmar ဥ က္က ဋ္ဌ ကြီး ဦး ဇော် ဇော် ဟာ အင်္ဂ လိပ် စ ကား ကို ကျွမ်း ကျင် စွာ ပြောနိုင် နေ ပါ ပြီ ၊ ပြည် တွင်း နဲ့ အား မ ရ ဘဲ ~ က မ္ဘာနဲ့တစ် ဝှမ်း မ ဟုတ် တောင် - အ နည်း ဆုံး ဒေ သ ဆိုင် ရာ ( အ ရှေ့ တောင် အာ ရှ ) မှာ သူ့စီး ပွါး ရေး တွေ လုပ် ကိုင် လည်ပါတ် နေ ချင် တာ လို့ သူ က ဆို ပါ တယ် ။

Photo from IRRAWADDY

အ တိုက် အ ခံ ခေါင်း ဆောင် ' ဒေါ် အောင် ဆန်း စု ကြည် ' ၂၀၁၀ နို ဝင် ဘာ မှာ နေ အိမ် အ ကျယ် ချုပ် က လွတ် ပြီး နောက် ၊ ဇော် ဇော် က သူ မ ထံ စ တင် ဆက် သွယ် ချဉ်း ကပ် မှု ပြု ခဲ့ တာ အ ပေါ် ၊ 'သူ မ ဟာ နှစ် ရှည် လ များ က တည်း က ကြည် ညို လေး စား လာ ခဲ့ ရ သူ ပါ ' လို့ ပြော ပါ တယ် ။ ဒေါ် အောင် ဆန်း စု ကြည် ၏ ဇော် ဇော် နဲ့သာ မ က အ ခြား ~ အ ခြား သော ခ ရို နီ များ နဲ့ ပါ ၊ ဦး ညီ ညွတ် ရေး လမ်း စဉ် ၊ ပြန် ပေါင်း ထုပ် ဆက် ဆံ ရေး သ ဘော ထား တွေ ဟာ အ ချို့ သော သူ မ ရဲ့ ပူး ပေါင်း မှု တွေ အ ပေါ် အော ချ စ ရာ ဖြစ် ခဲ့ ရ သည် ။
  

ဒေါ် အောင် ဆန်း စု ကြည် ဦး ဆောင် သော NLD ပါ တီ ဖွဲ့ စည်း ရာ တွင် တောက် လျှောက် ကူ ညီ စောင့် ရှောက် လာ ခဲ့ သော ( ၁၉ နှစ် တာ အ ကျဉ်းစံ ~ နိုင် ငံ ရေး အ ကျဉ်း သား ဖြစ် သူ ) ' ဟံ သာ ဝ တီ - ဦး ဝင်း တင် ' က တော့ ' စီး ပွါး ရေး မှာ မောင် ပိုင် စီး သူ တွေ အ ပေါ် ~ ထို သူ တို့ ရဲ့ လက် တွေ့ လုပ် ဆောင် နေ တဲ့ လုပ် ငန်း တွေ အ ပေါ် သ မ္မာ သော စီး ပွါး ရေး မ ဟုတ် ဘူး လို့ တောက် လျှောက် ကန့် ကွက် လာ ခဲ့ ပါ တယ် ။ ' ကျုပ် တို့ က တော့ ဒီ လူ တွေ ကို ခွင့် မ လွှတ် နိုင် ဘူး ဗျ ' လို့ သူ က ဆို ဘူး သည် ။


ဒါ ပေ မည့် ' ဇော် ဇော် ' ရဲ့ တစ် ချို့ သော အ ငြင်း ပွါး မြေ တွေ ကို အ များ ပြည် သူ သုံး ဖို့ ပြန် ပေး ခဲ့ တာ တွေ ၊ ၁၉၉၃ မှ ၂၀၁၂ အ တွင်း US$ 2.3 သန်း ဘိုး လူ မှု ထောက် ကူ အ သီး သီး အ တွက် ပေး ကမ်း စွန့် ကြဲ မှု စွမ်း ဆောင် ရည် မြင့် မား ခဲ့ တာ တွေ ၊ ဇော် ဇော် ရဲ့ စာ မျက် နှာ ၇၅ မျက် နှာ ပါ ကု မ္ပ ဏီ လက် ကမ်း စာ အုပ် ကြီး အ ရ သိ လိုက် ရ ချိန် မှာ " သူ သိ ရ နိုင်သ လောက် ခ ရို နီ ထဲ မှာ တော့ ဇော် ဇော် ဟာ အ တော် ဆုံး ပဲ " ဟု ဦး ဝင်း တင် က ချီး ကျူး ဖြစ် ခဲ့ သည် ။

Photo from Youtube

[ source ။ ။ Associated Press သ တင်း ဋ္ဌာ န " How a Myanmar tycoon is profiting from change By ERIKA KINETZ ~ Jun. 2, 2013 " ဆောင်း ပါး ကို ကိုး ကား ပါ သည် ။ အ ပြည့် အ စုံ ဘာ သာ ပြန် ထား ခြင်း မ ဟုတ် ပါ - မူရင်းဘာသာပြန် ဖော်ပြသူ ]


( မိမိတို.အနေဖြင်. Jun. 2, 2013 3:37 တွင် By ERIKA KINETZ  ရေးသားဖော်ပြခဲ့သော


မူရင်း Post ကိုပါ ပူးတွဲ ဖော်ပြ အပ်ပါသည် - wakhama.blogspot.com



YANGON, Myanmar (AP) — Zaw Zaw, one of Myanmar's most successful and notorious businessmen, likes to pick his way at odd hours around the hulking skeleton of his new hotel, rising beside Yangon's main airport road.
The 366-room Novotel holds a story of how one man, who remembers being too poor to afford a soccer ball, built an empire by befriending the military government in what was one of the most oppressive and isolated countries on earth; and how, as Myanmar opens up, he is quickly breaking with the past to embrace a prosperous, cosmopolitan future in which one thing seems certain: He will not lose.
"I am friends with everybody," Zaw Zaw says, a big smile spreading across his youthful face.
___
EDITOR'S NOTE — This story is part of "Portraits of Change," a yearlong series by The Associated Press examining how the opening of Myanmar after decades of military rule is — and is not — changing life in the long-isolated Southeast Asian country.

U Zaw Zaw & His Family ( Photo by Asian Fame Media Group )
 The 45-year-old tycoon, who built his fortune capitalizing on Myanmar's old networks of patronage and power, has demonstrated an agility in reconfiguring his business — and image — to suit a new global audience, and at a speed few have matched. As the country emerges from a half century of military rule, his Max Myanmar Group is on track to more than double revenues, according to data he has not made public before.
His ability to ride the waves of change suggests that the old economic order may not be overturned as Myanmar opens its markets and deepens its embrace of democracy. Just as the former military leaders have taken off their uniforms to refashion themselves as civilian lawmakers and bureaucrats, many of Myanmar's dozen or so economic giants are rebranding themselves as entrepreneurs and working hard to take the stink out of the word "crony."

Zaw Zaw, widely regarded as among the cleanest of the bunch, has moved faster — and more publicly — than his peers to take advantage of Myanmar's reintegration with the global economy. Though he remains on a U.S. blacklist that bans American companies from doing business with friends of the old regime, the Max Myanmar Group is one of the nation's most successful conglomerates, employing 11,000 people in sectors from hotels and banking to cement and construction.

France's Accor Group has a deal with him to manage the Novotel in Yangon and an MGallery hotel in Naypyitaw, the capital. Zaw Zaw says he is pursuing a joint venture with a Thai cement company, and trying to get his Ayeyarwady Bank in shape so he can bring in a foreign partner. He also made a bold effort to list his energy subsidiary on the Singapore Stock Exchange, though that was rejected in April over lingering concerns about his past.
Zaw Zaw acknowledges being friendly with the old military regime, arguing that there was no other way to succeed. "Only the government has projects," he says. "If I don't do projects with them, who will I do projects with?"
His only crime as he sees it? "In this poor country, I have become rich."
___
Zaw Zaw was not born to power. The youngest of six children, he grew up in a two-room wooden house in Yeygi township in Myanmar's southern delta. His father was a government servant, and his mother sold food and household sundries from their home.
In 1988, during his final year at the University of Yangon, he was swept up in student protests against the military government that galvanized the nation. When the government began rounding up student leaders, he hid in the countryside for four months, then went to Singapore with the help of a cousin who found him a job as a sailor. He had $80 in his pocket. It was the beginning of a six-year odyssey abroad.

U Zaw Zaw with Award of AFF Association of the Year
 While Myanmar's xenophobic government sank deeper into isolation, Zaw Zaw saw the world, earning $200 a month as a deckhand. He went to Australia, Hong Kong, Iran, Taiwan, Japan and Africa. He learned English. He saw the development in other countries and grew ashamed of the poverty and repression of his own.
He saved $8,000 and headed to Bangkok, where he blew most of it at nightclubs with friends. In 1991, he bought a ticket to Japan with his last $650.
In Tokyo, he worked three jobs, as a cook, a dishwasher and a waiter. He learned Japanese. Determined to go into business, he began flipping through the yellow pages and cold-calling used car dealers. One was named Max Trading Co. Zaw Zaw became friendly with the owner, bought two Nissan sedans and sold them to his friends.

Thus was born the Max Myanmar Group. Zaw Zaw exported used cars to Myanmar and other developing countries. Taking advantage of a Burmese law that allowed each citizen living overseas to import one car, he snapped up other people's import permits on the black market for around $500 each.
He also met his future wife, a woman from Myanmar then working in Japan too. "She was buying the car from me," he says. "At the end, she bought me."

The couple moved back to Myanmar in 1995 to marry. Zaw Zaw kept importing cars, then added more profitable sales of heavy construction equipment. From there, he went into construction, first as a subcontractor and then winning government contracts himself.
His businesses thrived on connections he developed with the military rulers. He founded a construction company in 2005 that laid the roads for Naypyitaw. Five months later, he started a hotel company that built hotels in the same city in exchange for coveted vehicle import licenses. He developed a jade mine in 2007 in a joint venture with the government.
In 2010, the ruling junta oversaw a rush of privatizations before handing power to a nominally civilian government. Max Myanmar acquired 12 gas stations, part of the land for the coming Novotel hotel and a banking license, putting Zaw Zaw in good position to capitalize on the ensuing opening of Myanmar's economy.

Today, the Max Myanmar headquarters in downtown Yangon are outfitted with sleek burnished wood. Zaw Zaw welcomes visitors in royal red chairs rimmed with ornate silver. He is surrounded by a coterie of assistants, young men with firm handshakes, bright smiles and perfect English, some of whom left successful careers abroad to join Zaw Zaw.
He says he wants to become a global, or at least regional, player. "In Myanmar, we don't have any single brand to compete in the world, or even the region," he says. That quest is forcing him to break many of the old rules. He has courted the political opposition and Western diplomats, both of which were anathema to the former military government. And in a system that long prized secrecy, he agreed to open his books, first to 48 inspectors from the Singapore Stock Exchange, and then to The Associated Press.

Sepp Blatter is warmly welcomed by President of Myanmar Football Federation U Zaw Zaw ( FROM IRRAWADDY )
 The revenues of the privately-held Max Myanmar Group, as reported to Myanmar's tax authorities, show the direction Zaw Zaw is steering his empire, as well as the extent to which he has benefited from his friends in the former military government.
Revenues grew to $240 million in the year ended March 31, 2012, the latest full-year data available, up from $180 million a year earlier. They then jumped to an estimated $293 million in the six months through Sept. 30, thanks to a surge in construction income.
The banking license Zaw Zaw got three years ago has given rise to the fastest growing part of Zaw Zaw's empire.

He and three other tycoons were summoned to a meeting with the government in June 2010 and given the licenses, he says. "Maybe they trust me," says Zaw Zaw, who had no prior experience in the field. "I really don't know why they gave me the license."
Revenues at Ayeyarwady Bank grew to $20.2 million in the year ended March 31, up from $7.5 million the prior year, while net income surged from about $825,000 to $7 million.
The Max Myanmar Group's business is shifting away from areas traditionally associated with cronyism. Revenues from his jade mine, which is nearing the end of its productive life, plunged to $1 million in the first half of this fiscal year, after totaling $17 million the prior year. His construction business still accounts for more than 90 percent of group revenue, but it is weaning itself from government projects in favor of private ones such as the Novotel. And he stopped importing cars in 2010.

Zaw Zaw says he has long admired opposition leader Aung San Suu Kyi and began cultivating a relationship with her after her release from house arrest in November 2010. Her rapprochement with him and other crony businessmen has dismayed some of her allies.
"My objection is up till now what they are practicing is not good business, but making monopolies," says Win Tin, a journalist who spent 19 years as a political prisoner and helped found the National League for Democracy, the party led by Suu Kyi. "We can't forgive them."
But he commends Zaw Zaw for handing back some disputed land for public use and for his high-profile charity projects — which totaled $2.3 million from 1993 through 2012, according to a glossy 75-page company brochure. "As far as I know, Zaw Zaw is the best one," he says of the cronies.

Despite his outreach and pro-reform rhetoric, Zaw Zaw remains on the U.S. sanctions list, which makes it harder for him to access foreign capital. The U.S. Embassy, in a June 2009 cable released by WikiLeaks, described him as "one of several mid-level cronies actively attempting to curry favor with the regime."
The sanctions list does not allow for redemption. It is designed to hold people accountable for past wrongs, regardless of whatever good work they may be doing now, a U.S. State Department official said on condition of anonymity, because he was not authorized to speak to the media.

 The Singapore Stock Exchange's top concern in rejecting Zaw Zaw's bid to list Max Energy — which now operates 31 gas stations — was his presence on the U.S. sanctions list and the "lack of clarity" as to why he was placed there, according to a filing by the Singapore-based company that would have been his partner. The exchange also flagged unresolved allegations of human rights violations and tax evasion.
Zaw Zaw insists he has done nothing wrong and was placed on the U.S. blacklist based, in part, on inaccurate information. "If somebody did wrong, they should be punished," he says. "But don't create rumors."

The Accor Group, for one, is happy to do business with him. Patrick Basset, a senior vice president for the region, said in an email that the hotel group sees its partnership with Zaw Zaw partly as a way "to encourage positive changes."
And, as the glowing financial results in his books suggest, the U.S. sanctions may be hurting Zaw Zaw's pride more than his pocketbook.


Saturday, June 20, 2015

ရွှေခယ်ရတနာ စာကြည်.တိုက် ဖွင်.ပွဲ



Photo by Dr Aye Aye Myint

၂၀၁၅ ဇွန်လ ၉ ရက်နေ.မွန်းလွဲ ( ၁ ) နာရီအချိန်က ၀ါးခယ်မမြို. အထက ( ၁ ) ကျောင်းဝင်းအတွင်းတွင် ရွှေခယ်ရတနာ စာကြည်.တိုက် ဖွင်.ပွဲ အခမ်းအနား ကိုပြု လုပ်ခဲ့ကြောင်း သိရှိရပါသည် ။

ထိုအခမ်းအနားသို. အလှုရှင်များ ၊ကျောင်းသားဟောင်းများနှင်. လက်ရှိတက်ရောက်ဆဲ ကျောင်းသားများ ၊ ကျောင်းအုပ်ဆရာမကြီး နှင်. တာဝန်ရှိသူများ ၊ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) အမှုဆောင်များ နှင်. ၀ါးခယ်မ သခင်သိန်းဖေ မိသားစုဝင်များနှင်. ဧည်.သည်တော်များ တက်ရောက်ခဲ့ကြပါသည် ။

သတ်မှတ်ထားသော နေ.လည် ၁နာရိ အချိန်တွင် စာကြည်.တိုက်အား ဖဲကြိုးဖြတ် ဖွင်.လှစ်ရာ အထက ၁ ကျောင်းအုပ်ဆရာမကြီး နှင်. အလှူရှင်များဖြစ်ကြသောဦးအံ့ကျော်၊ကျောင်းသူကျောင်းသားဟောင်းများကိုယ်စား ကိုသောင်းညွန့် တို့မှ ဖဲကြိုးဖြတ်ဖွင်.လှစ်ပေးခဲ့ကြပါသည် ။ထို.နောက် ကဗ္မည်းမော်ကွန်းအား နံ.သာရည်များ ပက်ဖျန်း ကြပါသည် ။


 ထို.နောက် ဖွင်.ပွဲအခမ်းအနားကို အထက ၁ ရတနာ ခန်းမတွင် ဆက်လက်ပြု လုပ်ခဲ့ပါသည် ။အခမ်းအနားတွင် ကျောင်းစာကြည်.တိုက် မတည်သိန်း တစ်ရာ အလှုရှင် ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဂုဏ်ထူးဆောင် နာယက ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း )၏ လှုဒါန်းရခြင်း ပီတိစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးမှ အလှုရှင်များကို ဂုဏ်ပြု မှတ်တမ်း များ ပြန်လည်ပေးအပ်ပါသည် ။ ထို.နောက် စာအုပ်အလှု ရှင်များက စာကြည်.တိုက်အတွက် သုတ/ရသ /ပညာရေးဆိုင်ရာ စာအုပ်များ လှုဒါန်းကြရာ ကျောင်းစာကြည်.တိုက် တာဝန်ခံမှ လက်ခံရယူခဲ့ပါသည် ။ထို.နောက်ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည် ။

မူလက အထက ၁ ကျောင်းစာကြည်.တိုက်သည် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ နှင်. အကျယ်အ၀န်း ၊ စာအုပ်အမျိုးအစား ၊ အရေအတွက် ၊ ရှားပါးစာအုပ် ၊ စီမံခန်.ခွဲမှု ၊ စာဖတ်ရှုသူ နှင်. ငှားရမ်းသူကျောင်းသား အရေအတွက် အစစအရာရာ ယှဉ်နိုင်လောက်သော စာကြည်.တိုက်တစ်ခုဖြစ်ခဲ့သည် ။ဝါးခယ်မသား နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု ၊ နိုင်ငံကျော် စာရေးဆရာမ ၀ါးခယ်မသူ ဒေါ်ခင်နှင်းယု တို.၏ စည်းရုံးပံ.ပိုးမှုတို.သည်လည်း အဓိကနေရာမှ ပါဝင်ခဲ့သည် ။ သို.သော် ခရစ်နှစ် ၂၀၀၀ ကျော်ခန်.မှစ၍ စာကြည်.တိုက်အဆောက်အဦးပိုင်း ကြံ.ခိုင်မှု စိတ်မချရသည်.အခြေအနေရောက်လာပြီး နောက်ဆုံးစာကြည်.တိုက်ကို လုံးလုံးပိတ်ထားကာ စာအုပ်အချို.သာ ထုတ်ယူ၍ကျောင်းစာသင်ခန်းတစ်ခုကို ယာယီစာကြည်.တိုက် အဖြစ်အသုံးပြုရသော အခြေအနေသို.ရောက်ရှိခဲ့သည် ။


 သို.နှင်. ၂၀၁၄ ခုနှစ်တွင် အထက ၁ ထူးခြားစွာကျင်းပလေ.ရှိသော ရုပ်စုံ ပဒေသာပင်ကထိန် ရွှေရတု အခမ်းအနား နှင်. နှစ်အကန်.အသတ်မရှိ မြတ်ဆရာ ပူဇော်ပွဲ ကျင်းပချိန်တွင် စာကြည်.တိုက်အဆောက်အဦးသစ် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး မတည်ငွေ သိန်း တစ်ရာကို အထက ၁ ကျောင်းသားဟောင်း တစ်ဦးဖြစ်သလို အထက ၁ ၏ နာမည်ကျော် ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုက်မိ၏ မောင်တော်စပ်သူ ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် ) ဂုဏ်ထူးဆောင် နာယက ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) က လှုဒါန်းပေးခဲ့ပြီး ကျန်လိုအပ်ငွေများကို ပူဇော်ပွဲ နှင်. ကထိန် ပိုလျှံ ရန်ပုံငွေမှ ကျခံသုံးစွဲရန် စီမံခဲ့ကြခြင်းဖြစ်ပါသည်

ထို.အတွက် စာကြည်.တိုက်အဆောက်အဦးသစ် တည်ထောင်ရေးကော်မတီကို အောက်ပါအတိုင်း ဖွဲ.စည်းခဲ့ကြခြင်းဖြစ်ပါသည် ။
နာယကများ
၁ ။ ဦးအံ.ကျော်
၂ ။ ဦးလှခင်
ကော်မတီဝင်များ
၁ ။ ဒေါ်သင်းသင်းလဲ့ - ကျောင်းအုပ်ကြီး - ဥက္ကဋ္ဌ
၂ ။ ဦးသောင်းညွန်. - ဒု/ ဥက္ကဋ္ဌ
၃ ။ ဒေါက်တာအေးအေးမြင်.
၎ ။ ဦးအောင်ကြီး
၅ ။ ဦးဇော်မင်းလွင်
၆ ။ ဦးကြည်ဇင်
၇ ။ ဦးထွန်းရီ
၈ ။ ဦးတင်မောင်ထွေး
၉ ။ ဦးသန်.ဇင်
၁၀ ။ဒေါ်မြင်.မြင်.ကြည် ( ပြန် /ဆက် )
၁၁။ဒေါ်တင်တင်ဝင်း
၁၂။ဒေါ်တင်တင်ဖြူ
၁၃။ဒေါ်အေးအေးမြင်. ( အ-ထ-ပြ )
၁၄။ဒေါ်ခင်မြင်.ရီ ( အ-ထ-ပြ )
၁၅။ဒေါ်သက်သက်ဦး ( အ-လ-ပြ )
၁၆။ဒေါ်မိမိမြတ် ( အ-လ-ပြ အိမ်တွင်းမှု )
၁၇။ဦးပြည်.ဖြိုးပိုင် 
၁၈။ဒေါက်တာအောင်နိုင် - ဘဏ္ဍာရေးမှုး
၁၉။ဦးအေးဆွေ (အ-ထ-ပြ ) - စာရင်းစစ်
၂၀။ဒေါက်တာကိုကိုလင်း - တွဲဘက် စာရင်းစစ်
၂၁။ဦးစိုးသွင် - တွဲ - အတွင်းရေးမှုး ၁
၂၂။ဦးမြင်.လွင် - တွဲ - အတွင်းရေးမှုး ၂
၂၃။ဒေါက်တာသက်ရှည် - အတွင်းရေးမှုး
( ယခုကော်မတီဝင်များအနက် ဒေါက်တာသက်ရှည်အနေဖြင်. အဓိကတာဝန်ယူဆောင်ရွက်ပေးနေကြောင်း ကျောင်းသားဟောင်းများ ထံမှသိရှိရသည်.အတွက်လည်း ဂုဏ်ပြုဖော်ပြအပ်ပါသည် )

ယခုကျောင်းစာကြည်.တိုက် အသစ်ကို ရွှေခယ်ရတနာ စာကြည်.တိုက်ဟု မှည်.ခေါ်ထားပြီး ရုပ်စုံ ပဒေသာပင်ကထိန် ရွှေရတု အခမ်းအနား နှင်. နှစ်အကန်.အသတ်မရှိ မြတ်ဆရာ ပူဇော်ပွဲ အထိမ်းအမှတ် Magazine အမည်ကို မှည်.ခေါ် ခဲ့ခြင်းဖြစ်ပါသည် ။ ထိုအမည်ကို Magazine ထုတ်ဝေစဉ်ကပင် အမည်သတ်မှတ်နိုင်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် အများသဘောကျသော အမည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထိုအမည် မှည်.ခေါ်ပေးခဲ့သူမှာ အထက ၁ ကျောင်းသူဟောင်း ဒေါက်တာ သဇင်နှင်း ဖြစ်ပါသည် ။ သူမအနေဖြင်. ရွှေမှာ ရွှေရတုကထိန်ကို ကိုယ်စားပြု ခြင်းဖြစ်ပြီး
ခယ်မှာ - ဝါးခယ်မမြို့ကို ကိုယ်စားပြု၍
ရတနာမှာ - အနာဂတ်အတွက် အဖိုးတန်သားကောင်းရတနာ သမီးကောင်းရတနာများ မွေးထုတ်ပေးနေသော ဝါးခယ်မမြို့အတွက် တန်ဖိုးကြီးမားလှသည်. ကျောင်းတော်ကြီးကို ကိုယ်စားပြုခြင်းဖြစ်သည်
ဟု ဖော်ပြထားခဲ့ပါသည် ။

 အခမ်းအနား ဓါတ်ပုံများကြည်.ရှုလိုပါလျှင်

Friday, June 19, 2015

ရွှေရေးထင်ထင် ဆိုတာ ဘယ်သူလဲ ? ဘာတွေ လုပ်နေလဲ ?


Photo by မင်းမင်းထွန်း - ပေါ်ပြူလာ


 ( Online ပေါ်မှ နာမည်ကျော် စာရေးဆရာမ ရွှေရေးထင်ထင်နှင်. ပေါ်ပြူလာ ဂျာနယ် အင်တာဗျုးအချို.ကို ကူးယူဖော်ပြပါသည် )



ဖေ့စ်ဘုတ်ပေါ် မင်းသမီးဖြစ်လာတာ စိတ်ဖိစီးမှုပိုများလာပါတယ်

 ဖေ့စ်ဘုတ်ပေါ်မှာ နာမည် တဖြည်းဖြည်း အသံထွက်လာတာ ရွှေရေးအတွက် စိတ်ဖိစီးမှုကို ပိုဖြစ်စေတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေရေးက ဟိုးအရင်ကတည်း က ဖေ့စ်ဘုတ် စပြီးသုံးခဲ့တာပါ။ ဖေ့စ်ဘုတ် စသုံးကတည်းကလည်း ကဗျာတွေ၊ စာတွေကို ချပြချင်တဲ့ ရည်ရွယ် ချက်နဲ့ပဲ စပြီးသုံးခဲ့တာပါ။ ဓာတ်ပုံတင် တာကလည်း မိန်း ကလေး သဘာဝအရ ဓာတ်ပုံတွေ ရိုက်လိုက်တယ်၊ လှရင်တင် လိုက်တယ်၊ အဲဒီသဘောမျိုးပါပဲ။ ဒါကို လူတွေက စိတ်ဝင်စားပြီးတော့ ပိုမိုပျံ့နှံ့လာတာ မို့ ရွှေရေး အတွက်တော့ စိတ်ချမ်း သာစရာလို့ မမြင်ဘဲ စိတ်ဖိစီးမှု များလာတယ် လို့ပဲ မြင်မိပါတယ်။


မိန်းကလေးတိုင်းရဲ့အလှအပကို အကောင်းမြင်စိတ်နဲ့ပဲ ကြည့်စေချင် တယ်

အကောင်းမြင်တဲ့ပုံစံ နဲ့ ကြည့်မယ် ဆိုရင်တော့၊ မေတ္တာထားပြီး ကြည့်မယ် ဆိုရင်တော့ အကောင်းမြင်တဲ့ ပုံစံပဲ ပေါ်ပါလိမ့်မယ်။ များသော အားဖြင့် ရွှေရေး ဖေ့စ်ဘုတ် အကောင့် ထဲမှာလည်း ယောက်ျားလေးတွေ ပရိသတ်တွေက များ တယ်ဆိုတော့ သူတို့မြင်ကြတဲ့ သဘောတရားနဲ့ အမြင်တွေက ဘယ်လို မျိုးရှိလဲ ဆိုတာကို ရွှေရေး မသိ နားမလည်ဘူး။ အဲဒီ အထဲမှာ ကောင်းတဲ့ သူတွေလည်း ရှိပါတယ်။ အခုနောက်ပိုင်း ဝေဖန်ကြတာက ဖေ့စ်ဘုတ် ပေါ်မှာ ဓာတ်ပုံတင်တာ နာမည်ကြီးချင်လို့ တင်တာ လို့ ပြောကြတယ်။ ရွှေရေး ဓာတ်ပုံတင်တာ ဟိုးအရင် ကတည်းက တင်တာပါ။ အခုမှတင်တာ မဟုတ်ပါဘူး။ စာတွေ၊ ကဗျာတွေလည်း တင်ပါတယ်။ အခန်းဆက် ဝတ္ထုရှည်တွေ လည်းတင်ဖို့ ရွှေရေး ကြိုးစားနေပါတယ်။ ထူးထူးခြားခြား မေလထဲမှာ တင်လိုက်တဲ့ ဓာတ်ပုံ တစ်ပုံကို အာရုံစိုက်မိ သွားကြပြီး သူတို့ဘာသာ သူတို့ Share လိုက်ကြလို့ ရွှေရေးက အခုလိုနာမည် ထွက်လာတာပါ။ ရွှေရေးက အခုအချိန်ထိ မြန်မာစာပေလောကကို ညစ်ညမ်းအောင်လည်း တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဓာတ်ပုံတွေ ကလည်းဖော်ချွတ် ထားတဲ့ ဓာတ်ပုံတွေလည်း တင်ထားတာ တစ်ခုမှ မပါခဲ့ဘူး။ လုံလုံခြုံခြုံ ဝတ်ပြီးတော့ပဲ ဓာတ်ပုံရိုက် တင်ထားတာ ပါ။ ရွှေရေးက ထပ်ပြီး တင်မယ် ဆိုရင်လည်း လုံလုံခြုံခြုံ နဲ့ပုံတွေပဲတင်မှာပါ။ ရွှေရေးက ခေတ်လူငယ် တစ်ဦးဆိုတာကို ဝေဖန်ကြ သူတိုင်းက မေ့မထားကြဖို့ လိုပါတယ်။


စာဖတ်ဝါသနာ ကဗျာအစအချစ်၊ ဟာသ၊ စုံထောက် သုံးမျိုးပေါင်း ဝတ္ထု ရှည်ရေးချင်တယ်

 ရွှေရေး စာပေကို ဝါသနာပါတာ အဓိကက မေမေ့ကြောင့်ပါ။ မေမေ ဖတ်တဲ့စာပေတွေကို ကိုယ်ကိုယ်တိုင် က ဘေးနားကနေ လိုက်ပြီး ဖတ်ရင်းနဲ့ စာပေကိုဝါသနာ ပါလာ တယ်။ နည်းနည်း အသက်ကြီးလာတော့ ကဗျာလေးတွေ ဖတ်တတ် လာတယ်။  မဂ္ဂဇင်းပေါင်းစုံမှာ ပါလာတဲ့ ကဗျာလေးတွေကို ဖတ်တယ် ။ ကောင်းတဲ့ ကဗျာတွေတွေ့ ရင် ဖတ်ရှုပြီး စာအုပ်မှာရေးမှတ်ထားခဲ့တယ်။ ကိုယ်လည်း ကဗျာတွေ စမ်းရေး ကြည့်ရင်းနဲ့ တစ်ပုဒ်နှစ်ပုဒ် ရေးတတ်လာတယ်။ ကဗျာ အမျိုးအစားတွေ ကတော့ ရွှေရေးက ငယ်ရွယ်သေးတဲ့ အသက်ပိုင်း ကာလဆိုတော့ ခွဲမသိခဲ့ပါဘူး။ မေမေက အကြံပေးတော့ မဂ္ဂဇင်းတိုက်ကို စာမူလေးတွေရွှေရေး ပို့ဖြစ်တယ်။ ဒါပေမဲ့ ရွေးချယ် ခံရတာ တစ်ခုမှ မရှိခဲ့ပါဘူး။ အဲဒီအချိန်တွေ မှာ ရွှေရေးအနေနဲ့ စိတ်ဓာတ် ကျလိုက်၊ ပြန်ရေးလိုက် နဲ့ဖြစ်ခဲ့တယ်။ ရွှေအမြုတေ မဂ္ဂဇင်းမှာတော့ ဝတ္ထုတို တစ်ပုဒ်ဖော်ပြခံ ရဖူး တယ်။ ရွှေရေးက ဆရာမကြီး ကလျာ(ဝိဇ္ဇာသိပ္ပံ) ရဲ့ဇာတ်အိမ်တွေကို နှစ်သက်တယ်။ ဆရာကြီး မင်းသိင်္ခ၊ ဆရာကြီးရွှေဥဒေါင်း ရဲ့ဝတ္ထု ဇာတ်အိမ်တွေကို လည်း နှစ်သက်တယ်။ ဒါ့အပြင် အချစ် ဝတ္ထုတွေလည်း ဖတ်ဖြစ်တယ်။ အဲဒီတော့အချစ်၊ ဟာသ၊ စုံထောက် ဝတ္ထုလေးတွေကို ကြိုက်နှစ်သက်ပြီး ဝတ္ထုရှည်ရေး တဲ့အခါမျိုး ကျရင် အချစ်၊ ဟာသ၊ စုံထောက်သုံးမျိုးပေါင်းတဲ့ ဝတ္ထုမျိုးရေးချင် စိတ်ဖြစ်မိပါတယ်။
စာပေအနုပညာနဲ့ အောင်မြင်ကျော် ကြားသူပဲ ဖြစ်ချင်တယ်
အောင်မြင်ကျော်ကြားတဲ့ဘဝမျိုးကို ရွှေရေးနှစ်သက်ပါတယ်။ ဒါပေမဲ့ ရွှေရေးဖြစ်ချင်တာက စာရေးဆရာမတစ်ယောက်ဘဝအဖြစ်နဲ့ အောင်မြင်ကျော်ကြားတာကိုပဲ ရွှေရေးလိုချင်တာပါ။အဲဒါကြောင့်
လည်းစာပေနယ်ဘက်ကိုဝတ္ထုတို၊ဝတ္ထုရှည် ဖန်တီးရေးသား ပြီးတော့ဝင်ရောက်နိုင်အောင် စတင်ကြိုးစားနေဆဲ ကာလအတွင်းမှာပဲ ခုလိုလူတွေစိတ်ဝင်စားလာတာကရွှေရေးရဲ့ဖေ့စ်ဘုတ်ပေါ်ကဓာတ်ပုံကြောင့်လို့ဆို ရမှာပါ။ ပြီးတော့ ဖေ့စ်ဘုတ်ပေါ်က လူမှု ကွန်ရက်ရဲ့တစ်မုဟုတ်ချင်းပွားပြန့်မှုကြောင့် ရွှေရေးနာမည်ကြီးလာရတာပါ။ အခုလောလောဆယ်မှာတော့ရွှေရေးကကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်လို့ မယူဆပါဘူး။ အနုပညာစွမ်းဆောင်မှု၊ စာပေအရေးအသားစွမ်းဆောင်မှုကြောင့် အောင်မြင်လာတာမျိုးမဟုတ်သေးတဲ့အတွက်ရွှေရေးကိုယ့်
ကိုယ်ကိုယ် ရှက်စိတ်ဖြစ်မိပါတယ်။ ဒါကြောင့်စာပေအနုပညာနဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ပဲရွှေရေး ဖြစ်ချင်ပါတယ်။


အခုလိုနာမည်ကြီးလာတာ ဝါရင့် စာရေးဆရာတွေ အထင်လွဲမှာ စိုးရိမ်တယ်

အခုလိုမျိုး နာမည်ရေပန်းစား လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ရွှေရေး အဓိက စိုးရိမ်မိတာက စာပေ နယ်ပယ်မှာ ရှိနေကြတဲ့ စီနီယာသမားကြီးတွေ က ရွှေရေး အပေါ်မှာ အမြင်လွဲ၊ အထင်လွဲသွားမှာကို တအားပဲ စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုမှ မလောက်လေး မလောက်စားနဲ့ တက်လာတဲ့ စာရေး ဖို့ ကြိုးစားနေတဲ့ မိန်းကလေး တစ်ယောက်က ဖြတ်လမ်းနည်းနဲ့ စာပေအပေါ်မှာ မရိုးမသားနဲ့ဝင်လာတယ်လို့ မြင်ကြမှာကို တအားစိုးရိမ်မိတယ်။ ဖြတ်လမ်း နည်းနဲ့ဝင်ဖို့ ရည်ရွယ်ချက် လည်း ရွှေရေး မှာမရှိပါဘူး။ ဝါရင့် စာရေးဆရာကြီးတွေ အထင်လွဲ သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ဆရာကြီး ဂျာနယ်ကျော် ဦးမိုးဟိန်း မဆုံးခင်ကတည်း က ရွှေရေး စာရေး လာ ခဲ့တာပါ။ ရွှေရေး ဖန်တီးရေးသားတဲ့ စာတွေ မဂ္ဂဇင်းမှာပါ တာမျိုးတွေကို ဆရာကြီးက မြင်ချင်ခဲ့ပါတယ်။ မမြင်ခဲ့ ရလို့လည်း ရွှေရေးကို ဆူခဲ့ပါတယ်။ ဝတ္ထုတို တစ်ပုဒ်မှလည်း မတွေ့ရသေးပါလား လို့ပြောတယ်။ ဝတ္ထု တစ်ပုဒ်တောင် ပါလာတာမမြင်ရသေးတာ လုံးချင်းဝတ္ထု ထွက်ဖို့အတွက်ဆိုရင် ငါသေ တဲ့အထိ မြင်တောင်မြင် သွား ရပါ့မလားလို့ ဘဘက ပြောသွားဖူးတယ်။ ဘဘဆရာသာ ဆုံးသွား တယ်။ ရွှေရေးဝတ္ထု တိုတစ်ပုဒ်ပါ တာတောင် သူမမြင်သွား ရရှာပါဘူး။ အခုတော့ ရွှေရေး ပထမ ဆုံး လုံးချင်းဝတ္ထု လုံးချင်းစာအုပ် ထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဘဘ ဆရာကို ရွှေရေး အများကြီး သတိရမိပါတယ်။ ဝါရင့် ဆရာကြီးတွေ အထင်မြင်လွဲမှာ ကို လည်း ရွှေရေး တအားကိုပဲ စိုးရိမ်မိပါတယ်။

Facebook ပေါ်မှ ရရှိသော ရွှေရေးထင်ထင် ဟုဆိုသော ပုံ

ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်လို့ ဘာမှ ပြုပြင်ထားတာမရှိပါ

 ရွှေရေးခန္ဓာ ကိုယ်အလှကို ထွေထွေထူးထူး ထိန်းသိမ်းတာမျိုး မရှိပါဘူး။ အစားအသောက် ဆိုရင်လည်း အဆီ များတာတွေလည်း စားတာပဲ။ သစ်သီးတွေ လည်းစားတာ ပဲ။ တစ်ခုတော့ ရှိတယ်။ ညစာကိုတော့ သိပ်များများ မစားဘဲ ရှောင်ပါ တယ်။ ထွေထွေထူးထူး အားကစား လုပ်တာလည်း မရှိပါဘူး။ အားကစား ဆိုတဲ့ အတိုင်း အားရင် အားသလိုတော့ ကစားဖြစ်ပါတယ်။ တစ်ခါ တလေ မှGym ကစားဖြစ်တယ်။ မြန်မာပြည်မှာ ဒီလိုမျိုးလှကြတဲ့ မိန်းကလေးတွေ တော်တော် များများ ရှိပါတယ်။ ရွှေရေး အနေ နဲ့ ဒီလှပမှု အပေါ်မှာလည်း ဘာမှထွေထွေ ထူးထူး ပြုပြင်ထားတာလည်း ဘာမှမရှိဘူး။ မိန်းကလေး သဘာဝအရ လှချင်တာကြောင့် အစားအသောက်လေး နည်းနည်း ဆင်ခြင်မိတာပဲ ရှိပါတယ်။ တခြား ဘာမှ အဓိကထားပြီး ပြုပြင်ထားတာမျိုး လုံးဝမရှိပါဘူး။


အချစ်ရေးက မုန်တိုင်း တိုက်ခတ်နေတဲ့ ကာလမို့ ဖွင့်မပြောပြချင်သေးပါ

အချစ်ဆိုတဲ့ ကိစ္စပေါ်မှာ မူတည်ပြီး ထပ် ပြီးတော့လည်း သေချာအောင် ပြောချင်ပါ တယ်။ ရွှေရေး အချိန်တန်လို့ ရှိရင် ထပ်ပြီး တော့ သေသေချာချာ တိတိကျကျ ပြောပြ ပါ့မယ်။ အခုချိန်မှာ မပြောပြသေးတာက ဘာကြောင့်လဲ ဆိုတော့ ရွှေရေး အပေါ်မှာ အမြင် လွဲမှားမှုတွေ ရှိကြသေးတဲ့ အချိန်ဖြစ် တဲ့အတွက် ရွှေရေး ဖွင့်ပြော လိုက်တဲ့ အပေါ် မှာ မူတည်ပြီး မလိုလားအပ်တဲ့ တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေ ပြဿနာ တွေ ထပ်ပြီး ဖြစ်ပေါ်လာမှာကို စိုးရိမ်မိတဲ့ အတွက်ကြောင့် ဒီအချိန်မှာရွှေရေး ဖွင့်မပြော သေး တာပါ။ တစ်ချိန်မှာတော့ ရွှေရေးကို တိုက်ခိုက်မှုတွေ ပြေ ပျောက် ပြီးသွားရင်တော့ ပြောပြမှာပါ။ အခုတော့ ပြောရရင် မုန်တိုင်း တိုက်ခတ် နေတဲ့ ကာလ ဖြစ် တာကြောင့် ရွှေရေး ဘာ ကိုမှ အသိမပေးချင်တဲ့ သဘော ပါ။ နောက်တော့ အားလုံးကို တိတိ ကျကျ သေသေချာချာ လေး ပြောပြသွားမှာပါ။

ပထမဆုံးလုံးချင်း ဝတ္ထုစာအုပ်ထွက်ဖို့ရှိတယ်

 ရွှေရေး သြဂုတ်လထဲမှာ ပထမ ဆုံးလုံးချင်း ဝတ္ထုထွက်နိုင်အောင် ကြိုးစားနေပါတယ်။ အချစ်ဟာသ စုံထောက်ရောထားတဲ့ ဝတ္ထု လုံးချင်း ရှည်လေးထွက်ဖို့ အခုကတည်း က ကြိုး စားနေပါတယ်။ တခြား အနုပညာ သရုပ် ဆောင် အလုပ်တွေကို လည်း ရွှေရေးဘာမှ လုပ်ဖို့ စိတ်ကူး လုံးဝ မရှိပါဘူး။ ရွှေရေး လုပ်ချင်တာက စာပေနဲ့ သက် ဆိုင် တဲ့ ကဗျာ ရေးမယ်၊ ဝတ္ထုရေးမယ်၊ ဇာတ်ညွှန်း လည်း ရေး ပါ မယ်။ ရွှေရေးက စာရေးတယ် ဆိုပေမယ့် စာရေးဆရာကြီး တစ်ယောက်လို ဘဝင် မြင့်နေတာမျိုးလည်း မရှိ ပါဘူး။ အခုအခါမှာ အနုပညာ ဝမ်းစာဖြည့် နေရတဲ့ အချိန်ပါ။ ၂ဝ၁၅ခုနှစ်ထဲမှာ လူငယ် မိန်းကလေး သဘာဝအရ အလှ ဓာတ်ပုံတွေ ရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်မိ တာပါပဲ။ ဒါပေမဲ့ တစ်ဖက် ပိတ်အတွေးတွေ နဲ့ တွေးနေတဲ့ အမြင် မှာတော့ မြန်မာ စာရေး ဆရာမက ဘယ်လို ပုံစံ ရှိရမလဲ ဆိုတာကို သူတို့ ဘယ်လို သတ်မှတ် ထားလဲ ဆိုတာတော့ မသိဘူး။ ဥပမာ ပင်နီ အင်္ကျီ ဝတ်ထားရမယ်။ မျက်မှန် ကြီး တပ်ထားရမယ်။ အင်းလေးလွယ် အိတ်ကြီး လွယ်ထားရမယ် ဆိုတာမျိုး တွေကို သတ်မှတ် ထားလား မသိပါ ဘူး။ ဒီလိုမျိုးနဲ့ ကြည့်မယ်ဆိုရင် တော့ ရွှေရေးက ဘောင်ကွဲထွက် နေမှာ အမှန်ပါပဲ။


 Written by

လွင်လွင်ထွန်း @ ပေါ်ပြူလာ

ဆက်စပ်ဖတ်ရှု ရန်များ



Friday, June 12, 2015

သခင်သိန်းဖေ ( ၀ါးခယ်မ ) မိသားစု ကောင်းမှု - ပရဟိတ ဘ/က ကျောင်း



အလှု ရှင် သခင်သိန်းဖေ ( ၀ါးခယ်မ ) မိသားစု၏ သခင်သိန်းဖေ ( ၉၉ ) နှစ်ပြည်.မွေးနေ. အထိမ်းအမှတ် မတည် လှုဒါန်းသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင်.လှစ်ခြင်း အခမ်းအနားကို ၂၀၁၅ ဇွန်လ ၉ ရက်နေ. မနက် ၉နာရီက ထိုကျောင်းတည်ရှိရာ ၀ါးခယ်မမြို. အရှေ.ပိုင်း မဟာဓမ္မိကာရုံ ( ပရဟိတ ) ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းပြုလုပ်ခဲ့ပါသည် ။

ထိုအခမ်းအနားသို. သခင်သိန်းဖေ ( ၉၉ ) နှစ်ပြည်.မွေးနေ. အထိမ်းအမှတ် အဖြစ် သိန်း ( ၅၀၀ ) တိတိ လှုဒါန်းသော သခင်သိန်းဖေမိသားစုဝင်များ ( သား ၃ ဦး သမီး ၁ ဦး အပါအ၀င်) ၊ ကျောင်းစတင်လည်ပတ်နိုင်ရေး အတွက်ပဒေသာပင် သိန်း ၁၀၀ နှင်.ကျွန်း စာသင်ခုံ / ထိုင်ခုံ အစုံ၂၀ လှုဒါန်းသော ဗိုလ်မှုးကြီး အံ.ကျော် ( ငြိမ်း ) ၊ ကူညီစီမံဆောင်ရွက်ပေးသော ၀ါးခယ်မမြို.နယ် အသင်း ( ရန်ကုန် )၏ အမှုဆောင်များ နှင်. ၀ါးခယ်အကျိုးဆောင်အဖွဲ. ၊ ကျောင်းစီမံခန်.ခွဲမှု ကော်မတီဝင်များ နှင်. ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါသည် ။

သတ်မှတ်မင်္ဂလာအချိန် ၉ရက်နေ. ၆ လပိုင်း ၉နာရီ တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နာယကဆရာတော်၊ ၀ါးခယ်မမြို့နယ်အသင်း(ရန်ကုန်) ဂုဏ်ထူးဆောင်နာယကဦးအံ့ကျော်၊ အလှူရှင်သခင်သိန်းဖေ၏သား ဦးကျော်စွာနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အလှုရှင်များက စာအုပ် ၊ ခဲတံ ၊ ကွန်ပါဘူး စသည်တို.ကို ကလေးငယ်များထံ လက်ရောက်လှုဒါန်းကြပါသည် ။



ထို.နောက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆောက်လုပ်လျုဒါန်းခြင်း နှင်.ဘ/က ကျောင်းအတွက်မတည်ပဒေသာပင် လှုဒါန်းခြင်း ၊ ဘုရားကြီး ၀င်းအတွင်း နိမိတ်ကြီး ၄ပါး ရုပ်တု အလှုမီနီယံ / မှန်ခန်း ဆောက်လုပ်ခြင်း ၊ ဘုရားကြီး ၀င်းအတွင်း ဦးစု - ဒေါ်ရိပ် တန်ဆောင်း ပြုပြင်လျုဒါန်းခြင်း ရေစက်ချ အလှု မင်္ဂလာ ကို ဆက်လက်ကျင်းပခဲ့ပါသည် ။ ထိုအခမ်းအနားသို.ပင်.သံဃာ ၁၀ ပါး ကြွရောက်တော်မူခဲ့ကြပြီးမြို.နယ် သံဃာ.မဟာနာယက ဥက္ကဋ္ဌ ဆရာတော်မှ ရေစက်ချတရားဟောကြားခဲ့ပါသည် ။အလှုရှင်များက လှုဒါန်းရခြင်း အကြောင်း နှင်. ၀မ်းသာပီတိစကားများ ပြောကြားခဲ့ကာ ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) မှ အလှုရှင်များအား ဂုဏ်ပြုဆုများ ချီးမြှင်.ခဲ့ပါသည် ။

ထို.နောက်ကြွရောက်လာသာ ပရိသတ်များကို နေ.လည်စာဖြင်. ဧည်.ခံခဲ့ကြပါသည် ။

ကျောင်းအဆောက်အဦးမှာ ( ၁၀၀ × ၃၀ × ၁၂ ပေ ) ရှိ တစ်ထပ် သံကူကွန်ကရစ်အဆောက်အဦးဖြစ်ပါသည် ။

ယခုအခါ ထိုကျောင်းလေးတွင် ( လတ်တလော ) ဆရာမ ၂ ဦး နှင်.သူငယ်တန်း ကျား ၁၄ မ ၆၊ ပထမတန်း ကျား ၄ မ - ၊ ဒုတိယတန်း ကျား ၇ မ ၁ ၊ တတိယတန်း ကျား ၇ မ ၁ ၊ စတုတ္ထတန်း ကျား ၇ မ ၁ ၊ သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသား/သူ ၄၈ ဦးတက်ရောက်နေပြီး ကျောင်းဝတ်စုံများကို ၀ါးခယ်မမြို.နယ်အသင်း ( ရန်ကုန် ) မှထောက်ပံ.လှုဒါန်းထားကြောင်း သိရှိရပါသည် ။




ထိုကျောင်း၏ စီမခန်.ခွဲရေးဆိုင်ရာ ကိစ္စရပ်များအတွက် အောက်ပါ အကျိုးဆောင်အဖွဲ.မှ တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရပါသည် ။


နာယကအဖွဲ.
1. ဦးဥာဏိန္ဒ - မဟာဓမ္မိကာရုံကျောင်း
2. ဦးစန္ဒိမာ - မဟာဓမ္မိကာရုံကျောင်း
3. ဦးကြီးမြင်. - ဒုတိယ ညွှန်ကြားရေးမှုး - ငြိမ်း ၊ စည် / ပင်
4. ဦးကျော်လွင် - တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
5. ဒေါက်တာသက်ရှည် - ဥက္ကဋ္ဌ - ၀ါးခယ်မ အကျိုးဆောင်အဖွဲ. ( ၀ါးခယ်မမြို.နယ် အသင်း - ရန်ကုန် )

အမှုဆောင်အဖွဲ.
1. ဒေါက်တာမောင်မောင်ကြိုင် - ဥက္ကဋ္ဌ
2. ဒေါက်တာကိုကိုလင်း - ဒု - ဥက္ကဋ္ဌ
3. ဦးမြင်.လွင် - ဒု - ဥက္ကဋ္ဌ
4. ဦးသန်.ဆွေအောင် - အတွင်းရေးမှုး
5. ဦးဇော်နိုင်သန်း - တွဲဘက် အတွင်းရေးမှုး
6. ဦးမောင်ဦး - အဖွဲ.၀င်
7. ဦးမျိုးမင်းဇော် - အဖွဲ.၀င်
8. ဦးပြေအေး - အဖွဲ.၀င်
9. ဦးပု - အဖွဲ.၀င်
10. ဦးတင်မြင်. - အဖွဲ.၀င်
11. ဦးထွန်းရီ - အဖွဲ.၀င်
12. ဦးကျော်မင်းထွန်း - အဖွဲ.၀င်
13. ဦးသန်.ဇင် - အဖွဲ.၀င်

14. ဦးရဲမျိုးအောင် - အဖွဲ.၀င်


ဆက်စပ်ကြည်.ရှုရန်