Wednesday, February 25, 2015

အောင်မြင်လာသော ဇာတိအနွယ်ဝင် ဂီတ ကြယ်စင်တစ်စင်း (သို.) ပိုပိုဟေသာ



မြို.လေးသည်  အနုပညာဘက်တွင် လည်း မည်သည်.အခါကမျှ နောက်ကျခဲ့သည်မရှိခဲ့ပေ

ဒေါ်မေရှင် ငယ်စဉ်ဘ၀ ၊ တက္ကသိုလ်ဖေညွန်. နှင်. ဒေါ်မေရှင် မကွယ်လွန်မှီက
ဟိုး စစ်ကြိုခောတ် အဆိုတော် ဒေါ်မေရှင်တို.နှင်. တစ်ခောတ်တည်း ပေါ်ပေါက်ခဲ့ပြီး ယနေ.တိုင် လူသိများသည်. ရွှေစံပယ်ရုံ သီချင်းကို သီဆိုခဲ့သော တက္ကသိုလ်ဖေညွန်. ၊ တက္ကသိုလ် ကျောင်းက ငွေလမင်း ၊ အမုန်းခွန်အား ပေးသနားပါ ၊ စကားပြောကောင်းတဲ့ မသဲအူ -  မောင်ခေါ်ရာ လိုက်ခဲ့ပါလား - ဆေးဆိုးပန်းရိုက်မျက်နှာ - မြန်မာနိုင်ရမည် - မြန်မာပြည်သား စသော နိုင်ငံကျော် သီိချင်းများ ရေးဖွဲ.ခဲ့သော ဂီိတစာဆို မောင်ဆွေနွယ် ၊ လှပါတယ်မေရယ် - အနားမှာနေပါကွယ် - စံပယ်လိုလို နှင်းဆီလိုလို ဟူသော နာမည်ကျော်သီချင်းများ ရေးဖွဲ.ခဲ့သည်. စန္ဒယား ငွေစိုး  ၊ ချစ်တဲ့သူရယ် - တကယ်ချစ်ရဲ.လား - ကမ္ဘာလဆန်းတစ်ရက်နေ. ဟူသော သိချင်းများဖြင်. ဂီတလောကတွင်နာမည်ကျော်သလို ကိုယ်ပိုင်တီးဝိုင်းပါထူထောင်ခဲ့ပြီး ယခုတိုင် ရုပ်ရှင်လောကတွင် တွေ.နေရသေးသော ၀ါးခယ်မရဲမောင် ၊ ရုပ်ရှင် ကားပေါင်း ၂၀၀ ကျော် တွင် သိချင်းရေးဆရာ / ရုပ်ရှင် ဂီတမှုး ဖြစ်ခဲ့သလို အကယ်ဒမီပါ ရခဲ့ပြီး အဆိုဘက်တွင်ပါ နာမည်ကျော်ခဲ့သော စန္ဒယား လှထွတ် ၊ ရုပ်ရှင်နောက်ခံ သီချင်းများရေးစပ်သီဆိုခဲ့သော ရန်ပိုင်စိုး ၊ တာဝတိံသာကျောင်းထွက်အဆိုတော် ဂျေညီညီ ၊ ဂျေမောင်မောင် ၊ ယခုခောတ် မြန်မာသံလောကတွင် ခိုင်ခိုင်မာမာရပ်တည် နေနိုင်သော စိုးစန္ဒာထွန်း တို.သည် မြို.လေး၏ ဇာတိဖွားများဖြစ်ကြသည် ။

ထို.အပြင် နိုင်ငံကျော် ဂီိတပညာရှင် နှင်.အဆိုတော်များဖြစ်ကြသော မာမာအေး ၊ အကယ်ဒမီ စန္ဒယား ဇော်မျိုးထွတ် ( စန္ဒယား လှထွတ်သား ) ၊ ကိုင်ဇာ ၊ မေရွက်ဝါ ၊ ဇော်မျိုးထွဋ် ( Emperor ) ၊ ဇော်ဝင်းထွဋ် ၊ သီရိဂျေမောင်မောင် တို.မှာ မြို.လေး၏ ဇာတိဖွားတို.မှမွေးဖွားလာကြသော သွေးသားများ ဖြစ်ကြပြီး ၀ါးခယ်မအနွယ်ဝင် ဂီတ နှင်. အဆို ပညာရှင်များ ဖြစ်ကြသည် ။
ယခု မြို.လေး ၏ မျိုးဆက်သစ် အနွယ်ဝင် တစ်ဦး ဂီတလောက အတွင်း အောင်မြင်ခြင်းများ နှင်. ၀င်ရောက်လာခဲ့ပြန်ပြီ ဖြစ်သည်  


 ၂၀-၂-၂၀၁၅ နေ. က ရှင်စောပုလမ်းရှိ Myanmar Event Park တွင်ကျင်းပခဲ့သော မြန်မာ.ဂိတထူးချွန်ဆုပေးပွဲ ( Myanmar Music Award – 2014 ) တွင်  ဆောင်းရာသီ အကောင်းဆုံး Rock သီိချင်းဆု ၊ People Choice ဆု ၊ ဆောင်းရာသီအကောင်းဆုံး Pop သိချင်း ဆု ၊ ပရိသတ်အားပေးမှု နှင်.အချစ်ဆုံး ဆု ၊ စာနယ်ဇင်း ပညာရှင်များကရွေးချယ်ပေးသော ဆု ၊ စာပေပညာရှင်များကရွေးချယ်ပေးသော ဆု ၊ ရွှေရောင် သိချင်းများ ပိုင်ရှင် ဆုအောင်မြင်မှုကို ရေရှည်ထိမ်းသိမ်းနိုင်သော လူငယ်ဂိတဆု ၊

တစ်နှစ်တာလုံး အကောင်းဆုံး သီချင်းရေးဆရာ ဆု တစ်နှစ်တာ အကောင်းဆုံး Rock Album တစ်သက်တာ ဂီိတထူးချွန်ဆု စသည်ဖြင်. ဆုအမျိုးအစားများစွာ ချီးမြှင်. ခဲ့သည်

ထိုဆုများအနက် ၀ါးခယ်မနွယ်ဖွား အဆိုတော်များဖြစ်သော မာမာအေးကမောင်.အချစ်မြှားဆူး သိချင်းဖြင်. စာပေပညာရှင်များ ရွေးချယ်ပေးသော ဆု   အဆိုတော် ကိုင်ဇာက ရွှေရောင် ပိုင်ရှင်သိချင်းများဆု တို.ရရှိခဲ့သည် ။ထို ၀ါးခယ် နွယ်ဖွား ၀ါရင်.အဆိုတော်ကြီး ၂ ဦး နှင်. အတူ မျိုးဆက်သစ် ၀ါးခယ်မနွယ်ဖွား အဆိုရှင် ပိုပိုဟေသာ က ချစ်တဲ့စိတ်ဆိုတာ ဟူသော သီချင်းဖြင်. နွေရာသီ အကောင်းဆုံး Pop သိချင်းဆု ရရှိခဲ့သည် ။

ထို.ကြောင်. ထိုနေ.ည ကျင်းပခဲ့သော Myanmar Music Award – 2014 သည် ဇာတိအနွယ်ဝင်တို.အတွက် အောင်မြေဖြစ်ခဲ့သည်ဟု ပြောရမည်ဖြစ်သည် ။



အသက် ၁၇ နှစ်သာရှိသေးသော အဆိုတော် ပိုပိုဟေသာ မှာ ဖခင် တေးရေးဆရာ ဇ၀ါ နှင်. မိခင် ( ၀ါးခယ်မဇာတိဖွား ) မြင်.မြင်.၀င်း တို.၏ သမီးကြီးဖြစ်ပြီး၂၀၁၃- ၂၀၁၄ ပညာသင်နှစ် က တက္ကသိုလ်ဝင်တန်းကို ဗိုလ်တစ်ထောင် အ-ထ-က ၅ မှ ၄ဘာသာ ဂုဏ် ထူးဖြင်. အောင်မြင်ခဲ့ကာ လက်ရှိ နိုင်ငံခြား ဘာသာ တက္ကသိုလ် ( UFL ) တွင် Korea ဘာသာဖြင်. ပထမနှစ် တက်ရောက်နေသူဖြစ်ပါသည် 

ဖခင်က ဂီိတလောကသားဖြစ်သလို မိခင်က နာမည်ကျော် ဂီတလောကသားတို.ဇာတိဖွားမို.ထင်. ။ သူမက ငယ်စဉ်ကပင် ဂီတကိုစိတ်ဝင်စားခဲ့သည် ။ ဖခင်ကိုယ်တိုင်က သီချင်းများရေးဖွဲ.နေသူမို. ဂိတလောက / သီိချင်းများ နှင့် အထူးနီးစပ်ခဲ့သည် ။ ယခုဆုရရှိခဲ့သော သီချင်းမှာ ၂၀၁၄ ဖေဖော်ဝါရီလ ၈ ရက်နေ.  ကထုတ်ဝေဖြန်.ချီခဲ့သော 9 Night  ၏ Tri တွင်ပါဝင်သီဆိုခဲ့သော သီိချင်းဖြစ်သည် ။ 


တကယ်တော. ထိုသီချင်း ကိုက သူမကိုအောင်မြင်စေရန် ဖြစ်တည်လာခဲ့သည်ဟုပြောရမည် ။ထိုသီချင်းမှာ သူမ ၇ နှစ် သမီးအရွယ်ခန်.ကပင် သူမဖခင် က သီဖွဲ.ခဲ့ပြီး Producer တစ်ဦး က၀ယ်ယူသွားခဲ့သည် ။ သူမ ၁၀ နှစ် သမီးအရွယ်ခန်.တွင် ထိုသီချင်းကို အထူးနှစ်ခြိုက်ပြီး ဖခင်နှင်.အတူ သီဆိုလေ.ရှိခဲ့သည် ။ ထိုသိချင်းမှာလည်း နှစ်များစွာ စီစဉ်ထားသူများ နှင်. မဆိုဖြစ်ပဲ လွန်ခဲ့သော နှစ်ပိုင်းဆီကမှ သူမအိမ်တွင်သီိဆိုသည်ကို တွေ.သွားပြီး စီစဉ်သူကိုယ်တိုင်က သူမကိုသာ သီဆိုရန် စီစဉ်စေခဲ့ခြင်းဖြစ်သည် ။ ဆယ်နှစ် နီးပါး ပိုင်ရှင်စောင့်နေခဲ့သော ထိုသီိချင်းက ထိုက်တန်သော ပိုင်ရှင် တွေ.ခဲ့ပြီးနောက် ၂၀၁၃ ဧပြီ ၄ ရက်နေ.တွင် စတင်အသံသွင်း ဖြစ်ခဲ့သည် ။သို.သော် ပိုမိုပြည်.စုံစေရန် ဇူလိုင် ၄ ရက်နေ.တွင် ထပ်မံ အသံသွင်းယူခဲ့သည် ။ ၂၀၁၄ ဖေဖော်ဝါရီ ၈ ရက်နေ့.တွင် ထိုသီချင်းပါသော အခွေ စတင်ဖြန်.ချီခဲ့သည် ။

သူမအနေဖြင်. နီတာ ၏ အချိန်မရွေး အခွေတွင် စုံတွဲ တစ်ပုဒ်ဝင်ရောက်သီဆိုခဲ့ဖူးပြီး Cherry FM ၏ 5th Anniversary အခွေတွင် သီိဆိုခဲ့သော အသဲစကား ဟူသည်. သိချင်း တစ်ပုဒ် အပါအ၀င်မှ ၃ပုဒ်သာ သိဆိုခဲ့ဖူးသေးသော်လည်း ဗီဇ - ၀ါသနာ - မျိုးရိုး - စိတ်ဝင်စားမှု - ကြိုစားခြင်း - ဇာတာစန်းလဂ်တို. ပေါင်းလိုက်သော အခါ အောင်မြင်မှုက စောစီးစွာ သီးပွင်.လာခဲ့တော.သည် ။

ပိုပိုဟေသာတို. မိသားစု ၄ ဦး

  ယခုကဲ့သို.မိမိတို. ဇာတိအနွယ်ဝင် တစ်ဦး ၏ အောင်မြင်မှုကို ဂုဏ်ပြုသော အားဖြင်. ဖော်ပြခြင်းဖြစ်ပါသည်  ဆက်လက်၍ လျှောက်လှမ်းရာ ဂီိတလမ်းကြောင်း / အနုပညာလမ်းကြောင်း တစ်လျှောက် ပိုမိုကြီးမားသော / ပိုမို ခိုင်မာသော အောင်မြင်မှုများ    ဆထက်တန်ဘိုးတိုး၍ ရရှိပါစေကြောင်း ဇာတိဖွားများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်

သူမ၏ သီိချင်းများကို အောက်ပါ Link တွင်သွားရောက်နားဆင်နိုင်ပါသည် ။

 
 

ဆက်စပ်လေ.လာလိုပါလျှင်