Friday, December 28, 2012

ကန်တော.ချိုး နှင်. ၂၉ ရက်နေ.အစီအစဉ်

ကန်တော့လွှာ


မြင့်မိုရ်တောင်ဦး၊မကကျူးမျှ၊
ကျေးဇူးကြီးလှ၊အနန္တဟ၊ု
ငါးဝနွယ်ဝင်၊မေတ္တာယှဉ်လျက်၊
ကြင်နာတတ်စွာ၊ကရုဏာနှင့်၊
လိမ္မာဖို့ရာ၊စေတနာနှင့်၊
သေချာကြပ်မတ်၊အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊
ဘေးရန်ဆီးကာ၊သင့်ရာပို့တတ်၊
ဆရာမြတ်တို့……………..
မအပ်မရာ၊သံသရာမှ၊
ခုကာလထိ၊လွဲသည့်မာန၊
မိုက်ဒေါသဖြင့်၊သုံးဝအပြစ်
ရှိခဲ့လစ်သော်၊အပြစ်တို့မှ၊
လွတ်ရပါကြောင်း၊ဦးညွတ်တောင်း၏။
တစ်ကြောင်းထို့ပြင်၊ဆရာရှင်၏၊
များပြင်မွှမ်းထုံ၊သီလဂုဏ်၊
သမာဓိဂုဏ်၊ပညာဂုဏ်ကို၊
အာရုံပြုကာ၊ကြည်ညိုပါသည်။
သဒ္ဓါလွှမ်းထက်၊ဆယ်ဖြာလက်ဖြင့်၊
အသက်ရှည်စွာ၊အနာမဲ့ရေး၊
ရန်ဘေးကင်းကြောင်း၊
ကောင်းမှုမင်္ဂလာ၊
ဖြစ်ပါစေလို၊တောင်းဆုဆိုလျက်၊
ရိုသေမြတ်နိုး၊လက်အုပ်မိုးကာ၊
ရှိခိုးပူဇော်၊ဖူးမြော်မာန်လျှော့၊
ကန်တော့ကြပါ၏။
(ဆရာသခင်ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးတို့ ခင်ဗျား/ရှင့်)
        အထက်ပါ ကန်တော.ချိုးမှာ ၃၀ ရက်နေ.၀ါးခယ်မ အ-ထ-က ၁ တွင် ပြုလုပ်မည်. ဆရာကန်တော.ပွဲ အတွက်အသုံးပြုမည်. ကန်တော.ချိုးဖြစ်ပါသည်


ဒီဇင်ဘာ ၂၉ ရက်နေ. ၀ါးခယ်မ ဆရာကန်တော.ပွဲသွားမည်. အစီအစဉ် အသေးစိပ် ဇယားကိုလည်း ဖော်ပြအပ်ပါသည်

မြို.လေးနဲ. စတုဒိသာ အလှုပွဲများ


အရပ်လေးမျက်နှာ မှ ရောက်လာသော အယုတ်..အလတ်..အမြတ် မခွဲခြားပဲ တန်းတူထား (အစားအသောက်..နေရာ..ဧည်.ခံပုံ အားလုံးတန်းတူ) ၍ လှုဒါန်းကြသော ပွဲများကို စတုဒိသာ ဟု မှတ်သားဖူးသည်


မြို.လေးတွင် ဟိုးးးးးးးးး ယခင်ကတော. စတုဒိသာပွဲများ များများပြားပြား ရှိ/မရှိ မသိသော်လည်း ယခုနောက်ပိုင်းတွင်တော. သိသိသာသာ များပြားလာပါသည်....မှတ်သားမိသလောက် လွန်ခဲ့သော ၅ နှစ် ဟိုဘက်ပိုင်းခန်. ဆေးရုံ ကမ်းနားဆိပ် တွင် ရှင်ဥပဂုတ္တ ဖောင်တော် ဆိုက်ကပ် ရာမှ အလှုအတန်း လုပ်ကြရင် ထိုဖောင်တော် ဆိုက်ရာ ဆိပ်..ရပ်ကွက် တို.လည်း ကျွေးမွေး လှုဒါန်းကြရာမှ စတုဒိသာ ပွဲများ ပြန်လည် စတင်လာသည်ဟု သတိပြုမိပါသည်


ယခုနောက်ပိုင်းတွင် လူငယ်များ ဦးစီးသော ပရဟိတ အဖွဲ..လေးများ ပေါ်ပေါက်လာပြိး ထို စတုဒိသာ အလှုပွဲများ ခပ်စိပ်စိပ် ကျင်းပလာသည်ကိုတွေ.ရပါသည်....နိုဝင်ဘာ လအတွင်းက ရှစ်မျက်နှာ ဘုရားအတွင်း နှင်. မြို.မလမ်း.....ဒီဇင်ဘာလတွင် ဆေးရုံလမ်းနှင်. အောင်ဇေယျလမ်း(သိရှိသလောက်ဖြစ်ပါသည်) စသဖြင်. ကျင်းပခဲ့ကြပါသည်...များသောအားဖြင်. ထမင်း..ကြက်..ပဲ စသည်တို.ကို အားပြု ကျွေးမွေးလေ.ရှိပြီး ကြာဇ့ကြော်ကလည်း စတုဒိသာ အလှုသမားတို.အတွက် လက်စွဲ တစ်ခုဖြစ်သည်.....


တစ်ခုသတိပြုမိသည်တော.ရှိသည်....ယခုသိရသလောက် စတုဒိသာ အလှု ၄ ပွဲတွင် ၃ပွဲက ဆေးရုံရပ်ကွက်ကို အခြေပြု ကျင်းပခဲ့ခြင်းဖြစ်သည်...တစ်ပွဲကုန်ကျစ၇ိတ်ကလည်း ၁၀ သိန်းခန်.ထိ ရှိတတ်ပါသည်..ထိုသို.ချက်ပြုတ်လှုဒါန်းမှုများအတွက်လည်း မေတ္တာကြေးဖြင်. ချက်ပြုတ်ကူညီကြသူများ ရှိသလို စေတနာ သက်သက်ဖြင်. ပံ.ပိုးပေးကြသူများလည်းရှိသည် .

ဥပမာ ဒီဇင်ဘာ ၂၃ ရက်နေ. ညနေက ဆေးရုံလမ်းတွင် ကျင်းပခဲ့သော ပဲထမင်း..ကြက်သား..အချဉ်သုပ်..ကြက်ချဉ်ပေါင်.ငံပြာရည်ကျော်တို.ဖြင်.လှုဒါန်းခဲ့သော အလှုတွင်..ဆန် ၇ တင်း နှင်.ပဲ ရောချက် ခြင်းဖြစ်ပြီး. အားလုံး ၉ တင်းခန်.ရှိကာ ကြက် ခုတ်ပြီးအချိန် ၁၂၀ ခန်. လှုဒါန်းကျွေးမွေးခဲ့ခြင်းဖြစ်သည်...... ....ကုန်ကျစ၇ိတ် ၁၀ သိန်းခန်. ရှိခဲ့ပါ သည်.... ချက်ပြုတ်ခြင်းများကို မြသိန်းတန်မှ ကိုလှဟန် တို.အဖွဲ က မေတ္တာသက်သက်ဖြင်. လာရောက်ကူညီခဲ့ ခြင်းဖြစ်သည်...


ယခုကဲ့သို. လူငယ်များက အလှုဒါန ကိစ္စများအား စိတ်ဝင်စားလာကြခြင်းသည် အထူးကောင်းမွန်သော အခြေအနေများပင်ဖြစ်ပါသည်...စေတနာ ထက်သန်သော မြို.လေး၏ ပြယုဂ် တို.လည်း ဖြစ်ပါသည်.....

ကျွန်မက နှင်းဆီပါမောင် နောက်ဆက်တွဲ...စာရေးဆရာမ တောင်းဆိုမှု ဒါရိုက်တာ လက်မခံ

 ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင် မှာ သက်မွန်မြင့် ကနမ်းရမယ့် ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ အဲဒီ ဇာတ်ဝင်ခန်း ကိုငြင်းဆန်မှု နဲ့ ပတ်သက်ပြီး “ကျွန်မက နှင်းဆီပါမောင်” ဝတ္ထုရေးသူ စာရေးဆရာမ ပုညခင် ကို ပရိသတ်တွေက ဝတ္ထုထဲက အကြာင်း ကို မေးမြန်း ခဲ့ကြကြောင်း သိရပါတယ်။
ပရိသတ်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားတဲ့ အနေနဲ့ စာရေးဆရာမ ပုညခင်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အခုလို “ကျွန်မကနှင်းဆီပါမောင်” နဲ့ ပတ်သက်ပြီး ကျွန်မဘက်က ပြောစရာလေး ရှိလာပါတယ်။ အခုတလော ဂျာနယ်စာမျက်နှာထက်မှာ ဒီဇာတ် ကားရိုက်ဖို့ သက်မွန်မြင့် က ငြင်းဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ပရိသတ် များက မေးမြန်းလာတဲ့ အတွက် ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ဒီဝတ္ထုက ကျွန်မရဲ့ အုပ်၁ဝဝပြည့် ဝတ္ထုပါ။ ၁၅. ၆.၂ဝ၁၁ နေ့က ရေးသား ပြီးစီးခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။ သက်မွန်မြင့်က ကျွန်မဝတ္ထုကို ဖတ်ပြီးသားပါ။ သူငြင်းတာက ကျွန်မဝတ္ထု ထဲက အခန်းတွေ ကိုမဟုတ်ပါဘူး။
ဒါရိုက် တာဖြည့်စွက် ထားတဲ့ အခန်းတွေ ကို ငြင်းတာပါ။ ဖြည့်စွက်ထားတဲ့ အခန်းတွေကို ကျွန် မသိရချိန်မှာ ဒီအခန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့ အခန်းတွေ လို့ ယူဆတဲ့ အတွက် ပြန် ဖြုတ်ပေးဖို့ ဒါရိုက်တာကို တောင်းဆို ခဲ့ပေမယ့် ဒါရိုက်တာက လက်မခံခဲ့ ပါဘူး။ အတိအကျ သိချင်လို့ ဒါရိုက်တာ ဆီက ဇာတ်ညွှန်းတောင်းပြီး ဖတ်ပါတယ်။ ဒါရိုက်တာကသူ Sexy ဖြစ်အောင် ရိုက်မှာမဟုတ်ဘူး လို့ ဆိုခဲ့ပေမယ့် ကျွန်မ သေသေချာချာ အထပ်ထပ် ဖတ်ပြီးတဲ့ အချိန်မှာ တချို့ အခန်း တွေဟာ ဘယ်လိုပဲ ရိုက်ရိုက် ဒီအဓိပ္ပာယ် ပဲ သက်ရောက်နိုင်တယ် လို့ မြင်လာပါတယ်။ ကျွန်မဖန်တီးခဲ့တဲ့ ထားသခင်ဟာ ဒီလိုစရိုက်မျိုး မဟုတ်ပါဘူး။ ဒီလိုအခန်းတွေ ထည့် လိုက်တဲ့ အတွက် ထားသခင်ရဲ့ စရိုက်ကို ပြောင်းလဲ သွားစေနိုင်ပါတယ်။ ကျွန်မ ဒါမျိုး ရေးတတ် တဲ့စာရေး ဆရာမ မဟုတ်ဘူး ဆိုတာ ကျွန် မရဲ့ ပရိသတ် တွေ အသိဆုံးပါ။ ကျွန်မ ဝတ္ထုရေးတဲ့ အခါ ကျွန်မ မိဘ၊ မောင်၊ ညီမကိုပေး မဖတ်ရဲတဲ့ ဝတ္ထုမျိုး မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်နဲ့ ရေးပါတယ်။
ဒါရိုက်တာ မှာလည်းသူ့ ပညာနဲ့သူ ရှိ ပါလိမ့်မယ်။ ဒါရိုက်တာရဲ့ အပိုင်းကိုတော့ ကျွန်မ ဘာမှမဝေဖန်လိုပါဘူး ။သူဘယ်လို ရိုက်မယ် ဆိုတာ အတိအကျ ကြိုမသိနိုင်တဲ့ အတွက် ဘာကိုမှ ကြိုပြီး မဝေဖန် ချင်ပါဘူး။ ကျွန်မနဲ့ ပတ်သက်တာကိုပဲ ကျွန်မပြောတာပါ။ ကျွန်မ ဝတ္ထုနဲ့ အကယ်ဒမီ ရခဲ့တဲ့ မင်းသမီးလေး ဒီဇာတ်ကားကို ရိုက်ခွင့် မကြုံတော့တဲ့ အတွက်တော့ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒါရိုက်တာ ဖြုတ်မပေးနိုင်တာလည်း သူ့ခံယူချက် နဲ့သူ ၊မင်းသမီးက ငြင်းတာ လည်း သူ့ခံယူချက်နဲ့သူ။ ကျွန်မ လက်မခံနိုင်တာ ဟာလည်း ကျွန်မခံယူချက် နဲ့ကျွန်မ။ ဘယ်သူမဆို လွတ်လပ်စွာကွဲလွဲနိုင် တာပဲမဟုတ်ပါလား ရှင်” လို့ပြောပါတယ်။ 


ဆက်စပ်ဖတ်ရှုနိုင်ရန် 

မြန်မာကားတွေ ကွဲထွက်အောင် ဒီလိုရိုက်မယ်တဲ့ - ဒါရိုက်တာဝိုင်း - သက်မွန်မြင်. - ဖွေးဖွေး နဲ. ကျွန်မက နှင်းဆီပါမောင် 


Post from yoyarlay.com

ကမ္ဘာ. ပထမဆုံး ဂျစ်ကား

ကမ္ဘာ့ပထမဆုံး ဂျစ်ကားကို ၁၉၄၁ခုနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ တီထွင်ထုတ်လုပ်သူ ကုမ္မဏီကတော့ အမေရိကန်အခြေဆိုက် Willys ကားထုတ်လုပ်ရေး ကုမ္မဏီဖြစ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် လေကားထစ်များပေါ် မောင်းနှင်ပြသခဲ့ပါတယ်။
အမေရိကန်စစ်သားများရှေ့မှာပွဲထုတ်ပြသတဲ့ ယင်းကားကို Jeep လို့အမည်မပေးသေးပါဘူး။ စစ်တပ်သုံးရန်ရည်ရွယ်တဲ့ ယင်းကားများကို အမေရိကန်စစ်သားများက သူတို့သုံးနှုန်းလေ့ရှိတဲ့ စကားလုံး Jeep လို့ အမည်ပေးခေါ်ဝေါ်ခဲ့ပါတယ်။ ရှေးယခင်က အမေရိကန်စစ်တပ်မှာ Jeep ဆိုတဲ့အသုံးအနှုန်းဟာ အသုံးမပြု၊ မစမ်းသပ်ရသေးသော ယာဉ်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် Willys ကုမ္မဏီဟာ သူတို့ထုတ်တဲ့ ကားလေးကို ဂျစ်ကား (Jeep) လို့ခေါ်တာမကြိုက်ပါ ဘူး။
သို့ပေမယ့် ၁၉၄၁ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထွက် သတင်းစာတွေ မှာ လေကားပေါ်မောင်းနှင်ပြသ သွားတဲ့ ကားကို Jeep လို့သုံးနှုန်းဖော် ညွန်းပြခဲ့ပါတယ်။ ဒါကြောင့် ကားရဲ့နာမည်ကို Willys မှပေးစရာမလိုပဲ သူ့အလိုလို ဂျစ်ကားကို လူသိများသွားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်တို့ အသံုးပြုဖို့အတွက် ဂျစ်ကားများကို Willys ကုမ္မဏီ တစ်ခုတည်းက ထုတ်လုပ်ခြင်း မဟုတ်ပဲ Ford Motor နဲ့ပူးပေါင်းရပါသေး တယ်။ Willys နဲ့ Ford နဲ့ပူးပေါင်းထုတ်လုပ် တဲ့ Willys MB/Ford GPW ဟာဆိုရင် အောင်မြင်ကျော်ကြားခဲ့ပြီး အစီးရေ ခြောက်သိန်းခွဲနီးပါး ထုတ်လုပ်နိုင်ခဲ့ပါတယ်။
၃.၁လီတာ ဆလင်ဒါခြောက်လုံးတန်းလိုက်တွဲ အင်ဂျင် အမျိုး အစားဖြစ်ပြီး မြင်းကောင်ရေအား ၆၀ ရှိပါတယ်။ ဂီယာ သုံးချက်ထိုးဖြစ်ပြီး Manual အမျိုးအစား ကိုအသုံးပြုထားတဲ့ ယင်း ဂျစ်ကားများကို လူကြိုက် များခဲ့ပါတယ်။

Ford မှထုတ်လုပ်ထားတဲ့ Ford ၁/၂ တန် ထရတ်ကားများကိုလည်း ဂျစ်ကားများရဲ့ ဖခင် (Grandfather of the Jeep) လို့ခေါ်ဆိုသတ်မှတ်သူများ လည်းရှိပါသေးတယ်။စစ်ပြီးခေတ်မှာတော့ စစ်တပ်တစ်ခုတည်း မဟုတ်ပဲ အိမ်သုံးဂျစ်များထုတ်လုပ်ရန် ကုမ္မဏီများ ပေါ်ပေါက်လာပါတယ်။

Ref:Willys
Post from yoyarlay

Thursday, December 27, 2012

မြတ်သောဆရာ...သူလိုဆရာ @ ဒေါ်မာဂရက်

ဝါးခယ်မ အနောက်ပိုင်း ကျောင်းကြီးဆရာကန်တော.ပွဲ ကျင်းပရန် ၃ ရက်ခန်.သာ လိုတော.သည်မို. ကျောင်းနှင်.ပတ်သက်သော ..ဆရာ/ဆရာမများနှင်.ပတ်သက်သော Post များရှာဖွေရွေးတင်ပေးခြင်းဖြစ်ပါသည် 


ဆရာမဒေါ်မာဂရက် ဆိုရင်ကျမတို့မြို့လေးက လူတိုင်းသိကြပါတယ်။အလွန်ရိုးသားတဲ့ Baptist ဘာသာဝင် ကရင်လူမျိုး အပျိုကြီးပါ။အရပ်မြင့်မြင့် ၊တစ်ခေါင်းလုံးဖြူနေတဲ့ဆံပင်တွေကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့၊အမြဲတမ်း အ၀တ်အစားလည်း သန့်သန့်ပြန့်ပြန့်နဲ့ ရုပ်ချောတဲ့ ဆရာမဖြစ်ပါတယ်။
(ဒီလောက်ရုပ်ချော သဘောကောင်းတဲ့ ဆရာမ ဘာလို့ အပျိုကြီး ဖြစ်နေလဲဆိုတာ ငယ်ငယ်တုံးက သဘောမပေါက်ခဲ့ပါဘူး။)
စာသင်တာလည်း အလွန်ကောင်း၊စိတ်လည်းရှည်၊ကျောင်းသားတွေကိုလည်းချစ် ၊ကျောင်းသားတိုင်းကလည်း ချစ်တဲ့ ဆရာမပါ။
ဆရာမသက်တမ်းအလွန်ရှည်တော့ တစ်မြို့လုံး ဆရာမတပည့်တွေချည်းပါပဲ။အားလုံးကိုလည်း နာမည်နဲ့ တကွမှတ်မိသူဖြစ်ပါတယ်။
သတ္တမတန်း “A” ခန်းရဲ့ အတန်းပိုင်ဆရာမအဖြစ်နဲ့ အင်္ဂလိပ်စာ သင်ကြားခြင်းမှာ တစ်သက်တာလုံး မြှုပ်နှံသွားသူပါ။
ကျမတို့ခေတ်က ၅တန်းရောက်မှ အင်္ဂလိပ်စာ စသင်ရပါတယ်။ ကျူရှင်တွေလည်း မတက်ချင်တဲ့ ကျမ ၅ တန်းအတက်မှာ အင်္ဂလိပ်စာ အခက်အခဲနဲ့ စတွေ့တော့တာပါဘဲ။
၎ တန်းအောင်ပြီး နွေရာသီ ကျောင်းပိတ်တုံးမှာ ကျူရှင်ယူထားကြတဲ့ သူငယ်ချင်းတွေက “This is a book” တို့ “Please sit down” တို့ ဆိုတာတွေကို
၅ တန်း အင်္ဂလိပ်စာ ဆရာမ ဒေါ်မူမူ သင်သလို သွက်သွက်လက်လက် ဆိုနိုင်နေကြပေမယ့် ကျမမှာ ခွေးအကြီး လှည်းနင်းတာမှ ဂိန်ဂိန်အသံထွက်သေး။
ခုတော့ လှည်းကျိုးကြီးကို ခွေးအနင်းသလို အသံတောင် မထွက်တတ်တော့ပါဘူး။
အဲဒီ ၅ တန်းနဲ့ ၆ တန်း ၂နှစ်မှာ အင်္ဂလိပ်စာကို ရေးနိုင် နားလည်နိုင် ဖတ်နိုင်ပေမယ့် ပြောထွက်ဖို့ဆိုတာတော့ တော်တော်ဝန်လေးခဲ့ရပါတယ်။
ကျမတော်တော်လည်း ကြိုးစားခဲ့ရပြီး အခြားဘာသာတွေမှာ အမှတ်ကောင်းလို့သာ ၆ တန်းမှာ တတိယလောက် ချိတ်နိုင်ခဲ့ပါတယ်။
၇ တန်းနှစ်စမှာတော့ အတန်းပိုင်ဆရာမ ဒေါ်မာဂရက် နဲ့ ဆုံစည်းခွင့်ရခဲ့ပါတယ်။ ဆရာမရဲ့ အသံ ချိုချိုအေးအေးလေးရယ်။ စေတနာပါတဲ့ စကားချိုချိုတွေရယ် ၊
ကျောင်းသင်ခန်းစာ သာမက ပြင်ပက အင်္ဂလိပ် စာ ဗဟုသုတလေးတွေရယ်ပါ ညှပ်ပြီးသင်ပေးတဲ့အတွက် အင်္ဂလိပ်စာကို မကြောက်တော့ဘဲ ချစ်လာပါတယ်။
စာကိုလဲချစ် ၊ ဆရာမကိုလည်း ချစ်ပေါ့။ ဆရာမကို ချစ်လို့လည်း သူ့စာကိုပိုကြိုးစားချင်လာတာပါပါတယ်။
ဆရာမက ကျမတို့ကို အင်္ဂလိပ်ကဗျာလေးတွေ ရွတ်ပြတယ်။ ပုံပြင်လေးတွေ ဖတ်ပြပါတယ်။
အင်္ဂလိပ်လို ပုံပြင်လေးတွေပြောပြတဲ့အခါ ဆရာမကို ငေးကြည့်ပြီး သူ့လို သိပ်ပြောတတ်ချင်တာပါပဲ။
ကျမမှတ်မိသလောက် ဆရာမဟာ ရှေးခေတ် ၇ တန်းပဲ အောင်ပါတယ်။ ဒါပေမယ့် သူ့အင်္ဂလိပ်အသံထွက် Pronuncication အလွန်ကောင်းပါတယ်။
သူသင်ပေးခဲ့တဲ့အတွက်လည်း ကျမတို့တောမှာ ကြီးပြင်းရလို့ ငါးပိသံပါပေမယ့် အသံထွက် ဆိုးဆိုးဝါးဝါးတွေ (Purpose ကို ပါးပို့စ် ဆိုတာမျိုးပေါ့) မထွက်မိတော့ပါဘူး။
ကြုံတုံးစာသင်နည်းစနစ်အကြောင်း ပြောရရင် ဆရာမဒေါ်မာဂရက်ရဲ့ သင်နည်းအပြင် ၈ တန်း အင်္ဂလိပ်စာသင်တဲ့ ဆရာမဒေါ်တင့်တင့်ဆိုရင်လည်း
အတန်းထဲမှာ ယောကျာ်းလေး ၊ မိန်းကလေးခွဲပြီး Vocabulary Competition ခေါ်တဲ့ ဝေါဟာရ ဘယ်လောက်ကြွယ်တယ်ဆိုတာ ပြိုင်ခိုင်းပါတယ်။
ဥပမာ Timetable ဆိုတဲ့ စာလုံးရေးပြပြီးရင် ဒီထဲက Word ဘယ် ၂ လုံးပြန်ထွက်မလဲ ဆိုတာမျိုးပေါ့။
Time, Table, Eat, Ate, Mat, Able…..etc များများစဉ်းစားနိုင်တဲ့ အဖွဲ့ကနိုင်ပါတယ်။
အဲဒီလို စာသင်လို့လဲ ကျမတို့ သူငယ်ချင်းတွေ အားလုံး အင်္ဂလိပ်စာသိပ်မညံ့တဲ့ စာရင်းဝင်ကြပါတယ်။
ဆရာမဒေါ်မာဂရက်ကို ဘယ်လောက် ချစ်ခင်ရင်းနှီးကြသလဲဆိုရင် နောက်အတန်းတွေ တက်သွား တာတောင်မှ နွေရာသီစာမေးပွဲနောက်ဆုံးနေ့ ဖြေပြီးရင် 
ဆရာမတို့အိမ်မှာ ပေါက်တဲ့အရွက်တစ်မျိုး (ချေလိုက်ပြီး သူရဲ့အရည် ကို ခွက်ကလေးထဲထည့်ရင် ကျောက်ကျောလို ခဲသွားလို့ ကျောက်ကျောရွက်လို့ ကျမတို့က ခေါ်ပါတယ်။)
အဲဒီ အရွက်တွေသွားခူးပြီး ဆရာမအိမ်မှာဆော့တတ်ကြပါတယ်။
ကျမတို့ တက္ကသိုလ်တက်ချိန်မှာ ဆရာမ သက်ပြည့်ပင်စင်ယူလိုက်ပါတယ်။ ကျမကျောင်းပြီးလို့ မြို့ကိုပြန်ရောက်ချိန်မှာတော့ ဆရာမဟာ သူ့အိမ်မှာ ကလေးငယ်လေးတွေ ကျူရှင်သင်ပေးနေတာ တွေ့ရ ပါတယ်။
ဒါပေမယ့် ယိုယွင်းလာတဲ့ ပညာရေးစနစ်အောက်မှာ အတန်းပိုင်ဆရာမဆီမှာတက်မှ အမှတ်ရတဲ့ ခေတ်ကြီးကို မလွန်ဆန်နိုင်တော့ ဆရာမ ကျူရှင်မှာ ကျောင်းသားတဖြည်းဖြည်း လျော့လာပါတယ်။
ဆရာမဟာ အပျိုကြီးဆိုပေမယ့် သူ့မှာညီမဖြစ်သူ ဆရာမဒေါ်မူမူရဲ့ သားသမီးတွေအတွက် ကူညီတာဝန်ထမ်းရရှာပါတယ်။
အဲဒီတော့ ရတဲ့ပင်စင်လစာလေးနဲ့ မလောက်ငတော့ပါဘူး။ ဖြစ်ချင်တော့ ၀န်ထမ်းတွေလစာတိုးချိန်မှာလည်း သူတို့ပင်စင်လစာတွေက မတိုးတော့ ပိုခက်ခဲနေပါတယ်။
ဆရာမရဲ့ တပည့်ဟောင်းတစ်ချို့က သူတို့သားသမီးတွေ အင်္ဂလိပ်စာ ပိုတော်အောင် အပိုခေါ်သင် ရင်း ဆရာမတို့ကို ထောက်ပံ့ကြပါတယ်။
တစ်ရက်တော့ ဆရာမ ကျမဆီရောက်လာပါတယ်။ လက်ထဲမှာ ပါလာတဲ့ အထုပ်ကလေးကို ဖြည်ပြတော့ ကျောက်နီလက်စွပ်လေးတစ်ကွင်းပါ။ အဲဒါလေးယူပြီး ဆရာမကို ပိုက်ဆံချေးပါတ၊ဲ့ အတိုးလဲ ယူပါတဲ့။
ကျမ တော်တော်စိတ်မကောင်း ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီအချိန် အလုပ်မှာ ကျမက ဦးစီးသူ မဟုတ်တော့ ဆရာမကို ရော့ယူသွားလို့ မပေးလိုက်နိုင်ပါဘူး။
ဆရာမရဲ့ လက်စွပ်လေးကိုယူထားပြီး သူလိုသလောက် ပိုက်ဆံချေးပေးလိုက် ရပါတယ်။ လမကြာခင် ဆရာမအဆင်ပြေ ငွေပေါ်သွားလို့ ပြန်လာရွေးတော့မှ အတိုးမယူ ပြန်ပေးလိုက် ရပါတယ်။
ဆရာမကိုလည်း ပွဲရုံကရောင်းတဲ့ ဆီ ၊ ပဲ ၊ ငရုတ် စတဲ့ ဆရာမစားလို့ ရတာတွေကို လာတိုင်း ကန်တော့တဲ့အနေနဲ့ ပေးလိုက်ပါတယ်။
ဆရာမလည်း သိပ်အဆင်မပြေတဲ့အခါတွေမှာသာ ဘုရာ်းကျောင်းက အပြန်လာလာတွေ့ရှာပါတယ်။ ဆရာမကို မြင်ရင် ဆရာမစားလို့ရမှာလေးတွေ ကြုံတိုင်းပေးရုံလောက်ဘဲ ကူညီခဲ့ရပါတယ်။
ကျမ ရန်ကုန်ပြောင်းလာပြီးနောက်ပိုင်း မြို့ကိုပြန်ရင် ဆရာမကို သွားကန်တော့ဖြစ်တဲ့အခါလည်းရှိ သိပ်အလုပ်ကျပ်ရင်တော့ မကန်တော့ဖြစ်ပါဘူး။
မနှစ်ကတော့ သူငယ်ချင်းဆွေဆွေသင်းက ပြောလာပါတယ်။ “ဆရာမဒေါ်မာဂရက်နေမကောင်းဘူး နော် အိပ်ရာထဲ လဲနေပြီတဲ့” ၊
သူတောင် Shine Hope Co ကို လျှောက်လွှာတင်ပေးပြီး ထောက်ပံ့ငွေ တောင်းပေး လိုက်သေးတယ်လို့ သတင်းပေးလာပါတယ်။
အဲဒီနှစ်မြို့ကို အပြန်မှာတော့ ဆရာမဆီသွားဖြစ်အောင် သွားရပါတယ်။ ကျမနဲ့အတူ ဆရာမကို ဆေးအမြဲကုပေးနေတဲ့ အကိုဆရာဝန် ၂ ယောက်သား ဆရာမအိမ်ရောက်သွားတော့
ဆရာမကို အိပ်ရာပေါ်မှာ ပက်လက်လေးတွေ့ရပါတယ်။ အသက် ၉၀ ကျော်ပြီဖြစ်တဲ့ ဆရာမဟာ လူကြီးနာခေါ်တဲ့ တဖြည်းဖြည်း အားအင်ဆုတ်ယုတ် ၊ မှတ်ဉာဏ်ချို့ယွင်းလာတာပါဘဲ။
ဆရာမဒေါ်မူမူက ဒေါက်တာတို့လေ မှတ်မိလားဆိုတော့ ပြုံးပြီးခေါင်းခါပါတယ်။ သူဘယ်သူကိုမှ မမှတ်မိတော့ပါဘူး။ ထမင်းစားပြီးမှန်း မပြီးမှန်းလည်းမသိတော့ပါဘူး။
အိပ်ရာပေါ်လဲနေပေမယ့် ဆရာမမျက်နှာလေးကတော့ ကြည်ကြည်လင်လင်လေးပါဘဲ။ ဆရာမ ပါးစပ်က ပြုံးပြီး လှုပ်လှုပ်လှုပ်လှုပ် ရွတ်နေလို့ ဘာလဲလို့ ကပ်နားထောင်ကြည့်လိုက်တော့ “Always” ပါတဲ့။
အော် မှတ်ဉာဏ်ချို့ယွင်းနေတာတောင် စာသင်နေတုံးပါလား ဆရာမရယ်။
ဆရာမ ၂ ယောက်လုံးကို ပါသွားတဲ့ငွေနဲ့ စားစရာလေးတွေကို အနားချပေးပြီး ကျမတို့ မောင်နှမ ၂ယောက် ကန်တော့ခဲ့တာ ဆရာမဒေါ်မာဂရက်ကို နောက်ဆုံးကန်တော့ခဲ့ခြင်းပါဘဲ။
နောင်ဘယ်တော့မှ ကန်တော့ခွင့်မရနိုင်တော့ပါဘူး။ အခုဆို ဆရာမဆုံးပါးသွားတာ တစ်နှစ်ကျော်ပါပြီ။
ဆရာမသင်ပေးခဲ့တဲ့ အင်္ဂလိပ်စာနဲ့ ကျမ ကမ္ဘာလောကကြီးကို လေ့လာနေရဆဲပါ။
ဆရာမရဲ့ကျေးဇူးကိုလည်း ထိထိရောက်ရောက် မဆပ်နိုင်ခဲ့ပါဘူး။
သက်ရှိထင်ရှားကျန်နေသေးတဲ့ ကျေးဇူးရှင် ဆရာ ဆရာမတွေကိုတော့ မကြာခင်ကျင်းပမယ့် ဆရာကန်တော့ပွဲမှာ ကန်တော့ခွင့်ထပ်ရပါအုံးမယ်။
အားလုံးပဲ ကိုယ်တတ်စွမ်းသ၍ပမာဏနဲ့ ကိုယ့်ကျေးဇူးရှင်ဆရာ ဆရာမများကို သူတို့အသက်ထင်ရှားရှိကြစဉ်မှာ လက်အုပ်ချီကန်တော့ကြပါစို့။

 Written by Padonmar @ http://mandalaygazette.com

ဖျတ်ကနဲ လှည်.ကြည်.မိသော ဧရာဝတီနှင်. လာတော.မည်. Charity

-->
 For The League , For The Nation ဟူသောဆောင်ပုဒ်ဖြင်. Myanmar National League များစတင်တည်ထောင်ချိန်ကပင် ဧရာဝတီတိုင်း ကိုယ်စားပြု Delta အသင်းသည် မူလအဆိုပြုတာဝန် ပေးအပ်ခံ ရသော  ဧဒင်စီင်္းပွားရေး လုပ်ငန်းစု ၏ အကြီးအမှုး ဦချစ်ခိုင်၏ ကျန်းမာရေးအကြောင်းပြ ငြင်းပယ်မှုဖြင် စခဲ့ရသော အသင်းဖြစ်သည်…ထိုစဉ်က အသင်းကို တာဝန်ယူနိုင်မည်သူ မရှိသောအခါ ဧရာဟင်္သာ  Company ကတာဝန်ယူပေးခဲ့သည်..သို.သော် အခက်အခဲတို.ရှိလာသဖြင်.ဧရာဝတီတိုင်းသား. မြန်မာနိုင်ငံဘောလုံးအဖွဲ.ချုပ် ဥက္ကဋ္ဌ  . ၏ အသက်ဆက်မှုဖြင်. ရှင်သန်ခဲ့ရခြင်းဖြစ်သည်

သို.သော် ရတနာပုံ အိမ်ကွင်းသို. သွားရောက်ကစားရင်း ကွင်းအတွင်းဖြစ်လေ.ရှိသည်. ဒိုင်တစ်ဥိး၏ အမှားအယွင်းသည် ရည်ရွယ်ချက်အမျိုးမျိုးဖြင်. ပုံကြီးချဲ့ခံရသောအခါ နောက်ဆုံးအသင်းသည် တတိယမြောက် ပိုင်ရှင်ဖြစ်သော Premier လုပ်ငန်းစု လက်ဝယ်ရောက်ရှိရပြန်သည်…ရတနာပုံပွဲဂယက်ကြောင်.  ပိုင်ရှင်ပြောင်းခဲ့ရသည်. အသင်း၏ ပိုင်ရှင်လက်သစ်သည် မန္တလေးသားဖြစ်နေသောအခါ…………………………ထိုသို.ဖြင်. ၄ နှစ်ကျော် ကာလအတွင်းတွင် Delta United FC အမည်ဖြင်. စတင်ဖွဲ.စည်းခဲ့သော အသင်းသည် စတုတ္ထမြောက် ပိုင်ရှင်တို. လက်ဝယ်သို.ရောက်ရှိပြီး အသင်းမှာလည်း Ayeyawady United FC ဖြစ်လာခဲ့သည်…MNL အသင်းများတွင် ပိုင်ရှင်ပြောင်းလဲမှု အများဆုံး စံချိန်လည်း တင်နိုင်ခဲ့သည်….

လက်ရှိပိုင်ရှင်များမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ ပူးပေါင်းတာဝန်ယူထားခြင်းဖြစ်ပြီး အသင်း ဥက္ကဋ္ဌ အဖြစ် ဦးရန်ဝင်း ကဆောင်ရွက်လျှက် ရှိသည်…. Pro ခောတ်အစ ကာလက ခနော်နီခနော်နဲ. ရုန်ကန်နေခဲ့ရသော အသင်းသည် ထို၂၀၀၉MNL Cup ပြိုင်ပွဲများအပြီး များစွာသော ပြုပြင်ပြောင်းလဲမှုတို.က အောင်မြင်မှု လမ်းကြောင်းပေါ်သို. အသင်းကို ရောက်ရှိစေခဲ့သည်….ထိုအသီးအပွင်.ကား မြန်ဆန်လွန်းလှသည်..၂၀၀၉ တွင်ပင် ဆက်လက်ကျင်းပသော MNL အမှတ်ပေး ပွဲတွင် ဒုတိယ နေရာရရှိခဲ့သည်….၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် ရရှိရန်ခက်ခဲသော..(ယခုတိုင်အခြားမည်သည်. အသင်းမှ မရရှိသေးသော) ရှုံးပွဲမရှိ စံချိန် တင်နိုင်ခဲ့ပြီး ဒုတိယ နေရာကို ထပ်မံရယူနိုင်ခဲ့ပြန်သည်….၂၀၁၂ ရာသီအကြို ကွန်မြူနတီ ဖလားပြိုင်ပွဲတွင် အင်အားကြီး ရန်ကုန် အသင်းကို ပင်နတီဖြင်. အနိုင်ယူနိုင်ခဲ့သည်.အပြင် ၂၀၁၂ MFF ရှုံးထွက်ဖလား တွင်လည်း ကမ္ဘောဇ အသင်းကို အနိုင်ရရှိပြီး ကွင်းပိတ်ဖလားကိုလည်း ရယူနိုင်ခဲ့ပြန်သည်….ထို.အပြင် ထိုကွင်းပိတ် ဖလားပြိုင်ပွဲတွင် ကွာတား..ဆီမီးတို.၌ ပင်နတီဖြင်. အနိုင်ရရှိ ခဲ့ခြင်းက ထူးခြားမှုတစ်ခုဖြစ်ပြီး ထိုစဉ်က အသင်းခေါင်းဆောင် မြန်မာ.လက်ရွေးစင် ဂိုးသမား သီဟ စည်သူ၏ လက်စွမ်းပြကာကွယ်မှု…ကိုယ်တိုင်ပါဝင်ဂိုးကန်သွင်းခဲ့မှုများကလည်း အရေးပါခဲ့သည်…

အသင်းအနေဖြင်. လာမည်.ရာသီတွင် ပြည်တွင်းပြိုင်ပွဲ ၂ ခုအပြင် AFC Cup ပြိုင်ပွဲကိုလည်း ရန်ကုန်နှင်.အတူ ၂ နှစ်ဆက်တိုက် ယှဉ်ပြိုင်ခွင်. ရထားသည်..ယခုရာသီ ပထမ နှစ်ဝက် ပွဲစဉ် ဇယားကိုလည်း ဖော်ပြထားပါသည်…….ထို.အပြင် Ayeyawady United FC ၀င်ရောက်ယှဉ်ပြိုင်ရမည်. AFC Cup ပွဲဇဉ် ဇယားကိုလည်း ဖော်ပြထားပါသည်…….

ယခုလာမည်. ၃၀ ရက်နေ.ညနေ၄ နာရိ တွင် အောင်ဆန်း အားကစား ပြိုင်ကွင်းတွင် Ayeyawady United FC နှင်. Yangon United FC တို.၏ ရာသီကြို Charity Cup ပြိုင်ပွဲကြီးကို ကျင်းပတော.မည်ဖြစ်သည်..အထူးတန်း ၁၀၀၀ ရိုးရိုးတန်း ၅၀၀ ဖြစ်ပြိး ရရှိသော ကွင်းဝင်ကြေးအားလုံးကို လူမှုရေးအဖွဲ.အစည်းများသို. လှုဒါန်းမည်ဖြစ်သည်…ယမန် နှစ်ကလည်း ထိုCommunity Cup ပြိုင်ပွဲကွင်းဝင်ကြေးရရှိငွေ သိန်း ၄၀ နှင်. MNL League ၁၄သင်းမှ သိန်း၃၀ စီ.MRTV4 မှ သိန်း၄၀ စုစုပေါင်းသိန်း ၅၀၀ ကို မင်္ဂလာတောင်ညွန်. မီးဘေးအတွက် လှုဒါန်းခဲ့ပါသည်။

 အလှုဒါနပါ တစ်ခါတည်းပြုနိုင်သော ရာသီကြို ဖလားကာကွယ်ပွဲသို. အရောက်လာပြီး မိမိတို.ဒေသ ကိုယ်စားပြု အသင်း၏ အောင်ပွဲအတွက် တတ်နိုင်သည်.ဘက်က ၀ိုင်းကူ အားပေးကြ၇န်ဖိတ်ခေါ်ပါသည်...အောင်ဆန်းကွင်းဖြစ်သဖြင်. သွားရေးလာရေး မခက်သလို ရာသီမစမှီ လာဘ်ဖွင်.ကောင်း၇န်အတွက် လိုအပ်သော ခွန်အားများ ဖြည်.ဆည်းပေးနိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်

အချက်အလက်အချို.ကို မြန်မာ.အလင်း ၂၀၁၃ MNL မိတ်ဆက်မှ ရယူသုံးစွဲပြီး ဓါတ်ပုံများကို AUFC Page, AUFC Fan Page တို.မှရယူသုံးစွဲပါသည်....

စက်ဆုပ်ဖွယ်ကောင်းသော သတင်းတစ်ပုဒ်


လောကတွင်အမိုက်မှောင်ဆုံးသော အမှောင်ကား တဏှာရာဂ အမှောင်ဟု ဗုဒ္ဓတရားတော်က ပြဆိုတော်မူခဲ့သည် ...ကာမေသုမိစ္ဆာ ကံ ကို ကျုးလွန်မိသူတို.သည် သေသည်၏အခြားမဲ့ သို.ရောက်မှ အပြစ် စီရင်ခံရသည် မဟုတ်ပဲ လက်ရှိဘ၀၌ ပင်လျှင် ကဲ.ရဲ. ရှုတ်ချ ပြစ်တင်ခံရပြီး ဘ၀၏ လက်ကျန် အချိန် တစ်လျှောက် လူရာမ၀င် သူရာမဆန်. အပယ်ခံ ဘ၀ဖြင်.သာ သေသည်.တိုင်နေကြရပေသည်...သို.သော် မိမိ၏ ပင်ကိုယ်အခြေအနေ..စရိုက်တို.ကိုလိုက်၍ ထိုအပြစ် ကျုးလွန်ပုံတို.ကတော. ကွာခြားသည်....
အချို.က ငွေအားသုံး၍...
အချို.ကလိမ်လည်လှည်.ဖြား၍..
အချို.က အတင်းအဓမ္မ...
အချို.ကတော.မျှော်လင်.ချက်ပေး၍
အချို.ကတော. အလဲအလှယ်ဖြင်.
မည်သို.ပင်ဖြစ်စေ ထိုသိုသော သူများသည် မြန်မာ.ယဉ်ကျေးမှု အဖွဲ.အစည်း အတွင်းတွင်တော. ရွံရှာ စက်ဆုပ်ဖွယ် လူတန်းစားတစ်ရပ်ဖြစ်လေသည်....နောက်ဆုံး ထိုသူတို.ထောင်တွင်း ပြစ်ဒါဏ် ခံရလျှင်ပင် အခြားသူတို.ထက် ယုတ်နိမ်.စွာ ဆက်ဆံခံကြ၇လေသည်
ယခုခောတ်ကာလ နောက်ပိုင်းတွင် အရွယ်အို က အရွယ်မရောက်သေးသူ ကိုအဓ္ဓမ ကျင်.ကြံခြင်း.. လူငယ်..လူလတ်တို.ကအရွယ်လွန်တို.ကိုပင်ကြံစည်ခြင်း..
အရွယ်မရောက်သေးသူတို.အချင်းချင်းကျင်.ကြံကြခြင်း..
ဆွေနီးမျိုးစပ်သော်မှ စိတ်မချရခြင်းများ ဖြစ်လာသောအခါ သမီးမိန်းကလေး မွေးထားသော မိဘ တို.အဖို. အိပ်ကောင်းခြင်း မအိပ်ရ...စားကောင်းခြင်းမစားရ...သတိနှင်.အမြဲကပ်နေနိုင်ပါမှ တန်ရာကျသော ခောတ်ဖြစ်လာနေသည်..
သို.သော် နိုင်ငံတကာ သတင်း တစ်ခုကို ဖတ်လိုက်မိချိန်မှာတော. ပြီးအောင်ဖတ်မိရန်ပင် မနည်းအားမွေးရသည်..အတော်ရွံရှာဖွယ် ကောင်းသော အဖြစ်....
နဂိုကပင် ယဉ်ကျေးမှုဖြင်. စောင်.ထိန်းခြင်းကို ဂုဏ်ယူစရာအဖြစ် သတ်မှတ်ကြသော အရှေ. နှင်.
ပွင်.လင်း မှုနှင်. လွတ်လပ်ခြင်းကို ကိုးကွယ်ကြသောအနောက်  ကွာခြားမှန်း သိသော်လည်း ဤ ကိစ္စကား အတော်လူမဆန် သည်.ကိစ္စ ဖြစ်သည်....
အသက် ၂၈ နှစ် ရှိနေသည်.Penny Lawrence နှင်. သူမ၏ အဖေ Gerry Ryan တို.၏ ဇာတ်လမ်းကား လူတွေမှ ဟုတ်ရဲ.လားဟုစောကြောစရာဖြစ်သည်...အဖေနှင်. သမီး ပြန်ယူပြီးကိုယ်ဝန်ဆောင်သည်တဲ့ ..ထိုအကြောင်းကိုလည်း media များမှတစ်ဆင်. ကျေနပ်ပွင်.လင်းစွာ ပြောဆိုရှင်းပြခဲ့သည်...ကြည်.ပါအုံး သူပြောသည်.စကား...I'm pregant with my dad's baby and we are so in love တဲ့ ပြောသေးသည်
were actually living happily as man and wife." တဲ့
အဆုံးစွန်သောလွတ်လပ်မှု၏ ဆိုးကျိုးအချို. ပဲလား....သူတို.ရဲ.ယဉ်ကျေးမှုတော်လှန်ရေးပဲလား
မြန်မာ.နားမျက်စိနှင်.တော. ဘယ်လိုမှ ခံစား၍ မရသော သတင်းတစ်ပုဒ် ဖြစ်ပါသည်..

original link ...http://news.asiantown.net/r/18632/Im-pregnant-with-my-dads-baby-and-we-are-so-in-love----------wait---what-.html

Wednesday, December 26, 2012

မြတ်သော ဆရာ..သူလိုဆရာ @ ဆရာဦးသန်းရ


အခုတလော ကြားကြားနေရတာ နားထဲမှာ မချမ်းသာ၊
ကလေးတွေ ပညာရေးအတွက် ပညာရေးဘတ်ဂျက်က နည်း၊
ကျောင်းဝင်ကြေးဘာကြေးညာကြေးက မိုးပေါ်ရောက် ၊
ဆရာဆရာမတွေက ကျူရှင်မှာပဲစာတွေသင်၊
ကလေးတွေက ဂိုက်ပါမှ စာဖတ်၊
ကျူရှင်စားရိတ်က သိန်းချီကုန်၊
ဒါတွေရှောင်ချင်လို့ ဘိုကျောင်းထား၊
မြန်မာစကားက ထော့ကျိုးဖြစ်၊
ကလေးတွေက ဆရာဆရာမကို မလေးစား။
လမ်းတွေ့လို့မှ မနှုတ်ဆက်ချင်၊
ဆရာဘ၀ကို ဘယ်သူမှ မဖြစ်ချင်တော့။
တစ်ခြားအလုပ်မရမှ ဆရာဆရာမလုပ်။
လုပ်ရင်လည်း အောက်ဆိုဒ်ရှာ။
ဒီလို အဆိုးသံသရာကြီးထဲမှာ ဆရာဆရာမဆိုတဲ့ စကားကြားရင်
ကလေးတွေကို သူ့အိမ်မှာ ကျူရှင်တက်ဖို့ ညှစ်နေညစ်နေတဲ့ရုပ်၊
အတန်းထဲမှာ ဇာထိုးပန်းထိုးမုန့်ရောင်းနေတဲ့ရုပ်၊
ကျောင်သားမိဘဆီက လက်ဆောင်လာရင်တစ်မျိုး မလာရင်တစ်မျိုးရုပ်လို့ပဲ
မြင်ယောင်နေကြပါတယ်။
ဆရာတွေဘက်ကလည်း ဒီလောက်နည်းတဲ့ လခနဲ့
အောက်ဆိုဒ်မှ မရှိရင် မိသားစုစားဝတ်နေရေး ဘယ်လို ထောက်ပံ့မလဲ။
ပီတိကိုစား အားရှိပါ၏ ဆိုတာ စာထဲပဲသွားပြော
ဆိုတာတွေ အပြန်အလှန်ကြားနေရပါတယ်။
ကျွန်မတို့ကတော့ အလွန်ကံကောင်းလှစွာ
ဆရာဆရာမကောင်းတွေနဲ့ တွေ့ခွင့်ကြုံခဲ့ရပါတယ်။
အဲဒီထဲက ဆရာတစ်ယောက်အကြောင်းလေး ပြောပြချင်ပါတယ်။
ကျွန်မရဲ့ ဆရာနာမည်က ဦးသန်းရ ပါ။
ကျွန်မရဲ့ နယ်မြို့လေးသေးသေးလေးရဲ့ အထက်တန်းကျောင်းက
သင်္ချာပြတဲ့အထက်တန်းပြဆရာပါ။
ဆရာတို့က ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးပီပီ အလွန်ရိုးပါတယ်။
ဆရာဟာ ဉာဏ်ထက် ၀ီရိယအားပိုကောင်းတဲ့သူပါ။
ဆရာနဲ့ ကျွန်မ အစ်မ၀မ်းကွဲတွေက တစ်တန်းတည်းသားတွေဆိုတော့ ဆရာငယ်ငယ်က ၇တန်းမှာ အစမ်းစာမေးပွဲ ပထမရလို့ စာမေးပွဲကြီး မဖြေပဲ အောင်ခဲ့ရတဲ့ အကြောင်းကြားဖူးပါတယ်။
ဆရာကတော့ တစ်ခါမှ မပြောပြပါဘူး၊ကျွန်မတို့လို ကြုံကြွားထဲ မပါဘူးဆိုပါတော့။
ဆရာ့ညီမ အငယ်ဆုံးက ကျွန်မနဲ့ ရွယ်တူ အတန်းတူ သူငယ်ချင်းပါ။သူကလည်း ရိုးလိုက်တာမှ
အဲဒီ အရွယ်ကတည်းက ထားတဲ့ ကျစ်ဆံမြီးရှည်ရှည် တင်းတင်းကျစ်ကျစ်ထားတဲ့ စတိုင်ကနေ ခုဆို ညှပ်ကလစ်နဲ့ ဆံပင်တွေ ခေါက်တင်ထားတဲ့ ပုံပြောင်းတာလေးပဲရှိပါတယ်။မောင်နှစ်မအားလုံး အ၀တ်ရိုးရိုး အစားရိုးရိုး စကားရိုးရိုးတွေချည်းပါပဲ။
ကျွန်မတို့ ဆယ်တန်းမှာ ဆရာက သင်္ချာသင်တော့ တစ်တန်းလုံး နားမလည်မချင်း အထပ်ထပ် ရှင်းပြပေးတတ်တဲ့ ဆရာပါ။
နှစ်လည်လောက်ရောက်ပြီဆိုရင် စနေ၊တနင်္ဂနွေ မနက်တိုင်း special class ခေါ်ပြီး အပိုသင်ပေးပါသေးတယ်။
သူနားရမယ့် အချိန်တွေမနားပဲ ကျောင်းမှာပဲ တစ်တန်းလုံးကို အခမဲ့ခေါ်သင်တာပါ။
အိမ်စာတွေဆိုရင် အများကြီးပေးတတ်လို့ ကျောင်းသားတွေက ဆရာဦးဘီးစိပ် အချိန်ဆို စာအုပ်အပိုတွေ ဆောင်သွားလို့ နောက်ကြရတဲ့ အထိပါပဲ။
ကျွန်မတို့ သူငယ်ချင်း ၆ယောက်လောက်ကတော့ စာဂျပိုးတွေမို့လို့ ဆရာပေးသလောက် အိမ်စာမညည်းတမ်းတွက်တတ်တဲ့ ဆရာ့ အချစ်တော် အုပ်စုပါ။
တစ်ခါတော့ အခြားဆရာတစ်ယောက် မ၀င်နိုင်တဲ့ အတန်းကို ဆရာ အစားဝင်သင်ပါတယ်။ သူ့ပုံမှန်အတန်းမဟုတ်တဲ့အတွက် နာရီဝက်လောက်သင်ပြီးတော့ ဆရာက အိမ်စာ ၁၀ပုဒ်ပေးပြီး နားပါတယ်၊
ကျန်တဲ့ သူငယ်ချင်းတွေ စကားပြောနေချိန်မှာ ကျွန်မက အိမ်စာတွေ ထိုင်တွက်နေပါတယ်။(အမှန်တော့ အိမ်ရောက်ရင် အပြင်စာတွေ ဖတ်ချင်လို့ပါ)သင်္ချာပုစ္ဆာ ၁ ပုဒ်က တွက်နည်း ၂မျိုးတွက်လို့ရတော့ ၂ မျိုးလုံးတွက်ကြည့်လိုက်သေးတယ်။ကိုယ့်ဖာသာ စိတ်ဝင်တစားတွက်နေတော့ ဆရာဘယ်အချိန်က ကြည့်နေမှန်းတောင် သတိမထားမိဘူး၊အားလုံးပြီးလို့ ခါးဆန့်လိုက်တော့မှ ဆရာက ကျွန်မစာအုပ်ကို ယူပြီး တစ်တန်းလုံးကို ထောင်ပြပါတယ်။ဒီမှာကြည့်ကြစမ်း၊မင်းတို့ စကားပြောနေချိန် မင်းတို့သူငယ်ချင်းက အိမ်စာတွေ အားလုံးလုပ်ပြီးသွားပြီ၊တွက်လို့ရတဲ့ နည်းတောင် အမျိုးမျိုးပြောင်းတွက်ထားသေးတယ်လို့ တစ်တန်းလုံးကြားအောင် ပြောပြပါတယ်။ကျွန်မဖြင့် ကိုယ့်ကို ပေါ်တင်ကြီး ချီးကျူးတော့ မျက်နှာပူပူနဲ့ ဒါပေမယ့် သဘောလည်းကျတာပေါ့၊ ဆရာ့ဘာသာ သင်္ချာကိုလည်း ကြိုးစားလိုက်တာ ၁၀တန်းအောင်တော့ အမှတ် ၉၀ကျော်ရခဲ့ပါတယ်။အဲဒီလို ကျောင်းသားတွေကို ၀ီရိယရှိအောင်လည်း ပျိုးထောင်ပေးတတ်တဲ့ ဆရာပါ။
ဆရာ့ကို ကျောင်းသားတွေက ကြောက်ချစ်ရိုသေ မဟုတ်၊ နည်းနည်းမှ မကြောက်ကြပေမယ့် အားလုံးက ချစ်ကြပါတယ်။ဆရာလူပျိုကြီးကို ကျောင်းသားကြီးတွေက ဆရာမ ငယ်ငယ်ခေတ်ဆန်ဆန်နဲ့ ၀ိုင်းပြီးလှော်ကြတာ။ဆရာက စကားလည်းနည်း၊ရိုးလည်းရိုးတော့ ဆရာမလည်း အခြားသူနောက် ပါသွားပါလေရော။ ကျွန်မတို့ တက္ကသိုလ်တက်နေချိန် ဆရာ့မိဘတွေ အစွမ်းနဲ့ပဲနေမှာပါ ၊ရိုးသားတဲ့ ကရင်အမျိုးသမီးလေးနဲ့ အိမ်ထောင်ကျပြီး သမီးလေး၃ယောက်ရပါတယ်။ဆရာ့ညီမတွေဖြစ်တဲ့ ကျွန်မ သူငယ်ချင်းနဲ့ နောက်တစ်ယောက်ကလည်း ကျောင်းဆရာမတွေချည်းပါပဲ။ကျွန်မ သူငယ်ချင်းကတော့ အခုထိ မူလတန်းကျောင်းအုပ် အပျိုကြီး ရိုးရိုးကြီးပါပဲ။
ကျွန်မကျောင်းပြီးလို့ မြို့မှာဆေးခန်းပြန်ဖွင့်နေချိန် ဆရာဟာ သူ့ကိုအလကားကုပေးနေမှာ အားနာလို့ထင်ပါရဲ့ ကျွန်မဆေးခန်းကို တစ်ခါမှ မလာပါဘူး။ဆေးခန်းပိတ်ပြီး အဖေ့ပွဲရုံမှာ ကူလုပ်ပေးနေချိန် တနင်္ဂနွေ တစ်ညနေ စာရင်းတွေလုပ်နေတုံး စားပွဲရှေ့မှာ လူရိပ်တွေ့လို့မော့ကြည့်လိုက်တော့ ချွေးတွေရွှဲနေတဲ့ ဆရာ့ကိုတွေ့လိုက်ရပါတယ်။ ဟာဆရာ ဘယ်ကလာတာလဲလို့ နှုတ်ဆက်လိုက်တော့ ကမ်းနားကလှေထဲမှာ ငရုတ် ၂အိတ်ရောင်းဖို့်ပါလာတယ်တဲ့၊ကျွန်မ စိတ်ထဲ ဆရာ့ ဆွေမျိုးတွေ လက်ဆောင်ပေးလိုက်တာ ပြန်ရောင်းမယ်ထင်မိတယ်။ဒါနဲ့ အလုပ်သမားတွေခေါ် အိတ်တွေတင်ခိုင်းရင်းနဲ့ ဆရာ့ကို ဗျူးကြည့်တော့မှ တစ်နာရီလောက် လှေလှော်သွားရတဲ့ရွာက ဆရာ့အမျိုးတွေပေးတဲ့ လယ်တစ်ကွက်မှာ ကျောင်းပိတ်ရက်တွေ ငရုတ်သွားစိုက်ပါတယ်တဲ့။ စနေ တနင်္ဂနွေတွေဆို မနက်စောစော လှေလှော်သွား ၊ရေတင၊် ပေါင်းလိုက်၊ငရုတ်ခူး၊နေလှန်း ကြားရက်တွေတော့ အမျိုးတွေ ၀ိုင်းကြည့်ပေးကြပါတယ်တဲ့။ ကမ်းနားကလှေထဲလိုက်ကြည့်တော့ နေပူခံအောင် တဘက်ကြီး ခေါင်းပေါင်းထားတာ ကျွန်မသူငယ်ချင်းပါ။
ဆရာတို့မောင်နှစ်မ ယူလာတဲ့ ငရုတ်အိတ်ကို အလေးချိန် မှန်အောင် ကိုယ်တိုင်ချိန်ပေးပြီး ဆရာ ၂၆ ပိဿာ ၅၀သား ရှိတယ်နော်ဆိုတော့ ချိန်မလာပါဘူး၊မင်းမှန်အောင်ချိန်ပေးမှာပဲတဲ့။ ချိန်ပြီးအိတ်ကို အလုပ်သမားလေးတွေ သွန်ခိုင်းလိုက်တော့ အထဲက ငရုတ်တွေက အခြားတောင်သူတွေနဲ့မတူ ဂျွမ်းဂျွမ်းမြည်အောင် နေလှန်းပြီး ဖလံ၊လုံးပျော့ တစ်တောင့်မှ မပါအောင် ရွေးသန့်ထားပါတယ်။တပည့်ကို မကောင်းတာပေးရမှာ အားနာလို့ အပင်ပန်းခံလုပ်ထားတာ သိသာလိုက်တာ။ ဈေးကို အဲဒီနေ့ရဲ့ အမြင့်ဆုံးဈေးနဲ့ တွက် ၊ကျသင့်တဲ့ ပိုက်ဆံပါ သေချာ သစ်သစ်လေးတွေရွေးပြီး ဆရာ့လက်ထဲ ရိုရိုသေသေ ထည့်ပေးတော့ ဆရာက ရေတောင်မရေပါဘူး။မင်းပေးတာ ပြည့်မှာပါကွာတဲ့။
စာရေးတွေရော အလုပ်သမားလေးတွေရောက ဆရာ့တပည့်တွေချည်းဆိုတော့ ဆရာလာရင် အားလုံး ပျာပျာသလဲလုပ်ပေးကြပါတယ်။ အလုပ်သမားတွေကလည်း ဆရာ့ကိုဆို သူတို့ရဲ့ လုပ်အားခ မယူတော့ပါဘူး။
ဆရာက အပြင် ကျူရှင်လည်းမပြပါဘူး၊ကျောင်းသားလည်း အိမ်ခေါ် မသင်ပါဘူး။ပညာရေးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေ တစ်ခုမှ မဖောက်ဖျက်တဲ့ သူပါ။ မလောက်ငတဲ့ အိမ်စားရိတ်ကိုဖြည့်ဖို့ အပင်ပန်းခံ အလုပ်လုပ်ပြီးရှာပါတယ်။ တစ်နှစ်ကို ယာထွက် ငရုတ်၂ခါလောက် လာရောင်းပြီး အဲဒီဝင်ငွေနဲ့ လောက်အောင် ကြွေးမြီမရှိရအောင် ဆရာ့အိမ်သူကလည်း ခြိုးခြံသုံးရှာပါတယ်။
ကျွန်မ ရန်ကုန်ကိုပြောင်းလာတဲ့အခါ ဆရာရန်ကုန်ကို ကျောင်းကိစ္စနဲ့ လာရင် လာတွေ့တတ်ပါတယ်။အဲဒီအချိန် ကျောင်းမှာကွန်ပျူတာခန်းလုပ်ပြီး ကလေးတွေကို ကွန်ပျူတာသင်ပေးတော့ သင်္ချာကို ချစ်တဲ့ဆရာဟာ ကွန်ပျူတာကိုလည်း သိပ်ချစ်သွားပါတယ်။ကျောင်းကွန်ပျူတာခန်းရဲ့ တာဝန်ကို ဆရာပဲ ယူထားပြီး စာသင်ချိန်ကလွဲရင် နေ့နေ့ညညကွန်ပျူတာသင်ခန်းစာ စာအုပ်တွေနဲ့ လေ့လာနေတတ်ပါတယ်။ ကျွန်မနဲ့တွေ့တဲ့အခါတွေမှာ မင်းကတော့ ကွန်ပျူတာတော်တော်တတ်နေရောပေါ့နော်၊ဆရာ သိပ်အားကျတာပဲလို့ ပြောတတ်ပါသေးတယ်။ ဆရာထင်သလောက် မတတ်ပါဘူးလို့ ရှင်းပြရပါတယ်။
လွန်ခဲ့တဲ့ ၅နှစ်က တစ်ရက်မှာ နယ်က သူငယ်ချင်းဆရာဝန်ဆီက ဖုန်းဝင်လာပါတယ်။ဆရာ ဦးသန်းရ ကျောင်း
ကွန်ပျူတာခန်းထဲမှာ ဦးနှောက်သွေးကြောပေါက်ပြီး မေ့လဲသွားလို့ ရန်ကုန်က ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ကု ဒေါက်တာ ဦးစောဆိုင်မွန်သာရဲ့ ကွယ်ကဘောဆေးခန်းကို လွှတ်လိုက်ပါတယ်တဲ့၊(ကရင် အမျိုးသားချင်းလည်းဖြစ် ၊စားရိတ်လည်း သက်သာစေချင်လို့ ညွှန်လိုက်တာပါ)လိုက်ပို့တဲ့ ကားဆရာက ကွယ်ကဘောဆေးခန်း မရှာတတ်တော့ SSC ကိုရောက်နေတယ်လို့ သတင်းပေးလာပါတယ်။
SSCရဲ့ ICU ထဲသွားရှာတော့ ဆရာ့ကို ခွဲစိတ်ပြီး သတိလစ်နေဆဲ စက်တန်းလန်းနဲ့ တွေ့ရပါတယ်။ကိုယ်တတ်နိုင်သလောက်ငွေကို စောင့်နေတဲ့ ဆရာ့ အမျိုးသမီးလက်ထဲထည့်ရင်း အားပေးရပါတယ်။အခြားသူငယ်ချင်းတွေဆီလည်း ဖုန်းတွေ တစ်ဆင့်တစ်ဆင့်ဆက်ကြပြီး ဆရာ့ကို ကူညီကြဖို့ ဆော်သြကြပါတယ်။ ဆရာ့မိတ်ဆွေတွေကလည်း ကူညီကြပါတယ်။ဆေးရုံပေါ်မှာ တစ်လကျော်ကုသပြီး အသက်ရှင်လာပေမယ့် ခြေတစ်ဖက်လက်တစ်ဖက်မသန်တော့တဲ့ အခြေအနေနဲ့ မြို့ကိုပြန်သွားနိုင်ပါတယ်
ဆွဲနေတဲ့ ခြေနဲ့လက်ကို လေ့ကျင့်ခန်း လုပ်နေရပါတယ်။သူငယ်ချင်းဆရာဝန်ကပဲ ဆရာ့ကို အခမဲ့ အိမ်တိုင်ယာရောက်ကြည့်ပြီး ကုသပေးနေပါတယ်။ဆေးပင်စင်လည်း ယူလိုက်ရပါတယ်။
မြို့ပြန်တဲ့အခါ ဆရာ့ကိုသွားကန်တော့ရင် ဆရာက မျက်ရည်တွေလည်ပြီး မင်းတို့ တပည့်တွေကြောင့် ဆရာမသေတာပါကွာလို့ ပြောတတ်ပါတယ်။ဆရာ အခုကျောင်းတာဝန်က အားသွားတော့ ဗုဒ္ဓဘာသာကို လေ့လာနေပါတယ်တဲ့။စာမဖတ်နိုင်သေးတော့ တပည့်တစ်ယောက် ကန်တော့ထားတဲ့ CD player လေးနဲ့ တရားခွေတွေ နာပါတယ်၊သိပ်တော့ နားမလည်သေးဘူးလို့ပြောရှာပါတယ်။ကိုယ့်မှာရှိတဲ့ လွယ်ကူရှင်းလင်းတဲ့ တရားခွေတွေ ဆရာ့ဆီ ပို့ပို့ပေးရပါတယ်။
နောက်ဆုံးတစ်ခေါက်ရောက်တော့ ဆရာ့ခြေတွေ လက်တွေ အတော်ကောင်းလာပါတယ်။လူတွဲမပါပဲ လျှောက်နိုင်လာပါပြီ။ ဆရာ့ကို အိမ်ဝမှာ ဦးထုပ်ဆောင်း လွယ်အိတ်လေးတစ်လုံးနဲ့ အပြင်ထွက်မယ့်ပုံနဲ့ တွေ့လိုက်ရတော့ ဆရာအပြင်သွားမယ်မှန်း သိလိုက်ရပါတယ်။တပည့်တစ်ယောက်ဖွင့်ထားတဲ့ ကွန်ပျူတာဂိမ်းဆိုင်မှာ ကွန်ပျူတာသင်ခန်းစာတွေ ပြန်လေ့ကျင့်နေတာပါတဲ့။အဲဒီ တပည့်ကလည်း
ဆရာ့ကိုဆို အခမဲ့ ပေးသုံးပါတယ်။ဆရာ့ဇွဲနဲ့ ၀ါသနာပေါ် တစ်စိုက်မတ်မတ်ရှိပုံကတော့ အံ့မခန်းပါပဲ။
ဘယ်ခါတွေ့တွေ့ ဆရာပြောနေကျစကားကတော့ မင်းတို့ တပည့်တွေကြောင့် ဆရာ မသေတာပါဆိုတဲ့ စကားပါပဲ။
ဆရာ့လိုပဲ စေတနာအပြည့်နဲ့ သင်ကြားပေးကြတဲ့ ဆရာဆရာမတွေ ကျွန်မ ဘ၀ တစ်လျှောက်လုံး အများကြီးတွေ့ခဲ့ရပါတယ်။အခုထိလည်း သင်တန်းတွေ တက်နေဆဲမို့ စေတနာကောင်းတဲ့ ဆရာဆရာမတွေ တွေ့နေဆဲပါပဲ။အဲဒီထဲမှာ တချို့ဆရာတွေက မိသားစု ကျောထောက်နောက်ခံကောင်းရှိတာကြောင့် စားဝတ်နေရေး ပူပင်စရာမလိုတော့ တပည့်တွေက ဖြည့်ဆည်းပေးစရာမလိုတဲ့အတွက် တပည့်အကျိုးကို
သိသိသာသာမခံစားရလို့ ဥပမာမပြပေးရတာပါ။။
ဆရာကတော့ တကယ့်ကို တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ကဗျာအတိုင်းပါပဲ။
SSC လို ပုဂ္ဂလိကဆေးရုံမှာ အကြီးစားခွဲစိတ်မှုရဲ့ စားရိတ်ကို၊နောင်ကျန်းမာလာသည်ထိ ကုသရတဲ့ စားရိတ်ကို
တစ်သက်လုံး ရိုးသားစွာ ပညာပေးလာတဲ့ ဆရာ့ရဲ့ မေတ္တာစေတနာ ရောင်ပြန်ဟပ်ပြီး အကုန်ခံနိုင်သွားတာပါ။
ဒါတစ်ကယ့် အဖြစ်မှန် နာမည်မှန်တွေပါပဲ။ ဆရာ ခုထိ ကျွန်မတို့မြို့မှာ ကျန်းမာစွာရှိနေပါတယ်။
ကျွန်မတို့ ဆေးတက္ကသိုလ် (၁)က ဒုတိယနှစ်အမ်ဘီဘီအက်စ မှာ သင်ပေးတဲ့ ဆရာမကြီး ဒေါ်နော်မာစော၊ဆရာဒတ် တို့ ဆိုရင်လည်း အဲဒီလိုပဲ ပြည်တွင်းပြည်ပက တပည့်တွေ ထောက်ပံ့ကူညီကြတဲ့ တစ်နှစ်တစ်နှစ် သိန်းချီငွေတွေနဲ့ နောက်ဆုံးအချိန်ကို အေးအေးချမ်းချမ်း ကျော်ဖြတ်သွားခဲ့ပါတယ်။ဆေး(၂)က ဆရာကြီး ဦးမောင်မောင်စိန်ကိုလည်း တပည့်တွေ ကန်တော့ ထောက်ပံ့ကြတာ ဆေးတက္ကသိုလ်တွေရဲ့ website တွေမှာ တွေ့နေရပါတယ်။သိတတ်တဲ့ တပည့်တွေကလည်း မကျန်းမာတဲ့၊နွမ်းပါးတဲ့ဆရာတွေကို ကူညီချင်လို့ အဖွဲ့တွေ ဖွဲ့ပြီး လှုပ်ရှားနေကြပါတယ်။
ဒီလို ဆရာကောင်းတွေ နဲ့ ဆုံဆည်းခဲ့ရတဲ့ ကျွန်မတော့ ဘ၀ပေးအခြေအနေ အရ ဆရာများလုပ်ဖြစ်ခဲ့ရင် ဆရာဦးသန်းရလို ဆရာမျိုးပဲ လုပ်မှာပါ။ဆရာဟာ ကျွန်မရဲ့ Role Model ပါ၊ကိုယ့်လက်ကိုယ့်ခြေ နိုင်တုံးမှာ အရိုးသားဆုံး ခြိုးခြံချွေတာပြီးနေပါမယ်။ အကယ်၍ မကျန်းမာတဲ့ အနေအထားရောက်ရင်တော့ ကျွန်မရဲ့ ထားခဲ့တဲ့ မေတ္တာ စေတနာတွေ ရောင်ပြန်ဟပ်မယ်ဆိုတာ ဆရာ့ကို ကြည့်ပြီး ယုံကြည်ပါတယ်။
ကျွန်မလိုပဲ ဆရာကောင်းတွေခေတ်နဲ့ ဆုံဆည်းဖူးကြတဲ့ ကျွန်မတို့ အရွယ် ဆရာဆရာမတွေ ရှိမှာပါ။ကျွန်မတို့ဆရာတွေ ကျွန်မတို့အပေါ် ကောင်းခဲ့သလို ကျွန်မတို့ကနေ နောင်တပည့်တွေ အပေါ်ကောင်းမပေးနိုင်ဘူးလား။
တပည့်တွေကို ငါ့ဆီ ကျူရှင်လာတက်မှ အမှတ်ကောင်းမယ်လို့ ပြောနေစရာလိုသေးလား၊အဲဒီလို ခြိမ်းခြောက်ခံပြီး လာတက်ရတဲ့ ကလေးတွေက ကိုယ့်အပေါ် လေးစားမှုရော ရှိပါ့မလား၊ဒီလို ရှာလို့ရတဲ့ငွေတွေနဲ့ လှလှပပ ၀တ်နိုင်စားနိုင်တာ နောင်ရေးစိတ်အေးရမယ့် အခြေထိ စုဆောင်းနိုင်ရဲ့လား။
ဆရာဆိုတဲ့ Image ကို ဘယ်လို ပုံဖော်စေချင်ကြလဲ စဉ်းစားကြစေချင်ပါတယ်။

Written by Aye Aye Myint @ SS Avenue of WKA

ကိုယ်.အကြောင်းရော သူများအကြောင်းပါ ကြည်.၇အောင်

 စိတ်ဝင်စားဖို့ ကောင်းပါသည်။ ပထမဦးစွာ သင်၏ မွေးလနှင့်မွေးရက်အား မည်သည့်အကောင်က ကိုယ်စားပြုသည်ကို ရှာဖွေရန်ဖြစ်ပါသည်။ ဆိုလိုသည်မှာ သင်၏ မွေးနေ့သည် မတ်လ ၂၅ ရက်နေ့ ဆိုပါစို့။ အောက်တွင် ဖော်ပြထားသည့် အချက်များထဲတွင် ရှာဖွေသောအခါ မတ်လ ၂၅ ရက်သည် ကြောင် ဟူ၍ တွေ့ရပါလိမ့်မည်။ ရှင်းလင်းချက်များမှ ကြောင်နှင့်ပတ်သက်၍ ရှင်းပြထားသည့် အချက်များကို ဖတ်ရှုပြီး သင်၏ အမူအကျင့်များ၊ အကျင့်စရိုက်များနှင့် တိုက်ဆိုင်မှုရှိမရှိ စစ်ဆေးနိုင်ပါသည်။ ပျော်ရွှင်ဖွယ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ဇန်န၀ါရီလ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီလ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခြင်္သေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


ခွေး
အကယ်၍ သင်၏မွေးရက်သည် ခွေးဖြစ်ပါက အလွန်သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသားဖြောင့်မတ်ကာ အလုပ်ကို လေးစားသူဖြစ်ပြီး ပင်ကိုစိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်းရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူဖြစ်သဖြင့် ခေတ်ပေါ်အ၀တ်အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓာတ်ကျလေ့ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်းအသင်းများနှင့်သာ ပေါင်းသင်းလေ့ရှိသူလည်း ဖြစ်သည်။

ကြွက်
အကယ်၍ သင်၏ မွေးရက်သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်းသဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတစ်ယောက်က စကားမှားပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူဖြစ်သည်။

ခြင်္သေ့
အကယ်၍ သင်၏မွေးရက်သည် ခြင်္သေ့ဖြစ်ခဲ့လျှင် သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလားနှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ရှိပြီး တင်းမာမှု အခြေအနေမျိုးကိုပါ လက်မခံတတ်သူဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင်ဗီဇရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်းအသင်းများအား အလုပ်တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံးသိမ်းသွင်းနိုင်သူလည်း ဖြစ်သည်။ သူတစ်ပါး၏ ချစ်ခင်မြတ်နိုးမှုကို လိုလားပြီး တစ်စုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူဂရုစိုက်တာထက် အဆပေါင်းများစွာ တုံ့ပြန်မှုပေးသည်။ စိတ်သဘောကောင်းလွန်းခြင်းကြောင့် အပေါင်းအသင်းများက မြှောက်ပင့်စေခိုင်းတတ်သည်ကို အထူး သတိပြုပါ။

ကြောင်
အကယ်၍ သင်၏ မွေးရက်သည် ကြောင်ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူဖြစ်သည်။ တစ်ခါတစ်ရံတွင် လိုအပ်သည်ထက်ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဉာဏ်ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် နေရသည်များကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေစပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူလည်း ဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူတစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများနှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေးပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

လိပ်
အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်းရှိသူဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစ်စုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက်ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက်အကြောင်းကို နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူတစ်ဦး ဖြစ်သည်။

ချိုးငှက်
အကယ်၍ သင်၏ မွေးရက်သည် ချိုးငှက်ဖြစ်ခဲ့လျှင် သင်သည် ပျော်ရွှင်စွာ နေထိုင်တတ်လေ့ရှိပြီး ဘ၀တွင် ကံကောင်းသူတစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းတွင် ကိုယ့်ပျော်ရွှင်မှုများကို မျှဝေတတ်သူဖြစ်သည်။ အပေါင်းအသင်းများကြားတွင် ကိုယ်က ခေါင်းဆောင်ဖြစ်သည်။ မိတ်ဆွေများ အရေးကြုံတိုင်း နှစ်သိမ့်အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူများနှင့် ဝေးအောင်နေတတ်သည်။ လုပ်ငန်းခွင်တွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူးသတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူတစ်ဦး ဖြစ်သည်။

ကျားသစ်နက်
အကယ်၍ သင်၏ မွေးရက်သည် ကျားသစ်နက်ဖြစ်ပါက သင်သည် လျှို့ဝှက်တတ်သူတစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင်ဖိအားများ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိသည်။ တစ်ခါတစ်ရံတွင် အပေါင်းအသင်းများနှင့် အတင်းပြောရသည်ကို ၀ါသနာပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့်ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေအချို့နှင့် ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။

မျောက်
အကယ်၍ သင်၏ မွေးရက်သည် မျောက်ဖြစ်ပါက သင်သည် စိတ်မရှည်တတ်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင်ဖြစ်ပြီး အများ၏ အာရုံစိုက်မှုကို ခံယူလိုသူလည်း ဖြစ်သည်။ မိမိလုံခြုံမှုကို အထူးဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိအစွန်း ရှိလာပြီဆိုလျှင် လူတိုင်းကို လိုက်ပြီးဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ်ကိုမဆို မလုပ်ခင်ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမအာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူများလည်း ဖြစ်သည်။
Facebook  တွင်မျှဝေထာသည်ကို မြန်မာသွေး Blog က တင်ထားပေးခြင်းဖြစ်ပါသည်

မြန်မာကားတွေ ကွဲထွက်အောင် ဒီလိုရိုက်မယ်တဲ့

 ဒိအကြောင်းက သိပ်ကျယ်ပြန်.တော. သိပ်တော.မဝေဖန်လိုပါဘူး ...
ဒါပေမယ်.လည်း ဘယ်လွတ်လပ်ခွင်.မဆို ထိုက်သင်.တဲ့ လိုက်နာဖွယ်တွေအောက်မှာသာ ပိုတင်.တည် တတ်တဲ့ သဘောတော. ရှိပါတယ်....ဥပမာ...ဘာသာရေးဆိုရင်လည်း သူ.ပင်ကိုယ်သဘောကိုက စောင်.ထိမ်းနိုင်စွမ်း ကသာတန်ဖိုးပါ ....ဒီလိုပဲ အကျင်.စရိုက်တွေ..ယဉ်ကျေးမှုတွေဆိုတာကလည်း မူရင်း တန်ဖို.တွေ....အစဉ်အဆက် စောင်.စည်းထိမ်းသိမ်းနိုင်စွမ်းတွေကသာ ပိုဂုဏ်ယူစရာပါ
ခုနောက်ပိုင်း မြန်မာဇာတ်ကားတွေဟာ ဆင်ဆာတည်းဖြတ်မှု မရှိတော.တာကြောင်. တစ်ဦးချင်းစီရဲ. အသိတရားနဲ. စောင်.ထိမ်းလိုစိတ်တို.ကသာ အရေးကြီးလာပါပြီ...အရင်က သရဲကား ရိုက်ခွင်.မရှိပါဘူး..ကလေးသူငယ်တွေစိတ်ထဲ မကြောက်သင်.တာတွေကြောက်..မရောက်သင်.တာတွေရောက်မယ်ဆိုတာမျိုးနဲ. အရင်ကတော.ပိတ်ပင်ထားခဲ့ပုံပေမယ်. ခုကတော. ရိုက်ကူးခွင်.ရလာပါတယ်...(သရဲ စာအုပ်တွေက အရင်ထွက်ခွင်.ရတာပါ)...ဒါကိုလည်း မဝေဖန်လိုပါဘူး..ဘာကြောင်.လည်းဆိုတော. အရင်တည်းက နိုင်ငံခြား သရဲကားတွေကြည်.လို.ရနေတာကြောင်.ပါ....

 ဒါ.အပြင် အရင်ကတော. အောက်လုံးလို.ခေါ်တဲ့ မူရင်းစကားအပြင် ညစ်ညမ်းသောအဓိပ္ပါယ်ပါ ဆောင်တဲ. စကားလုံးတွေကို ဟာသသရုပ်ဆောင်တွေတင်မကပဲ မင်းသားတွေ..နောက်ဆုံး မင်းသမီးတွေကပါ ပြောရဲတဲ့  အပြင်အချို.ဆို တစ်တစ်ခွခွ ကို ပြောလာနေကြတာပါ....တစ်ချို.ဇာတ်ကားတွေဆို အရင်က နိုင်ငံခြား ကားတွေမှာသာ ပါလေ.ရှိတဲ့ Romantic Scene တွေကိုပါရိုက်လာကြပြီး မင်းသမီးအချို.ကလည်း သရုပ်ဆောင်ရဲတဲ့ ခောတ်ကိုရောက်လာနေပါပြီ....ဒီပုံစံဆိုရင်တော. မောင်နဲ.နှစ်မ ..သားနဲ.အမိ ဇာတ်ကားကြည်.ရင်တောင် (ကျော်ဖို.)Remote Control ဆောင်ထားရတော.မယ် ထင်ပါတယ်
ခုလည်း တစ်ခုကြားရပြန်ပါတယ်....ဒါပေမယ်.လည်း ဒီတစ်ခါ ကြား၇တာကတော. မကျေနပ်စရာတစ်ဖက် ကျေနပ်စရာ တစ်ဖက်ပါ...


ဒါရိုက်တာ ၀ိုင်းက ပုညခင်ရဲ. ၀တ္တုကို ကျွန်မက နှင်းဆီပါမောင် ဆိုတဲ့ ဇာတ်ကားအတွက် သက်မွန်မြင်. ကို မင်းသမီးအဖြစ် စီစဉ်ထားခဲ့ပြီးမှ သက်ဆိုင်တဲ့သူကို တိုက်ရိုက်အကြောင်းမကြားပဲ Eleven Journal တို. နံနက်ခင်းဂျာနယ်တို.ကနေ ဖြေလိုက်တော.မှ ပျက်သွားကြောင်း သိရပါတယ်.....
ဘာဖြစ်လို.လည်းဆိုတော. ဒီကားကိုတဲ့ အခြားကားတွေကနေခွဲထွက်နေအောင်လို....
မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန် ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြပါမယ်တဲ့ ....အဲဒီမှာ ပါးကိုနမ်းတာ....နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး အကျီင်္ကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ၊စတာတွေထည်.၇ိုက်ပါမယ်တဲ့


အဲဒါကိုသက်မွန်မြင်.က  
ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်...ကျန်တဲ့နှုတ်ခမ်းနမ်းတာတွေစတဲ့ နောက်ပိုင်းကိုတော. ဆက်မရိုက်ပေးနိုင်ဘူး ငြင်းလို.ပါတဲ့ ......သက်မွန်မြင်.က ဖြုတ်ပေးဖို.ပြောပေးမယ်. ဇာတ်ရဲ. Ending မှာထားတဲ့ Tempo အမြင်.ဆုံးအခန်းမို. လုံးဝဖြုတ်မရကြောင်း ပြောပြီး ဒိနေရာကို သရုပ်ဆောင်ရဲတဲ့ ဖွေးဖွေး နဲ. အစားထိုးလိုက်ပါတယ်တဲ့....ဒါရိုက်တာဝိုင်းဟာ အရင် တကားမှာလည်း သက်မွန်မြင်.ကို မလုပ်လို.မရဘူးဆိုပြီး Sexy Dance ကခိုင်းခဲ့ဖူးပါတယ်တဲ့......


..သက်မွန်မြင်.ကတော. ဆင်ဆာလွတ်လပ်ခွင်. ရပေမယ်.ဒါမျိုးတွေရိုက်ဖို.မသင်.တော်ကြောင်း...ကိုယ်နိုင်ငံ ကိုယ်ယဉ်ကျေးမှု ဆိုတာ၇ှိသေးကြောင်း အင်တာဗျုး တစ်ခုမှာပြောခဲ့ပါတယ်
မြန်မာမိန်းကလေးတွေဟာ အရှက်အကြောက်ကြီးတယ်...အိနြေ္ဒသိက္ခာ ကိုအရမ်းတန်ဖိုးထားတယ်...အသက်ထက် အရှက်ကအရေးကြီးတယ်ဆိုတာကို ဂုဏ်ယူနေကြ၇ပေမယ်. ဒီဖြစ်ရပ်ကတော. စိတ်မကောင်းစရာပါပဲ
ဒီလိုရိုက်မှသာ ပေါက်ကြေးဆို အားလုံးကြိုက်ကြတဲ့ ကိုရိးယားဇာတ်လမ်းတွဲတွေ (ဥပမာ..အွန်စောတို. ..ချန်ဂင်တို...ဂွီဒေါက်တို.ကနေ ခုလက်ရှိကားတွေထိ) ဘာလို.အောင်မြင်တာပါလဲ ...အရင်ကမ္ဘာကျော် ဂျပန် Romantic ကားတွေဘာလို.အောင်မြင်တာပါလဲ
ဒီလိုသာဆိုရင်ဖြင်. သိပ်မကြာခင်မှာပဲ.........................................
....
Source MEG