Saturday, January 31, 2015

ရုပ်/စည်း ရွေးကောက်ပွဲ မှသူတို.ပြောသမျှ


 အောင်ခိုင် (ဇာတ်ပို့ဇာတ်ရံ အလွှာ)
” ၂ဝ၁၂၊ ၁၃၊ ၁၄မှာ ကျွန်တော်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ စည်းရုံးရေးမှူး တာဝန်ခံလုပ်ခဲ့ရတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဒီအမှုဆောင်လုပ်နေကြတဲ့ အပေါ်မှာ တချို့တွေက အမြင်ကြည်လင်တာရှိသလို၊ မကြည်လင်တာတွေလည်း ရှိလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စည်းကမ်းဆိုတာကို သေသေချာချာ ကိုင်တွယ် တဲ့ အခါမှာ စည်းကမ်းဖောက်ဖျက်တဲ့ လူတွေကတော့ အဲဒီလူတွေကို အမြင်စောင်းကြမှာပဲ။ ဒါကတော့ လူတွေရဲ့ ထုံးတမ်းစဉ်လာလို့ပဲ ပြောရမှာပေါ့နော်။ အစည်းအရုံး အ ဝန်းဝိုင်းထဲမှာ အမှုဆောင်တွေ ဘာလုပ်နေကြသလဲဆိုတာ လာပြီးတော့ ထဲထဲဝင်ဝင်မကြည့်ဘဲနဲ့ ဝန်းအပြင်ဘက်ကနေ အော်ဟစ်နေတဲ့သူ တွေလာကြည့်လှည့်ပါဦး။ ကိုယ်တိုင်လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ကြိုဆိုပါတယ်။ ကိုယ်လည်း မလုပ်ချင်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူး။ အဲဒါကိုသူများလုပ်နေတာကို အကောင်းမမြင်ဘူးဆိုတာ ဘယ် သူ့အတွက် အကျိုးရှိမှာလဲ။ နောက်ဆုံးပြောချင်တာက ရုပ်ရှင်အစည်းအရုံးမှာ အမှုဆောင်လုပ်နေကြတဲ့ လူတွေဟာ အလွှာ ၁ဝ လွှာရှိရင် အဲဒီ၁ဝလွှာရဲ့ အကျိုး အ တွက်လုပ်နေရတဲ့ ၁ဝလွှာရဲ့ ကျွန်တွေပါလို့ ပြောချင်တယ်”
မြင့်ဦးဦးမြင့်
(ဇာတ်လမ်းနှင့် ဇာတ်ညွှန်းအလွှာ)  
” အားလုံးကတော့ တစ်လောကသားလုံးကောင်းဖို့အတွက်လုပ်ဆောင် ပေးနေကြတာပဲ။ ဒီကြားထဲမှာ ပြော မှားဆိုမှားလေးတွေရှိတယ်။ ဒါကစေတနာအမှား။ ဒီအ မှားကြောင့် တချို့ဟာတွေက အောင်မြင်တာရှိသလို၊ မအောင်မြင်တာလည်း ရှိတယ်လေ။ ဒါတွေအပေါ်သုံးသပ်ပြီး ဒီနှစ်တော့ တကယ်လုပ်နိုင်တဲ့ သူကိုပဲ မဲလာပေး တာပါ။ ပြီးခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး နောင်လာမယ့် အမှုဆောင်တွေက ရုပ်ရှင်လောက တိုးတက်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။  ကျွန်တော်တို့ ဇာတ်ညွှန်းအလွှာက လူတွေ ဇာတ်ညွှန်းအလွှာပေါ်မှာ တကယ်ရင်ခုန်ပြီး ကောင်းအောင်လုပ်ဆောင်နိုင်မယ့် လူတွေက စေတနာအပြည့်နဲ့ ဝိုင်းလုပ်စေချင်တယ်။ နာမည် ခံရုံလောက် လုပ်ပေးမယ့်သူတော့ ဖြစ်မလာစေချင်ဘူး။ အားလုံးစွမ်းစွမ်းတမံ လုပ်ဆောင်သွားကြဖို့ မျှော်လင့်ပါတယ်။”
ဒါရိုက်တာ အိအိခိုင် (ဒါရိုက်တာအလွှာ)     
” အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်ချက်တိုင်းမှာ အားသာချက်၊ အားနည်းချက်ဆိုတာ ရှိတတ်စမြဲပါ။ နောက်တစ်ခုက သူတို့ရဲ့ကိုယ်ပိုင်ဘဝမဟုတ်ဘူးလေ။ အများအတွက် လုပ်နေကြရတာဖြစ်တဲ့အတွက် သူတို့ လုပ်ဆောင်ချက်တွေကပိုပြီး ထင်ပေါ်တယ်လေ။ ရှေ့က လုပ်ဆောင်ချက်တွေကို ကြည့်ပြီးနောက် တက် လာမယ့် လူတွေ က လောကကောင်းကျိုးကို သူတို့ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။ လုပ်နိုင် ကြဖို့လည်းမျှော်လင့်ပါတယ်။ သူတို့ ကလောက သားတွေ ကိုယ်စား လုပ် ကြရမှာဖြစ်ပါတယ်။ ကိုလူမင်းတို့ ရှေ့ကတသုတ်တုန်းက ကျွန်မတို့က ပြန်ကြားရေးဝန်ကြီးဌာန အောက်ကနေ လွတ်လပ်စွာထူထောင်ကြ တော့ အားလုံးက အားကြိုးမာန်တက် ပါဝင်ကြတယ်။ စိတ် တွေလည်းပါကြတယ်။ ခုကျတော့ နည်းနည်းလေး အားနည်းသလိုဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ပါ အားလုံးတညီတညွ တ်တည်း ပါလာစေချင်တယ်။ ကျွန်မအနေနဲ့ကတော့ ဒီနှစ်ရွေးကောက်ပွဲကိုနည်းနည်းအားမရပါဘူး။
လူမင်း (အဓိကဇာတ်ဆောင်အလွှာ)
 ဒီနေ့ကတော့ မဲပေးတဲ့နေ့ ဖြစ်သွားပြီ။ ဒီမတိုင်ခင်ကတည်းက အဆိုပြုလွှာတွေ တင်ကြဖို့ အားလုံး ပြောပါတယ်။ ခေတ်ကြီးကိုက လုပ်ရကိုင်ရခက်တဲ့ခေတ် ကိုယ့်စီးပွား ကိုယ်လုပ် တာအကောင်း၊အများအတွက် ဝင်လုပ်တဲ့အခါ အပြောအဆိုခံရတော့ တော်ရုံတန်ရုံမလုပ်ချင်ကြဘူး။အဲဒါကြောင့်အဆိုပြုလွှာတင်တဲ့သူတွေလည်း နည်းတယ်။ အဆိုပြုလွှာမဲပေးတဲ့ သူတွေကတော့ ဒီနေ့ထိတော်တော် များများလာပေးကြပါတယ်။ ဗီဒီယိုအလွှာကလွဲရင်ပေါ့။ ရွေးချယ်ခံရတဲ့ အမှုဆောင်တွေဆိုတာ ကတော့ နေရာ ရ တာမဟုတ်ပါဘူး။ တာဝန်တွေရတာပါ။ အဲဒီတာဝန်တွေကို ဒီလောကသားတွေ ကိုယ်ရွေးချယ်ခံရတဲ့ သက်ဆိုင်ရာအလွှာလိုက် ကိုယ်အားပြုပြီးတော့ ဒီရုပ်ရှင်လော ကတိုး တက်အောင် ဆောင်ရွက်ရမှာပါ။  အဲဒီလို ဆောင်ရွက်ရတဲ့အခါ အမှု ဆောင်တွေချည်းပဲဆောင်ရွက်လို့ မရပါဘူး။ စည်းလုံးညီညွတ်မှုက အရေးကြီးပါတယ်။ ဒီခေတ်က လုပ်တဲ့ သူနည်းပြီးပြောတဲ့သူများတယ်။ လာမယ့်သက်တမ်းမှာ အစ်ကိုသာ လုပ်ကိုင်ခွင့်ရတယ်ဆိုရင်လည်း ရည်ရွယ်ချက်တွေ၊ Plan တွေကို ကျကျနနချပြီးတော့ ဆက် လုပ်ဆောင် သွားပါ့မယ်။ ကိုယ့်လောက သမိုင်းပါပဲ။ ကိုယ့်လောက တိုးတက်ဖို့အတွက် အဆိုပြုလွှာတင်ကြတယ်။ ရွေးချယ်ခံကြတယ်။ ဒီလူတွေနဲ့မပြီးပါဘူး။ ကိုယ့်လော ကသားတွေ အားလုံးပူးပေါင်းပါဝင်ဖို့ စည်းလုံးဖို့က အရေးကြီးပါတယ်”
ဝေဠုကျော် (အဓိကဇာတ်ဆောင်အလွှာ)
” ကျွန်တော်တို့လောက အခုလက်ရှိအခြေအနေထက် ပိုကောင်းအောင် အားလုံးဝိုင်းလုပ်ကြဖို့အတွက် ကိုယ်တိုင်လည်း ဝင်ပြီးအရွေးခံ ဖြစ်တာပါ။ လာပြီးတော့လည်း မဲဆန္ဒပြုတာလည်း ပါပါတယ်။ ကျွန်တော်တို့လောကက ဗီဒီယိုကို အားပြုပြီးသွားရတာဆိုတော့ ဗီဒီယိုပျက်သွားရင် ကျွန်တော်တို့လောကသားတွေ ဒုက္ခရောက်သွားမယ်။ အားလုံးက ဗီဒီယိုနဲ့ အသက်မွေးနေကြတာပါပဲ။ ဗီဒီယိုဘယ်လိုကောင်းအောင် ဝိုင်းလုပ်ကြမလဲ၊ အဖေကလည်း တတ်နိုင်သလောက် မင်းလည်းဝင်လုပ်ဦးဆိုတော့ ဝင် အရွေးခံဖြစ်တာ။ ကျွန်တော်လည်း နိုင်သလောက် ဝင်လုပ်ပေးချင်ပါတယ်။ ဘာပဲဖြစ်ဖြစ်အတိုက်အခံတွေကိုလည်း ကြိုဆိုပါတယ်။ အတိုက်အခံရှိမှ တိုးတက်တာပါ။ အား လုံးက ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”
ပြေတီဦး(အဓိကဇာတ်ဆောင်အလွှာ)
” ဘယ်သူပဲတက်တက်ပါ အားလုံးက ကိုယ့်လောကအတွက် တစ်ရာရာခိုင်နှုန်းအပြည့် စိတ်စေတနာအပြည့်ထားပြီး လုပ်ကိုင်မယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။ ကျွန်ေ တာ် ဝင် အရွေးမခံဖြစ်တာကလည်း ကျွန်တော့် အသက်အရွယ်နဲ့ ဒီလိုနေရာ သင့်တော်သေးဘူးလို့ ထင်ပါတယ်။ နောက်တစ်ချက်က အလုပ်တအားများတဲ့ ကျွန်တော့် အနေနဲ့ ဝင်မလုပ်မသင့်ဘူးလို့ ထင်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ လောကပဲဖြစ်စေ ဘယ်လိုအနေ အထားမျိုးမှာပဲ ဖြစ်ဖြစ် အောင်မြင် ချင်တယ်ဆိုရင် စည်းလုံးမှု က အဓိက ပါပဲ။ စည်းလုံးညီညွတ်မှုမရှိသရွေ့ အောင်မြင်မှာ မဟုတ်ပါဘူး”
ခိုင်သင်းကြည်(အဓိကဇာတ်ဆောင်အလွှာ)
” ခုလာထည့်တဲ့အထဲမှာ မဲများတဲ့သူက ရသွားမှာပဲလေ။ လူတိုင်းကတော့ ကိုယ်အဆင်ပြေတဲ့သူကိုထည့်ကြမှာပဲလေ။ ကိုယ်တွေက စိတ်တော့ပါတယ်။ ဒါပေမဲ့ ဒီ လိုနေရာမျိုးမှာ မလုပ်နိုင် ဘူး။ နားမလည်တာက တစ်ပိုင်းခုဒီနေရာ မှာ ဝင်ရွေးချယ်ခံပြီး အခုလို နာမည်ပေးထားတဲ့ သုံးဦးစလုံးကို ချီးကျူးပါတယ်။ အများအကျိုးအတွက် ကိုယ့်အထဲက အချိန်တွေ ဖဲ့ပြီးလုပ်ရတာ မျိုးဖြစ်တဲ့အတွက်သုံးယောက်စလုံးကိုလေးစားတယ်။ကိုယ်တွေဆိုမလုပ်လည်း မလုပ်တတ်၊ မလုပ်လည်း မလုပ်နိုင်ပါဘူး။ ဒါ အမှန်အတိုင်း ပြောတာပါ။ အဲဒီအတွက်ကြိုဆိုပါတယ်”
  
ခိုင်နှင်းဝေ(အဓိကဇာတ်ဆောင်အလွှာ)
” အားလုံးကိုလည်း ယုံကြည်ပါတယ်။ အခုလက်ရှိလုပ်နေတဲ့ ကိုလူမင်းလည်း အနုပညာလောကသားတွေအတွက် အများကြီးကြိုးစားပြီ လုပ်ထားပါတယ်။ ကိုယ်ရွေးချယ် တဲ့ သူတွေသာ ပါလာမယ်ဆိုရင်တော့ ဝမ်းသာရတယ်။ အားလုံးကတော့ အနုပညာလောက ကောင်းဖို့အတွက် ကြိုးစားပြီးလုပ်ကြမယ်လို့တော့ ယုံကြည်ပါတယ်။ အစ်မတို့ ကတော့ ပိုပြီးတိုးတက်စေချင်ပါတယ်။ အကယ် ဒမီဆိုလည်း အကယ်ဒမီမှာ တအား ကို ကောင်းမွန်စေချင်ပါတယ်”
တက္ကသိုလ်ဂွမ်းပုံ (ဇာတ်ပို့ဇာတ်ရံ အလွှာ)       
ဒီကိုမအားတဲ့ ကြားကနေလာပြီး ပေးချင်တဲ့လူတစ်ဦးတစ်ယောက်ရဲ့ နာမည်ကို အမှန်လေးခြစ်လိုက်တယ်။ သူသည်လည်း ဦးဆောင်နိုင်လိမ့် မယ်လို့ ယုံကြည်တဲ့အတွက် မဂွမ်းတို့ ပေးတယ်။ တကယ်လုပ်နိုင်မယ့် သူကိုပဲ ပေးနိုင်မယ်။ သူများယောင်လို့ယောင်တဲ့ လူမျိုးတွေရှိသလို တကယ်လူကြီးတွေနဲ့တွေ့တဲ့အခါ ပြောနိုင်ရမယ်၊ ဆိုနိုင်ရ မယ့်လူ၊ မဂွမ်းတို့အလွှာအတွက် မားမားမတ်မတ်ရပ်တည်ပေးနိုင်မယ့်လူ၊ ပြီးတော့ အားလုံးကိုယ်စားပြုနိုင်မယ့် လူတစ်ယောက်ဖြစ်မယ်လို့ မဂွမ်းတို့ယုံကြည် ထားတယ်။ မဂွမ်းတို့မလုပ် နိုင်တဲ့အရာကို သူလုပ်နေတာဖြစ်တဲ့အတွက် မဂွမ်းတို့ အားပေးရမယ်။ ဘယ်သူပဲ တက်လာတက်လာ မဂွမ်းကတော့ အကောင်းမြင်တဲ့ဘက်ပဲ ကြည့်ချင်ပါ တယ်။ အားလုံး စွမ်းစွမ်းတမံ ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
ဝါဆိုမိုးဦး(အဓိကဇာတ်ဆောင်အလွှာ)
ဝါဆိုအခုလို မဲလာထည့်တာ ဒါက ပထမဦးဆုံးပါ။ တစ်ခါမှလာပြီး မထည့်ဖူးဘူး။ ဒီလောကကြီးကို တိုးတက်မှုတွေ အများကြီးရစေချင်တယ်။ မဲနိုင်တဲ့ သူကအားလုံး ကို လည်း ဦး ဆောင်တဲ့ သူဖြစ်စေချင်တယ်။ ကိစ္စ အားလုံးကိုလည်း ဖြေရှင်းနိုင်ရမယ်။နောက်ပြီး ဘက်လိုက်မှုတွေကိုလည်း မဖြစ်စေချင်ဘူး။ မှန်ကန်မှုကိုပဲ လုပ်စေချင် တယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ပဲ ဝါဆိုမဲပေးခဲ့တာပါ။
သွန်းဆက်(အဓိကဇာတ်ဆောင်အလွှာ)
ဒီနေ့ မဲထည့်တာတော့ ကိုယ့် ရဲ့ ရုပ်ရှင်လောကသားအားလုံးကို စည်း စည်းလုံးလုံးနဲ့ အုပ်ချုပ်မယ့် ဥက္ကဋ္ဌ ကို ရွေးချယ်တဲ့အပေါ်မှာ မဲလာထည့်ပေးတာပါ။ ကိုယ်ရွေး ချယ်ပြီး မဲပေးတဲ့သူသာ ရသွားမယ် ဆိုရင် ဒီထက်ပိုပြီးတော့ အနုပညာ အလုပ်မှာ ကောင်းအောင်၊ ပိုတိုးတက် အောင် တခြားနိုင်ငံတကာနဲ့ လက် တွဲပြီးတော့ ရုပ်ရှင်ကားတွေ ဖန် တီး နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။


 သဉ္ဇာနွယ်ဝင်း(အဓိကဇာတ်ဆောင်အလွှာ)
” အနုပညာလောကကို တိုးတက်အောင်လုပ်နိုင်တဲ့ လူတစ် ယောက်ကို တာဝန်သိတတ်တဲ့အနေ နဲ့ လာပြီးတော့ မဲပေးတာပါ။ သဉ္ဇာ ရော၊ တခြားသူတွေရော ဘယ် သူမဆို အနုပညာလောကကို တိုးတက် အောင် လုပ်နိုင်တဲ့သူကိုပဲ မဲပေးတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မဲနိုင်သွား တဲ့သူကတော့ အကောင်းဆုံးဖြစ် အောင် လုပ်နိုင် မယ့်သူလို့ထင်ပါတယ်။ အခုလိုမျိုး မဲပေးတဲ့စနစ်က တရားလည်းမျှတပါတယ်။ ဒီလိုလုပ်တာကိုလည်း သဉ္ဇာသဘောကျပါတယ်”
ရုပ်ရှင်ရွေးကောက်ပွဲမှာ စက်မှု လက်မှုအခြေခံအလွှာ ဦးကျော်ညွန့်နဲ့ ဦးမောင်လုံး၊ ပြဇာတ်နှင့် နောက်ခံ တေးဂီတ အခြေခံအလွှာဦးခင်မောင် ချင်းနဲ့ဦးညီဂျော်၊ ဗီဒီယို အခြေခံ အလွှာ ဦးကိုကိုတင်နဲ့ ဦးမျိုးဇော်၊ ဇာတ်ပို့၊ ဇာတ်ရံအခြေခံအလွှာ ဦး အောင်ခိုင်နဲ့ဒေါ်တူး၊ ဇာတ်ညွှန်းနှင့် ဇာတ်လမ်းအခြေခံအလွှာ ဦးအေးကြူ လေးနဲ့ဒေါ် ယဉ်ယဉ် လဲ့၊  ဒါရိုက်တာ အခြေခံအလွှာ ဦးမျိုးဇော်အောင်နဲ့ အေဝမ်းသိန်းထွဋ်(ဦးစပ်စု)၊ အုပ် ချုပ်ဖြန့်ချိပြသအလွှာ ဦးဇော်မင်း (မင်္ဂလာ)နဲ့ဦးဌေးအောင်၊တည်းဖြတ် မှတ်တမ်းအလွှာ ဦးဇော်မင်း (ဟံသာ မြေ)နဲ့ဦးတင်ငြိမ်း(ရှုမဝ) တို့ အသီး သီး ရွေးချယ်ခံခဲ့ရပြီး အားလုံးစိတ် ဝင်စားကြတဲ့ အဓိက သရုပ်ဆောင်အလွှာမှာဝင်ရောက်အရွေးချယ်ခံဖို့ ဆန္ဒပြုကြသူများအနက် ဦးဇင်ဝိုင်းမှာ ကျန်းမာရေးအရ နုတ်ထွက်ခဲ့တဲ့ အတွက် ဦးလူမင်း၊ ဦးဝေဠုကျော်၊ ဒေါ်ခင်သန်းနွယ်တို့သာ ရွေးချယ်ခံခဲ့ကြရာ ဦးလူမင်းမှ ၃၆ မဲ ၊ဦးဝေဠုကျော်မှ ၁၃ မဲနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။(ထုတ်လုပ်သူအလွှာမှ ဦးဘုန်း မော်သာအဆိုပြုထားတဲ့အတွက် ပြိုင်ဘက် မရှိ ရွေးချယ်ခဲ့ကြောင်းသိရပါတယ်။)


Wednesday, January 28, 2015

ရုပ်/စည်း ရွေးကောက်ပွဲ ဂယက် ( ၂ )

သရုပ်ဆောင် လူမင်း ဥက္ကဋ္ဌ ပထမ သက်တမ်းအတွင်းကြုံခဲ့ရသော ဆန္ဒပြပွဲ တစ်ခု


တစ်ခု သေချာသည်က လူစိတ်ဝင်စားမှုနည်းခဲ့သော ရွေးကောက်ပွဲ တစ်ခုဖြစ်ခဲ့သည် ။ အလွှာဆယ်လွှာမှ ကိုယ်စားပြုသူများကို မဲပေးရွေးချယ်ရာ မဲပေးခွင့်ရှိသူ ၁,၅၀၀ ကျော်ရှိသော်လည်း လာရောက်မဲပေးသူ ၆၄၀ သာရှိခဲ.ခြင်းက သက်သေပြနေသည် ။

စက်မှုလက်မှုအခြေခံအ လွှာတွင် မဲပေးခွင့်ရှိသူ ၄၅၀ ရှိ သော်လည်း ၇၆ ဦးသာ မဲပေးခဲ့ သည်။ ဗီဒီယိုအခြေခံအလွှာတွင် မဲပေးခွင့်ရှိသူ ၆၀ ကျော်ရှိသော် လည်း ရှစ်ဦးသာမဲပေးခဲ့သည်။ ပြဇာတ်၊ ရုပ်ရှင်နောက်ခံတေးဂီ တအခြေခံအလွှာတွင် မဲပေးခွင့်ရှိ သူ ၂၄ ဦးရှိသော်လည်း ၁၉ ဦးသာ မဲပေးခဲ့သည်။
ဒါရိုက်တာ အခြေခံအလွှာ တွင် မဲပေးခွင့်ရှိသူ ၁၂၈ ဦးရှိသော်လည်း ၆၀ ဦးသာ မဲပေးခဲ့သည်။ ဇာတ်ပို့ ဇာတ်ရံအခြေခံအလွှာ တွင် မဲပေးခွင့်ရှိသူ ၃၈၇ ဦးရှိသော်လည်း ၁၅၄ ဦးသာမဲပေးခဲ့သည်။ ဇာတ်လမ်း ဇာတ်ညွှန်းအခြေခံအ လွှာတွင် မဲပေးခွင့်ရှိသူ ၈၉ ဦးရှိ သော်လည်း ၆၁ ဦးသာ မဲပေးခဲ့ သည်။
အဓိကဇာတ်ဆောင်အခြေ ခံအလွှာတွင် မဲပေးခွင့်ရှိသူ ၁၃၅ ဦးရှိသော်လည်း ၄၃ ဦးသာ မဲပေး ခဲ့သည်။ တည်းဖြတ်မှတ်တမ်းအ ခြေခံအလွှာတွင် မဲပေးခွင့်ရှိသူ ၁၁၉ ဦးရှိသော်လည်း ၇၃ ဦးသာ မဲပေးခဲ့သည်။ အုပ်ချုပ်ဖြန့်ချိပြသ အခြေခံအလွှာတွင် မဲပေးခွင့်ရှိသူ ၂၁၃ ဦးရှိသော်လည်း ၁၄၆ ဦးသာ မဲပေးခဲ့သည်။ ထုတ်လုပ်သူ အခြေခံအလွှာတွင်မူ အဆိုပြုလွှာတင် သူ တစ်ဦးသာရှိသောကြောင့် မဲ ပေးရွေးချယ်ခြင်း မပြုခဲ့ပေ။



ရွေးချယ်ခဲ့ကြရာတွင် အမှုဆောင်ဟောင်းများ ဖြစ်သော ဦးအေးကြူလေး ( ဒု- ဥက္ကဋ္ဌ ) ၊ ဦးမျိုးဇော်အောင် ( တွဲဘက် အတွင်းရေးမှုး ) ၊ ဒေါ်တင်တင်မိ ( မတူး ) ၊ ဦးအောင်ခိုင် (စည်းရုံးရေးမှုး ) တို.ပြန်လည်အရွေးချယ်ခံခဲ့ကြရသည် ။

ဇာတ်ပို./ဇာတ်ရံ လွှာတွင် ဦးဝင်းမြိုင် ၊ ဒေါ်နီနီ ( ရဲနီမ ) ၊ ဦးအောင်ဇော် ၊ ဦးဘကြည် ၊ ဦးအောင်ခိုင် ၊ ဒေါ်တင်တင်မိ ( မတူး ) ၊ ဦးအရိုင်းမင်း ၊ ဦးစောလွင် ၊ ဒေါ်ဂွမ်းပုံကြီး ၊ ဒေါ်ဝင်းပပ ( အိမ်.ကြာဖြူ )တို. ၀င်ရောက်အရွေးချယ်ခံ ခဲ့ပြီး ၊ ဦးအောင်ခိုင် - ၆၄ မဲ နှင်.ဒေါ်တင်တင်မိ ( မတူး ) - ၆၃ မဲ တို. ရွေးချယ်ခံခဲ့ရသည် ။

ဒါရိုက်တာအလွှာတွင် ဦးသိန်းအောင်ဇော် ( မျိုးဇော်အောင် ) ၊ ဦးအေ၀မ်းသိန်းထွဋ် ( စပ်စု ) ၊ ဦးကျော်လင်း ( အဏ်ထော်နီ ) ၊ ဒေါ်ကြည်ဖြူသျှင် ၊ ဦးညီညီထွန်းလွင် ၊ ဦးထွန်းဇော်ဝင်း ( ၀ိုင်း ) တို. ၀င်ရောက်အရွေးချယ်ခံ ခဲ့ပြီး ဦးသိန်းအောင်ဇော် ( မျိုးဇော်အောင် ) - ၃၉ မဲ နှင်.ဦးအေ၀မ်းသိန်းထွဋ် ( စပ်စု )- ၂၅ မဲ တို. ရွေးချယ်ခံခဲ့ရသည် ။
 
ဇာတ်ညွှန်းအလွှာတွင် ဦးအေးကြူလေး ၊ ဒေါ်ယဉ်ယဉ် ၊ ဦးတင်ထွန်း ၊ ဦးဆုသြချယ် ၊ ဦးနေနော် ၊ ဦးညွန်.တင် ( ကျော်မင်းနိုင် ) ၊ ဒေါ်ခင်လေးသိမ်. တို. ၀င်ရောက်အရွေးချယ်ခံ ခဲ့ပြီး ဦးအေးကြူလေး - ၅၄ မဲ နှင်. ဒေါ်ယဉ်ယဉ်လဲ့ လဲ့ - ၂၅ မဲတို. ရွေးချယ်ခံခဲ့ရသည် ။

ပြဇာတ်နှင်. နောက်ခံတေးဂိတအလွှာတွင် ဦးခင်မောင်ချင်း -၃၃ မဲ၊ ဦးညီဂျော်- ၇ မဲံ ၊ ဗွီဒီယို အခြေခံအလွှာတွင် ဦးကိုကိုတင်- ၇ မဲ ၊ ဦးမျိုးဇော်- ၇ မဲ ၊ စက်မှု လက်မှု အခြေခံအလွှာတွင် ဦးကျော်ညွန်.- ၅၆ မဲ ၊ ဦးမောင်လုံး - ၃၇ မဲ ၊ တည်း ဖြတ်/ မှတ်တမ်းတွင် ဦးဇော်မင်း ( ဟံသာမြေ )- ၅၅မဲ ၊ဦးတင်ငြိမ်း ( ရှုမ၀ )- ၂၁ မဲ ၊ အုပ်ချုပ် / ဖြန်.ချီ / ပြ သတွင် ဦးဇော်မင်း ( မင်္ဂလာ )-၈၆ မဲ ၊ ဦးဌေးအောင် - ၄၄ မဲ ၊အဓိက ဇာတ်ဆောင်တွင် ဦးလူမင်း- ၃၆ မဲ ၊ ဦးဝေဋ္ဌုကျော် - ၁၃ မဲ၊ ထုတ်လုပ်သူတွင်မူ အရွေးခံသူ ၂ဦးသာရှိသဖြင်. ထို ဦးဘုန်းမောင် နှင်. ဦးကျော်ဝဏ တို.ရွေးချယ်ခံရသည် ။
 
ထိုကိစ္စရပ်နှင်. ပတ်သက်၍ ရွေးကောက်ပွဲ ဥက္ကဋ္ဌ ဖြစ်သူ ဦးနှင်းမိုးက ‘‘အရင်တစ်ခါကတော့ ကူးအပြောင်းကာလဆိုတော့ အနု ပညာရှင်တွေက တက်တက်ကြွ ကြွပါဝင်ခဲ့ကြတယ်။ ခုတစ်ခါက နည်းနည်းအားနည်းတယ်လို့ ပြော လို့ရတယ်။ ပထမတစ်ခါမှာ တက်တက်ကြွကြွပါတဲ့သူတွေကလည်း လုပ်ရင်းကိုင်ရင်း အတိုက်အခိုက် တွေများတော့ တော်ရုံတန်ရုံလူက စိတ်ဓာတ်ကျတာတွေ ဖြစ်၊ မလုပ်ချင်သူတွေများပြီး အားလျော့သွား တာလို့ ထင်ပါတယ မဲလာပေးတဲ့အပေါ်မှာ မူ တည်ပြီး ရွေးချယ်သွားမှာပါ။ မဲ ပေးတဲ့လူက ငါးယောက်ပဲရှိရှိ၊ခြောက်ယောက်ပဲရှိရှိ မဲများတဲ့လူ က တက်သွားမှာပဲ။ ဒီရွေးကောက် ပွဲက ရတဲ့ ရလဒ်အပေါ်မှာပဲ ဆက်သွားမှာပဟု ပြောခဲ့သည် ။



သရုပ်ဆောင် အေးမြတ်သူ ကပြောကြားရာတွင်မူ “  အရင်တုန်းက အစည်းအရုံး အမှုဆောင် ဟောင်းတွေထဲမှာ ကောင်းတဲ့သူတွေရှိသလို ၊ နည်းနည်းဆိုးတဲ့သူတွေလည်း ရှိတယ် ။ ဘယ်နေရာမဆို အဆိုးနဲ.အကောင်း ဒွန်တွဲနေတာပဲလေ ။ဒီတစ်ခါပြန်ဖွဲ.တဲ့ ရွေးကောက်ပွဲမှာ ဒီ.ထက်ကောင်းတဲ့ ၊ ဒီ.ထက် တောင်.တင်းတဲ့ အစည်းအရုံးကိုလိချင်တယ် ။ တကယ်လိုအပ်နေတဲ့ စက်မှုဘက်ခြမ်းတွေ ၊ အားနည်းနေတဲ့ လောကသားတွေကို ပံ.ပိုးပေးနိုင်မယ်. အစည်းအရုံးမျိုး လိုလားပါတယ် ။ အမှန်အတိုင်းပြောရရင် လောလောလတ်လတ် ဖြစ်သွားတဲ့ အကယ်ဒမီပေးပွဲ ရိုက်ခတ်မှုတွေကြောင်. အစည်းအရုံးက လုပ်တဲ့ ရွေးကောက်ပွဲကို လောကသားတွေ စိတ်ဝင်စားမှု မရှိတာလို.မြင်ပါတယ် ။ အကယ်ဒမီပေးပွဲနဲ. ပတ်သက်လို. လောကသားတွေ ၁၀၀% မျှော်လင်.ထားကြပေမယ်.လို. မျှော်လင်.ထားသလောက်မရခဲ့ပါဘူး ။ ဒါကလည်း ခံယူသူအပေါ် မူတည်ပါတယ် ။ သေချာတာက အားလုံးမျှော်လင်.ထားသလောက်မရခဲ့ကြတာကြောင်. ရွေးကောက်ပွဲမှာ လောကသားတွေရဲ. တက်ကြွမှုတွေ ဆုံးရှုံးသွားရတယ်လို.မြင်ပါတယ် လို.အင်တာဗျုး တစ်ခုတွင် ဖြေကြား သွားခဲ့သည် ။

ရုပ်/စည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးနှင်းမိုး က ရွေးကောက်ပွဲပထမနေ.အပြီး ပထမနေ. ရွေးချယ်ပွဲ မဲထည်.သူ နည်းပါးမှု နှင်.ပတ်သက်သောမေးခွန်းကို  အင်တာဗျုး   ဖြေဆိုရာတွင် “  အဲ့ဒါကတော. သူတို.စိတ်ဝင်စားမှုအပေါ် မူတည်တယ် ။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ. တစ်ခုပဲပြောချင်တာက မဲအရေအတွက်လိမ်တယ် ၊ အစည်းအရုံးက လုပ်ပြန်ပြီဆိုတဲ့ စကားတွေ ပွဲပြီးမှ မပြောစေချင်ဘူး ။ အစည်းအရုံးကို မယုံဘူးဆိုရင် ကိုယ်တိုင်လာကြည်. ၊ ပြီးတော.မှဝေဖန်ပါလို.ပြောချင်တယ် ” ဟု ပြောခဲ့သလို  တက်လာမယ်. အမှုဆောင်သစ်တွေကို နာယက တစ်ယောက်အနေနဲ. ဘာပြောချင်သလဲ ဆိုသော မေးခွန်းကို    အခုတက်လာမယ်. အမှုဆောင်သစ်တွေ ထဲမှာ အစည်းအရုံးပေါ် တကယ်စေတနာထားပြီးတော. အချိန်ပေးနိုင်တဲ့ သံယောဇဉ်ရှိတဲ့သူတွေပဲ ဖြစ်ရင်တော.ကောင်းတာပေါ. ။ အချိန်မပေးနိုင်ပဲနဲ. တာဝန်တစ်ခုယူမယ်ဆိုရင်တော. အစည်းအရုံးအတွက်မကောင်းပါဘူး ” ဟုဖြေကြားသွားခဲ့သည် ။

ဒါရိုက်တာ တစ်ဦးဖြစ်သော သီဟတင်သန်း က ပြောကြားရာတွင်   အစည်းအရုံးက လုပ်တဲ့ ရွေးကောက်ပွဲက ပွင်.လင်းလွတ်လပ်မှုတော. အရမ်းကြီး မရှိသေးဘူးလို.တော.ထင်တယ် ။ အရင်တုန်းက လုပ်ထုံးလုပ်နည်းအတိုင်း ရှိနေသေးတယ်လို.မြင်တယ် ။ ဒါက မှန်ရင်လည်း မှန်မယ် ၊ မှားရင်လည်းမှားမယ် ဘယ်သူ.ကိုမှတိုက်ခိုက်ပြီးပြောတာမဟုတ်ဘူး ။ ကျွန်တော်.အမြင်ကိုပြောတာ
 

ဟုပြောကြားခဲ့သည် ။

 Ref ; Eleven Media Group , Democracy Today , 7Day Daily

ဆက်စပ်ဖတ်ရှုရန် 

ရုပ်/စည်း ရွေးကောက်ပွဲ ဂယက် ( ၁ )

ရုပ်/စည်း ရွေးကောက်ပွဲကမစသေး အသံကထွက်လာပါပြီ