Saturday, March 29, 2014
Ayeyawady United FC Vs Zeyar Shwe Myay FC
ဟုတ်ကဲ့ ဧရာဝတီ ပြန်လာပါပြီဗျာ ( အသံကျယ်ကျယ်နဲ.တော. မအော်ရဲသေးပါဘူး )
ယနေ.ညနေက မုံရွာကွင်းမှာသွားရောက် ကစားခဲ့တဲ့ ဧရာဝတီ ဘောလုံးအသင်းဟာ အိမ်ရှင် ဇေယျာရွှေမြေ အသင်းကို သူတို.ဧည်.ခံလိုက်တဲ့ ဂိုးနဲ. အနိုင်ရရှိခဲ့ပါပြီ ။
အပူချိန် 40 Degree Celcius ရှိနေတာမို. သိပ်သေးတဲ့အပူချိန်တော. မဟုတ်ပါဘူး ။
ရလာဒ်ဆိုးတွေကနေ မနည်း ရုန်းထွက်နေ၇တဲ့ ဧရာဝတီ အနေနဲ. ဒီပွဲက သူများအိမ်ကွင်းလည်းဖြစ် ရာသီဥတုကလည်း ခပ်ပြင်းပြင်း မို. ပွဲရဲ. အဖြေကို ကြိုမထုတ်ရဲဘူးဖြစ်နေပါတယ် ။
 ( P့hotoby Ayeyawady )
ဧရာဝတီ အနေနဲ. အသင်းခေါင်းဆောင်အဖြစ် မင်းမင်းသူ ၊ ဂိုးသမား ချမ်းငြိမ်းကျော် ၊နေလင်းထွန်း ၊ နန္ဒလင်းကျော်ချစ် ၊ ထိုက်ထိုက်အောင် ၊ Kim Sung Min ၊ Kone ၊ Clafford ၊ Sasa ၊ မိုးဝင်း ၊ ရွှေလှိုင်ဝင်း  တို.ကို ပွဲထွက် ကစားသမားများအဖြစ် အသုံးပြုထားပါတယ် ။ ဒိနေ.ကစားပွဲဟာ ၂ဖက်အခြေအတင် ကစားခဲ့ကြရပြီး ဧရာဝတီ အနေနဲ.တော. ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာရခဲ့တယ်လို. ပြောရပါမယ် ။ပထမပိုင်း နာရီဝက်အထိ ကတော. သူတစ်ပြန်ကိုယ်တစ်ပြန် ကစားကြရင်း ၃၈မိနစ်မှာ ပြီးခဲ့တဲ့ ဇွဲကပင်နဲ.ပွဲ မတိုင်ခင်အထိ အသင်းနဲ. အံမ၀င်ဖြစ်နေခဲ့တဲ့ Kim Sung Min က အံ.အားသင်.ဖွယ်ရာ  ဧရာဝတီ အတွက် အဖွင်.ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။ အသင်းခေါင်းဆောင် မင်းမင်းသူ ရဲ. အပြင်းကန်ချက် ဘားတန်းထိ ထွက်ခဲ့တာမို. ပထမပိုင်းအပြီးမှာ ဧရာဝတီ က ၁ ဂိုးအသာနဲ. ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။
 ( P့hotoby Ayeyawady )
ဒုတိယပိုင်းပြန်စလို. ၅၇ မိနစ်မှာတော. ဇေယျာရွှေမြေ အတွက်ချေပဂိုးကို Mathwe က  သွင်းယူပေးခဲ့နိုင်တာမို. တစ်ဖက် ၁ ဂိုးစီ နဲ. သရေ ဖြစ်သွားပါတယ် ။ ဒုတိယပိုင်းမှာတော. အိမ်ရှင်ပ၇ိသတ်က ပိုမိုဖိအားပေးလာခဲ့ပါတယ် ။ ခုနောက်ပိုင်း ကံတရားရဲ.ဖေးမမှုတွေ ရလာနေတဲ့ ဧရာဝတီ အတွက် ၈၇မိနစ်မှာလည်း ကံတရားက မျက်နှာသာ ပေးခဲ့ပြန်ပါတယ် ။ ဇေယျာရွှေမြေ အသင်းခေါင်းဆောင် မြန်မာ.လက်ရွေးစင်ဟောင်း ဇော်လင်းထွန်း သူ.ဂိုးသမားသူ ဖြေးဖြေး လေးပြန်ပေးတဲ့ အလုံးကို  ဇေယျာရွှေမြေ  ဂိုးသမား မင်းနိုင် လက်နဲ.ဖမ်းရမလို ခြေနဲ.ကန်ရမလိုနဲ. နဲ.နောက်ဆုံးဂိုးစည်းကျော်သွားမှ ဆယ်လိုက်နိုင်တာကြောင်. ဧရာဝတီအဖို. ဇော်လင်းထွန်းပေးတဲ့ ၃မှတ်နဲ. အိမ်ပြန်လှခဲ့ပါတယ် ။  ထပ်ကံကောင်းတာက ပွဲပြီးကာနီး ဇေယျာကစားသမား တစ်ယောက် အပြင်းကန်သွင်းချက် တိုင်ထိထွက်သွားတာမို. အနိုင် ၃ မှတ် သေချာသွားခဲ့ပြီး  ၁- ၂ နဲ.နိုင်ခဲ့ပါတယ် ။
ယနေ.မွေးနေ.ပိုင်ရှင် ဧရာဝတီ နောက်တန်းကစားသမား မိုးဝင်း ( P့hotoby Ayeyawady )
အိမ်ရှင်ပ၇ိသတ်ရဲ. မေတ္တာ တေးသံတွေကိုတော. သူတို.ဂိုးသမားခမျာ တစ်ပွေ.တစ်ပိုက်ကြီး ရသွားခဲ့ပြီး ကိုယ်တွေလည်း အချို.သောမေတ္တာပို.သံတွေတော. ပိုင်ဆိုင်ခဲ့ရပါတယ် ။ ဒီနေ.ဟာ ဧရာဝတီနောက်တန်းကစားသမား မိုးဝင်းရဲ. မွေးနေ.လည်းဖြစ်တာကြောင်. အမှတ်တရ ၃ မှတ်လို.ပြောလို.ရပါတယ် ။ ဒါ.အပြင် နည်းပြချုပ်အနေနဲ.လည်း Training တွေမှာ လိုက်နိုင်ပြီး အခုပွဲအတွက်ကစားကွက်ပိုင်းဆိုင်ရာ တွေ Line Up ချထားပေးနိုင်ပေမယ်. ကျန်းမာရေးကြောင်. Hotel မှာပဲ ဒုတိယမြောက်ပွဲအဖြစ် နေခဲ့ရပါတယ် ။
ယမန်နေ.မနက်ပိုင်းက ဧရာဝတီနည်းပြချုပ် အား လေ.ကျင်.ချိန်တွင် တွေ.ရစဉ်  ( P့hotoby Ayeyawady )
တကယ်က စိုး၇ိမ်နေခဲ့တာ ၇ှိပါတယ် ။ ဇေယျာရွှေမြေဆိုတာ အိမ်ကွင်းပရိသတ် မာတဲ့အသင်းတစ်ခုဖြစ်သလို နိုင်လိုစိတ်ပြင်းထန်တဲ့ ပ၇ိသတ်တွေလည်း ပိုင်ဆိုင်ထားနိုင်တာမို. ပါ ။ ဒါ.အပြင် ဒီရက်ပိုင်းလေးမှာပဲ MNL League 2 က ရခိုင်ယူနိုက်တက် နဲ. ဟံသာဝတီတို.ပွဲမှာ ဒိုင်လူကြီးကို လက်သီးစွမ်းဆင်းပြခဲ့တဲ့ အုပ်ချုပ်သူ တစ်ဦးရဲ. ကိစ္စကလည်း ရှိနေတာကြောင်.ပါ ။ သို.သော် အရှုံးကို ထိုက်သင်.သလို လက်ခံပေးခဲ့သော  ဇေယျာရွှေမြေ ပရိသတ်ကို  ကျေးဇူးတင်ရမှာပါပဲ ။
ဟံသာဝတီ နှင်. ရခိုင်ယူနိုက်တက် ပွဲမှ လက်သီးစွမ်း
ဟုတ်ကဲ့ ဧရာဝတီရဲ. ၃ပွဲဆက် ရှုံးပွဲမရှိ စံချိန်ပါဗျာ ။
ိData Supply by Ayeyawady United FC
ရန်ကင်းလူသတ်မှု ( သို.) ပြည်သူနဲ. အာဏာပိုင်အဖွဲ.တို. ယုံကြည်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် ခေါင်းလောင်းသံ
ယနေ.ခောတ်ကာလတွင် ဒေါသတရားတို.က အလွန်အကျွံ  ဦးဆောင်နေကြသည် ။ မည်သို.မျှ မဟုတ်လောက်သော အကြောင်းတရားတို.ကလည်း လူသတ်မှုတို.၏ အခြေခံ ဖြစ်နေတတ်သည် ။ မခံချင်စိတ်ကြောင်. ၊ ရုတ်ချည်းဒေါသကြောင်. ၊ ရန်ညှိုးကြောင်. ၊ စီးပွားရေးကြောင်. ၊ လူမှုရေးကြောင်. ၊ ဘာသာရေးကြောင်. စသည်တို.အပြင် လူသတ်ခြင်းတို.အတွက် အခြေခံ အကြောင်းတရားများကား နေရာတိုင်းတွင် အလွယ်တကူ ရှိနေသကဲ့သို.ဖြစ်သည် ။ ယခုနောက်ပိုင်းတွင် လူသတ်ကားမျိုးစုံ ၊ စိတ္တဇ ဇာတ်လမ်းမျိုးစုံ တို.က အကန်.ကသတ်မရှိ ကြည်.ခွင်.ရနေကြသည် ။ On Line မှတစ်ဆင်. ရက်ရက်စက်စက် သတ်ဖြတ်မှု ပေါင်းစုံ မြင်ခွင်.ရနေကြသည် ။ တစ်ဖက်တွင်လူသားတို. တစ်ဦးချင်းစီ၏ နားလည်ခွင်.လွှတ်နိုင်မှု ၊ မေတ္တာတရား တို.နှင်. ပတ်သက် ၍ သွန်သင်နိုင်မှုက အားနည်းပြီး အားလုံးက ခိုက်ရန်ဒေါသဖြစ်ရန် ရက်ရက်စက်စက်ပြုမူရန် အမြဲ အဆင်သင်.ဖြစ်နေကြသည် ။
ထိုကိစ္စရပ်များအတွက်  ဘာဖြစ်ဖြစ် မိမိတရားခံ မဖြစ်နိုင် ၊ မိမိ နှင်. မသက်ဆိုင်ဟု အလွယ်တကူ သုံးသပ်လေ.ရှိကြသည်.အတိုင်း   အုပ်ချုပ်ရေးလျှော.နည်းလို. ၊ ပတ်ဝန်းကျင်က ၀ိုင်းမထိန်းလို.၊ ကိုယ်.မှာ ဘာလက်နက်မှ မရှိတာ ဘာလုပ်လို.ရမှာလဲ ၊ ရပ်ကွက်က ညီညီညာညာနဲ. သတ္တိရှိရှိ ၀ိုင်းတားကြရင် ရမှာပေါ. စသဖြင်. အလွယ်တကူ ကြုံရာ လက်ညျိုး ထိုးနေကြ၍ ပြီးမည်မဟုတ် ။မိမိ ကိုယ်တိုင်က ဘယ်တစ်နေရာမှ ၀င်မပါပဲ လေသက်သက်ပြောနေရုံနှင်.တော. မည်သည်.အခြေအနေမှ ပြောင်းလဲမည်မဟုတ် ။ တကယ်က စိတ်ကို ပြင်ပေးကြမည်. ၊ စိတ်ကိုသွန်သင်ပေးကြမည်. ၊ စိတ်ကိုထိန်းကျောင်းပေးကြမည်. သူများ ၊ နည်းပညာ များ လုပ်သင်.သည်ဟူသော အယူအဆများ လိုအပ်နေသလို တာဝန်ရှိအဖွဲ.အစည်းများနှင်. ပြည်သူများ တစ်ဦးကို တစ်ဦး ယုံကြည်စွာနှင်. ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သည် ။
ယခုနောက်ပိုင်းလူသတ်မှုများသည် တမင်တကာ ရက်ရက်စက်စက် သတ်ဖြတ်မှုမျိုး ၊ အုပ်စုဖွဲ. တိုက်ခိုက်မှုများ အတော်များများတွေ.လာနေရသည် ( ဥပမာရန်ကုန်မြို.လည်က ၁၀တန်းကျောင်းသူ သတ်မှုမျိုး ၊ ဖြူးးလူသတ်မှု မျိုး ..၊ မြောက်ဥက္ကလာ လူသတ်မှု ၊ အင်းယားကန်ဘောင် ဒါးခုတ်ပွဲ.. ) ယခုလာပြန်ပါပြီ ... ရန်ကင်း လူသတ်မှု  
သေဆုံးသူ၏ ဇနီး
ဖြစ်စဉ် သိရသလောက်  မတ်လ (၁၅)ရက်နေ့ည (၉း၃၀)အချိန်လောက်က
ရန်ကင်းမြို့နယ်၊(၁၂)ရပ်ကွက်(ကန်ဘဲ့)၊ မေတ္တာရိပ်သာလမ်းမှာလူသတ်မှုဖြစ်ပွားခဲ့တာပါ။ အသတ်ခံရသူ ကိုမင်းမင်းဦး(ခေါ်)အကြီးကောင်ရဲ့မိသားစု ပြောပြပုံအရတော့ ကိုမင်းမင်းဦးဟာ လူသတ်တရားခံအဖြစ် အဖမ်းဆီးခံထားရသူ နာမည်ကျော် ရပ်ကွက်လူမိုက် ကိုချစ်ပိုနဲ့ လမ်းသွားရင်း မတော်တဆပခုံးချင်းတိုက်မိ
ကြပါတယ်။ ကိုမင်းမင်းဦးဟာ နာမည်ကျော်ရပ်ကွက်လူမိုက်နဲ့ယှဉ်ပြီး မိုက်ရဲဖို့ နေနေသာသာ အလွန်ကို အနေအေးသူ၊ ကြောက်တတ်သူ၊ ဘယ်သူနဲ့မှ ပြဿနာဖြစ်လေ့ မရှိသူပါ။ဒီတော့ မတော်တဆတိုက်မိကြတဲ့အခါ ကိုမင်းမင်းဦးရဲ့ သဘာဝအတိုင်းတောင်းပန်ပါတယ်။ တစ်ဖက်က နာမည်ကျော်ရပ်ကွက်လူမိုက်ဖြစ်နေတော့
ကြောက်ဒူးတွေတုန်ရင်း ပုဆစ်တုပ်ထိုင်လို့ ရှိခိုးပြီးတော့ကိုတောင်းပန်ရှာပါတယ်။ အကြိမ်ကြိမ် လူသတ်ဖူးပြီး ဘယ်တော့မှ နှစ်ရှည်ထောင်ကျလေ့မရှိတဲ့ နာမည်ကျော်လူမိုက်ကြီးကတော့ ကိုယ့်ကိုထိုင်ရှိခိုးနေတဲ့လူပျော့လေး ကိုမင်းမင်းဦးကို ပါးတွေနားတွေ အားပါးတရ ရိုက်ပါတယ်။
အဲ့ဒီနောက် အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ကိုမင်းမင်းဦးရဲ့ခေါင်းကိုရိုက်ခွဲပါတယ်။ အရက်ပုလင်းက ခါးလည်ကနေကွဲသွားတော့ထက်ပိုင်းပြတ်အရက်ပုလင်းနဲ့ ကိုမင်းမင်းဦးရဲ့ဝမ်းဗိုက်နဲ့ရင်အုံကို ထိုးစိုက်ပြီး ဖိမွှေပါတယ်။ တကယ်ဆိုရင် အဲဒီ့အနေအထားမှာတင် ကိုမင်းမင်းဦးအတွက်ကအခြေအနေ မကောင်းတော့ပါဘူး။ 
အဲ.ဒီအခြေအနေမှာတောင် သူနဲ့အတူပါလာတဲ့ အဖော်နှစ်ယောက်ကို ဓားပြန်ယူခိုင်းပြီးခွေခွေလေး လဲနေတဲ့ ကိုမင်းမင်းဦးကို စိတ်ကြိုက် ခုတ်ထစ်ပါတယ်။ ဒီလိုဖြစ်နေတာဟာ ရပ်ကွက်လူကြီးတစ်ယောက်ရဲ့ အိမ်အနားတင်ပါ။မြင်နေ၊ကြားနေရသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မဆိုင်ဘဲ ၀င်ပါရင် တစ်ဆွေလုံးတစ်မျိုးလုံးသတ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးနေတာကြောင့် ဘယ်သူမှဝင်
မတားရဲပါ။ ကိုမင်းမင်းဦးတို့ မိသားစုကိုယ်တိုင်တောင် လူမိုက်ကျော်ကြီးခုတ်ထစ်လို့အားရပြီး ပြန်သွားပြီဆိုမှ အလောင်းကို လာကြည့်ရဲကြတာပါ။အခုလောလောဆယ်တော့ တရားခံလို့အစွပ်စွဲခံထားရတဲ့ နာမည်
ကျော်လူမိုက်ကြီးကို ဖမ်းထားပါပြီ။ အင်းစိန်ထောင်မှာ ချုပ်ထားတယ်လို့သိရပါတယ်။ 
ဒါနဲ.ပတ်သက်လို. ရပ်ကွက် လူထုကနေ ဆန္ဒပြပွဲ တစ်ခုပြုလုပ်ပါတယ် ။ ဒါမျိုးတကယ်.ခံစားနေ၇တဲ့ကိစ္စမျိုးကို အားလုံးသိစေချင်တဲ့ ဒီလိုလုပ်ရပ်မျိုး ကလည်း လုပ်သင်.ပါတယ် ။ အဓိကပြဿနာကတော့ ဒီနာမည်ကျော်လူမိုက်ကြီးဟာ လူပေါင်းများစွာသတ်ဖူး(လူသတ်မှုနဲ့ အကြိမ်ကြိမ် အစွပ်စွဲခံရဖူး)ပေမယ့် ဘယ်တုန်းကမှ ထောင်မကျခဲ့ဘူးလို့ တစ်ရပ်ကွက်လုံးက သိထားတယ်သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့လည်း အတော်ကို ပလဲနံပသင့်တယ်လို့ ဆိုကြပါတယ် ။ ဒါ့အပြင် အဆိုပါလူမိုက်ကြီးရဲ့မိသားစုအဖမ်းမခံရဘဲ ကျန်နေရစ်တဲ့ အဖော်နှစ်ယောက်နဲ့ အပေါင်းပါတွေကရပ်ကွက်ထဲမှာ ဆက်လက်ကြိမ်းဝါးနေတာမို့ တရားရုံးမှာ သက်သေထွက်ရဲတဲ့သူတောင် မရှိဘူးဖြစ်နေရတယ်။ အခုလို ဆန္ဒပြကြမယ်ဆိုတဲ့အသံကြားတော့တောင် တစ်ရပ်ကွက်လုံးကို မီးကွင်းပစ်မယ်လို့ ကြိမ်းဝါးနေကြောင်းလည်းသိရပါတယ်။ 
အဲ့ဒီတော. ဒီကိစ္စမှာ ရပ်ကွက်လူထုတွေ မြင်နေသလို ဒီတရားခံလို.ယူဆထားသူတွေဟာ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ.အစည်း တွေနဲ. ဆက်စပ်မှု ရှိနေတယ်ဆိုတာ မဟုတ်ကြောင်း ရှင်းလင်းပြရမှာဖြစ်သလို တစ်ယောက်ချင်းစီကနေ အကျိုးစီးပွားဆက်နွယ် ပတ်သက်နေတယ်ဆိုရင်တော. အဖွဲ.အစည်းရဲ. ဂုဏ်သိက္ခာအတွက် ပြတ်ပြတ်သားသား အရေးယူပေးရပါလိမ်.မယ် ။ တစ်ခါတစ်လေမှာ အချို.လူတွေဟာ အဖွဲ.အစည်းတစ်ချို.ရဲ. နာမည်ကို သုံးပြီး ကိုယ်ကျိုးအတွက် လုပ်ဆောင်ကြသလို အချို.ဆိုရင် သက်ဆိုင်ရာအဖွဲ.အစည်းတွေလည်း သိက္ခာကျစေ ၊ မိမိလည်း အကျိုးအမြတ်ရစေ ဆိုတဲ့ အကြံနဲ. လုပ်ကိုင်နေကြသူတွေလည်း ရှိပြီး ( ဥပမာ လျိုင်သာယာမှာ မြေကွက်တွေ ရောင်းစားပြီး မိန်းကလေးတစ်ယောက်ကို အဓမ္မကျင်.ကြံမှု နဲ. အရေးယူခံနေရသူ )... အချို.ကျတော. ရောင်တော်ပြန် နဲ. ရောလွှတ်နေကြသူတွေ ရှိတာမို. ခုဒီလိုကိစ္စမျိုးမှာ ပြတ်ပြတ်သားသား အရေးယူကိုင်တွယ်ဖို. လိုပါလိမ်.မယ် ။
ဒီမိုကရေစီခောတ်ကျမှ စာပေလွတ်လပ်ခွင်.ကြောင်. စာတွေကလည်း ရေးချင်ရာ ပေါင်းစုံရေး ၊ Video တွေကလည်း အပြာဆန်ဆန် ရိုက်ချက်တွေပြ ၊ မိန်းကလေးငယ်တွေကလည်း အ၀တ်အစားပါတယ်ဆိုရုံလောက်လေးတွေဝတ် ..လူတွေကလည်း သတ်ကြ ဖြတ်ကြ  အနိုင်ကျင်.ကြ အနိုင်ကျင်.ခံရကြ ဟုတ်ကဲ့ ဒီလိုကြီးသာဆိုရင်တော. ဟိုးအ၇င် ပါတီစုံခောတ်ကလို မြို.ကြီးတွေမှာ ကလပ်တွေ ၊ ဇိမ်ခန်းတွေ ၊ ကျုးကျော်တဲတွေ ၊ အပိုင်စားလူမိုက်တွေ ၊ ပါတီပေါင်းစုံရဲ. လက်ပါးစေသူရဲကောင်းတွေ ၊ကြေးစားလူသတ်သမားတွေ ၊ ဆင်ဆာမဲ့ စာပေ ၊ Video တွေ ဗလပွနဲ. ဆိုရင်တော. သိပ်မဟုတ်သေးဘူးဗျို. 
Ref ; Ko Marky Post
Friday, March 28, 2014
ပြည်တွင်းထုတ် စစ်လက်နက် ယန္တရား များပါ ထုတ်ဖော်ပြသခဲ့သော ၆၉နှစ်မြောက် တပ်မတော်နေ.
၆၉ နှစ်မြောက် တပ်မတော် နေ.အခမ်းအနားကား ယမန်နေ.က ကျင်းပခဲ့ပြီးဖြစ်သည် ။ ပြီးခဲ့သည်. ၆၈ နှစ်မြောက် တပ်မတော်နေ. အခမ်းအနားမှစ၍ တပ်မတော်၏ စစ်လက်နက် အင်အား တစ်စိတ်တစ်ဒေသ ကို ထုတ်ဖော်ပြသခဲ့သလို ယခု တပ်မတော်နေ. ၀န်းကျင်တွင်လည်း မိတ္ထီလာ လွင်ပြင်တွင် ကျင်းပသော တပ်မတော် ကြည်း ၊ လေ ၊ သံချပ်ကာ ပူးပေါင်းစစ်ရေး လေ.ကျင်.မှု ၊ ကိုကိုးကျွန်းအနီး ပင်လယ်ပြင်တွင် ကျင်းပသော မြန်မာ.ရေတပ် ၏ Sea Shield 2014 စစ်ရေးလေ.ကျင်.မှု များ စသည်တို.ကြောင်. ယခု ၆၉ နှစ်မြောက် တပ်မတော် နေ.တွင်လည်း အားလုံးစိတ်ဝင်တစား စောင်.ကြည်.နေခဲ့ကြသည် ။
၆၉နှစ်မြောက် တပ်မတော်နေ. စစ်ရေးပြ အခမ်းအနားတွင် စစ်ရေးပြမှုးကြီး ဗိုလ်မှုးချုပ် မျိုးဇော်သိမ်း ဦးစီးကာ အနော်ရထာစစ်ကြောင်း ၊ ကျန်စစ်သားစစ်ကြောင်း ၊ ဘုရင်.နောင်စစ်ကြောင်း ၊ အောင်ဇေယျ စစ်ကြောင်း ၊ ဆင်ဖြူရှင်စစ်ကြောင်း ဖြင်. တပ်မတော်သားများ ၊ ရဲတပ်ဖွဲ.၀င်များ ၊ မီးသတ်တပ်ဖွဲ.၀င် များ ကြက်ခြေနီ တပ်ဖွဲ.၀င်များ အပြင် ယန္တရား တပ်ဖွဲ.များက အောင်ဆန်းစစ်ကြောင်းအမည်ဖြင်. ပါဝင်ချီတက်ခဲ့ကြပြီး တပ်ဖွဲ.၀င် အင်အား ၉၀၀၃ ဦး ပါဝင်ခဲ့သည် ။
စစ်ဘက်ဆိုင်ရာ ယန္တရားများ ၊ လက်နက်စနစ်များ အဓိကပါဝင်ချီတက်ခဲ့သည်.အောင်ဆန်း စစ်ကြောင်း တွင် ဗိုလ်မှုးကြီး မျိုးသန်.ဦးဆောင်သော ကွပ်ကဲရေး ယာဉ် တစ်စီး နှင်. သံချပ်ကာ ယန္တရား ညွှန်ကြားရေးမှုးရုံး ကိုယ်စားပြု ကွပ်ကဲမှု ယာဉ် ၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ.အရာရှိချုပ်ရုံး ကွပ်ကဲမှဲယာဉ် တို.နှင်.
  • Type-59M                       ပင်မတိုက်ပွဲဝင် တင့်ကား                                     ၅စီး
  • EE-9 Cascavel              သံချပ်ကာယာဉ်/အပေါ့စားတင့်                          ၁၂စီး
  • PTL-02                           ၁၀၅မမအမြောက်သုံး တင့်ဖျက်ယာဉ်                 ၁၂စီး
  • SH-1                               ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်ကြီး                 ၆စင်း
  • Type-81                         ၁၂၂မမ အတွဲလိုက်ဒုံးပစ်ယာဉ်                             ၃စီး
  • D-30M2                         ၁၂၂မမ ယာဉ်ဆွဲအမြောက်                                ၉စင်း
  • Pechora 2M                 မြေပြင်မှ ဝေဟင်ပစ်ဒုံး ( တာလတ်ပစ် )                 ၆စီး
  • ၂၅မမ                             ယာဉ်တင် လေယာဉ်ပစ်စက်အမြောက်                 ၆စီး
  • TWL (Smart Hunter Radar )                တာတိုကင်းထောက်နှင့် ရှာဖွေရေးရေဒါယာဉ်         ၃စီး
  • MADV-1 ..... Igla .                                  ပခုံထမ်းဒုံးတင်ယာဉ်                                           ၁၂စီး ပါဝင်ချီတက်ခဲ့ကြောင်း သိရပါသည် ။
ပြည်တွင်းထုတ်၂၅မမ ယာဉ်တင် လေယာဉ်ပစ်အမြောက်များ
ကပစထုတ် Igla တာတိုပစ်ဒုံးများ တပ်ဆင်ထားသည့် MADV-1 လေကာတပ်သုံးယာဉ်များ
တင်.ဖျက်ယာဉ်
Type 59 M တင်.ကား
Pachora 2M
တပ်မတော် လေ အနေဖြင်.လည်း ယခင်နှစ်ကထက် လေယာဉ်အမျိုးအစား သုံးမျိုး ထပ်မံပါဝင်ပျံသန်းခဲ့ပြီးအုပ်ဖွဲ့ ၇ခုနှင့် လေယာဉ်/ရဟတ်ယာဉ်အမျိုးအစား ၈မျိုးဖြင့် ပျံသန်းမူပုံစံ အမျိုးမျိုးဖြင့် ပျံသန်းခဲ့သည်။
Mi-35PNတိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို ချိတ်ဆွဲကာ အစောင့်လိုက် Mi-35PNတိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့် တြိဂံပုစံ(Vic position)ဖြင့် လည်းကောင်း | Mi-171Vရဟတ်ယာဉ် သုံးစီးက တပ်မတော် (ကြည်း/ရေ/လေ)အလံများ ချိတ်ဆွဲကာ ရှေနောက် တစ်တန်းတည်း ပုံစံ(trail position)ဖြင့် လည်းကောင်း| Y-12E အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးကို PT-6အခြေခံ အမောင်းသင်လေယာဉ်နှစ်စီးက ခြံရံကာ အမျိုးအစား မတူသော လေယာဉ်နှစ်မျိုးကို အုပ်ဖွဲ့ပျံသန်းခြင်း (composite Formation)ဖြင့် လည်းကောင်း| ပြည်တွင်းမှာပင် တပ်ဆင်ထုတ်လုပ်ထားသော K-8အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ငါးစီးက နိုင်ငံတော်အလံ ပုံသဏ္ဍာန် ဝါ/စိမ်း/နီ သုံးရောင်ခြယ်ဖြင့် Smoke generatorမှ မီးခိုးများဖြင့် အလှပြ ပျံသန်း၍ လည်းကောင်း| F-7 ကြားဖြတ်တိုက်လေယာဉ် ငါးစီးမှ မြားဦးပုံသဏ္ဍာန် (Arrow head)ဖြင့် လည်းကောင်း|A-5 မြေပြင်တိုက်ခိုက်ရေး လေယာဉ် ၃စီးမှ တြိဂံပုံစံ(Vic position)ဖြင့် လည်းကောင်း|Mig-29 လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ် ငါးစီးမှ မျှားဦးသဏ္ဍာန် (Arrow head)ဖြင့် လည်းကောင်း|K-8အပေါ့စား တိုက်ခိုက်ရေး လေယာဉ် ငါးစီးက နိုင်ငံတော် အလံ ပုံစံ ဝါ/စိမ်း/နီ သုံးရောင်ခြယ်ဖြင့် ယပ်တောင်ပုံစံ(Fan break)ဖြင့် ခွဲထွက်ကာ ပျံသန်းခဲ့ကြသည်။ ယနေ့ပါဝင်ပျံသန်းခဲ့သော လေယာဉ်  များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
  • Mi-35PN....  တိုက်ခိုက်ရေးရဟတ်ယာဉ်                                   
  • Mi-171V....  သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်                         
  • Y-12E          အပေါ့စား သယ်ယူပို့ဆောင်ရေး လေယာဉ်             
  • PT-6            အခြေခံအမောင်းသင်လေယာဉ်                              
  • K-8W           အပေါ့စား တိုက်ခိုက်ရေး လေယာဉ်                        
  • A-5JK          မြေပြင်တိုက်ခိုက်ရေး လေယာဉ်                             
  • A-5K            မြေပြင်တိုက်ခိုက်ရေး လေယာဉ်
  • FT-7AM       အမောင်းသင် ကြားဖြတ်တိုက် လေယာဉ်
  • FT-7K/M      ကြားဖြတ်တိုက်လေယာဉ်
  • F-7||K/M      ကြားဖြတ်တိုက်လေယာဉ်
  • Mig-29UB   နှစ်ယောက်မောင်း လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ်
  • Mig-29SE   လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ် တို့ ပါဝင်ပျံသန်းခဲ့ကြသည်ဟု သိရပါသည် ။
ယခု ၆၉ နှစ်မြောက် တပ်မတော် နေ.တွင် မြန်မာ.တပ်မတော် အနေဖြင်. ပြည်တွင်းထုတ် စစ်လက်နက် ယာဉ်ပစ္စည်းများကိုထည်.သွင်း ထုတ်ဖော်ပြသသွားခဲ့သည် ။ ပြီးခဲ့သည်. ရေတပ်စစ်ရေးလေ.ကျင်.မှုတွင်လည်း ပြည်တွင်းထုတ် စစ်သင်္ဘောများ ၊ ပြည်တွင်းထုတ် လက်နက်စနစ်အချို.တို.ကို ပါ အားပြု ထည်.သွင်းသွားခဲ့သဖြင်. မြန်မာတပ်မတော် အနေဖြင်. ပြည်ပမှ အဆင်.မြင်. နည်းပညာသုံး စစ်လက်နက်ပစ္စည်း စနစ်များ ၀ယ်ယူအသုံးပြုနေသကဲ့သို. ပြည်တွင်းတွင်လည်း ဟန်ချက်ညီ ထုတ်လုပ်မှုများဖြင်. အင်အားတောင်.တင်းသော ခောတ်မှီတပ်မတော် တစ်ရပ် အဖြစ်လျှောက်လျမ်းနေသည်ကိုတွေ.မြင်နေရသည် ။ အနာဂတ် ကာလ တစ်ခုတွင် လက်နက်တင်ပို.ရောင်းချနိုင်သော အခြေအနေတစ်ခုသို. မရောက်ဟူ၍ မပြောနိုင် သော အခြေအနေပင် ဖြစ်ပါသည် ။
Data Ref ; and Photos ...... Myanmar Alin , MOI , Oppsiteyes , Myanmar Airpower ,Myanmar Armour Corps , Myanmar Defence Weapon , Myawady ,RFA  , Irrawaddy 
Thursday, March 27, 2014
ဖက်ဆစ်တော်လှန်ရေး ကာလ ၀ါးခယ်မ အခြေအနေနှင်. လွတ်လပ်ရေးအကြိုကာလ ၀ါးခယ်မ
ဝါးခယ်မသား တော်လှန်ရေး တပ်သား တစ်ဦးသို. ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပြုလွှာ
ဖက်ဆစ် ဂျပန် ဆန်.ကျင်ရေးတွင် လျှို.၀ှက်စွာ ဖွဲ.စည်းထားသော ကွန်မြူနစ်ပါတီမှ လူများ ၊ ပြည်သူ.အရေးတော်ပုံ ပါတီဝင်များ ၊ မျိုးချစ် သခင်များ ၊ အစိုးရအဖွဲ.အစည်းများအတွင်းရှိ မျိုးချစ်အင်အားစုများ သာမက ကျေးလက်ဒေသများအထိ အထူးလျှို.၀ှက်စွာ စည်းရုံး လှုပ်ရှား ခဲ့ကြသည် ။ သခင်မ ဒေါ်ကျင်မြ ကဲ့သို. အမျိုးသမီးများပင်လျှင် ဂျပန်များ သင်္ဘောတွင်ဆင်း၍ စစ်ဆေးနေသည်.ကြားက သခင်သိန်းဖေ၏ တာဝန်ပေးချက်အရ ရန်ကုန်မှ ၀ါးခယ်မသို. လက်နက်များ သယ်ဆောင်ခဲ့ကြသည် ။
ထိုအချိန်တွင် ဖက်ဆစ်ဂျပန်တို.သည် မိမိတို.အပေါ် မြန်မာနိုင်ငံသားများ မကျေမနပ် တော်လှန်ခံ၇မည်ကို စိုးရိမ်လျှက် နိုင်ငံရေးအစဉ်အလာ ရှိသူတို.ကို ဖမ်းဆီးခဲ့လေသည် ။ ထိုစဉ်က ကင်ပေတိုင်ရုံးမှာ ယခုခရစ်စယာန်ဘုရားကျောင်း ( မြူရုံးလမ်း ၊ ဆေးရုံရပ်ကွက် ) ဟုသိရသည် ။ နောက်ဆုံးတွင် ၀ါးခယ်မ မှ သခင် သက်တင် ၊ သခင် တင်ဦး ၊ သခင်သောင်းဖေ ၊ ဦးထွန်းဖေ ၊ ဦးဘထွန်း ၊ ဦးလှမောင် ၊ စီမောင်တင် …… သရက်တော မှ သခင်ချစ်ဖေ ၊ သခင်လှမောင် ၊ သခင်ကြွယ် ၊ သခင်ထွန်းသင် ၊ သခင်တင်ညွန်. …… မရမ်းချောင်း မှ သခင်စိုးဟန် ၊ သခင်ဖိုးအေး ၊ သခင်ဖိုးတုတ် ၊ သခင်စံသူ တို.ကို ဖမ်းဆီး၍ ယုတ်မာ ရက်စက်စွာ ညှဉ်းဆဲ သတ်ဖြတ် ခဲ့ကြသည် ။
မျိုးချစ်စိတ် အတွက် သက်သေ အချို.
ဖက်ဆစ် တို.က လက်ဦးမှု ရယူချေမှုန်း ခံခဲ့ကြရခြင်း ၊ ဌာနချုပ် ခေါင်းဆောင်များနှင်. ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်ခံရခြင်း ၊ နိုင်ငံရေး အင်အားစု နှင်. စစ်ရေးအင်အားစုများ ပူးပေါင်းချိတ်ဆက်နိုင်မှု အားနည်းခဲ့ခြင်းကြောင်. ( တစ်ဦးချင်းစီ၏ ထူးချွန်စွာ သီးခြားစွမ်းဆောင်မှုများမှ လွဲ၍ ) ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ဖြင်.ဆန်.ကျင်ခြင်းများ အကောင်အထည် မဖော်နိုင်ဖြစ်ခဲ့ရသည် ။
ထို.နောက် အင်္ဂလိပ်တို. တစ်ကျော.ပြန် ၀င်ရောက်လာပြီး အင်္ဂလိပ်တို.၏ စစ်အုပ်ချုပ်ရေး စတင်ချိန်မှစပြီး ရန်ကုန်ရှိ ဖဆပလ ဌာနချုပ်နှင်. ဆက်သွယ်ကာ ၀ါးခယ်မမြို.တွင် ဖဆပလ အဖွဲ.ဖွဲ.စည်းကာ နယ်ချဲ.ဆန်.ကျင်ရေး တိုက်ပွဲများ ဆက်လက်ဆင်နွဲခဲ့ကြသည် ။ ဖဆပလ အဖွဲ.ကြီး၏ ဦးဆောင်မှုဖြင်. အမှုထမ်းပေါင်းစုံသပိတ် ၊ စစ်တပ်အသွင် မဖွဲ.စည်းရ ဟူသော တားမြစ်ချက်ကို ဖီဆန် ၍ ပြည်သူ.ရဲဘော် တပ်ဖွဲ.များ ဖွဲ.စည်းရင်း လွတ်လပ်ရေးကြိုးပမ်းမှုများအတွက် ထိထိမိမိ အထောက်အကူပြုနိုင်ခဲ့သည် ။
ဝါးခယ်မမြို.တွင် ပြည်သူ.ရဲဘော် တပ်ဖွဲ.ကို ၁၉၄၆ ဇန်န၀ါရီ တွင် စတင်ဖွဲ.စည်းခဲ့ရာ
မြို.နယ် စစ်ခေါင်းဆောင်အဖြစ် ဗိုလ်ခင်စိုး ( ဂျပန်ပြန် )
အထွေထွေ ဌာနမှုး               ဦးထင်ကျော်
ဖွဲ.စည်းရေးမှုး                      ဦးစန်းအောင်
လေ.ကျင်.ရေးမှုး                  ဦးမင်းဆွေ
ထောက်ပံ.ရေးမှုး                  ဦးပန်း တို.က တာဝန်ယူခဲ့ကြသည် ။
ဝါးခယ်မ မြို.ရှိ ဦးနု စာကြည်.တိုက် နံရံထက်မှ မြန်မာ.လွတ်လပ်ရေးအတွက် အဓိက စာချုပ်တစ်ခု ဖြစ်သည်. နု-အက်တလီ စာချုပ် လက်မှတ်ရေးထိုးနေသော သမိုင်းဝင်ဓါတ်ပုံ
ပြည်သူ.ရဲဘော် တပ်ဖွဲ.ကို ကျုံမငေး ၊ သရက်တော ၊ ရွှေလောင်း စသော တိုက်နယ် အဖွဲ.ခွဲ များအပြင် ကျွန်းကုန်း ၊ မဲဇလီ ၊ ဇုက္ကနိ ၊ ရွာသစ် ၊ ထော်ကနွတ် ၊ သရွတ်မြိုက် ၊ လမ်းသမိုင် ၊ ခွေးလေး ကံသာကုန်း ၊ အညာစု ၊ ရှမ်းစု ၊ ကွမ်းသီးချောင်း စသည်ဖြင်. ကျေးရွာ အတော်များများ တွင်ပါ ဖွဲ.စည်းနိုင်ခဲ့သည် ။
ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန် သို.သွား၍ လွတ်လပ်ရေးအတွက် အရေးဆိုရာတွင်   အေးချမ်းစွာ သဘောတူ မှု မရခဲ့ပါက လက်နက်ကိုင်တိုက်ခိုက်မည်ဟူသော အချက်ပေါ်လွင်စေ၇န် ၀ါးခယ်မရှိ ပြည်သူ.ရဲဘော်များက တော်လှန်ရေး နယ်ကျွံမှု များ ပြုလုပ်ပြခဲ့ကြရသည် ။ ယင်းကိစ္စအတွက် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန် မှ ပြန်ရောက်ချိန်မှသာ ဘုရင်ခံနှင်. ညှိုနှိုင်း၍ လွတ်ငြိမ်းချမ်းသာခွင်. ပြုပေးခဲ့ရသည် ။
တော်လှန်ရေး ကာလတစ်လျှောက်လုံးတွင် ၀ါးခယ်မသားတို.သည် မိမိတို. ဒေသတွင် စစ်ရေးထက် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုများပြားခဲ့ပြီး စစ်ရေးဆိုင်ရာများတွင်မူ အခြားဒေသများသို.တာဝန်ဖြင်.သွားရောက်ကိုယ်ကျိုးစွန်.. ထမ်းဆောင်ခဲ့ကြရသူက ပို၍ များပြားခဲ့ပါသည် ။ဝါးခယ်မ သားတို.၏ ထူးချွန်စွာ ဆောင်ရွက်ခဲ့မှုများကို အောက်ပါ Link များမှတစ်ဆင်. သွားရောက်လေ.လာနိုင်ပါသည် ။
Ref ; Wakema Record of RoUoM
ဆက်စပ်ဖတ်ရှုရန်များ
Wednesday, March 26, 2014
ဝါးခယ်မ သား တို.၏ နယ်ချဲ.တော်လှန်ေ၇း စိတ်ဓါတ်နှင်. အမျိုးသားရေး လှုပ်ရှား ခဲ့မှု အချို.
တို.ဗမာ ခောတ်က သမိုင်းဝင် ဖြစ်ခဲ့သော ၀ါးခယ်မ ဘုရားကြီး ၀န်းရှိ မဟာပုည တန်ဆောင်း
မြန်မာသက္ကရာဇ် ၁၁၈၅ ( ခရစ်နှစ် ၁၈၂၄ ) ဘကြီးတော် ဘုရား လက်ထက် အင်္ဂလိပ် - မြန်မာ ပထမ စစ်ဖြစ်ချိန်က လူနေစု အဖြစ် ရောက်အံ့ဆဲဆဲ ရှိနေခဲ့သော ဒေသ ၊ ထို.နောက် ၂၈ နှစ်အကြာ သက္ကရာဇ် ၁၂၃၃ ( ခရစ်နှစ် ၁၈၅၂ ) ပုဂံမင်းလက်ထက် ဒုတိယ အင်္ဂလိပ် - မြန်မာ ဒုတိယ စစ်ပွဲဖြစ်ပွားချိန် ကာလ က လူနေအိမ်စုများ စတင်ဖြစ်တည်နေခဲ့သော ဒေသ ၊ သက္ကရာဇ် ၁၂၄၇ (  ခရစ်နှစ် ၁၈၈၅ ) သီပေါမင်း လက်ထက် အင်္ဂလိပ် - မြန်မာ တတိယ စစ်ပွဲဖြင်. မြန်မာ တစ်နိုင်ငံလုံးကို အင်္ဂလိပ်နယ်ချဲ့တို. ကျုးကျော်သိမ်းပိုက်ချိန် က ကျေးရွာကြီး အဆင်.သို. ရောက်ရှိနေခဲ့ပြီဖြစ်သော ဒေသ ၊ သက္ကရာဇ် ၁၂၄၂ ( ခရစ်နှစ် ၁၈၈၀ ) ကပင် ရုံး ၊ ဂါတ်များ ဆောက်လုပ်ပြီးသော ဒေသ ၊ သက္ကရာဇ် ၁၂၆၈ ( ခရစ်နှစ် ၁၉၀၆ အောက်တိုဘာ ၁ ရက်နေ. ) တွင် မြူ နီစပါယ် မြို.အဖြစ် ရောက်ရှိခဲ့သော ၀ါးခယ်မ မြို.ကား မြန်မာဘုရင်လက်ထက် နယ်ချဲ့ ကျုးကျော်မှုများတွင် ဆန်.ကျင်တော်လှန်မှုများ မရှိနိုင်သေးပဲ မြို.တစ်မြို.အဖြစ် စတင် ဖွံ.ဖြိုးလာဆဲ ကာလသာရှိသေးသည် ။
ပန်ဒစ် ဂျဟာ ၀ါလာနေရူး သမီးမစ္စ အင်ဒရာဂန္ဒီ မိသားစု ၀ါးခယ်မ ရောက်ရှိစဉ် ရိုက်ကူးထားသော ဓါတ်ပုံ
သို.သော် ၁၉၀၀ ပြည်.လွန် နှစ်များ မှစ၍ ၀ါးခယ်မသားတို.၏ နယ်ချဲ.တော်လှန်ရေး စိတ်ဓါတ်များ ၊ လှုပ်ရှားမှုများ ဖွံ.ဖြိုးလာခဲ့သည် ။ ၁၉၀၆ မတ်လကုန်ခန်. ရန်ကုန်မြို.တွင် YMBA အသင်းကြီး စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၁၀ ပြည်.နှစ်တွင် ၀ါးခယ်မ မြို.ပေါ် နှင်. နယ်သူနယ်သားများသည် ၀ံသာနု အသင်း ၊ ကုမ္မာရီ အသင်းများ တည်ထောင်ပြီး ပင်နီချော နှင်.ယောလုံချည် ဆင်မြန်းကြကာ အင်္ဂလိပ် ကုန်ပစ္စည်းများ သပိတ်မှောက်ရာတွင် ရှေ.တန်းမှ ပါဝင်ခဲ့ကြသည် ။ ကျုံမငေး ၊ သရက်တော ၊ ရွှေလောင်း ၊ကျွန်းကုန်းစသော ကျေးရွာကြီးများတွင်လည်း ထိုအသင်းများ တည်ထောင်ရေး အမျိုးသားရေး တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည် ။
၁၉၁၆ ခန်.တွင် ၀ံသာနု ဆရာတော်ကြီးများဖြစ်သော ဆရာတော် ဦးဥတ္တမ ၊ ဦးနာဂိန္ဒ ၊ ဦးဂါရ၀ ၊ ဦး ညေယျ စသည်.ဆရာတော်များ၏ တရားပွဲများ စည်ကားစွာ ကျင်းပခဲ့သည် ။ ၁၉၂၁ ၏ တစ်နေ.တွင် ဆရာတော် ဦးဥတ္တမ တရားပွဲကျင်းပ၇န် စိစဉ်နေခိုက် ဖျာပုံခရိုင် ကျောင်းကုန်းကျေးရွာ( အခြားသမိုင်း တစ်ခုတွင် ဆူးကလပ် ကျေးရွာ ဟုတွေ.ရပါသည် ) တွင် ဟောပြောခဲ့သည်. ( နယ်ချဲ့အင်္ဂလိပ် ကိုရည်ရွယ်သော ) လိပ်အခွံခွာ၇မည် ဟူသော တရားကြောင်. ဖမ်းဆီး၇န်အတွက် မြောင်းမြ ရာဇ၀တ် ၀န်က ၀ါးခယ်မမြို.သား အင်စပက်တော် ဦးဘဂျမ်းသို. လက်ထိပ်ခတ် ဖမ်းခဲ့ရမည်ဟူသော အမိန်. ပို.ခဲ့သည် ။သို.သော် ထိုဝါးခယ်မသား အရာရှိက မိမိရာထူးမှ နှုတ်ထွက်သည်ဆိုကာ နယ်ချဲ. အင်္ဂလိပ်တို.၏ အမိန်.ကို ဖီဆန်လျှက် ၀ါးခယ်မသားတို.၏ ၀ံသာနု ရက္ခိတ စိတ်ဓါတ်ဖြင်. ကိုယ်ကျိုးစွန်. အနစ်နာခံခဲ့သည် ။
ကွမ်းခြံကုန်း ကျောင်းတိုက်
၁၉၂၀ ယူနီဗာစီိတီ သပိတ်သည် အမျိုးသားရေးကို တဟုန်ထိုးတိုက်တက်စေခဲ့သည်ဟု အသိအမှတ်ပြုကြသည် ။ ထိုသပိတ်တွင် ၀ါးခယ်မမြို.ရှိ ၀ံသာနု အသင်း ၊ ကုမ္မာရီ အသင်းများက များစွာကူညီခဲ့ကြသည် ။ ၀ါးခယ်မမြို. အနောက်ပိုင်း ကမ်းနားလမ်းရှိ ကွမ်းခြံကုန်း ကျောင်းတိုက်တွင် အမျိုးသားကျောင်း တည်ထောင်၍ ကျောင်းအုပ်ကြီးအဖြစ် ဦးလှအောင် ( ဘိလပ်ပြန် - ၀တ်လုံတော် ရ ) ကျောင်းဆရာများအဖြစ် ဦးကျော်ကြီး ၊ ဦးကျော်သန်း ၊ ဦးသန်းကြွယ် ၊ ဦးဘစိုး ၊ ဦးကံ ၊ ဦးအောင်ခင် ၊ ဦးစိန် ၊ ဦးစံထွန်း ၊ ဦးဖေ ၊ ဦးတင်ညွန်. ၊ ဦးဘအေးတို.က ဆရာများအဖြစ် တာဝန်ယူပေးခဲ့ကြသည် ။ ထိုအချိန်က ဦးကျော်သန်းသည် အင်္ဂလိပ်အစိုးရကို အသိအမှတ်မပြုသည်.အနေဖြင်. မိမိ၏ BSc ဘွဲ.ကို စွန်.လွှတ်ခဲ့သည်။ ( ဒုတိယ ကျောင်းသားသပိတ် ၁၉၃၈ တွင်လည်း ဦးနုသည် နယ်ချဲ. အင်္ဂလိပ် တို.ကို ဆန်.ကျင်သည်.အနေဖြင်. သူ၏ BA ဘွဲ.ကို စွန်.လွှတ်ခဲ့သည် ) ထိုအမျိုးသားကျောင်းမှ သခင်နု ၊ သခင်ဥ ၊ သခင်အုံးဖေ ၊ သခင်သိန်းဖေ စသော နိုင်ငံရေး သမားများ ပေါ်ထွန်းခဲ့သည် ။
အင်္ဂလိပ် ပါလီမန် မှ မှ မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးရန် ၀ှိုက်ကော်မတီ ကို စုံစမ်းရေး ကော်မရှင်အဖြစ် စေလွှတ်ခဲ့သည် ။ မြန်မာတို.က ထိုကော်မရှင်ကို သပိတ်မှောက်ခဲ့သကဲ့သို. ၀ါးခယ်မသို. ထို ကော်မရှင် ရောက်ရှိလာသောအခါ သခင်နု ၊ ကိုအုန်းဖေ ၊ ကိုအောင်သင်းတို. ခေါင်းဆောင်ပြီး သံပုံးတီးကန်.ကွက်ကြသည် ။ ကော်မရှင် အဖွဲ.မှ ၀ါးခယ်မ ဈေးအတွင်း ဟင်းလျာ ၀ယ်ယူသည်.အခါ ဈေးသူ/သား များ ဆိုင်များပိတ် ၊ သပိတ်မှောက်ကြသဖြင်. ဘာတစ်ခုမှ ၀ယ်မရပဲ ပြန်သွားကြရသည် ။ သင်္ဘောဖြင်.ပြန်လည်ထွက်ခွာချိန်တွင်လည်း လှေဖြင်.ထွက်၍ ၀ှိုက်ကော်မရှင် အလိုမရှိ ၊ ဒိုင်အာခီ အုပ်ချုပ်ရေး ဖျက် ဖျက် ၊ ဟုမ္မရူး အုပ်ချုပ်ရေး  ချက်ခြင်းပေး စသည်တို. ဟစ်အော်ကြွေးကျော်လျှက် မြစ်ရိုးတစ်လျှောက် ဆူညံစွာ သံပုံးတီး ကန်.ကွက်ခဲ့ကြသဖြင်. မြို.နယ်အသီးသီး ၏ ကန်.ကွက်ပွဲများအနက် ၀ါးခယ် ကန်.ကွက်မှုကားထိပ်တန်းမှ ပြေးခဲ့သည် ။
၁၉၃၀ ပြည်.တွင် ဆရာတော် ဦးနာဂိန္ဒ တရားပွဲကို ဘုရားကြီးအတွင်း ကျင်းပရန်စီစဉ်ရာ အင်္ဂလိပ်အစိုးရက တားဝရမ်း ထုတ်ခဲ့ရာ ဆရာတော်က ဆန်.ကျင်ခဲ့သဖြင်. တရားပွဲမကျင်းပမှီ ဆရာတော်အား အင်္ဂလိပ် နယ်ချဲ. အစိုးရ က ၀ါးခယ်မ ဂါတ်တဲတွင် ဖမ်းဆီးချုပ်နှောင်စေခဲ့သည် ။ ဆရာတော်အား မြောင်းမြထောင်သို.ပို.ရာတွင် လမ်းတစ်လျှောက် အမျိုးသမီးများက ဆံပင်များ ခင်း၍ ပို.ဆောင်ခဲ့ကြသည် ။ မြောင်းမြထောင်အတွင်း တစ်နှစ် အပြစ်ပေးခံရချိန် ဆံချခြင်းမပြုပဲ ထောင်မှထွက်သည်.အခါ ၀ါးခယ်မသို. လာရောက်တရားဟော ချိန်မှစ၍ ဆရာတော်အား ဆံရှည်ကိုယ်တော် ဟု ၀ါးခယ်မ သားတို.က ဘွဲ.ပေးခဲ့သည် ။
ဒို.ဗမာ ၀ါဒ ထွန်းကားလာချိန်တွင် နယ်ချဲ.အင်္ဂလိပ်အစိုးရ၏ အမိန်.ကို ဖီဆန်လာကြသဖြင်. နယ်ပိုင်ဝန်ထောက်ဟောင်း  မစ္စတာရိုးလင်း ကိုယ်တိုင်ရောက်ရှိလာပြီး မြို.ပေါ်ရှိ  ဘုရားလူကြီး ၊ မြူနီစပါယ်လူကြီး ၊ သခင် များ အရပ်သားများ  စုစုပေါင်း ၈၄၀ ကို ၂ယောက်တစ်တွဲ လက်ထိပ်ခတ် ဖမ်းဆီးကာ မြောင်းမြထောင်သို. သင်္ဘော ၂ စီးဖြင်. ပို.ခဲ့ပြီး မြို.ရှိ အမှုထမ်း အရာရှိ အားလုံးနီးပါး နယ်ရွှေ. ၊ ရာထူးချ ခံခဲ့ကြရသည် ။
  ၉၁ ဌာန အုပ်ချုပ်ရေးခောတ် ရွေးကောက်ပွဲ အကြို စီစဉ်မှု အဖြစ် သခင်ဟန် ( ၀ါးခယ်မ ) သည် ၁၉၃၆ တွင် ၀ါးခယ်မ သို.ရောက်လာပြီး ဒို.ဗမာ အစည်းအရုံး စတင်လှုပ်ရှားခဲ့သည် ။ သခင်အုန်းဖေ - ဥက္ကဋ္ဌ ၊ သခင် ချစ်ဖေ ( ရှေ.နေ ) - ဒုဥက္ကဋ္ဌ ၊ သခင်သိန်းဖေ - အတွင်းရေးမှုးပါ အမှုဆောင် ၁၅ ဦးဖြင်. စည်းရုံးလှုပ်ရှားခဲ့ရာ အထူးအောင်မြင်ခဲ့သောကြောင်. ၁၉၃၇ ဧပြီလ တွင် အိန္ဒိယ ခေါင်းဆောင် နေရူး အား ၀ါးခယ်မ ရောက်ရှိစေ၇န် ဌာနချုပ်က စီစဉ်ပေးခဲ့သည် ။ ၀ါးခယ်မ သကျမဟာသီရိ ဘုရားကြီး သံတန်ဆောင်းအတွင်း ကျင်းပသော ပွဲတွင် ပန်ဒစ်ဂျဟာဝါလာနေရူး ကိုယ်တိုင်က တက်ရောက်လာကြသူများကိုကြည်.၍ On your attitude , I assure you , you will get Independent very soon ဟူ၍ ပြောကြားခဲ့ရသည် ။
၁၉၃၉ နှစ်ဦးပိုင်းတွင်မြောင်းမြ ခရိုင် ညီလာခံကို ကျုံမငေး တွင် ကျင်းပရာ ပရိသတ် ၂၀၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး မော်လမြိုင် ညီလာခံအပြီးတွင် ဒုတိယအကြီးဆုံး ညီလာခံဟု အသိအမှတ်ပြုခဲ့ကြသည် ။ ချစ်တီး လယ်ပိုင်ရှင်များနှင်. သခင်လယ်သမားများ၏ တိုက်ပွဲကို ကြာဖြူ ( ၀ါးခယ် မ ) ၊ မရမ်းချောင်း ( သရက်တော ) ၊ ကြာကန် စသည်ဖြင်. ၁၁နေရာ ကျင်းပခဲ့ရာ လူ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ခေါင်းဆောင် သခင်စိုးခိုင် ၊ သခင်ဘသွယ် ၊ သခင် ချမ်းမြ ၊ သခင်အုန်းမြင်. တို.ထောင် တစ်နှစ်စိကျခဲ့သည် 
၁၉၄၂ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားချိန် .. သခင်များသည် လက်နက်ကိုင် တိုက်ခိုက်ရမည်ဟူသော ဆုံးဖြတ်ချက်ဖြင်. လက်နက်များ စုဆောင်း၍တော်လှန်ရန် အင်အားစုခဲ့သည် ။၁၉၄၂ ဖေဖော်ဝါရီ  ၂၈ ရက်မှစ၍ မအူပင်ခရိုင် ၊ မြောင်းမြခရိုင် ၊ ပုသိမ်ခရိုင်ရှိမြို.များ ကို စတင်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည် ။ ထိုနေ.တွင် ၀ါးခယ်မ ၊ မြောင်းမြ ၊ ကျုံမငေးတို.ကိုစတင်သိမ်းပိုက်ရန် ဆုံးဖြတ်ထားရာ ၀ါးခယ်မ ဂတ်တဲ မှ ရာဇ၀တ် ၀န်ထောက် D-Y-S-P ဦးတင်ညွန်.သည် ၀ါးခယ်မသားဖြစ်သလို ၁၉၂၀ ယူနီဗာစီတီ သပိတ်မှောက်ကျောင်းသားလည်းဖြစ်ပြီး ၀ါးခယ်မမြို. အမျိုးသား ကျောင်းဆရာလည်းဖြစ်သလို သခင်နု ၊ သခင်အုန်းဖေ တို.၏ ဆရာလည်း ဖြစ်သဖြင်. မြေအောက်တော်လှန်ရေး ခေါင်းဆောင် များ နှင်. နားလည်မှု ရယူကာ ဌာနမှ လက်နက် ၂၂ လက် ကျည်ဆံများပါထားခဲ့ပြီး ထွက်ခွာပေးခဲ့သဖြင်. ရည်မှန်းချက် ၃ မြို.အနက် ၀ါးခယ်မ နှင်. ကျုံမငေးသာ သတ်မှတ် ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည် ။
၂၀၁၃ ဒီဇင်ဘာလ က အခမ်းအနား တစ်ခုတွင်တွေ.ရသော ၀ါးခယ်မသား သခင်သိန်းမောင်
ထိုမှနေ၍ ၀ါးခယ်မမြို.မှ အင်္ဂလိပ်နယ်ချဲ့ ၏ အစိုးရအဖွဲ. ရုပ်သိမ်းပြီး ၃လခန်. တော်လှန်ရေး အင်အားစုများက ထိမ်းသိမ်းထားခဲ့သည် ။ ထို.နောက်မြို.ပြ အုပ်ချုပ်ေ၇း အကောင်အထည်ဖော်ခဲ့သည် ။ ၁၃၀၄ ခုနှစ် နယုန်လဆန်း ၁၅ ရက် ( ၁၈ - ၅ - ၁၉၄၂ ) နေ.တွင် BIA အုပ်ချုပ်ရေး အဖွဲ.ဖွဲ.ခဲ့သည် ။
ဝါးခယ်မ အုပ်ချုပ်ရေး အဖွဲ.တွင် အုပ်ချုပ်ရေး - သခင်ချစ်ဖေ ( သရက်တော ) ၊ ကာကွယ်ရေး အဖွဲ.၀င်များ  -  သခင်ကျော်ဝင်း .. သခင်မိုး … သခင်သန်းမောင်….သခင်စိန်ရ …. သခင်မောင်မောင် … သခင်လှမောင် ၊ ရိက္ခာ - သခင်ကျော်ဒင် ၊ အဖွဲ.၀င် - သခင် ဘသိန်း တို.ဖြင်.ဖွဲ.စည်းခဲ့ပြီး ကျုံမငေး တွင်  ဥက္ကဋ္ဌ - သခင်ထိန်ဝင်း ၊ ရိက္ခာ - သခင်ခင်မောင် ၊ ၀ါဒဖြန်.ချီရေး - သခင်လှမောင် ..သရက်တော ၊ စည်းရုံးရေး - သခင်ပွင်.  … သရက်တော. ၊ တရားရေး - ဦးစံဖေ ၊ အဖွဲ.၀င် - သခင်သာရင် ..သခင် ဗထူး … ဆရာဗအေး  တို.ဖြင်. ဖွဲ.စည်းခဲ့သည် ။
ဤကား ၀ါးခယ်မ သားတို.၏ နယ်ချဲ.ဆန်.ကျင်တော်လှန် လို စိတ် ၊ အမျိုးသားစိတ် အပြည်.ဖြင်. လှုပ်၇ှားမှုများထဲမှ လက်လှမ်းမှီသမျှ စုဆောင်းဖော်ပြခြင်းသာ ဖြစ်ပါသည် ။
Ref ;   Wakema Record of RoUoM & Golden Jubilee Magazine of AWT
ဆက်စပ်ဖတ်ရှု ရန်များ
Tuesday, March 25, 2014
မလေးလေယာဉ် ပျက်ကျတယ်ဆိုတာ သေချာသွားပြီလား
ထူးဆန်းစွာ ပျောက်ကွယ်၍ တစ်ကမ္ဘာလုံး၏ အဆင်.မြင်.နည်းပညာ အားလုံးကိုစိန်ခေါ်ခဲ့သော ..နည်းပညာအဆင်.မြင်. နိုင်ငံများနှင်. အာရှတိုက်တွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်စိတ်ဖြစ်တည်စေခဲ့သော မလေးရှားလေယာဉ် ပျေက်ဆုံးမှု ကား ဆုံးခန်းတိုင်ခဲ့ပြီဟုပြောရမည်လား ၊ ရှာဖွေခြင်းများ အောင်မြင်ခဲ့ပြီဟု ပြောရမလား ၊ မည်သည်.အတွက်ကြောင်. ဟူသော မေးခွန်းသစ်များ၏ အစလားတော. မသိ ။ ယမန်နေ.က မလေးရှား ၀န်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲတွင်မူ စုံစမ်းရှာဖွေရာမှရရှိသည့် အချက်အလက်များအပေါ် အခြေခံ ပြီး စစ်ဆေး သုံးသပ်ရာတွင် မလေးရှားလေကြောင်း လေယာဉ်အမှတ် MH 370 သည် သြစတြေးလျ နိုင်ငံ အနောက်ဘက် အိန္ဒိယ သမုဒ္ဒရာထဲသို့ ထိုးကျသွားခြင်း ဖြစ်ကြောင်း သတင်း မီဒီယာများကို ပြောကြားခဲ့ပါတယ် ။
ဒါဟာ တရုတ်ဂြိုဟ်တု နဲ. သြစတေးလျ ဂြိုဟ်တု တွေကနေ ဒုတိယမြောက် အစိတ်အပိုင်းတွေ ထပ်တွေ.တယ်ဆိုတာကနေ တောက်လျှောက်ဆက်လိုက်ရာက နောက်ဆုံးထွက်လာတဲ့အဖြေပါ ။ ဂြိုဟ်တုအချက်အလက်များအရ အိန္ဒိယသမုဒ္ဒရာတွင် သြစတြေးလျနိုင်ငံနှင့် မိုင် ၁၄၃၀ အကွာတွင် မျောနေသော အပျက်အစီးတွေ့ရကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေကပြောဆိခဲ့ပြီး ဒါကိုမလေးရှား အာဏာပိုင်များထံသို့ ပေးပို့ခဲ့ တယ်လို.ဆိုပါတယ် ။
ပထမတစ်ကြိမ်တုန်းကလည်းမေလ ၂၀ ရက်နေ. ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး ခိုင်မာသော သတင်းအချက်အလက်သစ် ရရှိခဲ့ကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအဘော့က ပါလီမန်တွင်
ပြောကြားခဲ့တာပါ ။တစ်ခုမှာ ၂၄ မီတာ (၇၉ ပေ) ရှိပြီး အခြားတစ်ခုမှာမူ ယင်းထက်သေးငယ်ကြောင်း၊ ယင်းပစ္စည်းများကို ရှင်းရှင်းလင်းလင်း မမြင်ရသေးကြောင်း သြစတြေးလျရေကြောင်းလုံခြုံရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူ ဂျွန်ယန်းကလည်း ပြောကြားခဲပါတယ် ။ ဂြိုဟ်တုမှ ရိုက်ကူးရရှိသော ဓာတ်ပုံများအရ အဆိုပါ အရာဝတ္ထု နှစ်ခုသည် တစ်ခုနှင့်တစ်ခု ၁၄ မိုင်အကွာ၌ ရှိကြပြီး သြစတြေးလျ အနောက်ကမ်းရိုးတမ်း၏ အနောက်တောင်ဘက် ၁၅၀၀ မိုင် အကွာခန့်တွင် ရှိကြောင်းနှင့် ယင်းနေရာသည် သင်္ဘောများ သွားလာတတ်သည့် လမ်းကြောင်းမှနေ၍ အလွန်ဝေးကွာလှသော နေရာ၌ ရှိကြောင်းပြောကြားခဲ့ပါတယ် ။
 တစ်ခုက ရေပြင်ခပ်ပါးပါးအောက် တစ်ခုက ရေပေါ် မြုပ်လိုက်ပေါ်လိုက်မျောပါနေတယ် ဆိုတဲ့အထိ သတင်းတွေထွက်ခဲ့ပါတယ် ။  မော်တော်ကားတင် နော်ဝေသင်္ဘော Hoegh St. Petersburg ဟာပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီးများ ရတယ်ဆိုတဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နေရာသို့ ပထမဆုံးရောက်ရှိလာသည့် သင်္ဘောဖြစ်ကြောင်း အဆိုပါသင်္ဘောကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ စီဆဲလီမိုးက မတ် ၂၀ ရက်တွင် ပြောကြားခဲ့ပါတယ်။် သြစတြေးလျ အာဏာပိုင်များ၏ မေတ္တာရပ်ခံချက်များအရ မာဒါဂါစကားမှ မဲလ်ဘုန်းသို့ သွားမည့် သူ၏ ခရီးစဉ်မှ သွေဖယ်ကာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ရှာဖွေရေးဇုန်သို့ ရောက်ရှိလာခြင်းဖြစပါတယ် ။
ဒါပေမယ်.လည်း  ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ ဖြစ်နိုင်သော အပျက်အစီး တစ်စုံတစ်ရာကို ယခုတိုင်တွေ့ရှိရခြင်း မရှိသေးကြောင်း နော်ဝေသင်္ဘောကုမ္ပဏီမှ အခြားပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ခရစ်ရှန်ဒါးက အဲ့ဒီတုန်းကပြောကြားခဲ့ပါတယ်။ ဒါးက ယင်းနေရာ၌ ဂရင်းနစ်စံတော်ချိန် ၁၃း၀၀ နာရီကတည်းက နေ၀င်သွားပြီဖြစ်သောကြောင့်ရှာဖွေရ ခက်ခဲကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ပြီး သူက “သင်္ဘောက သြစတြေးလျအာဏာပိုင်တွေ ပေးအပ်ခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် ညအချိန်အထိ ရှာဖွေမှာပါ။ ပြီးရင် ကျွန်တော်တို့ သြစတြေးလျ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး အနေအထားကို တင်ပြလို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါတယ် ။
အဲ့ဒိတုန်းက အားလုံးသောထောက်လှမ်းရေ လေယာဉ်တွေ ၊ သင်္ဘောတွေ ရောက်ရှိရှာဖွေခဲ့ကြပေမယ်.လည်း မတွေ.ရှိခဲ့တာကြောင်. ပင်လယ်ပြင်အောက် နစ်မြုပ်သွားပြီလို. ဆုံးဖြတ်ခဲ့ကြပါတယ် ။ တရုတ် ဂြိုဟ်တုကတွေ.တဲ့ ပုံရိပ်ကတော. ပင်လယ်ပြင်ထဲမျောပါနေတဲ့ ကွန်တိန်နာ အဟောင်းတစ်လုံးလို. သတင်းတစ်ရပ်က ဆိုပါတယ် ။
ရေဒါတွင် ပေါ်သည့် အမျိုးအမည်မသိလေယာဉ်ကို MH 370 ပျောက်ဆုံးပြီး ၆ မိနစ်အကြာ ဒေသစံတော် ချိန် မနက် ၁၂ နာရီ ၂၈ မိနစ် (မလေး ရှား စံတော်ချိန် မနက် ၁နာရီ ၂၈ မိနစ်) တွင် တောင်တရုတ် ပင်လယ်ပြင် အထက်၌ တွေ့ရှိခဲ့ရပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် မလက္ကာ
ရေလက်ကြားရှိရာ အနောက်တောင်ဖက်သို့ ဦးတည်နေကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn ကပြောတယ်ဆိုတဲ့သတင်း မတ်လ ၈ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် Kuda Huvadhoo ကျွန်းပေါ်မှ အသံ ဆူညံကျယ်လောင်စွာဖြင့် ဖြတ်ကျော်ပျံသန်းသွား လေယာဉ်၏ အရောင်မှာ အဖြူရောင်ဖြစ်ပြီး အနီရောင် အစင်းကြောင်းများပါဝင်နေသည်ဟု သိရသည့် အတွက် မလေးရှား လေကြောင်းလိုင်း လေယာဉ်များနှင့် တူညီနေ၊ “ကျနော်တို့ ရေယာဉ်ပျံတွေ မြင်ဖူးပါတယ် ဒါပေမယ့် ဒါက ရေယာဉ်ပျံ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော် လေယာဉ်ရဲ့ ပြတင်းပေါက်တွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ကျနော်တယောက် တည်း မဟုတ်ပါဘူး။ တခြား သူတွေလည်း ကျနော့်လိုပဲ တွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလောက် အသံအကျယ်ကြီး ကြားရသလဲဆိုတာ သိချင်လို့ တချို့လူတွေ အိမ်ထဲကထွက်ကြည့်ကြတယ် ၊ Kuda Huvadhoo ကျွန်း၏ အကြီးအကဲတဦး ဖြစ်သော Mohamed Zaheem က တခြား ဒေသခံများက လည်း တွေ့မြင်ခဲ့ရသည်ဟု ပြောကြကြောင်း Haveeru Daily သို့ပြောသည် ဆိုတဲ့ သတင်း ၊ လေယာဉ်ကို ရေဒါလွတ်အောင် ပေ ၅ ထောင် အောက် က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အဆက်အသွယ်
ဖြတ်တောက်ပြီး နောက်ထပ် ၆ နာရီကျော် ၇ နာရီလောက် ဆက်ပျံသန်းသွားခဲ့ ..အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကာဇစ္စတန်၊ ဥဘက်ကစ္စတန် ဒါမှမဟုတ် တာဂျစ်ကစ္စတန်တို့မှာ လေယာဉ်ရှိနိုင်..တာလီဘန်တွေအနေနဲ့ တနေ့နေ့ တချိန်ချိန် သူတို့ အလိုရှိတဲ့ အခါမှာ ၉/၁၁ တုန်းက နယူးယောက်မြို့က အမွှာညီနောင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးကို လေယာဉ်ကို ဗုံးကြီး တလုံးလို အသုံးချ တိုက်ခိုက်မှုမျိုး လုပ်လာနိုင်မှာကို အဓိက စိုးရိမ်  စတဲ့ သတင်းတွေ ရဲ.အဆုံးသတ်ကတော. ခုလိုထွက်ပေါ်လာခဲ့တာပါပဲ ။
ဗြိတိသျှ ဂြိုဟ်တုကုမ္ပဏီနှင့် မတော်တဆမှုလေ့လာစုံစမ်းရေးမှ ဂြိုဟ်တုအချက်အလက်များအပေါ် သုံးသပ်ချက်များပေါ်မူတည်ပြီး  မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ကြေညာလိုက်ခြင်းဖြစ်ပြီး ယင်းသုံးသပ်မှု လုပ်ပုံလုပ်နည်းကိုမူ ၎င်းကရှင်းပြသွားခြင်းမရှိခဲ့ပါဘူး ..။ဂြိုဟ်တုဓာတ်ပုံများကို နောက်ဆုံးလေ့လာ သုံးသပ်မှုအရ မလေးရှားလေကြောင်း လိုင်း လေယာဉ်ခရီးစဉ် MH370 ရဲ.နောက်ဆုံးတည်နေရာဟာ သြစတြေးလျအနောက် ဘက်ကမ်းရိုးတန်းမှ ဝေးလံသောရေပြင်တွင်ဖြစ်ပြီး လေယာဉ်ဆင်းသက်နိုငတဲ့နေရာနဲ.အလွန်အမင်းဝေးကွာနေကြောင်း မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက်က မတ် ၂၄ ရက်နှောင်းပိုင်းမြို့တော်ကွာလာလမ်ပူ သတင်းစာရှင်းလင်းပဲမှာ ပြောကြားခဲ့တာပါ ။ရရှိခဲ့သောအချက်အလက်သစ်အရ MH370 သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ ပျက်ကျခဲ့သည်ကို ၀မ်းနည်းစွာဖြင့် ထုတ်ပြန်လိုက်ရကြောင်း နာဂျစ်က ပြောကြားခဲ့ပါတယ်။   သြစတြေးလျအရာရှိများက အနောက်အိန္ဒိယသမုဒ္ဒရာတွင် မီးခိုးရောင် (သို့) အစိမ်းရောင်ခပ်ဝိုင်းဝိုင်း အရာဝတ္ထုနှင့် လိမ္မော်ရောင်လေးထောင့်ပုံရှိ ပစ္စည်းတို.ကိုတွေ.ရှိကြောင်း ပြောကြားခဲ့ပေမယ်. လက်ဝယ်ရရှိခြင်းတော. မရှိသေးပါဘူး ။
နောက်ဆုံးအကြိမ် လေယာဉ်နှင့် လေကြောင်းထိန်းသိမ်းသူများ အဆက်သွယ်ရခဲ့ချိန်မှာ ဗီယက်နမ်လေကြောင်းပိုင်နက်အတွင်းသို့ စတင်ဝင်ရောက်ချိန်ဖြစ်ပြီး အမြင့်ပေပေါင်း ၃၅၀၀၀ မှ ပျံသန်းနေခဲ့တာပါ ၊ အဲ့ဒီအချိန်မှာအနောက်ဘက်ကို ထောင့်ချိုးကွေ့ပြီး မာလက္ကာ ရေလက်ကြားဆီသို့ ဦးတည်ပျံသန်းသွားကြောင်း စစ်တပ်ရေဒါက ဖမ်းယူရရှိခဲ့ပြီး  ရေဒါမှ ပျောက်ကွယ်မသွားမီ လေယာဉ်ဟာ  ပေ ၁၂၀၀၀ အထိနှိမ့်ပြီး ပျံသန်းခဲ့တယ်လို. စုံစမ်းစစ်ဆေးရေးအဖွဲ့ နှင့် နီးစပ်တဲ့် သတင်းရပ်ကွက်က စီအင်န်အင်န်သို့ ပြောဆိုခဲ့ပါတယ်။
‘အရင်က နားမလည်နိုင်ခဲ့တာတွေက အခုဆက်စပ်နေတာ တွေ့ရပါတယ်။ လေယာဉ်က ရုတ်တရက်ပြန်ကွေ့ပြီး ပေသုံး သောင်းငါးထောင်ကနေ ပေတစ်သောင်းနှစ်ထောင်အနိမ့်မှာ ပျံသန်းတယ်ဆိုတာက လေယာဉ်ပေါ်မှာ ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်တယ်။ မီးလောင်တာ ပေါက်ကွဲတာဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် လေယာဉ်မှူးက ပေအနိမ့်ကနေပဲ လေယာဉ်ကွင်းတစ်ခုခုဆီကို ပြန်မောင်းပြီး အကူအညီရအောင် ပြန်လှည့်ဖို့ ကြိုးစားတာပါပဲ’’ လို. အမေရိကန် ကူးသန်းသွားလာရေးဝန်ကြီးဌာနမှ ယခင်စုံစမ်းရေးအရာရှိနှင့် လေကြောင်းသုံးသပ်သူ မေရီရှိအာဗိုကရှင်းပြခဲ့ပါတယ် ။
ဒါပေမယ်. အချို့လေ့လာသူများက နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအပေါ် ယုံကြည့်စိတ်ချနိုင်မှုရှိ၊ မရှိနှင့် ယင်းတို့၏ မှန်ကန်မှုအပေါ် သံသယရှိနေဆဲဖြစ်ပြီး ကောက်ချက်ဆွဲရန် မသင့်သေးလို.ဆိုကြပြန်ပါတယ် ။‘‘လေယာဉ်အပျက်အစီး တွေ့တယ်လို့ အတည်ပြုတာမရှိဘူးဆိုတော့ ဒီကိစ္စ အမှန်တကယ်မပြီးသေးဘူး’’ လို. လေယာဉ်ခရီးသည် ဖိလစ်ဝုဒ်ရဲ.လက်တွဲဖော်  မစ္စစ်ဘက်ခ်ျကဆိုပါတယ် ။လက်ရှိ ဒိထုတ်ပြန်ချက်ကို လေယာဉ်ခ၇ီးသည်ရဲ. ၃ ပုံ ၂ ပုံ လိုက်ပါသွားခဲ့ကြတဲ့ တရုတ်လူမျိုးတွေရဲ. မိသားစု အများကတော. လက်မခံနိုင်ကြသေးပါဘူး ။
လေယာဉ် အပျက်အစီးအပိုင်းအစများတွေကိုအိန္ဒိယသမုဒ္ဒရာအထိ ဖြန့်ကျက်ပြီး နိုင်ငံစုံမှ ပူးပေါင်းရှာဖွေမှု ဆက်လက်ပြုလုပ်မှာဖြစ်ပြီး  ကျန်ရှိနေသေးသော မေးခွန်းများကို အဖြေရှာနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မလေးရှားလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ် ။ လေယာဉ်ပေါ်ရှိ တစ်စုံတစ်ဦးက လေယာဉ်ကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းခဲ့သည်ဟု မလေးရှားက ယုံကြည်ခဲ့သော်လည်း ခိုင်လုံသော အထောက်အထားများ မပြသနိုင်ခဲ့ပါဘူး ။
အဖြူရောင် အစအနများနှင့်အတူ မျောပါနေသော ကြီးမားသည့်အရာဝတ္ထုကြီးနှစ်ခုကို တရုတ်လေယာဉ် အမှုထမ်းတစ်ဦးက မတ် ၂၄ ရက်အစောပိုင်းတွင် ရှာတွေ့ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ် ။ သံသယဖြစ်ဖွယ် အရာဝတ္ထုများကို အမေရိကန် ရှာဖွေရေးလေယာဉ်တစ်စင်းက ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ဘူးလို.ု သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (AMSA) က မတ် ၂၄ ရက်တမှာ ထုတ်ပြန်ခဲ့ပါတယ် ။
မရှေးမနှောင်းပင် သြစတြေးလျက အရာဝတ္ထုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ဆေးရန် သင်္ဘောတစ်စင်း စေလွှတ်ခဲ့ကာ နာရီပိုင်းအတွင်း
ရောက်ရှိမည်ဖြစ်ကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီး ဟီရှင်မူဟင်ဟူစိန်က ပြောကြားခဲ့ပါတယ် ။
လေယာဉ်ကုန်တင်ခန်း၌သုံးသည့် ပျဉ်ပြားတစ်ပြား၊ သိုင်းကြိုးများနှင့် အခြားအပျက်အစီးအစအနများကို သြစတြေးလျ လေယာဉ်တစ်စင်းက မတ် ၂၂ ရက်တွင် တွေ့ရှိခဲ့ပြီးနောက် ပြင်သစ်နှင့် တရုတ်ဂြိုဟ်တု အချက်အလက်များကလည်း သြစတြေးလျ အနောက်ဘက်ကမ်းလွန်တွင် မျောနေသော အရာဝတ္ထုများကို မရှေးမနှောင်းပင် တွေ့ရှိခတယ်လို.လည်း ဆင်ဟွာက ဖော်ပြခဲ့ပါတယ် ။ 
ပါ့သ်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ (၁၅၆၂ မိုင်) အကွာရှိ ရေပြင်မှ အရာဝတ္ထုများကို ကရိန်းတပ်ထားသော သြစတြေးလျရေတပ်သင်္ဘော HMAS Success က ဆယ်ယူမှာဖြစ်ပါတယ် ။
 အမေရိကန် အမှတ် (၇) ရေတပ်မတော်က မလေးရှား လေယာဉ်ပျက်
ကျတဲ့နေရာမှာ Black Box ကို ရှာဖွေဖို့ ကရိယာတပ်ဆင်ထားတဲ့ စစ်သင်္ဘောကို စေလွှတ်လိုက်ပြီလို.လည်း သိရပါတယ် ။  ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Modelဖြစ်တဲ့ အဲ့ဒီ Boeing 777-200 ဟာသမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်ပါတယ်…  အင်ဂျင် ၁ လုံးပျက်စီးခဲ့ရင်တောင် ကျန် အင်ဂျင် ၁လုံးနဲ. လေပေါ်မှာ၃ နာရီနေနိုင်တဲ့ာ ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ပါတယ် 
လတ်တလော အနေနဲ.ကတော. ရိုက်တာ သတင်းအရ တရုတ်နိုင်ငံ ဘေဂျင်းမြို့က မလေးရှား သံရုံးရှေ့မှာ ပျောက်ဆုံးလေယာဉ် MH370 ကြောင့် သေဆုံးသွားခဲ့ပြီလို့ ကြေငြာခံရတဲ့ ခရီးသွားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်
လူရာနဲ့ချီပြီး ဆန္ဒပြနေကြောင်းနဲ့ မလေးရှား သံရုံးကို ရဲတပ်ဖွဲ့ဝင်တွေက တန်းစီရပ်တန့်ပြီး ကာကွယ်ပေးနေရတယ်လို့ သိရပါတယ်။
သူတို့ အဓိက ပြောကြားခဲ့တာက “မလေးရှား အစိုးရ နဲ့ လေကြောင်းလိုင်းတို့က လိမ်လည် ခဲ့တယ် “ ဆိုတာပါပဲ… "Malaysian government has cheated us" ဆိုတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆန္ဒပြသူတွေကို သံရုံး အဆောက်အဦးနား မကပ်အောင် ထိန်းထားခဲ့ပါတယ်။
“ကျွန်တော်တို့ ၁၈ ရက်ကြာအောင် သီးခံစောင့်ဆိုင်းခဲ့တယ်။ ဒီနေ့အထိလည်း စောင့်တုန်းပဲ၊ ကျွန်တော်တို့ ဘယ်လောက်အထိ ဆက်စောင့်ရအုံးမှာလည်း” ဆိုပြီး Zhang ဆိုတဲ့ အမျိုးသမီးကြီးက ရိုက်တာ သတင်းဌါနကို ပြောပါတယ်။
အခြား သတင်းတစ်ရပ်မှာတော့ မလေးရှား လေကြောင်းလိုင်း စီအီးအိုက ဒီလို ကျန်ရစ်သူတွေရဲ့ မိသားစုဝင်တွေ ခံစားနေရတာမြင်ရတာဟာ သူ့အတွက် ရင်နာမဆုံးဖြစ်၇ကြောင်း ဒီလေယာဉ် MH370 နဲ့ ပါတ်သက်ပြီး သူ့မှာ တာဝန်အရှိဆုံးလို့ ယူဆတဲ့ အတွက် တာဝန်ကနေ မိမိဆန္ဒအလျောက် နုတ်ထွက်တော့မယ်လို့ သတင်းစာ ဆရာတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။…
ခုထွက်လာတဲ့ အဖြေကတော. အားလုံးတကယ်အဆုံးသတ်သွားမယ်. အဖြေ တစ်ခု ဟုတ် / မဟုတ် ကတော. 
Ref ; Irrawaddy , Eleven Media Group , 7 Day News , Zaw Lwin Win
ဆက်စပ်ဖတ်ရှုရန်များ ....