Wednesday, October 31, 2012

ရန်ကုန်က ၀ါးခယ်မ နဲ.ရွှေလောင်း

ရန်ကုန်က မြို.လေးရဲ. အငွေ.အသက်အချို. 

  စမ်းချောင်းက ၀ါးခယ်မ လမ်း နဲ. ရွှေလောင်းလမ်း

 

မြို.လေးကို တကယ်မြတ်နိုးကြသူတွေ...အထူးသဖြင်. အဝေးရောက်နေကြရသူတွေ...ဒီ.ထက်ပိုပြီး အဝေးလည်းရောက် မပြန်ရတာလည်းကြာ အသက်ကလည်းကြီးလာကြသူတွေအဖို. သတင်းစာထဲမှာ.. ဂျာနယ်ထဲမှာ ..၀တ္ထု ဇာတ်လမ်းတွေထဲမှာ ..နောက်ဆုံးးရုပ်ပြ ကာတွန်းတွေထဲမှာ ၀ါးခယ်မ ဆိုတဲ. စာသားလေး မြင်လိုက်ရရင် ...ဒါမှမဟုတ် မြို.နဲ. ပတ်သက်တာလေးတွေ.လိုက်ရင် ရင်ကို လှိုက်ကနဲ ဖြစ်သွားတတ်ကြပါတယ်..ဘာအကြောင်းလည်း..ဘာတွေရေးထားတာလည်း ကိုယ်သိတဲ့နေရာ ကိုယ်သိတဲ့သူ ကိုယ်နဲ.ပတ်သက်တာလေးတွေဆို အနားက လူတွေ ကို ဆက်စပ်ရာလေးတွေပြောပြရင်း စိတ်ကူးနဲ. မြို.ကို ခဏပြန်ရောက်သွားတတ်ကြစမြဲပါ.....


တကယ်က ဇာတိမြို.ဆိုတာလေးတွေဟာ များသောအားဖြင်. မိစုံဖစုံ သူငယ်ချင်းစုံ နဲ. ရင်ခုန်တတ်စ အရွယ်တွေအထိ အချိန်တော်တော်များများကို ကျေနပ်..ကြည်နူး ..ပျော်ရွှင်စွာ ဖြတ်သန်းခွင်. ရစေခဲ့တဲ့ အတိတ်က နိဗ္ဗာန်ဘုံ...သုခရပ်ဝန်း အဖြစ် သတိရတမ်းတမိတတ်ကြတာမျိုးပါ..အချို.တွေအတွက်တော.လည်း ခါးသက်တဲ. နာရီတစ်ချို.ရှိကောင်းရှိခဲ့ကြမှာပါ...ဘယ်လိုပဲဖြစ်ဖြစ် အတောင်အလက်စုံလို. တော်ရာဆိုတဲ့ခေါင်းစဉ်အောက် ဘ၀တွေရောက်နေကြရပေမယ်. အနည်းဆုံး ၀ါးခယ်မ ဆိုတဲ.စာလုံးလေးတွေ.ရင် ..မြင်ရင်..ကြားလိုက်ရရင်တော. စိတ်ကူးရထားက ၅နှစ်သား ဘူတာစဉ်လောက်အထိ တစ်ရှိန်ထိုးမောင်းသွားတတ်ကြတာပါပဲ...ကြည်နူးချမ်းမြေ.ဖွယ် ဘူတာများမှာတော. ခေတ္တ မိန်းမော...ခပ်စပ်စပ် ဘူတာတွေကိုတော. မျက်လုံးမှိတ်ကျော်..ပျော်စရာတွေများတဲ. ငယ်ဘ၀ရဲ. အချိန်တွေဆီ ဆိတ်ငြိမ်ချမ်းမြေ.စွာ ပြန်ရောက်သွားမိတတ်ကြတာပါပဲ....တကယ်တော. ဘ၀တွေကြီးရင်.သွားချိန်မှာ မြို.လေးမှာ ကျန်ခဲ့တတ်ကြတာက မိအို..ဖအို..အိမ်အို..တံတားဆွေး..ကိုယ်တွေကတော. ဟိုးးးးးးးးးးးး အဝေးမှာ ပျော်တဲ့အခါလည်းပျော် ကျရှုံးတဲ.အခါလည်း ကျရှုံး ..အမုန်း..အချစ်..ဘ၀အာမခံချက်..အနာဂတ်တစ္ဆေ တွေရဲ. မောင်းနှင်မှုအောက် လမ်းပျောက်တာလား..လမ်းဖောက်တာလားတောင် မသိလောက်အောင်ဖြစ်နေတတ်ပါတယ်.....
 
ဒီင်္လမ်းလေးနဲ. ပတ်သက်လို.ကတော. ဘာမင်ဂန် ဆရာတော်ကြိး ဒေါက်တာ ရေ၀တဓမ္မ က ..... မိမိတို. ကိုရင် ဘ၀ က ရှမ်းလမ်းပေါ်ရှိ အောင်မင်္ဂလာ သိဒ္ဓိ ကျောင်းတိုက်၌ စာပေသင်ကြားစဉ် ဆွမ်းကွမ်း ရှားပါး၍ ကျောင်းရှိသံဃာ အားလုံး ဆွမ်းခံထွက်ရာ အပါး တစ်ရာကျော်မျှ ရှိသော သံဃာတန်းကြီးကို ကြည်ညိုသဒ္ဓါပေါက်လွန်း၍ ပုသိမ်လမ်း ဖျာပုံလမ်း ညောင်တုန်းလမ်း ၀ါးခယ်မလမ်း ..တို.မှထွက်လောင်းရာ တစ်နေ.ဆွမ်းခံရုံမျှဖြင်. တစ်နှစ်စာပတ်လုံး စားလောက်အောင်ရရှိခဲ့ကြောင်း........မိန်.တော်မူဖူးသည်ကို သိရသောအခါ ထိုလမ်းလေးအတွက် ကြည်နူးပီတိ ဖြစ်ရပါသည်...
 

မြို.လေးရဲ. အတိတ်က ဇာတ်လိုက်ကျော်ကြီးများ

မြို.လေးရဲ. အတိတ်က ဇာတ်လိုက်ကျော်ကြီးများ (သို.) ကြားသင်္ဘော

 

 

တကယ်တမ်းတော. ဒီနာမည်က တစ်မျိုးကြီးဖြစ်နေသည်.... ကြားသင်္ဘောတဲ့ ..ဗမာ စကားတွင် ဘန်းစကားအဖြစ်သုံးသော စကားလုံး တစ်ခုဖြစ်သည်. ကြားကားဆိုက်သည် ဆိုသော စကား နှင်.သွားဆင်နေတော. အဓိပ္ပါယ်က ဘာလိုလို....သိ
ု.သော် သူတို.သည် မြို.လေးမှ အခြားမြို.များသို.သွားရာတွင် အဓိက ဇာတ်ကောင်အဖြစ် နှစ်များစွာကပင် ပါဝင်ပံ.ပိုးပေးခဲ့ကြသူများ ဖြစ်သည်....ယခုအချိန်တွင် အကြောင်းကြောင်းကြောင်. သူတို.၏ အခန်းကဏ္ဍ မှေးမှိန် သွားခဲ့ကြရသော်လည်း တစ်ချိန်ကတော. တကယ်.ဇာတ်လိုက်ကျော်ကြီးများပင်......


ရေလမ်းကိုသာ အဓိက အားထားသွားလာနေရသည်. ဟိုးးးးးးးးးးးးး နှစ်များစွာမှ လွန်ခဲ့သော ဆယ်စုနှစ် နှစ် ၂ခု ကျော်ကျော် ခန်.ထိကတော. နွေ..မိုး..ဆောင်း သင်္ဘောကိုသာ အားကိုးကြရသည်....မြို.လေး၏ တည်နေပုံကိုက ပုသိမ် နှင်. ရန်ကုန် ရေလမ်း၏ အလည် တည်.တည်. ကြားမြို.ပုံစံဖြစ်နေသည်. အလျှောက် ပုသိမ်မှ ဧရာဝတီသင်္ဘော ဆိုက်ချိန်က အိပ်ရာဝင်ဖို.ကောင်းသောအချိန်ဖြစ်နေတတ်သလို ရန်ကုန်မှ ဧရာဝတီသင်္ဘောဝင်ချိန်က အိပ်လို.အကောင်းဆုံးအချိန်များ.....ပိုဆိုးသည်က ရန်ကုန်သွားမည်ဆိုလျှင် ကြားမြို.ဖြစ်သောကြောင်.ပုသိမ်မှ မိတ်ဆွေများက တစ်ကူးတစ်က လက်မှတ်ကြိုတင် မစီစဉ်ပေးလျှင် အဆင်ပြေမည်.နေရာမှ လိုက်ရလေ.ရှိပြီး ရန်ကုန်မှ ပြန်လျှင်တော. 
သူများတွေအိပ်ချိန် ကမန်းကတန်းထ တိုးခွေ.ဆင်းကြရခြင်းပင်....အဲဒီတော. ကိုယ်.မြို.က နေ.လည် စထွက်..(ယခင်ကတော. ရွှေလောင်း ကိုဝင်ကပ်လေ.ရှိပြီး ယခုနောက်ပိုင်းတော. ၀င်မကပ်တော.တာအတော်ကြာပေါ.) ရန်ကုန်ကို မိုး မလင်းတလင်းလေးရောက်....ရန်ကုန်က ညနေထွက် ၀ါးခယ်မကို မနက်ပိုင်းလေးရောက်...ဘယ်သူ.မှ ထဖယ်ပေးစရာ မလိုသလို ဘယ်သူ.မှကျော်ခွ ဆင်းစရာလည်း မလို...အိပ်ပျော်နေလို. ကျော်ပြီးပါသွားမှာလည်း မစိုးရိမ်ရ...တစ်စင်းလုံးကလည်း ကိုယ်.မြို.က လူတွေချည်းဆိုတော. အပျော်ခရီးသွားရသလိုလို အလိုလို relax ဖြစ်ပြီးသား.....ဒါကြောင်.လည်း သူတို. ခေါင်းဆောင်မင်းသားအဖြစ် နှစ်အတော်များများ ကပြနိုင်ခဲ့ကြခြင်းပင်....နောက်ပိုင်းတော. ရန်ကုန်ထွက်ချိန်က ၄နာရီဝန်းကျင်ဖြစ်ပေမယ်. ၀ါးခယ်မ ထွက်ချိန်က .အတိအကျ မသိ(..ကာလ တစ်ခုကဆိုကြုံဖူးကြသည်..သင်္ဘောပေါ် မနက်တည်းက တက် တကယ်ထွက်တော. မွန်းလွဲ...ညနေ ...ဆိုတာမျိုးတွေ...)


လက်လှမ်းမှီသလောက် အရင်ကတော.ချမ်းသာကြီး..ဒဂုံမေ စသော သင်္ဘောများ...ဒီ.နောက် မင်းဆန်း..နေလင်းထွန်း..ရွှေချမ်းမြေ. ..ထို.နောက် ရွှေဧရာ..ရွှေစန္ဒာလင်း..ရွှေစန္ဒာထွန်း ...ခုတော. ရွှေဝင်းကြည်..ရတနာသိင်္ဃ..စသည်ဖြင်. အမည်အမျိုးမျိုးပုံစံအထွေထွေ.များသောအားဖြင်.တော. အလျှား ပေ ၁၀၀ အထက်သင်္ဘောများသာ...ယခင်ကတော. ထိုကြားသင်္ဘောများတွင် နှစ်ထပ်သင်္ဘော များသာ သုံးလေ.ရှိပြီး ၁၉၉၀/၂၀၀၀ လောက်ကစလို. တစ်ထပ်သင်္ဘောများလည်း ၀င်ရောက်ပြေးဆွဲကြသည်.စကြားဖူးတာက ၀ါးခယ်မ ရန်ကုန် ၄ကျပ် ခုတော. ၁၅၀၀ နဲ. ၂၀၀၀ ကြားလောက်ရှိ ထင်ပါရဲ..ယခင်က သင်္ဘောစီးလျှင် စောင်..ခြင်ထောင်..ခေါင်းအုံး...ကွမ်းအစ်..လဘက်အုပ်...ကြွေရည်သုတ် ထမင်းချိုင်.ကြီးများ နှင်. ကိုယ်.အိမ်ကိုယ်.ရာအလား စားကြ..သောက်ကြ..စကားပြောကြ ထိုအခွင်.အရေးက ထိုသင်္ဘောများပေါ်တွင်သာ ရတတ်သော အခြေအနေ...လူရော စိတ်ပါ သက်တောင်.သက်သာ ရှိလှသည်..
. ..မှတ်မိသမျှ နှစ် ၄၀/၅၀ လောက်အတွင်းတစ်ကြိမ်သာ သင်္ဘော တစ်စီးနစ် ဖူးပြီး ပစ္စည်းများဆုံးရှုံးကြသော်လည်း လူအသေအပျောက်ကား မရှိ....


စဉ်းစားစရာ ရှိတာကတော.အဘယ်ကြောင်.ကြားသင်္ဘောဟု အမည်တွင်သည်မသိ...ပုဂ္ဂလိက ခရီးသည်တင် သင်္ဘော များကို ထိုသို.သာခေါ်ကြသည်..တစ်ခုရှိသည်ကလည်း ထိုသင်္ဘောအားလုံး ၀ါးခယ်မ - ရန်ကုန် တစ်လိုင်းတည်းသာပြေးဆွဲကြသည်...အခြားသို.ပြေးဆွဲခြင်းမရှိ...ထိုသင်္ဘောတို.၏ အဓိက ဆိပ်မှာ ဦးစောမောင်တံတား (ယခု ဦးအာဝါးမိသားစု ပြန်လည်ပြုပြင် လှုဒါန်းထားသော ရေကျော်ရပ်ကွက် ကမ်းနားလမ်း သင်္ဘောဆိပ်) ဖြစ်ပြီး ဦးချမ်းအေးဆိပ် တွင်လည်း ဆိုက်ကပ်ရပ်နားလေ.ရှိသည်..၇န်ကုန်တွင်တော. လမ်းမတော် စဉ်.အိုးတန်း ဆိပ်ကမ်း ကထွက်သည်..ယခင်က လူရော ကုန်ပါ သွားလာသယ်ပို.ကြသော်လည်း ယခုတော. ကားလိုင်းများ... ရှပ်ပြေး သင်္ဘောများ အပါအ၀င် ပိုမိုမြန်ဆန်သော သယ်ယူပို.ဆောင်ရေးစနစ်တို. က လူတို.အတွက် အဓိက ဖြစ်နေပြီး ထို ဇာတ်လိုက်ဟောင်းကြီးများကတော. အသွားဆန်..ပဲ..ငြုပ်....အပြန် လျှပ်စစ်ပစ္စည်း..အိမ်ဆောက်ပစ္စည်း..စားသောက်ကုန် စသည်ဖြင်. ကန်.သတ် နှစ်ပါးသွားကကွက်တို. ကိုသာ အေးချမ်းစွာ ကပြနေဆဲ...တစ်ခါတစ်လေတော. ကျေးရွာများက ခရီးသည်တို.က ပါဝင်ဇာတ်ဖြည်.လျှက်.........

နာမည်လွဲသွားတဲ.ခန်းမဆောင်က တံလျှပ်ရောင်မျှော်လင်.ခြင်း

 

တံလျှပ်ရောင်မျှော်လင်.ခြင်း

 

လေယာဉ်ပျံ ကို တီထွင်ခဲ့တဲ.

သူတွေကိုလဲမုန်းတယ်

မင်္ဂလာဒုံ လေဆိပ်က

ထိုင်ခုံတွေလည်းမုန်းတယ်........ဆိုတဲ.သီချင်း

ပူပြင်းတဲ.နေရောင်အောက်

ငါ.ကို ဟုန်းဟုန်းတောက်စေခဲ့ပြီ

ပိုးသားလေးကြောင်းနဲ.

ဟိုး အဝေးကိုနင်ထွက်သွား

အဲဒီစာသားလည်း

ငါ.ရင်ကိုကြွမ်းမြိုက်

မီးတိုက် လိုက်သလိုပါပဲ

ငါကကော

Departure ဆိုတဲ.ခန်းမ

ဖြိုချ လိုက်ရင်ေ ကာင်းမလား

ပဉ္စရူပ အရုပ်

ကြိုးနဲ.တုပ်ထားရင် ကောင်းမလား

ဥယျဉ်တော်ရေ.....

Poem Of Pre-Missing

ဒါလေညင်းမဟုတ်ဘူး

ထာဝရအတွက်နိဒါန်း

ဒါပန်းလည်း မဟုတ်ဘူး

ချောင်းတစ်ခုခြားသူတွေလို

ရက်ပေါင်း ၇၀၀ ဆွေးခွင်.မသာပေမယ်.

နာရီပေါင်း ၇၀၀ ခွဲခွာသွားခြင်း

(ငါ.မှာတော.)

နေအစင်းစင်းနဲ.ကျန်ခဲ့ပြီ........

ပြန်လာမယ်အသေချာသိပေမယ်.

အဲဒီရက်တွေမှာ

ငါ......ဘယ်လေနဲ. အသက်ဆက်ရမလဲ

ငါ.ရဲ. ဥ..ယျာဉ်...တော်....ရေ.....................

ဆံနွယ်ညိုတို.ညည်းချင်း

သီဆိုရင်း တမ်းတပါရစေ......

နူးညံ.သော စကားလုံးတို.၏ အရိပ်ကပွဲ

တိုးတိတ်စွာဆင်နွဲခွင်.ပြုပ

အသံမဲ. စကားလုံးတစ်ချို.

ဖွဖွ တို.ထိပါရစေ

လေပြည်ငယ်ရနံ.

(ဒီဘက်ကို ) ခြေဆန်.ပျံသန်းပါစေ

ကြယ်တွေဆီ အိမ်မက်တစ်ချို.

ငြင်သာစွာ ပို.လွှတ်ပေးပါ............................................
နာမည် လွဲ သွားတဲ. ခန်းမဆောင်


ခွဲခွာခြင်း ခန်းမကျယ်

မဟူရာခြယ် နံရံထက်က ကိန္နရာ ရုပ်ထွင်း

မြင်မြင်ချင်းတော.

သူတို.ကရက် ၇၀၀ ငါက နာရီ ၇၀၀

ဖြေသာပါတယ်လို.

ပို.ဆောင်ခြင်း ခရီးရဲ. အဆုံးတုန်းက

ယဲ့ယဲ့ တော. ငါပြုံးလို.ရခဲ့သေးတယ်

တကယ်က

ငါပူပန်ခဲ့သလိုပဲ

ဒါဟာ ပျက်သုဉ်းခြင်းရဲ.အစ

ပုံပြင် ဆန်ဆန် ဘ၀တွေရဲ. နိဂုံး

ခုတော. အစိုးရွံ.ဆုံးနာရိ Alarm ထမြည်ပြီပေါ.

လာခဲ့ရတဲ.

ကြိုဆိုခြင်း ခန်းမဆောင်

ငါ.အိမ်မက်တွေ အမှောင်ကျစေခဲ့ပြီ

နာရီ ၇၀၀ အတွင်း

ဇာတ်ညွှန်း တစ်ခုလုံးပြောင်းသွားတဲ. ဇာတ်ကွက်

သွေးပျက်လောက်တယ် ဥယျဉ်တော်ရေ

လူကတော. ပြန်ရောက်လာတော.မှာပေမယ်. ...............................

ခွဲခွာခြင်း ခန်းမကျယ်က

ငါ.အိမ်မက်တွေ အရောင်မပြယ်စေခဲ့ပေမယ်.

ကြိုဆိုခြင်း ခန်းမဆောင် ထာဝရဝေးကွာအောင် ဖြစ်ခဲ့ရပြီ......

ကိုယ်တော်တိုင် အပ်နှံတော.မယ်.သတင်း

ကြား ကြား ချင်း ငါ လေ ..

သိမ်ငယ်လိုက်တာ...........................

ဒါငါ.ဘ၀ကြောင်. ရတဲ့အဖြေ

လွင်. ကြွေ ကုန်တဲ. မျှော်လင်.ခြင်း နှင်းဆီ

လမင်းက မရှိ

ကြယ်စင်တွေကပျောက်

ခုမှ (ငါ.ဘ၀ )

သန်းခေါင်ယံ ရောက်ပြီ.........

ဒါပေမယ်.လည်း

ထာဝရ အရှင်တော်ထံ

သူကိုယ်တိုင် မအပ်နှံ့သေးခိုက်

ပွေ.ပိုက် ကာကွယ်ရင်း

ခြောက်ပစ်ကင်း နေစေရပါမယ်လေ......

တစ်ခုပဲ သံသယရှိတယ်

ဥယျဉ်တော်ရေ............

ငါ.ရဲ. ခံနိုင်ရီ (ရည်)

ဘယ်မျှော်လင်.ခြင်းပေါ် တည်ရပါ. .......................................

 

ဘုရားကြီး သံတန်ဆောင်း

သကျမဟာသီရိ ဘုရားကြီး သံတန်ဆောင်း



းဝန်းကျင်လောက်ဖြစ်မယ်ထင်ပါတယ်)မငြိမ်သက်ဖြစ်ပြီးဒေီနေရာလေးကမြို.မှာရှိတဲ့ လူတိုင်း လိုလိုသိကြပါတယ်..ခောတ်အဆက်ဆက်မှာလဲ ကျရာဇာတ်ကွက် မျိုးစုံကနေ အသုံးတော်ခံခဲ.ပါတယ်...ဟိုးအရင် ဆောက်လက်စမပြီးခင်ကတော. အထီးကျန်ပေါ. ဆောက်ပြီးလို.သိပ်မကြာခင်မှာပဲ (၁၉၄၀နဲ. ၅၀ ကြာ

တာရွာတွေမှာ မနေရဲလို.မြို.ပေါ်တက်ပြေးလာတဲ. သူတွေကိုလဲ သူလက်ခံပေးခဲ့တာပဲ နောက်ပိုင်းအိုးအိမ်မဲ. ရွေ.လျှား သွားလာ ရှာဖွေ စားသောက်သူတွေအတွက်လဲ သူရင်ငွေ.ကိုလှုံခွင်.ပေးခဲ.သေးတယ် ပိုက်ကျော်ခြင်းတွေပေါ်ကာစက ဆို တကယ်.အကြိတ်အနယ်


ပွဲကြီးပွဲကောင်းတွေ ဆို တာ နေ.ည မပြတ်လောက်အောင်ကို ပါ အရင်ကတော.၀ိုင်းခြင်းတွေလောက်ပါပဲ ဘုရားကြီးနဲ. ပတ်သက်တဲ. ပွဲတွေဆိုလဲ သူ.ကို အလုံကာပြီး ဇာတ်ပွဲ ဆိုတာတွေ ကကြ တော.တာပဲ သူကလဲ ကျေနပ်ပြုံးတွေနဲ.လေ တစ်ခါတော.သူစိတ်မကောင်းဖြစ်ခဲ.ဖူးတယ်.. ဇာတ်အဖွဲ. တစ်ခု သူ.ရင်ခွင် မှာကအပြီး ဇာတ်ခေါင်းကွဲလို. အဲဒီမှာတင်သောင်တင်ကြ အဖွဲ.သားတွေက အပြန်လမ်းစရိတ်ရဖို.အလုပ်ကြမ်းတွေ လုပ်ပြီးရှာကြရ တာတွေမြင်တော.လဲ ၇င်ထဲဘယ်ကောင်းရှာမလဲလေ သူ.ကိုအလုံပိတ် ကပြ ဖြေဖျော် ကြချိန်ကဆို ဘုရားကြီးစောင်းတန်း တစ်လျှောက် စည်လိုက်တာ ဆိုင်တွေ လူတွေ ပြည်.နှက်လို. အဲလိုပွဲရှိမှ စားရတဲ. မန္တလေးမုန်.တီနဲ. နန်းကြီးသုပ် ဆိုင်မျိုးတွေ ...လက်မှုဖြစ်အရုပ်လေးတွေ... ရာသီပေါ် စားစရာတွေ အစုံပါပဲ


 အဲဒီင်္သံတန်ဆောင်းကြီးကို ဦးသန်းကြွယ် ဦးစိန် တို.ကဦးဆောင်ပြီး အလျှား ၁၀၅ ပေ အနံ ၅၀ ပေ အမြင်. ၃၅ ပေ နဲ. ၁၂၉၀ ခန်. (၁၉၂၈ ခုနှစ်ခန်.)မှာစတင်တည်ဆောက်ခဲ.တာပါ.ဒါပေမယ်.လို. သံတိုင်ကြီးတွေ သံဟင်္ဂလန် ထုပ်ကြီးတွေ တင်ပြီးတဲ. အနေအထား ထိပဲ ဆောက်လုပ်နိုင်ခဲ့တာပါ သက္ကရာဇ် ၁၃၀၀ လောက် (၁၉၄၀ ခန်.) မှာဦးဖိုးမောင် ဒေါ်သာလိတို.က တာဝန်ယူပြီးတော. ပွတ်လုံး ရင်တား ပတ်လည်ကာ သွပ်မိုး တွေအပြီး တည်ဆောက်လှုဒါန်းခဲ့ပါတယ်ဗိသုကာဆရာကြီးတွေကတော. ဆရာသက်နဲ. သား ဦးစစ်ရွှေတို.ပါ ဂေါပက အဆက်ဆက် ပြုပြင် ထိ မ်းသိမ်းခဲ.ပြီး ပွတ်လုံး ရင်တား အားအုတ်ဖြင်. ကာရံခြင်းလုပ်ငန်းကသက္က ရာဇ် ၁၃၅၈ (၁၉၉၆ခန်.)မှာ



ဆောက်ရွက်ခဲ့တာပါသူ.လက်ရှိအခြေအနေကတော. ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရေး အဖွဲ. ပေါ်လာပြီးတာကနေ စတယ်ပြောရမှာပေါ. သက္ကရာဇ်၁၃၆၃(၂၀၀၁ ခန်.)အဲဒီတုန်းက ဘုရားကြီးမှာ ဂေါပက အဖွဲ. သတ်သတ်ရှိသလို ဘက်စုံအဖွဲ. လဲထပ်ပေါ်လာပါတယ် အဲဒီအဖွဲ.ရဲ. ဥက္ကဌ က ဦးကျော်စိုး (ပညာရေးမှုးအငြိမ်းစားထင်ပါတယ်) ပါ. ၀ါးခယ်မအသင်းနဲ.ချိတ်ဆက်ပြီး တော်တော် လေး သွက်သွက်လက်လက် လုပ်နိုင်စွမ်းရှိခဲ့ကြပါတယ်.. နောက်တော. ဘုရားကြီးမှာပဲ အဖွဲ. ၂ ခုဖြစ်နေတာ မဖြစ်သင်.ဘူးယူဆပြီး အဲဒီအဖွဲ. က သူ.ဘာသာ break down လုပ်ပေးလိုက်ပါတယ် .အ၀င်သံပန်း တံခါးကို ၁၃၆၃ ခုနှစ် ( သက္ကရာဇ် ၂၀၀၀ ပြည်.မှာ ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်)က လှုဒါန်းခဲ့တာဖြစ်ပါတယ်....လက်ရှိအနေအထားကတော. သက်ဆိုင်တဲ.လူတွေရဲ.ကြိုးပမ်းမှု သဒ္ဓါထက်သန်တဲ. အလှုရှင်တွေရဲ. ပံ.ပိုးမှုနဲ. အတော်ကိုခန်.ထည်နေပါပြီ ...

သံတန်ဆောင်းအတွင်း အလယ်ကျောင်းဆောင်မှာ နောင်တော်ကြီး ကြေးဆင်းတုတော် တစ်ဆူရှိပါတယ်....၁၂၅၃ တပို.တွဲ လဆန်း ၁ ရက် (၁၈၉၁ ခုနှစ်ခန်.) နေ.မှာ သွန်းလောင်းခဲ့တဲ့ ဆင်းတုတော်ဖြစ်တာကြောင်. သကျမဟာသီရိ ဘုရားကြီးထက် ၂လကျော် သက်တမ်းပိုစောတဲ့
ဆင်းတုတော်ပါ....အလှုရှင်တွေကတော. တောင်အူရွာနေ ဘုရားတကာ ဦးထွန်းကြော်..ဘုရားအမ
 မလွန်း..သမီး မအိမ်ညိန်း..သားမောင်ရွှေဒိုင်..သမီး ဘွေးဓုတ် (ဆင်းတုတော်အခြေရှိ မူရင်း စာလုံးပေါင်းများအတိုင်းဖြစ်ပါသည်) တို.ဖြစ်ပါတယ်....ဘေးတစ်ဘက်တစ်ချက်ဆီမှာတော. မြဘုရား..ပုလဲဘုရား..ပတ္တမြား ဘုရား..နီလာ ဘုရားတို. သီတင်းသုံးလျှက်ရှိပါတယ်..

အမိုးတွေကို ခောတ်နဲ.အညီ လှပ သပ်ရပ် ခိုင်ခန်.တဲ့ အလူဇင်. သွပ်မိုးခြင်းနဲ. ရေရှည် ကြံ.ခိုင်မှုအတွက် အမိုးသံမြှားတန်း ထည်.ခြင်းလုပ်ငန်းကို ၁၃၇၄ ကဆုန်လပြည်.နေ. (၂၀၁၂ မေ ၅ )မှာ ၀ါးခယ်မအသင်း (ရန်ကုန်) ဥက္ကဌ ရဲ.မတည်မှု ဘုရားကြီးဂေါပကအဖွဲ.နဲ. Dr မောင်မောင်ကြိုင်တို.ရဲ. Organize နဲ. လုပ်ဆောင်ခဲ့တာ ပြီးစီးသွားပြီဖြစ်ပါတယ်....၀ါးခယ်မအသင်း(ရန်ကုန်) ဥက္ကဌ ရဲ.မတည်ငွေ ၄၅သိန်း အပါအ၀င် အလှုရှင် ၃၃ ဦးတို.က
လှုဒါန်းငွေစုစုပေါင်း ၁၀၄ သိန်း ၄သောင်း ထည်.၀င်လှုဒါန်းခဲ့တာပါ...လှုဒါန်းကြသူတွေဟာ အနည်းဆုံး ၁၀၀,၀၀၀ လှုဒါန်းခဲ့ကြတာဖြစ်ပါတယ်.


 ဒီသံတန်ဆောင်းနဲ. ပတ်သက်လို. စိတ်ဝင်စားစရာ အကောင်းဆုံး သမိုင်းဖြစ်ရပ်လေး တစ်ခုရှိပါတယ်....အိန္ဒိယ ခေါင်းဆောင် ပန်ဒစ်ဂျဟာဝါလာနေရူး ဟာ ၁၉၃၇ ဧပြိ လမှာ ၀ါးခယ်မကို ရောက်ခဲ့ ပါတယ်.. သူနဲ.အတူ သူ.ရဲ.သမိး မစ္စ အင်ဒီရာဂန္ဓီ လဲ ပါလာပါတယ်တဲ့ အဲဒီတရားပွဲကို ဒီ ဘုရားကြီးသံတန်ဆောင်းထဲမှာကျင်းပခဲ့တာဖြစ်ပြီး အိန္ဒိယ အမျိုးသားတွေအပါအ၀င် လူ ၁၀၀၀၀ လောက် တက်ရောက်ခဲ့ပါတယ် သဘာပတိအဖြစ် သခင်အုံးဖေ က တာဝန်ယူပြီး ၀တ်လုံတော်ရ ဦးကျော်မြင်.က စကားပြန်ပါ..အဲဒီတုန်းက သခင်အုံးဖေက တို.ဗမာ သီချင်းဆိုတဲ.အခါ ၇ နှစ် ၈ နှစ် ကလေးတွေ အဘိုးကြီး အဘွားကြီးတွေ ဟိန္ဒု လူမျိုး သခင်ဘာဘူလေး ..သခင်ရှန်ကာ အပါအ၀င်
အကုန်လုံးလက်သီးလက်မောင်းတမ်းပြီး စိတ်ပါလက်ပါ ၀ိုင်းဆိုကြတော. မစ္စတာ နေရူးက သခင်ကျော်မြင်.ကို ပြောပါတယ် " ကျော်မြင်. ငါလဲ သူတို. လို လိုက်ပြီး ဆိုချင်တယ်တဲ. " အဲဒီဟောပြောပွဲ မှာ နေရူးဟာ စကားတစ်ခွန်းပြောခဲ့ပါတယ်.."မင်းတို.ရဲ. တက်ကြွလှုပ်ရှားနေတဲ. စိတ်ဓါတ်တွေကြောင်. အလွန်လျှင်မြန်စွာ လွတ်လပ်ရေး ရပါလိမ်.မယ် "တဲ့........On Your altitude , I assure You. You will get Independent very soon.....(အဲဒီတုန်းက လွတ်လပ်ရေး ရဖို. ၁၀ နှစ်ကျော်ကျော် လိုသေးတဲ့အချိန်ပါ ).... မြန်မာနိုင်ငံသားတို.ရဲ. လွတ်လပ်ရေး လိုချင်စိတ်ကို အခြားနိုင်ငံအကြီးအကဲ တစ်ဦး တရားဝင်အသိအမှတ်ပြုပြီး သမိုင်းဝင် စကား ပြောကြားခဲ့ ရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်


                                  ဒီပုံလေးက သူတို.တွေမြို.ရောက်ခိုက်ရိုက်ထားတဲ့ပုံလေးပါ

နေစရာမရှိတဲ.သူတွေကို ခိုလှုံခွင်..(ဒါကြောင်.၀ါးခယ်ကလူတွေသုံးတဲ.စကားထဲမှာရှိပါတယ် ဒီကောင်က သံတန်ဆောင်းထဲမှာနေတာလေတို. နေစရာမရှိ သံတန်ဆောင်းထဲသွားနေတို.ဆိုပြီးအရင်ကသုံးခဲ့ကြဘူးပါတယ်)ပေးခဲ့သလို ...နိုင်ငံဂုဏ်လည်း တက်စေခဲ့ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ.လဲ ဖြေဖျော်ပေးခဲ့ပြီးပါပြီ အားကစား တွေလဲ စိတ်တိုင်းကျ ခွင်.ပြုပေးခဲ့ပြီးပါပြီ ခုလိုသက်တမ်း ၇၀ /၈၀ လောက်ရောက်ပြီဆိုတော. နိဗ္ဗာန် ရောက်ရာရောက်ကြောင်းတွေပဲ အထောက်အကူ ပေးရတော.မှာပေါ.လေ တည်ဆောက်လို.မပြီးခင်ထဲက သူလဲ လောကဓံကိုခံခဲ့ရတယ် ပျော်စရာ စိတ်မကောင်းစရာတွေလဲ ကြုံခဲ.ရတယ် ခုတော. အကောင်းဆုံး ရပ်တည်မှုတွေနဲ. ............

 အချက်အလက်ကူညီရှာဖွေပေးခဲ့သောကိုလင်းထိုက်နှင်. ကူညီဖြေဆိုပေးခဲ့သော ဘုရားကြီးဂေါပက အပါအ၀င် သမိုင်းဆိုင်ရာအချက်အလက်အတွက်မှီငြမ်းခဲ့ရသော ရွှေရတု မဂ္ဂဇင်းမှ ဆောင်းပါးရှင် (ဦး) အောင်တိုး .ဘုရားကြီးသမိုင်းအခွေ..မှရိုက်ကူးသော .၀ါးခယ်မအသင်း(၇န်ကုန်) အားလုံးတို.အား ကျေးဇူးတင်ရှိပါသည်...

Sunday, October 28, 2012

မင်းကွန်း ဆရာတော်ကြီး



မင်းကွန်းဆရာတော် ဘုရားကြီးနှင်. ဂင်းနစ်မှတ်တမ်း


 ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်

ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ 
ရေးဖြေ ဖြေဆိုရာ၌လည်း


သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို


နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။  
ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
By သန်းမင်းထွဋ်
  @ Myanmar Express

ဂင်းနစ် မှတ်တမ်း




ကမ္ဘာကျော် ဂင်းနစ် စံချိန် မှတ်တမ်း 

                                               ပထမဆုံး ဂင်းနစ် စံချိန် စာအုပ်

 ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ 

ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် 

အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် 
ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ 


အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး 
 တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် 
မှတ်တမ်းတင်ခံရစေရန် 

အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို 

ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ 
တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။  ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။
 
By သန်းမင်းထွဋ်

သာသနာ. အလံတော် 

 


အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။ဓမ္မစေတီဆရာတော်ကြီး ဟောကြားတဲ့တရားတော်ထဲက ဗုဒ္ဓဘာသာအလံတော်အကြောင်း ဖွဲ့ဆိုချက်ပါ။
သမိုင်း
အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။
အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံးလွှင့်တင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ဗြိတိသျှတို့အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ်ရက် ဖြစ်ခဲ့ပါတယ်။
Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့) မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။
၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံတော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။
၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။
အရောင်များ
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ သက္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တစ်ခုထဲမှာ တစုတစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်းပုံစံထဲက လိမ္မော်ရောင်ကို တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။
ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ
ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။
~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။
~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။
~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။

 By Kyaw Zin Lat

Coffee Crazy နှင်. နောက်ဆက်တွဲ ရောဂါများ

 ကော်ဖီစွဲလန်းစွာသောက်သုံးခြင်းဖြင့် အရိုးပွရောဂါ၊ ခန္ဓာကိုယ်တွင်း အဆိပ်အထောက်များဖြစ်ကာ နာတာ ရှည်ရောဂါများနှင့် အခြား နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများက ဆိုသည်။

 "ကော်ဖီက အရိုးကျစ်လျစ်မူကို လျော့နည်းစေတယ်။ အရိုးကျိုးလွယ်တာတို့ မျက်လုံးရေ တိမ်ရောဂါတွေအဖြစ်များတယ်။ တစ်ချို့သုတေသနပြုချက်တွေမှာဆိုရင် ကော်ဖီက အရိုးကျစ်လျစ် တာ တွေကို လျော့နည်းသွားစေလို့အရိုးကျိုးလွယ်တယ်ဆိုတဲ့ ဆိုးကျိုးကိုတွေ့ရတယ် ” ဟု အလုံ မြို့နယ်၊ ၀င်းဆေးခန်းမှ အထွေထွေရောဂါကု ဒေါက်တာမြင့်ဦးက ပြောသည်။

ကော်ဖီများများ သောက်ခြင်းကြောင့် ဂဏှာမငြိမ်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးစည်းချက်မမှန်ခြင်း၊ အစာအိမ် အပူလောင်ခြင်း၊ သွေးပေါင်ချိန်များတိုးခြင်း စသည့် ခန္ဓာကိုယ်တွင်းရောဂါများဖြစ်ပွား နိုင်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးအဖြစ် အရိုးပွရောဂါများပါ စွဲကပ်လာနိုင်ကြောင်း ဆရာဝန်များကြီးများက သုံးသပ်သည်။

ကဖီန်းဓါတ်အလွန်အကျွံပါဝင်သော ကော်ဖီအား စွဲလမ်းစွာသောက်သုံးပါက ခန္ဓာကိုယ်တွင်း အဆိပ် အတောက်များ ပိုများပြားလာ၍ နာတာရှည်ရောဂါများအား  ဖြစ်ပွားလာနိုင်ကြောင်း ဆရာ ၀န်များက သုံးသပ်ပြောဆိုကြသည်။   

ကော်ဖီတစ်ခွက်လျှင် အင်တီအောက်ဆီးဒင့် ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ အပြင် ကေဖိန်းဟု ခေါ်သော ဓါတ်ပေါင်းပမာဏ (၂၀)ဂရမ်မှ (၁၀၀)ဂရမ်အထိ ပါဝင်နေပြီး နိုင်ငံတကာရှိ အားကစား ပြိုင်ပွဲများတွင် ကော်ဖီထဲ၌ ကေဖီးန်ဓါတ်သုံးစွဲခြင်းအား   နိုင်ငံတကာရှိ အားကစား ပြိုင်ပွဲများတွင် တားမြစ်ထားကြောင်းကိုလည်း သိရရသည်။
 “တနေ့ကို  ကော်ဖီတစ်ခွက် လောက်ပဲ သောက်သုံးသင့်ပါတယ်။ အချို့ဆိုရင် သုံးလေးခွက် လောက် သောက်သုံးနေတာ ကိုတွေ့ရတယ်။ ကြိုက်လို့သောက်တာဆိုပေမယ့် ကော်ဖီကြောင့် ဖြစ်တက်တဲ့ ရောဂါတွေက အများကြီးပါ။ အချို့နိုင်ငံတွေမှာဆို အားကစားသမားတွေ ဆို ကော်ဖီ ရှောင်တာတွေ တောင်ရှိတယ်” ဟု မြောက်ဒဂုံမြို့နယ်မှ အထွေထွေရောဂါ ကုဒေါက်တာ အောင်မင်းက ပြောသည်။   
  
လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ကော်ဖီအား အရက်အစားထိုး အရည်အဖြစ်တွင်တွင် ကျယ်ကျယ် သုံးစွဲ လာကြပြီး လူတစ်ယောက်သည် တစ်နှစ်အတွင်းလျှင် ကော်ဖီပမာဏ (၂ ဒသမ ၂)ဂါလံ သောက်သုံးနေကြကြောင်း၊ မြန်မာနိုင်ငံတွင်မူ အစဦးပိုင်း၌ မြို့နေလူထု သာ ကော်ဖီ သောက်ကြခဲ့ သော်လည်း ယခုအခါ တောင်ပေါ် ဒေသများအထိ ပါ ကော်ဖီသောက်လာကြကြောင်း သိရှိရ သည်။    

ပြည်တွင်း စားသောက်ကုန်ဈေးကွက် ကော်ဖီတံဆိပ်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး  ကော်ဖီမစ် တစ်ထုပ်လျှင် (၁၀၀)ကျပ်၊ တစ်ပါကင် (၅၀ထုတ်)လျှင် ကျပ်(၃၈၀၀)မှ (၅၀၀၀)၀န်းကျင်အထိ ဈေးရှိကြောင်းနှင့် (၃၀ထုတ်)ပါ  တစ်ပါကင်လျှင် ၂၆၀၀ ကျပ် ၀န်းကျင် ဈေးရှိကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။ 
 
By Yamin @ Myitmakha

ဗိုက်ဆီကျစေတဲ့ ထောပတ်သီးအစွမ်းနဲ့ နည်းလမ်း

 

အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ 


ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင်

( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကိုလည်း လျှော့ချ

ပေးပါတယ်။


ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။


ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင်  

ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ထောက်ပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ၀မ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။


နောက်ထပ် လုပ်နိုင်တာတွေလည်းရှိပါတယ်။ နေလောင်ထားတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့ 

ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းကွက်ရှိနေသူတွေအတွက် ထောက်ပတ်သီး အတွင်းသားကို ထုတ်ယူပြီး ပွတ်သပ်လိမ်း ပေးခြင်း ဖြင့်လည်း အမဲကွက်တွေကို ပျောက်ကင်းစေ ပါတယ်တဲ့။ 

 

ထောပတ်သီးဟာ အသားအရေးကိုလည်း ချော့မွေ့ စေတဲ့ အတွက် ခန္ဓာကိုယ်ကိုလည်း လိမ်းပေးနိုင် ပါတယ်။ ထောပတ်သီးရဲ့ ထူးခြားမှု နောက်တခုကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို ထိမ်းသိမ်း ကာကွယ် ပေးနိုင်တယ်ဆိုတာပါပဲ။


နှလုံးရောဂါဟာ လူကို သေစေလောက်တဲ့အထိ အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။ အမေရိကန်မှာ ဆိုရင် နှလုံး ဆိုင်ရာအသင်းကြီးဖြစ်တဲ့ The American Heart Association (AHA) က ဆိုရင် နှလုံးရောဂါ သည်တွေအတွက် ဓာတ်စာ သစ်သီး ၅ မျိုးကို အဓိက လမ်ညွှန်ပြီး စားသုံးဖို့ကို 

ထောက်ခံချက်ပေးရာမှာ ထောပတ်သီး က အဓိက ပါဝင်ပါတယ်။ 


ဘာကြောင့်လည်းဆိုတော့ ထောပတ်သီးမှာ ပါဝင်တဲ့ အထက်ကပြောခဲ့သလို ပိုတက်ဆီယမ်ဟာ အဆီနဲ့ ကိုလက်စထရော ( fat and cholesterol) တွေကို လျော့ကျစေလို့ ဖြစ်ပါတယ်။ ၀မ်းဗိုက် အဆီတက်လို့ စိတ်ပျက်နေသူများအတွက် နောက်ထပ် စားသုံးသင့်တာလေးတွေကတော့ အစေ့အဆံ ပါတဲ့ အစား အစာတွေကို စားပေးသင့်ပါတယ်။


မြေပဲ၊ သံလွင်သီး အစေ့၊ နေကြာစေ့ အစရှိတဲ့ အစေ့အဆံ ပါဝင်တဲ့ အစားအစာ တွေဟာ ၀မ်းဗိုက် အဆီကိုလျှော့ချပေးတဲ့အတွက် ၀မ်းဗိုက်ချပ်စေမှာဖြစ်ပါတယ်။ နောက်တမျိုး ဗိုက်ချပ်စေနိုင်တဲ့ အစာကတော့ အမည်းရောင် ချော့ကလက်( dark chocolate ) ပါဘဲ။ 


အမည်းရောင် ချော့ကလက်ကို နေ့စဉ် စားပေးခြင်းဟာ ဗိုက်ချပ်စေပါတယ်တဲ့။ ၀မ်းဗိုက်ပူလို့ စိတ်ပျက်

နေတဲ့သူတွေအတွက် လွယ်ကူ အောင် စားသုံးပေးနိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် သိထားတဲ့ အကြောင်း အရာလေးတွေကို မျှဝေ ပေးလိုက်ပါတယ်။ 


အိမ့်သံစဉ်

 

Educational Actiivity & Scholarship of WKA Association (Ygn)

             
ဝါးခယ်မမြို.နယ်သားတို.၏ သာရေး..နာရေး..သားသမီးများ ပညာရေးတို.အား တတ်အားသမျှ ကူညီနိုင်ရန် အတွက် ၁၉၄၇ ခုနှစ်တွင်ဖွဲ.စည်းခဲ့သော ရန်ကုန်ရောက်ဝါးခယ်မ အသင်းကို ၁၉၇၀ ပြည်.တွင် ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်) ဟုပြောင်းလဲ ဖွဲ.စည်းခဲ့ပြီး ၁၉၄၇ တွင် ဥက္ကဌ တာဝန်ယူခဲ့သော ရန်ကုန်မြို.တော်ဝန် ဦးထွန်းတင် (၀ါးခယ်မသား) လက်ထက်မှ ၂၀၀၈ အထိ ဥက္ကဌ ၁၀ ဦး တာဝန်ယူခဲ့ကြသည်.. ဆေးနှင်. စက်မှု တက္ကသိုလ် ကျောင်းသား တစ်ဦးလျှင် လစဉ် ၅၀၀၀ ကျပ်ချီးမြှင်.နိုင်ရန်ကြိုးပမ်းခဲ့ကြသည်....
၂၀၀၉ ခုနှစ်တွင် မြို.ရွာနှင်.အိုးအိမ်ညွှန်ကြားရေးမှုးအဖြစ်တာဝန်ယူခဲ့သော အငြိမ်းစား ဒုတိယ ဗိုလ်မှုးကြီး အံ.ကျော် သည် ဥက္ကဌ တာဝန်စတင်ထမ်းဆောင်ခွင်.ရခဲ့သည်....ထိုအချိန်တွင် အထက်တန်းကိုထူးချွန်စွာအောင်မြင်ခဲ့ကြပြီး အဆင်.မြင်.ပညာရေးပိုင်း ဆက်လက်သင်ကြားရန် ချို.တဲ့နေသောဝါးခယ်မနွယ်ဖွားကျောင်းသားများ အား ထောက်ပံ.ကူညီနိုင်ရန်အတွက် ၂၀၁၀ ဇန်န၀ါရီလတွင် ကျပ် ၅၅၅ သိန်းကို အသင်းကြီးသို. မတည်ပဒေသာပင်အဖြစ် စတင်လှုဒါန်းခဲ့ပါသည်..
ထိုအခါ အခြားစေတနာရှင်များဖြစ်သော
*ဒေါ်ပိုက်မိ (မြို.နယ် ပညာရေးမှုး..အငြိမ်းစား) အားရည်စူး၍ ညီအကို..မောင်နှစ်မ..တူ..တူမများက ၄၀၀၀၀၀၀
*Dr ဇော်ထွန်း+ Dr ဌေးဌေးကြည် တို.က ၂၄၀၀၀၀၀
*ဒုတိယဗိုလ်မှုးကြီးထွန်းအောင်ကျော် (ငြိမ်း)+ဒေါ်ညွန်.ညွန်. ၅၀၀၀၀၀
*ဦးနေလင်း+ဒေါ်စန္ဒာမော် ၅၀၀၀၀၀
*ဗိုလ်မှုးချုပ် ခင်မောင်အေး(ငြိမ်း)+ဒေါ်ထားအိလှိုင် မိသားစု ၂၀၀၀၀၀
*ဦးကျော်ဝင်း+ဒေါ်ညိုလေးကြည် ၅၀၀၀၀၀
*ဦးမူမိသားစု (၀ါးခယ်မ) ၅၀၀၀၀၀
*ဦးရဲဗလ+ဒေါ်ဝင်း မိသားစု ၅၀၀၀၀၀
*ဦးသန်းဖေ (လွယ်ဟိန်း) ၁၀၀၀၀၀
*ဗိုလ်မှုးလှထွန်း(ငြိမ်း) ၅၀၀၀၀၀
*Dr လှဟန်+ဒေါ်မီမီမြင်.ဆွေ ၁၀၀၀၀၀
*ဦးကျော်အေးကို+ဒေါ်ခင်ကြည် ၁၀၀၀၀၀
*ဦးသိန်းအောင်+ဒေါ်စန်းစန်းလွင် ၂၅၀၀၀၀
*ဗိုလ်မှုးသိန်းတင်(ငြိမ်း)+ဒေါ်အုန်းမေ ၁၀၀၀၀၀
*ဦးအုန်းမြင်.+ဒေါ်စန်းမြင်. ၅၀၀၀၀၀
*(ဒေါ်ကြည်ဝင်း) ရည်စူး၍ ဦးကျော်မိုးလွင်+ဒေါ်မြမဉ္ဓူဦး ၁၀၀၀၀၀၀
စသည်ဖြင်. ပါဝင်လှုဒါန်းကြသောကြောင်. ပညာသင်ရန်ပုံငွေ စုစုပေါင်း
၆၇၂၅၀၀၀၀ ကျပ်တိတိ စုဆောင်းရရှိခဲ့ပါသည်....

ထိုငွေကြေးတို.ဖြင်. ချို.တဲ့ထူးချွန် ကောင်းသား/ကျောင်းသူများအား ပညာသင်ကြေးထောက်ပံ.ရန် ဦးစားပေး တက္ကသိုလ်များရွေးချယ်ခဲ့ပါသည်....ဦးစားပေး-၁..အနေဖြင်..ဆေး..ရေကြောင်း..သွားဆေး...စက်မှုတို.ဖြစ်ပြီး ဦးစားပေး-၂ မှာ ဘာသာရပ်တစ်ခုခုကို တစ်နိုင်ငံလုံးအနေအထားဖြင်. ထူးချွန်စွာအောင်မြင်ပြီး ထိုအထူးပြု ဘာသာနှင်. တက်ရောက်လိုသူ နှင်...ဦးစားပေး-၃.မှာ.ဘွဲ.ရအပြီး ဘာသာ တစ်ခုချင်းတွင် ထူးချွန်၍ အထူးပြု ဘာသာရပ်ဖြင်. ဆက်လက် သင်ကြားလိုသူ....တို.ဖြစ်သည်...လစဉ်ထောက်ပံ.ကြေးကိုမူ ....ဦးစားပေး ၁ မှ တက္ကသိုလ်များ ၈၀၀၀၀ ...ထိုအထဲမှ ရန်ကုန်တွင် တက်ခွင်.ရသူ ၇၀၀၀၀ ..ဆေးဘက်ဆိုင်ရာ နည်းပညာ (ရန်ကုန်) နှင်. အခြေခံ ကျန်းမာရေးတက္ကသိုလ် (မကွေး)...၇၀၀၀၀ ...ဆေးဝါးတက္ကသိုလ် (ရန်ကုန်) နှင်. နည်းပညာ တက္ကသိုလ် (မအူပင်) ၆၀၀၀၀......အမျိုးသားစီမံခန်.ခွဲမှု ပညာကောလိပ် (ရန်ကုန်) ၃၀၀၀၀...သတ်မှတ်ထားသည်....ထို.အပြင် ပညာသင်ထောက်ပံ.ကြေး လျှောက်ထားသူ တို.အနေဖြင်. အောက်ပါစည်းကမ်းများ...မေတ္တာရပ်ခံချက်များကိုတော. လိုက်နာပေးရပါမည်......
(၁.).သင်ကြားနေသော တက္ကသိုလ်မှ အကျင်.စာရိတ္တ နှင်. စည်းကမ်းပိုင်းတွင် ချို.ယွင်းသဖြင်. အပြစ်ပေး အရေးယူခံရလျှင် ပညာသင်ဆု ရပ်ဆိုင်းခံရမည်...
(၂ ) နိုင်ငံရေး ပြစ်မှုကြောင်. အရေးယူခံရလျှင် ပညာသင်ဆုရပ်ဆိုင်းခံရမည်...
(၃ )အတန်းတင် စာမေးပွဲ ကျရှုဲံး ပါက ပညာသင်ဆုရပ်ဆိုင်းခံရမည်..
(၄ ) မြို.နယ်၏ အကျိုးပြု လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ရမည်..
(၅) ပညာသင်နှစ်ပြီးတိုင်း လာမည်.ပညာသင်နှစ် မတိုင်မှီ ပညာရေးတိုးတက်မှု နှင်. အခက်အခဲတို.ကို ၀ါးခယ်မမြို.နယ် အသင်းရုံးသို. လာရောက်တင်ပြရမည်...
(၆ ) အခြားပညာသင် ထောက်ပံ.ကြေး တစ်ခုခု ရရှိပါက အသင်းသို. အကျိုးအကြောင်း ပြည်.စုံစွာ အကြောင်းကြား သတင်းပေးပို. ရမည်..(၇)ပညာသင်ခြင်းပြီးဆုံး၍ ၀င်ငွေရရှိသည်.အခါ အသင်း၏ကျေးဇူးတရားကို သိတတ်ရမည်....

ထိုရန်ပုံငွေထောက်ပံ.မှုတို.ဖြင်. ၂၀၁၀ တွင် ဆေး..သွားဆေး..သူနာပြုတက္ကသိုလ် တက်ခွင်.ရ ..၇ ယောက် ....၂၀၁၁တွင်ဆေး..သွားဆေး..ဆေးဘက်ဆိုင်ရာ..အခြေခံကျန်းမာရေး..ဆေးဝါး..နည်းပညာ..အမျိုးသားစီမံခန်.ခွဲမှု တက္ကသိုလ် ကောလိပ်များသို.၀င်ခွင်.ရ ၁၅ယောက် ကို ပံ.ပိုးကူညီနိုင်ခဲ့ပြီး သီးခြားအနေဖြင်. မကွေးဆေးတက္ကသိုလ်..မအူပင်နည်းပညာတက္ကသိုလ်..ကုန်သွယ်ရေကြောင်း ကျောင်းသား၃ ဦးကို အသင်းဥက္ကဌ ဦးအံ.ကျော်..အတွင်းရေးမှုး ဦးသန်းဌေး နှင်.အမှုဆောင် ဦးအုန်းသန်းတို.က လစဥထောက်ပံ. ပါသည်..

ထို.အပြင် ရွာသစ် အ-လ-က ကို အထက်တန်းကျောင်းခွဲအဖြစ်..မောင်းဒီး အ-လ-က ကို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင်.နိုင်ရန် ကူညီပေးခဲ့ပြီး သံကြိုးတိုင် မူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်...လှေကျင်း မူလတန်းကျောင်းကို ကျောင်းဆောင်သစ် အဖြစ် ပံ.ပိုးနိုင်ခဲ့ပြီး အမက ကျောင်းဆောင်သစ် ၆ ကျောင်းနှင်. စာသင်ခုံ အစုံ ၃၀၀ ရရှိရေး..အထက ခွဲများတွင် ဆရာ/ဆရာမများ ခန်.ထားရေး ...ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို.အတွက် ကူညီပေးနိုင်ခဲ့သည်...

ထို.အပြင် တက္ကသိုလ်ဝင်တန်းကျောင်းသား/ကျောင်းသူများ ထူးချွန်စွာ အောင်မြင်ရေးအတွက် လေ.လာသင်.သော ဘာသာရပ်ဆိုင်ရာ စာအုပ်..လေ.ကျင်.ခန်း..မေးခွန်းဟောင်း..စီဒိခွေများကို ကျောင်းများသို. ပေးပို.ခြင်း...သက်ဆိုင်ရာ ပါမောက္ခ..ကထိက နှင်. ဘာသာစုံဂုဏ်ထူးရကျောင်းသားတို.က လိုအပ်သည်များ သင်ကြားဟောပြောစေခြင်း...အသင်း၏ နှစ်ပတ်လည် အခမ်းအနားများတွင် ဂုဏ်ထူးရ ကျောင်းသားများအား ဆုတံဆိပ်..ဆုငွေ..ဂုဏ်ပြုလွှာများ ချီးမြှင်.ခြင်း....နှစ်တို သင်တန်းများ တက်ရောက်ရန် ငွေကြေးချို.တဲ.သူများအတွက် အလှုရှင် ရှာဖွေပေးခြင်း..၀ါးခယ်မအထက..အလက တို.မှချို.တဲ့ကျောင်းသားများ ထောက်ပံ.ပေးခြင်း...တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ရေးအတွက် အထောက်အကူဖြစ်ရန် ၀ါးခယ်မမှ ၇တန်း၈တန်း၉တန်း များမှ ပထမ..ဒုတိယ..တတိယ ရသူများကို ဆုငွေ..ဆုစာအုပ်..ဂုဏ်ပြုလွှာများ ချီးမြှင်.ခြင်းတို. လည်း ပြုလုပ်ခဲ့ပါသည်..

အချက်အလက်များ ဓါတ်ပုံများကို ၀ါးခယ်မမြို.နယ်အသင်း (ရန်ကုန်) မှဖြန်.ဝေသော လက်ကမ်းစာစောင်မှ ရယူဖော်ပြပါသည်...
 
သူတို.တွေရဲ. ကြေငြာချက်တွေ

ခုဖော်ပြမယ်. Post လေးက Facebook မှာ အချင်းချင်း သတိထားဖို. တင်ပေးနေတာကြောင်. ဒီမှာလည်း တင်ပေးလိုက်တာပါ။
မြန်မာပြည်ထဲမှာ- လူသားပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နေရပ်ဇာတိများမှ အစုလိုက် အပြုံလိုက် မောင်းထုတ်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုအား ဂုဏ်သိက္ခာညှိုးနွယ်စေရန် လှုံ့ဆော်ခြင်း၊ လူသား ချင်းကြား အမုန်းတရားမျိုးစေ့ချပေးခြင်း-တို့ဟာ Crime Against Humanity နဲ့ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ပြည့်စုံ လုံလောက်တဲ့ အကြောင်းရင်းများ ဖြစ်တယ်။

မြန်မာပြည်ထဲမှာ ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေဟာ ရိုဟင်ဂျာနဲ့ ရခိုင်အကြား ဖြစ်တဲ့ မျိုးနွယ်စုချင်း ပဋိပက္ခ မဟုတ်ဘူး- ဗုဒ္ဓဘာသာ အကြမ်းဖက်များက အစ္စလာမ်ဘာသာဝင်တွေကို မျိုးဖြုတ်တဲ့ မျိုးပြုတ်သတ်ဖြတ် မောင်းထုတ်မှု ဖြစ်တယ် ဆိုတာ ငြင်းမရနိုင်တဲ့ အထောက်အထားတွေ ရှိနေတယ်။ ဒါကြောင့် ရိုးရိုးသာမန် ရခိုင် ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများကို သုတ်သင်နေခြင်း မဟုတ်ဘဲ ဘုန်းကြီးများကိုယ်တိုင်က တစ်နိုင်ငံလုံး မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပြီး ခေါင်းဆောင်ခဲ့တယ်။ ရခိုင်တောနယ်က ဆင်းရဲနွမ်းပါးသူတွေ၊ လူဆိုး လူမိုက်တွေကို ကုလားသတ်ပွဲမှာ မပါရင် မင်းရဲ့ သာရေးနာရေးကို ငါတို့ တာဝန်မယူဘူး- မင်းကို ဗုဒ္ဓဘာသာ တွင်းက ထုတ်ပစ်မယ်လို့ အကြပ်ကိုင် စည်းရုံးခဲ့တယ်။ ဒါတွေ အားလုံး တိကျတဲ့ အထောက်အထား သက်သေ သက်ကန် ရှိနေပြီး ဖြစ်တယ်။

ဒုတိယ အဆင့်အနေနဲ့ ငါတို့မှာ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကမ္ဘာ့ ရှေ့နေတွေ နဲ့ အမှုအပ်ပြီးလည်း ဖြစ်နေပြီ။ အခုအချိန်မှာ သူတို့က အမှုတွဲ ရေးနေချိန် ဖြစ်နေပြီ။ဒီထက်ပိုပြီးခိုင်လုံတဲ့ သက်သေများ ရစေဘို့- အသတ်ခံရတဲ့ အပြစ်မယ့် ပြည်သူ့ အလောင်းတွေကို အစုလိုက် အပြုံလိုက် ဘယ်လိုမြှုပ်သလဲ၊ ဘယ်နေရာတွေမှာ မြှုပ်သလဲ။ အလောင်းတွေကို ဘယ်လို ဖျောက်ဖျက်သလဲ၊ ဘယ်ပါတီ၊ ဘယ်အုပ်စုက အကြမ်းဖက် လူစုတွေကို ဘယ်လို ခေါ်လာပြီး လူစုသလဲ- ဆိုတာတွေကို ရာဇ၀တ် ကောင်များအပေါ်က စောင့်ကြည့်နေတဲ့ Satellite Sentinel Project ကို လွန်ခဲ့တဲ့ ၃၉ ရက်ကတည်းက တပ် ဆင်ပြီး ဖြစ်နေတယ် ဆိုတာ- လူမိုက်မျက်ကန်း ပညာမဲ့များ မသိခဲ့လေခြင်းသာ ဖြစ်တယ်။
ငါတို့က မတရားမှုကို တရားမှုနဲ့ တော်လှန်ဘို့ ပြင်ဆင်ပြီး ဖြစ်နေပါတယ်။ ကမ္ဘာအလယ်မှာ အစ္စလာမ်က အကြမ်းဖက်သလား-၊ သို့မဟုတ် မွတ်ဆလင်များကို နာမည်ဖျက်နေတဲ့ မေတ္တာရှင် ဟန်ဆောင်သူများက အကြမ်းဖက်သလား- မကြာမှီ ပေါ်လာရမှာပါ။

ငါ ပြောတာတွေ လေဖန်းဒါန်းစီးပြီး ခြိမ်းခြောက်တာလား၊ လက်တွေ့လား ဆိုတာတော့- သတင်းပတ် ၅ ပတ် အတွင်း အဖြေ ပေါ်လာရစေပါမယ်လို့- တိုင်းပြည်ကို ကတိပေးပါတယ်။ လက်ရှိ ဆောင်ရွက်နေတာတွေထဲက ဖွင့်ပြောနိုင်သမျှလောက်ကိုသာ ပြောရခြင်းသာ ဖြစ်တယ် ဆိုတာကိုလည်း-၊ မကြာမှီ ရက်အတွင်း ရာဇ၀တ် ကောင်များ လက်တွေ့ရင်ဆိုင်ရပါတော့မယ်။လူဆိုးလူမိုက် သွေးအေးအေးနဲ့ ရက်စက်တဲ့ တိုင်းပြည်သစ္စာဖေါက် မျိုးပြုတ်သတ်ဖြတ်တဲ့ တရားခံများကို ဖယ် ရှားပစ်မှ- အနာဂါတ်မြန်မာနိုင်ငံမှာ လူကောင်းလူတော်တွေ အတွက် အခွင့်အရေး ရလာမယ်လို့လည်း ငါတို့ ယုံကြည်တယ်။ လူဆိုးလူမိုက် အကြမ်းဖက် မျိုးဖြုတ်သတ်တဲ့ ခေါင်းဆောင်များနဲ့ အပေါင်းပါများကို ကမ္ဘာ့ခုံရုံး ကို တင်လိုက်လို့ တစ်တိုင်းပြည်လုံးက ငါတို့ကို မကြေနပ်ရင်လည်း ငါတို့ အနေနဲ့ အနာဂါတ်မျိုးဆက်အတွက် အကောင်းကို လုပ်ဆောင်ပေးခဲ့ခြင်း အတွက် ငါတို့ဟာ အကြမ်းဖက် လူသတ်ကောင်များကို တော်လှန်မှုနဲ့ တရားခံအဖြစ် ရဲရဲ တင်းတင်း ခံယူလိုက်မယ်။

အကြမ်းဖက် အုပ်စုက အခုအချိန်မှာ ငါ့ ကို သတ်လိုက်ရင်လည်း- ငါတို့ တင်ပို့ထားတဲ့ အမှုတွဲ ဖိုင်က ကမ္ဘာ့ ရှေ့နေများ လက်ထဲကို ရောက်နေပြီ- ဆက်တိုက်ဆောင်ရွက်သွားမယ့် လူတွေ ရှိနေပြီ ဆိုတာကိုလည်း ထပ်ဆင့် အသိပေးလိုပါတယ်။မတရားမှုဟာ တရားမှုအောက်မှာ ပြားပြားဝပ်သွားစေရပါမယ်။ နေရာတိုင်းမှာ မတရားမှုကသာ အနိုင်ရနေရင်- ဒီကမ္ဘာမှာ တရား ဆိုတာ ရှိတော့မှာ မဟုတ်ဘူး—- ဆိုတာတော့ အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သား အားလုံး လက်တွေ့ သိမြင်စေရပါမယ်။

ဌေးလွင်ဦး
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှု
၂၀၁၂ အောက်တိုဘာ ၂၇ ရက်

မှတ်ချက် ။ ယခု ကြေညာချက်သည် မွတ်စလင် website တခုတွင်တင်ထားသော ကြေညာချက်ဖြစ်သည်။
သွားရောက်ဖတ်ရှု့လိုပါက - http://news.mmsy.info/ ဖြစ်ပါတယ်။
Facebook Name ကတော့ News@MMSY
မြန်မာနိုင်ငံသားအားလုံး ၀င်ရောက်ကြည့်ရှု့ပြီးပါက သူတို့၏ Facebook တွင် သူတို့အထောက် အထား ရမည့် စာသားမျိုး ဆဲဆိုခြင်းများ
မပြုလုပ်မိကြပါရန် အသိပေးအပ်ပါသည်။ သူတို့ အကြံနှင့် ထောင်ထားသော Website နှင့် Facebook ဖြစ်ပါ သည်။

ခုဒီအောက်မှာက ဖော်ပြထားတာကတော. ဒီနှစ် ဘာသာရေးပွဲတော်ကို မလုပ်ဖို.  မြန်မာနိုင်ငံ အစ္စလာမ် အဖွဲ.ရဲ.ကြေညာချက်ပါ 
 အစိုးရ ဘက်ကတော. ဒီပွဲအတွက် ဘာမှသီးခြားထုတ်ပြန်ကြေငြာတာမျိုးမရှိပေမယ်. ပွဲမတိုင်ခင်ည ကနေစပြီး အဲဒီနေ. မနက်အထိအရင်နှစ်တွေအတိုင်း သတ်မှတ်ပေးထားတဲ.နေရာတွေမှာ လုပ်နိုင်ကြောင်း လုံခြုံရေးအပြည်.အ၀ စီမံပေးထားကြောင်း FM Radio တွေ TV သတင်းတွေကနေကြေငြာပေးနေပါတယ်
နောက်တစ်ခါ.......လာပြန်ပြီ...ဟေ.


အားလုံးမှ ငြိမ်းချမ်းမယ် မကြံသေး...လာပြန်ပါပြီ..
ဤကား ပြဿနာတို.၏ အစ 
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် အောက်တိုဘာ ၂၁ ရက်  ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက်ခဲ့ကြောင်း သတင်း ရရှိသည်။

ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု သိရကြောင်းအချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင် တစ်ယောက်ကို ဂျင်ဂလိနဲ့ ပစ်ရာကနေ စဖြစ်တာဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်က ပြောသည်။
 
ဂျင်ဂလိဖြင့် အပစ်ခံရသူမှာ ပိုက်သည်ရပ်နှင့် ကပ်ပြီး တည်ရှိသော ကင်းဆိပ်ကျေးရွာမှ ဦးစံသိန်း (၄၇ နှစ်)  ဖြစ်ကြောင်း “ဦးစံသိန်းဂျင်ဂလိနဲ့ အပစ်ခံရတော့ ရခိုင်တွေဘက်က လူတွေစုပြုံလိုက်သွားတော့ အဲဒီမှာ ပြဿနာ စဖြစ်တယ်။ အဲဒီ မွတ်ဆလင်တွေက သူတို့အိမ်တွေကို စမီးရှို့တော့ မီးက ရွာထဲကနေ ထတောက်လောင် ပါတယ်” ဟု ဦးသာကျော်က ပြောသည်။
 
် ပြည်တွင်းထုတ် ဂျာနယ်တစောင် ဖြစ်သည့် Eleven Media Group (EMG) ၏ အွန်လိုင်း စာမျက်နှာ တခုတွင် ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ''ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မနက်ကတည်းက အခင်းဖြစ်ပွားရာ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကို သွားကြည့်နေပါတယ်။ အခုဖြစ်စဉ်ထဲမှာ အပြန်အလှန်မီးရှို့ တာတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ကိုယ့်အိမ်ကိုယ် မီးရှို့တာလည်း ရှိပါတယ်။ အတိအကျကို ညနေကျမှ ပြောနိုင်မှာပါ'' ဟု့ အောက်တိုဘာလ (၂၂) ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့ကြောင်း (EMG) အဖွဲ့၏ အင်တာနက် အွန်လိုင်း တခုဖြစ်သည့် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။




ထို့အပြင် ပြဿနာရင်းမြစ်ကို သေခြာ မသိရသေးသော်လည်း ပြဿနာ ကူးစက်မှု မဖြစ်စေရန် စစ်တပ်အပါအ၀င် သက်ဆိုင်ရာ မြို့နယ်နှင့် မြို့ပြ အုပ်ချုပ်ရေး အဖွဲ့များထံ အကူအညီ တောင်းခံ၍ ထိန်းသိမ်းသွားမည်ဟု ပြောဆိုလိုက်ပြီး "အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒီဖြစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေး တုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ စစ်ဆင်ရေးတစ်ရပ်အနေ နဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။'' ဟု သတင်းထောက်များအား ဖြေကြားခဲ့ကြောင်း အဆိုပါ စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

အခင်း ဖြစ်ပွားနေစဉ် စစ်တပ် ရောက်ရှိလာပြီး ရခိုင် ၁၅ ဦးခန့်ကို ဖမ်းဆီး၍ အခြေအနေကို တည် ငြိမ်အောင် ထိန်းသိမ်းခဲ့ကြောင်း သိရသော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးခံရသူများကို မင်းပြားလူထုက ၀ိုင်းဝန်း တောင်းဆိုသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဦးသာကျော်က ဆိုသည်။


 နေရဉ္စရာ သတင်းဌာန ၏ သတင်း တစ်ပုဒ် တွင်မူ 
အိမ်က ၁၅ လုံး၊ ၂၀ ခန့် လောင်သွားပါပြီ။ အခုအချိန်ထိ မငြိမ်းသေးပါဘူး။ ဟိုနား တကွက် ဒီနား တကွက် လောင်နေပါတယ်” ဟု ရမ်းဗြဲဒေသခံ တစ်ဦးက ပြောသည်။
အာဏာပိုင်များမှ မီးမရှို့ရန် မွတ်ဆလင် (ကမန်) မိသားစုများအား မေတ္တာရပ်ခံထားသည့်ကြားက  အောက်တိုဘာ ၂၆ နေ့လည် ၁၂ နာရီကျော်တွင် အိမ်များကို မီးရှို့ပြီး ထွက်ပြေးသွားကြသည်ဟု သူက ဆက်ပြောသည်။
“ အာဏာပိုင်တွေက မီးမရှို့နဲ့လို့ ပြောတဲ့ကြားက မီးရှို့ပြီး ထွက်ပြေးတော့ အခု အာဏာပိုင်တွေလည်း ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒေသခံ ရခိုင်တွေက မီးတွေကို  လိုက်ငြိမ်းနေရပါတယ်။ ရခိုင်အိမ်တွေလည်း လောင်နေပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ မီးရှို့မူ ဖြစ်ပွားသော်လည်း ရခိုင်နှင့် မွတ်ဆလင်များအကြား တစ်စုံတစ်ရာ တိုက်ခိုက်မူ မရှိကြောင်း သူက ဆိုသည်။
“ ရခိုင်တွေက ဘာမှ မလုပ်ပါ။ မွတ်ဆလင် ယောင်္ကျားတွေက အကုန်လုံး တောင်ပေါ်ကို တက်ပြေးသွားတယ်။ အမျိုးသမီးတွေက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ခိုလုံနေကြပါတယ်။ အပြန်အလှန် တိုက်ခိုက်တာ တွေ  မရှိပါဘူး” ဟု ဆိုသည်။
မွတ်ဆလင် အများစုမှာ မြို့စွန်ရပ်ကွက်များတွင် ရခိုင်များနှင့် ရောနှော နေထိုင်ကြပြီး ယခုကဲ့သို့ မီးရှို့ခြင်းမှာ ရမ်းဗြဲမြို့ တစ်ခုလုံးကို ပြာကျသွားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း သူက ကောက်ချက်ချ ပြောကြားသည်။


 မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။
ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိမည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။
"အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့်ကျောင်း၊ လက်ကောက်ဈေးကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(၅၀၀)ကျော်ရှိပါတယ်။ မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာက(၅)ရွာပါ။ တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့ ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလျှက်ရှိပြီး ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေးလျှက်ရှိကြောင်း သိရှိရသည်။
"အဲဒီရွာတွေကိုရောက်သွားတဲ့လူတွေကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေခံနေပြီး လမ်းခရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရမှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။"ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦး(၈)ခု မီးလောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော်ပြထားသည်

Eleven Media Group ၏ဖော်ပြချက်အရ   
 ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်း
မြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။

တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက်လုံးတွင် ဓား၊ လှံ၊ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အခုလက်ရှိ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ယူဆရသည့် ကျေးလက်ဒေသများတွင်လည်း လုံခြုံရေးအပြည့်အ၀ ပေးထားကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ဝင်များနှင့် ညိနှိုင်းဆောင်ရွက်နေကြောင်း၊ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ အဆိုပါဘင်္ဂါလီအရေအတွက်မှာ ၃၀၀၀ ကျော် ရှိကြောင်း ဦးဝင်းမြိုင်က ဆက်လက်ပြောကြားခဲ့သည်။
 

 ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ သမ္မတ အနေဖြင့် ပြတ်သားစွာ အရေးယူ ဆောင်ရွက် ပေးရန် ရန်ကုန်တွင် သောကြာနေ.က ပြုလုပ်သည့် ဆန္ဒပြပွဲ၌ ရဟန်းတော်များက တောင်းဆိုခဲ့ကြသည်။ ယမန်နေ့ နေ့လည် ၁နာရီ အချိန်က ဆူးလေဘုရား၌ ဆုတောင်း မေတ္တာပို့ခဲ့ကြပြီးနောက် မြိ့တော်ခန်းမရှေ့တွင် ပြုလုပ်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ၌ ရဟန်းတော် ၁၀၀ ခန့်က တောင်းဆိုချက် (၅) ချက်နှင့် အတူ သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တောင်းဆိုချက်များထဲတွင် ရခိုင်လူမျိုးများအား ဘင်္ဂလီရန်မှ ကာကွယ်ပေးပါ၊ စစ်တပ်မှ တိုင်းရင်းသားလူမျိုးများအား ပစ်ခတ် သတ်ဖြတ်ခြင်းကိုရပ်၊ ဘင်္ဂလီမူဆလင်များနှင့် အတူယှဉ်တွဲ (လုံးဝ) မနေလို၊ သမ္မတဦးသိန်းစိန်မှ ရခိုင့်အရေးကို ပြတ်သားစွာ ဆောင်ရွက်ပါ။ စသည်တို့ ပိုစတာများ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့သည်။

“ဦးဇင်းတို့တောင်းဆိုတာက နိုင်ငံတော်အစိုးရကနေပြီးတော့ ရခိုင်လူမျိုးတွေရဲ့ အသက် အိုးအိမ်တွေကို ချက်ချင်း ကာကွယ်ပေးပါ။ ပြီးတော့ အခုပြဿနာက ကျူးကျော်သူ ဘင်္ဂလီ မူဆလင် တွေကြောင့် ဖြစ်တဲ့အတွက် ပြည်ထောင်စု တိုင်းရင်းသားအားလုံး ဒီကိစ္စ အပေါ် တောင်းဆိုဖို့ လိုတယ်လို့  ဦးဇင်းတို့ မြင်တဲ့ အတွက် ခုလို ပြုလုပ်ရတာဖြစ်ပါတယ်”  ဟု ဦးဆောင် ဆရာတော်မှ မိန့်ကြားသည်။

 
သို.သော်လည်း ယခုဖြစ်စဉ်များနှင်. ပတ်သက်၍ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ၊ Human rights watch (www.hrw.org) မှ ရခိုင်ပြည်နယ် ကျောက်ဖြူ အကြမ်းဖက်မှု ဆိုပြီးအာကာသ ဂြိုလ်တုမှတဆင့် မှတ်တမ်းတင်ထားရာ၊ ထိုမှတ်တမ်းကို www.hrw.org တွင် ၂၆ ရက်၊ အောက်တိုဘာလ၊ ၂၀၁၂ နေ့စွဲဖြင့် ဖြော်ပထားပါသည်။ ယင်းမှတ်တမ်းနှင့်စပ်လျဉ်းပြီး ကမ္ဘာ့မီဒီယာများတွင်လည်း ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံအခြေစိုက် http://phuketwan.com/ (http://phuketwan.com/tourism/rights-group-captures-burmas-ethnic-cleansing-satellite-reporting-16931/) တွင် “Rights group captures Burma’s Ethnic Cleansing by Satellite Reporting” ခေါ် “လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ မြန်မာပြည်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြီးအား ဂြိုလ်တုမှ မှတ်တမ်းတင်ထား” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လန်ဒန်အခြေစိုက် နာမည်ကြီးမီဒီယာ ရိုက်တာ (http://www.reuters.com/article/2012/10/27/us-myanmar-violence-idUSBRE89P0VN20121027) တွင် “Muslim Rohingyas under vicious attack in Myanmar: rights group” ခေါ် “မြန်မာပြည်ရှိ မွတ်စလင်မ်ရိုဟင်ဂျာများ လူမဆန်စွာ တိုက်ခိုက်ခံနေရဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ဆို” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း ဖော်ပြထားကြပါသည်။   အာကာသ ဂြိုလ်တုမှတ်တမ်း ပီဒီအက်ဖ်ဖိုင်ကို အောက်ပါအတိုင်း ရှုစားနိုင်ပါသည်။ http://news.mmsy.info/news/7065   
ဟု News@MMSY ကလည်း ဖော်ပြထားပါသည်။
 မီးလောင်နေသော ဓါတ်ပုံများမှာ အိမ်ခြေ ၈၀၀ ခန်.ရှိ ပေါက်တော.ကျေးရွာ ဖြစ်ကာ မိမိအိမ် မိမိဘာသာ ဘဂါင်္လီများက မီးတင်ရှို.ထားခြင်းဖြစ်ကြောင်း ကိုသီဟ ၏ Facebook မှ ရရှိပါသည်
သတင်းအချက်အလက်များ ဓါတ်ပုံများကို နိရဉ္စရာ သတင်းဌာန၊ The Arkan Time ၊Burma News International ၊News @MMSY ၊ Weekely Eleven တို.မှ စုဆောင်းဖော်ပြပါသည်။